"ဘာ"
ထိုစကားကို ကြားသောအခါ လုံဟောင်ချန်း လုံး၀ အံ့အားသင့်သွားပြီး သူ၏ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားသည်။
သူတော်စင် သေမင်းတမန် မှော်ဆရာ ... ဤ အိပ်မောကျနေတဲ့ ကပ်ဘေးကြီး၊ အီလပ်စ် ၏ သန့်စင်သော သေဆုံးခြင်း မှော်အနုပညာ ဆိုသည်မှာ သာမန် သေမင်းတမန် မှော်ပညာ မဟုတ်ဘဲ ... ဤ 'သန့်စင်သော' ဆိုသည့် စကားလုံး သည် သန့်စင်သော အလင်း ဒြပ်စင် ကို ရည်ညွှန်းပြီး သန့်စင်သော အလင်းရောင် ၏ အမည်နာမ အဖြစ် ရပ်တည် နေခြင်း ဖြစ်နိုင်ပါ့မလား။
ဒါဆိုရင် ... သေမင်းတမန် မှော်ဆရာ တွေက အလင်း ဒြပ်စင် လည်း ဖြစ်နိုင်တာပေါ့ ... ဒါပေမဲ့ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... သေမင်းတမန် မှော်ဆရာ ဆိုတာ အလောင်းတွေ နဲ့ သေဆုံးခြင်း ကို အသုံးပြုပြီး ... အမှောင်ထု ရဲ့ မကောင်းဆိုးဝါး လမ်းစဉ် ကို လျှောက်လှမ်းရမှာ မဟုတ်ဘူးလား။
အီလပ်စ် ၏ နောက်ဆုံး စကား သည် လုံဟောင်ချန်း အား အလွန် ပြင်းထန်စွာ တုန်လှုပ် သွားစေခဲ့သည်။ ၎င်းသည် အရာများစွာကို ပြန်လည် စဉ်းစား သုံးသပ်ရန် သူ့ကို အတင်းအကျပ် တွန်းအားပေး ခဲ့လေသည်။
ပြာနှမ်းနှမ်း မီးခိုးရောင် အလင်းတန်း တစ်ခု သည် နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သော်လည်း ဤတစ်ကြိမ် တွင်မူ ၎င်းသည် ဘောလုံး သေးသေးလေး တစ်လုံး ၏ ပုံသဏ္ဍာန် သာ ရှိပြီး လုံဟောင်ချန်း ၏ ရှေ့တွင် တိတ်ဆိတ်စွာ ထွက်ပေါ်လာကာ လေထဲတွင် ပျံဝဲ နေလေသည်။
ထိုအရာမှာ ဆွဲကြိုး တစ်ကုံး ဖြစ်ပြီး ၎င်းအပေါ်တွင် ပဲစေ့ အရွယ်အစား ခန့် ရှိသော အဖြူရောင် ကျောက်မျက်များ ပါဝင်လေသည်။ ၎င်းအပေါ်တွင် မှေးမှိန်သော အလင်းရောင်များ ပျံ့နှံ့ နေပြီး နူးညံ့သော သန့်စင်သည့် အရှိန်အဝါကို ထုတ်လွှတ်နေ၏။ လေထဲတွင် မူလက ပါဝင်နေသော သေဆုံးခြင်း အရှိန်အဝါ သည် ၎င်း ထွက်ပေါ်လာသည် နှင့် တစ်ပြိုင်နက် သန့်စင်သော အလင်းရောင် အဖြစ် ချက်ချင်း ပြောင်းလဲ သွားပုံ ရလေသည်။ ကြွယ်ဝပြီး သိပ်သည်းသော သန့်စင်သည့် အလင်း အနှစ်သာရ သည် လုံဟောင်ချန်း ၏ သူတော်စင် ဝိညာဉ် မီးဖို ကို ချက်ချင်း ဖြတ်သန်း သွားပြီး သူ ယခင်က ကုန်ဆုံး ခဲ့သော စိတ်ဝိညာဉ် စွမ်းအင် များကို ပြန်လည် ဖြည့်တင်း ပေးလိုက်သည်။
