ပိုင်ကျီဟန်အဖို့ ပိုင်မျိုးနွယ်စုထံသို့သာ ဆက်လက်သွားရန် ဆုံးဖြတ်လိုက်ရခြင်းသည် အကယ်၍ ရှေ့တွင် နောက်ထပ် ခြုံခိုတိုက်ခိုက်မှုများ စောင့်ကြိုနေလျှင်ပင် သူ၏ လက်ရှိစွမ်းအားဖြင့် ပြဿနာရှိမည်မဟုတ်ဟု သူ ယုံကြည်ထားသောကြောင့်ဖြစ်သည်။
ထိပ်တန်းမျိုးနွယ်စုကြီးတစ်ခု သို့မဟုတ် ဂိုဏ်းကြီးတစ်ခုလုံး အင်အားအပြည့်ဖြင့် ဝိုင်းဝန်းလုပ်ကြံခြင်းမျိုးမှလွဲ၍ ကျန်သူများမှာ သူ့အတွက် ခေါင်းခဲစရာ မဟုတ်ချေ။
သို့သော် နောက်ထပ် နှောင့်ယှက်မှုတစ်စုံတစ်ရာ မရှိဘဲ ပိုင်မျိုးနွယ်စုထံသို့ ချောမွေ့စွာ ဆိုက်ရောက်သွားလေသည်။
ကောင်းကင်ပျံသင်္ဘောသည် ပင်မဆိုက်ကပ်ကွင်းပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်သည်။
သင်္ဘော အခြေကျသည်နှင့်
ပိုင်ကျီဟန် သင်္ဘောပေါ်မှ ဆင်းလာခဲ့သည်။
"သခင်လေးကို ဂါရဝပြုပါတယ်”
အစောင့်စစ်သည်များက ရိုသေစွာ ဦးညွှတ်ကြသည်။
ပိုင်ကျီဟန်သည် အပိုစကားများဖြင့် အချိန်မဖြုန်းပေ “မင်း”
အနီးရှိ အစေခံတစ်ဦးကို လက်ညှိုးထိုးကာ ခေါ်လိုက်သည်။
"ကျင်းယွမ်ကျန်းကို ရှာပြီး ငါ့ဆီ ခေါ်ခဲ့”
သူ့အသံမှာ တည်ငြိမ်၏
သို့သော်လည်း ငြင်းဆန်ရန် မဖြစ်နိုင်သော အရှိန်အဝါ ပါဝင်နေသည်။
"ဟုတ်ကဲ့ပါ သခင်လေး”
အစေခံမှာ ထိတ်လန့်သွားပြီး ချက်ချင်းပင် ပြေးထွက်သွားတော့သည်။
မိနစ်အနည်းငယ် ကြာသွား၏
ဝင်းအတွင်း၌ တိတ်ဆိတ်နေဆဲဖြစ်သည်။
ထို့နောက်တွင်မှ
အတွင်းဆောင်များဘက်မှ လာသော ခြေသံများကို ကြားလိုက်ရသည်။
ကျင်းယွမ်ကျန်းသည် အပြေးအလွှား ရောက်ရှိလာသည်။
သူ၏နောက်တွင် ဆံပင်ကို ကျောက်စိမ်းဆံထိုးဖြင့် သေသပ်စွာ ထုံးထားသော မိန်းကလေးငယ်တစ်ဦး ပါလာသည်။
သူတို့သည် ပိုင်ကျီဟန်၏ ရှေ့ မီတာအနည်းငယ်အကွာတွင် ရပ်တန့်ကာ ဦးညွှတ်နှုတ်ဆက်ကြသည်။
"ကျင်းယွမ်ကျန်းက သခင်လေးပိုင်ကို ဂါရဝပြုပါတယ်"
သူ့အသံသည် လေးစားမှုအပြည့်ရှိပြီး တုန်ရင်နေခြင်း မရှိပေ။
ဘေးမှ မိန်းကလေးကလည်း လိုက်၍ ဂါရဝပြုသည်။
"ကျင်းယွဲ့လင်းက သခင်လေးကို ဂါရဝပြုပါတယ်"
ပိုင်ကျီဟန်က သူတို့ကို အေးဆေးစွာ အကဲခတ်နေသည်။
သူ၏ အကြည့်သည် ကျင်းယွမ်ကျန်းတွင် ခဏမျှ ပို၍ ရပ်တန့်သွားသည်။
"ကြည့်ရတာ မင်းရဲ့ ဒဏ်ရာတွေ အကုန်ပျောက်ကင်းသွားပြီပဲ"
ပိုင်ကျီဟန်က ဆိုသည်။
ကျင်းယွမ်ကျန်းသည် ဝမ်းသာအားရဖြင့် ထပ်မံဦးညွှတ်ပြန်သည်။
"ဒါတွေအားလုံးက သခင်လေးရဲ့ စေတနာကြောင့်ပါပဲ”
သူ့အသံတွင် စစ်မှန်သော ကျေးဇူးတင်ရှိမှုများ အထင်အရှား ပါဝင်နေသည်။
