‘အသက်စတေးခြင်း’ ကို အသုံးပြုပြီး ဟောင်ယွဲ့ နှင့် ပေါင်းစပ်လိုက်ပြီးနောက် လုံဟောင်ချန်း၏ စိတ်ဝိညာဉ် စွမ်းအင်သည် ကုန်ခမ်းလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် ချိူက်အာ ၏ လှုပ်ရှားမှုများကို မြင်လိုက်သောအခါ သူသည် သူမအား အကူအညီ အချို့ ပေးရန် သူ၏ နောက်ဆုံး လက်ကျန် စွမ်းအားကို အသုံးပြုလိုက်သည်။ ဤသည်မှာ အလွန် အရေးပါသော အကူအညီ ဖြစ်သည်။
‘ဆွဲဆောင်ခြင်း’ နှင့် ‘ဆွဲငင်ခြင်း’တို့ တစ်ပြိုင်နက်တည်း အသက်ဝင်လာပြီး သူတော်စင် ဝိညာဉ် မီးဖိုသည် ရွှေရောင် ငှက်မိစ္ဆာ ကို အောက်သို့ အတင်းအကျပ် ဆွဲချလိုက်သည်။ သူ၏ ချွန်ထက်သော လက်သည်းသည် ယွဲ့ယဲ့ ၏ ဦးခေါင်းကို အသာအယာ ရှပ်တိုက်မိသွားပြီး သူမ၏ ဆံပင်အချို့ ပြတ်တောက်သွားသည်။
မရေမတွက်နိုင်သော မီးခိုးရောင် အလင်းစက်များသည် သမုဒ္ဒရာကြီး တစ်စင်းအလား ကြီးမား ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်များကို သယ်ဆောင်ထားသည့် နက်မှောင်သော ရွှေရောင် ဓားမြှောင် တစ်ချောင်း အသွင်သဏ္ဍာန် ယူလိုက်သည်။ ၎င်းသည် ရွှေရောင် ငှက်မိစ္ဆာ ၏ ကျောဘက်ကို အညှာအတာ ကင်းမဲ့စွာ ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏ နှလုံးသားကို ထိုးစိုက်သွားသည်။ ရွှေရောင် ငှက်မိစ္ဆာ ၏ ရူးသွပ်ဖွယ် ကာကွယ်ရေး စွမ်းအား ရှိလင့်ကစား ဤ တိုက်ခိုက်မှုသည် မမျှော်လင့်ဘဲ အောင်မြင်သွားသည်။ ရွှေရောင် ငှက်မိစ္ဆာသည် သူ၏ ကျောဘက်တွင် အေးစက်သော ခံစားမှု တစ်ခုကိုသာ ခံစားလိုက်ရပြီးနောက် သူ၏ တစ်ကိုယ်လုံး တောင့်တင်းသွား၏။
သတ်ဖြတ်လိုသော အရှိန်အဝါကို လက်နက်တစ်ခု အဖြစ် စုစည်းပြီး ဒြပ်ရှိသော တိုက်ခိုက်မှု တစ်ခု ပြုလုပ်ခြင်းသည် နဝမအဆင့် လုပ်ကြံသတ်ဖြတ်သူ တစ်ဦးပင်လျှင် လုပ်ဆောင်နိုင်မည် မဟုတ်သော အရာဖြစ်သည်။ သို့သော် ဆမ်ဆာရာ ဝိညာဉ် မီးဖို ၏ အထောက်အကူပြု စွမ်းရည်ကို အားကိုးပြီး ချိူက်အာ သည် ယခုအခါ ၎င်းကို လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဝိညာဉ် မီးဖိုများ အကြားတွင် အစွမ်းထက်ဆုံး ဖြစ်တည်မှု တစ်ခု အဖြစ် သိထားကြသည့် အတိုင်း ဆမ်ဆာရာ ဝိညာဉ် မီးဖို ၏ အသုံးပြုနိုင်မှု အလားအလာများသည် ပြိုင်ဘက်ကင်းပြီး ဆမ်ဆာရာ ဓားမြှောင်ကို ထုတ်လွှတ်ရုံ သက်သက်မျှ ရိုးရှင်းမည် မဟုတ်ချေ။ ဤ ကြီးစိုးလွန်းသော မီးဖိုနှင့် ပေါင်းစပ်မှု ပြီးမြောက်ပြီးနောက် ချိူက်အာ သည် အဖွဲ့၏ တိုက်ခိုက်ရေး စွမ်းအားတွင် အားအကောင်းဆုံး တစ်ဦး ဖြစ်လာသည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။
