အရေးကြီးသည့် အခိုက်အတန့်တွင် အောက်ဘက်မှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရွှေရောင် ငှက်မိစ္ဆာ၏ ခန္ဓာကိုယ် တည့်တည့်အား ထိမှန်သွားသည်။
ထိုအချိန်တွင် ထူးဆန်းသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ရွှေရောင်ငှက်မိစ္ဆာ တိုက်ခိုက်လိုက်သည့် လှံရှည်မှာ ယွဲ့ယဲ့၏ ဦးခေါင်းတည့်တည့်ဆီမှ ရုတ်တရက် လမ်းကြောင်းပြောင်းသွားကာ လုံဟောင်ချန်းဆီသို့ တည့်တည့်မတ်မတ် ဦးတည် သွား၏။
ဤသည်မှာ လုံဟောင်ချန်း၏ လက်ချက်ပင်။ လုံဟောင်ချန်းမှာ ယွဲ့ယဲ့၏ အခြေအနေကို ဝင်ရောက်ကာ ကယ်တင်လိုက်ခြင်းပင် ။ ၎င်းမှာ သူ့ရှေ့ရှိ ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာ ကို ပိတ်ဆို့ရန် အသည်းအသန် ကြိုးစားနေရသော်လည်း သူ၏ သူတော်စင် ဝိညာဉ် မီးဖို ၏ ဒုတိယ စွမ်းရည် ဖြစ်သော ‘ဆွဲငင်ခြင်း’ ကို တွန့်ဆုတ်ခြင်း မရှိဘဲ အသုံးပြုခဲ့သည်။
အကယ်၍ အခြားသူ တစ်ဦးသာ လုံဟောင်ချန်း ကဲ့သို့ စွမ်းရည်မျိုး ပိုင်ဆိုင်ထားပါက အန္တရာယ် အားလုံးကို မိမိထံ ဆွဲယူမည့် ဤကဲ့သို့သော ရွေးချယ်မှုကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။
ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာ တစ်ကောင်သည်ပင် လုံဟောင်ချန်းအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နေပြီ ဖြစ်ရာ သတ္တမအဆင့် အထွတ်အထိပ်ရှိ ရွှေရောင် ငှက်မိစ္ဆာ ကိုပါ ထပ်ပေါင်းလျှင် မည်သို့ ခုခံနိုင်မည်နည်း။ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းနှင့် မခြားနားပေ။
သို့သော် လုံဟောင်ချန်းသည် ဤသို့ ပြုလုပ်ခဲ့သည်။ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်း မဟုတ်ချေ။ အခြေအနေများကို သုံးသပ်ပြီးနောက် ဆုံးဖြတ်ခဲ့ခြင်းပင်။
သူတို့မှာ ဤမျှ များပြားလှသည့် မိစ္ဆာစစ်တပ်ကို ရင်ဆိုင်နိုင်စွမ်း မရှိချေ။ ထို သတ္တမအဆင့် မိစ္ဆာနှစ်ကောင် မပေါ်လာလျှင်ပင် ကုန်သည် အဖွဲ့၏ ခံစစ်စည်းကို ဖောက်ဝင်လာသော ငှက်မိစ္ဆာများ၊ ရူးသွပ်သူ မိစ္ဆာများ၊ ခေါင်းနှစ်လုံးပါ မိစ္ဆာ သိမ်းငှက်များ နှင့် မျက်လုံး မိစ္ဆာ စစ်သည်များနှင့်ပင် သူတို့မှာ အမြစ်ဖြတ် သုတ်သင် ခံရနိုင်ပေသည်။
