လုံဟောင်ချန်း သည် တွန့်ဆုတ် နေဆဲ ဖြစ်သော်လည်း ဟောင်ယွဲ့ ၏ အကြံပြုချက် က သူ၏ နှလုံးသားထဲရှိ ဆန္ဒ မီးတောက်များကို ချက်ချင်း တောက်လောင် လာစေခဲ့၏။ အနည်းဆုံး ဟောင်ယွဲ့ သည် မျှော်စင် ၏ အပြင်ဘက် တွင် နေထိုင် ကြသော ဝိညာဉ် စွမ်းအင် တစ္ဆေများကို ဖိနှိပ် ထားနိုင်စွမ်း ရှိပေသည်။
မျှော်စင် ၏ အခြေအနေကို တစ်ချက်လောက် သွားကြည့်ရုံ နဲ့တင် အရမ်းကြီး အန္တရာယ် မများလောက်ဘူး မဟုတ်လား။
"ကောင်းပြီ ... ဒါဆိုရင် တစ်ချက် သွားကြည့်ကြတာပေါ့"
"ဝေါင်း ...ဝေါင်း ... ဝေါင်း"
ဟောင်ယွဲ့ ၏ ခေါင်း သုံးလုံး ထံမှ ဟိန်းဟောက်သံ သုံးခု တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး အလွန် မြန်ဆန်သော အရှိန် ဖြင့် ရှေ့သို့ ပြေးထွက် လိုက်ကာ လုံဟောင်ချန်း ကို သယ်ဆောင်၍ မျှော်စင် ရှိရာ အရပ်သို့ ဦးတည် သွားလေသည်။
ဟောင်ယွဲ့မှ ထုတ်လွှတ်လိုက်သော အလင်းတန်းများက သူတို့ အနီးသို့ ရောက်လာသော အခါ လမ်းခုလတ် တွင် ရှိနေသော များပြားလှသည့် ဝိညာဉ် စွမ်းအင် တစ္ဆေများ သည် အရပ်မျက်နှာ အနှံ့အပြား သို့ ထွက်ပြေး သွားကြပြီး တစ်ကောင် မှပင် အနီးသို့ လာရောက် ထိတွေ့ရန် မရဲကြချေ။ ဟောင်ယွဲ့ သည် သူ၏ ခေါင်းကို မော့ထားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို မည်သည့် အဟန့်အတား မျှ မရှိဘဲ ဝေ့ဝဲ ကြည့်ရှု လိုက်၏။ မီတာ ရာပေါင်းများစွာ အကွာအဝေး ကို ဟောင်ယွဲ့သည် လက်တစ်ဖျစ် အတွင်း ဖြတ်ကျော် သွားခဲ့လေသည်။ လုံဟောင်ချန်း အရင်က ရပ်နေခဲ့သော နေရာ မှ မျှော်စင် ၏ အဝင်ဝ ကို လုံးဝ မမြင်နိုင်ခဲ့သော်လည်း ၎င်း၏ အောက်ခြေ သို့ ပြေးသွားသော အခါ မီတာ သုံးမီတာ မြင့်သော ဂိတ်တံခါး ကြီး တစ်ခု သည် သူတို့၏ မျက်စိရှေ့တွင် ထွက်ပေါ်လာလေသည်။
ထို ဂိတ်တံခါး ကြီး ကို မြင်သောအခါ လုံဟောင်ချန်း ရရှိလိုက်သော ပထမဆုံး အထင်အမြင် မှာ ၎င်းသည် လူသားများ တည်ဆောက်ထားသော အဆောက်အအုံ တစ်ခု ဖြစ်သည် ဆိုခြင်း ပင်။
ဂိတ်တံခါး ကြီး သည် ပြာနှမ်းနှမ်း မီးခိုးရောင် ရှိပြီး မည်သည့် ပန်းပု လက်ရာ သို့မဟုတ် ဒီဇိုင်း ဖြင့်မျှ အလှဆင်ထားခြင်း မရှိသောကြောင့် ၎င်းသည် အဆင့်မြင့် အက်လ်ဖ် မျိုးနွယ်စုများ နှင့် သက်ဆိုင်နိုင်ခြင်း မရှိချေ။ ထို့အပြင် ဂိတ်တံခါး ၏ အပေါ်ပိုင်း ရှိ ကျယ်ဝန်းသော ကျောက်တုံး တစ်ခု ပေါ်တွင် စာလုံးများ ရေးသား ထားလေသည်။
