လုံဟောင်ချန်းတို့မှာ မိစ္ဆာများ ထွက်ပေါ်လာသော နေရာ တစ်ဝိုက်ကို ရှာဖွေပြီးနောက် သူတို့၏ ခရီးစဉ် ဖြစ်သော အထီးကျန် လှိုဏ်ဂူ ကို နောက်ဆုံးတွင် တွေ့ရှိသွားကြလေသည်။ယင်းကို လှိုဏ်ဂူဟု ခေါ်ဆိုမည့် အစား ကြီးမားသော အက်ကွဲကြောင်း ကြီး တစ်ခု ဟုဆိုလျှင် ပို၍ မှန်ကန်ပေလိမ့်မည်။
အက်ကွဲကြောင်း ကြီး သည် အကျယ် သုံးမီတာ ခန့် နှင့် အမြင့် ခြောက်မီတာ သို့မဟုတ် ခုနစ်မီတာ ခန့် ရှိပြီး အတွင်းပိုင်းသည် အလွန် မှောင်မဲ နေ၏။ အနက် မည်မျှ ရှိသည်ကို မသိရဘဲ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများကြောင့် လှိုဏ်ဂူ ၏ နံရံများ ပေါ်တွင် အက်ကွဲရာများ ရေတွက်၍ မရနိုင်အောင် ဖုံးလွှမ်းေနသည်။ကျောက်တုံး ၏ မာကျောမှုကို စစ်ဆေးရန် သူ၏ စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြု ကြည့်လိုက်သော အခါ ၎င်းသည် ဂရန်းနိုက် ကျောက်သား ထက်ပင် ပိုမို မာကျော နေကြောင်း သူ သိလိုက်ရလေသည်။
ထိုနေရာကို လေ့လာ ကြည့်ရှုပြီးနောက် လင်းရှန် က မကျေနပ်သော အသံဖြင့် ရေရွတ်လိုက်သည်။
"မဟာမိတ် က ငါတို့ကို ပေးတဲ့ ဒီ မစ်ရှင်က တကယ်ကို တစ်ခုခုပဲ ... အထီးကျန် လှိုဏ်ဂူ က ဒီလောက် ကြောက်စရာကောင်းတဲ့ နေရာ ဆိုတာကိုငါတို့ကို ရှင်းရှင်းလင်းလင်း မပြောခဲ့တော့ လုံးဝ ပြင်ဆင်မလာခဲ့မိဘူး"
လုံဟောင်ချန်း က ခဏတာ တွေးတော လိုက်ပြီးနောက် ပြောလိုက်သည်။
"ငါ ခန့်မှန်းရသလောက် မိစ္ဆာ တပ်ဖွဲ့တွေက သုံးရက်အတွင်းတော့ စစ်ကူတွေ စေလွှတ်တော့မှာ မဟုတ်ဘူး ... ဒီလိုလုပ်ရင် ဘယ်လိုလဲ ... အားလုံးပဲ တောင်ရဲ့ တစ်ဖက်ခြမ်း ကို သွားပြီး အဲ့ဒီမှာ ခဏ အနားယူကြ ... ငါက လှိုဏ်ဂူ ထဲက လာတဲ့ ဟိန်းဟောက်သံ ရဲ့ ပြင်းအား ကို သိရအောင် ကြိုးစားပြီး ငါတို့ ဘယ်လောက် အချိန်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာကို ခန့်မှန်းကြည့်မယ်"
"ခေါင်းဆောင် ... မင်းက တစ်ဖွဲ့လုံး ရဲ့ ခေါင်းဆောင်ပဲ ... ဒီလို အန္တရာယ် မျိုးကို မင်း တစ်ယောက်တည်း ရင်ဆိုင်ဖို့ ငါတို့ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ ... ဒါကို ငါပဲ လုပ်သင့်တယ် ... တကယ်လို့ ငါသာ ခံနိုင်ရည် ရှိရင် ငါတို့ထဲက ဘယ်သူ့အတွက်မဆို ပြဿနာ မရှိနိုင်တော့ဘူး"
လုံဟောင်ချန်း က ခေါင်းခါကာ ဆက်ပြောလိုက်သည်း