သူတို့၏ ရှင်သန်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်သည် ယွဲ့ယဲ့ ၏ လက်ထဲတွင်သာ ရှိသည်။ ထို့ကြောင့် မည်သို့ပင် ဖြစ်စေ လုံဟောင်ချန်း သည် ယွဲ့ယဲ့ ကို သတ်ဖြတ်ခွင့် ပြုမည် မဟုတ်ပေ။ တားမြစ်မန္တာန် သာ အမှန်တကယ် ပြီးမြောက်သွားပါက အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် မျှော်လင့်ချက် အနည်းငယ် ရှိလာပေမည်။
ထို့ကြောင့် လုံဟောင်ချန်းမှာ အန္တရာယ် ကြီးမားသော်ငြား ဤသို့ ရွေးချယ်ခဲ့ခြင်းပင်။
လုံဟောင်ချန်း ၏ ရင်ဘတ်ထဲရှိ ဝိညာဉ် မီးဖို မှ ထွက်ပေါ်လာသော အဖြူရောင် အလင်းတန်းသည် ရွှေရောင် ငှက်မိစ္ဆာ ကို သူ၏ လမ်းကြောင်းမှ ချက်ချင်း ဆွဲယူလိုက်သည်။ ထို့နောက် သူ့အနောက်တွင် ကြီးမားသော ခရမ်းရောင် အလင်းတစ်ခု ပေါ်လာပြီး လုံဟောင်ချန်း ၏ ကိုယ်ခန္ဓာနှင့် ပေါင်းစပ်သွားသည်။ ၎င်းမှာ ဟောင်ယွဲ့ ပင်။
တစ်ခဏချင်းတွင် လုံဟောင်ချန်း ၏ တစ်ကိုယ်လုံးသည် စွမ်းအား အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အထူး အခြေအနေ တစ်ခုသို့ ဝင်ရောက်သွားသည်။ သူ၏ မြင့်မြတ် ဝိညာဉ် ဒိုင်း ကို ရေပြင်ညီအတိုင်း ဝှေ့ယမ်းလိုက်ပြီး ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာကို ကြမ်းတမ်းစွာ တိုက်ခိုက်ကာ တစ်ချိန်တည်းတွင် ရွှေရောင် ငှက်မိစ္ဆာနှင့် အကွာအဝေး တစ်ခု ခြားထားလိုက်သည်။
လုံဟောင်ချန်း ၏ တစ်ကိုယ်လုံးမှ ခရမ်းရောင် လှိုင်းဂယက်များ ပေါက်ကွဲထွက်လာပြီး ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အတောင်ပံ တစ်စုံသည် သူ၏ ကျောဘက်တွင် ထွက်ပေါ်လာသည်။
အလင်းဒြပ်စင် နတ်သမီး ယာတင်း ၏ ကိုယ်ခန္ဓာပေါ်တွင် ရွှေရောင် မီးလျှံတစ်ခု တောက်လောင်လာသည်။ သူမ၏ မန္တာန်ရွတ်ဆိုခြင်း ပြီးဆုံးသွားသောအခါ သူမသည် လုံဟောင်ချန်း ၏ ပခုံးပေါ်သို့ တိုက်ရိုက် နေရာယူလိုက်သည်။ ထို အလင်းရောင် မီးလျှံများ ဖုံးလွှမ်းလျက် သူမ၏ တစ်ကိုယ်လုံးသည် အထက်သို့ မြင့်တက်သွားပြီး အကန့်အသတ်အထိ တိုးမြှင့်ပေးလိုက်သည်။
မှန်ပေသည်၊ လုံဟောင်ချန်း သည် သူ၏ ရဲဘော်များကို ကယ်တင်ရန် နောက်ဆုံး အခွင့်အရေး အတွက် အစွမ်းကုန် ကြိုးစား တိုက်ခိုက်နေခြင်း ဖြစ်သည်။
ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာအား ဒိုင်းဖြင့် ဝင်တိုက်ပြီးသည့် ချက်ချင်းဆိုသလို လုံဟောင်ချန်းမှာ မြင့်မြတ် ဝိညာဉ် ဒိုင်း ကို အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား ဖြင့် လဲလှယ်လိုက်သည်။ ချက်ချင်း ဆိုသလို တောက်ပသည့် အပြာရောင် အလင်းနှင့် ရွှေရောင် အလင်းမှာ ရောယှက်သွားပြီး တိုးဝင်လာသည့် ရွှေရောင် ငှက်မိစ္ဆာ၏ အစွမ်းကုန် တိုက်ခိုက်မှုကို ခုခံလိုက်သည်။