ဤ စာလုံးများကို လက်ရှိ လူသားများ ၏ ဘာသာစကား နှင့် အလွန် ဆင်တူသော ဘာသာစကား တစ်ခု ဖြင့် ရေးသား ထားသော်လည်း စာလုံးများ ၏ ဖွဲ့စည်းပုံ မှာ ပိုမို ရှုပ်ထွေး၏။ မည်သို့ပင် ဆိုစေကာမူ လုံဟောင်ချန်း သည် ၎င်းတို့ကို ခပ်ရေးရေး မှတ်မိ နိုင်ခဲ့၏။ ၎င်းအပေါ်တွင် ရေးသားထားသော စာလုံးများ မှာ 'ထာဝရ အနားယူခြင်း' ဟူ၍ ပင်။
ဤ ဂိတ်တံခါး ကြီး သည် ရိုးရှင်းပြီး သိပ်မမြင့်မား သော်လည်း ၎င်း၏ ရှေ့တွင် ရပ်နေစဉ် ၎င်း၏ ကြီးကျယ် ခမ်းနားသော တည်ရှိမှုကို ခံစားရပေသည်။
ဟောင်ယွဲ့၏ မျက်လုံး ခြောက်လုံး သည် မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်း တစ်ခုကို ထုတ်လွှတ် လိုက်၏။ ရှေ့သို့ တိုးသွားရင်း သူ သည် ဂိတ်တံခါး ရှိရာ အရပ်သို့ တိုက်ရိုက် မသွားဘဲ ၎င်း၏ ဘေးဘက် သို့ ပြေးသွားလေသည်။ ရှောင်လွီ သည် သူ၏ ပါးစပ်ကို ကျယ်လောင်စွာ ဟ လိုက်ပြီး အားကောင်းသော လေပွေတစ်ခုကို ပစ်လွှတ်လိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။
"ဒေါက်"
ဂိတ်တံခါး ကြီး သည် အတော်လေး လွယ်ကူစွာ ပွင့်သွားခဲ့၏။ မျှော်လင့်ထားသည် နှင့် ဆန့်ကျင်ဘက်စွာ သာမန် လေပြင်း လေး ကပင် ၎င်းကို မည်သည့် အသံမျှ မထွက်ဘဲ ပွင့်သွားစေရန် လုံလောက် နေပေသည်။
သို့သော် ၎င်း ပွင့်သွားသည့် အခိုက်အတန့် တွင် သိပ်သည်းလှသည့် သေဆုံးခြင်း အငွေ့အသက်များက မျှော်စင် အတွင်းမှ အလုံးအရင်း ထွက်ပေါ်လာလေသည်။ ၎င်းသည် မည်သည့် သက်ရှိ သတ္တဝါ မှ လာရောက် ထိတွေ့လိုမည် မဟုတ်သော စွမ်းအင် တစ်ခု ဖြစ်ပြီး သေဆုံးခြင်း ၏ အနှစ်သာရ ကို သယ်ဆောင် ထားလေသည်။ ထိုအခါ အလွန် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု တစ်ခုကို မြင်တွေ့လိုက်ရ သကဲ့သို့ ပတ်ဝန်းကျင်ရှိ တစ္ဆေများ သည် အရပ်မျက်နှာ အနှံ့အပြား သို့ ရူးသွပ်စွာ ထွက်ပြေး သွားကြပြီး ... ဤ အချိန်တွင် ထွက်ပေါ်လာရန် မသင့်တော်သော ဟိန်းဟောက်သံများသည် ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာလေသည်။
လုံဟောင်ချန်း သည် အလျင်အမြန် ကောင်းကင် အဟန့်အတား တစ်ခုကို ထုတ်လွှတ် လိုက်ပြီး ... ဟောင်ယွဲ့ နှင့် သူ့ကိုယ်သူ အတွင်းတွင် ဖုံးအုပ် လိုက်ကာ ... ကြောက်မက်ဖွယ် ဟိန်းဟောက်သံများ မှ သယ်ဆောင်လာသော အသံလှိုင်းများကို ခုခံရန် သူ၏ ခွန်အား အားလုံးကို အသုံးပြုလိုက်ရ၏။
