သူမသည် နေရာတိုင်းကို သိရှိရန် မဖြစ်နိုင်သလို ဂိုဏ်းတိုင်းကိုလည်း သိရှိနိုင်မည် မဟုတ်ပေ။
သို့သော် ဤအမျိုးသားသည် အမှန်တကယ်ပင် လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ အလွန် ရုပ်ရည်ချောမောကြောင်းကိုမူ ဝန်ခံရပေမည်။
သူမကဲ့သို့သော ချောမောသူများကို အများအပြားမြင်တွေ့ဖူးသည့် ကျင့်ကြံသူပင်လျှင် ဤအမျိုးသားကို မြင်တွေ့လိုက်ရသောအခါ ရင်ခုန်သွားမိလေသည်။
နှစ်ပေါင်းများစွာ အေးစက်နေခဲ့သော နှလုံးသားသည် ဤအချိန်တွင် အရည်ပျော်သွားသကဲ့သို့ပင်။
အထူးသဖြင့် ကန်ရေပြင်အလား ဖြူစင်သည့် မျက်လုံးအစုံပင်။
ဝိညာဉ်သန္ဓေသားကျင့်ကြံသူ ဖြစ်နေသော်လည်း လောကဓံကို များများစားစား မကြုံဖူးသေးသည့် လူငယ်လေး တစ်ယောက်နှင့် တူနေချေသည်။
ရိုးရိုးသားသားပြောရလျှင် ဤအမျိုးသားသည် အပျိုစင် လူပျိုလေးများ ဖြစ်နေသေးသည်ဟုပင် သူမ ထင်မှတ်မိလုနီးပါး ဖြစ်သွားရသည်။
သို့သော် ထင်ရှားသည်မှာ ဤသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သော ကိစ္စပင်၊ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူထဲတွင် အပျိုစင် လူပျိုဟူ၍ မည်သို့ ရှိနိုင်ပါမည်နည်း။
တစ်ဖက်လူက အပျိုစင်ခန္ဓာကိုယ်ကို ထိန်းသိမ်းထားရမည့် ထူးခြားသော ကျင့်စဉ်မျိုးကို ကျင့်ကြံထားခြင်းမှလွဲ၍ မည်သို့မျှ မဖြစ်နိုင်ချေ။
သူမရှေ့မှ ဤအမျိုးသားအပေါ် သူမ အမှန်တကယ် သဘောကျမိသွားကြောင်း ချိုးရူယွီတစ်ယောက် ဝန်ခံရပေမည်။
ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း အချိန်ကြာမြင့်စွာ သိကျွမ်းခဲ့သူကဲ့သို့ ခံစားရ၏။
ဤခံစားချက်သည် အလွန်တရာ ထူးဆန်းလှပေသည်။
"နေဦး... မဟုတ်သေးဘူး...”
"ဒီအမျိုးသားက တကယ်ပဲ သန့်စင်ယန်ခန္ဓာကိုယ် ဖြစ်နိုင်တယ်...”
"မဟုတ်ရင် ငါ့ရဲ့ ကျောက်စိမ်းမိန်းမပျို ကျင့်စဉ်ကို လှုံ့ဆော်နိုင်မှာ မဟုတ်ဘူး...”