- ၀ုန်း …. -
ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ လုံဟောင်ချန်း တစ်ကိုယ်လုံး တုန်ခါသွားသည်။ ချက်ချင်းဆိုသလို သူ၏ နှာခေါင်းမှ သွေးများ ပန်းထွက်လာပြီး လေထဲမှ အနောက်သို့ လွင့်စင်သွား၏။
ထိုအချိန်တွင် အဆင့် ၂၁ တပ်မှုးအဆင့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ဝင် အားလုံး၏ ခန္ဓာကိုယ်တွင် တောက်ပသော ရွှေရောင် အလင်းများ လင်းလက်လာပြီး လုံဟောင်ချန်း အပါအဝင် လူတိုင်း၏ ရင်ဘတ်တွင် ရွှေရောင် သင်္ကေတ တစ်ခု ပေါ်လာသည်။ ချိူက်အာ၊ ဟန်ယု၊ စစ်မာရှန်း၊ ဝမ်ရွှမ်ရွှမ်၊ ချန်ရင်အာ နှင့် လင်းရှန် တို့သည် တစ်ပြိုင်နက်တည်း နာကျင်စွာ ညည်းညူလိုက်ကြပြီး သူတို့၏ ကိုယ်ခန္ဓာများ ပြင်းထန်စွာ ယိမ်းယိုင်သွားကြသည်။
လုံဟောင်ချန်းမှာ ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာထံသို့ တန်းတန်းမတ်မတ် လွင့်စင် သွားသည်။ ထိုအခါ သူက လေထဲတွင် တစ်ပတ် လှည့်လိုက်ကာ အပြာရောင်မိုး ခေါင်ရမ်းအလင်းဓားကို အသုံးပြုပြီး ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာ၏ ရင်ဘတ်ကို တိုက်ခိုက် လိုက်သည်။
အပြာရောင်မိုး ခေါင်ရမ်း အလင်းဓားထံမှ စွမ်းအားမှာ ပေါက်ကွဲ ထွက်လာပြီး ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာ၏ ခန္ဓာကိုယ် အပေါ်သို့ မိုးရွှာသွန်းသည့် အလား ကျဆင်းလာပြီး သွေးများ စီးကျလာစေသည်။ လုံဟောင်ချန်းမှာ ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပြီး သူ၏ အင်အား အားလုံးကို တစ်ပြိုင်နက် ထည့်သွင်းထားသည်။
ဟောင်ယွဲ့နှင့် ပေါင်းစပ်မှု၊ ယာတင်း၏ ထောက်ပံ့မှုမှ တဆင့် လုံဟောင်ချန်းမှာ ဆဋ္ဌမအဆင့် သက်တန့် သူရဲကောင်း အဆင့်သို့ ယာယီ ခုန်တက်သွားခဲ့သည်။ ထို့အပြင် လုံဟောင်ချန်းမှာ အသက်စတေးခြင်း’စွမ်းရည်ကို အသက်သွင်းထားသေးသည်။ အသက်စတေးခြင်းမှ ရရှိသော စွမ်းအားမှာ ကြီးမားသော်လည်း ပေးဆပ်ရသည့် နောက်ဆက်တွဲ အကျိူးဆက်မှာမူ ၎င်း၏ နာမည်နှင့် လိုက်ဖက်ပေသည်။ သို့သော်လည်း လုံဟောင်ချန်းတွင် ရွေးချယ်စရာ မရှိချေ။ လက်ရှိတွင် အသက်ရှင်သန်ရေး အတွက် အကုန် ပုံအောရပေမည်။