အမည်းရောင် သန်းနေသော မီးခိုးရောင် အရှိန်အဝါ သည် မျှော်စင် ၏ အပြင်ဘက် သို့ ပျံ့နှံ့ သွားပြီး လေထဲတွင် လျင်မြန်စွာ လွင့်စင် သွားလေသည်။ မျှော်စင် နှင့် အနီးဆုံး တွင် ရှိနေသော ပတ်ဝန်းကျင်ရှိ တစ္ဆေ ဒါဇင်ခန့် ထဲမှ အနှေးကွေးဆုံး သူများ သည် ၎င်း၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်တွင် မီးခိုးရောင် ပြာများကို ချန်ရစ်ကာ ချက်ချင်းပင် လုံးဝ ပျောက်ကွယ် သွားသည်။ ရှင်းလင်းစွာပင် ထို သန့်စင်သော သေဆုံးခြင်း အရှိန်အဝါ သည် ဤ တစ္ဆေများ လုံးဝ မခုခံနိုင်သော အရာ တစ်ခု ပင်။
လုံဟောင်ချန်းမှာ သူ၏ ဦးနှောက်ကို အလျင်အမြန်အလုပ်ပေး နေပြီး ဤအခြေအနေမှ လွတ်မြောက်ရန် ကြံဆနေလေသည်။ ထိုစဉ် ဟောင်ယွဲ့မှာ လှုပ်ရှားလိုက်ပြီး ဝှစ်ခနဲ ဆိုသလို မျှော်စင်အတွင်းသို့ ပြေးဝင်သွားသည်။
ထူးဆန်းသော မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာသည်။ ဟောင်ယွဲ့ မျှော်စင် အတွင်းသို့ ဝင်ရောက် သွားသည့် အခိုက်အတန့် တွင် အပြင်ဘက်ရှိ ဟိန်းဟောက်သံများ သည် မမျှော်လင့်ဘဲ ရပ်တန့် သွားပြီး လုံဟောင်ချန်း အား အနှောင့်အယှက် ပေးခြင်း မှ ရပ်စဲ သွားခဲ့၏။ သို့သော် မျှော်စင် အတွင်း မြင်တွေ့လိုက်ရသည့် မြင်ကွင်းက လုံဟောင်ချန်းအား မှင်သက်သွားစေသည်။
သူထင်ထားသကဲ့သို့ မျှော်စင် အတွင်းမှာ မည်းမှောင်နေခြင်း မရှိချေ။ ကျယ်ဝန်းသော ခန်းမကြီးတစ်ခုသည် လုံဟောင်ချန်း၏ မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။ အခန်းတစ်ခုလုံးမှာ ပြာနှမ်းနှမ်း မီးခိုးရောင် အတိ ပြီးနေပြီး မျှော်စင် ကို အပြင်ဘက် မှ ကြည့်ရသည် ထက် များစွာ ပိုမို ကျယ်ဝန်း နေလေသည်။
အရပ်မျက်နှာ အနှံ့အပြား တွင် ဧရာမ တိုင်လုံးကြီးများ က မီတာ သုံးဆယ် မြင့်သော မျက်နှာကျက်ကို ထောက်ပံ့ ပေးထားပြီး ပြာနှမ်းနှမ်း မီးခိုးရောင် အလင်းတန်း များစွာ သည် သူတို့၏ မြင်ကွင်း တွင် ထွက်ပေါ်လာကာ လေထဲတွင် လိမ်ယှက် နေကြ၏။ လုံဟောင်ချန်း သည် ဤ အရောင်အသွေး စုံလင်သော နောက်ခံ ကြောင့် ရှေ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ချေ။ ဘေးဘက်တွင် တိုင်လုံးကြီး ရှစ်ဆယ့်လေးတိုင်သည် မျဉ်းဖြောင့် တစ်တန်းတည်း တည်ရှိနေပြီး ၎င်းတို့၏ ရှေ့တွင် မှုန်ဝါးဝါး အရာတစ်ခု တည်ရှိနေလေသည်။