ချိုးရူယွီ၏ မျက်လုံးများတွင် အလင်းရောင်တစ်ချက် လက်သွားလေသည်။
သူမ၏ ရင်ထဲတွင်လည်း တိတ်တဆိတ် အံ့အားသင့်သွားပြီး ဝမ်းသာပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
ရိုးရိုးသားသားပြောရလျှင် သူမ ဤမျှ ကံကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် အမျိုးသားကျင့်ကြံသူ တစ်ဦးနှင့် ဆုံတွေ့ရုံသာမက၊ ထိုအမျိုးသားတွင် ကြီးမားသော သန့်စင်ယန်စွမ်းအင်များ ပိုင်ဆိုင်ထားသေး၏။
နတ်ဘုရားအသွင်ပြောင်းအဆင့် အမျိုးသားကျင့်ကြံသူများပင်လျှင် ဤမျှသာ ရှိပေလိမ့်မည်။
ထင်ရှားသည်မှာ ဤပုဂ္ဂိုလ်၏ ခန္ဓာကိုယ်တွင်လည်း ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေသောကြောင့်သာ ဤကဲ့သို့ ဖြစ်ပေါ်နေခြင်း ဖြစ်ရပေမည်။
စိုင်ကော်၍ ခြုံပေါ်ရောက်ခြင်းပင် မဟုတ်ပါလော။
အကယ်၍ ဤအမျိုးသားကို ထိန်းချုပ်ပြီး ၎င်း၏ ခန္ဓာကိုယ်မှ သန့်စင်ယန်စွမ်းအင်များကို စုပ်ယူလိုက်မည်ဆိုပါက၊ သူမ၏ ကျောက်စိမ်းမိန်းမပျိုကျင့်စဉ်၏ ဘေးထွက်ဆိုးကျိုးသည် ပြေလည်သွားနိုင်ပေလိမ့်မည်။
မှန်ပေသည်၊ သူမ၏ ဖြူစင်မှုကို စတေးလိုက်ခြင်းမျိုး မဟုတ်ဘဲ အဝေးမှနေ၍ စုပ်ယူခြင်းကိုသာ ဆိုလိုပေသည်။
ဟယ်ဟွမ်းဂိုဏ်းတွင်လည်း အဝေးမှ သန့်စင်ယန်စွမ်းအင်များကို စုပ်ယူနိုင်သော နည်းလမ်းများ ရှိလေ၏။
သူမ၏ ဖြူစင်သောခန္ဓာကိုယ်ကို ဖျက်ဆီးလိုခြင်းမှာ အခြေခံအားဖြင့် မဖြစ်နိုင်သော ကိစ္စပင်။
"ဒါပေမဲ့ ဒီအမျိုးသားကို ထိန်းချုပ်ဖို့ဆိုတာ အဲဒီလောက် မလွယ်ကူဘူး...”
"ဒီလူက မိုးကြိုးနတ်ဘုရားစွမ်းရည်ကို ကျွမ်းကျင်ထားတယ်...”
"ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူလို့ ထင်ရပေမယ့် တိုက်ခိုက်ရေးစွမ်းရည်က နတ်ဘုရားအသွင်ပြောင်း အစောပိုင်းအဆင့်ထက် မနိမ့်ဘူး...”
"မဟုတ်ရင် အဲဒီ နတ်ဘုရားအသွင်ပြောင်းအဆင့် ခြင်္သေ့စိမ်းနတ်ဆိုး သူ့လက်ထဲမှာ သေသွားမှာ မဟုတ်ဘူး...”
"ကြည့်ရတာ ဒီအမျိုးသားကို ရဖို့ အချိန်ယူပြီး အစီအစဉ်ဆွဲမှ ရမယ်...”