"မရဘူး ... ဒီ လှိုဏ်ဂူထဲမှာ ဘာတွေ ရှိနေလဲ ဆိုတာကို ဘယ်သူမှ မသိဘူး ... ပြီးတော့ မင်းမှာ ကာကွယ်ရေး စွမ်းအား လည်း မရှိဘူး ... တကယ်လို့ နောက်ထပ် မဟာမိစ္ဆာ တစ်ကောင်နဲ့ ထပ်တွေ့ရင် မင်း ဘယ်လို လုပ်မလဲ ... လှိုဏ်ဂူ ထဲကို ငါပဲ ဝင်သွားတာ အကောင်းဆုံး ရွေးချယ်မှု ပဲ ... ငါ အရမ်း နက်နက်ထိ ဝင်သွားမှာ မဟုတ်ဘူး ... အန္တရာယ် တစ်ခုခုကို အာရုံခံမိတာနဲ့ ငါ ချက်ချင်း ဆုတ်ခွာခဲ့မှာပါ ... လင်းရှန်၊ ဒီ ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံတွေ အတွက် ဖြေရှင်းမယ့် နည်းလမ်း တစ်ချို့ကို ပြင်ဆင်ထား ... ဒီ အသံတွေ ကနေ ငါတို့ကိုယ်ငါတို့ ခွဲထုတ်နိုင်မယ့် နည်းလမ်း တစ်ခုကို ရှာရမယ် ... မဟုတ်ရင် ဒါက ငါတို့အတွက် အဟန့်အတား ဖြစ်လာလိမ့်မယ်"
"ကောင်းပြီ"
စစ်မှန်သော ခေါင်းဆောင် ဆိုတာ မစ်ရှင် တစ်ခု အတွင်း အန္တရာယ် အများဆုံး အခန်းကဏ္ဍများကို တာဝန်ယူသူ ပင် ဖြစ်ပေသည်။ထို့ကြောင့်ပင် လုံဟောင်ချန်းသည် အားလုံး၏ အသိအမှတ်ပြု လက်ခံမှုကို ရရှိခဲ့ခြင်းဖြစ်သည်။
လုံဟောင်ချန်း သည် ချိူက်အာ ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး လှိုဏ်ဂူ ထဲသို့ ဝင်ရောက် သွားလေသည်။လှိုဏ်ဂူ သည် အလွန် မှောင်မဲ နေသော်လည်း အလင်းဒြပ်စင် နတ်သမီးသည် သူ၏ ရှေ့တွင် ပျံသန်း နေပြီး သူမထံမှ ထုတ်လွှတ် နေသည့် ရွှေရောင် အလင်းတန်းသည် ပတ်ဝန်းကျင်ကို ချက်ချင်း လင်းထိန် သွားစေလေသည်။
လှိုဏ်ဂူ ထဲသို့ မီတာ အနည်းငယ်မျှ ဝင်ရောက်ပြီးနောက် မိစ္ဆာငယ် နှစ်ကောင် ၏ အလောင်းများ သည် လုံဟောင်ချန်း ၏ မျက်စိရှေ့တွင် ထွက်ပေါ်လာလေသည်။ ၎င်းတို့ကို ဂရုမစိုက်ဘဲ လုံဟောင်ချန်း သည် လှိုဏ်ဂူ အတွင်းပိုင်း သို့ ဆက်လက် ဝင်ရောက် သွားခဲ့၏။
သူသည် လှိုဏ်ဂူ အနက်ဆုံးအပိုင်းထဲသို့ ဝင်ရောက်ရန် ရည်ရွယ်ထားခြင်း မရှိချေ။ ပိုမိုနက်ရှိုင်းလေလေ ဟိန်းဟောက်သံ သည် ပိုမို ကျယ်လောင် လာမည် ဖြစ်ပြီး ၎င်း၏ ပြင်းအား သည်လည်း တိုးလာမည် ဖြစ်သောကြောင့်ပင်။
သိပ်သည်းသော လေစီးကြောင်း တစ်ခု သည် လှိုဏ်ဂူ အတွင်း ဖြတ်သန်း စီးဆင်း နေကာ ပြင်ပ ကမ္ဘာထက် များစွာ ပိုမို အေးစက် နေ၏။လုံဟောင်ချန်းသည် ဖြည်းညင်းစွာ ရှေ့သို့ တိုးသွားရင်း ပတ်ဝန်းကျင်ရှိ ကျောက်ံနံရံများကို ဂရုတစိုက် လေ့လာနေလေသည်။ ကျောက်နံရံများ သည် လှိုဏ်ဂူ ၏ အခြား အစိတ်အပိုင်းများ နှင့် တူညီသော အချက် တစ်ခု ရှိနေပေသည်။ ၎င်းမှာ ဟိန်းဟောက်သံများ ၏ ပြင်းထန်သော တုန်ခါမှုများ ကြောင့် အက်ကွဲရာ များစွာဖြစ်ပေါ်နေခြင်းပင်။