အကယ်၍ သူသာ သတ္တမအဆင့် မိစ္ဆာ နှစ်ကောင်ကို မရှင်းလင်းနိုင်ပါက သူတို့ဘက်မှ မည်သူက တားဆီးနိုင်မည်နည်း။ ချိူက်အာကို သူတို့အား တားဆီးရန် တာဝန် ယူခိုင်းမည်လော။
လုံးဝ မဖြစ်နိုင်ပေ။ မည်သို့ပင် ဖြစ်စေ လုံဟောင်ချန်း သည် ချိူက်အာ ကို တစ်သက်လုံး ကာကွယ်စောင့်ရှောက်ပါမည်ဟု သူ ကျိန်ဆိုထားသော ကတိသစ္စာကို မေ့လိမ့်မည် မဟုတ်ချေ။ သူ အချစ်မြတ်နိုးရဆုံး သူကို ဤကဲ့သို့သော အန္တရာယ်နှင့် မည်သို့ ရင်ဆိုင်ခိုင်းနိုင်မည်နည်း။
ထို့ကြောင့် လုံဟောင်ချန်းသည် ‘အသက်စတေးခြင်း’ ကို အသုံးပြုရန် ရွေးချယ်ခဲ့ပြီး ဤ နောက်ဆုံး တိုက်ခိုက်မှုတွင် ‘နောက်ဆုံး လောင်းကြေး’ ဟုခေါ်သော အခြား စွမ်းရည် တစ်ခုကို ထပ်ပေါင်းထည့်ခဲ့သည်။
ခေါင်းရမ်းအလင်းဓား ၏ ပထမဆုံး တိုက်ခိုက်မှုသည် ရွှေရောင် ငှက်မိစ္ဆာ ၏ တိုက်ခိုက်မှုကို တန်ပြန်ရန် ဦးတည်ခဲ့ပြီး ဝိညာဉ် ချိတ်ဆက် သံကြိုးများ မှတဆင့် သူတို့အား ချိတ်ဆက်ထားသော အသက်နှောင်ကြိုးကြောင့် ချိူက်အာတို့မှာ ရွှေရောင် ငှက်မိစ္ဆာ၏ တိုက်ခိုက်မှုမှ ပေါက်ကွဲ ထွက်ပေါ်လာသော စွမ်းအားကို မျှဝေခံစားခဲ့ကြရသည်။
အတွင်း ဝိညာဉ်စွမ်းအင် အမှတ် ၃,၀၀၀ ကို ကျော်လွန်သွားပြီ ဖြစ်သော လုံဟောင်ချန်းမှာ သူတို့၏ ယခင် တိုက်ပွဲများနှင့် နှိုင်းယှဉ်ပါက လုံးဝ အဆင့်သစ် တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ သူ့အား ပြန်လည် ရိုက်ခတ်လာသည်နှင့် တစ်ချိန်တည်းတွင် အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား၏ စွမ်းအားမှာ ဒုတိယအကြိမ် ပေါက်ကွဲ ထွက်လာသည်။
‘နောက်ဆုံး လောင်းကြေး’ နှင့် ‘တောက်ပသော မိုး ခေါင်းရမ်းအလင်းဓား ပေါင်းစပ်ထားသော စွမ်းအားသည် ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာကို နောက်တစ်ကြိမ် ပြင်းထန် ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်သည်။ သို့တိုင် လုံဟောင်ချန်းမှာ ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာ၏ တိုက်ခိုက်မှုကို ခံလိုက်ရသေးသည်။ ကြက်သွေးရောင် ရူးသွပ်သူမိစ္ဆာ၏ လက်သည်းမှာ လုံဟောင်ချန်း၏ ညာဘက် ပခုံးကို တိုက်ရိုက် ထိုးဖောက်သွားသည်။ အဆင့် ၂၁ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ မှ အခြား အဖွဲ့ဝင်များသည်လည်း တစ်ပြိုင်နက်တည်း နောက်တစ်ကြိမ် နာကျင်စွာ ညည်းညူလိုက်ကြသည်။
လုံဟောင်ချန်းမှာ ရပ်တန့်မသွားပေ။ အပြာရောင်မိုး ခေါင်းရမ်းအလင်းဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ဒေါင်လိုက် ပိုင်းချလိုက်သည်။