ချိုးရူယွီ၏ မျက်လုံးများ မှေးစင်းသွားလေသည်။
သူမသည် ဤအမျိုးသားကို ဖမ်းဆီးပြီး သူမ၏ ဆေးပေါင်းဖိုအဖြစ် ပြောင်းလဲရန် နည်းလမ်းပေါင်းစုံကို တွေးတောနေမိလေပြီ။
ဤကဲ့သို့သော အချောလေးကို သူမသာ ပိုင်ဆိုင်သင့်ပေသည်။
ဖမ်းမိသည်နှင့်တပြိုင်နက် သူမ၏ နောက်ဘက်နန်းဆောင်တွင် ပိတ်လှောင်ထားပြီး နေ့စဉ်နေ့တိုင်း ကြည့်ရှုခံစားမည်ဖြစ်ရာ အလွန်ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
သူမအတွက် ဤသည်မှာ အလွန်တရာ ပုံမှန်ကျသော အတွေးတစ်ခုပင် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူမသည် အရှေ့ပိုင်းကုန်းမြေတိုက်တွင် တစ်ဦးတည်းသော နတ်ဘုရားအသွင်ပြောင်းအဆင့် အမျိုးသမီးကျင့်ကြံသူဖြစ်ပြီး ဧကရီတစ်ပါးနှင့် တူညီလေသည်။
မိုးအောက်မြေပြင်တခွင် သူမသာလျှင် အထွတ်အထိပ် ဖြစ်၏။
မရေမတွက်နိုင်သော သက်ရှိများအပေါ် သေခြင်းရှင်ခြင်းအာဏာကို ချုပ်ကိုင်ထားနိုင်သည်။
သူမ သဘောကျသော အရာများနှင့် လူမှန်သမျှသည် သူမ၏လက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
နည်းလမ်းပေါင်းစုံကို အသုံးပြုရမည် ဆိုလျှင်တောင်မှ သေချာပေါက် ရယူရမည်သာ ဖြစ်၏။
သူမသည် အထက်တန်းကျောင်းမှ ကျောင်းသူလေးတစ်ဦးကဲ့သို့ ဖြူစင်သော်လည်း လက်တွေ့တွင် အကြံအစည် ကြီးမားမှုမှာ ဝူကျိထျန်းနှင့်ပင် တူညီပေသည်။ ( စကားချပ် - အင်ပါယာဝူ၊ ဝူကျိထျန်းဆိုတာတော့ ကျွန်တော်လည်း မသိဘူးဗျ။ )
"ဒါ..."
ကျိုးစွေ့ မျက်တောင်ခတ်လိုက်မိသည်။
ဤဟယ်ဟွမ်းဂိုဏ်းဂိုဏ်းချုပ်က ဘာတွေတွေးနေသည်ကို မသိသော်လည်း၊ ပဉ္စမအဆင့် 'ချစ်ခြင်းမေတ္တာကူ'၏ စွမ်းအားကြောင့် လောကရှိ အမျိုးသမီးတိုင်း၏ နှစ်သက်မှုအဆင့်ကို သူ အာရုံခံနိုင်ပေသည်။
ဤအချိန်တွင် ချိုးရူယွီ၏ သူ့အပေါ် နှစ်သက်မှုအဆင့်မှာ အဆက်မပြတ် မြင့်တက်နေသည်ကို သူ အာရုံခံမိလိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင် မကောင်းသော ရည်ရွယ်ချက် အနည်းငယ်လည်း ပါဝင်နေချေသည်။
ဤသည်မှာ ဖောက်လွဲဖောက်ပြန်သော ချစ်ခြင်းမေတ္တာတစ်မျိုး ဖြစ်ပုံရပေသည်။
ဤဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများသည်ကား တစ်ယောက်ချင်းစီတိုင်း၏ အမြင်များသည် အနည်းငယ် မူမမှန်ဟုသာ သူ ဆိုရပေမည်။
သာမန်လူများနှင့် လုံးဝ မတူညီတော့ပေ။
စည်းကမ်းများနှင့် ကိုယ်ကျင့်တရားများအားလုံးသည် သူမတို့အပေါ် အကျုံးမဝင်ချေ။
ဤအမျိုးသမီးသည် မိမိကို တကယ် သဘောကျနေသော်လည်း တစ်ချိန်တည်းမှာပင် မိမိကို ကျွန်ပြုလိုနေကြောင်း ခန့်မှန်းရသည်။
ဤစိတ်ခံစားမှုနှစ်မျိုးသည် မထော်မနန်းဖြစ်သည်ဟူ၍လည်း မဟုတ်ပေ။
ရုပ်ရည်ချောမောခြင်းသည် အမျိုးသမီးများ၏ နှစ်သက်မှုကို အလွယ်တကူ ရရှိနိုင်စေနိုင်သလို၊ 'ချစ်ခြင်းမေတ္တာကူ' မလိုဘဲနှင့်ပင် လောကရှိ မရေမတွက်နိုင်သောအမျိုးသမီးများ၏ အချစ်များနှင့် နှလုံးသားများကို ရရှိနိုင်ကြောင်း ဆိုနိုင်ပေ၏။
သို့သော် အင်အားကြီးမားသော အမျိုးသမီးများအတွက်မူ သူမတို့၏ ပိုင်ဆိုင်လိုစိတ်ကိုသာ တိုးပွားစေပေလိမ့်မည်။
တစ်ယောက်ချင်းစီက သူ့ကို ဖမ်းဆီးသွားပြီး ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ကာ တစ်ကိုယ်တော် အပြည့်အဝ ပိုင်ဆိုင်ချင်ကြသည်။
"ကြည့်ရတာ ကူပိုးကောင် မထည့်သွင်းချင်လို့ မရတော့ဘူးပဲ...”
