နောက်တစ်နေ့ နံနက်စောစောတွင်ပင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ Nirvana X ဖုန်းများကို ဝယ်ယူလိုက်သည့်သတင်းသည် ထိပ်တန်းမီဒီယာများ၏ ခေါင်းကြီးပိုင်းတွင် နေရာယူလာတော့သည်။
လူအများစု၏ အာရုံစိုက်မှုသည် လုံထန်အုပ်စု ထံသို့ ရောက်ရှိသွားပြီး ၎င်းဖုန်းကို ကြိုတင်ဝယ်ယူထားကြသည့် စားသုံးသူများမှာလည်း မိမိတို့ရွေးချယ်မှု မှန်ကန်ခဲ့သည့်အတွက် ဝမ်းသာမဆုံး ဖြစ်နေကြသည်။ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကဲ့သို့သော အစိုးရအဖွဲ့အစည်းကပင် Nivarna X' ကို အော်ဒါမှာယူသည်ဆိုကတည်းက ဤဖုန်း၏ စွမ်းဆောင်ရည်ကို အစိုးရက တရားဝင်အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်။
အစိုးရဆိုသည်မှာ စိတ်ခံစားချက်သက်သက်ဖြင့် ပြည်တွင်းဖြစ်ကို အားပေးမည့်သူများမဟုတ်ဘဲ သေချာစွာ တွက်ချက်ချင့်ချိန်ပြီးမှသာ လုပ်ဆောင်လေ့ရှိသည်။ အကယ်၍ ပြည်တွင်းဖြစ်ကို အားပေးချင်ရုံသက်သက်ဆိုလျှင် Warwick သို့မဟုတ် အခြားသော အမှတ်တံဆိပ်များကိုလည်း အားပေးနိုင်သည်မဟုတ်ပါလား။ ယခုမူ Nivarna X' ၏ အရည်အသွေးကသာ အစိုးရ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုနေ့ နံနက် ၉ နာရီတွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပြီး ဝန်ကြီး ကျောက်ကျီ ကိုယ်တိုင် တက်ရောက်ရှင်းလင်းခဲ့သည်။
"ကျွန်တော်တို့ရဲ့ ထောက်ပံ့ရေးဌာနက စစ်ဆေးပြီးတဲ့နောက်မှာတော့ နီဗားနားဖုန်းတွေကို..."
ဤသတင်းသည် မိုးကြိုးပစ်လိုက်သကဲ့သို့ လူထုကြား ဟိုးဟိုးကျော်သွားခဲ့သည်။ အလုံးရေ တစ်သိန်းကို ရှေ့တန်းရဲအရာရှိများအတွက် တပ်ဆင်ပေးခြင်းသည် လုံထန်အုပ်စုအပေါ် ထားရှိသည့် အစိုးရ၏ ယုံကြည်မှုကို ပြသလိုက်ခြင်းပင်။ ထူးခြားချက်မှာ အစိုးရက ဤဖုန်းကို ရွေးချယ်ရသည့် အဓိကအကြောင်းရင်းမှာ 'လုံခြုံရေး' ကြောင့် ဖြစ်သည်ဟု ဆိုသည်။
"နောင်မှာ ကျွန်တော်တို့ဟာ လုံထန်အုပ်စုနဲ့ ပူးပေါင်းပြီး မိုဘိုင်းလ်စက်ပစ္စည်းတွေပေါ်မှာ ကွန်ရက်တစ်ခု တည်ဆောက်သွားမှာပါ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်အားလုံးဟာ ဒီထဲမှာပဲ စီးဆင်းသွားမှာဖြစ်သလို တစ်နိုင်ငံလုံးက ဝရမ်းပြေးစာရင်းတွေကိုလည်း ဒီစနစ်ကနေပဲ စောင့်ကြည့်သွားမှာပါ"
ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။
ဝန်ကြီး၏ စကားများသည် သတင်းမီဒီယာများအတွက် တရားဝင်ပြောကြားချက်များ ဖြစ်သော်လည်း သာမန်ပြည်သူများအတွက်မူ လုံထိန်အုပ်စုအတွက် အကြီးမားဆုံးသော အသိအမှတ်ပြုမှုပင် ဖြစ်သည်။
ထို့နောက် လုံထန်အုပ်စု၏ အမှုဆောင်အရာရှိချုပ်ကျန်းဖန်က ရှေ့ထွက်ကာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်များကို ကြေညာခဲ့သလို၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသို့ သီးသန့်ထုတ်လုပ်ပေးရန် ဘေဂျင်းတွင် စက်မှုဇုန်တစ်ခု တည်ထောင်သွားမည့်အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထိုနေ့မွန်းလွဲပိုင်းတွင် သတင်းများမှာ အင်တာနက်စာမျက်နှာများပေါ်၌ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး လုံထန်အုပ်စုကို မသိသေးသူများပင် နီဗားနားအိတ်အကြောင်း သိသွားကြကာ ဒုတိယအကြိမ်မြောက် ဝယ်ယူမှုလှိုင်းလုံးကြီးတစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။