ထို့နောက် ‘အသက်စတေးခြင်း’ စွမ်းအား၏ ထောက်ပံ့မှု အောက်တွင် လုံဟောင်ချန်းမှာ သူ၏ နောက်ဆုံး လက်ကျန် စိတ်၀ိညာဉ် စွမ်းအားကို အတင်းအကျပ် အသုံးပြုကာ ဆူးခင်းလင်းရောင် နှစ်ခုကို ရေပြင်ညီ အလျားအတိုင်း ထုတ်ဖော်လိုက်သည်။ တောက်ပသည့် ရွှေရောင် မီးလျှံ လှိုင်းတစ်ခုက လမ်းတစ်လျှောက်ရှိ ရူးသွပ်သူ မိစ္ဆာများ နှင့် ငှက်မိစ္ဆာ အနည်းဆုံး အကောင် ၃၀ ခန့်ကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်ပြီး တစ်ချက်တည်းဖြင့် သုတ်သင်ရှင်းလင်းလိုက်သည်။
လုံဟောင်ချန်းမှာ အားအင် ချိနဲ့ စွာဖြင့် နောက်သို့ ယိမ်းယိုင်သွားသည်။ ထို့နောက် သူ၏ အကြည့်က လှည်းခေါင်မိုးဆီသို့ ရောက်ရှိသွားသည်။
သူ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ ဖြစ်ကာ ကြက်သွေးရောင် ရူးသွပ်သူ မိစ္ဆာ ကို ရှင်းလင်းရန်နှင့် ရွှေရောင် ငှက်မိစ္ဆာကို ခုခံရန် သူ၏ အင်အား အားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သူသည် သူ၏ ရဲဘော်များနှင့် ယွဲ့ယဲ့ အတွက် အချိန်အနည်းငယ် အောင်မြင်စွာ ဆွဲထားနိုင်ခဲ့သည်။ ယွဲ့ယဲ့ အနေဖြင့် သူမ၏ မန္တာန်ကို အချိန်မီ ပြီးမြောက်နိုင်မည်၊ မပြီးမြောက်နိုင်မည် ဆိုသည်မှာ သူ၏ လက်လှမ်းမီရာတွင် မရှိတော့ပေ။
လှည်းခေါင်မိုးပေါ်တွင် အနက်ရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကြမ်းတမ်းအေးစက်သည့် သတ်ဖြတ်လိုသော အရှိန်အဝါမှာ အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲ ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါမှာ ရွှေရောင် ငှက်မိစ္ဆာ ကိုပင် ခြိမ်းခြောက်မှု ခံစားလိုက်ရစေသည်။ ၎င်းမှာ ချိူက်အာ ပင်။
လုံဟောင်ချန်း ပေးဆပ်လိုက်ရသော တန်ဖိုး မည်မျှ ကြီးမားသည်ကို ချိူက်အာ သည် မည်သူ့ထက်မဆို ပိုမို ရှင်းလင်းစွာ နားလည်၏။ လုံဟောင်ချန်းမှာ ရွှေရောင်ငှက်မိစ္ဆာ၏ တိုက်ခိုက်မှုကြောင့် နောက်သို့ မီတာ ၅၀ခန့် လွင့်ထွက်သွားပြီးနောက် ရွှေရောင် ငှက်မိစ္ဆာမှာ သူတော်စင် ဝိညာဉ် မီးဖို၏ ဆွဲငင်ခြင်း သက်ရောက်မှု အောက်မှ လွတ်မြောက်သွားသည်။ ရွှေရောင် ငှက်မိစ္ဆာမှာ လွတ်မြောက်ပြီးပြီးခြင်း တုံ့ဆိုင်းခြင်းမရှိ ယွဲ့ယဲ့အား တိုက်ခိုက်ရန် အပေါ်သို့ ပျံတက်သွားသည်။
ချိူက်အာ လှုပ်ရှားလိုက်၏။
အာဏာရှင် ထိုးချက် …..
