အဝေးရှိ စတုတ္ထအဆင့် ဝိညာဉ်သားရဲများ၏ ရင်ထဲတွင် အေးစက်သွားပြီး တစ်ခုခု မှားယွင်းနေပြီဟု အလိုလို ခံစားလိုက်ရပေသည်။
သူတို့၏ အနာဂတ်ဘဝမှာ အလွန် သနားစရာကောင်းလာမည်ဟု ထင်မှတ်ရတော့သည်။
သူတို့ကို မျိုးစပ်ဝက်များအဖြစ် သတ်မှတ်ကာ မျိုးဆက်သစ်များကို အဆက်မပြတ် မွေးဖွားခိုင်းမည်မှာ သေချာလှသည်။
သို့သော်လည်း သူတို့အနေဖြင့် ငြင်းဆန်ရန် နည်းလမ်း မရှိချေ။
"သားရဲထိန်းချုပ်ခြင်း တောင်ထွတ်လား... မဆိုးဘူးပဲ..."
ကျိုးစွေ့က မျက်လုံးကို မှေးကျဉ်းလိုက်လေ၏။
သားရဲထိန်းချုပ်ခြင်း ပညာရပ်တစ်ခုကို ရှာဖွေခြင်းက ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဟု သူ ယူဆပေသည်။ သူကိုယ်တိုင် မသင်ယူလျှင်ပင် ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်များ သင်ယူမည်ဆိုပါက ဆိုးရွားသော ကိစ္စရပ် မဟုတ်ချေ။
ထို့အပြင် သားရဲထိန်းချုပ်ခြင်း ပညာရပ်ကို ရှာဖွေရန်မှာလည်း အလွန် လွယ်ကူလှပြီး ‘ပစ္စည်းရှာဖွေကူ’၏ စွမ်းအားကို အသုံးပြုရုံဖြင့် ရနိုင်ပေသည်။
ယခင် သားရဲထိန်းချုပ်ခြင်းဂိုဏ်း၏ ပညာရပ်များကို ရှာမတွေ့နိုင်လျှင်ပင် အခြားပညာရပ်များကို ရှာတွေ့ခြင်းသည်လည်း မဆိုးရွားသော ရွေးချယ်မှုတစ်ခု ဖြစ်သည်။
အကယ်၍ ရွှမ်ဟွမ်ဂိုဏ်းတွင် ဝိညာဉ်သားရဲ အမြောက်အများ ပေါ်ထွက်လာပါက ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်များအတွက်လည်း အကျိုးကျေးဇူးများစွာ ရှိပေမည်။
လူသားမျိုးနွယ်၏ အင်အားကိုပင် မြှင့်တင်ပေးနိုင်သေးသည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ထက်ပင် ပို၍ အကျိုးရှိလှပေသည်။
"ယောကျ်ား..."
"ကျွန်မဆရာမက ရှင်နဲ့ ကိစ္စလေးရှိလို့တဲ့... တွေ့ဖို့ အချိန်ရမလား မသိဘူး..."
ရုတ်တရက် ချူတျဲ့ယီက နတ်ဘုရားအာရုံဖြင့် အသံပို့လွှတ်လိုက်သည်။
"မင်းဆရာမလား..."
ဤစကားကို ကြားသောအခါ ကျိုးစွေ့ မျက်ခုံးပင့်လိုက်မိသည်။ ချူတျဲ့ယီ၏ ဆရာမမှာ ချန်ဇီယွင်ဖြစ်ကြောင်း သူ သဘာဝကျစွာပင် သိရှိထားသည်။
သို့သော် ချန်ဇီယွင်က သူနှင့်တွေ့ဆုံရန် ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ယဲ့ဖေးရိုတစ်ယောက် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းသွားသည့် သတင်းကြောင့် လှုံ့ဆော်ခံလိုက်ရသဖြင့် ကိုယ်တိုင် လာရောက်တွေ့ဆုံခြင်းမှာ ဖြစ်နိုင်ခြေ များပေသည်။
သို့မဟုတ်ပါက သူမအနေဖြင့် သူ့ထံသို့ ကိုယ်တိုင် လာရောက်ရှာဖွေမည် မဟုတ်ချေ။ သို့သော် ဤသည်မှာလည်း ကောင်းသောကိစ္စပင် ဖြစ်သည်။
ချန်ဇီယွင်သည်လည်း ဝိညာဉ်သန္ဓေသား ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ရာ အကယ်၍ သူမအား နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်ပါက၊ ချန်လန်ပင်လယ်ပြင်ဒေသတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူနှစ်ဦး ရှိလာမည်ဖြစ်ပြီး အင်အားမှာလည်း ပိုမို တိုးတက်လာမည် ဖြစ်သည်။
အရေးအကြီးဆုံးမှာ သူသည်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့် တာအိုလက်တွဲဖော်တစ်ဦးကို ထပ်မံရရှိမည်ဖြစ်ရာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ဖြစ်ပေသည်။
"ကောင်းပြီလေ... ဘယ်နေရာမှာ တွေ့ကြမလဲ..."