ဆွဲကြိုး ပေါ်တွင် လက်မ သေးသေးလေး အရွယ်အစား ခန့် ရှိသော အဖြူရောင် ဆွဲသီး သေးသေးလေး တစ်ခု ပါရှိသည်။ ၎င်းသည် ဦးခေါင်းခွံ သေးသေးလေး တစ်ခု ၏ အသွင်အပြင် ရှိပြီး မျက်လုံး နှစ်လုံး ၏ နေရာတွင် သိပ်သည်းသော အလင်း အနှစ်သာရ များဖြင့် ပြည့်နှက် နေသည့် ရွှေရောင် မီးတောက်များ ပျံဝဲ နေကာ ပတ်ဝန်းကျင် သို့ ပျံ့နှံ့ နေလေသည်။
"ချစ်လှစွာသော တပည့်လေး ... ဒါက ငါ့ရဲ့ သတင်းစကား ပဲ ... မင်းက အဲ့ဒီ ညစ်ပတ်တဲ့ အမှောင် ဒြပ်စင် သေမင်းတမန် မှော်ဆရာတွေ ထဲက တစ်ယောက် မဟုတ်တာ တကယ်ကို ကံကောင်းတာပဲ ... မဟုတ်ရင် ငါ မင်းကို စွန့်လွှတ် လိုက်ရုံကလွဲပြီး တခြား မရှိဘူး ... ဒီ ဆွဲကြိုး ဟာ ငါ အိပ်မောကျ သွားတဲ့ နောက်ဆုံး အချိန် အထိ ... ငါ့နောက်ကို နှစ်ပေါင်း ၈၉၆ နှစ် တိုင်တိုင် လိုက်ပါ ခဲ့တာပဲ ... အိုး ... မင်း မှတ်ထားရမှာ က အလင်းကျောင်းတော်ကြီး က လူတွေကို ဒါကို အမြင်ခံလို့ မဖြစ်ဘူး ဆိုတာပဲ ... ဘာဖြစ်လို့လဲ ဆိုတော့ ဒါကို အလင်းကျောင်းတော်ကြီး ရဲ့ ပထမဆုံး ပုပ်ရဟန်းဂိုဏ်းချူပ်ကြီး ရဲ့ ဦးခေါင်းခွံ နဲ့ ပြုလုပ် ထားတာမို့လို့ပဲ ... ဟီးဟီး ... ဒီလို လုပ်ဖို့ အတွက် သူတို့ရဲ့ ပထမဆုံး ပုပ်ရဟန်းဂိုဏ်းချူပ်ကြီး ရဲ့ မြုပ်နှံထားတဲ့ အလောင်းကို ငါ တူးဖော် ခဲ့တယ် ဆိုတာကို အဲ့ဒီ ခွေးကောင်တွေ သာ သိသွားရင် သူတို့ မျက်နှာတွေ ဘယ်လို ဖြစ်သွားမလဲ ဆိုတာ စဉ်းစား ကြည့်ရင်း ငါ အရမ်း စိတ်လှုပ်ရှား မိတယ် ... ဒီ ဆွဲသီး ရဲ့ နာမည် က 'ထာဝရ တေးသွား' ဖြစ်ပြီး ... အဲဒါက ငါ့ရဲ့ အမွေအနှစ် ဖြစ်သလို ... ဒီ ထာဝရ အနားယူခြင်း မျှော်စင် ရဲ့ သော့ချက် လည်း ဖြစ်တယ် …
တကယ်လို့ အနာဂတ် မှာ မင်း သံသယ ဝင်စရာ မလိုအောင် ယုံကြည် စိတ်ချ ရတဲ့ အဖော်တွေကို ရှာတွေ့ခဲ့ရင် ... သူတို့ကို ဒီမှာ လေ့ကျင့်ဖို့ မင်း ခေါ်လာလို့ ရတယ် ... သေချာတာပေါ့ ... ဒါက သူတို့ဟာ ငါ အမုန်းဆုံး ဖြစ်တဲ့ ညစ်ပတ်တဲ့ အမှောင် ဒြပ်စင် အသုံးပြုသူတွေ မဟုတ်ရဘူး ... တကယ်လို့ မင်းက မကောင်းဆိုးဝါး တည်ရှိမှု တွေကို ဒီ နေရာကို ခေါ်လာခဲ့ရင် ... ဒီ ထာဝရ အနားယူခြင်း မျှော်စင် က သူတို့ကို ထာဝရ အနားယူခြင်း ပေးဖို့ သေချာပေါက် လုပ်ဆောင် လိမ့်မယ် ... အခု ကစပြီး မင်း က ငါ့ရဲ့ ဆက်ခံသူ ဖြစ်ပြီး ... ထာဝရ အနားယူခြင်း မျှော်စင် ရဲ့ သခင်သစ် ပဲ"
လုံဟောင်ချန်းတွင် အခြေခံအားဖြင့် ငြင်းဆန်ရန် စွမ်းရည် မရှိခဲ့ချေ။ ထို့နောက် အသံထွက်ပေါ်လာရာ နေရာမှ အလွန် နွေးထွေးသော အလင်း အနှစ်သာရ တစ်ခုထွက်ပေါ်လာပြီး လုံဟောင်ချန်း၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားလေသည်။
