"ဖန်ချင်းယွမ်၊ ချန်ဆန်းရှီ ဒီမှာ လာပြီး ကြွားလုံးထုတ်မနေနဲ့။ မင်းတို့ဆီမှာ လူသုံးထောင်ပဲ ရှိတယ်ဆိုတာ ငါမသိဘူး ထင်နေလား။ ငါတို့ကို ချုံခိုတိုက်ဖို့ မင်းတို့ စုစည်းထားတဲ့ အင်အားက လူနှစ်ထောင်ထက် မပိုနိုင်ပါဘူး"
ဖန်ကျိုရှောင်က သူ၏ဓားကို ကောင်းကင်သို့ မြှောက်လျက် အော်ဟစ်
လိုက်သည်။ "ဒီနေ့ ငါက လူတစ်သောင်းကျော်၊ မဟာသွေးကြောအဆင့် ဗိုလ်ချုပ်ခြောက်ယောက်နဲ့အတူ မင်းတို့ရဲ့ ချုံခိုတိုက်ကွက်ထဲကို အစကတည်းက အသင့်ပြင်ပြီး ဝင်လာခဲ့တာ။ ဒါဟာ မင်းတို့လို ငါးကြီးတွေကို မျှားထုတ်ဖို့ပဲ။"
"မင်းတို့နှစ်ယောက်ကို ဖမ်းမိတာနဲ့ ငါ့ရဲ့ရှေ့ပြေးတပ်က ဟူလောင်
တောင်ကြားကို ချက်ချင်း ချီတက်တော့မှာ။"
"ဝတ်စုံဖြူကို သတ်မယ်၊ ဖီးနစ်ငှက်ကို ဖမ်းမယ်၊ ဟူလောင်ကို သိမ်းပိုက်
မယ်။"
"ဒီနေ့ဟာ ငါ ဖန်ကျိုရှောင် တစ်ကမ္ဘာလုံးမှာ နာမည်ကျော်မယ့် နေ့ပဲ"
ဒါဟာ နှစ်ပေါင်းတစ်ရာအတွင်း မကြုံစဖူးတဲ့ ကြီးမားတဲ့ အောင်မြင်မှုကြီး ဖြစ်ပေလိမ့်မည်။
လျှိုမြောင်ထိပ်တွင် ဖန်ချင်းယွမ်သည် ထီးတစ်လက်အောက်ရှိ သူ၏ဝှီးချဲပေါ်တွင် ထိုင်နေသည်။ ကောင်းကင်မှ သည်းထန်စွာ ရွာချနေသော မိုးရေများမှာ သူ၏အနီးသို့ တစ်စက်မျှ မကျရောက်ပေ။ သူသည် လက်ထဲမှ ပုလွေဖြင့် အောက်ဘက်ရှိ မြင်းစိမ်းစီးထားသော လူငယ်ဗိုလ်ချုပ်ကို ညွှန်ပြလျက် မအောင့်နိုင်ဘဲ ရယ်မောလိုက်တော့သည်။
သူ၏ ရယ်သံမှာ ညင်သာလှသည်။
၎င်းမှာ ကလေးငယ်တစ်ဦး ကစားပွဲတွင် နုနယ်စွာ မှားယွင်းလိုက်သည့် အကွက်ကို မြင်လိုက်ရ၍ လမ်းညွှန်ပြသပေးနေသည့် အလား ဖြစ်နေပြီး လှောင်ပြောင်သံထက် ဂရုဏာသက်သံ ပိုမိုပါဝင်နေသည်။
"ဖန်ချင်းယွမ်"
ဖန်ကျိုရှောင်မှာ ပထမတွင် အစော်ကားခံရသလို ခံစားရပြီးနောက် အကြောင်းပြချက်မရှိဘဲ ထိတ်လန့်သွားကာ "မင်း ဘာကို ရယ်နေတာလဲ" ဟု အော်မေးလိုက်သည်။
"ငါလား"
ဖန်ချင်းယွမ်က ခေါင်းယမ်းလိုက်သည်။
"ငါ့ကိုယ်ငါ ပြန်ရယ်တာပါ။ စစ်မတိုက်ဖြစ်တာ ကြာပြီဆိုတော့ အခုတော့ လူငယ်လေးတစ်ယောက်ကတောင် ငါ့ကို အရှင်ဖမ်းမယ်လို့ ကြွေးကြော်နေပြီလေ"