ကျိုးစွေ့က မေးလိုက်၏။
"ဆရာမက အင်မော်တယ်ရှားမြို့တော်မှာတဲ့..."
"တွေ့မယ့်အချိန်က မနက်ဖြန်ညဘက်..."
"ဒါပေမဲ့ ယောကျ်ား... ဆရာမရဲ့ ရည်ရွယ်ချက်က သိပ်မရိုးသားဘူးလို့ ကျွန်မ ထင်တယ်..."
ချူတျဲ့ယီသည် အနည်းငယ် တွေဝေစွာဖြင့် ပြောလိုက်သည်။
သူမ၏ဆရာမက ခင်ပွန်းဖြစ်သူကို တွေ့ချင်သည်မှာ သေချာပေါက် အကြံအစည်တစ်ခုခု ရှိနေမည်ဟု သူမ ခံစားနေရ၏။
သို့သော်လည်း တစ်ဖက်လူမှာ သူမ၏ နှစ်ပေါင်းများစွာ ကျေးဇူးရှင်ဆရာမ ဖြစ်ပေသည်။ ဆရာမ၏ တောင်းဆိုမှုကို သူမအနေဖြင့် ငြင်းဆန်ရန် နည်းလမ်းမရှိချေ။
"ကိစ္စမရှိပါဘူး... အင်မော်တယ်ရှားမြို့တော်က ကိုယ့်ရဲ့ နယ်မြေပဲလေ... ဘာများ ဖြစ်နိုင်မှာမို့လို့လဲ..."
ကျိုးစွေ့က နှစ်သိမ့်လိုက်သည်။
"ဒါလည်း ဟုတ်တာပဲ..."
ဤစကားကို ကြားသောအခါ ချူတျဲ့ယီလည်း သက်ပြင်းချကာ စိတ်သက်သာရာ ရသွားလေသည်။
"ဘာတွေ ပြောနေကြတာလဲ..."
"ယောကျ်ား... ကျွန်မတို့ ကျင့်ကြံဖို့ အချိန်ရောက်ပြီနော်..."
ထိုအချိန်တွင် ရှရွှေယန်သည် သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လေးကို လှုပ်ခါကာ လျှောက်လာပြီး မျက်ဝန်းများက ဆွဲဆောင်မှုအပြည့် ရှိနေလေသည်။
သူမ၏ လှပသော မျက်လုံးများတွင် စိန်ခေါ်လိုသော အရိပ်အယောင်များ ပေါ်လွင်နေ၏။ ကျိပင်းယွီနှင့် အခြားသူများကလည်း ကျိုးစွေ့ကို စိုက်ကြည့်နေကြရာ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ဆာလောင်နေသော ခြင်္သေ့မများကဲ့သို့ပင် ဖြစ်နေချေသည်။
ဤသည်မှာ မိန်းမလှလေးများ၏ ကမ္ဘာ၊ ပင့်ကူအိမ်ထဲသို့ ရောက်သွားသကဲ့သို့ပင် ဖြစ်လေ၏။ သာမန် အမျိုးသားများဆိုလျှင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။
များမကြာမီတွင် ကျိုးစွေ့သည် တာအိုလက်တွဲဖော် အများအပြားကို ခေါ်ဆောင်ကာ လိုဏ်ဂူထဲသို့ ဝင်ရောက်၍ ကျင့်ကြံလေတော့သည်။
အထဲမှ စည်းချက်ကျသော တာအိုသံစဉ်များ ထွက်ပေါ်လာပြီး ကျမ်းစာများကို ကျယ်လောင်စွာ ရွတ်ဖတ်နေသကဲ့သို့ အချိန်အတော်ကြာသည့်တိုင်အောင် ရပ်တန့်မသွားခဲ့ချေ။
…………
နောက်တစ်နေ့ ညဘက်၊ အင်မော်တယ်ရှားမြို့တော်ရှိ ခြံဝင်းတစ်ခု၌…။
ဝှစ်…။
ကျိုးစွေ့၏ ပုံရိပ်မှာ လှုပ်ရှားသွားပြီး ချန်ဇီယွင်နှင့် တွေ့ဆုံမည့်နေရာသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားတော့သည်။