ချက်ချင်း ဆိုသလိုပင် လုံဟောင်ချန်း သည် ရေနွေးနွေးလေး ထဲတွင် စိမ်ထား သကဲ့သို့ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး နွေးထွေး သွားသည်ကို ခံစားလိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံး သည် တောက်ပသော ရွှေရောင် အသွင် ပြောင်းလဲ သွားကာ အလင်းဒြပ်စင်၏ အမြင့်မြတ်ဆုံး တည်ရှိမှု တစ်ခုအလား ပြောင်းလဲသွားသည်။ သိပ်သည်းလှသည့် အလင်းအနှစ်သာရသည် လုံဟောင်ချန်း၏ ခန္ဓာကိုယ်ကို ကန္တာရထဲတွင် ရွာသွန်းချလိုက်သည့် မိုးအလား ရွာသွန်းအားဖြည့်ပေးလိုက်၏။
အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား ၊ သူတော်စင် ဝိညာဉ် မီးဖို နှင့် အလင်းဒြပ်စင် နတ်သမီး ယာတင်း တို့သည် သူ၏ ရင်ဘတ် အတွင်းမှ ပျော်ရွှင်စွာ ညည်းညူသံ များကို ထုတ်လွှတ် လိုက်ကြလေသည်။ လုံဟောင်ချန်း၏ အရည် အသွင် စိတ်ဝိညာဉ် စွမ်းအင် ပမာဏ သည် လျှပ်စီး လက်သကဲ့သို့ မြန်ဆန်သော အရှိန် ဖြင့် သိသိသာသာ တိုးတက် လာပြီး အနည်းဆုံး ယူနစ် ငါးရာ ခန့် တိုးလာပြီး မှသာ နှေးကွေး သွားလေသည်။ ထို့နောက် သန့်စင်သော အရှိန်အဝါ များဖြင့် ပြည့်နှက် နေသည့် ထို ဦးခေါင်းခွံ ပုံသဏ္ဍာန် ဆွဲသီး သည် လုံဟောင်ချန်း ၏ ရင်ဘတ် အတွင်းသို့ တင်းကြပ်စွာ စုပ်ယူ ခံလိုက်ရလေသည်။
"ရှေ့ကို တက်လှမ်းပါ ကလေး ... အခု ကစပြီး အရာအားလုံး ဟာ မင်း ကိုယ်မင်း အပေါ်မှာပဲ မူတည် လိမ့်မယ် ... ဘယ် စမ်းသပ်မှု ကိုမှ မကျော်ဖြတ် ဘဲ နဲ့တောင် မင်း ဒီနေရာကနေ ထွက်သွား လို့ ရတယ် ... မင်း ငါ့ ရှေ့မှာ ရပ်နိုင်မယ့် နေ့ကို ငါ စောင့်မျှော် နေပါ့မယ်"
ထိုစကားကို ပြောပြီးနောက် အီလပ်စ် ၏ အသံ သည် လုံးဝ ပျောက်ကွယ် သွားပြီး ပတ်ဝန်းကျင် သည် ယခင်ကကဲ့သို့ ပြာနှမ်းနှမ်း မီးခိုးရောင် သေဆုံးခြင်း အရှိန်အဝါ ဖြင့် ပြည့်နှက် နေလေသည်။ သို့သော် ထာဝရ တေးသွား ကို ဝတ်ဆင် ပြီးနောက် လုံဟောင်ချန်း သည် ထိုနေရာတွင် နေမင်းကြီး တစ်စင်း အလား ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ် မှ ရွှေရောင် အလင်းတန်း များကို စဉ်ဆက်မပြတ် ထုတ်လွှတ် နေကာ ပို၍ပင် အံ့မခန်း ဖြစ်စေသည်မှာ ဤ သန့်စင်သော အလင်းရောင် သည် ထို နေရာရှိ သေဆုံးခြင်း အရှိန်အဝါ နှင့် အနည်းငယ်မျှပင် ပဋိပက္ခ မဖြစ်ဘဲ လုံးဝ ပြီးပြည့်စုံစွာ သဟဇာတ ဖြစ်နေခြင်းပင်။
ဂျိမ်း ….