"နတ်ဘုရားအသွင်ပြောင်းအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ဆိုတာ အလွယ်တကူ ဖြေရှင်းလို့ ရတာမဟုတ်ဘူး...”
"ငါ့ကို ဖမ်းဖို့ တကယ် လုပ်လာနိုင်တယ်...”
"ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲလိုက်တာပဲ ကောင်းပါတယ်လေ...”
ကျိုးစွေ့မှာ အတွေးတစ်ချက်ဖြင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ 'ချစ်ခြင်းမေတ္တာကူ'၏ သားပေါက်လေးသည် အရှိန်အဝါတစ်မျှင်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး မည်သည့်သဲလွန်စမှမရှိဘဲ ချိုးရူယွီ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားကာ သူမလည်း သတိမထားမိနိုင်ခဲ့ပေ။
'ချစ်ခြင်းမေတ္တာကူ'၏ သားပေါက်လေး ချိုးရူယွီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောအခါ၊ သူမ၏ ကျိုးစွေ့အပေါ် မကောင်းသော ရည်ရွယ်ချက်များလည်း လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
"အင်း... ထားလိုက်ပါတော့...”
"ခုနက ငါ တကယ်ပဲ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတာပဲ...”
"ရှေးဟောင်းဂိုဏ်းက ဆက်ခံသူတစ်ယောက်ဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကိုတောင် သတ်နိုင်တယ်ဆိုကတည်းက အလွယ်တကူ ရင်ဆိုင်လို့ရတာမျိုး မဟုတ်ဘူး...”
"သူ့ဆီမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေကို ရင်ဆိုင်နိုင်မယ့် ဝှက်ဖဲတွေ အများကြီး ရှိနေနိုင်တယ်...”
"ဒီလူက ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်ကျင့်ကြံသူ ဖြစ်ပေမယ့် ငါ့လို နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရာမှာ လုံးဝ ကြောက်ရွံ့ပုံလည်း မရဘူး...”
"ငါ့ကို တာအိုရောင်းရင်းအဖြစ် သတ်မှတ်ရဲတယ်ဆိုတော့ကာ… ယုံကြည်မှုအပြည့်ရှိပြီး သူ့ကိုယ်သူ နတ်ဘုရားအသွင်ပြောင်းအဆင့်ထက် မနိမ့်ဘူးလို့ ယူဆထားတာ သိသားနေတာပဲ...”
"ဒီလိုလူမျိုးကို မိတ်ဆွေဖွဲ့တာင ပိုကောင်းတယ်... အလွယ်တကူ မစော်ကားသင့်ဘူး...”
ဤအခိုက်အတန့်တွင် ချိုးရူယွီသည် သူမ၏ ခေါင်းထဲတွင် ချက်ချင်း ရှင်းလင်းသွားသည်ကို ခံစားလိုက်ရပြီး၊ ယခင်က ရှိခဲ့သော မကောင်းသော အတွေးအကြံများအားလုံး ပျောက်ကွယ်သွားကာ ကျိုးစွေ့အပေါ် မကောင်းသော ရည်ရွယ်ချက်များကို ချေဖျက်လိုက်လေတော့သည်။
ဤအကြောင်းကို တွေးမိပြီးနောက် ကျိုးစွေ့ကို ကြည့်လိုက်သော သူမ၏ မျက်လုံးများသည် ချက်ချင်းဆိုသလို နူးညံ့သွားလေသည်။
"တာအိုရောင်းရင်းချိုး...”