ဟောင်ယွဲ့ ၏ ခန္ဓာကိုယ် ကို ဝန်းရံထားသော ခရမ်းရောင် ဝိညာဉ် စွမ်းအင် သည် လျင်မြန်စွာ ပျောက်ကွယ် သွားပြီး သူ သည် ဖြည်းညင်းစွာ ရှေ့သို့ ခြေလှမ်း လိုက်၏။ သူ သည် အလွန် သတိထား နေကြောင်း ရှင်းလင်းစွာ သိသာ နေပေသည်။
လုံဟောင်ချန်းသည် သူ၏ မြင့်မြတ်ဝိညာဉ် ဓား ကို တင်းကြပ်စွာ ဆုပ်ကိုင် ထားရာ ချွေးများ ဖြင့် အနည်းငယ် စိုရွှဲ နေလေသည်။ သေဆုံးခြင်း အငွေ့အသက်များ ဖြင့် ပြည့်နှက်နေသော ဤ ကမ္ဘာ အတွင်းသို့ ဝင်ရောက်ပြီးနောက် လုံဟောင်ချန်းသည် သူ၏ ခန္ဓာကိုယ်တွင် ကြီးမားသော အပြောင်းအလဲများကို ခံစားလိုက်ရ၏။ ပထမဦးစွာ သူ၏ ခန္ဓာကိုယ် အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအင် ပြန်လည် ပြည့်ဝမှု သည် မျှော်စင် ၏ အပြင်ဘက် တွင် ရှိစဉ်ကထက် မမျှော်လင့်ဘဲ အဆပေါင်း များစွာ တိုးလာခဲ့လေသည်။ ဆိုလိုသည်မှာ ... ဤ မျှော်စင် အတွင်းရှိ ဒြပ်စင် စွမ်းအင် သည် အပြင်ဘက် ထက် များစွာ ပိုမို ကြွယ်ဝ နေခြင်း ပင်။ ထို့အပြင် ထူးဆန်းသည်မှာ ဤ နေရာ တွင် အလွန် အန္တရာယ် များသော တည်ရှိမှု တစ်ခု ရှိနေသကဲ့သို့ အလင်းဒြပ်စင် နတ်သမီး ယာတင်း သည် လုံဟောင်ချန်း ၏ ခန္ဓာကိုယ် ထဲမှ အပြင်သို့ ထွက်လာရန် မရဲတော့ချေ။
"ထာဝရ အနားယူခြင်း ကနေ ကြိုဆိုပါတယ်"
လုံဟောင်ချန်းသည် မျှော်စင် ကို လေ့လာ ကြည့်ရှု နေစဉ်မှာပင် မျှော်စင်အတွင်းမှ အသက်အရွယ် ကြီးရင့်သော အသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
လုံဟောင်ချန်းသည် အံ့အားသင့်မှု ကြောင့် ချက်ချင်း တုန်ယင် သွားပြီး ဟောင်ယွဲ့ သည်လည်း ရှေ့သို့ တိုးခြင်း ကို ရုတ်တရက် ရပ်တန့် လိုက်၏။
ထို အသံ သည် အရပ်မျက်နှာ အနှံ့အပြား မှ ထွက်ပေါ်လာ နေပေသည်။
"ငါ့ရဲ့ ထာဝရ မျှော်စင် ကို မင်း ရောက်ရှိလာနိုင်ခဲ့တယ် ဆိုတဲ့ အချက် က ... မင်းဟာ ဆဋ္ဌမအဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်မားတဲ့ ခွန်အား ရှိတဲ့ ထူးချွန်တဲ့ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်တယ် ဆိုတာကို သက်သေပြနေတာပဲ ... ကလေး ... ငါ့ရဲ့ သေဆုံးခြင်း အနုပညာ ကမ္ဘာ ထဲကို ဝင်ရောက် လာနိုင်ခဲ့တဲ့ အတွက် မင်း တကယ်ကို ကံကောင်း တာပဲ ...