ထိုအချိန်တွင် ချန်ဇီယွင်သည် ခြံဝင်းထဲ၌ စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။
သူမသည် ထွင်းဖောက်မြင်နေရသော အဖြူရောင် ကြာပန်းပုံပါ ရင်စေ့အင်္ကျီကို ဝတ်ဆင်ထားပြီး၊ ခါးတွင်မူ ပါးလွှာသော ပန်းပွင့်တစ်ရာ ဂါဝန်ရှည်ကြောင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်နေစေသည်။ ရင်သားများမှာ မြေဆွဲအားကို ဆန့်ကျင်နေသကဲ့သို့ ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ဖွံ့ထွားလှပေသည်။
သူမ၏ ခါးအထိတိုင် ရှည်လျားသော မဟူရာဆံနွယ်များကြားတွင် ပုလဲပန်းဆံထိုးလေးအား ထိုးထားလေရာ အလွန်တရာ ဆွဲဆောင်မှု ရှိလှချေ၏။
မသိပါက၊ ဗိုင်းကောင်းကျောက်ဖိ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကဲ့သို့ပင် ဖြစ်ပေသည်။
သူမ၏ လှပသော မျက်လုံးများတွင် ထူးခြားသော အလင်းရောင်များ တောက်ပနေပြီး နှလုံးသားကို လှုပ်ခတ်စေနိုင်သည်။
အပြုံးလေးတစ်ချက်ကပင် ဆွဲဆောင်မှုပေါင်း များစွာကို ထုတ်လွှတ်နေသကဲ့သို့ပင်။
ဟန်ပန်အမူအရာ အမျိုးမျိုး ပြောင်းလဲနိုင်ပြီး အလွန်ပင် ဆွဲဆောင်မှုရှိနေသည်မှာ ယဲ့ဖေးရိုနှင့် နာမည်ကျော်ကြားမှု တူညီသော ပြိုင်ဘက်ကင်းအလှပိုင်ရှင်ဟု ခေါ်ဆိုထိုက်ပေသည်။
သူမ၏ ဆွဲဆောင်မှုရှိသော နာမည်သတင်းသည်ကား ယဲ့ဖေးရိုထက်ပင် ပို၍ ကြီးမားလှသည်ကို သိထားရပေမည်။
ယဲ့ဖေးရိုသည် အမျိုးသားကျင့်ကြံသူ အများအပြား၏ ရင်ထဲမှ အဖြူရောင်လမင်းလေးဟု ဆိုလျှင်၊ ချန်ဇီယွင်မှာ အမျိုးသားကျင့်ကြံသူ အများအပြား၏ ရင်ထဲမှ အကောင်းဆုံးသော ကိုယ်လုပ်တော်လေးဟု ဆိုနိုင်ပြီး မီးဖိုချောင်တွင်လည်း ချက်ပြုတ်နိုင်သလို ဧည့်ခန်းတွင်လည်း ဧည့်ခံနိုင်သူ ဖြစ်ပေသည်။
“လူဆိုးလေး... နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့...”
“ကျွန်မသာ လာမတွေ့ရင် ရှင်က လာမရှာတော့ဘူးလား...”
ချန်ဇီယွင်သည် ငိုတော့မည့်ဟန်ဖြင့် ကျိုးစွေ့ကို ကြည့်နေသည်မှာ ဇနီးနှင့် သားသမီးများကို စွန့်ပစ်သွားသော သစ္စာဖောက် ယောက်ျားတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင် ဖြစ်နေချေသည်။
"တာအိုရောင်းရင်းချန်... ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောပါ..."
