"သေချာကြည့်ထား၊ လက်သီးဆိုတာ ဒါပဲ။ "
လော့မင်က ပြောလိုက်သည်။
"သေချာ ထပ်ကြည့်ထားဦး။ ဒါကမှ လက်သီးနဲ့ တူတာ။ "
ရွှေနဂါးစွမ်းအင်များက လော့မင် ခန္ဓာကိုယ်မှ ဖြာထွက်၍ လက်သီးနားတွင် ဝေ့ဝဲလာသည်။
"နဂါးဖြူဟောင် အစစ်အမှန် နဂါးလက်သီး။ "
"အံကြိတ်ထားနော်၊ မနေ့က ညစာတွေ ပြန်အန်မထုတ်မိစေနဲ့။ "
ဝေါင်း။
နဂါးဟိန်းသံလို ထိတ်လန့်လွန်းသော အသံကြီးက အဖော်ပြုပြီးနောက်တွင် အစစ်အမှန် နဂါးလက်သီးက သူ၏ ဗိုက်ကို ထိုးပစ်လိုက်သည်။
"ဖူး။ "
ချက်ချင်းဆိုသလိုပင် သိုင်းနတ်ဘုရား သားပိုက်ကောင်၏ ဝမ်းဗိုက်က သွေးပြန်ကြောများ ပြတ်တောက်သွား၍ သူ၏ မျက်လုံးကလည်း ပြူးထွက်လာကာ မျက်အိမ်ထဲမှာ အမှန်တကယ် ကျွတ်ထွက်မတတ် အရှေ့ရောက်လာသည်။
ထို့နောက် တစ်ခဏချင်းမှာ လက်သီးချက်က အားတစ်ခုလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ခရက် ခရက်...။
သူ၏ ကြွက်သားများနှင့် အရိုးများက ညည်းညူသံ ထုတ်သည်။ သူဟာ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် ဆုတ်ဖြဲခံရသည်။ သွေးများက ထိုးထွက်လာသောအခါ ခန္ဓာကိုယ်တစ်ခုလုံးက ချင်းချင်း ရဲကုန်သည်။
"သွေးမိုးချိုးထားတဲ့ သားပိုက်ကောင်ပဲ။ "
လော့မင်က အထင်သေးစွာ ပြုံးပြီး သူ့ကို ဘေးဘက်သို့ ကန်ပစ်လိုက်သည်။ ချန်လီရိုလဲ့ဟာ လူသားပုံသဏ္ဌာန် ပြန်ပြောင်းပြီး မြေပြင်တွင် လဲနေကာ ခေါင်းကို မနည်းမော့၍ လော့မင်ကို လှမ်းကြည့်သည်။ သူ၏ ထို အမူအရာက လေးစားသွားခြင်းနှင့် တူသည်။ သို့မဟုတ် နတ်တစ်ပါးကို ကိုးကွယ်ဆည်းကပ်ရန် ဒူးထောက်ထားခြင်းနှင့်ပင် တူသည်။ လော့မင်ကလည်း သူ့ကို အာရုံမစိုက်တော့ဘဲ အခြားနေရာကို ပြန်ကြည့်သည်။
"လှုပ်ရှားတော့မလား။ မဟုတ်ရင် မင်းတို့မှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးနော်။ "
ထိုနှစ်ယောက်လုံးကလည်း သူတို့၏ ခေါင်းထိပ်မှ စပြီး ခြေချောင်းထိပ်အထိ တုန်ရင်နေသည်။ တစ်ကိုယ်လုံးကလည်း အေးစက်သွားသည်။
"သွား။ "
ဂျိုးစ်က အော်လိုက်သည်။ အာဒူးကလည်း ခေါင်းညိတ်၏။ သူတို့နှစ်ယောက်လုံးက လေထဲသို့ တစ်ချိန်တည်း ခုန်တက်ကာ လော့မင်ကို တစ်ချိန်တည်းတွင် တိုက်ခိုက်သည်။
ဝှစ်။
(၁၀) မီတာ ကျော်ကျော်ခန့် မြင့်မားသော ကြီးမားသော ဝက်ဝံကြီးတစ်ကောင်က ကောင်းကင်ကိုပင် အုပ်မိုးကာ ကြီးမားသော အရိပ်ကြီးဖြင့် အောက်ဘက်ကို အုပ်ချသည်။ သူဟာ ကြီးမားသော တူတစ်လက်ကို ဆွဲကိုင်ပြီး လော့မင်ကို အပေါ်မှ ထုသည်။
"ကြမ်းတယ်။ "
