ဒင်..
【ဂုဏ်ယူပါသည်... စနစ်ရှင်သည် ဘဝ၏ ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်သော "တစ်နိုင်ငံလုံး ကျော်ကြားခြင်း" ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည့်အတွက် ဆုလာဘ်အဖြစ် ကြွယ်ဝမှုတစ်ခုကို ကျပန်းရွေးချယ် ဆက်ခံခွင့်ရရှိပါမည်......】
【ဂုဏ်ယူပါသည်... စနစ်ရှင်သည် အခြားကမ္ဘာတစ်ခုရှိ 'သဲကန္တာရကြယ်စင် အာကာသအင်ပါယာ' မှ အင်ဂျင်နီယာ 'ဘရူတဲလ်'၏ အသိပညာကြွယ်ဝမှုများကို ဆက်ခံရရှိပြီး 'အခြေခံအဆင့် အသိဉာဏ်တုနည်းပညာ'ကို ရရှိသွားပြီ ဖြစ်ပါသည် 】
ရုတ်တရက် ထွက်ပေါ်လာသော စနစ်၏ အကြောင်းကြားစာကြောင့် လင်းဖန် တစ်ယောက် တည်ငြိမ်မှု ပျက်ပြားသွားရသည်။
အမလေး... အမလေး... အမလေး!
အခြားကမ္ဘာက အာကာသအင်ပါယာရဲ့ အင်ဂျင်နီယာဆီက အသိပညာတွေကို ဆက်ခံရတာတဲ့လား။ ဒီစနစ်က အပြိုင်စကြဝဠာ နည်းပညာတွေတင် မဟုတ်ဘဲ ဂလက်ဆီကျော် နည်းပညာတွေအထိပါ ပေးနေပြီပေါ့။
"ဝုန်း"
ခဏချင်းမှာပင် မှတ်ဉာဏ်လှိုင်းလုံးကြီးတစ်ခုသည် လင်းဖန်၏ ဦးနှောက်ထဲသို့ လျှပ်စီးလက်သကဲ့သို့ တိုးဝင်လာသည်။ သူ ပြန်လည်သတိဝင်လာချိန်တွင် မျက်နှာထက်၌ နွေဦးလေပြေကဲ့သို့ နွေးထွေးသော အပြုံးတစ်ခု ပေါ်လွင်နေတော့သည်။
အသိဉာဏ်တု သို့မဟုတ် AI ဆိုသည်မှာ ၂၁ ရာစု၏ အဆန်းပြားဆုံးနှင့် လျှို့ဝှက်ချက်အရှိဆုံး အဆင့်မြင့်နည်းပညာပင် ဖြစ်သည်။ လူအများက AI ထွန်းကားလာလျှင် ကမ္ဘာကြီး ပျက်စီးမည်ကို စိုးရိမ်နေကြသော်လည်း ၎င်းသည် ရှောင်လွှဲ၍မရသော အနာဂတ်၏ နည်းပညာရေစီးကြောင်း ဖြစ်သည်။ ယခုမူ လင်းဖန်သည် တရုတ်စာလုံးသုံး ပရိုဂရမ်ဘာသာစကားနှင့် AI နည်းပညာကို ပေါင်းစပ်နိုင်မည့် အခြေခံအုတ်မြစ်ကို ရရှိသွားပြီ ဖြစ်သည်။
"သူဌေး"
ဘေးနားရှိ ကျန်းဖန်က လင်းဖန် ငိုင်နေသည်ကို တွေ့သဖြင့် တိုးတိုးလေး ခေါ်လိုက်သည်။
"အာ... ဘာဖြစ်လို့လဲ"
လင်းဖန် သတိပြန်ဝင်လာပြီး ကြောင်တောင်တောင်နှင့် မေးလိုက်သည်။
"သူဌေး... ဒီနေ့ အရေးကြီးတဲ့ကိစ္စရှိတာ မေ့နေပြီလား"
