"စစ်နတ်ဘုရားအဆင့်နဲ့ မခြားနားတဲ့ စစ်သည်တော်ကြီးတစ်ယောက်က လူတွေကို လက်ဗလာနဲ့တင် နှစ်ပိုင်းဆွဲဖြဲပစ်နေတာ။ သူက အရမ်းကို ကြောက်စရာကောင်းပြီး ဘယ်သူမှ ယှဉ်လို့မရဘူး"
"ပြီးတော့ ချန်ဆန်းရှီ ဆိုတဲ့လူလည်း ရှိသေးတယ်"
"သူ့လက်ထဲမှာ မင်ပြည်နယ်တုန်းက မျက်ခုံးနီတပ်မတော်ဆီကနေ ရခဲ့တဲ့ ကောင်းကင်ဘုံကျမ်းရှိနေတာ။ သူက နတ်ဘုရားမိုးကြိုးကိုတောင် ခေါ်ယူနိုင်တယ်"
"အဲ့ဒီအချိန်တုန်းက လျှပ်စီးတန်း ရာနဲ့ချီ၊ ထောင်နဲ့ချီပြီး ကျဆင်းလာခဲ့တာ။ အဲ့ဒီမိုးကြိုးတွေက လူပေါင်း ထောင်ချီကို တိုက်ရိုက် သတ်ပစ်လိုက်တာပဲ"
"တော်တော့"
ဖန်ရှုကျိန်း ကိုယ်တိုင်ပင်လျှင် အနည်းငယ် ထိတ်လန့်မှုကို ခံစားလာရသည်။ အကယ်၍ ဒီတပ်မှူးတွေ ပြောတာသာ အမှန်ဆိုရင် ဟူလောင်တောင်ကြားမှာ ခုခံစစ်ဆင်နေတဲ့ စစ်သည်တွေဟာ သုံးသောင်းမက ရှိနေနိုင်ပေသည်။
ဒါဟာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ပြီးတော့ လက်ဗလာနဲ့ တိုက်ခိုက်နေတဲ့ အဲ့ဒီသိုင်းပညာရှင်ကရော ဘယ်သူလဲ။ ဒါရှန်နိုင်ငံရဲ့ မြို့တော်ကနေ တိုက်ရိုက်စေလွှတ်လိုက်တဲ့သူလား။ မြို့တော်မှာ ဒီလိုမျိုး အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေကို ဝှက်ထားတယ်ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိလှသည်။
ဒါ့အပြင်... နတ်ဘုရားမိုးကြိုး။
ဒါကတော့ နည်းနည်း ချဲ့ကားလွန်းနေသလိုပဲ။ အကယ်၍ တစ်စုံတစ်ယောက်က တကယ်ပဲ မိုးကြိုးကို ထိန်းချုပ်နိုင်တယ်ဆိုရင် တိုက်ခိုက်နေဖို့ ဘာအကြောင်းရှိတော့မလဲ။ ဆုတ်ခွာလိုက်တာကမှ ပိုကောင်းဦးမည်။
"စစ်ဗျူဟာမှူး" ဖန်ရှုကျိန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"သူတို့ပြောတာတွေက ဘယ်လောက်အထိ ယုံကြည်ရသလဲ"
"ကောင်းကင်ဘုံကျမ်း..." ရန်ကျင်ရွှမ်၏ မျက်နှာမှာ တည်ကြည်သွားသည်။
"ကျွန်တော်တို့အားလုံး ဒီအချက်ကို ဘယ်လိုများ လျစ်လျူရှုမိသွားကြတာလဲ"