သူ၏ ရှေ့တွင် လမ်းဟူ၍ မရှိဘဲ ကြမ်းတမ်းသော မြေပြင် သာ ရှိနေသဖြင့် ရှေ့သို့ ဆက်သွားရန် ပို၍ ခက်ခဲ လာသည်။ လှိုဏ်ဂူ ထဲတွင် မည်သည့် အလင်းရောင် မျိုးမျှ မရှိဘဲ ယာတင်း ၏ ခန္ဓာကိုယ် မှ ထုတ်လွှတ်နေသော အလင်း ဖြင့်သာ ရှိ၏။ ထို့ကြောင့် လုံဟောင်ချန်း သည် ပတ်ဝန်းကျင်ကို မီတာ ဆယ်ကျော် အကွာအဝေး အထိသာ မြင်တွေ့နိုင်လေသည်။
လုံဟောင်ချန်း သည် ရှေ့သို့ တိုးသွားရင်း အဝင်ဝမှ စုစုပေါင်း အကွာအဝေးကို တွက်ချက် နေသည်။ခန့်မှန်းခြေ မီတာ နှစ်ရာ ခန့် လျှောက်လာပြီးနောက် ရှေ့တွင် ဧရာမ အက်ကွဲကြောင်း ကြီး တစ်ခု ရုတ်တရက် တွေ့လိုက်သည်။ ၎င်းသည် အောက်ခြေကိုပင် မမြင်နိုင်လောက်အောင် အလွန် နက်ရှိုင်း ပုံရ၏။
ထို့နောက် လုံဟောင်ချန်းက မြင့်မြတ်ဝိညာဉ် ဓား ကို ဝှေ့ယမ်း ကာ အက်ကွဲကြောင်း အတွင်းသို့ အလင်း ဆူးချွန် တစ်ခုကို ပစ်လွှတ် လိုက်ပြီး ၎င်းမှ ထုတ်လွှတ်လိုက်သော အလင်းရောင် ၏ အကူအညီ ဖြင့် အက်ကွဲကြောင်း အတွင်း မီတာ အနည်းငယ် အနက်ထိအခြေအနေကို လေ့လာ လိုက်သည်။
သက်ပြင်း တစ်ချက် ချလိုက်ပြီးနောက် လုံဟောင်ချန်း ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ချက်ချင်း ထွက်ပေါ်လာလေသည်။
အက်ကွဲကြောင်းကြီး အတွင်းတွင် လွှသွား ပုံစံ ချွန်ထက်သော အစွန်းများ ရှိနေပြီး ၎င်းသည် မည်မျှ နက်ရှိုင်းကြောင်းကို သူ မသိချေ။ ထို့အပြင် အက်ကွဲကြောင်းကြီး ၏ ပတ်ပတ်လည်တွင် လှုပ်ရှားနေသော စွမ်းအင် လှိုင်းများကို သူခံစားမိနေ၏။
စွမ်းအင် လှိုင်းများတွင် လူသား စားသော မိစ္ဆာ တစ်ကောင်၏ အရှိန်အဝါ ကဲ့သို့ အငွေ့အသက် တစ်ခု ပါဝင်နေသည်။ အဝင်ဝ ရှိ မိစ္ဆာငယ်နှစ်ကောင် မှလွဲ၍ လုံဟောင်ချန်း သည် အခြား မည်သည့် မိစ္ဆာ ၏ အလောင်းကိုမျှ မတွေ့ရချေ။ မိစ္ဆာ မျိုးနွယ် သည် လှိုဏ်ဂူ အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် သွားခဲ့ပြီ ဖြစ်နိုင်သောကြောင့် သူ သည် ရှေ့သို့ ဆက်လက် မဝင်ရောက်တော့ချေ။
အက်ကွဲကြောင်း အတွင်းပိုင်းရှိ နေရာ တိုင်းတွင် ချွန်ထက်သော ကျောက်တုံးများ ဖြင့် ဖုံးလွှမ်း နေလေသည်။ ထိုကဲ့သို့သော မြေပြင် အနေအထား မျိုးတွင် အစွမ်းထက်သော ရန်သူ နှင့် တွေ့ဆုံရပါက သူ၏ ခွန်အားကိုပင် ပြသရန် အခွင့်အရေး ရမည် မဟုတ်ချေ။
