ကောင်းကင်ဓားပြခေါင်းဆောင်သည် ရူးသွပ်စွာ ရယ်မောလိုက်သည်။
"ဒါက မင်းရဲ့ အားနည်းချက်ပဲပေါ့”
သူ၏ မျက်လုံးများထဲတွင် ရက်စက်သော နားလည် သဘောပေါက်မှုများဖြင့် ဝင်းလက်သွားသည်။
"မင်း မလှုပ်ဘူးဆိုရင်လည်း— သူတို့ကို ကာကွယ်ရင်းနဲ့သာ သေလိုက်ပေတော့”
မီးလျှံလှံရှည်သည် သိပ်သည်းလှသော မီးလျှံလှံတိုလေးများအဖြစ် အစင်းပေါင်းများစွာ ကွဲထွက်သွားပြီး တစ်စင်းချင်းစီတွင် အင်မော်တယ်အဆင့်၏ ဖိအားတစ်ဝက်ခန့် ပါဝင်နေသည်။
သူ၏ ပစ်မှတ်မှာ ရှင်းလင်းသွားချေပြီ။ ၎င်းမှာ ပိုင်ကျီဟန် မဟုတ်ဘဲ သူ၏နောက်ကွယ်ရှိ ပျံသန်းရေးသင်္ဘောသာ ဖြစ်သည်။
အကြောင်းပြချက်သည် ခန့်မှန်းရ လွယ်ကူလှသည်။ ပိုင်ကျီဟန်ကို တိုက်ခိုက်ပါက သူက အလွယ်တကူ ရှောင်တိမ်းနိုင်သည်။ သို့သော် ပျံသန်းရေးသင်္ဘောကို ပစ်မှတ်ထားလိုက်သောအခါ ပိုင်ကျီဟန်သည် ထိုတိုက်ခိုက်မှုကို မဖြစ်မနေ ကာကွယ်ရတော့သည်။
ပိုင်ကျီဟန်သည် ယခုလောလောဆယ်တွင် ကာကွယ်နိုင်စွမ်း ရှိနေသေးသော်လည်း တဖြည်းဖြည်းနှင့် ပင်ပန်းနွမ်းနယ်လာပြီး နောက်ဆုံးတွင် ထိမှန်သွားမည်မှာ အသေအချာပင်။
အောက်ဘက်ရှိ သင်္ဘောကုန်းပတ်မှာ ပြင်းထန်စွာ တုန်ခါနေပြီး ကျန်ရှိနေသော အပူရှိန်ကြောင့်ပင် ကာကွယ်ရေးအစီအရင် လွှာများမှာ တောက်လောင်နေသည်။
ပိုင်ရွှယ်ချင်း၏ မေးရိုးများ တင်းမာသွားသည်။
သူမ ချက်ချင်း နားလည်လိုက်သည်။
ထိုသူသည် ပိုင်ကျီဟန်ကို ခုခံရုံသက်သက် အနေအထားသို့ ရောက်အောင် အကျပ်ကိုင်နေခြင်း ဖြစ်သည်။
တိုက်ခိုက်မှုတိုင်းသည် တွက်ချက်ထားပြီးသား ဖြစ်သည်။
"ငါတို့ ပျံသန်းရေးသင်္ဘောပေါ်ကနေ ဆင်းရမလား?"