ထိုအချိန်တွင် သွေးရောင် အလင်းတန်း တစ်ခုသည် ရွှေရောင် ငှက်မိစ္ဆာ ၏ အတောင်ပံများကို ရိုက်ခတ်လိုက်ပြီး ၎င်းကို လွင့်စင်သွားစေသည်။
ချိူက်အာမှာ လေထဲတွင် ခန္ဓာကိုယ် တစ်ပတ်လည်လိုက်ပြီး လှည်းပေါ်သို့ ဘေးကင်းစွာ ဆင်းသက်လိုက်သည်။
ခရမ်းရောင် လမင်းသည် တောက်ပစွာ လင်းလက်နေပြီး ချိူက်အာ ၏ ခွန်အားကို မသိမသာ တိုးမြှင့်ပေးနေသော်လည်း သူမ၏ မျက်လုံးများသည် အောက်ဘက်ရှိ လူတစ်ယောက်တည်း အပေါ်၌သာ ရှိနေသည်။
လုံဟောင်ချန်းသည် ကျေနပ်သော အကြည့်ကို ဖော်ပြလိုက်သည်။ အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား သည် နောက်ဆုံး တိုက်ခိုက်မှုကို ပြီးဆုံးပြီးနောက် သူ၏ ကိုယ်ခန္ဓာထဲသို့ တိုက်ရိုက် ပြန်လည် ဝင်ရောက်သွားသည်။ သူ၏ ဘယ်လက်ကို ခက်ခဲစွာ မြှောက်လိုက်ပြီး ချိူက်အာ ရှိရာဘက်သို့ လက်မထောင်ပြလိုက်သည်။ ထို့နောက် တစ်ပြိုင်နက်တည်း လုံဟောင်ချန်း၏ ကိုယ်ခန္ဓာသည် နောက်ဆုံးတွင် လဲကျသွားတော့သည်။
ထိုစဉ် ခရမ်းရောင် အလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ပေါင်းစပ်ခြင်း ပြီးဆုံးသွားကာ ဟောင်ယွဲ့ ပေါ်လာပြီး လုံဟောင်ချန်း ထံမှ ခွဲထွက်သွားသည်။ အလင်းဒြပ်စင် နတ်သမီး ယာတင်း သည်လည်း လုံဟောင်ချန်း ၏ ရင်ဘတ်ထဲသို့ ချက်ချင်း ပြန်ဝင်သွားသည်။
ဝမ်းမြောက်စရာ ကောင်းသည်မှာ ထိုအချိန်တွင် ဟောင်ယွဲ့ သည်လည်း သတိလစ်မသွားခြင်းပင်။
ထိုစဉ် နူးညံ့သော အဖြူရောင် အလင်းတစ်ခုမှာ ချက်ချင်း ထွက်ပေါ်လာပြီး လုံဟောင်ချန်း နှင့် ဟောင်ယွဲ့ ကို လွှမ်းခြုံသွားသည်။ နံပါတ် ၄ စစ်သည်အဆင့် မိစ္ဆာနှီမ်နှင်းရေး အဖွဲ့ မှ လုချီက ကုသရေး မန္တာန်ကို အသက်သွင်းလိုက်ခြင်းပင်။
တိုက်ပွဲ စတင်ချိန်မှ ယခုထိ လုချီ တွင် စစ်မှန်သော အခန်းကဏ္ဍ မရှိခဲ့သော်လည်း သူသည် စစ်မြေပြင် အခြေအနေ တစ်ရပ်လုံးကို အရှင်းလင်းဆုံး နားလည်ထားသူ ဖြစ်သည်။
လုံဟောင်ချန်း နှင့် ချိူက်အာ တို့၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်ကို ကြည့်ပြီး သူ ဆွံ့အနေပြီး ဖြစ်ကာ သူ ယခု အသုံးပြုလိုက်သော ကုသရေး စွမ်းရည်သည် လက်ရှိ သူ အသုံးပြုနိုင်သော အစွမ်းထက်ဆုံး စွမ်းရည် ဖြစ်သည်။