ကျိုးစွေ့က လက်ကို နောက်ပစ်ကာ ရပ်နေပြီး ချန်ဇီယွင်ကို စိုက်ကြည့်နေလေသည်။
ဤမိစ္ဆာမလေး၏ အကျင့်စရိုက်ကို သူ အသေအချာ သိရှိထားသည် မဟုတ်ပါလော။
အကယ်၍ သူမ၏ စကားအတိုင်းသာ လိုက်ပြောနေမည်ဆိုပါက ဤအမျိုးသမီး၏ အကွက်ထဲသို့ ဝင်သွားပေလိမ့်မည်။
သူမ၏ စကားများတွင် အမှန်တရားဟူ၍ အနည်းငယ်မျှသာ ပါဝင်သည်ဟု ဆိုနိုင်ပေသည်။
"ရောင်းရင်းကျိုးက တကယ်ကို ပွင့်လင်းတာပဲ..."
"ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင်… ယဲ့ဖေးရို အဲ့ဒီအဘွားကြီး နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာက..."
"ရှင် ကူညီပေးခဲ့လို့ မဟုတ်လား..."
ချန်ဇီယွင်၏ မျက်ဝန်းလှလှလေးများက ရုတ်တရက် တောက်ပသွားပြီး ကျိုးစွေ့ကို ကြည့်လိုက်လေသည်။
"ခန့်မှန်းနေစရာ မလိုပါဘူး... ကျုပ် ကူညီပေးခဲ့တာ အမှန်ပါပဲ..."
ကျိုးစွေ့က ခေါင်းညိတ်လိုက်သည်။
သူသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် ရည်ရွယ်မထားချေ။
အမှန်တကယ်တမ်းတွင် ချန်လန်ပင်လယ်ပြင်ဒေသတစ်ခုလုံးရှိ လူတိုင်း ဤအချက်ကို ကောင်းစွာ သိရှိထားကြသည် မဟုတ်ပါလော။
သိထားလျှင်လည်း ကိစ္စမရှိပေ။ ယခုအခါ ယဲ့ဖေးရိုသည် နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင် ဖြစ်နေပြီဖြစ်ရာ မည်သူက ရွှမ်ဟွမ်ဂိုဏ်းသို့ လာရောက်၍ ရမ်းကားရဲမည်နည်း။
သေချင်နေသူများမှလွဲ၍ မည်သူမျှ မျက်စောင်းပင် ထိုးရဲကြမည် မဟုတ်ချေ။
"ယဲ့ဖေးရို အဲ့ဒီအဘွားကြီးက ကံကောင်းတာပဲ... အသက်ငယ်ပြီး ချောမောတဲ့ ယောက်ျားတစ်ယောက်ကို ရခဲ့တဲ့အပြင်..."
"အခုတော့ တာအိုလက်တွဲဖော်ရဲ့ အကူအညီနဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်ကိုတောင် တက်လှမ်းသွားသေးတယ်..."
"ကျွန်မက သူ့ထက် ဘယ်နားမှာများ နိမ့်ကျနေလို့လဲ..."
ချန်ဇီယွင်က အံ့ကြိတ်ကာ ပြောလိုက်လေသည်။
ယခုအချိန်တွင် သူမ၏ရင်ထဲ၌ အဆုံးအစမဲ့သော မနာလိုမှု မီးတောက်များ လောင်ကျွမ်းနေချေသည်။
မူလက သူမနှင့် ယဲ့ဖေးရိုမှာ ကွာခြားချက် သိပ်မရှိခဲ့သော်လည်း ထိုအမျိုးသမီးက ရုတ်တရက် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းသွားမည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
တစ်မုဟုတ်ချင်းပင် သူမတို့အခြားက ကွာဟချက်မှာ ကြီးမားသွားခဲ့လေပြီ။
အကယ်၍ ထပ်မံတွေ့ဆုံရပါက သူမအနေဖြင့် တစ်ဖက်လူကို စီနီယာဟုသာ ခေါ်ဆိုရတော့မည် ဖြစ်သည်။
ဤသို့သော ကိစ္စမျိုး ဖြစ်လာနိုင်သည်ကို တွေးမိသည်နှင့် သူမ အလွန် ဒေါသထွက်မိ၏။
အသေအလဲ ရိုက်သတ်ခံရမည်ဆိုလျှင်ပင် ထိုအမျိုးသမီးကို စီနီယာဟု မခေါ်ချင်ပေ။ ဤသည်မှာ သူမ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည် မဟုတ်ပါလော။
"အိုး... ခင်ဗျားရဲ့ အဓိပ္ပာယ်က ခင်ဗျားကိုလည်း နတ်ဘုရားအသွင်ပြောင်းအဆင့် တက်လှမ်းဖို့ ကျုပ်ကို ကူညီပေးစေချင်တာလား..."
