ချွမ်း။
လက်သည်းများနှင့် အနက်ရောင် ဓားသွားများ ထိပ်တိုက် တွေ့ဆုံသွားသည့် အခိုက်အတန့်တွင် အခြားသော လူများကလည်း လှုပ်ရှားလိုက်ကြပြီ ဖြစ်သည်။
"ရှားချင်းချန်။ ငါ နင်နဲ့ ကစားပေးမယ်။ "
စွတ်...။
နှင်းဖြူရောင် မြေခွေးမိစ္ဆာတစ်ကောင်က အခြားစင်မြင့်တစ်ခုပေါ်ကတစ်ဆင့် ရှားချင်းချန်အပေါ်သို့ ခုန်အုပ်သည်။
"ဟေ့ ချင်းချန်။ "
ထို့နောက် သူမဟာ တစ်ခဏချင်းအတွင်း ရေခဲဖီးနစ်အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သည်။ အခြားကွင်းမှာ သူမကို လက်ဟန်ခြေဟန်ပြသော လော့မင်ကိုလည်း မြင်လိုက်ရသည်။
" ရဲရဲတင်းတင်းသာ သုံးလိုက်။ အဲဒါက မင်းရဲ့ စွမ်းအားပဲ။ "
ရှားချင်းချန်က ပြုံးလိုက်ပြီးနောက် ခေါင်းညိတ်လာသည်။
"ဟုတ်တယ်။ "
ရေခဲမီးတောက်ဖီးနစ်က သူမရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်း။ ဒါပေမဲ့ သူမ မီးတောက်ဖီးနစ်ကို တောက်လျှောက်ကြောက်နေလို့ မရဘူးလေ၊ ဟုတ်တယ်မလား။ ဒီကြောက်ရွံ့မှုကို ကျော်လွှားပြီး ဒီစွမ်းအားကို ချုပ်ကိုင်နိုင်မှ သူမက လမ်းမှန်ရောက်မှာ။ လော့မင်ရဲ့ စကားက သူမကို ချက်ချင်း နိုးထသွားစေသည်။
" မစိုးရိမ်နဲ့၊ ငါ ဒီမှာရှိနေတာ မင်းဘာမှ မဖြစ်ဘူး။ "
သူမရဲ့ နားထဲသို့ ကြည်လင်သော အသံက ဆက်လက် ဝင်ရောက်လာသည်။ ရှားချင်းချန်၏ နောက်ဆုံးလက်ကျန် စိုးရိမ်စိတ်က ချက်ချင်း လျော့ပါးပျောက်ကွယ်သည်။
"ဟုတ်သားပဲ။ သူ ဒီမှာရှိနေတာ၊ ငါ ဘာမှ မဖြစ်ဘူး။ ငါ သူ့ကို လုံးဝ ယုံလို့ ရတယ်။ "
" ရှားချင်းချန်၊ နင် အချိန်ဆွဲနေတာ ကြာပြီနော်။ ရှေ့တက်ဖို့ အချိန်ရောက်ပြီ။ "
သူမက ခပ်တိုးတိုး ရယ်လိုက်ပြီးနောက် သူမ၏ မျက်လုံးထဲ မီးတောက်က လှုပ်ခတ်သွားသည်။
"မကြောက်တော့ဘူး။ အန္တရာယ်ကို ရင်ဆိုင်ဖို့ အားတွေပဲ ရှိတယ်။ "
အန္တရာယ်ကို ရင်ဆိုင်ဖို့ သတ္တိတွေပြည့်နေတာပဲ။ ဒါကို လက်ခံရမယ်၊ ဒါကို အသုံးပြုနိုင်ရမယ်၊ ဒါကို သူမ ချုပ်ကိုင်နိုင်တော့မှပဲ သူမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ပုံစံနဲ့ လိုက်ဖက်မှာပေါ့။
"မီးတောက်ဖီးနစ် မဟာလက်နက်။ "
ဘုန်း။
ချူချင်းနင်၏ လက်သည်းများက ရှားချင်းချန်ကို လှမ်းကုတ်ဆွဲတော့မည့် အချိန်တွင် ဖူး ခနဲ လေပြင်းက ဖြတ်တိုက်သွားသည်။ လေထဲမှ ပူလောင်လွန်းသော မီးတောက်မုန်တိုင်းတစ်ခုက မြောက်တက်ပြီး သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသည်။