"မလုပ်နဲ့၊ အပြင်မှာ အပူရှိန်က အရမ်းပြင်းတော့ လှုပ်ရှားရတာ ပိုခက်လိမ့်မယ်၊ ပြီးတော့ ငါတို့က ပစ်မှတ်ဖြစ်ဖို့ ပိုလွယ်သွားလိမ့်မယ်။"
ချူကျီယန်က ပြန်ဖြေသည်။
သူတို့ သင်္ဘောကို စွန့်ခွာပြီး ထွက်ပြေးရန် ကြိုးစားနိုင်သော်လည်း ၎င်းမှာ သင်္ဘောပေါ်တွင် နေခြင်းထက် ပို၍ အန္တရာယ်များပေလိမ့်မည်။
ထို့အပြင် သူမနှင့် ပိုင်ရွှယ်ချင်းတို့ လွတ်မြောက်နိုင်သော်လည်း သင်္ဘောကို မောင်းနှင်နေသည့် ခုန်းကျန်းဟုန်နှင့် အခြားသူများ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ကောင်းကင်ဓားပြခေါင်းဆောင်သည် လှံရှည်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်လည်စုစည်းရင်း ပြင်းထန်စွာ ဖိအားပေးလာသည်။
"ဒါကို စမ်းကြည့်စမ်း”
"နောက်တစ်ကြိမ်”
"မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ရအောင်”
ဘုန်း
နောက်ထပ် တိုက်မိမှုတစ်ခုက ကောင်းကင်ယံကို တုန်ခါသွားစေပြန်သည်။
ပိုင်ကျီဟန်၏ ဓားရည်ရွယ်ချက်သည် စီးဆင်းနေသော ရေလှိုင်းများကဲ့သို့ အပြင်ဘက်သို့ ပြန့်ကားသွားပြီး တိုက်ခိုက်မှုတိုင်းကို တိကျစွာ ဟန့်တားနေသည်။ မီးတောက်များ ကွဲအက်သွားပြီး တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားသည်။
သို့သော် သူ ရှေ့သို့ မတိုးခဲ့ပေ။
သူ ပြန်လည် တိုက်စစ်မဆင်ခဲ့ပေ။
သူ ရပ်မြဲအတိုင်းသာ ရပ်နေသည်။
အဘယ်ကြောင့်ဆိုသော် သူသာ ခြေတစ်လှမ်းမျှ ရွေ့လိုက်ပါက
ပျံသန်းရေးသင်္ဘောမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သောကြောင့်ပင်။
ကောင်းကင်ဓားပြခေါင်းဆောင်က ခံစားမိနေသည်။
"ဒီအစွမ်းနဲ့ဆိုရင် ငါ့ရဲ့ ဝိညာဉ်ချီတွေက ကုန်ခန်းသွားမှာ မဟုတ်ဘူး”
သူ၏ အရှိန်အဝါသည် တစ်ဖန် ပြန်လည် မြင့်တက်လာပြန်သည်။ မတည်ငြိမ်သော်လည်း အလွန်အမင်း ဖိနှိပ်နိုင်စွမ်း ရှိလှသည်။
"မင်း လွတ်နိုင်မှာ မဟုတ်ဘူး”
အကြိမ်ကြိမ် တိုက်ခိုက်မှုများကြောင့် ကောင်းကင်ပြင်မှာ ကွဲအက်နေသည်။
ဟင်းလင်းပြင်ကြီးက အော်ဟစ်နေ၏
မီးတောက်မုန်တိုင်းများမှာ ပြင်းထန်နေသည်။
ဖိအားများမှာ နတ်ဘုရား၏ ပြစ်ဒဏ်ခတ်မှုကဲ့သို့ ကျဆင်းလာသည်။
ဓားပြခေါင်းဆောင်က ထိုးနှက်နေသည်။
ထပ်ခါ ထပ်ခါပင်
တိုက်ခိုက်မှုတိုင်းသည် အရင်ကထက် ပို၍ ရက်စက်လာသည်။
သူ အောင်ပွဲရနံ့ကိုပင် ရနေပြီဟု ထင်မှတ်နေသည်။
ပိုင်ကျီဟန်သည် ဗလာသန့်စင်ခြင်းနယ်ပယ်
တွင် ရှိနေပါစေဦး၊
သူ၏ ဓားရည်ရွယ်ချင်သည် ကြောက်မက်ဖွယ်ကောင်းနေပါစေဦး
အမြဲတမ်း ခုခံနေရရုံနှင့်တော့
နောက်ဆုံးတွင် အမှားအယွင်း ဖြစ်လာမည်သာ။
သို့သော် ထိုစဉ်
"တောက်”
ပိုင်ကျီဟန်က စိတ်ပျက်လက်ပျက်ဖြင့် တောက်တစ်ချက် ခေါက်လိုက်သည်။
သူ အနည်းငယ် စိတ်ပျက်သွားပုံရသည်။
"ငါ ထင်ထားတာက..."