ထို့အပြင် လုံဟောင်ချန်း၏ နောက်တွင် ရှိသော ဂိတ်တံခါးကြီးသည်လည်း ပွင့်သွားပြီး သူ့အား ဤနေရာမှ မည်သည့် စမ်းသပ်မှုကိုမှ ဝင်ရောက်ရန် မလိုအပ်ပဲ ထွက်သွားနိုင်ကြောင်း ပြသနေလေသည်။ သို့သော် လုံဟောင်ချန်းမှာ သူ၏ ဦးနှောက် အတွင်း ထာ၀ရတေးသွားထံမှ များပြားလှသည့် သတင်းအချက်အလက်များကို လက်ခံနေရသောကြောင့် မလှုပ်မယှက် ရှိနေဆဲပင်။
ထိုအချက်အလက်များတွင် ထာဝရ အနားယူခြင်း မျှော်စင် ကို ထိန်းချုပ်ခြင်း၊ ထာဝရ တေးသွား ဆွဲသီး တွင် ပါဝင်သော စည်းတံဆိပ် နှင့်အိပ်မောကျနေတဲ့ ကပ်ဘေးကြီး၊ အီလပ်စ် စုဆောင်း ခဲ့သော ဗဟုသုတများ နှင့် ကျင့်ကြံခြင်း နည်းလမ်းများ ပါဝင်လေသည်။ ထိုသတင်းအချက်အလက်များမှာ အတော်လေးများပြားလှပြီး လုံဟောင်ချန်း အနေဖြင့် သူတော်စင် သေမင်းတမန် မှော်ဆရာတစ်ဦး ဖြစ်လိုသည် ဖြစ်စေ၊ မဖြစ်လိုသည် ဖြစ်စေ ထိုမှတ်ဉာဏ်များကို သူ၏ ဦးနှောက် အတွင်းမှ မေ့ဖျောက်၍ ရတော့မည် မဟုတ်ချေ။
ဟောင်ယွဲ့ သည် လုံဟောင်ချန်း၏ နောက်ကျောဘက်တွင် လှဲလျောင်းရင်း လုံဟောင်ချန်းကို တည်ငြိမ်စွာ ကြည့်ရှုနေလေသည်။ သို့သော် သူ၏ မျက်လုံး ခြောက်လုံးကို သေချာစွာ ကြည့်ရှုမည် ဆိုပါက နူးညံ့သိမ်မွေ့မှု များဖြင့် ပြည့်နှက် နေပြီး တစ်ခါတစ်ရံ ခန်းမကြီး ကို နက်ရှိုင်းသော အကြည့် ဖြင့် ဝေ့ကြည့် ကာ လွမ်းဆွေးဖွယ်ရာ အကြည့်များကို မြင်တွေ့နိုင်ပေလိမ့်မည်။ ထိုမှတ်ဉာဏ်များကို ပြန်လည် ရရှိလာပြီးနောက် ဟောင်ယွဲ့၏ အမူအရာမှာ အတော်လေး တွေဝေနေပုံ ရပေသည်။