လေထုကို အလွန်စူးရှလွန်းသော ဖီးနစ်တစ်ကောင်၏ အော်မြည်သံက ထိုးဖောက်သွားသည်။ မီးတောက်များက လွင့်ပျံပြီးနောက် သွေးနီရောင် ပုံရိပ်တစ်ခုက လေထဲတွင် ပေါ်လာသည်။ သူမသည် လောင်ကျွမ်းနေသော တောင်ပံတစ်စုံကို ပိုင်ဆိုင်ထားပြီး သေးသွယ်သော ခန္ဓာကိုယ်က သွေးနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ရွှေရောင် မီးတောက်သင်္ကေတတစ်ခုက သူမ၏ မျက်ခုံးကြားတွင် ပေါ်လာပြီး သူမ၏ ဖီးနစ်မျက်လုံးဟာ စူးရှသည်။ အဆုံးအစ မရှိသော မီးတောက်ကို သယ်ဆောင်ထားသည်။
"ဒါက... ဒါက မီးတောက်ဖီးနစ်ရဲ့ စွမ်းအားပဲ။ "
ရှားချင်းချန်ကိုယ်တိုင်ကလည်း သူမ၏ ခန္ဓာကိုယ်ကို အံ့ဩကြည့်သည်။ မီးတောက်ဖီးနစ်ဟာ တစ်ခါတည်း အသွင်ပြောင်းပြီး သူမနဲ့ ပေါင်းစပ်သွားပြီ ဖြစ်သည်။
ဝှစ်။
သူမဟာ သေးသွယ်သော ဓားတစ်လက်ကို လှုပ်ယမ်းလိုက်ကာ ဖီးနစ်ငှက်မွှေးဓားအဖြစ် ပြောင်းလဲပစ်လိုက်သည်။
"ချူချင်းနင်။ လာစမ်း။ ငါတို့ရဲ့ တိုက်ပွဲက လွဲရှောင်လို့ မရဘူး။ "
တိုက်ပွဲက စတင်ရင်းနှင့် အားလုံးက ပြိုင်ဘက်အသီးသီးကို ရှာဖွေလိုက်ကြသည်။
ဗြိတိန် အင်ပါယာမှ အန်နာက ထန်မော့မော့ဆီ ချဉ်းကပ်လာသည်။ လက်ရှိအချိန်တွင် လော့မင်၊ လူမည်း ဂျိုးစ်၊ ဂိုဂူလျောမှ ချန်လီရုံလဲ့နှင့် ရှေးဟောင်း ရောမမှ အာဒူး တို့သာ ကျန်ရစ်သည်။
"ငါ မင်းနဲ့ယှဉ်ပြီး ငါ့ရဲ့ စွမ်းရည်ကို စမ်းသပ်ချင်နေတာ ကြာပြီ၊ လော့မင်။ SSS အဆင့် အမြွှာနတ်ဆိုး သားရဲနှစ်ကောင် နိုးထသူ။ ဟင်း...။ ငါက ဂိုဂူလျောက ချန်လီရိုလဲ့ပဲ။ "
လေပြင်းက ဖြတ်တိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည့်အချိန်တွင် (၃) မီတာခန့် မြင့်မားသော သားပိုက်ကောင်က ပေါ်လာသည်။ သားပိုက်ကောင်ဟာ သွေးနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ လက်ထဲတွင်လည်း သွေးလက်များကလည်း အဖြူရောင် ပတ်တီးများ ပတ်ထားသည်။
လက်ဝှေ့သမားများကဲ့သို့ ပတ်ထားခြင်း ဖြစ်သည်။ ခုနက ခန္ဓာကိုယ်ကိုလည်း လှပစွာ ထွင်းထုထားသည်ဟုပင် ထင်ရသည့် ကြွက်သားအဖုအထစ်များနှင့် တန်ဆာဆင်လျက်သား ပေါ်လာလေရာ မျက်စိပသာဒ ဖြစ်လာသည်။
ထို့အပြင် သူ၏ မျက်လုံးကလည်း စူးရှနေ၏။ ထိုမွန်းစတားသည် အပျက်အစီး မှတ်တမ်းထဲတွင် မပေါ်လာခဲ့ဖူးချေ။ ထိုမွန်းစတားနှင့် ပတ်သက်သည့် မှတ်တမ်းများပင် မရှိပါချေ။ ထို့အတွက်ကြောင့် ချန်လီရိုလဲ့က ထိုအကောင်ဟာ သိုင်း နတ်ဘုရား ဟု အမည်ပေးထားသည်။
သူဟာ S အဆင့် နိုးထသူသာ ဖြစ်သော်လည်း ချန်လီရိုလဲ့၏ ပြောင်မြောက်သော လက်သီးထိုးသိုင်းက SS အဆင့်များကိုပင် နိုင်၏။