"ဒါဆို အားလုံးက အမှန်ပဲလို့ ပြောချင်တာလား" ဖန်ရှုကျိန်းက အလောတကြီး ဆိုသည်။
"အဲ့ဒီ ချန်ဆန်းရှီ က တကယ်ပဲ နတ်ဘုရားမိုးကြိုးကို ခေါ်ပြီး လူထောင်ချီ သတ်နိုင်တာလား။ ဒါဆို ငါတို့ တိုက်နေဖို့ လိုသေးလို့လား"
"လူထောင်ချီ သတ်နိုင်တယ်ဆိုတာကတော့ ချဲ့ကားပြောတာ ဖြစ်လိမ့်မယ်။ အလွန်ဆုံးရှိမှ ရာဂဏန်းလောက်ပဲ ဖြစ်မှာပါ"
ရန်ကျင်ရွှမ်က သုံးသပ်ပြသည် "ဒါ့အပြင် ကျွန်တော့်ရဲ့ ခန့်မှန်းချက်အရဆိုရင် ဒါကို မိုးကြိုးမုန်တိုင်းရှိတဲ့ ညမျိုးမှာပဲ သုံးလို့ရတာ ဖြစ်ရမယ်။ ပြီးတော့ တခြား ကန့်သတ်ချက်တွေလည်း ရှိဦးမှာပါ။ မဟုတ်ရင် သူတို့ ကျွန်တော်တို့ကို အရင်လာပြီး တိုက်ခိုက်မှာပေါ့"
"အနှစ်ချုပ်ရရင်တော့... ဟူလောင်တောင်ကြားထဲမှာရှိတဲ့ ဗိုလ်ချုပ်
အရေအတွက်က မှားနေသလို၊ စစ်သည်အရေအတွက်ကလည်း သုံးထောင်
မကနိုင်ဘူး။ ကျွန်တော်ထင်တာတော့ ရှစ်ထောင်ထက်မနည်း ရှိနေလိမ့်မယ်"
ဖန်ရှုကျိန်းက နှာခေါင်းရှုံ့လျက် ဆိုသည် "ကြည့်ရတာ လီဂုန်း က ငါတို့ကို ထောင်ချောက်ထဲ ဆွဲသွင်းဖို့ ကြိုးစားနေတာပဲ"
"စိတ်မပူပါနဲ့"
ရန်ကျင်ရွှမ်က "လီဂုန်းကို နောက်တစ်ကြိမ် ထပ်ပြီး စစ်မေးကြည့်မယ်။ ဒါ့အပြင် ယုန်လဲ့ခရိုင်ထဲမှာ ကျွန်တော်တို့ရဲ့ သူလျှိုတွေ ရှိနေသေးရင် ဟူလောင်တောင်ကြားမှာ တကယ်တမ်း စစ်သည်ဘယ်လောက်ရှိလဲဆိုတာကို အတည်ပြုခိုင်းရမယ်"
"ငါ့ညီလေးကရော" ဖန်ရှုကျိန်းက စိုးရိမ်တကြီး ပြောသည်။
"ငါ့ညီလေး ပျောက်ဆုံးနေတာ။ သူ ဖမ်းဆီးခံလိုက်ရဖို့ အခွင့်အရေး အရမ်းများတယ်။ ငါတို့ ဘာလုပ်သင့်လဲ"
၁၄ ယောက်မြောက်ညီတော် ဖန်ကျိုရှောင် က သိုင်းပညာအဆင့်မှာ သိပ်မမြင့်လှပေ။ သို့သော်လည်း သူ၏ မိခင်ဘက်မှ ဆွေမျိုးများမှာ အလွန်