ကျန်းဖန်က အားမလိုအားမရ ရှင်းပြသည်။
"ကျင်းတုန်းအုပ်စုရဲ့ CEO က ဒီနေ့ နံနက် ၁၁ နာရီမှာ ရှန်ကျန့်လေဆိပ်ကို ရောက်မယ်လို့ လွန်ခဲ့တဲ့ သုံးရက်ကတည်းက ဖုန်းဆက်ထားတာလေ"
ပြောမှ သတိရတော့သည်။ လင်းဖန် နာရီကို ကြည့်လိုက်တော့ ၁၀ နာရီခွဲ ရှိနေပြီ။ မပြေးရုံတမယ် ကားမောင်းသွားမှ မှီတော့မည်။
"ဟုတ်ပြီ ... ဒါတွေကို ခင်ဗျားပဲ ဆက်ရှင်းထားလိုက်တော့ ကျုပ်အဲဒီလူ လျူယွီတုန်ကို သွားကြိုရဦးမယ် ဒီအဖိုးကြီးက ကျုပ်ဆီကနေ ထမင်းကောင်းကောင်းတစ်နပ် နှိုက်စားဖို့ ကြံနေတာ၊ အဲဒီလို အနှိုက်မခံနိုင်ပါဘူး... ကျုပ်ကပဲ သူ့ဆီက ပြန်နှိုက်ရမယ်"
လင်းဖန်သည် စကားပင် ဆုံးအောင်မပြောဘဲ Rolls-Royce Silver Phantom ကားသော့ကို ဆွဲကာ ဓာတ်လှေကားဆီသို့ အပြေးအလွှား သွားတော့သည်။
ထိုသည်ကို ကြည့်ပြီး ကျန်းဖန်တစ်ယောက် ခေါင်းခါရင်း ပြုံးမိသွားသည်။ လုံထန်ဥက္ကဋ္ဌနဲ့ ကျင်းတုန်းဥက္ကဋ္ဌ... ဒီလူနှစ်ယောက် ပေါင်းမိရင် တစ်နိုင်ငံလုံး တုန်လှုပ်သွားနိုင်တာကို အခုတော့ ထမင်းတစ်နပ်အတွက် ကလေးတွေလို ဖြစ်နေကြသည်မှာ မယုံနိုင်စရာပင်။
နံနက် ၁၁ နာရီ၊ ရှန်ကျန့်အပြည်ပြည်ဆိုင်ရာလေဆိပ် ထွက်ပေါက်။
"ဟားဟား လျူအစ်ကိုကြီး... ခင်ဗျားကလည်းဗျာ၊ အဝေးကြီးကနေ လာလည်တာတောင် လက်ဆောင်လေး ဘာလေး ပါမလာဘူးလား"
အပြာရင့်ရောင် ဝတ်စုံနှင့် အလတ်တန်းစားအရွယ် အမျိုးသားကို လင်းဖန် လှမ်းမြင်လိုက်သည်နှင့် ရယ်မောနှုတ်ဆက်လိုက်သည်။
"မင်းကများ ငါ့ကို လက်ဆောင်တောင်းရသေးတယ်၊ ဒီရက်ပိုင်း မင်းတို့ လုံထန်ပစ္စည်းတွေ ရောင်းရအောင် ငါ့ရဲ့ ကျင်းတုန်က ဘယ်လောက် ကူညီပေးထားရလဲ သိရဲ့လား"
လျူယွီတုန်က ပြုံးလျက် ပြန်ပြောသည်။
"ဒါနဲ့ နေဦး... ငါ ဒီကိုလာတာ မင်းဆီက ထမင်းစားဖို့ပဲဟို မာကြီးရော ဘယ်မှာလဲ မင်းတို့နှစ်ယောက်က ဒီမြို့ရဲ့ အိမ်ရှင်တွေပဲလေ... ငါ့ကို ဧည့်ခံရမှာပေါ့"
"ဒါကတော့ စကားပြောတာ အတော်လေး အေးစက်တာပဲ"