နာရီဝက်ခန့် ကြာပြီးနောက် လုံဟောင်ချန်းမှာ သတင်းအချက်အလက်များ လက်ခံ ရယူမှု ပြီးဆုံး သွားပြီး သတိပြန်ဝင်လာလေသည်။ များပြားလှသော သတင်းအချက် အလက်များကို တစ်ထိုင်တည်း လက်ခံရယူပြီးနောက် လုံဟောင်ချန်း၏ မျက်နှာ အမူအရာသည် ကောင်းမွန်မနေချေ။
အိပ်မောကျနေတဲ့ ကပ်ဘေးကြီး၊ အီလပ်စ် သည် သန့်စင်သော အလင်း ဒြပ်စင် ရှိသည့် သေမင်းတမန် မှော်ဆရာ တစ်ဦး ဖြစ်နေလျှင်ပင် သူ သည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်း က ဖြစ်ပွားခဲ့သော ကပ်ဘေးကြီး ၏ အဓိက အကြောင်းရင်းများ ထဲမှ တစ်ခု ဖြစ်သည့် သေမင်းတမန် မှော်ဆရာ တစ်ဦး ဖြစ်နေဆဲ ပင်။ လုံဟောင်ချန်း အနေဖြင့် ဤကဲ့သို့သော သူ တစ်ဦး ၏ ဆက်ခံသူ ဖြစ်လာရန် ဘယ်လိုလုပ် ဆန္ဒရှိ နိုင်မည်နည်း။ သေမင်းတမန် မှော်ပညာ တစ်ခုခုကို သင်ယူရန် ဆိုသည်မှာ ပို၍ပင် ဝေးကွာ သေး၏။
ထို့နောက် လုံဟောင်ချန်းမှာ ရုတ်တရက် အနောက်သို့ လှည့်လိုက်ပြီး ဟောင်ယွဲ့ ကို တောက်လောင် နေသော မျက်ဝန်းများ ဖြင့် ကြည့်လိုက်လေသည်။
"ဟောင်ယွဲ့ ... မင်း က ဒီ နေရာ ဘာလဲ ဆိုတာကို ကြိုသိနေတာ မဟုတ်လား"
လုံဟောင်ချန်း အနည်းငယ် ဒေါသထွက် နေလေသည်။ အကယ်၍ ဟောင်ယွဲ့ သာ သူ့ကို ဤ နေရာ အကြောင်း ကြိုတင် ပြောပြ ခဲ့ပါက မည်သို့ပင် ဆိုစေကာမူ ထို နေရာသို့ ဝင်ရောက် ခဲ့မည် မဟုတ်ချေ။ ထာဝရ အနားယူခြင်း မျှော်စင် က သူ့ကို ကြီးမားသော တိုးတက်မှု နှင့် ခွန်အား တိုးလာစေမှု များကို ယူဆောင်လာ ပေးသော်လည်း သူ သည် ၎င်းကို လက်ခံရန် တကယ်ကို ဆန္ဒမရှိ ခဲ့ချေ။ ထာဝရ တေးသွား ကို ဝတ်ဆင် လိုက်ပြီးနောက် သူ့အနေဖြင့် ၎င်းကို လုံးဝ ချွတ်ပစ် ၍ မရနိုင်တော့ပေ။
"ဝူး ... ဝူး ..."