ထို့နောက် ပိုင်ကျီဟန်က မိန်းကလေးဘက်သို့ အကြည့်ရွှေ့လိုက်သည်။
"မင်းလည်း ကြည့်ရတာ ကြိုးစားနေပုံရသားပဲ"
"ဟီး... ကျွန်မ သခင်လေးရဲ့ ကျေးဇူးကို အမြန်ဆုံး ပြန်ဆပ်ချင်လို့ပါ"
ကျင်းယွဲ့လင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေသည်။
ချူကျီယန်သည် ကျင်းယွဲ့လင်း၏ ပိုင်ကျီဟန်အပေါ် ဆက်ဆံပုံကို ကြည့်ပြီး သဘောမကျသလို မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် ပိုင်ကျီဟန်ကမူ ထိုသို့သော အမူအရာများကို သတိပြုမိပုံမရချေ။
သူသည် ကျင်းယွမ်ကျန်း၏ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
"အဓိက အကြောင်းအရာကို သွားရအောင်။ ငါ မင်းကို ခေါ်လိုက်တဲ့ အကြောင်းရင်းက ဒါကြောင့်ပဲ"
ပိုင်ကျီဟန်က လက်ကို မြှောက်လိုက်၏
ဟင်းလင်းပြင်ကြီး တုန်ခါသွားသည်။
မမြင်နိုင်သော အက်ကြောင်းတစ်ခုထဲမှ လေးလံသောအရာတစ်ခုကို ဆွဲထုတ်လိုက်သကဲ့သို့ လေထုက လိမ်ရှုံ့သွားသည်။
ထို့နောက်
ဝုန်း
အခြေအနေ ပျက်စီးနေသော လူတစ်ဦး၏ ခန္ဓာကိုယ်သည် ဝင်းအတွင်းရှိ ချောမွတ်သော ကျောက်ပြားများပေါ်သို့ ကျလာသည်။
ထိုသူကား... ကောင်းကင်ဓားပြခေါင်းဆောင်ပင် ဖြစ်သည်။
သူ၏ ခြေလက်များမှာ ပြတ်တောက်နေ၏ ကျင့်စဉ်ကြောများမှာလည်း လောင်ကျွမ်း ပျက်စီးနေပြီဖြစ်သည်။ တစ်ချိန်က ထည်ဝါခဲ့သော မဟာကောင်းကင်ဘုံတက်ခြင်း အရှိန်အဝါမှာ ယခုအခါ မသေရုံတမည် မှေးမှိန်နေသော မီးစာနှင့်တူလှသည်။
သို့သော်
သူ၏ မျက်နှာကိုမူ တမင်တကာ မပျက်စီးစေဘဲ ချန်ထားခဲ့သည်။
ကျင်းယွမ်ကျန်း၏ သူငယ်အိမ်များ ကျုံ့သွားသော်လည်း ခဏချင်းမှာပင် ပြန်လည်တည်ငြိမ်သွားသည်။
"ငါတို့ ပြန်လာတဲ့လမ်းမှာ ခြုံခိုတိုက်ခိုက်ခံခဲ့ရတယ်... တိုက်ခိုက်တဲ့သူတွေက..."
ပိုင်ကျီဟန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
"ကောင်းကင်ဓားပြတွေပဲ”
ကျင်းယွမ်ကျန်းမျက်ခုံးနှစ်ဖက် စုကပ်သွားသည်။
"ကောင်းကင်ဓားပြ...?"
သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူကို ကြည့်လိုက်သည်။ ပိုင်ကျီဟန်၏ သင်္ဘောကို တိုက်ခိုက်ရဲသူမှာ မည်သို့သော အကျိုးဆက်မျိုး ရင်ဆိုင်ရမည်ကို သူ ခန့်မှန်းနိုင်ပါသည်။
"ဒီလူက တိုက်ပွဲအတွင်းမှာ သူ့ရဲ့ ကျင့်စဉ်အဆင့်ကို အင်မော်တယ်အဆင့်တစ်ပိုင်း အထိ အတင်းအဓမ္မ မြှင့်တင်ခဲ့ပြီး တိုက်ခိုက်ခဲ့တာ..."
ပိုင်ကျီဟန်က တည်ငြိမ်စွာ ပြောဆိုလိုက်
သည်။
"သူအသုံးပြုသွားတဲ့ နည်းစနစ်က..."