ထို့နောက် အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သန့်စင်သော အဖြူရောင် အတောင်ပံ နှစ်ဖက်ပါ နတ်သမီး တစ်ပါး တဖြည်းဖြည်း ပေါ်လာသည်။ အတောင်ပံများကို ဖြန့်ကျက်လိုက်ပြီး လုံဟောင်ချန်း နှင့် ဟောင်ယွဲ့ တို့ထံသို့ ညင်သာစွာ တိုးကပ်သွားကာ နူးညံ့သော ရောင်စုံ အလင်းကွင်းများသည် သူတို့၏ ကိုယ်ခန္ဓာများထဲသို့ လျင်မြန်သော အရှိန်ဖြင့် ဝင်ရောက်သွားသည်။
ဟန်ယုသည်လည်း ကုသရေး မန္တာန် အသုံးပြုလိုက်သည်။ သို့သော်သူသည် လူတိုင်းကို သက်ရောက်စေသော အဖွဲ့လိုက် ကုသရေး စွမ်းရည်ကို အသုံးပြုခဲ့သည်။ ဖျော့တော့သော ရွှေရောင် အလင်းတန်းများသည် ညင်သာသော ရွှေရောင် အလင်းမိုးစက်များ ကဲ့သို့ ထွက်ပေါ်လာပြီး မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ မှ အဖွဲ့ဝင်တိုင်း အပေါ်သို့ ကျဆင်းလာသည်။ ဟန်ယု ၏ ထိန်းချုပ်မှုသည် အလွန် တိကျပြီး လူတိုင်းသည် ထို ကုသရေး စွမ်းရည်၏ အာနိသင်များမှ သက်သောင့်သက်သာရှိသော ခံစားမှုကို ခံစားလိုက်ရသည်။ မကြာမီ သူတို့သည် ဖော်ပြ၍ မရနိုင်သော သက်သောင့်သက်သာ ရှိမှုဖြင့် ပြည့်နှက်သွားကြသည်။
ဟန်ယု ယခုလေးတင် အသက်သွင်းလိုက်သော စွမ်းရည်မှာ သူ မကြာသေးမီကမှ သင်ယူခဲ့သော ‘နတ်သမီး မျက်ရည်’ ဖြစ်သည်။ လုချီ အသုံးပြုခဲ့သည်မှာ ပဉ္စမအဆင့် ဘုန်းတော်ကြီးများ အတွက် အစွမ်းထက်ဆုံး ကုသရေး စွမ်းရည် ဖြစ်သော ‘နတ်သမီး နှလုံးသား’ ဖြစ်သည်။
လုံဟောင်ချန်း ၏ ပခုံးပေါ်မှ ဒဏ်ရာသည် အလွန် မြန်ဆန်သော အရှိန်ဖြင့် ပြန်လည် ကောင်းမွန်လာပြီး သူ၏ ကိုယ်ခန္ဓာသည် အံ့ဖွယ် ကောင်းလောက်အောင် ပြန်လည် သက်သာလာသည်။
အားကောင်းသည့် ကုသရေး မန္တာန်နှစ်ခု၏ ကုသမှု အောက်တွင် လုံဟောင်ချန်း နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။ လုံဟောင်ချန်းမှာ ‘အသက်စတေးခြင်း’ ကို အသုံးပြုခဲ့သော်လည်း ချက်ချင်းပင် များစွာ သက်သာလာသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် စိတ်ဝိညာဉ် စွမ်းအင် ယူနစ် ၅၀၀ ကို ပြန်လည် ဖြည့်တင်းပေးသော ဆေးလုံး တစ်လုံးကို လျင်မြန်စွာ ထုတ်ယူပြီး မျိုချလိုက်သည်။