သူ၏အသံမှာ တည်ငြိမ်နေသည်။
"မင်းရဲ့ စွမ်းအားမှာ တစ်ခုခု စိတ်ဝင်စားစရာ ပါလိမ့်မယ်လို့ပေါ့။"
နောက်ထပ် လှံတစ်စင်း ကျဆင်းလာပြန်သည်။
ပိုင်ကျီဟန်က အေးအေးဆေးဆေးပင် ကာကွယ်လိုက်သည်။
"ဒါပေမဲ့ ဘာမှမရှိပါလား”
သူ့ကြည့်ရသည်မှာ အကျပ်အတည်းဖြစ်နေသူနှင့် မတူပေ။ မည်သည့် ဖိအားကိုမျှ ခံစားနေရပုံလည်း မပေါ်ပေ။
"မင်းကို မတော်တဆ သတ်မိမှာစိုးလို့ ငါ လျှော့ပေးထားတာကို၊ မင်းက မင်းကိုယ်မင်း နိုင်တော့မယ်လို့ ထင်သွားပုံရတယ်။"
ပိုင်ကျီဟန်က သူ၏ ချီများကို စုစည်းရင်း ပြောလိုက်သည်။
"ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်”
လောင်ကျွမ်းနေသော ကောင်းကင်ယံထက်
တွင် ၎င်းပေါ်ပေါက်လာသည်။
ယွင်မိုခိုခေါင်းဆောင်၏ တိုက်ခိုက်မှုမှာ မည်သည့် ခုခံမှုမျှ မလုပ်နိုင်ဘဲ အစအနမကျန် ဝါးမြိုခံလိုက်ရသည်။
ယွင်မိုခိုခေါင်းဆောင်၏ အသိစိတ်များက အော်ဟစ်သတိပေးနေသည်။
သူ ရှောင်တိမ်းရန် ကြိုးစားသော်လည်း
အလွန်ပင် နောက်ကျသွားပြီ
ဓားချက်မျဉ်းသည် သူ၏ ညာဘက်လက်မောင်းကို ဖြတ်သန်းသွားသည်။
သန့်ရှင်းလျင်မြန်ပြီး လွယ်ကူလှသည်
မီးလျှံလှံရှည် ကွယ်ပျောက်သွား၏
သူ၏ လက်မောင်းမှာ ပုခုံးမှ ပြုတ်ထွက်သွားတော့သည်။
ခဏတာမျှ
နာကျင်မှုကို မခံစားရသေးပေ။
သူသည် သူ၏ ကိုယ်လက်အင်္ဂါ ရှိခဲ့သော နေရာကို ကြောင်စီစီဖြင့် ကြည့်နေမိသည်။
ထို့နောက်
"အားးးးး”
နာကျင်မှုဝေဒနာက ပေါက်ကွဲထွက်လာသည်။
သူ၏ ပတ်ဝန်းကျင်ရှိ အနက်ရောင် မီးတောက်များမှာလည်း ပြင်းထန်စွာ မတည်မငြိမ် ဖြစ်လာသည်။
ပိုင်ကျီဟန်က အေးစက်သော မျက်လုံးများဖြင့် ကြည့်နေသည်။
"ဟင်း... ဒီလောက်ဆိုရင်တော့ ငါ ထိန်းချုပ်လို့ ရပုံရသားပဲ။"
သူက မတော်တဆ သတ်မိသွားမည်ကို စိုးရိမ်နေခြင်းဖြစ်သော်လည်း ယခုမူ စီစဉ်ထားသည့်အတိုင်း လက်မောင်းကိုသာ တိကျစွာ ဖြတ်တောက်နိုင်ခဲ့သည်။
"ငါ မင်းကို အလွယ်တကူ သေခွင့်ပေးမှာ မဟုတ်ဘူး”
ကောင်းကင်ဓားပြခေါင်းဆောင်က နောက်ဆုတ်ရန် ကြိုးစားသည်။
"ဒါပေမဲ့ မင်းကတော့ သေချင်စိတ် ပေါက်သွားလိမ့်မယ်။"
ရွှမ်း
သူ၏ ဘယ်ဘက်ခြေထောက်သည် ပေါင်ရင်းမှ ပြတ်တောက်သွားပြန်သည်။
ဤတစ်ကြိမ်တွင် သွေးများ ပန်းထွက်လာသည်— အင်မော်တယ်အဆင့်၏ ကုသနိုင်စွမ်းမှာ ဖြတ်တောက်ခံလိုက်ရသော ကံကြမ္မာကို မမှီနိုင်တော့ပေ။
သူ အော်ဟစ်နေပြီး ကောင်းကင်ထက်တွင် တည်ငြိမ်အောင် ကြိုးစားရင်း ခန္ဓာကိုယ်သည် တုန်ယင်နေသည်။
ပတ်ဝန်းကျင်ရှိ မီးတောက်များမှာလည်း ကစဉ့်ကလျား ဖြစ်ကုန်သည်။
ပိုင်ကျီဟန်က ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
"ခုခံမှု မရှိတော့ဘူးလား?"