လင်းဖန်က ဟန်ဆောင်ပြီး မျက်နှာရှုံ့ပြလိုက်သော်လည်း စိတ်ထဲတွင်မူ အလွန်ဝမ်းသာနေမိသည်။ ကျင်းတုန်၏ ကူညီမှုသာ မပါလျှင် လုံထန်၏ အွန်လိုင်းအရောင်းမှာ ယခုလောက် ချောမွေ့မည် မဟုတ်ပေ။
"ဒါပေမဲ့ အမှန်အတိုင်းပြောရရင် မင်းတို့ရဲ့ Nirvana ကတော့ တကယ်ကို လန်းတယ်ကွာ" လျူယွီတုန်က အလေးအနက် ချီးကျူးလိုက်သည်။
"အာ... မဟုတ်ပါဘူး၊ ကြော်ငြာကောင်းလို့ပါ"
လင်းဖန်က ရယ်မောရင်း ရှောင်ထွက်လိုက်သော်လည်း လျူယွီတုန်က ခေါင်းခါကာ
"အမှန်တရားက အမှန်တရားပါပဲ မင်းက တကယ်ကို ဝါရင့်တဲ့သူတစ်ယောက်လိုပဲ၊ နိုင်ငံတကာမှာ ရုံးခွဲတွေ ကြိုတင်တည်ထောင်ထားလို့ ပြဿနာတွေ အများကြီးကို ရှောင်လွှဲနိုင်ခဲ့တာ"
ဟု ဆိုသည်။
ယခင်က Warwick နှင့် Rice (Xiaomi) တို့ နိုင်ငံခြားဈေးကွက်သို့ သွားရာတွင် ဥပဒေကြောင်းအရ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း လုံထန်မှာမူ ပြည်တွင်းဝန်ထမ်းများကို အသုံးချကာ ပါးနပ်စွာ အခြေချနိုင်ခဲ့သည်။
"မင်း ဟောင်ကောင်ဈေးကွက်ထဲကို ဝင်ဖို့ ပြင်နေတယ်လို့ ကြားတယ်"
ရုတ်တရက် လျူယွီတုန်က လင်းဖန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ကျင်းတုန်က တကယ့်ကို ထိပ်တန်း အီးကောမတ်စ် (E-commerce) လုပ်ငန်းစုကြီးပဲ၊ သတင်းအချက်အလက်က တကယ်မြန်တာပဲ"
လင်းဖန်က ခပ်ပြုံးပြုံးသာ တုံ့ပြန်လိုက်သည်။
"ငါလည်း အဲဒီလေဟုန်ကို နည်းနည်း စီးချင်လို့ပါ"
လျူယွီတုန်က သွယ်ဝိုက်မနေဘဲ တိုက်ရိုက်ပြောချလိုက်သည်။
- "ကျင်းတုန်က နိုင်ငံတကာကို ခြေဆန့်ဖို့ ကြိုးစားနေတာ ကြာပြီ၊ ဒါပေမဲ့ ထိရောက်တဲ့ တိုးတက်မှု မရှိသေးဘူး ဒါကြောင့် ဟောင်ကောင်မှာ အခြေချနိုင်ဖို့ မင်းကို ကူညီစေချင်တယ်"
ထိုစကားကြောင့် လင်းဖန် အနည်းငယ် စဉ်းစားသွားသည်။ လျူယွီတုန်၏ ရည်ရွယ်ချက်ကို သူ သဘောပေါက်လိုက်ပြီ။ Ali (Alibaba) ခြေရာမနင်းနိုင်သေးသည့် ဟောင်ကောင်သည် ကျင်းတုန်အတွက် အရှေ့တောင်အာရှသို့ ကူးပြောင်းမည့် ရွှေရောင်တံခါးပေါက် ဖြစ်လာနိုင်သည် မဟုတ်ပါလား။
***