"တည်ငြိမ်သလို ဟန်ဆောင်မနေနဲ့"
ဖန်ကျိုရှောင်က အံကြိတ်လျက် ဒေါသတကြီး အော်ဟစ်သည်။
"မင်းတို့ဆီမှာ လူသုံးထောင်ပဲ ရှိပြီး နက်နဲပုံရိပ်အဆင့်ကလည်း တစ်
ယောက်ပဲ ရှိတာ။ ဒါက ချင်နိုင်ငံရဲ့ မင်းသား လီဂုန်းကိုယ်တိုင် ပြောထားတာ။ ဒီလောက် လူနည်းစုလေးနဲ့တော့ ဒီနေ့ မင်းတို့အားလုံး ငါ့ရဲ့ ဝိုင်းရံမှုထဲမှာ အသတ်ခံရမှာပဲ"
"ဟုတ်လား"
ဖန်ချင်းယွမ်က ပြုံးလိုက်ပြီး "ဗိုလ်ချုပ်ရှောင်... လီဂုန်းက မင်းကို တမင်သက်သက် လိမ်ညာခဲ့ပြီး ငါတို့ဆီမှာ လူသုံးသောင်း တကယ်ရှိနေရင်ကော ဘယ်လိုလုပ်မလဲ"
"ပေါက်ကရတွေ"
ဖန်ကျိုရှောင်က ပြန်ပြောသည်။
"မင်းက ငါ့ကို သုံးနှစ်သားကလေးလို့ ထင်နေတာလား"
သူက စိန်ခေါ်စကား ပြောနေသော်လည်း စိတ်ထဲတွင်မူ လျှိုမြောင်အတွင်း၌ ကြာကြာမနေရဲတော့ပေ။ နက်နဲသံမဏိဒိုင်းလွှားကို မြှောက်လျက် မြင်းစိမ်း၏ အရှိန်အဟုန်ဖြင့် မြှားမိုးများကြားမှ လွင်ပြင်ဆီသို့ အလျင်အမြန် ပြန်လည် ထွက်ခွာခဲ့သည်။
ထိုအချိန်မှာပင် သူ၏နားထဲသို့ ဆိုးရွားလှသော သတင်းများ ဆက်တိုက် ရောက်ရှိလာတော့သည်။
"မကောင်းတော့ဘူး မင်းသား၁၄"
"သူတို့က ဘေးနှစ်ဖက်လုံးမှာ ရှိနေတယ်"
"ကျွန်တော်တို့ ဝိုင်းရံခံလိုက်ရပြီ"
"တောင်ပေါ်ကို ဆက်တိုက်မယ်ဆိုရင် ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခံရမှာပါ။ ကျွန်တော်တို့ ဗိုလ်ချုပ်ဆီကိုပဲ ပြန်လာပြီး ပူးပေါင်းရပါတော့မယ်"
ဒုတိယဗိုလ်ချုပ် လျူ နှင့် ဒုတိယဗိုလ်ချုပ် ကျန်း တို့သည် တောင်ပေါ်သို့ တက်မတိုက်တော့ဘဲ မှောင်မည်းနေသော မိုးရွာထဲ၌ သူတို့၏ တပ်သားများနှင့်အတူ ဤဘက်သို့ ပြန်လည် စုရုံးလာကြသည်။ လူတစ်သောင်းကျော်မှာ ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။
"မဖြစ်နိုင်တာ။ လုံးဝ မဖြစ်နိုင်ဘူး"
ဖန်ကျိုရှောင်က မိုးထဲတွင် ဟိန်းဟောက်လိုက်သည်။
"သူတို့မှာ လူသုံးထောင်ထက် မပိုဘူး။ ငါတို့ လူတစ်သောင်းကို ဘယ်လိုလုပ် ဝိုင်းနိုင်မှာလဲ"
"မင်းသား၁၄... ဒါက အမှန်ပဲ။ တကယ်ကို အမှန်ပါပဲ"