ဤမျှ တိုတောင်းသော အချိန်အတွင်း အပြည့်အဝ ပြန်လည် ကောင်းမွန်ရန် မဖြစ်နိုင်ကြောင်း သိသော်လည်း အနည်းဆုံး မိမိကိုယ်ကို ဆက်လက် နိုးကြားနေအောင် ထိန်းထားနိုင်ခဲ့သည်။ သူသည် အဖွဲ့တစ်ခုလုံးကို ကွပ်ကဲနိုင်မည့် အခြေအနေ တစ်ခုတွင် ဆက်လက် ရှိနေရမည် ဖြစ်သည်။ ရွှေရောင် ငှက်မိစ္ဆာ သည် ချိူက်အာကြောင့် သေလောက်သော ဒဏ်ရာ မရရှိခဲ့သော်လည်း လန်ရှောင် ၏ တိုက်ခိုက်မှုက သူ့ကို လွင့်စင်သွားစေခဲ့သောကြောင့် သူသည် ယွဲ့ယဲ့ ကို တားဆီးနိုင်ခြင်း မရှိခဲ့ချေ။ ဤအချိန်တွင် လူတိုင်း အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသော ကြောက်မက်ဖွယ် တားမြစ်မန္တာန်သည် နောက်ဆုံးတွင် အသက်ဝင်လာလေပြီ။
ပွတ်တိုက်သံများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာပြီး စာလိပ်သည် လေပေါ်သို့ ပျံတက်သွားကာ ယွဲ့ယဲ့ ၏ ဦးခေါင်းထက်တွင် ပျံဝဲနေသော ခရမ်းရောင် လမင်းသည် ရုတ်တရက် အထက်သို့ ထိုးတက်သွားသည်။ ချက်ချင်း ဆိုသလို ခရမ်းရောင် လှိုင်းဂယက် အမှတ်အသားများသည် ညအမှောင်ထု အတွင်းသို့ ပျံ့နှံ့သွားသည်။
ကောင်းကင်တွင် ခရမ်းလမင်းသည် ရုတ်တရက် အဆများစွာ ကြီးမားလာပြီး ၎င်းသည် ဧရာမ ကြက်ခြေခတ် ပုံသဏ္ဍာန် တိုင်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားစဉ် ပြိုင်ဘက်ကင်းသော ပျက်သုန်းခြင်း စွမ်းအား တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာသည်။ ခရမ်းရောင် အလင်းတန်းများ ပျံ့နှံ့သွားသည့် အချိန်တွင် ဧရာမ အလင်းတိုင်ကြီးတစ်ခု ဆင်းသက်လာ၏။
ထို ဧရာမ တိုင်ကြီး အထက်တွင် မရေမတွက်နိုင်သော တောက်ပသည့် လမင်းများ ဖြစ်ပေါ်လာပြီး လ၏ မတူညီသော အဆင့် ပုံသဏ္ဍာန်များကို ဖော်ကျူးထားသည်။ လပြည့်ဝန်းများ၊ လဆုတ်ဝန်းများ၊ လဆန်းဝန်းများ ရှိကြသော်လည်း မည်သည်ကမျှ တောက်ပသော လရောင်၏ ခမ်းနားထည်ဝါသော လှပမှု ကင်းမဲ့မနေချေ။ ထို ဧရာမ တိုင်ကြီး မြေကြီးနှင့် ထိတွေ့လိုက်သည့် တစ်ခဏတွင် လေထုသည် လုံးဝ ခဲသွားသကဲ့သို့ ဖြစ်သွားပြီး ယွဲ့ယဲ့ ၏ လှည်းမှ စတင် ပျံ့နှံ့သွားကာ အချင်း မီတာ တစ်ရာကျော် အထိ ကြီးမားလာပြီး ကုန်သည် အဖွဲ့ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အချင်း မီတာ တစ်ရာ ရှိသော လမင်းတစ်စင်း ကမ္ဘာမြေပြင်ပေါ်သို့ ဆင်းသက်လာသည့် အလား ၎င်းနှင့် ထိတွေ့မိသော မိစ္ဆာတိုင်း ၊ ငှက်မိစ္ဆာများ ဖြစ်စေ၊ ရူးသွပ်သူ မိစ္ဆာများ ဖြစ်စေ၊ ပြိုင်ဘက်ကင်း ကြီးစိုးလွန်းသော ရွှေရောင် ငှက်မိစ္ဆာ ပင်လျှင် ထိုလရောင်စုံများ၏ အလင်းအောက်တွင် ချက်ချင်း ရပ်တန့်သွားကြသည်။ သူတို့သည် သူတို့ ရပ်နေသော နေရာတွင်ပင် ခရမ်းရောင် ရုပ်တုများ အဖြစ် ပြောင်းလဲသွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