"မင်းက လား။ "
လော့မင်က ပြုံးနေသည်။
"ငါ အရင်က ပြောဖူးပါတယ်။ ငါက ပထမ တစ်ယောက်ပဲ ဖြစ်ချင်တာ။ ဆိုတော့ အချိန်မဖြုန်းချင်ဘူး။ မင်းတို့ သုံးယောက် မကျေနပ်ဘူးဆိုရင် တစ်ခါတည်း လာရင် ဘယ်လိုလဲ။ "
သူက မျက်ခုံးပင့်လိုက်သည်။ သူ၏ အကြည့်က လုံခြုံရေး အစောင့်အရှောက်ဖြစ်သော အနက်ရောင် ဝတ်စုံအပြည့်နှင့် သန်မာသော လူထွားကြီးအပြင် ရှေးဟောင်းဘုန်းကြီးလိုလို ဝတ်ထားသော အာဒူးဆီ ရောက်သွားသည်။ နှစ်ယောက်လုံး၏ အကြည့်က ကျဉ်းမြောင်းသွားသည်။ သူတို့၏ အသီးသီးသော တိုင်းပြည်များတွင် သူတို့ဟာ ထိပ်တန်း ပါရမီရှင်များ ဖြစ်သည်။
ယန်ရှားသို့ ရောက်ရှိလာခဲ့ပြီးနောက် ယန်ရှား၏ ထိပ်တန်း ပါရမီရှင်များနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ အားလုံးကိုလည်း အနိုင်ယူနိုင်ခဲ့၏။ သူတို့သည် ထိုလူများကို ခြေနင်းပြီး အပေါ်သို့ ကုန်းတက် လာနိုင်ခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်လုံးဟာ သူတို့ကိုယ်သူတို့ အကြွင်းမဲ့ ယုံကြည်သည်။ ထို့ကြောင့် လော့မင်၏ စိန်ခေါ်မှုဟာ သူတို့ကို ဆဲရေးသည်နှင့် မခြားနားတော့ပေ။
"လော့မင်၊ မင်း အရမ်းထောင်လွှားလွန်း အားကြီးနေပြီ။ ငါ့ကိုသာ အရင် ရင်ဆိုင်စမ်းပါ။ "
ချန်လီရိုလဲ့ကလည်း ဒေါသထွက်လာသည်။
သူဟာ ဖနောင့်ပေါက်လိုက်ချိန်တွင် မြေပြင်က သတ္တုမိုးကြိုးတုံးကြီး တစ်တုံးကဲ့သို့ ချိုင့်ဝင်သွားသည်။ သတ္တုမိုးကြိုးတစ်တန်း ပစ်လိုက်သကဲ့သို့ ထိုမြေပြင်တစ်ခုလုံးက ချိုင့်ဝင်ကာ မည်းတူးသွားသည်။ ထို့နောက် အမှန်ပင် မိုးကြိုးလျှပ်စီး လက်သကဲ့သို့ အလင်းမျိုး ပေါ်လာပြီး လော့မင်ထံသို့ ခုန်ဝင်လာလေသည်။
"ဒီလက်သီးကို ယူ။ "
ထိုလက်သီးသည် ဒီအတိုင်း ရိုးရှင်းသော တိုက်ရိုက် ထိုးသွင်းသည့် လက်သီးထိုးချက်မျိုးသာ ဖြစ်နေသော်လည်း ချန်လီရိုလဲ့အတွက်ကမူ သူ၏ စွမ်းအားများ အားလုံးကို အမှတ်အသားတစ်ခု မှတ်လိုက်သကဲ့သို့ ထိုတစ်နေရာတည်းကိုသာ စုပုံ ချိန်ရွယ်ထားပြီး ထုတ်လွှတ်လိုက်သည့်အတွက် အသေးစား တောင်တန်းတစ်လုံးကိုပင် ကွဲကြေသွားစေနိုင်သော အင်အားကြီးမားလှသည့် လက်သီးဟု ပြော၍ရသည်။
တိုက်ကွမ်ဒို ကစားသမားတစ်ယောက်အနေဖြင့် သူသည် အထူးတလည် အလှပြသည့် မည်သည့်လက်သီးထိုးကွက်ကိုမျှ ထုတ်သုံးရန် မလိုအပ်ခဲ့ချေ။ အင်အားကြီးမားသော ခန္ဓာကိုယ်ကပင် လုံလောက်သည်။
"တိုက်ကွမ်ဒို ဆရာလား။ အနီးကပ် တိုက်ကွက်က အင်အားကြီးမားတယ်ပေါ့။ "