အခြားတစ်ဖက်မှာ မြေကမ္ဘာ အက်ကွဲခြင်း သံချပ်ကာ သားရဲကလည်း သူ၏ မြေသား အခြေပြုစွမ်းအားများကို အသက်သွင်းလိုက်လေပြီ။ မြေပြင်မှ ဆူးချွန်များက မြောက်တက်လာကာ အရပ်မျက်နှာအနှံ့မှနေ၍ ပြိုင်ဘက်ကို ဝိုင်းသည်။
"အခု စိတ်ဝင်စားဖို့ ကောင်းသွားပြီ။ "
လော့မင်က လက်ကို တစ်ချက်ယမ်းသည်။
" နဂါးဖြူဟောင် တောထဲက နဂါးတိုက်ပွဲ။ "
ဘုန်း။
သူဟာ လက်ကို ပက်လက်လှန်ထားရာမှ မှောက်ခုံအဖြစ် ပြောင်းလဲလိုက်ရင်းဖြင့် ခြေထောက်ကန်ချက် တစ်ချက်ကို ထုတ်လာသည်။ ထို ခြေကန်ချက်က ကျောက်ပေါက်ရိုက်သကဲ့သို့ လျှပ်တပြက် ကန်ချက်မျိုးဖြစ်ပြီး လေထဲမှာ ပေါ်လာသည်။
ထို့ကြောင့် အရပ်မျက်နှာအနှံ့မှ လာသော ဆူးချွန်များအားလုံးက ကန်ချက်အောက်တွင် မြေအောက်သို့ ပြန်ကျသည်။ သူကိုယ်တိုင်ကလည်း လေပေါ်သို့ ခုန်တက်ပြီးနောက် လေထဲတွင် ဝက်ဝံထံသို့ သွားလိုက်သည်။
"အစစ်အမှန် နဂါး လက်သီး။ "
ကောင်းကင်တစ်ခုလုံး အနှံ့ နဂါးဟိန်းသံက ပဲ့တင်ထပ်သွားပြန်သည်။ မြေကမ္ဘာ ဝက်ဝံကြီး မျက်လုံးက ပြူးကျယ်သွားသည်။ သူဟာ ရွှေရောင် လက်သည်း ငါးချောင်းကို မြင်လိုက်ရသည်။ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသော နဂါးကြီးက ဟိန်းဟောက်နေချိန်တွင် သွေးနီရောင် မေးရိုးပါးစပ်ကြီးက ဖြဲကားလျက်သား ထွက်လာသည်။
နဂါး၏ မျက်ဝန်းတစ်စုံက ထည်ဝါမှုများ ပြည့်နှက်နေပြီး သူ့ကဲ့သို့ ဘာမှ မဟုတ်သော သတ္တဝါတစ်ကောင်က စိန်ခေါ်ရဲသည်အား လှောင်ပြောင်နေသည်နှင့် တူသည်။ ထိုအချိန်တွင် သူဟာ အမှန်ပင် ဖုန်လောက်ပင် ထုထည် မရှိဟု ခံစားလိုက်ရသည်။ လော့မင်၏ ၃ မီတာ မြင့်သော အမြင့်နှင့် သူ၏ ၁၀ မီတာ ကျော်သော အမြင့်ဟာ နှိုင်းယှဉ်၍ပင် မရချေ။ သို့သော် ထိုအချိန်တွင် သူကသာ အမှန်ပင် သေးငယ်သူဟု ခံစားသွားရသည်။
အစစ်အမှန် နဂါးလက်သီးက ဘာကိုမှ မရှောင်သလို တွန့်လည်း မတွန့်ဆုတ်သွားခဲ့ဘဲ မြေကမ္ဘာဝက်ဝံ၏ ကြီးမားသော တူကြီးကို ထိုးပစ်လိုက်သည်။
ခရက်... ခရက် ခရက် ခရက်... ။
သူဟာ ချက်ချင်းဆိုသလို တဖြည်းဖြည်းချင်းစီ ကွဲအက်လာသည်။ ထို့နောက် တစ်စက္ကန့်တွင် မရေတွက်နိုင်သော အပိုင်းအစများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့ လွင့်စင်သည်။ လက်သီးတစ်ချက်ဖြင့် လက်နက်ကို ကွဲကြေအောင် လုပ်ပြီးနောက် အစစ်အမှန် နဂါး၏ အရှိန်အဟုန်က မလျော့သွားသေးချေ။
"ဒါက ယန်ရှားရဲ့ ဂုဏ်ယူရာပဲ။ တကယ်ကို ကြောက်ဖို့ကောင်းတယ်။ "
ဂျိုးစ်၏ မျက်ဝန်းထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုက ပေါ်ထွက်လာသည်။