ရှေ့ဆက်ရမည့် လမ်းကြောင်းသည် သူ၏ ရှေ့ရှိ အက်ကွဲကြောင်း အတွင်းသို့ ဝင်ရောက်ရန်သာ ရှိသည်။ လှိုဏ်ဂူ ထဲမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဟိန်းဟောက်သံများသည်လည်း ထိုလမ်းကြောင်း မှ ထွက်ပေါ်လာခြင်း ပင်အတွင်းပိုင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခြင်း မပြုတော့ဘဲ လုံဟောင်ချန်းသည်ခြေလှမ်း အနည်းငယ် နောက်ဆုတ် လိုက်ပြီး ကြည့်ရှု လိုက်ကာ ထိုင်ရန် အတော်လေး ပြန့်ပြူးသော နေရာ တစ်ခုကို ရှာတွေ့ခဲ့လေသည်။ ထို့နောက် သူ သည် တည်ငြိမ်စွာ နေရာယူ လိုက်ပြီး အတွေးများကို စုစည်း နေလေသည်။
လှိုဏ်ဂူသည် မသိရှိနိုင်သော အန္တရာယ်များ ဖြင့် ပြည့်နှက်နေသည့် နေရာ တစ်ခု ဖြစ်သောကြောင့် အလုံခြုံဆုံး နည်းလမ်း မှာ အန္တရာယ် ရှိသော နေရာများနှင့် ဝေးသည့်နေရာတွင် နေထိုင်ခြင်းပင်။
ထိုအနားယူချိန် သည် အချိန်အကြာကြီး မခံခဲ့ချေ။ တတိယ အကြိမ်မြောက် ကြောက်မက်ဖွယ် ဟိန်းဟောက်သံများ စတင်လာသည့် အချိန်တွင် လုံဟောင်ချန်းသည် သက်ပြင်းချ လိုက်သည်။
ဟိန်းဟောက်သံ သုံးကြိမ်စလုံး သည် တူညီသော အချိန်ကွာဟချက်အတွင််း ဖြစ်ပေါ်လာဟန်ရှိသည်။ထိုသို့သော အခြေအနေမျိုးတွင် သူတို့ အနေဖြင့် လုံလောက်သော ပြင်ဆင်ချိန် ရရှိရန် လိုအပ်သည်။ ဟိန်းဟောက်သံများ စတင်လာသည့် အချိန်တွင် သေချာပြင်ဆင်မှု မရှိပါက ကြုံတွေ့ရမည့် ပြဿနာ အဆင့် သည် များစွာ ပိုမို ကြီးမား ပေလိမ့်မည်။
လုံဟောင်ချန်း ခန့်မှန်းထားသည့် အတိုင်းပင် လှိုဏ်ဂူ အတွင်းသို့ ဝင်ရောက်ပြီးနောက် အန္တရာယ် အဆင့် သည် များစွာ ပိုမို ကြီးမား နေလေသည်။ နားကွဲမတတ် စူးရှသော အသံများ ကြောင့် လှိုဏ်ဂူ တစ်ခုလုံး ပြင်းထန်စွာ တုန်ခါ သွားခဲ့ပြီး ယာတင်း သည် ချက်ချင်းဆိုသလို လုံဟောင်ချန်း ၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်လည် ဝင်ရောက် သွားလေသည်။
လုံဟောင်ချန်းသည် ဓမ္မအမိုးကို ချက်ချင်း ထုတ်လွှတ်လိုက်ကာ အသံများကို ပိတ်ဆို့ရန် အစွမ်းကုန် ကြိုးစားလိုက်၏။ အထူး ဂရုစိုက် ကာကွယ်ရင်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ စိတ်ဝိညာဉ် စွမ်းအင်များကို ပျံ့နှံ့စေကာ အသံလှိုင်း ဝင်ရောက်မှု ကို ခုခံ နေလေသည်။
