အဲဒါက ဆင့်ကဲ ပြောင်းလဲသွားတာလား။
သူရဲကောင်း ကျောင်းတော် ၏ ကျောင်းတော် သခင်၊ မဟာမိတ် အဖွဲ့ ၏ အကြီးအကဲ ဖြစ်သူ ယန်ဟောင်တန် က သူ့ကို ပြောခဲ့ဖူးသော စကားကို လုံဟောင်ချန်း မှတ်မိ နေဆဲ ပင် ဖြစ်ပေသည်။ အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား ၏ အကြီးမားဆုံးသော ထူးခြားချက် မှာ ဆင့်ကဲ ပြောင်းလဲ နိုင်စွမ်း ရှိခြင်း ပင် ဖြစ်၏။ လအနည်းငယ် သာ ကြာမြင့်သေးသော်လည်း သူတော်စင် ဝိညာဉ် မီးဖို ၏ ပြုစုပျိုးထောင်မှု ကို ခံရပြီးနောက် ၎င်းသည် အမှန်တကယ် ပင် ၎င်း၏ ပထမဆုံး ဆင့်ကဲ ပြောင်းလဲမှု ကို ပြီးမြောက်အောင် လုပ်ဆောင် နိုင်ခဲ့ပြီလော။
အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား မှ ထုတ်လွှတ်လိုက်သော အလင်း အနှစ်သာရ လှိုင်းများကို ကြည့်ရှု လေ့လာ ပြီးနောက် လုံဟောင်ချန်း သည် ဤ ဓား သည် ယခု အခါ တွင် အနည်းဆုံး မဟာ အဆင့် လက်နက် တစ်ခု သို့မဟုတ် ထိုထက်ပင် ပိုမို မြင့်မားသော အဆင့် တွင် ရှိနေကြောင်းကို သေချာပေါက် ပြောဆို နိုင်ပေသည်။
မှေးမှိန်သော အဖြူရောင် အလင်း တစ်ခုကိုသာ ထုတ်လွှတ် နေသည့် သူ၏ ညာဘက် လက်ထဲရှိ မြင့်မြတ်ဝိညာဉ် ဓား အစား လုံဟောင်ချန်း သည် အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား ကို အသုံးပြုရန် အလိုအလျောက် နီးပါး ရွေးချယ် လိုက်လေသည်။ ဤ လုပ်ရပ် သည် မြင့်မြတ်ဝိညာဉ် လက်နက် အစုံ ၏ အသုံးဝင်မှု ကို စွန့်လွှတ်ရန် သူ ရွေးချယ် လိုက်ခြင်း ကို ဆိုလို နေ၏။ ယခုမှ စ၍ အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား သည် သူ၏ အဓိက လက်နက် ဖြစ်လာမည် ဖြစ်ပြီး မြင့်မြတ်ဝိညာဉ် လက်နက် အစုံ ကို တစ်စုံလုံး အနေဖြင့် အသုံးပြုခြင်း ကို ရပ်တန့် ရန် သူ ဆုံးဖြတ် လိုက်သည်။
အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား သည် မြင့်မြတ်ဝိညာဉ် လက်နက် တစ်စုံလုံး ထက်ပင် ပိုမို အသုံးဝင် သောကြောင့် ဤ ရွေးချယ်မှု ကို သူ ရှင်းလင်းစွာ ပြုလုပ် ခဲ့ခြင်းပင်။