လော့မင်၏ မျက်ဝန်းက စိတ်လှုပ်ရှားသော အလင်းရောင် လက်လာသည်။
"ဒါဆိုရင်လည်း ငါ့ရဲ့ မသေမျိုး နဂါးခန္ဓာကိုယ် နဲ့ နဂါးဗျူဟာကို ယှဉ်ကြည့်ရင် ဘယ်လိုနေလောက်မလဲ။ "
ရွှေရောင် အလင်းတန်းက ကောင်းကင်သို့ ထိုးတက်သွားကာ လေထဲတွင် အနီရောင် ခြုံလွှာက တဖျပ်ဖျပ်ခတ်ပြီး လွင့်သွားသည်။ အစစ်အမှန် နဂါး ၏ နတ်ခန္ဓာကိုယ်က ပေါ်လာသောအခါ အမြင့်တွင် ရပ်နေသော ဧကရာဇ်တစ်ပါးကဲ့သို့ သူ့ကို စိန်ခေါ်ရဲသော မည်သူ့ကိုမဆို အပေါ်စီးမှ ငုံ့ကြည့်သည်။
"အိုး... ဒါက လော့မင်ရဲ့ ဒုတိယမြောက် မွန်းစတားပဲ။ နာမည်က ဘာပါလိမ့်။ "
ရှောင်ဖျင်အန်းက စင်ပေါ်မှနေ၍ တအံ့တဩ မေးလာသည်။
" ဒီ မွန်းစတားကို အစစ်အမှန် နဂါး လို့ ခေါ်တယ်။ "
နံဘေးမှ မာယိုသဲ့ က ပြောသည်။
"ဒါက ငါ အရင်က လုံးဝ မမြင်ဖူးတဲ့ SSS အဆင့် မွန်းစတားပဲ။ "
ရှောင်ဖျင်အန်း ကိုယ်တိုင်ကလည်း မှင်တက်နေလေသည်။
"အရင်က ထောက်ထျန့် ပဲဖြစ်ဖြစ်၊ ဒီအစစ်အမှန် နဂါးပဲဖြစ်ဖြစ် နှစ်ကောင်လုံးက မွန်းစတားစွယ်စုံကျမ်းထဲမှာ မှတ်တမ်းတင်ထားတာမျိုး မရှိဘူး။ ဒါပေမဲ့ ခြွင်းချက်မရှိလောက်အောင်ပဲ အရမ်းအင်အားကြီးတယ်။ အရမ်းကို ကြောက်ဖို့ကောင်းတယ်။ "
မာယိုသဲ့က ထပ်ပြီး ရှင်းပြလေသည်။
" ကြည့်သာကြည့်နေလိုက်ပါ။ "
အစစ်အမှန် နဂါး ပေါ်လာသည့် အခိုက်အတန့်တွင် ပြိုင်ဘက်ကင်းသော နဂါးအရှိန်အဟုန်က လော့မင်၏ ခန္ဓာကိုယ်ကို ဗဟိုပြုပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သည်။ တိုက်ပွဲထဲမှာ အခြားကျောင်းသားတိုင်းကလည်း နဂါးအရှိန်အဟုန်ကြောင့် သက်ရောက်ခံရသည်။
"ဘာ... ဒီစွမ်းအားက ဘာလို့... ဘာလို့ ငါ့ကို ရုတ်တရက်ကြီး မသက်မသာ ဖြစ်လာစေတာလဲ။ "
ကျောင်းယွီယန်ကို လက်သီးဖြင့် ထိုးနေသော လီထျန်းက ရုတ်တရက် လော့မင်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူဟာ လော့မင်၏ နောက်ကျောမှ ရွှေရောင် မျက်ဝန်းတစ်စုံက သူ့ကို လှမ်းကြည့်နေသလို ခံစားရသည်။
"ဒါ ဘာကြီးလဲ။ "
သူ့ရဲ့ နှလုံးသားကပင် တုန်လာသည်။ ထို့နောက် သူသည် လုံးဝ ရှက်ရွံ့သွားရသည်။
"ငါ လီထျန်းက ကြောက်သွားတယ်။ ငါ လီထျန်းက လော့မင်ကို ကြောက်နေတယ်။ မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။ ငါက အရှင်သခင်ရဲ့ သား၊ ငါက ပြိုင်ဘက်ကင်းတာ။ "
"သေတော့။ "