အသံများသည် အပြင်ဘက်တွင် ရှိစဉ်ကထက် ပိုမို ကြမ်းတမ်း လာခြင်း အကြောင်းရင်း မှာ လှိုဏ်ဂူ အတွင်းတွင် ဟိန်းဟောက်သံများ သည် ပိုမို စုစည်း နေခြင်းကြောင့် ဖြစ်လေသည်။ ၎င်းတို့၏ ရွေ့လျားမှု မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါမှုများ ကြောင့် ဓမ္မအမိုးတွင် အက်ကွဲရာများ လျင်မြန်စွာ ဖြစ်ပေါ်လာပြီး ပျက်စီးသွားသည်။
အသံလှိုင်းများ ၏ ပျံ့နှံ့မှု အရှိန်သည် အလွန် မြန်ဆန်ပေသည်။ လုံဟောင်ချန်း သည် ဓမ္မအမိုးကို အားဖြည့်ရန် အတွက် ကောင်းကင်အလင်း အရံအတားတစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ခဏအကြာတွင် ဒုတိယမြောက် ကောင်းကင်အလင်း အရံအတား သည်လည်း ပေါက်ကွဲ ပျက်စီး သွားလေသည်။
လှိုဏ်ဂူ အတွင်းရှိ ဟိန်းဟောက်သံများ သည် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း လုံဟောင်ချန်းသည် ပဉ္စမအဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သောကြောင့် အနည်းငယ်မျှပင် တုန်လှုပ်ချောက်ချားမှု မရှိခဲ့ချေ။ သူ၏ မျက်ဝန်းများ ထဲရှိ အလင်းရောင် သည် ပိုပိုပြီး တောက်ပလာသည်။
ကောင်းကင်အလင်းအရံအတား သည် တတိယအဆင့် အစောင့်အရှောက် သူရဲကောင်းစွမ်းရည် တစ်ခုသာ ဖြစ်၏။ လုံဟောင်ချန်း ၏ လက်ရှိ စိတ်ဝိညာဉ် စွမ်းအင် ကျင့်ကြံမှု ဖြင့် ၎င်းကို မီတာ တစ်ရာ အချင်း အထိ ဖြန့်ကျက်နိုင်သည်။
ကောင်းကင်အလင်း အရံအတား နောက်တစ်ကြိမ် ပျက်စီး သွားသည် အထိ လုံဟောင်ချန်းသည် ထိုးထွင်းသိမြင်မှု ကိုသာ ဖမ်းဆုပ်ရန် ကြိုးစားကာ သူ၏ အာရုံခံစားမှုများ မှတစ်ဆင့် ခံစား နေလေသည်။
သူ၏ အတွင်းစိတ်ထဲရှိ အာရုံခံစားမှုသည် အကန့်အသတ် မရှိ အားကောင်း လာသည်။ သူ၏ အတွင်း စိတ်ဝိညာဉ် စွမ်းအင် သည် အဆင့် ၉၉ သို့ ရောက်ရှိ နေပြီ ဖြစ်ရာ လုံဟောင်ချန်း အား တစ်တိုက်လုံးတွင် အတောက်ပဆုံးသော ပါရမီရှင် သူရဲကောင်း ဟု ခေါ်ဆိုနိုင်ပေသည်။ ချိူက်အာ မှလွဲ၍ မည်သူမျှ သူ့ကို ယှဉ်နိုင်စွမ်း မရှိချေ။
ဟိန်းဟောက်သံများ ပျောက်ကွယ်သွားသည့် အချိန်တွင် လုံဟောင်ချန်း သည် ဝမ်းသာမည့် အစား စိတ်ပျက်မှု ကို ခံစားလိုက်ရ၏။ ဖျော့တော့သော ခရမ်းရောင် အလင်းတန်း တစ်ခုမှာ လုံဟောင်ချန်း၏ နဖူး တွင် ထွက်ပေါ်လာပြီး နောက်တစ်ခဏ တွင် သူ သည် လှိုဏ်ဂူ၏ အတွင်းပိုင်း မှ ပျောက်ကွယ် သွားသည်။