များပြားလှသည့် အသိပညာများကို ထာ၀ရ တေးသွား ဆွဲသီးမှ တဆင့် လုံဟောင်ချန်း ရရှိခဲ့သော်လည်း လက်တွေ့ လေ့ကျင့်မှု အတွက်မူ သူ့အတွက် ရွေးချယ်စရာ တစ်ခုတည်းသာ ရှိပေသည်။ ထိုအရာမှာ ထာ၀ရ အနားယူခြင်း မျှော်စင်၏ စမ်းသပ်မှုများကို ဖြတ်ကျော်ရန်ပင်။
ထို့နောက် လုံဟောင်ချန်းသည် ဟောင်ယွဲ့ကို မစီးတော့ပဲ ဓားနှစ်လက်ကို ကိုင်ဆောင်ကာ ရှေ့သို့ သတိအပြည့်ဖြင့် လှမ်းလိုက်လေသည်။
ပထမ ခြေလှမ်း၊ ဒုတိယ ခြေလှမ်း၊ တတိယ ခြေလှမ်း …
ထာဝရ တေးသွား ကို သူ ရရှိခဲ့သော နေရာကို ဖြတ်ကျော်ပြီးနောက် ခြေလှမ်း လေးလှမ်း အကြာတွင် လုံဟောင်ချန်း သည် ရုတ်တရက် ရပ်တန့် သွားပြီး၊ သူ၏ လက်ထဲရှိ ဓားများကို ဝှေ့ယမ်း ကာ ရှေ့သို့ ကြည့်ရှု လိုက်၏။
အဖြူရောင် အလင်း နှစ်ခု သည် မည်သည့် သတိပေးချက် မှ မရှိဘဲ သူ၏ နောက်ကျော မှ ထွက်ပေါ်လာပြီ ချက်ချင်း ဆိုသလို ဧရာမ ပုံရိပ် နှစ်ခု သည် သူ၏ မျက်စိရှေ့တွင် ရုတ်ခြည်း ထွက်ပေါ်လာ၏။
ထိုအလင်းနှစ်ခုမှာ သေဆုံးခြင်း အရှိန်အဝါနှင့် သန့်စင်သော အလင်း အရှိန်အဝါ နှစ်မျိူးစလုံး ပြည့်နှက်နေသည့် ကြီးမားသည့် အရိုးစုကြီး နှစ်ခုပင်။
လူသား ပုံသဏ္ဍာန် ရှိသော ဤ အရိုးစု နှစ်ခု သည် ၂.၅ မီတာ ခန့် မြင့်မား ပြီး အဖြူရောင် အရိုးများ ရှိကာ ၎င်းတို့ ပတ်လည်တွင် ရွှေရောင် ကွင်း သုံးထပ် ပါရှိလေသည်။ ၎င်းတို့မှာ မျှော်လင့်ထားသည် နှင့် ဆန့်ကျင်ဘက် အနေဖြင့် လုံဟောင်ချန်း အလွန် ရင်းနှီး ကျွမ်းဝင် နေသော ယုံကြည်ခြင်း ရောင်ဝါ၊ ပြစ်ဒဏ်အလင်း နှင့် ရဲစွမ်းသတ္တိ ရောင်ဝါ တို့ ပင် ဖြစ်၏။ ၎င်းတို့ သည် ဘယ်ဘက် လက် တွင် အရိုး ဒိုင်း တစ်ခု ကို ကိုင်ဆောင် ထားပြီး ညာဘက် လက် တွင် အရိုး ဓား တစ်လက် ကို ကိုင်ဆောင် ထားကာ ၎င်းတို့၏ မျက်လုံးများ သည် ထာဝရ တေးသွား ဆွဲသီး ကဲ့သို့ ရွှေရောင် မီးတောက်များ ဖြင့် ပြည့်နှက် နေသော်လည်း ၎င်း၏ သန့်စင်မှု မျိုးတော့ မရှိချေ။
ဘန်း၊ ဘန်း၊ ဘန်း ....