ချိူက်အာ၏ ပုံရိပ်မှာ ဝေဝါးသွား၏။။ သူမထံမှ အေးစက် သတ်ဖြတ်လိုသော အရှိန်အဝါမှာ အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲ ထွက်လာပြီး ရွှေရောင် ငှက်မိစ္ဆာကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ သူမ၏ တိုက်ခိုက်မှုက ရွှေရောင် ငှက်မိစ္ဆာကို နှေးကွေး သွားစေသည်။
အကယ်၍ အမြင်စူးရှသူ ဆိုလျှင် ချိူက်အာ၏ တိုက်ခိုက်မှုများမှာ မည်မျှ ထူးချွန်ပြောင်မြောက်သည်ကို သတိပြုမိကြပေလိမ့်မည်။
လုပ်ကြံသတ်ဖြတ်သူ ဖြစ်သည့် အားလျော်စွာ ချိူက်အာ တွင် လုံဟောင်ချန်း ၏ ကောင်းကင် အဟန့်အတား ကဲ့သို့သော အစွမ်းထက်သည့် ကာကွယ်ရေး စွမ်းရည်များ မရှိပေ။ သို့သော် သူမ ပိုင်ဆိုင်ထားသည်မှာ ပြိုင်ဘက်ကင်းသော ကျွမ်းကျင်သွက်လက်မှု၊ အမြန်နှုန်းနှင့် ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ ဖြစ်သည်။
လှည်းခေါင်မိုးပေါ်သို့ ခုန်တက်ပြီးနောက် အာဏာရှင် ထိုးချက်ကို အသုံးပြုကာ ရွှေရောင် ငှက်မိစ္ဆာ၏ ညာလက်ကို တိုက်ခိုက်လိုက်သည်။ ထို့နောက် သူမ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး နောက်ထပ် အာဏာရှင်ထိုးချက် တစ်ခုမှာ ရွှေရောင် ငှက်မိစ္ဆာ၏ ဘယ်ဘက်မှ ထပ်မံ တိုးဝင်လာပြန်သည်။ ချိူက်အာမှာ ရွှေရောင် ငှက်မိစ္ဆာအား ထိပ်တိုက်ရင်ဆိုင်ရန် မကြိုးစားပဲ သူမ၏ အမြန်နှုန်း၊ အားကောင်းလှသည့် တိုက်ခိုက်မှုများကို အသုံးပြုကာ ယွဲ့ယဲ့ထံသို့ ရောက်ရှိ မသွားစေရန် တိုက်ခိုက်နေသည်။ ရွှေရောင် ငှက်မိစ္ဆာမှာ ချိူက်အာ၏ ပုံရိပ်များအား အကြိမ်ကြိမ် အပိုင်းပိုင်း အစစ ဖြစ်အောင် တိုက်ခိုက်နိုင်သော်လည်း သူ တိုက်ခိုက်လိုက်သည့် ပုံရိပ်များမှာ ပုံရိပ်ယောင်များသာ ဖြစ်၏။
ချိူက်အာ၏ ပုံရိပ်မှာ ရွှေရောင် ငှက်မိစ္ဆာ၏ ကျောဘက်တွင် ထွက်ပေါ်လာပြီး သူမ၏ ရင်ဘတ်မှ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ရွှေရောင် ငှက်မိစ္ဆာကို တိုက်ခိုက်လိုက်သည်။ ထိုစဉ် ရုတ်တရက် ချိုက်အာမှာ လေထဲတွင် ရပ်တန့်သွားပြီး သူမ၏ ကျောဘက်မှ မီးခိုးရောင် အလင်းများ ထွက်ပေါ်လာကာ သူမ၏ လက်ထဲတွင် ရွှေရောင် ဓားမြှောင်တစ်ခု အဖြစ် စုစည်းသွားသည်။