ထို့အပြင် သူ၏ ချီသည်လည်း အတော်အတန် တိုးလာခဲ့ပြီး ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက် သုံးကြိမ် သုံးပြီးသည့်တိုင် ၅၀ ရာခိုင်နှုန်းကျော် ကျန်ရှိနေသေးသည်။
ယွင်မိုခိုခေါင်းဆောင်သည် လက်တစ်ဖက်၊ ခြေတစ်ဖက် ပြတ်တောက်လျက် ကောင်းကင်တွင် ဝဲပျံနေသည်။ မတည်ငြိမ်သော အစွမ်းကြောင့် သူ၏ အရှိန်အဝါမှာ ပြိုလဲကျနေပြီဖြစ်သည်။
သူ၏ မျက်လုံးများထဲတွင် မာန်မာနများအစား ကြောက်ရွံ့မှုများက အစားထိုးဝင်ရောက်လာသည်။
တစ်ချိန်က ကောင်းကင်ပြင်ကို တုန်လှုပ်စေခဲ့သော အင်မော်တယ်အဆင့် အရှိန်အဝါသည် ယခုအခါ ငြိမ်းလုဆဲဆဲ ဖယောင်းတိုင်မီးကဲ့သို့ တဖျတ်ဖျတ် ဖြစ်နေသည်။
၎င်းမှာ ငြိမ်းသွားတော့သည်။
ကောင်းကင်ဓားပြခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ဘုရင်တစ်ပါး၏ ဝတ်ရုံကဲ့သို့ ရစ်ပတ်ထားခဲ့သော နီနက်ရောင် မီးတောက်များသည် ပြင်းထန်စွာ တုန်ခါသွားပြီး အတွင်းဘက်သို့ ရှုံ့ဝင်သွားသည်။ သူ့ကို အတင်းအဓမ္မ နယ်နိမိတ်မျဉ်းအထိ တွန်းပို့ပေးခဲ့သော အဆင့်မြှင့်တင်မှု နည်းစနစ်မှာ ပျက်ပြယ်သွားလေပြီ။
အင်မော်တယ်နယ်ပယ်၏ အငွေ့အသက်များမှာ စတင်ပြိုကွဲလာတော့သည်။
သူ၏ အရေပြားများ ကွဲအက်လာ၏
အရေပြားအောက်ရှိ သွေးကြောများမှာ မည်းမှောင်စွာ ဖောင်းတက်လာသည်။
အတင်းအဓမ္မ ချေးငှားထားသော ခွန်အားများမှာ ဒီရေကျသကဲ့သို့ ပြန်လည်ဆုတ်ခွာသွားပြီး ပျက်စီးယိုယွင်းမှုများကိုသာ ချန်ရစ်ခဲ့သည်။
သူ၏ ကျင့်စဉ်အဆင့်မှာ
ထိုးဆင်းသွားတော့သည်။
ခဏတာမျှ တိမ်တိုက်များကိုပင် ကွေးညွှတ်စေခဲ့သော ဖိအားများသည် ယခုအခါ ဟောင်းလောင်းပေါက်ဖြစ်ကာ အားနည်းသွားချေပြီ။ သူ၏ အရှိန်အဝါကြောင့် တုန်ခါနေခဲ့သော ပတ်ဝန်းကျင် ဟင်းလင်းပြင်ကြီးမှာပင် တဖြည်းဖြည်း ငြိမ်သက်သွားသည်။
သူသည် လေထုထဲတွင် ယိုင်ထိုးနေ၏။
လက်တစ်ဖက် မရှိတော့ပေ။
ခြေတစ်ဖက်မှာလည်း ပေါင်ရင်းမှ ပြတ်တောက်နေချေပြီ။
