မွန်းလွဲ ၂ နာရီ၊ ပင်ဂွင်းအဆောက်အအုံကနေ ထွက်ခွာလာပြီးနောက် လင်းဖန်ဟာ ရှန်ကျန့်မြို့မှာရှိတဲ့ လုံထန်အုပ်စု ရုံးချုပ်ဆီကို တိုက်ရိုက်ပြန်လာခဲ့သည်။
"သူဌေး"
ရုံးခန်းထဲကို သူခြေချလိုက်တာနဲ့ လုံထန်အုပ်စုရဲ့ CEO ကျန်းဖန်နဲ့ သုတေသနဌာန (R&D) အထွေထွေမန်နေဂျာ ယွီလီတို့ဟာ အသင့်စောင့်ကြိုနေကြလေသည်။
လင်းဖန်က အချိန်ဆွဲမနေဘဲ တိုက်ရိုက်ပဲ မေးခွန်းထုတ်လိုက်သည်။
- "အခု ကျုပ်တို့ရဲ့ ထုတ်လုပ်မှုနှုန်းက အော်ဒါတွေကို မမီတော့ဘူး ထုတ်လုပ်မှုလိုင်းအသစ်တွေ ထပ်ဝယ်တာက ဒီပြဿနာကို ဖြေရှင်းပေးနိုင်မလား"
"အဲဒါကတော့..."
ကျန်းဖန်နဲ့ယွီလီတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာပျက်သွားကြသည်။
သူတို့နှစ်ယောက်စလုံး တိကျတဲ့အဖြေတစ်ခုကို မပေးရဲကြပေ။
"နိုင်ငံခြားရုံးခွဲတွေကို ချက်ချင်းဖုန်းဆက်လိုက်ထုတ်လုပ်မှုလိုင်း ၁၀ ခုထက်မက ထပ်ဝယ်ဖို့ ညွှန်ကြားလိုက်ပါ၊ များလေကောင်းလေပဲ ဝန်ထမ်းရေးရာဌာနကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျွမ်းကျင်လုပ်သားတွေကို ခေါ်ယူရမယ်၊ အထူးသဖြင့် ဖုန်းအစိတ်အပိုင်း ထုတ်လုပ်ဖူးတဲ့ အတွေ့အကြုံရှိသူ အနည်းဆုံး ၂ သောင်းလောက် လိုချင်တယ်"
လင်းဖန်က ပြတ်သားတဲ့လေသံနဲ့ ဆက်ပြောတယ်။
"မြားက လေးကြိုးပေါ်ရောက်နေပြီဆိုတော့ ပစ်မှဖြစ်တော့မယ် လုံထန်ရဲ့ အရှိန်အဟုန်ဟာ ထုတ်လုပ်မှုစွမ်းအားကြောင့်နဲ့တော့ အဟန့်အတား မဖြစ်စေရဘူး နိုင်ငံတကာခြေဆန့်နိုင်ဖို့ မတ်လမတိုင်ခင် ဟောင်ကောင်ကို ကျုပ်တို့အရောက်လှမ်းရမယ်"
ကျန်းဖန်က ခက်ခဲတဲ့မျက်နှာထားနဲ့ ပြန်ဖြေသည်။
- "သူဌေး... ထုတ်လုပ်မှုလိုင်းအသစ်ဝယ်တာနဲ့ လူသစ်ခေါ်တာက လုပ်သင့်တာမှန်ပေမဲ့ အဝေးကရေနဲ့ အနီးကမီးကို ငြှိမ်းဖို့ မလွယ်ဘူးဗျ အခုက ချက်ချင်းချက်ဖို့ ဆန်တောင်မရှိတော့သလို ဖြစ်နေတာ"
"ဒါ့အပြင် ထုတ်လုပ်မှုလိုင်းအများကြီးဝယ်ဖို့က ရန်ပုံငွေ အမြောက်အမြား လိုပါတယ် ရုံးခွဲတွေ ဆက်တိုက်ဖွင့်နေရတော့ ကျွန်တော်တို့ဆီမှာ ငွေကြေးမလုံလောက်တော့ဘူး ဒီအတိုင်းသာဆိုရင် ငွေကြေးလည်ပတ်မှုပြတ်တောက်သွားနိုင်တယ်"