သူ စကားကို ခဏမျှ ရပ်လိုက်၏
"အရင်တုန်းက နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲမှာ မင်းအသုံးပြုခဲ့တဲ့ နည်းစနစ်နဲ့ ဆင်တူနေတယ်"
လေထုက ပို၍ အေးစက်သွားသယောင် ရှိသည်။
"ဒါကြောင့်..." ပိုင်ကျီဟန်က ဆက်ပြောသည်။ "မင်း သူ့ကို မှတ်မိနိုင်မလားလို့ ငါ စဉ်းစားမိတာ"
ကျင်းယွမ်ကျန်းသည် ချက်ချင်း ပြန်မဖြေပေ။
သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်၏
ဒဏ်ရာဗရပွနှင့်လဲလျောင်းနေသော ကောင်းကင်ဓားပြ ခေါင်းဆောင်၏ ဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။ ထို့နောက် အလွန်ဂရုတစိုက်ဖြင့် ထိုသူ၏ မေးစေ့ကို မကာ မျက်နှာကို အကဲခတ်လေသည်။
သူ ရုပ်သွင်ပြင်ကို လေ့လာနေ၏
အရိုးတည်ဆောက်ပုံနှင့်
စွမ်းအင်စုရပ်ဝန်းကျင်တွင် ကျန်ရှိနေသော ဝိညာဉ်စွမ်းအား အကြွင်းအကျန်များ
သူ့မျက်နှာထက်မှ ဇဝေဇဝါဖြစ်မှုတို့သည် တဖြည်းဖြည်းနှင့်
လေးနက်သော အာရုံစိုက်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
သူသည် ဓားပြခေါင်းဆောင်၏ လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းနှစ်ချောင်း တင်လိုက်၏
မျက်စိမှိတ်ကာ ဝိညာဉ်အာရုံကို ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ကြည့်ရှုလိုက်သည်။
သူ၏ အာရုံသည် ပျက်စီးနေသော ကျင့်စဉ်ကြောများအတွင်းသို့ ရောက်ရှိသွားသည့် ခဏမှာပင်
သူ့အသက်ရှူသံများ ရပ်တန့်သွားသည်။
ဤပုံစံ
ဤလောင်ကျွမ်းနေသော အမာရွတ်များ
ကျင့်စဉ်အခြေခံ၏ အတွင်းပိုင်းအထိ နက်ရှိုင်းစွာ မြှုပ်နှံထားသော နေမင်းသဏ္ဍာန် ပုံဆောင်ခဲ အကြွင်းအကျန်များ
သူ့နှလုံးသား လေးလံသွားတော့သည်။
နေမင်း တာအိုကျောက်တုံး
သို့မဟုတ်
ကျင့်စဉ်အခြေခံနှင့် တိုက်ရိုက်ပေါင်းစပ်ထားသော နေမင်းတာအို၏ အစိတ်အပိုင်းတစ်ခု
သူ့ကိုယ်ထဲက အရာနှင့် တစ်ထေရာတည်းပင်။
သို့သော် ဤသူ၏ တည်ဆောက်ပုံမှာ မတည်ငြိမ်ဘဲ သူ့ထက်ပင် ပို၍ ကြမ်းတမ်းလှသည်။
နောက်ဆက်တွဲ ဒဏ်ရာအမာရွတ်များပင်လျှင်
ထပ်တူနီးပါး တူညီနေသည်။
ကျင်းယွမ်ကျန်းသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူ၏လက်များမှာ သိသိသာသာ တုန်ရင်နေပြီးမှ ပြန်ရုပ်သိမ်းလေ၏
ထို့နောက် ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ကျွန်တော်မျိုးကို ခွင့်လွှတ်ပါ သခင်လေး... ကျွန်တော် သူ့ကို မမှတ်မိပါဘူး"
သူ့အသံမှာ တည်ငြိမ်နေသော်လည်း အရင်ကထက် ပို၍ တိုးညှင်းသွားသည်။
"အကယ်၍ သူသာ မြစိမ်းရောင်နေမင်းဂိုဏ်း ရဲ့ အကြီးအကဲဟောင်း တစ်ယောက် ဒါမှမဟုတ် နာမည်ကျော် ပညာရှင်တစ်ယောက်ဆိုရင် ကျွန်တော် ချက်ချင်း မှတ်မိမှာပါ။ အထူးသဖြင့် သူက မဟာကောင်းကင်ဘုံတက်ခြင်း အဆင့်ဖြစ်နေတာကြောင့်လေ"