ဤ အာနိသင်မှ ကင်းလွတ်ခွင့် ရသူများမှာ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ နှင့် အသက်ရှင် ကျန်ရစ်နေသော မှော်ဆရာ ဒါဇင် အနည်းငယ်သာ ဖြစ်သည်။ ထိုအလင်းမှာ လန်ရှောင် ကိုလည်း သက်ရောက်မှု မရှိချေ။
ယွဲ့ယဲ့ ၏ ပုံရိပ်သည် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ စာလိပ်၏ မှော်ပညာ ထွက်ပေါ်လာသည့် အချိန်တွင် သူမသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
အဆုံးမဲ့ ချီတက်လာခဲ့ကြသော မိစ္ဆာ စစ်တပ်များသည် အားလုံး မလှုပ်မယှက် ဖြစ်သွားကြပြီး ၎င်းသည် အကြမ်းတမ်းဆုံးနှင့် အရူးသွပ်ဆုံး ရူးသွပ်သူ မိစ္ဆာများ ကိုပင် သက်ရောက်မှု ရှိစေကာ သူတို့၏ မျက်လုံးများသည် ယခုအခါ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
တိုင်ကြီး အတွင်းတွင် မီတာ တစ်ရာ မြင့်မားသော ပုံရိပ်ယောင် တစ်ခု တဖြည်းဖြည်း ပေါ်လာပြီး ဤအချိန်တွင် ၎င်းသည် မိစ္ဆာ စစ်တပ်ကိုသာ ကြောက်လန့်စေသည် မဟုတ်ဘဲ လုံဟောင်ချန်း နှင့် သူ၏ ရဲဘော်များကိုပါ ထိတ်လန့်သွားစေသည်။
‘ဒါ ဘာကြီးလဲ။ ဒီ အလင်းတိုင်ကြီးက ဘာကြီးလဲ။’
ထိုအလင်းတိုင်ကြီးမှာ သူတို့အား မထိခိုက်စေသော်လည်း လုံဟောင်ချန်းတို့မှာ ၎င်းကို မှတ်မိလိုက်၏။
‘ဒါ … ဒါက မိစ္ဆာ နတ်ဘုရား တိုင်တစ်ခုပဲ … ‘
၎င်းသည် မိစ္ဆာ နတ်ဘုရား တိုင် တစ်ခု၏ ပုံရိပ်ယောင်မျှသာ ဖြစ်လျှင်တောင်မှ ၎င်းမှ ထုတ်လွှတ်သော အရှိန်အဝါသည် စစ်မှန်နေသည်။
ထို့အပြင် လုံဟောင်ချန်း အမြင်အရ ဤ မိစ္ဆာ နတ်ဘုရား တိုင်မှ ထုတ်လွှတ်သော အရှိန်အဝါသည် မိစ္ဆာနတ်ဘုရား ဧကရာဇ် ဖုန်းရှို့ ၏ နတ်ဆိုး နဂါး တိုင် ပြီးလျှင် ဒုတိယ လိုက်ပြီး သူ ကြုံတွေ့ခဲ့ဖူးသော အခြား မိစ္ဆာ နတ်ဘုရား သုံးပါးထက် များစွာ သာလွန်နေသည်။
‘ဒါက တားမြစ်မန္တာန်ရဲ့ စွမ်းအားလား။ မိစ္ဆာ နတ်ဘုရား တိုင် တစ်ခုကို ဆင့်ခေါ်တဲ့ မန္တာန်လား။ ယွဲ့ယဲ့က တကယ်ပဲ မိစ္ဆာ နတ်ဘုရား တစ်ပါးကို ဆင့်ခေါ်လိုက်တာလား။’