ရှန်ကျန့်မြို့၊ လုံထန်အဆောက်အအုံ၏ အပေါ်ဆုံးထပ်၊ ဥက္ကဋ္ဌရုံးခန်း။
"ဘာလဲ... စစ်တပ်ကလူတွေက အခုထိ လက်မလျှော့သေးဘူးလား"
လွန်ခဲ့သော ရက်အနည်းငယ်က လင်းဖန်သည် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဌာန၏ ဝယ်ယူရေးလမ်းကြောင်းကို သူ၏အာဏာဖြင့် ပိတ်ပင်ခဲ့သည်။ သို့သော် အခြားသော ဌာနချုပ်များကမူ နီဗားနားအိတ်ကို ဝယ်ယူခဲ့ကြသည်။ အထူးသဖြင့် ရှေ့တန်းတပ်ဖွဲ့များထံမှ ပေးပို့သော အစီရင်ခံစာများအရ ဤဖုန်း၏ လုံခြုံရေးစနစ်မှာ အဆင့်မြင့်လွန်းလှသဖြင့် စစ်တပ်အကြီးအကဲများကြားတွင် ဈေးနှုန်းကြောင့် ဝယ်ယူရန် ငြင်းဆန်နေသည့် ထောက်ပံ့ရေးဌာနကို ကဲ့ရဲ့ပြစ်တင်မှုများ ထွက်ပေါ်နေခဲ့သည်။
"သူဌေး... ထောက်ပံ့ရေးဌာနကလူတွေကတော့ ပြန်သွားကြပါပြီ ဒါပေမဲ့ စစ်တပ်က အကြောင်းကြားလာတာကတော့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့ ညနေ ၄ နာရီမှာ ရှန်ကျန့်လေဆိပ်ကို အရောက်လာမယ်လို့ ဆိုပါတယ်"
ဟု CEO ကျန်းဖန်က လေးစားစွာ တင်ပြသည်။
"မြန်လှချည်လား သူတို့ဘက်က ဒီပူးပေါင်းဆောင်ရွက်မှုရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတာ ကြိုပြောလား"
လင်းဖန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"သူတို့ပေးတဲ့ သတင်းအရဆိုရင်တော့ တန်ရွမ်စနစ်ကို စစ်ဘက်ဆိုင်ရာ အဆင့်မြင့် ကွန်ပျူတာ OS တစ်ခုအဖြစ် ပြောင်းလဲချင်ပုံရပါတယ် အဲဒီအတွက် ကျွန်တော်တို့ဆီက ပညာရှင်တွေရဲ့ အကူအညီကို လိုချင်နေတာပါ"
ဟု ကျန်းဖုန်းက ပြန်ဖြေသည်။
"အစီအစဉ်က တော်တော်ကြီးတာပဲ"
လင်းဖန်က ပြုံးလိုက်မိသည်။ နည်းပညာရှင်တစ်ယောက်အနေဖြင့် ဤအစီအစဉ်၏ အရေးပါပုံနှင့် ခက်ခဲပုံကို သူကောင်းကောင်းနားလည်သည်။
"ဒီလိုလုပ်... လေဆိပ်ကို လူလွှတ်ပြီး သူတို့ကို ကြိုလိုက်ပါ ပြီးရင် တည်းခိုဖို့ စီစဉ်ပေးလိုက် ဘယ်လိုပူးပေါင်းမလဲဆိုတာကတော့ သူတို့ရဲ့ သဘောထားအပေါ်မှာပဲ မူတည်မယ်"
လင်းဖန်၏ စကားကြောင့် ကျန်းဖုန်းမှာ အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။
"သူဌေး... ဘာကို ဆိုလိုတာလဲ"
"ဟားဟား တစ်ဖက်ကနေ ကျုပ်တို့ရဲ့ တန်ရွမ်စနစ်ကို အဆင့်မြှင့်တင်ဖို့ ရန်ပုံငွေတွေ အလကားပေးမယ့်အပြင် လူအင်အားပါ ထုတ်ပေးမယ်ဆိုတာ ဘယ်လောက်တန်တဲ့ အလုပ်လဲ မစဉ်းစားမိဘူးလား"
လင်းဖန်က လှိုက်လှိုက်လှဲလှဲ ပြုံးရင်း ပြောလိုက်သည်။
ကျန်းဖန်တစ်ယောက် နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။ ဥက္ကဋ္ဌဖြစ်သူသည် စစ်တပ်၏ သုတေသနအဖွဲ့ကို အသုံးချကာ လုံထန်အုပ်စု၏ နောက်ထပ် မဟာဗျူဟာမြောက် ရည်မှန်းချက်များအတွက် အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် ကြံစည်နေခြင်းပင် ဖြစ်တော့သည်။
***