နိုင်ငံခြားကနေ စက်ကိရိယာတွေမှာပြီး ပြန်သယ်လာဖို့၊ တပ်ဆင်ဖို့၊ ကုန်ကြမ်းပြင်ဆင်ဖို့နဲ့ အလုပ်သမားတွေကို လေ့ကျင့်ပေးဖို့ဆိုတာ အနည်းဆုံး တစ်လလောက် အချိန်ယူရမှာဖြစ်လို့ လုံထိန်အနေနဲ့ အဲဒီလောက်အကြာကြီး မစောင့်နိုင်ပါဘူး။
"ငွေက ပြဿနာမဟုတ်ဘူး"
လင်းဖန်က အေးအေးဆေးဆေးပဲ ပြောလိုက်သည်။
- "ဒါနဲ့... China Mobile က အလုံးရေ သန်း ၅၀ မှာထားတယ်မလား သူတို့ကို စရံငွေ ယွမ် ၁၀ ဘီလီယံ ကြိုပေးဖို့ ပြောလိုက်"
"ဟာ"
ကျန်းဖန်နဲ့ယွီလီတို့ ထိတ်လန့်သွားကြသည်။
"ကျုပ်မှာ အဲဒီ ၁၀ ဘီလီယံ မရှိလို့မဟုတ်ဘူး၊ ဒါက သူတို့ရဲ့ စိတ်ရင်းကို စမ်းသပ်တာ China Mobile ဆိုတာ တစ်နိုင်ငံလုံးရဲ့ ၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ လုပ်ငန်းကြီးပဲ၊ ယွမ် ၁၀ ဘီလီယံဆိုတာ သူတို့အတွက်တော့ သမုဒ္ဒရာထဲက ရေတစ်စက်စာပါပဲ"
လင်းဖန်က ကိုယ့်ဘာကိုယ် ရေရွတ်သလို ဆက်ပြောလိုက်သည်။
တကယ်တော့ China Mobile လို အဖေကြီးနေရာက ကုမ္ပဏီမျိုးကို တခြားသူတွေကပဲ ငွေကြိုပေးရတာ ထုံးစံပါ။ ဘယ်သူကမှ သူတို့ကို ငွေကြိုပေးဖို့ မတောင်းဆိုရဲကြ။ ဒါပေမဲ့ နီဗားနားအိတ်ဖုန်းရဲ့ အရှိန်အဟုန်က China Mobile ကို ကြောက်ရွံ့သွားစေခဲ့တာပါ။
"သူဌေး... တကယ်တော့ ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်၊ ပြောလို့ဖြစ်မလားမသိဘူး"
လို့ ဘေးမှ ယွီလီက တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဝင်ပြောသည်။
"အင်း... ပြောကြည့်လေ"
လင်းဖန်နဲ့ ကျန်းဖန်တို့ရဲ့ အကြည့်တွေက ယွီလီဆီကို ရောက်သွားသည်။
"အခုချက်ချင်း ထုတ်လုပ်မှုလိုင်းအသစ်တွေဝယ်ဖို့ မမီတော့ဘူးဆိုရင် လက်ရှိရှိနေတဲ့ မိုဘိုင်းဖုန်းကုမ္ပဏီတွေကို ဝယ်ယူလိုက်လို့ ရပါတယ် သူတို့မှာရှိပြီးသား စက်ရုံတွေနဲ့ အလုပ်သမားတွေကို ကျွန်တော်တို့ ချက်ချင်း အသုံးချလို့ရမယ်လေ"
ယွီလီရဲ့ စကားကြောင့် လင်းဖန်ရဲ့ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားရသည်။ ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ အကြံဉာဏ်ပါပဲ။ အလုပ်သမားတွေ ရှာရတာထက် အသင့်ရှိပြီးသား ကုမ္ပဏီကို ဝယ်လိုက်တာက ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်မှာပါ။
"ဘယ်ကုမ္ပဏီက အသင့်တော်ဆုံးလဲ"
လင်းဖန်က ယွီလီကို မေးလိုက်သည်။
ယွီလီက ခေါင်းငြိမ့်ပြပြီး