လျင်မြန်စွာပင် လုံဟောင်ချန်း ဤမေးခွန်းအတွက် အဖြေကို ရရှိလိုက်သည်။ ယွဲ့ယဲ့ ၏ တားမြစ်မန္တာန်သည် စစ်မှန်သော မိစ္ဆာ နတ်ဘုရား တစ်ပါးကို ဆင့်ခေါ်လိုက်ခြင်း မဟုတ်ဘဲ မိစ္ဆာ နတ်ဘုရား တစ်ပါး၏ ပုံရိပ်ယောင်ကိုသာ ဆင့်ခေါ်ခြင်း ဖြစ်သည်။ သူ သေချာ ပြောနိုင်သည်မှာ ထွက်ပေါ်လာသော ကြီးမားသည့် ပုံရိပ်သည် တဖြည်းဖြည်း ပိုမို ရှင်းလင်းလာပြီး ယွဲ့ယဲ့ ကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။
ယွဲ့ယဲ့ သည် လေထဲတွင် တည်ငြိမ်စွာ ပျံဝဲနေပြီး သူမ၏ ဆံနွယ်များမှာ ငွေရောင် အလင်းများ တောက်ပနေပြီး ကျောထက်၌ ဖြာကျနေ၏။ သူမ၏ ခရမ်းရောင် ဂါဝန်ရှည်မှာ တလူလူနှင့် လှုပ်ရှားနေသည်။
ထို့နောက် ယွဲ့ယဲ့မှာ သူမ၏ လက်ကို မြှောက်ကာ ပြောလိုက်သည်။ သူမ၏ အသံက အချိန်နှင့် နေရာကို ကျော်လွန်၍ ထွက်ပေါ်လာသည့် အလား ခံစားစေရသည်။
“ငါတို့ ယွဲ့ ကုန်သည် အဖွဲ့ကို ဒီလို အပြူအမူမျိူးနဲ့ စော်ကားတဲ့ အတွက် ဒီယွဲ့ရဲ့ အပြစ်ပေးခြင်းကို ခံရမယ် ”
လဝန်းတစ်စင်းသည် ကောင်းကင်မှ ဆင်းသက်လာပြီး မြေပြင်အနီး သူတို့၏ မျက်စိရှေ့တည့်တည့်တွင် ပျံဝဲနေသည်။ ချက်ချင်းဆိုသလို ၎င်း၏ အလင်းသည် ခရမ်းရောင် သမုဒ္ဒရာ တစ်ခုကဲ့သို့ ပျံ့နှံ့သွား၏။
ခရမ်းရောင် လမင်းသည် ကြီးမားလာပြီး အရာအားလုံးကို သန့်စင်ပစ်လိုက်သကဲ့သို့ ၎င်း၏ အလင်းရောင်သည် လူသား ဖြစ်စေ၊ မိစ္ဆာ ဖြစ်စေ အလောင်းများ အားလုံးကို အံ့အားသင့်ဖွယ် အရှိန်ဖြင့် အရည်ဖျော်ပစ်လိုက်သည်။ ပို၍ အံ့ဩစရာ ကောင်းသည်မှာ အဖြူရောင် လမင်း၏ လွှမ်းမိုးမှု ပြင်ပရှိ ထောင်ပေါင်းများစွာသော တုန်လှုပ်နေသည့် မိစ္ဆာ စစ်တပ်သည် ထွက်ပြေးရန် မည်သည့် ရည်ရွယ်ချက်မျှ မပြသခြင်းပင်။ သူတို့သည် လရောင်၏ နှစ်ခြင်းပေးမှုကို စောင့်ဆိုင်းနေသကဲ့သို့ ငြိမ်သက်စွာ ရပ်နေကြသည်။
လုချီ ၏ အသံသည် အနည်းငယ် တုန်ယင်နေပြီး သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေး သွား၏။
“ဒါ … ဒါက လနတ်ဆိုးနတ်ဘုရား ၊ အဂါရက်စ် မဟုတ်ဘူးလား”
လနတ်ဆိုးနတ်ဘုရား အဂါရက်စ် သည် မိစ္ဆာ နတ်ဘုရား ၇၂ ပါး အနက် ဒုတိယ အဆင့်တွင် ရှိပြီး မိစ္ဆာနတ်ဘုရား ဧကရာဇ် ပြီးလျှင် ဒုတိယ လိုက်ကာ သူ၏ ယုံကြည်ရဆုံး လက်ထောက် အခန်းကဏ္ဍကို ရယူထားသည်။ မိစ္ဆာမျိုးနွယ်များ အကြား သူ၏ အဆင့်အတန်းသည် ဝန်ကြီးချုပ် တစ်ဦးနှင့် ညီမျှပြီး သူသည် မိစ္ဆာနတ်ဘုရား ဧကရာဇ် မှလွဲ၍ သူတို့၏ အစွမ်းထက်ဆုံး ဖြစ်တည်မှု ဖြစ်သည်။ သူ၏ စွမ်းရည်သည် မှော်ပညာ နယ်ပယ်တွင် အထွတ်အထိပ်၌ တည်ရှိနေပြီး လက်ရှိ ခေတ်ကာလတွင် အမှောင် မှော်ပညာ၏ အစွမ်းထက်ဆုံး အသုံးပြုသူ ဖြစ်သည်ဟု ဆိုနိုင်သည်။ သူ၏ ကိုယ်ခန္ဓာသည် လူသား ပုံစံ ရှိပြီး ထူးခြားဆုံး အမှတ်အသားမှာ ခရမ်းရောင် အစင်းများ ပါရှိသော သူ၏ မီးခိုးရောင် ဆံပင်များပင်။