အတွင်းပိုင်းရှိ သွေးကြောများ သည်လည်း အတင်းအဓမ္မ အဆင့်မြှင့်တင်မှုကြောင့် လောင်ကျွမ်းနေသည်။
ယခု သူ၏ အရှိန်အဝါမှာ
လျှို့ဝှက်ကျင့်စဉ်ကို အသုံးမပြုမီကထက်ပင် ပို၍ အားနည်းနေတော့သည်။
အောက်ဘက်တွင်
ငြိမ်သက်ခြင်းက စိုးမိုးနေ၏
မီးတောက်မုန်တိုင်းများသည် တဖြည်းဖြည်း ငြိမ်ကျသွားသည်။ ပူပြင်းလှသော အပူရှိန်များ လျော့ပါးသွားပေ၏ ပြိုကွဲနေသော တိမ်တိုက်များမှာလည်း တစ်စစီ လွင့်စင်သွားကြသည်။
ပျံသန်းရေးသင်္ဘော ကုန်းပတ်ပေါ်တွင် မည်သူမျှ စကားမပြောနိုင်ကြချေ။
ယခုအခါ သူတို့ စိုးရိမ်မနေတော့
ဘဲ မှင်သက်နေကြရုံသာ ရှိတော့သည်။
သူတို့၏ စိုးရိမ်မှုများမှာ အခြေအမြစ်မရှိခဲ့ပုံရသည်။
ပိုင်ကျီဟန်သည် သူအလိုရှိသည့်အချိန်တိုင်း ဤကောင်းကင်ဓားပြ ခေါင်းဆောင်ကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည် မဟုတ်ပါလော
ပိုင်ရွှယ်ချင်းက သက်ပြင်းတစ်ချက် အသာအယာ ချလိုက်သည်။
ယခုမှသာ သူမ တင်းတင်းဆုပ်ထားသော လက်သီးများမှာ ပြေလျော့သွားတော့သည်။
"ဒါက..."
သူမ၏ အကြည့်မှာ ပိုင်ကျီဟန်ထံသို့သာ စိုက်ကြည့်နေဆဲ။ "...ဒါက သူရဲ့ လက်ရှိအစွမ်းပေါ့။" သူမ၏ မျက်လုံးထဲတွင် စိုးရိမ်မှုများ မရှိတော့ပေ။
ပို၍ ရှုပ်ထွေးသော အရာတစ်ခုသာ အစားထိုးဝင်ရောက်လာသည်။
အံ့သြချီးကျူးမှု။
ပြီးတော့ ဖြစ်နိုင်သည်မှာ
နိမ့်ကျသည်ဟူသော ခံစားချက်။
အင်မော်တယ်နယ်ပယ်၏ နယ်နိမိတ်ကို ထိတွေ့နေသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့်တိုင်
သူက... ပျင်းရိနေပုံပေါ်သည်။
သူမ၏ ဘေးတွင် ချူကျီယန်သည် ဓားကို အောက်ချလျက် တိတ်ဆိတ်စွာ ရပ်နေ၏။
သူမ၏ မျက်လုံးများမှာလည်း ပိုင်ကျီဟန်ထံမှ တစ်စက္ကန့်မျှပင် မခွာခဲ့ပေ။
ပိုင်ရွှယ်ချင်းက သူမကို ဘေးတိုက် တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် အသံတိုးတိုးဖြင့်
"ဒီလောက်အထိ ရက်စက်တတ်တဲ့သူကို မင်း တကယ်ပဲ လက်ထပ်ချင်နေတုန်းလား?"