ဟောင်ယွဲ့သည် အပြစ်ကင်းစင်သော အသွင်အပြင် ဖြင့် မျက်တောင်များ ခတ်ကာ လုံဟောင်ချန်း ထံသို့ အဖြေ တစ်ခုကို ပေးပို့ လိုက်လေသည်။
ဟောင်ယွဲ့၏ စကားကို ကြားပြီးနောက် လုံဟောင်ချန်း ၏ မျက်နှာ အမူအရာ သည် ပြောင်းလဲ သွားပြီး ယခင် ဒေါသထွက် နေသော အခြေအနေ မှ အံ့အားသင့် သွားသော အခြေအနေ သို့ ပြောင်းလဲ သွားသည်။
"ကြိုတင် ဟောကိန်းထုတ်ခြင်း စွမ်းရည် ... မင်းရဲ့ မွေးရာပါ စွမ်းရည် လား"
ဟောင်ယွဲ့ ကို မှင်သက်စွာ ကြည့်ရင်း လုံဟောင်ချန်း သည် လုံးဝ ဆွံ့အ သွား၏။
ဟောင်ယွဲ့ က သူ့တွင် 'ကြိုတင် ဟောကိန်းထုတ်ခြင်း စွမ်းရည်' ဟု ခေါ်သော စွမ်းရည် တစ်ခု ရှိပြီး ၎င်းသည် အနာဂတ် ဖြစ်ရပ် အချို့ကို အတိုင်းအတာ တစ်ခု အထိ ကြိုတင် ဟောကိန်းထုတ်ရန် သူ့ကို လုပ်ဆောင် နိုင်စေကြောင်း ပြောပြ လိုက်၏။ သူ ဤ လှိုဏ်ဂူ အတွင်းသို့ ဝင်ရောက် ခဲ့စဉ် က သူ့ထံသို့ ဟောကိန်း တစ်ခု ရောက်ရှိ လာခဲ့သော်လည်း သူ သည် မသဲကွဲသော ခံစားချက် တစ်ခုသာ ရရှိခဲ့ပြီး ဤ နေရာ သည် လုံဟောင်ချန်း အတွက် ပြီးပြည့်စုံသော အခွင့်အရေး တစ်ခု ၏ သင်္ကေတ သာ ဖြစ်ပြီး မည်သည့် အန္တရာယ် မျှ မရှိကြောင်း ကိုသာ ခံစားမိခဲ့သောကြောင့် သူ့ကို ဝင်ရောက်ရန် ပြောခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြ လိုက်လေသည်။
လုံဟောင်ချန်းမှာ ခါးသီးစွာ ပြုံးလိုက်ရင်း ဟောင်ယွဲ့ ၏ ရှေ့သို့ တိုးသွာကာ ရှောင်ကျင်းကြီး ကြီးမားသည့် ဦးခေါင်းကြီးကို ဖက်၍ ပြောလိုက်သည်။
"တောင်းပန်ပါတယ် ... ငါ့ အမှား ပါ ... ငါ မင်းကို သံသယ မဝင်သင့်ဘူး ... အခုလေးတင် ဖြစ်ပျက် ခဲ့သမျှ အရာအားလုံး က အရမ်းကို တုန်လှုပ်စရာ ကောင်းလွန်း နေလို့ပါ ... ရှင်းပြလို့ မရနိုင်တဲ့ နည်းလမ်း မျိုး နဲ့ ဒီ သေမင်းတမန် မှော်ဆရာ ရဲ့ ဆက်ခံသူ ဖြစ်လာခဲ့ရတာ ... ဒါက အရမ်းကို ..."
ရှောင်ဟုန်၊ ရှောင်ကျင်း နှင့် ရှောင်လွီ တို့သည် လုံဟောင်ချန်းထံသို့ တိုးကပ် လာကြပြီး သူ၏ ခန္ဓာကိုယ်ကို ညင်သာစွာ ပွတ်သပ် နေကြလေသည်။
"ဟောင်ယွဲ့ ... ငါ ဘာလုပ်သင့်လဲ ဆိုတာ ပြောပြပါဦး ... ငါတို့ ဒီ နေရာကနေ ထွက်သွားပြီး ဘာမှ မဖြစ်ခဲ့သလို သဘောထား လိုက်ရင် ဘယ်လိုလဲ ... ဘာပဲဖြစ်ဖြစ် ငါတို့ ထွက်သွားပြီးတဲ့ နောက်မှာ ဒီ ထာဝရ အနားယူခြင်း မျှော်စင်က အပြိုင် ဒိုင်မင်းရှင်း တစ်ခုထဲကို ရောက်ရှိသွားမှာပဲလေ … "