အာဏာရှိသော မိသားစု ဖြစ်သည်။ အကယ်၍ ဖန်ရှုကျိန်း က နောင်တစ်ချိန်မှာ အာဏာကို သိမ်းယူချင်တယ်ဆိုရင် သူ့ညီလေးရဲ့ မိသားစုဆီက ထောက်ခံမှု လိုအပ်သည်။ အခုလိုမျိုး သူတို့ကို အပြင်ခေါ်ထုတ်လာပြီးမှ အသက်ဆုံးရှုံးသွားမယ်ဆိုရင် အင်အားကြီးတဲ့ မဟာမိတ်တစ်ဦးကို ဆုံးရှုံးလိုက်ရတာနှင့် အတူတူပင် ဖြစ်သည်။
"စစ်ဗျူဟာမှူး ငါတို့ ဘာလုပ်ရမလဲ ဒီအတိုင်း ထိုင်ကြည့်နေလို့တော့ မရဘူးမလား"
ရန်ကျင်ရွှမ်က အသေအချာ စဉ်းစားပြီးနောက် ဆုံးဖြတ်လိုက်သည်။
"လိုင်ပြည်နယ်ရဲ့ အခြေအနေက တည်ငြိမ်သွားပြီ။ ကျွန်တော်တို့ ချင်နိုင်ငံကနေ စစ်သည် နှစ်သောင်းကျော်ကိုလည်း စုဆောင်းနိုင်ခဲ့ပြီ။ အခုဆိုရင် ကျွန်တော်တို့မှာ စစ်သည် တစ်သိန်းတစ်သောင်းတစ်ထောင် ရှိနေပြီး နက်နဲပုံရိပ်အဆင့်ရှိတဲ့ ဗိုလ်ချုပ် လေးဦးလည်း ရှိတယ်။ ဟူလောင်တောင်ကြားထဲမှာ စစ်သည် ငါးထောင်နဲ့ ဗိုလ်ချုပ် နှစ်ဦးပဲ ရှိနေရင်တောင် ကျွန်တော်တို့ရဲ့ အင်အားချင်းက အများကြီး ကွာခြားနေတုန်းပဲ။ အစီအစဉ်အတိုင်း ဖြည်းဖြည်းချင်း ချီတက်မယ်ဆိုရင်တော့ ထိခိုက်မှု သိပ်မရှိနိုင်ပါဘူး"
'ဘယ်လို ကောင်းကင်ဘုံကျမ်းစာပဲ ဖြစ်ဖြစ်။ အသုံးဝင်ရင်တောင် ကန့်သတ်ချက် ရှိမှာပါ။ ငါ့ကိုတော့ လာလှည့်စားလို့ မရဘူး။ အကယ်၍ အဲ့ဒီလောက်ကြီး ချဲ့ကားထားသလို အစွမ်းထက်နေရင် မျက်ခုံးနီတပ်မတော်ဟာ ပြီးခဲ့တဲ့နှစ်က လူတစ်ထောင်ကျော်လေးနဲ့ အရေးနိမ့်သွားမှာ မဟုတ်ဘူး။
ဒါပေမဲ့... ဒါဟာ တကယ့်ကို ဒုက္ခပေးမယ့် အရာတစ်ခုဆိုတာတော့ အမှန်ပဲ။ အခုကစပြီး ပိုပြီးတော့ ဂရုတစိုက် လုပ်ဆောင်ရတော့မယ်။'
"အရှင်မင်းသား... အမိန့်ပေးလိုက်ပါ။ ဗိုလ်ချုပ်ဖုန်ကို အရင်ဆုံး စေလွှတ်ပြီး အခြေအနေကို စမ်းသပ်ခိုင်းပါ။ ဖြစ်နိုင်ရင် ၁၄ ယောက်မြောက် မင်းသားကို ပြန်ကယ်ခိုင်းရမယ်။ အရှင်နဲ့ ကျွန်တော်ကတော့ စစ်သည် တစ်သိန်းနဲ့အတူ ချက်ချင်း ချီတက်ပြီး ဟူလောင်တောင်ကြားကို ဖိအားပေးမယ်။ သူတို့ကို နောက်ထပ် ဘာအခွင့်အရေးမှ မပေးတော့ဘူး"
...