"ရွှမ်ဟွမ်ဂိုဏ်းက ဝေးလံခေါင်သီတဲ့ ဂိုဏ်းလေးတစ်ခုပါ...”
"တာအိုရောင်းရင်းချိုး မသိတာလည်း ပုံမှန်ပါပဲ...”
ကျိုးစွေ့ ခပ်ဟဟ ပြုံးလိုက်သည်။
သူသည် ရွှမ်ဟွမ်ဂိုဏ်း၏ နောက်ခံသမိုင်းကြောင်းကို အများကြီး ရှင်းပြမနေတော့ပေ၊ လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းထားခြင်းက ပိုကောင်းသည် မဟုတ်ပါလော။
အကယ်၍ အခြားကျင့်ကြံသူများသာ သူသည် ချန်လန်ပင်လယ်ဒေသမှ လာကြောင်း သိသွားပါက၊ သူ ရှေးဟောင်း တည်နေရာရွှေ့ပြောင်းအစီအရင်ကို ပိုင်ဆိုင်ထားသည့် ကိစ္စမှာ သေချာပေါက် ပေါက်ကြားသွားပေလိမ့်မည်။
"ဝေးလံခေါင်သီတဲ့ ဂိုဏ်းလေး ဟုတ်လား...”
"တာအိုရောင်းရင်းကျိုး ရှိနေမှတော့ အခုကစပြီး ရွှမ်ဟွမ်ဂိုဏ်းက လောကမှာ နာမည်ကြီးလာတော့မှာပဲ...”
ချိုးရူယွီက အနည်းငယ် ပြုံးလိုက်လေသည်။
သူမရှေ့မှ ဤအမျိုးသား၏ အသက်စွမ်းအင်သည် အလွန် နုပျိုနေပြီး အသက်ငါးရာပင် မပြည့်သေးကြောင်း ခံစားမိလိုက်သည်။ သို့သော်ငြား ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနေပြီ ဖြစ်၏။
အနာဂတ်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိရန်လည်း ကြီးမားသော မျှော်လင့်ချက် ရှိလေသည်။
ယခုအခါ သူမသည် ကျိုးစွေ့ကို မိမိနှင့် တစ်တန်းတည်းရှိသော ကျင့်ကြံသူတစ်ဦးအဖြစ် လုံးဝသတ်မှတ်ပြီး တန်းတူညီမျှ ဆက်ဆံနေပြီ ဖြစ်၏။
"လောကမှာ နာမည်ကြီးဖို့ မလိုပါဘူး...”
"ဒီလိုဆိုရင် အားလုံးရဲ့ ပစ်မှတ်ဖြစ်သွားဖို့က အရမ်း လွယ်ကူတယ်...”
"ဒီနေ့ကိစ္စကို တာအိုရောင်းရင်းချိုး ပြင်ပကို မပြောပြဖို့ မျှော်လင့်ပါတယ်...”
"ဒီ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကို သတ်တာကလည်း တိုက်ဆိုင်သွားလို့ပါ...”
ကျိုးစွေ့က တောင်းဆိုလိုက်၏။
"ကောင်းပါပြီ... တာအိုရောင်းရင်းက နာမည်မကြီးချင်မှတော့ ကျမကလည်း လိုက်နာပါ့မယ်...”
"ဒါပေမဲ့ တာအိုရောင်းရင်း ကျမနဲ့အတူ ဟယ်ဟွမ်းဂိုဏ်းကို လိုက်ခဲ့ပါလား... ကျမ ဧည့်ခံပြုစုပါ့မယ်...”
"အိမ်ရှင်ကောင်းပီသစွာ ဧည့်ခံပါရစေ... တာအိုရောင်းရင်း ငြင်းဆန်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်...”