ဤသည်မှာ သူရဲကောင်းများ၏ စွမ်းအား သိုလှောင်ခြင်း နှင့် ဆင်တူသော စွမ်းရည်တစ်ခု ဖြစ်သည်။ သို့သော် ချိူက်အာတွင် ပျံသန်းနိုင်သော စွမ်းရည် မရှိသော်လည်း လေထဲတွင် ရပ်တန့်နေစဉ် ၎င်းကို အသုံးပြုနိုင်ခြင်းသည် သူမ၏ ကျွမ်းကျင်သွက်လက်မှုမှာ ပုံမှန်မဟုတ်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြသနေသည်။
ပုံမှန် အခြေအနေများတွင် ချိူက်အာမှာ အရိပ်ကိုယ်ပွား ကို ထိုးချက်တစ်ထောင် ဝိညာဉ် မီးဖို နှင့် ပေါင်းစပ် အသုံးပြုလျှင်ပင် ထို ရွှေရောင် ငှက်မိစ္ဆာ ကဲ့သို့သော သတ္တမအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူ တစ်ယောက်ကို ချိန်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော် လက်ရှိ အခြေအနေသည် ရွှေရောင် ငှက်မိစ္ဆာအတွက် ချိူက်အာ၏ တိုက်ခိုက်မှုကို ခုခံရန် အချိန်မရှိချေ။ အဘယ့်ကြောင့်ဆိုတော့ ယွဲ့ယဲ့၏ မန္တာန်မှာ အချိန်မရွေး ပြီးမြောက်သွားနိုင်သော ကြောင့်ပင်။ မည်သို့ပင် ဆိုစေကာမူ ရွှေရောင် ငှက်မိစ္ဆာမှာ ယွဲ့ယဲ့အား မန္တာန် ပြီးမြောက်ခွင့် ပေး၍ မဖြစ်ချေ။ ရွှေရောင် ငှက်မိစ္ဆာက ချိူက်အာ၏ တိုက်ခိုက်မှုကို သူ၏ ရုပ်ခန္ဓာချည်း သပ်သပ်ဖြင့် ခုခံလိုက်သည်။ ရွှေရောင်ငှက်မိစ္ဆာ၏ ရုပ်ခန္ဓာကိုယ်မှာ သာမန် အဋ္ဌမအဆင့် မှော်သားရဲများထက်ပင် သန်မာကာ ချိူက်အာ၏ တိုက်ခိုက်မှုမှာ သူ့အား ခြစ်ရာ အနည်းငယ်သာ ထင်စေလိမ့်မည် ဖြစ်သည်။
ရွှေရောင် ငှက်မိစ္ဆာမှာ ယွဲ့ယဲ့နှင့် ၅မီတာ အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်ပြီး လက်တစ်ကမ်းအလိုသာ ကွာဝေးတော့သည်။ ထိုစဉ် အစောပိုင်းက ၎င်းအား တားဆီးခဲ့သော အဖြူရောင် အလင်းတန်းမှာ ထပ်မံ ထွက်ပေါ်လာ၏။
၎င်းမှာ သူတော်စင် ဝိညာဉ် မီးဖို ပင်
ဤသည်မှာ အပြန်အလှန် နားလည်မှု ဟု ခေါ်ဆိုနိုင်သလော။ စစ်မှန်သော အပြန်အလှန် နားလည်မှု အဆင့်သည် သေရေးရှင်ရေး အခြေအနေတွင်သာ ၎င်း၏ ပုံစံအမှန်ကို ပြသပေလိမ့်မည်။ သို့သော် ဤသည်မှာ လက်ရှိ အခြေအနေတွင် ဖြစ်ပျက်နေသည့် အရာပင် မဟုတ်လော။
***