ထာဝရ မျှော်စင် ဆိုတာ ငါ့ရဲ့ နှစ်ပေါင်း ထောင်ချီတဲ့ ဘဝ တစ်လျှောက်လုံး စုဆောင်းခဲ့တဲ့ ဗဟုသုတတွေ ရဲ့ အနှစ်သာရ ပဲ ... မင်းက ရှေ့ဆက် သွားနိုင်ပြီး ... စမ်းသပ်မှု တစ်ခု ပြီး တစ်ခု ကို ကျော်ဖြတ် ကာ ... နောက်ဆုံးမှာ ထိပ်ဆုံး အထိ ရောက်ရှိသွားမယ် ဆိုရင် ... မင်း ဟာ ငါ့ရဲ့ အမွေအနှစ် ကို ဆက်ခံရလိမ့်မယ် ... ပြီးတော့ သေဆုံးခြင်း အနုပညာ တွေဟာ ဒီ ကမ္ဘာကြီး ပေါ်မှာ နောက်တစ်ကြိမ် ပြန်လည် ရှင်သန် လာပြီး ... အလင်း ကျောင်းတော် က ကြွက်သူတော်စင်တွေကိုသေမင်း ဆီ ပို့ပေး လိမ့်မယ် ...
ရှေ့သို့ တက်လှမ်းပါ ရဲရင့်သော သူ ... ငါ့ရဲ့ ကလေး ... မင်း ဟာ ထာဝရ မျှော်စင် ထဲကို ခြေချဖူးတဲ့ ပထမဆုံးသူ ဖြစ်ပြီး ... ငါ့ရဲ့ တစ်ဦးတည်းသော ဆက်ခံသူ လည်း ဖြစ်တယ် ... မင်း က စမ်းသပ်မှု တွေ နဲ့ အန္တရာယ် တွေကို ရင်ဆိုင်ရလိမ့်မယ် ... ဒါပေမဲ့ မင်းရဲ့ အသက် အန္တရာယ် ကိုတော့ ခြိမ်းခြောက် ခံရမှာ မဟုတ်ဘူး ... သေချာတာပေါ့ ... ဒါက မင်း ငါ့ရဲ့ ပထမဆုံး စမ်းသပ်မှု ကို အောင်မြင်အောင် ကျော်ဖြတ်နိုင်တယ် ဆိုတဲ့ အခြေအနေ အောက်မှာပဲ ... မဟုတ်ရင် ငါ့ရဲ့ အမွေအနှစ် ကို ဆက်ခံဖို့ မင်းမှာ အရည်အချင်း မရှိဘူးလို့ ငါ သတ်မှတ်မယ် ... မင်း ဒီ စမ်းသပ်မှု ကို ကျော်ဖြတ်နိုင်သရွေ့ ... ဒီ လမ်းကြောင်း က မင်း အတွက် ကျယ်ကျယ်ပြန့်ပြန့် ပွင့်နေလိမ့်မယ် ... ပြီးတော့ နောက်ဆုံးမှာ မင်း ငါ့ အနားကို ရောက်လာတဲ့ အချိန် အထိ ... ငါ က မင်းရဲ့ ဘေးနား ကနေ ထာဝရ စောင့်ရှောက် ပေးသွားမယ် ...
အခု မင်း ကြားခဲ့ရသမျှ အရာအားလုံး ဟာ ငါ မသေခင် နောက်ဆုံး ချန်ထားခဲ့တဲ့ မှတ်တမ်း ပဲ ... မင်း ထွက်သွားတဲ့ အခါ ... 'ထာဝရ အနားယူခြင်း' နဲ့ ငါ ချန်ထားခဲ့တဲ့ အမွေအနှစ် တွေ အားလုံး က လူတိုင်း အတွက် ပိတ်သွားလိမ့်မယ် ... ပြီးတော့ ငါ့ရဲ့ အမှတ်တရ ပစ္စည်း လေး နဲ့မှသာ မင်း ပြန်ဝင်လာနိုင်လိမ့်မယ် ... မင်း က သန့်စင်သော သေဆုံးခြင်း မှော်အနုပညာ တွေကို သင်ယူဖို့ နဲ့ ... ဒီ အိပ်မောကျနေတဲ့ ကပ်ဘေးကြီး ... 'အီလပ်စ်' ရဲ့ တပည့် တစ်ယောက် ဖြစ်လာဖို့ အဆင်သင့် ဖြစ်နေမယ့် အချိန် အတွက် ... ငါ က မျှော်စင် ထဲမှာ မင်း ရောက်လာမယ့် အချိန်ကို စောင့်နေပါ့မယ်"
အထီးကျန် လှိုဏ်ဂူ ၏ အပြင်ဘက်။