ကြည့်ပါဦး။
သူ၏ မျက်နှာအမူအရာတွင် ဒေါသအရိပ်အယောင်မျှ မရှိ။
မုန်းတီးမှုလည်း မရှိပေ။
သို့သော် သူသည် သူ၏ပြိုင်ဘက်ကို တမင်တကာ နှိပ်စက်ညှဉ်းပန်းနေခြင်း ဖြစ်သည်။
ပိုင်ရွှယ်ချင်း၏ နှုတ်ခမ်းများ အသာအယာ ကွေးညွှတ်သွားသည်။
"သူကတော့ ဒါကို ပျော်နေပုံပဲ။"ချူကျီယန်က ချက်ချင်းပြန်မဖြေပေ။ သူမ၏ အကြည့်မှာ ကောင်းကင်ထက်ဝယ် စွဲမြဲနေဆဲသာ
"အင်း... အနည်းဆုံးတော့ သူက ကျွန်မအပေါ် ကောင်းတယ်လေ။"
ပိုင်ရွှယ်ချင်းသည် ထိုအချက်ကို ဘာမှ ပြန်မပြောတော့ပေ။
အမှန်ပင် ရန်သူများအပေါ် ရက်စက်လှသော်လည်း သူ၏ ကိုယ်ပိုင်လူများဟု သတ်မှတ်ထားသူများအပေါ်တွင်မူ သူက အမြဲတမ်း အထူးတလည် ကြင်နာတတ်သူဖြစ်သည်။
အထက်ကောင်းကင်တွင်
ကောင်းကင်ဓားပြခေါင်းဆောင်သည် ကျန်ရှိနေသော ခြေတစ်ဖက်ဖြင့် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ကြိုးစားရင်း ပြင်းထန်စွာ တုန်ယင်နေသည်။
"မင်း... မင်းက မိစ္ဆာပဲ”
သူ၏ အသံမှာ အက်ကွဲနေသည်။
ဒေါသနှင့် ထိတ်လန့်မှုများ ရောယှက်နေတော့သည်။
ပိုင်ကျီဟန်က နောက်ထပ် ခြေတစ်လှမ်းကို ရှေ့သို့ အသာအယာ လှမ်းလိုက်သည်။
သူနှင့်အတူ ကောင်းကင်ကြီးမှာပင် နိမ့်ဆင်းလာသကဲ့သို့ ခံစားရသည်။
"မင်းကိုယ်တိုင်က ကစားချင်နေတာပဲလေ"
သူက ခပ်အေးအေးပင် ပြောလိုက်သည်။
သူ၏ လက်ချောင်းများမှာ အနည်းငယ် မြင့်
တက်လာ၏။
"ကဲ... ဒါဆိုလည်း အဆုံးအထိ ကစားကြတာပေါ့!"
"တောက် ၊ အသုံးမကျလိုက်တာ”
ပိုင်ကျီဟန်၏ အသံတွင် ဒေါသ သို့မဟုတ် စိတ်ပျက်မှုများ မပါဝင်ပေ။
အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ရုံမျှသာ။
ကောင်းကင်ဓားပြခေါင်းဆောင်သည် သတိတစ်ချက် မေ့တစ်ချက်ဖြင့် လေထဲတွင် တွဲလောင်းကျနေသည်။ သူ၏ အစွမ်းထက်သော မီးတောက်များမှာလည်း လုံးဝ ငြိမ်းသွားခဲ့ချေပြီ။
အတင်းအဓမ္မ ရယူထားသော အင်မော်တယ်အဆင့် အရှိန်အဝါမှာ ပြိုလဲသွားပြီး သွေးကြောများ ပျက်စီးနေသော ဒဏ်ရာရ မဟာကောင်းကင်ဘုံတက်လှမ်းခြင်း ကျင့်ကြံသူတစ်ဦးအဖြစ်သာ ကျန်ရစ်တော့သည်။ ပိုင်ကျီဟန်၏ ရိုက်နှက်မှုများ မပါလျှင်ပင် သူသည် အတင်းအဓမ္မ ကျင့်စဉ်မြှင့်တင်ခဲ့သော နောက်ဆက်တွဲဒဏ် ကို ခံစားရပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ ပိုင်ကျီဟန်သည် သူ့ကို အတော်အတန် နှိပ်စက်ညှဉ်းပန်းခဲ့သော်လည်း မည်သည့် သတင်း အချက်အလက်မျှ မရခဲ့ပေ။
ပိုင်ကျီဟန် ဘာပဲမေးမေး
မည်သို့ပင် ဖိအားပေးပေး
ထိုလူက ဘာမှ မဖြေခဲ့ချေ။
ပိုင်ကျီဟန်က သက်ပြင်းအသာအယာ ချလိုက်သည်။
ထို့နောက် သူက ရှေ့သို့ လက်လှမ်းလိုက်သည်။
ဟင်းလင်းပြင်ကြီး တုန်ခါသွား၏
ဓားပြခေါင်းဆောင်၏ ခန္ဓာကိုယ်သည် မမြင်ရသော အင်အားတစ်ခု၏ ဆွဲခေါ်မှုကြောင့် ပျက်စီးနေသော ကောင်းကင်ပြင်ကို ဖြတ်ကျော်ကာ ပါလာတော့သည်။
ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ပင်