ဟောင်ယွဲ့ သည် သူ၏ ခေါင်းများကို ဖြည်းညင်းစွာ ခါယမ်း ၍ တုံ့ပြန် လိုက်လေသည်။
လုံဟောင်ချန်း က အနည်းငယ် တွန့်ဆုတ်စွာ ဖြင့် မေးလိုက်၏။
"မင်း ပြောချင်တာက ဒါဟာ အခွင့်အရေး တစ်ခု ဖြစ်ပြီး ... ငါ သေမင်းတမန် မှော်ဆရာ တစ်ယောက် ဖြစ်လာဖို့ မလိုဘဲ အဲဒီ နေရာ ကနေ ကောင်းမွန်တဲ့ အတွေ့အကြုံ အချို့ကို ရရှိနိုင်သေးတယ် လို့ ဆိုလိုတာလား"
ဟောင်ယွဲ့က ထပ်ခါတလဲလဲ ခေါင်းညိတ် ပြလိုက်သည်။
လုံဟောင်ချန်း မျက်မှောင်ကြုတ် လိုက်ပြီး အတွေးများ ထဲသို့ နစ်မြုပ် သွားလေသည်။ သူ သည် အလွန်အမင်း ရုန်းကန် နေရသော အခြေအနေ တစ်ခု တွင် ရှိနေသည် ဟု ဆိုနိုင်ပေသည်။ ဤ ထာဝရ အနားယူခြင်း မျှော်စင် က ယူဆောင်လာသော တုန်လှုပ်မှု သည် ကြီးမား လွန်းပြီး အထူးသဖြင့် ယခု သူ၏ ဦးနှောက် ထဲတွင် ချိပ်ပိတ် ခံထားရသော သေမင်းတမန် မှော်ပညာများပင် ဖြစ်၏။ သူ မည်မျှပင် ဆန္ဒမရှိ ပါစေ သူ့အနေဖြင့် ဤ မှတ်ဉာဏ်များကို ဖယ်ရှားပစ် ၍ မရနိုင်တော့ချေ။ သူ၏ လည်ပင်း ပေါ်ရှိ ထာဝရ တေးသွား သည်လည်း အဆုံးတွင် အရေးကြီးသော အကျိုးကျေးဇူး အချို့ ရှိနေလေသည်။
လုံဟောင်ချန်းသည် လောဘကြီးသော စရိုက် ရှိသူ တစ်ဦး ဘယ်တော့မှ မဟုတ်ခဲ့ချေ။ ဆန့်ကျင်ဘက် အနေဖြင့် သူ သည် အခြားသူများ ၏ ကြင်နာသော လုပ်ရပ်များကို ဆယ်ဆ ပြန်လည် ပေးဆပ် လေ့ ရှိ၏။ သူ ဆန္ဒမရှိ ဖြစ်နေလျှင်ပင် ... အီလပ်စ် ဟု ခေါ်သော အိပ်မောကျနေတဲ့ ကပ်ဘေးကြီး ထံမှ သူ အမှန်တကယ် အရေးကြီးသော အကျိုးကျေးဇူးများကို ရရှိခဲ့ကြောင်း ငြင်းဆို ၍ မရနိုင်ချေ။ သူ သည် ဤ အကျိုးကျေးဇူးများကို လုံးဝ စွန့်ပစ် ၍ မရနိုင်ခြင်း ဆိုသည့် အချက် က သူ့အတွက် သည်းခံရန် အခက်ခဲဆုံး ပင် ဖြစ်လေသည်။
ခဏအကြာတွင် လုံဟောင်ချန်းသည် ဖြည်းညင်းစွာ ခေါင်းမော့ လိုက်ပြီး သက်ပြင်း တစ်ချက် ချကာ ပြောလိုက်၏။