၎င်းတို့သည့် ရှေ့သို့ ချက်ချင်း ဆိုသလို တိုးဝင်လာကာ အားကောင်းသည့် အရှိန်အဝါများကို ထုတ်လွှတ်လိုက်လေသည်။ ၎င်းတို့ အသုံးပြုသော နည်းစနစ်များမှာ လူသားများ အသုံးပြုသော နည်းစနစ်များနှင့် အတော်လေး ဆင်တူပေသည်။
လုံဟောင်ချန်းသည် ခြေလှမ်း ကိုးသွယ် နည်းစနစ် ကို အသုံးပြုကာ ဘယ်ဘက် သို့ ရုတ်တရက် ရှောင်တိမ်း လိုက်၏။ ၎င်းမှာ မတူညီသော အရပ်မျက်နှာ များမှ လာသော အရိုးစု နှစ်ခု ၏ တိုက်ခိုက်မှုများကို သူ မထိမိစေရန် အတွက် ပင်။
ထို့နောက် မြင့်မြတ်ဝိညာဉ် ဓား ကို ဘယ်ဘက် လက်တွင် အလျားလိုက် ကိုင်ဆောင် ထားရင်း မြင့်မြတ် အလင်း အကာအကွယ် ကို ထုတ်လွှတ် လိုက်သည်။
ဘန်း။
ပြင်းထန်သော ပေါက်ကွဲသံ တစ်ခု ပဲ့တင်ထပ် သွားပြီး လုံဟောင်ချန်း သည် ကောင်းကင် အဟန့်အတား ကို အသုံးပြု ခဲ့သည့်တိုင်အောင် ခြေလှမ်း သုံးလှမ်း နောက်ဆုတ်လိုက်ရ၏။
ဘယ်လောက်တောင် အားကောင်းလိုက်လဲ။
လုံဟောင်ချန်း သည် သူ၏ ကိုယ်ပိုင် အတွင်း စိတ်ဝိညာဉ် စွမ်းအင် အဆင့် မည်မျှ အထိ ရောက်ရှိ နေပြီလဲ ဆိုတာကို မသိသော်လည်း ထာဝရ တေးသွား ဆွဲသီး ကို ရရှိပြီးနောက် ၎င်းသည် ၃,၅၀၀ အဆင့် ကို ကျော်လွန် သွားကြောင်း သူခံစားမိခဲ့သည်။ ဤကဲ့သို့သော အခြေအနေ မျိုး တွင် ဤ အရိုးစု က သူ့ကို နောက်ဆုတ် သွားအောင် လုပ်နိုင်ခဲ့သည် ဆိုခြင်း မှာ ၎င်း၏ အတွင်း စိတ်ဝိညာဉ် စွမ်းအင် သည် အနည်းဆုံး ၇,၀၀၀ သို့မဟုတ် ၈,၀၀၀ အထက် တွင် ရှိနေကြောင်း ဆိုလို နေလေသည်။ အရေးကြီးသည်မှာ ဤသည်က ထာ၀ရ အနားယူခြင်း မျှော်စင်၏ ပထမအဆင့် စမ်းသပ်မှုသာ ရှိသေးသည်။
ဒုတိယ အရိုးစု သည် လုံဟောင်ချန်း ကို မတိုက်ခိုက်ဘဲ ၎င်း၏ တိုက်ခိုက်မှုကို ဟောင်ယွဲ့ ထံသို့ ချိန်ရွယ် ကာ သူ့ကို တည့်တည့် စိုက်ကြည့် နေလေသည်။
ဖျက်ခနဲဆိုသလို ထိုအရိုးစုမှာ ဟောင်ယွဲ့နှင့် တစ်မီတာ အကွာအဝေးသို့ ရုတ်ခြည်း ရောက်ရှိသွားသည်။ သို့သော် ၎င်းမှာ သူတော်စင် ဝိညာဉ် မီးဖို၏ သက်ရောက်မှုကြောင့် လုံဟောင်ချန်း ရှိရာသို့ ဆွဲငင်ခံရလေသည်။ ဟောင်ယွဲ့မှာမူ အစကနေ အဆုံးထိ ထိုအရိုးစုကို တစ်ချက်မျှပင် မကြည့်ပဲ မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုနေလေသည်။ ဤသည်မှာ လုံဟောင်ချန်းနှင့် ဟောင်ယွဲ့ကြားရှိ ယုံကြည်မှုပင်။