အကယ်၍ ထိုသို့ဆိုလျှင် ပိုင်ကျီဟန် ကနဦးက ထင်ထားသကဲ့သို့ ဤဓားပြခေါင်းဆောင်သည် မြစိမ်းရောင်နေမင်းဂိုဏ်းမှ မဟုတ်ဘဲ အခြားတစ်နေရာမှ ဖြစ်နိုင်ခြေ ပိုများနေသည်။
ပိုင်ကျီဟန်သည် တိတ်ဆိတ်စွာ နားထောင်နေသည်။
ကျင်းယွမ်ကျန်းက ပို၍ လေးနက်သော လေသံဖြင့် ဆက်ပြောသည်။
"ဒါပေမဲ့”
သူသည် မြေပြင်ပေါ်မှ ပျက်စီးနေသော ဓားပြကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်သည်။
"သံသယဖြစ်စရာတော့ မရှိပါဘူး”
“ဒီလူက ကျွန်တော့်လိုပဲ အတင်းအဓမ္မ ပေါင်းစပ်တဲ့ စမ်းသပ်မှုမျိုးကို ခံယူထားရသူဆိုတာ ကျွန်တော် သေချာပေါက် အာမခံနိုင်ပါတယ်"
စမ်းသပ်မှုဆိုသည့် စကားလုံးမှာ လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
"နေမင်းအမြုတေ တာအိုကျောက်တုံး... ဒါမှမဟုတ် နေမင်းတာအိုရဲ့ အစိတ်အပိုင်းတစ်ခုကို သူ့ခန္ဓာကိုယ်ထဲမှာ မြှုပ်နှံထားတာပါ"
သူ့အကြည့်များ တင်းမာသွားသည်။
"ဒါပေမဲ့ ကျွန်တော့်ထက်စာရင် သူ့ရဲ့ ပေါင်းစပ်မှုက ပိုပြီး ကြမ်းတမ်းရက်စက်တယ်။ သူက အပြင်ပန်း လှုံ့ဆော်မှုအပေါ်မှာပဲ လုံးလုံးလျားလျား အားကိုးပြီး အဲဒီစွမ်းအားကို နှိုးဆွခဲ့တာ”
“အဲဒါကြောင့်ပဲ စွမ်းအားတွေ လျော့ကျသွားတဲ့အခါ သူ့ရဲ့ ကျင့်စဉ်ကြောတွေက ပြင်းပြင်းထန်ထန် ပျက်စီးသွားရတာပါ"
ပိုင်ကျီဟန်၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲပင်။
"ဒါဆို..." ပိုင်ကျီဟန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။ "မြစိမ်းရောင်နေမင်း ဂိုဏ်းက ဒီလူကို သိနေမှာပေါ့?"
ကျင်းယွမ်ကျန်းက ခေါင်းကို ပို၍ ငုံ့လိုက်သည်။
"ဟုတ်ပါတယ်”
အကြောင်းမှာ ထိုသို့သော စမ်းသပ်မှုမျိုးကို သူတို့သာလျှင် လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် နေမင်းတာအိုကျောက်တုံး အစိတ်အပိုင်းနှင့် အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သူကို သူတို့ သေချာပေါက် မှတ်မိနေပေလိမ့်မည်။
သို့သော် ထိုဂိုဏ်းက ဤလူကို သိနေရုံနှင့် ပိုင်ကျီဟန်ကို တိုက်ခိုက်သူမှာ သူတို့ဖြစ်သည်ဟုတော့ အပြည့်အဝ မပြောနိုင်သေးပေ။ ပိုင်ကျီဟန်ကလည်း ထိုအချက်ကို သိရှိပြီးသားဖြစ်သည်။
သို့သော်လည်း
"မြစိမ်းရောင်နေမင်း ဂိုဏ်းက ငါ့ကို တော်တော်လေး နှောင့်ယှက်နေတာပဲ။ အခုတော့ သူတို့နဲ့ စာရင်းရှင်းရမယ့် အချိန်
ရောက်ပြီ ထင်တယ်"
မိစ္ဆာအင်အားစုများနှင့် စစ်ပွဲအတွင်းမှာ ဖြစ်စေ၊ လီ-ကျောက် မဟာမိတ်အဖွဲ့တွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့စဉ်က ဖြစ်စေ... မြစိမ်းရောင်နေမင်းဂိုဏ်းသည် သူ့ကို အဆုံးအထိ ဆန့်ကျင်ရန် ရွေးချယ်ခဲ့သည်မှာ သေချာပါသည်။
ယခု အခွင့်အရေး ရလာပြီဖြစ်ရာ သူသည် အငြိုးအတေးအားလုံးကို တစ်ခါတည်း အပြတ်ရှင်းရန် ရည်ရွယ်လိုက်သည်။
"ကျင်းယွမ်ကျန်း ပြင်ဆင်ထားတော့၊ ငါတို့ မြစိမ်းရောင်နေမင်း ဂိုဏ်းဆီကို သွားကြမယ်”
***