ဟောင်ယွဲ့ ပျောက်ကွယ် သွားသည်ကို ကူကယ်ရာမဲ့ စွာ စောင့်ကြည့် နေခဲ့ရသော မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ နှစ်ဖွဲ့ မှ အဖွဲ့ဝင်များ သည် အထိတ်တလန့် ဖြစ်မသွားဘဲ မနေနိုင်ခဲ့ကြချေ။
လီရှင်းက အံ့အားသင့်စွာဖြင့် လူတိုင်း၏ စိုးရိမ်မှုကို ထုတ်ပြောလိုက်သည်။
"ဟောင်ချန်း က ပြန်မလာဘဲ ... ဘာလို့ ဟောင်ယွဲ့ က ပျောက်ကွယ် သွားရတာလဲ"
မိစ္ဆာ နယ်မြေ ထဲသို့ သူတို့ ဝင်ရောက် လာကတည်းက လုံဟောင်ချန်း သည် တစ်ဖွဲ့လုံး ၏ မဏ္ဍိုင် တစ်ခု ဖြစ်ခဲ့ပြီး လက်ရှိတွင် အဖွဲ့ သည် အခြေအနေ မကောင်းလှချေ။ ဟောင်ယွဲ့ ပျောက်ကွယ် သွားပြီးနောက် ကျောင်းတော် မဟာမိတ် ၏ ထိပ်တန်း မျိုးဆက်သစ် လူငယ်များ သည် ထိတ်လန့် တုန်လှုပ် နေကြ၏။
လင်းရှန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဟောင်ချန်း က အန္တရာယ် ရှိတဲ့ အချိန်တွေမှာ ဟောင်ယွဲ့ ရဲ့ ဘေးကို ချက်ချင်း ပြန်ရောက်လာနိုင်တယ် လို့ ပြောခဲ့တယ် ... ဒါပေမဲ့ အခု ဟောင်ယွဲ့ က ချက်ချင်း နေရာရွှေ့ပြောင်း သွားတယ် ဆိုရင် ... ရှင်းပြစရာ တစ်ခုပဲ ရှိတော့တယ် ... အဲ့ဒါက သူ အန္တရာယ် တစ်ခုခု နဲ့ ကြုံတွေ့ခဲ့ရပြီး ... အဲ့ဒီ အန္တရာယ် က သူ့ကို ချက်ချင်း ပြန်လာဖို့ အချိန်တောင် မပေးနိုင်လောက်အောင် ဖြစ်ခဲ့တာပဲ … ဒါတော့ မဖြစ်ဘူး ... ငါတို့ ချက်ချင်း ခေါင်းဆောင် ကို သွားကယ်ရမယ်"
ထိုသို့ ပြောလိုက်ပြီးနောက် လှိုဏ်ဂူ ရှိရာ အရပ်သို့ ဦးတည် သွားရန် စီစဉ် လိုက်လေသည်။ သူ တစ်ယောက်တည်း သာ မဟုတ်ဘဲ ဝမ်ရွှမ်ရွှမ် နှင့် စစ်မာရှန်း တို့ သည်လည်း တူညီစွာ တုံ့ပြန်လိုက်ကြ၏။
သို့သော် ထို အချိန်မှာပင် ပုံရိပ် တစ်ခု ထွက်ပေါ်လာပြီး လှိုဏ်ဂူ ၏ အဝင်ဝ ကို ပိတ်ဆို့ လိုက်လေသည်။
"နင်တို့ ရူးနေကြနေတာလား... ဘယ်သူမှ မသွားရဘူး"
ချိူက်အာ၏ အေးစက်သော အသံ ထွက်ပေါ်လာပြီး အခြား သူများ အားလုံးကို မှင်သက် သွားစေသည်။
အကယ်၍ ဤ လုပ်ရပ် သည် အခြား လူ တစ်ယောက် ထံမှ ဆိုလျှင် သူတို့ သည် အဆင့် ၂၁ တပ်မှူးအဆင့် မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ မှ အဖွဲ့ဝင်များ ၏ ချက်ချင်း အရိုက်ခံရခြင်း ကို ခံရပေလိမ့်မည်။ သို့သော် ဤ သူ သည် ချိူက်အာ ဖြစ်နေပါက အခြေအနေ သည် လုံးဝ ကွာခြား သွား၏။ ချိူက်အာဆိုသည်မှာ မည်သူနည်း။ သူမ သည် လုံဟောင်ချန်း နှင့် အရင်းနှီးဆုံး သူ တစ်ဦး ပင် ဖြစ်ပေသည်။ အကယ်၍ လုံဟောင်ချန်း အန္တရာယ် နှင့် ကြုံတွေ့ရပါက သူမ ဘယ်လိုလုပ် စိုးရိမ်ပူပန်မှု မရှိဘဲ နေနိုင်မည်နည်း။