ဒေါင်။
လုံဟောင်ချန်းမှာ မြင့်မြတ်ဝိညာဉ်ဓားဖြင့် တိုက်ခိုက်မှုကို ခုခံလိုက်ပြီး တစ်ပြိုင်နက် ဆိုသလို အပြာရောင်မိုး ခေါင်ရမ်းအလင်းဓားဖြင့် တောက်ပသော ကလဲ့စားကို ထုတ်လွှတ်ကာ တိုက်ခိုက်လိုက်သည်။
ဘန်း …
အစောပိုင်းက သူ့ကို တိုက်ခိုက်ခဲ့သော အရိုးစုမှာ သူ၏ အရိုးဒိုင်းကို ဝှေ့ယမ်းကာ လုံဟောင်ချန်း၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။
ဆင့်ကဲ ပြောင်းလဲပြီးနောက် အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား သည် လုံးဝ ကွာခြား သွားခဲ့၏။ တောက်ပသည့် အလင်းတစ်ချက်နှင့် အတူ ၎င်းက အရိုးဒိုင်းထက်တွင် လက်မဝက်ခန့် ရှည့်လျားသည့် အရာတစ်ခု ချန်ရစ်ထားခဲ့လေသည်။
ထို့နောက် သူတော်စင် ဝိညာဉ် မီးဖို၏ ဆွဲငင်ခြင်းကို ခံလိုက်ရသော အရိုးစု၏ တိုက်ခိုက်မှုမှ ဘေးသို့ ရှောင်ထွက်လိုက်ပြီး အလင်း ဆူးချွန် တစ်ခုကို အလျားလိုက် ချိန်ရွယ် ပစ်လွှတ် လိုက်၏။
ချက်ချင်း ဆိုသလို အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား သည် ရွှေရောင် မီးတောက် တစ်ခု ဖြင့် တောက်ပ လာပြီး အားကောင်း ထက်မြိသည့် ဓားအငွေ့အသက် တစ်ခု ထွက်ပေါ်လာ၏။ ထိုအရိုးစုမှာ လုံဟောင်ချန်း၏ တိုက်ခိုက်မှုကို ၎င်း၏ အရိုးဒိုင်းနှင့် အလျားလိုက် ခုခံကာကွယ်လိုက်သည်။ ရှင်းလင်းစွာဖြင့် လုံဟောင်ချန်း၏ တိုက်ခိုက်မှုများမှာ ထိုအရိုးစု နှစ်ကောင် အတွက် ထိရောက်စွာ ခြိမ်းခြောက်မှု မရှိသေးချေ။
ထိုစဉ် ဟောင်ယွဲ့ ၏ မန္တာန် ရွှတ်ဆိုမှု ပြီးမြောက်သွားပြီး သူတော်စင် ဝိညာဉ် မီးဖိုးကြောင့် ဆွဲငင်ခြင်း ခံရသော အရိုးစု၏ ဒူးများထံသို့ ချိန်ရွယ်ကာ ကြီးမားသော လေဓားသွား တစ်ခု၊ အလင်း ဆူးချွန် တစ်ခု နှင့် မီးလုံး တစ်လုံးကို ပစ်လွှတ်တိုက်ခိုက်လိုက်သည်။
အလင်း ဒြပ်စင် ကို ပိုင်ဆိုင်ထားသော ဤ အရိုးစု နှစ်ခု သည် လုံဟောင်ချန်း တွေးထင်ထားသည် ထက်ပင် ပိုမို ဒုက္ခပေး နိုင်စွမ်း ရှိလေသည်။ ပစ်မှတ်ထား ခံရသော တစ်ကောင်သည် ဟောင်ယွဲ့ ၏ တိုက်ခိုက်မှုကို နောက်သို့ ပင် လှည့်မကြည့်ပဲ သတိပြုမိကာ ရုတ်တရက် အောက်သို့ ဝပ်ချ လိုက်ပြီး တိုက်ခိုက်မှုကို ကာကွယ်ရန် ၎င်း၏ ဒိုင်း ကို အသုံးပြုလိုက်၏။
ဘန်း … ဘန်း …ဘန်း …