ကျိုးစွေ့က ခပ်ဖွဖွပြုံးကာ ချန်ဇီယွင်ကို ကြည့်လိုက်သည်။
"ဟုတ်တယ်... ဒါက ကျွန်မ အခုလာရတဲ့ အဓိက ရည်ရွယ်ချက်ပဲ..."
"ယဲ့ဖေးရို နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာက အင်မော်တယ်မူလချီနဲ့ နတ်ဘုရားအသွင်ပြောင်းဆေးလုံးကို ရခဲ့လို့ပဲ မဟုတ်လား..."
"ရှင့်ဆီမှာ အင်မော်တယ်မူလချီနဲ့ နတ်ဘုရားအသွင်ပြောင်းဆေးလုံး ရှိသေးတယ်ဆိုတာ ကျွန်မ သိတယ်..."
"အဲ့ဒါတွေအားလုံး ကျွန်မကို ပေးမယ်ဆိုရင် ကျွန်မလည်း သေချာပေါက် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်မှာပဲ..."
ချန်ဇီယွင်၏ မျက်လုံးလှလှလေးများတွင် တောက်လောင်နေသော ရည်မှန်းချက်များ ပေါ်လွင်နေပေသည်။
သူမ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ မတက်လှမ်းနိုင်ခြင်းမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ရတနာအချို့ လိုအပ်နေခြင်းကြောင့်သာ ဖြစ်သည်ဟု သူမ ယူဆထားသည်။
ချန်လန်ပင်လယ်ပြင်ဒေသတစ်ခုလုံးတွင် ယခုအခါ ဤအမျိုးသား တစ်ဦးတည်းထံတွင်သာ ရှိပေသည်။
"ခင်ဗျားကတော့ အားနာဖို့ မစဉ်းစားဘူးပဲ..."
"ချန်လန်ပင်လယ်ပြင်ဒေသတစ်ခုလုံးမှာ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ဘယ်လောက်များများက ဒီနတ်ဘုရားအသွင်ပြောင်း ရတနာတွေကို လိုချင်နေကြလဲဆိုတာ သိရဲ့လား..."
"အခု ခင်ဗျားက စကားလေး တစ်ခွန်းတည်းနဲ့ ယူသွားချင်တာလား..."
ကျိုးစွေ့က ပြုံးလိုက်လေသည်။
"အဲ့ဒီတုန်းက ရှင့်ကို ယဲ့ဖေးရိုက ဘာအကျိုးကျေးဇူးတွေ ပေးခဲ့လို့လဲ..."
"ကျွန်မက နှစ်ဆ ပြန်ပေးနိုင်တယ်... အို မဟုတ်သေးဘူး… ဆယ်ဆတောင် ပြန်ပေးနိုင်သေးတယ်..."
"ရှင် ကောင်းကင်မိစ္ဆာဂိုဏ်းကို လိုချင်တယ်ဆိုရင်တောင် ကျွန်မ ပေးနိုင်တယ်..."
ချန်ဇီယွင်က ကျိုးစွေ့ကို အလွန် လေးနက်စွာဖြင့် ကြည့်လိုက်တော့သည်။
အမှန်အတိုင်းဆိုရလျှင် ဤအရာများအားလုံးမှာ ပြင်ပပစ္စည်းများသာ ဖြစ်ပြီး မည်သည့်အဓိပ္ပါယ်မျှ မရှိချေ။
အကယ်၍ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်ပါက အရာအားလုံးကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။
"အဲ့ဒီတုန်းက… အင်း… ဖေးရိုက သူမရဲ့ စိတ်နှလုံးကို ကျုပ်ဆီ အပ်နှင်းခဲ့တာလေ..."
"ခင်ဗျားရော လုပ်နိုင်လို့လား..."
ကျိုးစွေ့က အပြုံးဖြင့် ချန်ဇီယွင်ကို စိုက်ကြည့်နေလိုက်တော့သည်။
***