"ကျွန်တော် ထင်တာကတော့ Coolpadမိုဘိုင်းဖုန်းကုမ္ပဏီက အကောင်းဆုံးရွေးချယ်မှုပါပဲ"
လို့ ဖြေလိုက်တော့သည်။
Coolpad ဆိုတဲ့ နာမည်ကို ကြားလိုက်ရုံနဲ့ ကျန်းဖန်နဲ့ လင်းဖန်တို့ နှစ်ယောက်စလုံး သဘောကျသွားသည်။ Coolpad ဟာ အစောပိုင်းကာလကတည်းက စမတ်ဖုန်းလောကမှာ နာမည်ကြီးခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုပါ။ သူတို့မှာ နည်းပညာမူပိုင်ခွင့်တွေ အများကြီးရှိသလို ရှန်ကျန့်၊ ပေကျင်း၊ ချင်မြို့နဲ့ ကွမ်ချန်မြို့တွေမှာလည်း ထုတ်လုပ်မှုအခြေစိုက်စခန်းတွေ ခိုင်ခိုင်မာမာ ရှိနေသည်။ ၂၀၁၂ ခုနှစ်တုန်းကဆိုရင် ပြည်တွင်းဈေးကွက်ရဲ့ ထိပ်တန်း ၃ ခုစာရင်းဝင်ခဲ့တဲ့ ကုမ္ပဏီပင်။
ဒါပေမဲ့ မကြာသေးမီနှစ်တွေအတွင်း စီမံခန့်ခွဲမှု အမှားအယွင်းတွေကြောင့် Coolpad ဟာ အကျပ်ရိုက်နေပြီး အရှုံးပေါ်ခဲ့သည်။ သူတို့မှာ အမျိုးသားအဆင့် မူပိုင်ခွင့်ပေါင်း ၁၀၀ ကျော် ရှိနေပေမဲ့ ကုမ္ပဏီကတော့ ရောင်းထုတ်ခံရမယ့် အခြေအနေကို ဆိုက်နေတာပါ။
"ကျန်းဖန်... Coolpad နဲ့ ချက်ချင်းဆက်သွယ်လိုက်ဘအဲဒီကုမ္ပဏီကို ဝယ်ယူဖို့အတွက် ပြင်ဆင်တော့"
လင်းဖန်က ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။
Coolpad ဘက်က ငြင်းမှာကို သူ စိတ်မပူချေ။ အကယ်၍ ငြင်းခဲ့မယ်ဆိုရင်လည်း လင်းဖန်ရဲ့ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုက ငွေတွေနဲ့ ဟောင်ကောင်ရှယ်ယာဈေးကွက်မှာ Coolpad ရဲ့ ရှယ်ယာဈေးကို ထိုးချပြီး အဓမ္မသိမ်းယူဖို့အထိ သူ ပြင်ထားပြီးသားပါ။
"ဟုတ်ကဲ့"
"ယွီလီ... ခင်ဗျားလည်း R&D ဌာနက လူအချို့ကိုခေါ်ပြီး Coolpad ရုံးချုပ်ကို သွားပါ သူတို့ဆီမှာ အသုံးဝင်တဲ့ မူပိုင်ခွင့်တွေ ဘာရှိလဲဆိုတာ သေချာကြည့်ပြီး အကုန်လုံးကိုပါ တစ်ပါတည်း သိမ်းယူရမယ်"
လင်းဖန်ဟာ ၂၀၁၈ ခုနှစ်တုန်းက Coolpad က Xiaomi (Dami) ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲခဲ့တာကို သတိရသွားငည်။ အခု လုံထိန်နဲ့ Xiaomi တို့က ပြိုင်ဘက်တွေဖြစ်နေတာကြောင့် Xiaomi ကို ဒုက္ခပေးနိုင်မယ့် ဘယ်လက်နက်ကိုမဆို သူ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။
"ဟုတ်ကဲ့ပါ"
ယွီလီကလည်း ခေါင်းငြိမ့်ပြီး ပြန်ထွက်သွားပါတော့သည်။
***