ကျယ်လောင်သည့် အသံသုံးခု ထွက်ပေါ်လာပြီး လုံဟောင်ချန်းမှာ အရိုးစု၏ ခန္ဓာကိုယ် မှ တောက်ပသော ရွှေရောင် ထွက်ပေါ်လာသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရ၏။ ဆိုလိုသည်မှာ လုံဟောင်ချန်း ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် မြင့်မြတ် အလင်း အကာအကွယ်ကို အသုံးပြုခဲ့ခြင်းပင်။ ထို့နောက် အခြား အရိုးစု တစ်ကောင် သည် လုံဟောင်ချန်း ထံသို့ မြန်ဆန်သော အရှိန် ဖြင့် ဝင်ရောက် လာလေသည်။
ထိုအရိုးစုကောင် ဆီမှ တောက်ပ သန့်စင်သည့် အဖြူရောင် အလင်းတစ်ခု ထွက်ပေါ်လာ၏။ လုံဟောင်ချန်းအား အံ့အားသင့်စေသည်မှာ ထိုအရာက မြင့်မြတ်ဝိညာဉ် ဓားချက် ဖြစ်နေခြင်းပင်။
လုံဟောင်ချန်းမှာ အပြစ်ပေးလှည့်ပတ်ဓားချက်ကို အသုံးမပြုရဲချေ။ အကယ်၍ သူသာ ထိုအရာကို အသုံးပြုပါက အရိုးစု နှစ်ကောင်မှာ သူတို့၏ သာလွန်သော စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြုကာ သူ့အား ဖိနှိပ်မည်ကို စိုးရိမ်သောကြောင့်ပင်။
ဝီ …
အပြာရောင်မိုး ခေါင်ရမ်းအလင်းဓားမှ အလင်းမြူခိုး တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လုံဟောင်ချန်းမှာ ကောင်းကင် အဟန့်အတားကို အသုံးပြုကာ ခုခံရင်ဆိုင်ရန် ပြင်လိုက်သည်။
ဘန်း —
အရိုးစုကောင်၏ ဓားချက်ကို ရင်ဆိုင်လိုက်သည့် အချိန်တွင် လုံဟောင်ချန်းမှာ ခြေတစ်လှမ်း မဆုတ်ရပဲ ခုခံကာကွယ်နိုင်ခဲ့သည့် အပြင် အရိုးစုကောင်၏ အရိုးများထက်တွင် အက်ကွဲကြောင်း အသေးလေးတစ်ခုပင် ချန်ရစ်ထားနိုင်ခဲ့သည်။
ထို့နောက် လုံဟောင်ချန်း၏ လက်အတွင်း မြင့်မြတ် ဝိညာဉ်ဓားနှင့် အပြာရောင်မိုး ခေါင်ရမ်းအလင်းဓားတို့မှာ လှုပ်ရှား ကခုန်သွားသည်။ လုံဟောင်ချန်းသည် ပဉ္စမအဆင့် တိုက်ခိုက်ရေး သူရဲကောင်း နည်းစနစ် ဖြစ်သော ကောင်းကင်သို့ နဂါး ပျံတက်ခြင်း နည်းစနစ် ကို အသုံးပြုလိုက်သည်။ လုံဟောင်ချန်း၏ ခန္ဓာကိုယ်မှ နဂါး ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာပြီး ဓားအလင်းတစ်ခုမှာ အရိုးစုကောင်ထံသို့ ပြေးဝင်သွားသည်။
အရိုးစုကောင်မှာ လုံဟောင်ချန်းအား အရင်တိုက်ခိုက်ခဲ့သောလည်း လုံဟောင်ချန်း၏ တန်ပြန် တိုက်ခိုက်မှုနှင့် ကြုံတွေ့ရသည့် အချိန်တွင် ၎င်းမှာ အလျင်စလိုဖြင့် သူ၏ အရိုးဒိုင်းဖြင့် ကာကွယ်လိုက်၏။
ဘန်း ….
ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အရိုးစုကောင်၏ အရိုးဒိုင်း တစ်ဝက်မှာ ကြေမွ ပျက်စီးသွားသည်။
ဤမြင်ကွင်းကို မြင်ပြီးနောက် လုံဟောင်ချန်း အတော်လေး ယုံကြည်မှု ရှိသွား၏။ သူသည် အရိုးကောင်၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ရုံသာ မက ၎င်း၏ ဒိုင်းတစ်ဝက်ကိုပါ ပျက်စီးသွားသည် အထိ တိုက်ခိုက်နိုင်ခဲ့ပေသည်။ ဤသည်မှာ အလင်းလှိုင်းဂယက်များ၏ စွမ်းအားပင်။ လုံဟောင်ချန်းမှာ သူ၏ ကောင်းကင် အဟန့်အတားနှင့် အလင်းလှိုင်းဂယက်များကို ပေါင်းစပ်လိုက်သည့် အချိန်တွင် ခုခံကာကွယ်နိုင်စွမ်း ပိုမို တိုးမြှင့်သွားသည့်သာ မက ၎င်းသည် ရန်သူ၏ တိုက်ခိုက်မှု တစ်စိတ်တစ်ပိုင်းကို စုပ်ယူ ချေဖျက်ပေးသေးသည်။
ထို့အပြင် အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား နှင့် အလင်း လှိုင်းဂယက်များ ၏ ပေါင်းစပ်မှု သည် ဤမျှ အားကောင်း လာလိမ့်မည် ဟု လုံဟောင်ချန်း ကိုယ်တိုင် ပင် မထင်မှတ် ခဲ့ချေ။ ဤ အရိုးစု ၏ တိုက်ခိုက်ရေး စွမ်းအား သည် ကြီးမား သော်လည်း ၎င်း၏ ကာကွယ်ရေး သည် နှိုင်းယှဉ် ကြည့်လျှင် အားနည်း လေသည်။ ၎င်းမှာ သူ ကောင်းမွန်သော လက်နက် ကိရိယာ များ မရှိခဲ့စဉ် အချိန်ကနှင့် တူနေပေသည်။
အခြား အရိုးစု တစ်ကောင်မှာမူ ဟောင်ယွဲ့ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုများကို ခုခံရန် အလုပ်ရှုပ် နေလေသည်။
ဟောင်ယွဲ့မှာ ထိုအရိုးစုကောင်အား ဒြပ်စင် တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ပစ်လွှတ်ကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှု တစ်ခုခြင်းစီသည် တစ်ခုတည်း ဆိုပါက သိပ်အားမကောင်းသော်လည်း ၎င်းတို့ကို တစ်ပြိုင်နက် ပစ်လွှတ်တိုက်ခိုက်လိုက်သည့် အချိန်တွင်မူ ရလဒ်မှာ ပြောင်းလဲသွားသည်။
ဟောင်ယွဲ့၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းပင် ထိုအရိုးစုကောင်အား အချိန်ဆွဲရန်ပင်။ ထိုမှသာ လုံဟောင်ချန်းအတွက် လုံလောက်သည့် အချိန်ကို ရရှိမည် ဖြစ်၏။
အပြာရောင်မိုး ခေါင်းရမ်းအလင်းဓားမှ အားကောင်းသော နေမင်းရောင်စဉ် မီးတောက် တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာကာ အလင်းလှိုင်းဂယက်များ နည်းစနစ်၏ မြင့်မားသော တုန်ခါမှု ကြိမ်နှုန်းနှင့် ပေါင်းစည်းသွားသည်။