သူသည် အောက်ဘက်သို့ ဆွဲချခြင်း ခံလိုက်ရသည်။
ပျံသန်းရေးသင်္ဘောဆီသို့။
ထိုကျိုးပဲ့နေသော ခန္ဓာကိုယ်ကို ပစ်ချလိုက်သောအခါ ကုန်းပတ်ပေါ်တွင် ငြိမ်သက်သွားသည်။
ကောင်းကင်ဓားပြခေါင်းဆောင်သည် ပြင်းထန်စွာ ပြုတ်ကျလာသည်။
သွေးများက ပြောင်လက်နေသော သစ်သားကုန်းပတ်ပေါ်တွင် စွန်းထင်သွားသည်။
လက်တစ်ဖက်မရှိ၊ ခြေတစ်ဖက် ပြတ်တောက်လျက် အရှိန်အဝါမှာလည်း လုံးဝ ပျက်စီးနေချေပြီ။
အားလုံးက စိုက်ကြည့်နေကြသည်။
ဤသည်မှာ
ပိုင်ကျီဟန်ကို ဆန့်ကျင်ခဲ့ခြင်း၏ ရလဒ်ပင်။
မဟာကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်ပညာရှင်တစ်ဦးပင်လျှင် ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိသွားရသည်။
ခုန်းကျန်းဟုန်သည် သူ၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရသည်။
မဟာကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်ဆိုသည်မှာ ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်တွင်ရှိကာ မည်သူမျှ မထိပါးနိုင်သော အဆင့်ဟု သူ ယုံကြည်ခဲ့ဖူးသည်။
အများစုအတွက် အနိုင်မတိုက်နိုင်သော အဆင့်မျိုး။
သို့သော်
ယနေ့တွင်မူ သခင်လေးပိုင်၏ ရှေ့တွင် မည်သို့မျှ မတတ်နိုင်ဘဲ ဖြစ်
နေသည်ကို သူ မြင်တွေ့ခဲ့ရသည်။
တစ်ဦးမှာ ထိပ်တန်းဂိုဏ်းကြီး၏ ဂိုဏ်းချုပ်ဖြစ်သော်လည်း အသက်ကို တောင်းပန်ခဲ့ရသည်။
အခြားတစ်ဦးမှာမူ သူတို့၏ ခြေရင်းတွင် တစ်ဝက်တစ်ပျက် သေလုနောပါး လဲလျောင်းနေရချေပြီ။
ပိုင်ကျီဟန်သည် ကုန်းပတ်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လာသည်။
မဟာကောင်းကင်ဘုံတက်လှမ်းခြင်း ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်ခဲ့သူဟုပင် မထင်ရဘဲ ကိုယ်လက်လေ့ကျင့်ခန်း အနည်းငယ် လုပ်ထားသကဲ့သို့သာ ရှိနေသည်။
ပိုင်ရွှယ်ချင်းက ရှေ့သို့ လှမ်းလာသည်။
သူမ၏ မျက်လုံးများက အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသော ဓားပြကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပိုင်ကျီဟန်ထံသို့ အကြည့်ကို ပို့လိုက်
သည်။
"ငါတို့နောက်ကို ဘယ်သူက သူတို့ကို လွှတ်လိုက်တာလဲဆိုတာ သိခဲ့ပြီလား?"
သူမ၏ လေသံမှာ တည်ငြိမ်နေသည်။
ပိုင်ကျီဟန်က ခေါင်းခါလိုက်သည်။
"ဟင့်အင်း”
သူက ဓားပြခေါင်းဆောင်ကို ငုံ့ကြည့်လိုက်
အတန်ကြာ ငြိမ်သက်သွား၏
ပြီးနောက် သူ၏ နှုတ်ခမ်းများမှာ အသာအယာ ကွေးညွတ်သွားသည်။
"ဒါပေမဲ့... တစ်ခုတော့ ရိပ်မိတယ် ထင်တာပဲ။"
ပိုင်ရွှယ်ချင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
အကယ်၍ သူက ဤကဲ့သို့ ပြောလာလျှင် ကိုးဆယ်ရာခိုင်နှုန်းသော အခြေအနေများတွင် နောက်ကွယ်မှလူကို သူ သိနှင့်နေပြီ ဖြစ်သည်။
လုံးဝကြီး အတည်မပြုနိုင်သေးခြင်းသာ ဖြစ်ပေလိမ့်မည်။
"ပိုင်မျိုးနွယ်စု ဆီကို သွားကြရအောင်”
***