ယုန်လဲ့ခရိုင်။
"ကောင်းတယ်" မုန်ချူကျိီက နောက်ဆုံးရ သတင်းကို ကြားရသောအခါ အားရပါးရ အော်ဟစ်လိုက်သည်။
"ဟူလောင်တောင်ကြား အပြင်ဘက်မှာ ဗိုလ်ချုပ်ဖန် နဲ့ ဒုဗိုလ်ချုပ်ချန် တို့ ပူးပေါင်းပြီး လူတစ်ထောင်ငါးရာတည်းနဲ့ ရန်သူ တစ်သောင်းကို အပြတ်အသတ် အနိုင်ယူလိုက်ပြီ။ နန်ရွှီရဲ့ ၁၄ ယောက်မြောက် မင်းသား ဖန်ကျိုရှောင် ကိုလည်း အရှင် ဖမ်းမိထားတယ်"
"ဒါဆိုရင်တော့ ငါတို့ သူတို့ကို အနည်းဆုံး နောက်ထပ် ၁၀ ရက်လောက် အချိန်ဆွဲထားနိုင်ပြီ"
"တကယ်ပဲ ဒီညီအစ်ကို နှစ်ယောက် ပူးပေါင်းလိုက်ရင် ဒီလိုမျိုး အကျိုးသက်ရောက်မှု ရှိလာမယ်လို့ ဘယ်သူက ထင်မှာလဲ" ကျန်းထောင်မင် က စိုးရိမ်စိတ်တွေ ကြားကနေ မှတ်ချက်ပေးလိုက်သည်။
"ဒါပေမဲ့ အခြေအနေကတော့ စိတ်အေးရသေးတာ မဟုတ်ဘူး။ ကျွန်တော်တို့ အရင်က အောင်ပွဲငယ်လေးတွေ ရခဲ့တာဟာ ဖန်ရှူကျိန်း တို့က လီဂုန်းနဲ့ ဉာဏ်
စမ်းကစားပြီး လင်ကျိုးအခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားနေလို့ပဲ။ ဒါကြောင့် သူတို့ရဲ့ ရှေ့ပြေးတပ်က စခန်းပဲ ချထားပြီး ဗိုလ်ချုပ်တွေ မပါလာတာ"
"အရိုးသားဆုံး ပြောရရင် ဒါဟာ သူတို့ရဲ့ အတွင်းရေး ပဋိပက္ခပဲ"
"အခုဆိုရင် လင်ကျိုး တစ်ခုလုံးက နန်ရွှီရဲ့ လက်အောက်ကို ရောက်သွားပြီဆိုတော့ အတွင်းရေး ပဋိပက္ခ ပြီးဆုံးသွားပြီ။ သူတို့ရဲ့ နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ် လေးဦးစလုံးက အင်အားအပြည့်နဲ့ ထွက်လာကြတော့မယ်။ ဗိုလ်ချုပ်တိန့် ရှိနေရင်တောင် သူတို့ကို အချိန်အကြာကြီး ခုခံဖို့ကတော့ တကယ်ကို ခက်ခဲလိမ့်မယ်လို့ ကျွန်တော်စိုးရိမ်မိတယ်"
"ဟုတ်တယ်၊ ဒါကြောင့် ငါတို့လည်း အရှိန်မြှင့်ရမယ်"
မုန်ချူကျိီက သားရဲအသားတွေကို အားရပါးရ စားလိုက်ပြီး "ငါ့အတွက် ရွှေရည် (မစင်ရည်) တွေကို ပိုပြီး ပြင်ဆင်ထားကြ၊ အဲ့ဒီထဲကို အဆိပ်တွေ ပိုထည့်လိုက်။ ဒီညမှာ မြို့သိမ်းတိုက်ပွဲကို ဆက်လုပ်မယ်။ ငါ လီဂုန်းကို သတ်မပစ်နိုင်ရင်တောင် သူ့ကို ရွံရှာလွန်းလို့ သေသွားအောင် လုပ်မယ်"
"ဟုတ်ကဲ့ပါ"
"မုန်ချူကျီ"
လီဂုန်းသည် မြို့ရိုးပေါ်မှ ဆင်းလာချိန်တွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ သံချပ်ကာပေါ်တွင် အမည်မသိ ရွှေရောင်အရည်များ ပေကျံနေပြီး တစ်ကိုယ်လုံးမှလည်း အလွန်နံစော်နေသည်။