နေမင်းရောင်စဉ် အလင်းရိုက်ချက်။
သံသယ ဝင်စရာ မလိုအောင်ပင် ... နေမင်းရောင်စဉ် အလင်းရိုက်ချက် သည် စွမ်းအား အရ မြင့်မြတ်အလင်းဓားချက် နှင့် မနှိုင်းယှဉ် နိုင်သော်လည်း မြင့်မြတ်အလင်းဓားချက် ကဲ့သို့ ပြင်ဆင်ရန် အချိန် လိုအပ်သော စွမ်းရည် တစ်ခု နှင့် မတူဘဲ လုံဟောင်ချန်း၏ ကျင့်ကြံမှု အဆင့်နှင့် ချက်ချင်း ထုတ်လွှတ်နိုင်သော တိုက်ခိုက်မှု နည်းစနစ်ပင်။
လုံဟောင်ချန်း၏ စွမ်းရည်များသည် သေသပ်သိမ်မွေ့ လှပ၏။ သူ၏ တိုက်ခိုက်ရေး နည်းစနစ် ပေါင်းစပ်မှုများသည် တရားစီရင်ခြင်းနှင့် ပြစ်ဒဏ်ပေးခြင်း နတ်ဘုရား သူရဲကောင်း လုံရှင်းယု၏ သား ပီသစွာ မည်သည့် တိုက်ခိုက်ရေး သူရဲကောင်းများနှင့် မတူပဲ ထူးကဲလှသည်။
လုံဟောင်ချန်း၏ လက်အတွင်းရှိ ဓားနှစ်လက်လုံး လှုပ်ရှားကခုန်သွားကာ တောက်ပသည့် အလင်းဓားချက် နှစ်ခုမှာ အရိုးစုကောင်ဆီသို့ တိုးဝင်သွားသည်။
ယား …..
အရိုးစုကောင်သည် ဟိန်းဟောက်သံတစ်ခု ပြုလိုက်ပြီး သူ၏ ပျက်စီးနေသော ဒိုင်းကို စွန့်ပစ်လိုက်ကာ အရိုးဓားကို လက်နှစ်ဖက်ဖြင့် ကိုင်၍ ဝှေ့ယမ်းလိုက်သည်။ တစ်ချိန်တည်းတွင်ပဲ သူ၏ မျက်လုံး နှစ်ဖက်တွင်းရှိ ရွှေရောင် မီးတောက်များမှာ ပိုပို တောက်လောင်လာပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ရွှေရောင် အလင်းမီးတောက်လွှာတစ်ခု လွှမ်းခြုံသွား၏။ အရိုးစုကောင် ဓားကို ဝှေ့ယမ်းလိုက်သည့် အချိန်တွင် ပြင်းထန်သည့် လေထုပွတ်တိုက်မှု ဖြစ်ပေါ်လာပြီး တောက်ပသည့် လေပွေ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာကာ လုံဟောင်ချန်းထံသို့ တိုးဝင်သွားလေသည်။ လုံဟောင်ချန်း ထင်မှတ်ထားသည့် ဆန့်ကျင်စွာ ထိုတိုက်ခိုက်မှု၏ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး သူ့အား ကူရာမဲ့သည့် ခံစားချက်ကို ပေးစွမ်း၏။ ၎င်းကို ကာကွယ်ရန် လုံးဝ နီးပါး မဖြစ်နိုင်တော့သကဲ့သို့ ခံစားလိုက်ရစေပေသည်။
ဤ တိုက်ခိုက်မှု သည် ကောင်းကင် နှင့် မြေကြီးကို ပင် ခွဲဖြာ နိုင်စွမ်း ရှိသည် ဟု လုံဟောင်ချန်း ခံစားလိုက်ရပြီး ကြောက်မက်ဖွယ် အကောင်းဆုံး အချက်မှာ ၎င်း၏ တိုက်ခိုက်ရေး စွမ်းအား မဟုတ်ဘဲ ၎င်း ပိုင်ဆိုင်ထားသော ဖိနှိပ်နိုင်စွမ်း ပင် ဖြစ်ကာ လုံဟောင်ချန်း အား ၎င်းကို ရင်ဆိုင်ဖို့အတွက် အရာအားလုံး ကို စတေး ရန် အတင်းအကျပ် တွန်းအားပေး နေလေသည်။
***