ခရမ်းရောင် အလင်းလက်သွားသည် နှင့်အတူ လုံဟောင်ချန်း သည် ဟောင်ယွဲ့၏ ဘေးတွင် ထွက်ပေါ်လာ လေသည်။ ထိုအချိန်တွင် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ သည် အသံကို ဖြတ်တောက်ရန် အတွက် ကျောက်လှိုဏ်ဂူ တစ်ခုကို တည်ဆောက်ရန် အတူတကွ လုပ်ဆောင် နေကြပေသည်။
လုံဟောင်ချန်း ၏ ရုတ်တရက် ထွက်ပေါ်လာမှု ကြောင့် လူတိုင်းလန့်ဖျပ် သွားကြပြီး သူတို့၏ လက်နက်များကို ထုတ်ယူရန် နီးပါး ဖြစ်သွားကြလေသည်။
"ငါပါ"
လုံဟောင်ချန်း က အလျင်အမြန် ပြောလိုက်၏။
လုံဟောင်ချန်း ရုတ်တရက် ထွက်ပေါ်လာခြင်းမှာ အလွန် ထူးဆန်းလွန်း နေသောကြောင့် သူ့ကို မြင်သောအခါ ချိုက်အာအပါအဝင် လူတိုင်း သည် အံ့ဩသွားကြသည်။
လုံဟောင်ချန်း က ပြုံးကာ ရှင်းပြလိုက်သည်။
"ငါတို့ အားလုံးက အဖွဲ့သားတွေ ဖြစ်တဲ့အတွက် ငါ ဖုံးကွယ်မနေတော့ဘူး…ဟောင်ယွဲ့ နဲ့ ငါက သွေးသစ္စာဆိုထားတဲ့ စာချုပ် တစ်ခု ရှိတယ် ... ဒါကြောင့် ငါတို့ရဲ့ သွေးသားဆက်နွယ်မှု ကနေတစ်ဆင့် တစ်ယောက်ေဘးကို တစ်ယောက် ချက်ချင်း ရောက်နိုင်တယ် ... ဒါ့ကြောင့် ငါ ဘယ်လို အန္တရာယ် မျိုးနဲ့ပဲ ရင်ဆိုင်ရပါစေ ဟောင်ယွဲ့ က အပြင်ဘက်မှာ ရှိနေသရွေ့ ငါ လွတ်မြောက်နိုင်တယ်"
လီရှင်း မှလွဲ၍ မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ မှ လူတိုင်း သည် ထူးဆန်းသော သတ္တဝါ တစ်ကောင် နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရလေသည်။ လုံဟောင်ချန်း နှင့် တူညီသော မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ တွင် မပါဝင်ခဲ့ရခြင်းအတွက် သူတို့ စိတ်ပျက်မိသလို ပင် ခံစားခဲ့ရ၏။
လုံဟောင်ချန်း က ဆက်လက်၍
"ငါတို့ ထင်ထားတဲ့ အတိုင်းပဲ ... လှိုဏ်ဂူ ထဲမှာ ဟိန်းဟောက်သံ တွေက ပိုပြီး အားကောင်းတယ်... ပြီးတော့ ကြမ်းတမ်းတဲ့ အသံလှိုင်း တွေနဲ့ တုန်ခါမှု တွေကို သယ်ဆောင်လာပြီး စိတ်ဝိညာဉ် စွမ်းအင် တွေကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိတယ်"
"ဒါပေမဲ့ အစောပိုင်းက ငါ စမ်းသပ်မှု တစ်ခု လုပ်ခဲ့တယ် ... နောက်ဆုံး အကြိမ် ဟိန်းဟောက်သံ ကို ရင်ဆိုင်ရတဲ့ အချိန်မှာ ငါ့ရဲ့ စိတ်ဝိညာဉ် စွမ်းအင် ၂၀% လောက် ကုန်ဆုံး သွားတယ် ... လူတိုင်းရဲ့ ခွန်အား တွေက ကွာခြားချက် တွေ ရှိတဲ့အတွက် ငါ ခန့်မှန်းရသလောက် မင်းတို့ရဲ့ စိတ်ဝိညာဉ် စွမ်းအင် ၄၀% လောက် အများဆုံး ကုန်ဆုံး လိမ့်မယ်"
***