ချိူက်အာသည် ထိတ်လန့် နေသော အဖွဲ့ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဖြင့် ပြောလိုက်သည်။
"အခုက စပြီး ... ဟောင်ချန်း ရဲ့ ခေါင်းဆောင် နေရာကို ငါ ယာယီ တာဝန်ယူမယ် ... သူ ပြန်မလာခင် အချိန် အထိ ... အရာအားလုံးကို ငါ့ရဲ့ အမိန့် အတိုင်း လုပ်ဆောင်ရမယ် ... ကန့်ကွက်စရာ ရှိလား"
လုချီ က လေးနက်စွာ တုံ့ပြန် လိုက်၏။
"ချိူက်အာ ... အခုက ဘယ်သူ အမိန့်ပေးမလဲ ဆိုတာကို ငြင်းခုံနေရမယ့် အချိန် မဟုတ်ဘူး ... ဟောင်ချန်း ရဲ့ လုံခြုံရေး အကြောင်း ပြောရမယ့် အချိန်ပဲ ... သူ့ကို သွားမကယ်သင့်ဘူး လို့ ငါတို့ကို မပြောနဲ့နော်"
သူတို့၏ ခရီးစဉ် တစ်လျှောက်လုံး သူ သည် လုံဟောင်ချန်း အပေါ် လုံးဝ လေးစား အားကျ ခဲ့ပြီး အဖွဲ့ထဲတွင် လူတိုင်းကို ဘေးကင်းလုံခြုံစွာ ပြန်လည် ခေါ်ဆောင် သွားနိုင်မည့် သူ တစ်ဦး ရှိမည် ဆိုပါက ထိုသူသည် လုံဟောင်ချန်းသာ ဖြစ်မည်ဟု သူယုံကြည်ထားလေသည်။
ထိုအခါ ချိုက်အာက လုချီအား အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။
"ငါတောင် ဘာမှမဖြစ်တာ နင်တို့က ဘာဖြစ်နေကြတာလဲ... ဟောင်ချန်း နဲ့ ဟောင်ယွဲ့ က သွေးစာချုပ် တစ်ခု ရှိတယ် ... ပြီးတော့ ဒီ စာချုပ် က သူတို့ နှစ်ယောက်ကို တစ်သားတည်း ဖြစ်စေတယ် ... ဟောင်ချန်း က ပြန်လာနိုင်တဲ့ စွမ်းရည် ကို ဆုံးရှုံးသွားရင်တောင် ... လုံဟောင်ချန်း အန္တရာယ် ရှိတဲ့ အခြေအနေ မျိုးကို ရောက်နေတယ် လို့ ခံစားရရင် ဟောင်ယွဲ့ က သူ့ဘက်ကနေ လုံဟောင်ချန်း ကို ချက်ချင်း ပြန်ခေါ်နိုင်စွမ်း ရှိတယ် ... ဒါပေမဲ့ ဟောင်ယွဲ့ က အဲ့ဒီလို မလုပ်ခဲ့ဘဲ ... အဲဒီအစား သူ့ဆီကို ချက်ချင်း နေရာရွှေ့ပြောင်း ဖို့ ရွေးချယ်ခဲ့တယ် ... အဲ့ဒါ ဘာအဓိပ္ပာယ် လဲ ဆိုတာ သိလား ... အဲ့ဒါက ဟောင်ချန်း ရောက်နေတဲ့ အန္တရာယ် က သူ ထိန်းချုပ် နိုင်တဲ့ အတိုင်းအတာ အတွင်းမှာ ရှိတယ် လို့ ဟောင်ယွဲ့ က ယုံကြည် ထားတာကို ဆိုလိုတယ် ... သူက ဟောင်ချန်း ကို ကူညီ ဖြေရှင်းပေးဖို့ လုံလောက်တယ် ဆိုတာပဲ ...