ဖန်ကျိုရှောင်သည် တောင်ထိပ်ပေါ်ရှိ ဖန်ချင်းယွမ် ကို မော့ကြည့်ရင်း လုံးဝ စိတ်ပျက်သွားကာ "ဒါဆိုရင်တော့ ဆုတ်ခွာကြမယ်" ဟု အမိန့်ပေးလိုက်သည်။
ဒါရှန်လူမျိုးတွေမှာ လူသုံးသောင်းရှိတယ်ဆိုတာ သူ မယုံကြည်ပေ။ ဒါဟာ လီဂုန်းကို ယုံကြည်ရုံတင်မကဘဲ လက်ရှိ အခြေအနေအရလည်း ဖြစ်နိုင်ခြေ မရှိပေ။
ဒါရှန်လူမျိုးတွေမှာ အင်အားကန့်သတ်ချက် ရှိသည်။ လိုင်ပြည်နယ် မှာ တပ်ဖြန့်ထားသလို၊ ချင်ဧကရာဇ်ရဲ့ တပ်မတော်နဲ့လည်း အစိမ်းရောင်
တောင်တန်း မှာ ရင်ဆိုင်နေရသည်။ ထို့ပြင် ယုံလဲ့စီရင်စု အခြေအနေအရ ဟူလောင်တောင်ကြားကို သူတို့ ပို့ပေးနိုင်တဲ့ အင်အားက အလွန်ဆုံးရှိမှ လူငါးထောင်သာ ဖြစ်နိုင်သည်။
အကယ်၍သာ... လီဂုန်းတကယ်ပဲ အရေးနိမ့်သွားပြီး ယုံလဲ့စီရင်စုမှာ လူတစ်သောင်းအောက်ပဲ ကျန်တော့တယ်ဆိုရင်တော့ ဒါရှန်လူမျိုးတွေက ဟူလောင်တောင်ကြားကို လူသုံးသောင်းကျော် ပို့ပေးနိုင်ပေလိမ့်မည်။
ဒါပေမဲ့ ဒါကလည်း မဖြစ်နိုင်သလောက်ပါပဲ။ ယုံလဲ့စီရင်စု ဆိုတာ ကမ္ဘာပေါ်မှာ အခိုင်ခံ့ဆုံး မြို့တွေထဲက တစ်ခုဖြစ်ပြီး သူတို့မှာ လပေါင်းများစွာစာ ရိက္ခာရှိသည်။ ထို့ပြင် လီဂုန်းသည် စစ်နတ်ဘုရားများထဲတွင်ပင် တိုက်ခိုက်ရေးစွမ်းရည် အလွန်ထက်မြက်သူ ဖြစ်ရာ ဤမျှ မြန်မြန်ဆန်ဆန် အရေးနိမ့်သွားစရာ အကြောင်းမရှိပေ။
ဒီတိုက်ပွဲမှာ ဖန်ချင်းယွမ် သည် လှည့်စားတဲ့ ဗျူဟာတစ်ခုခုကို သုံးနေတာ ဖြစ်ဖို့ များသည်။ သူက လှည့်စားခြင်းဗျူဟာ ကို စတင်ဖန်တီးခဲ့သူ မဟုတ်ပါလား။
သို့သော်လည်း ဖန်ကျိုရှောင်အနေဖြင့် ဆက်လက်ပြီး စွန့်စားနေရန် မလိုတော့ဟု ယူဆသည်။ အခုထိ သူတို့ လူရာဂဏန်းလောက်ပဲ ဆုံးရှုံးရသေးတာဖြစ်လို့ စခန်းကို ပြန်ဆုတ်သွားရင် ဘာမှမဖြစ်ခဲ့သလိုမျိုးပဲ ဖြစ်သွားမှာပါ။
"ဆုတ်ခွာကြ"
"မင်းသား၁၄.. ဆုတ်လို့မရတော့ဘူး"
"ကျွန်တော်တို့ တကယ် ဝိုင်းခံထားရတာပါ"
"ငါ့နောက်က လိုက်ခဲ့ကြ၊ တပ်မတော်တစ်ခုလုံး ငါနဲ့အတူ ဆုတ်မယ်"
ဖန်ကျိုရှောင်က ကျယ်လောင်စွာ အော်ဟစ်လျက် တပ်သားများကို ဦးဆောင်ကာ တောင်ဘက်သို့ ဆုတ်ခွာရန် ကြိုးစားသည်။
"ဂျိမ်း.."