"ဘာပဲပြောပြော တာအိုရောင်းရင်းသာ ဝင်မကူညီခဲ့ရင်... ဒီနေ့ ဟယ်ဟွမ်းဂိုဏ်းက သမိုင်းပဲ ဖြစ်သွားတော့မှာလေ...”
ချိုးရူယွီက သက်ပြင်းချကာ ပြောလိုက်သည်။
ရိုးရိုးသားသားပြောရလျှင် သူမ နောက်ပြောင်နေခြင်း မဟုတ်ပေ။
အကယ်၍ သူမသာ ထိုခြင်္သေ့စိမ်းနတ်ဆိုးကို မနှိမ်နင်းနိုင်ပါက ဟယ်ဟွမ်းဂိုဏ်းသည် သေချာပေါက် ပျက်စီးသွားရမည် ဖြစ်၏။
ဟယ်ဟွမ်းဂိုဏ်းမှ ကျင့်ကြံသူအားလုံးသည် ခြင်္သေ့စိမ်းနတ်ဆိုး၏ ဝါးမြိုခြင်းကို ခံရမည်ဖြစ်ပြီး၊ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
"တာအိုရောင်းရင်းက လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်မှတော့ ကျုပ်ကလည်း သဘာဝကျကျ ငြင်းဆန်မှာ မဟုတ်ပါဘူး...”
"ဒါပေမဲ့ မသွားခင်... ကျုပ် ပစ္စည်းလေးနည်းနည်း ယူစရာ ရှိသေးတယ်...”
ကျိုးစွေ့ ခေါင်းညိတ်လိုက်လေသည်။
"ပစ္စည်းယူမယ်... ဘာပစ္စည်းများလဲ...”
ချိုးရူယွီ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ဝှစ်...။
ထိုအချိန်တွင် ကျိုးစွေ့က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး တွင်းနက်ကြီးထဲမှ လူတစ်ရပ်ခန့် မြင့်မားသော ကြီးမားသည့် ကျောက်တိုင်ကြီးတစ်ခုကို ချက်ချင်း ထုတ်ယူလိုက်လေသည်။
အပေါ်တွင် ထူးခြားသော မင်ရည်ဖြင့် - 'နတ်ဆိုးချုပ်တောင်ကြား' ဟု ရေးသားထားပုံရပေသည်။
ထင်ရှားသည်မှာ ဤသည်မှာ နတ်ဆိုးချုပ်တောင်ကြား၏ ကျောက်တိုင်ပင် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ဤသည်မှာ ယခုတစ်ကြိမ် ကျိုးစွေ့၏ ပစ်မှတ်များထဲမှ တစ်ခုဖြစ်သော ထိုက်ရီရွှေစင် ဖြစ်လေသည်။
လက်ထဲရောက်သည်နှင့်တစ်ပြိုင်နက် ကျိုးစွေ့သည် အင်မော်တယ်ကမ္ဘာမှလာသော ဤသတ္တုရိုင်းတွင် ကြီးမားသော သတ္တုဓာတ်ချီများ ပါဝင်နေပြီး ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရများ စုဝေးနေပုံရကာ အလွန်တရာ လေးလံကြောင်း ချက်ချင်း ခံစားလိုက်ရတော့သည်။
လက်ထဲတွင် ကိုင်ထားရသည်မှာ တောင်ကြီးတစ်လုံးကို ထမ်းထားရသကဲ့သို့ ရှိပေ၏။
ယခုလေးတင် နတ်ဘုရားအသွင်ပြောင်းအဆင့် တိုက်ပွဲကို ဖြတ်သန်းခဲ့ရပြီး ကြောက်မက်ဖွယ် နောက်ဆက်တွဲ ဂယက်လှိုင်းများ ဖြစ်ပေါ်ခဲ့သော်လည်း၊ ဤထိုက်ရီရွှေစင်သည် စိုးစဉ်မျှပင် ထိခိုက်မှု မရှိချေ။
***