"မင်း မှန်ကောင်း မှန်ပါလိမ့်မယ် ... ဒါပေမဲ့ ဒီ နေရာ ကနေ အကျိုးကျေးဇူး အချို့ ထပ်ရယူ ဖို့ ရွေးချယ်သင့်သလား ... ဒါမှမဟုတ် ဒီ ကိစ္စ နဲ့ ပတ်သက်ပြီး ငါ့ရဲ့ အဖော်တွေ ရဲ့ ထင်မြင်ချက် တွေကို တောင်းခံသင့်သလား ဆိုတာကို ငါ ဆုံးဖြတ်လို့ မရဘူး ဖြစ်နေတယ် ... ဘာပဲဖြစ်ဖြစ် အခု ငါတို့ ဒီ နေရာ ရဲ့ စမ်းသပ်မှု ကို စမ်းကြည့်သင့်တယ် ... ဒါက သူတို့ ငါ့နောက်ကို ဒီနေရာ အထိ လိုက်လာခဲ့ရင် အနည်းဆုံးတော့ လူတိုင်း ရဲ့ လုံခြုံရေး ကို အာမခံချက် ပေးနိုင်လိမ့်မယ်"
ထို့နောက် မှုန်ဝါးဝါး ရွှေရောင်အလင်းတစ်ခုသည် လုံဟောင်ချန်း၏ ရင်ဘတ်မှ ထွက်ပေါ်လာပြီး ဟောင်ယွဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ ဟောင်ယွဲ့၏ ခန္ဓာကိုယ် တစ်ခုလုံး ရွှေရောင်များဖြင့် တောက်ပလာပြီး သူ၏ ကြေးခွံများပင် ရွှေရောင် အဖြစ် ပြောင်းလဲ သွားလေသည်။
ဤသည်မှာ ထာဝရ တေးသွား ၏ အသုံးဝင်မှု ပင် ဖြစ်၏။ လုံဟောင်ချန်း ရရှိထားသော မှတ်ဉာဏ်များ အရ ဆွဲသီး၏ အရှိန်အဝါကို အသုံးပြု၍ ထာ၀ရ အနားယူခြင်း မျှော်စင်၏ ရန်သူ မဟုတ်ကြောင်း ပြုလုပ်ပေးနိုင်လေသည်။ သို့မှသာ မျှော်စင်၏ ခုခံရေး အစီအရင် ဟောင်ယွဲ့အား မတိုက်ခိုက်မည် ဖြစ်ပေသည်။
ထို့နောက် လုံဟောင်ချန်းမှာ မြင့်မြတ်ဝိညာဉ် ဒိုင်းနှင့် အပြာရောင်မိုး ခေါင်ရမ်း အလင်းဓားကို ဆင့်ခေါ်လိုက်သည်။ လုံဟောင်ချန်းမှာ သူ၏ အပြာရောင်မိုး ခေါင်ရမ်း အလင်းဓားကို ကြည့်ရင်း အံ့အားသင့်သွားသည်။ အဘယ့်ကြောင့် ဆိုသော အပြာရောင်မိုး ခေါင်ရမ်းအလင်းဓားထက်၌ မမျှော်လင့်ထားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်ခဲ့ခြင်းကြောင့်ပင်။
ဓား၏ ကိုယ်ထည်မှာ နဂိုအတိုင်း ဖြစ်သော်ငြား ဓားထက်တွင် ရစ်သိုင်းနေသော အလင်းမြူများမှာမူ ပြောင်းလဲ သွားပြီ ဖြစ်၏။ ယခုအခါတွင်မူ အပြာရောင်မိုး ခေါင်ရမ်းအလင်းဓားကို ဆုပ်ကိုင်လိုက်ခြင်းက လုံဟောင်ချန်းအား သက်တောင့်သက်သာ ရှိသည့် ခံစားချက်ကို ရရှိစေသည့်အပြင် ၎င်းထက်တွင် ရွှေရောင်မြူခိုး ခပ်ရေးရေး ရစ်သိုင်းနေပြီး မြင့်မြတ်သော အလင်း အရှိန်အဝါနှင့် ရေဒြပ်စင် အရှိန်အဝါကို သယ်ဆောင်ထားလေသည်။
လုံဟောင်ချန်း သူ၏ စိတ်ဝိညာဉ် စွမ်းအင်ကို ဓားအတွင်း ထည့်သွင်းလိုက်သည့် အချိန်တွင် ထိုရွှေရောင် မြူခိုးမှာ ချက်ချင်း စုစည်းသွားပြီး မီတာ သုံးပုံတစ်ပုံခန့် ရှည်လျားသည့် ရွှေရောင် အလင်းသဏ္ဍာန် တစ်ခု ဓားရှေ့တွင် ဖြစ်ပေါ်လာလေသည်။
***