လုံဟောင်ချန်း ၏ အဖွဲ့ထဲရှိ လူတိုင်းသည် အလွန် မျက်စိကျိန်းသကဲ့သို့ ခံစားလိုက်ရသည်။ တောက်ပသော လရောင်၏ အလင်းအောက်တွင် ဝေးကွာသော ကြမ်းတမ်းသည့် မိစ္ဆာ စစ်တပ်သည် လျင်မြန်သော အရှိန်ဖြင့် မှေးမှိန် ပျောက်ကွယ်သွားနေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
“ဒီ မိစ္ဆာတွေကို သုတ်သင်ပစ်လိုက်”
ယွဲ့ယဲ့၏ ရေခဲတမျှ အေးစက်သော အသံသည် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ဝင် ၁၃ဦး၏ နားထဲသို့ ဝင်ရောက်လာသည်။
လုံဟောင်ချန်း ၏ အဖွဲ့ တွေးထင်ထားသကဲ့သို့ပင် တားမြစ်မန္တာန် ၏ စစ်မှန်သော သက်ရောက်မှု နယ်ပယ်သည် အကွာအဝေး တစ်ခုကိုသာ လွှမ်းခြုံထားသည်။ ဤ နယ်ပယ် ပြင်ပတွင် တားမြစ်မန္တာန်သည် ကန့်သတ်ခြင်း အာနိသင်သာ ရှိသည်။
အနက်ရောင် အလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ချိူက်အာသည် ထိတ်လန့်နေသော အခြေအနေမှ ပထမဆုံး နိုးထလာသူ ဖြစ်သလို ပထမဆုံး လှုပ်ရှားသူလည်း ဖြစ်သည်။ သူမသည် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်သော ရွှေရောင် ငှက်မိစ္ဆာ အပေါ် ချက်ချင်း အာရုံစိုက်လိုက်သည်။
ဤ ခရမ်းရောင် လမင်း၏ ကန့်သတ်ခြင်း ခံထားရသောကြောင့် ထို ကြောက်မက်ဖွယ် ရွှေရောင် ငှက်မိစ္ဆာ သည် သူ၏ ကြွက်သားများကို ကျုံ့ထားရုံသာ တတ်နိုင်ပြီး သတ်ဖြတ်ခံရမည်ကို စောင့်ဆိုင်းနေသကဲ့သို့ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း မရှိချေ။
အခြားသူများ၏ တုံ့ပြန်မှုများလည်း နှေးကွေးမနေခဲ့ပေ။ တိုက်ပွဲသည် နောက်တစ်ကြိမ် ပြန်လည် စတင်လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူတို့ စတင်လိုက်သော တစ်ဖက်သတ် သတ်ဖြတ်ပွဲ ဖြစ်သည်။
“ရန်သူကို သတ်နေရင်း မင်းတို့ရဲ့ စိတ်ဝိညာဉ် စွမ်းအင်ကို တတ်နိုင်သမျှ ထိန်းသိမ်းထားကြ…. ဒီတစ်ကြိမ်က ကောင်းမှု အမှတ်တွေ အတွက် သက်သက်ပဲ”