သူဟာ နှလုံးသားထဲက ကြောက်ရွံ့မှုကို ဖိနှိပ်လိုက်ပြီး ကျောင်းယွီယန်ကို အရူးကဲ့သို့ တိုက်ခိုက်ကာ သူ၏ အပြုအမူက အတွင်းစိတ် ကြောက်ရွံ့မှုကို ဖုံးကွယ်ရန် ကြိုးစားသော နည်းလမ်းတစ်မျိုးအဖြစ်သာ ဖော်ထုတ်ပြသနေခြင်းဖြစ်ကြောင်း သတိမထားမိလိုက်ပေ။ လော့မင်ဆိုသည့် တည်ရှိမှုဟာ သူ့ကို တုန်လှုပ်နေစေသည်။
"ဘယ်လို... ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒါ ဘယ်လို မွန်းစတားလဲ။ ငါ့ရဲ့ လက်သီးက တုန်နေတာ မဟုတ်ဘူး၊ ငါ့ရဲ့ ခန္ဓာကိုယ်က တုန်နေတာ။ "
သူဟာ လော့မင်ကို လက်သီးဖြင့် ထိုးထားသည့် အချိန်တွင် အစစ်အမှန် နဂါးထံမှ ဖိအားကို ချက်ချင်းခံစားလိုက်ရသဖြင့် ချန်လီရိုလဲ့၏ မျက်ဝန်းက ပြူးကျယ်သွားရသည်။ သူ၏ နဂိုက တောင့်တင်းနေသော ကြွက်သားများက အစစ်အမှန် နဂါးကြီးကို ရင်ဆိုင်ရချိန်တွင် အလိုအလျောက် အေးစက်၍ သွားသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ရာက သူ့အား ပြိုင်ဘက်ကို လက်သီးဖြင့် ဆက်မထိုးရန် တားနေသည်။
"သူ အလဲမထိုးနိုင်တဲ့ ပြိုင်ဘက်... မဖြစ်နိုင်ဘူး။ ငါက သိုင်းနတ်ဘုရားလေ၊ ငါ အလဲမထိုးနိုင်တဲ့ ပြိုင်ဘက်ဆိုတာ မရှိဘူး. "
ဟား.။
သူက အံကိုကြိတ်လိုက်ပြီး လော့မင်ကို လက်သီးဖြင့် ဆက်ထိုးသည်။
ဖန်း... ဘုန်း။
ဖုန်တိမ်စိုင်လုံးက မြောက်တက်သွားသည်။
"ငါ ထိုးမိလိုက်တာလား။ "
သူကိုယ်တိုင်ကပင် တစ်စုံတစ်ရာကို ထိုးမိလိုက်သည်ဟုသာ ခံစားရသည်။ သို့ရာတွင် မီးခိုးများက ကင်းစင်သွားပြီးနောက် မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်သောအခါ သူ၏ အင်အားအပြည့်နှင့် တိုက်ကွက်ကို တစ်ဖက်သူ၏ လက်က ဖမ်းထားကြောင်း သိလိုက်ရလေသည်။
"ငါ့ကို တိုက်ခိုက်ဖို့ မင်းကို ဘယ်သူက သတ္တိပေးလိုက်တာလဲ။ "
လော့မင်၏ လေးနက်သြရှသော အသံက ထွက်လာသည်။
"အား။ "
ချန်လီရိုလဲ့ဟာ ကြောက်လန့်တကြား အော်ဟစ်ပြီး လက်ကို ချက်ချင်း ဆွဲထုတ်သည်။
"မင်းကို အနိုင်ယူမယ်၊ ငါ မင်းကို အနိုင်ယူမှာ... အား။ "
ဘုန်း ဘုန်း ဘုန်း။
သူဟာ လက်သီးသုံးချက်ကို တွေ့ရာမြင်ရာ လျှောက်ထိုးသည်။ ပဲ့တင်သံများကိုပင် ဖန်တီးနိုင်လောက်အောင် ပြောင်မြောက်သည်ဟု ပြောနိုင်၏။ လော့မင်ထံသို့ မရေမတွက်နိုင်သော လက်သီးချက်များစွာက ဝင်ရောက်သွားသည်နှင့် တူညီသည်။
"မင်းကို ခြေမွမယ်၊ မင်းကို အလဲထိုးမယ်၊ မင်းကို သိမ်းပိုက်မယ်၊ ငါက ပြိုင်ဘက်ကင်းတယ်။ "
ဖန်း။
"ပြီးပြီလား။ "
လော့မင်က ရုတ်တရက် လက်ကို ဆန့်ထုတ်၍ သူ၏ ခေါင်းထိပ်ကို ဖျစ်ညှစ်လိုက်သည်။
" ဒီလို လက်သီးပျော့ပျော့လေးတွေနဲ့ ငါ့ကို နှိပ်ပေးနေတာလား။ "
အပိုင်း ၁၁၂ ပြီး၏။
***