ထိုစဉ် လျှပ်စီးတစ်ချက် လက်သွားချိန်တွင် ရှေ့ရှိ ကျယ်ပြောလှသော လွင်ပြင်ကြီးပေါ်က မြင်ကွင်းမှာ ထင်ရှားသွားခဲ့သည်။
မိုးရွာနေတဲ့ည၊ လွင်ပြင်ပြင်ကြီး နဲ့ လျှပ်စီးလက်သံ။
တပ်မတော်ကြီးတွေ၊ စစ်မြင်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ။
မျက်စိတစ်ဆုံး လွင်ပြင်ပြင်ကြီးပေါ်မှာ လူအုပ်ကြီးတွေက ပြည့်နှက်နေပြီး လျှပ်စီးရောင်အောက်မှာ စစ်လက်နက်တွေရဲ့ အေးစက်တဲ့ အရောင်အဝါတွေက ဝင်းလက်နေသည်။ ၎င်းမှာ အသက်ဝိညာဉ်တွေကို လာရောက်သိမ်းဆည်းမယ့် ငရဲပြည်က တပ်ကြီးတစ်ခု ရောက်လာသည့်အလား ဖြစ်နေပြီး ခဏတာ မြင်လိုက်ရတဲ့ မြင်ကွင်းအရဆိုရင် အနည်းဆုံး လူတစ်သောင်းလောက် ရှိပေလိမ့်မည်။
"တောင်ဘက်မှာ ရန်သူတွေ ရှိနေတယ်၊ အနောက်ဘက်ကို ကွေ့မယ်"
ဖန်ကျိုရှောင်က ဦးတည်ချက် ပြောင်းရန် အမိန့်ပေးလိုက်သည်။ သို့သော် တစ်မိုင်လောက်တောင် မရောက်ခင်မှာပဲ ထိုမြင်ကွင်းမျိုးကို ထပ်မံ မြင်လိုက်ရပြန်သည်။
"အရှေ့ဘက်ကို သွားမယ်"
ထိုအတိုင်းပင် ဖြစ်သည်။ လွင်ပြင်ပြင်ကြီးပေါ်တွင် လူအုပ်ကြီးတွေက လှိုင်းလုံးတွေလို တက်လာနေကြပြီး စစ်မြင်းတွေရဲ့ ဟီးသံတွေကလည်း ညံစီနေသည်။ အရေအတွက်ကို ခန့်မှန်းရ ခက်လှသလို နောက်ဆုံးမှာတော့ သူတို့ အခုနက ထွက်လာခဲ့တဲ့ လျှိုမြောင်ဝကြီးတောင်မှ အခိုင်အမာ ပိတ်ဆို့ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ အရပ်မျက်နှာ အနှံ့အပြားမှာ ရန်သူတွေ ဝိုင်းနေသလိုမျိုး ခံစားနေရတော့သည်။
တကယ်ပဲ... လူသုံးသောင်း ရှိနေတာလား။
ဖန်ကျိုရှောင်မှာ တုန်လှုပ်ချောက်ချားသွားတော့သည်။ ထန်မင်းသား လီဂုန်းက လိမ်ညာနေတာတင် မဟုတ်ဘဲ သူကိုယ်တိုင်လည်း အကြီးအကျယ် အရေးနိမ့်သွားခဲ့တာလား။ မဟုတ်ရင် ဒီလူတွေအားလုံး ဘယ်က ရောက်လာတာလဲ။
"နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက်ဗိုလ်ချုပ် ရှာဝမ်လုံ ရောက်ပြီ"
ကြီးမားသော ဓားကြီးကို ဝှေ့ယမ်းလျက် ရှာဝမ်လုံ က ရှေ့ဆုံးမှ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး သူ၏နောက်တွင် အနက်ရောင်သံချပ်ကာ မြင်းစီးတပ်သား အုပ်ကြီးကလည်း ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။
"မထိတ်လန့်ကြနဲ့"
ဖန်ကျိုရှောင်သည် ယခင်က သင်ခန်းစာများကို ပြန်လည်သတိရကာ စိတ်ကို အမြန်ဆုံး ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
"နက်နဲသံမဏိဒိုင်းလွှားတွေနဲ့ ခံစစ်ဗျူဟာ ခင်းကြစမ်း။"
"ဘာမှ မကြောက်ကြနဲ့"
"ရှာဝမ်လုံ ဆိုတာ နက်နဲပုံရိပ်အဆင့် အစောပိုင်းပဲ ရှိသေးတာ။ မဟာသွေးကြောအဆင့် ဗိုလ်ချုပ် သုံးယောက်နဲ့ လူနှစ်ထောင်လောက်က ဗျူဟာခင်းပြီး သူ့ကို တားထားလိုက်။ ကျန်တဲ့သူတွေကတော့ အပြင်ကို ရအောင် ထိုးဖောက်ကြစို့"
***