ပို အရေးကြီးတာက ... ဟောင်ချန်း ဝင်သွားပြီး နာရီ အနည်းငယ် အကြာမှာပဲ ဟိန်းဟောက်သံ တွေ ရုတ်တရက် ပုံမှန် မဟုတ်တော့တာက ... သူ ဟာ အထီးကျန် လှိုဏ်ဂူ ရဲ့ အလယ်ဗဟို ဧရိယာ ကို ရောက်ရှိ နေပြီ ဆိုတာကို ညွှန်ပြ နေတယ် ... သူ ဒါကို ဖြေရှင်းဖို့ ဒီလောက် အချိန် အကြာကြီး ယူခဲ့ရတယ် ဆိုရင် ... ငါတို့ သူ့ဘေးကို ရောက်ဖို့ အချိန် ဘယ်လောက် ယူရမယ်လို့ မင်း ထင်လဲ ... လမ်းမှာ ငါတို့ထဲက တစ်ယောက်ယောက် တစ်ခုခု ဖြစ်သွားရင် ... သူ ပြန်လာတဲ့ အခါ အခြေအနေ တွေ ပိုဆိုး မသွားဘူးလား ... အခု ငါတို့ လုပ်သင့်တာက ထွက်သွားဖို့ မဟုတ်ဘဲ ... ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထားဖို့ပဲ ... ဒါကြောင့် သူ ပြန်လာတဲ့ အထိ ဒီမှာ ဆက်ပြီး အနားယူ ကြရအောင် ... သူ က ငါတို့ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ အတွက် ... ငါတို့ သူ့ကို ယုံကြည် သင့်တယ် ပြီးတော့ ဘာပဲဖြစ်ဖြစ် သူ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်လိမ့်မယ် လို့ ယုံကြည် ရမယ်"
ချိူက်အာ၏ ရှင်းပြချက်က တစ်ဖွဲ့လုံးအား ငြိမ်သက်သွားစေသည်။
ယခု အချိန် အထိ လုံဟောင်ချန်းသည် တစ်ဖွဲ့လုံးကို လွှမ်းမိုးနိုင်သော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ခဲ့ပြီး အဖွဲ့၏ ဦးနှောက် နှင့် အမာခံ လည်း ဖြစ်ခဲ့ပေသည်။ သူ မရှိသည့် အချိန် တွင် ချိူက်အာ သည် သူ့ကို အနားလည်ဆုံး သူ တစ်ဦး အနေဖြင့် ထွက်ပေါ်လာခဲ့၏။ သို့သော် သူမ သည် လုံဟောင်ချန်း ထက်ပင် ပိုမို ကြီးကျယ် ခမ်းနားပြီး ခြိမ်းခြောက် နိုင်စွမ်း ရှိပုံ ရလေသည်။ သူမ၏ အေးစက်သော အသံ သည် သူမ၏ စကားများကို လုံးဝ ယုံကြည်မှု ရှိသော ပုံရိပ် တစ်ခု ပေးစွမ်း နေပေသည်။
ထိပ်တန်း ပါရမီရှင်များ အနေဖြင့် လုံဟောင်ချန်း နှင့် ချိူက်အာ တို့ နှစ်ဦးစလုံး တွင် မွေးရာပါ ခေါင်းဆောင်နိုင်သည့် အရည်အချင်း ကို ပိုင်ဆိုင် ထားကြ၏။ ချိူက်အာသည် လုံဟောင်ချန်း အတွက် အထောက်အပံ့တစ်ခု အဖြစ် တာဝန်ယူရန် ဆန္ဒအလျောက် ရွေးချယ် ခဲ့ခြင်းသာ ဖြစ်၏။
လုချီ သည် စစ်မာရှန်းကို အားကျစွာ ကြည့်လိုက်သည်။ ဤကဲ့သို့ အရည်အချင်းရှိသော သူနှစ်ယောက်ရှိသော အဖွဲ့တွင် ဘုန်းတော်ကြီး ဖြစ်ရသည်မှာ တကယ်ကို ကောင်းမွန်ပေသည်။
***