"ဒီကောင်တွေ"
သူက ဒဏ်ရာရမှာကိုတောင် ဂရုမစိုက်ဘဲ အကာအကွယ်စွမ်းအားကို ခဏချင်း ဖျက်ဆီးပြီး ရွှေရည်ပုံးနဲ့ လောင်းချလိုက်တာပဲ။ နက်နဲသံမဏိသံချပ်ကာက သူ့ကို ကာကွယ်ပေးထားပေမဲ့ ဒါဟာ တကယ့်ကို ရွံရှာဖို့ ကောင်းလှသည်။
"ငါ့လက်ထဲသာ မိလို့ကတော့ သူ့ခေါင်းကို အရင်ဆုံး ဖြတ်ယူပြီး ဆီးအိုးအဖြစ် သုံးပစ်မယ်"
ဒုဗိုလ်ချုပ် လျူဟွမ်ရုံ က မသိမသာ အကွာအဝေးတစ်ခုမှာ ခွာပြီး ရပ်နေလိုက်သည်။
"အရှင်... နန်ရွှီရဲ့ ရှေ့ပြေးတပ်ဟာ ငွေရောင်ထင်ရှုးတောင်ကုန်း နားမှာ အရေးနိမ့်သွားပြီး ၁၄ ယောက်မြောက် မင်းသား ဖန်ကျိုရှောင် လည်း အရှင်ဖမ်းခံလိုက်ရပါတယ်"
"အသုံးမကျတဲ့ကောင်" လီဂုန်းက ဆဲဆိုလိုက်သည်။
"ငါ သူတို့ကို လင်ကျိုး တစ်ခုတည်းကိုပဲ အာရုံမစိုက်ဖို့ ပြောထားရက်နဲ့။ အခုတော့ ဖန်ချင်းယွမ် တို့ကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားပြီ"
"ဟုတ်ကဲ့၊ ဒါပေမဲ့ အကျအဆုံး အရေအတွက်ကတော့ သိပ်မများပါဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့က သူတို့ကို လူ နှစ်သောင်း ပြန်ဖြည့်ပေးထားတာဆိုတော့ သူတို့မှာ အခုဆို စစ်သည် တစ်သိန်းတစ်သောင်းတစ်ထောင် ရှိနေပြီ" လျူဟွမ်ရုံ က ဇဝေဇဝါဖြင့်"အဓိက ပြဿနာကတော့... သူတို့ဆီမှာ နက်နဲပုံရိပ်အဆင့် ပြီးပြည့်စုံခြင်းကို ရောက်နေတဲ့ ဗိုလ်ချုပ် နောက်တစ်ယောက် ဘယ်ကနေ ရောက်လာတာလဲ ဆိုတာပဲ"
"ဘယ်သူ သိမှာလဲ" လီဂုန်းလည်း နားမလည်နိုင် ဖြစ်နေသည်။
"ငါ ထင်တာတော့ ဒါရှန်ရဲ့ အိမ်ရှေ့မင်းသား နယ်စပ်ကို ရောက်လာပြီးနောက်ပိုင်း တိတ်တဆိတ် စေလွှတ်လိုက်တဲ့သူပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူက နက်နဲပုံရိပ်အဆင့် ပြီးပြည့်စုံခြင်းတော့ မဖြစ်နိုင်ပါဘူး။ နက်နဲပုံရိပ်အဆင့် ပြီးပြည့်စုံခြင်းရှိတဲ့ သိုင်းပညာရှင်တွေရဲ့ အရေအတွက်ကို ငါတို့ အကုန်သိတယ်။ သူတို့အားလုံးက သူတို့နေရာနဲ့သူတို့ တာဝန်ကျနေတာပဲ။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာအားလုံးမှာ သူတို့ရှိနေတာ။ အားလုံးကို ဒီကို ခေါ်လိုက်မယ်ဆိုရင် ကျန်တဲ့နေရာတွေ ဘယ်လိုလုပ်မလဲ"
***