လုံဟောင်ချန်းမှာ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ဝင်များ ကြားလောက်ရုံ အသံဖြင့် အမိန့်ပေးလိုက်သည်။ သူသည် လက်ရှိတွင် သူတို့၏ သတ်ဖြတ်ပွဲတွင် ပါဝင်နိုင်စွမ်း မရှိချေ။ သူသည် ဟောင်ယွဲ့ ၏ ကျောပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ပြီး စိတ်ဝိညာဉ် စွမ်းအင် ဖြည့်တင်းခြင်း အခြေအနေတွင်သာ ရှိနေသည်။
လုချီ ၏ ကုသရေး စွမ်းရည်သည် အလွန် အစွမ်းထက်သည်ကို ငြင်းမရနိုင်သော်လည်း ထိုသို့ ဖြစ်လင့်ကစား သူသည် ‘အသက်စတေးခြင်း’ စွမ်းရည်ကို အသုံးပြုထားသော လုံဟောင်ချန်း ၏ စွမ်းအင် ကုန်ဆုံးမှုကို အစားထိုးပေးနိုင်စွမ်း မရှိခဲ့ချေ။ လုံဟောင်ချန်း ၏ ခန့်မှန်းချက် အရ လုချီ ကဲ့သို့ ထိပ်တန်း ကုသရေး စွမ်းရည်များ ရှိသော ဘုန်းတော်ကြီး တစ်ဦး၏ အပြည့်အဝ အထောက်အပံ့ ပါဝင်လျှင်တောင်မှ ဟောင်ယွဲ့ နှင့် ပေါင်းစပ်ပြီးနောက် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီးဖြစ်ရာ သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိရန် သုံးရက် ကြာမြင့်ဦးမည် ဖြစ်သည်။
ကံကောင်းထောက်မစွာပင် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ဝင် အများစုသည် ခွန်အား အချို့ကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ သို့သော်ငြား သူတို့၏ ဆက်လက် သွားရမည့် ခရီးလမ်းသည် ယခုအခါ ပိုမို ခက်ခဲလာတော့မည် ဖြစ်သည်။
အချင်း မီတာ တစ်ရာ ဆိုသည်မှာ ကြီးမားသော ဧရိယာ တစ်ခု ဖြစ်သော်လည်း အဆုံးတွင် ထို နယ်ပယ် အတွင်းရှိ မိစ္ဆာများ အားလုံးမှာ သတ်ဖြတ်ခံရန် စောင့်ဆိုင်းနေသည့် သိုးငယ်များအလား သတ်ဖြတ်မည့် အချိန်ကို မလှုပ်မယှက်နှင့် စောင့်ဆိုင်းနေကြ၏။ မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ သည် ကျန်ရှိနေသော မှော်ဆရာများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး မကြာမီပင် မိစ္ဆာများ အားလုံး သတ်ဖြတ်ခံလိုက်ရသည်။
မိစ္ဆာ တစ်ကောင်ချင်းစီ သေဆုံးသွားသည်နှင့် အမျှ သူတို့၏ ကိုယ်ခန္ဓာ ပေါ်ရှိ ခရမ်းရောင် အလင်းတန်းများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ချိူက်အာ သည် ရွှေရောင် ငှက်မိစ္ဆာ ၏ အလောင်းကို ပြန်သယ်လာပြီး လင်းရှန် ထံ ပစ်ပေးလိုက်သည်။ ကျေနပ်စရာ ကောင်းသော သတ်ဖြတ်ပွဲ ပြီးနောက် နံပါတ် ၄ စစ်သည်အဆင့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ မှ အဖွဲ့ဝင် ခြောက်ဦး၏ မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာနေလေသည်။
***