ဗန်း။
တစ်စက္ကန့် အတွင်းမှာပင် သူဟာ ကျည်ဆန်ကြီးတစ်ခုကဲ့သို့ ပြောင်းလဲလိုက်ကာ ပြင်းထန်သော အရှိန်နှုန်းကို သုံး၍ နောက်ဖက်သို့ ဆုတ်သည်။
ဝှစ်...။
ကံကောင်းသည်မှာ ရှောင်ဖျင်အန်းက အချိန်မီ ရောက်လာခြင်းအားဖြင့် ဂျိုးစ်၏ ခန္ဓာကိုယ်ကို ထိန်းပေးလိုက်သည်။ သို့မဟုတ်ပါက ထိုခန္ဓာကိုယ်သည် ကျောင်းသားအုပ်ဘက်သို့ ရောက်သွားကာ ပျက်စီးဆုံးရှုံးမှုများ များနိုင်၏။
"အစစ်အမှန် နဂါး ဘယ်ရောက်သွားလဲ။ "
မြေကမ္ဘာ ကွဲအက်ခြင်း သံချပ်ကာ သားရဲကလည်း လော့မင်၏ မြေသား အက်ကွဲခြင်း လက်သီးထံမှ ဆက်လက်ပြီး ဖြစ်ပေါ်လာသော တုန်ခါမှုဒဏ်ကို တောင့်ခံနေဆဲဖြစ်သည်။ သူဟာ တုံ့ပြန်နိုင်ခဲ့ချိန်တွင် အစစ်အမှန် နဂါးက ပျောက်သွားသည်။ သူဟာ ဘယ်ညာ ရမ်းခါနေပြီး အစစ်အမှန် နဂါးကို လိုက်ရှာနေသည်။
"နဂါး ပျောက်သွားတယ်။ "
သို့သော် အချို့သော အကြောင်းအရာမျိုးကြောင့် သူ၏ ကျောမှာ ချွေးထွက်လာသည်။
"ဘာ လိုက်ရှာနေတာလဲ။ "
ဗုန်း။
အေးစက်သော အသံထွက်သည်။ ရွှေနဂါး၏ လက်သည်းက ကောင်းကင်မှ ဆင်းသက်ပြီး သူ၏ ဂုတ်ကို ဆွဲကိုင်သည်။
"နဂါးဖြူဟောင် နဂါးလက်သည်း ကုပ်ချက်။ "
ထိုလက်သည်းဟာ မြေကမ္ဘာ ကွဲအက်ခြင်း သံချပ်ကာ သားရဲ၏ သံချပ်ကာကို အမှန်ပင် ကွဲကြေသွားစေသည်။
ခွက်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မြေပြင်ပေါ်သို့ မြုပ်ဝင်သွားသည်။ ခြေလက်များ အားလုံးကပင် ကျိုးကြေသွားပြီး ပြင်းထန်သော နာကျင်မှုဖြင့် တအီးအီးသာ အော်နေရလေသည်။
"အရှုံးပေးတယ်။ ပြီးပြီ ပြီးပြီ ပြီးပြီ။ "
သူဟာ ခေါင်းကို တဆက်ဆက် ညိတ်သည်။
"ဒါဆိုရင် သွားတော့။ "
လော့မင်က သူ့ကို တစ်ချက် ကောက်ယူကာ ဘေးဖက်သို့ ပစ်လိုက်သည်။ ထို့နောက် နောက်လှည့်မကြည့်ဘဲ အဝေးသို့ လျှောက်သွားသည်။
သို့ရာတွင် ထိုအချိန်တွင် မြေကမ္ဘာ ကွဲအက်ခြင်း သံချပ်ကာ သားရဲက နာကျင်စွာ ညည်းညူလိုက်ရပြန်သည်။
ဝီး ဝီး ဝီး...။
မြေပြင်မှ ဆူးချွန်တစ်ချောင်းက ထွက်ပြီး လော့မင်ထံသို့ အလွန်မြန်ဆန်သော အရှိန်နှုန်းဖြင့် ဝင်ရောက်သွားသည်။
စွတ်။
လော့မင်က ရုတ်တရက် တစ်ဖက်လှည့်သည်။
"အစစ်အမှန် နဂါးချီ။ "
ထိုအခါ ထိုမြေသားဆူးချွန်က ချက်ချင်း ပေါက်ကွဲသည်။
"မင်းက ဘာ သင်ခန်းစာမှ မယူတတ်ဘူးပဲ။ ဟမ်။ ငါက ယန်ရှားနယ်မြေက ဆေးရုံနဲ့ သဘောတူညီမှု ယူထားတာ။ ငါက တစ်ယောက်ကို ပို့ပေးရင် သူတို့က ငါ့ကို ငါးသိန်းပေးမယ်တဲ့။ "
အာဒူး၊ မင်းက ဒေါသထွက်စရာ လူလို့ ပြောရတော့မယ်။
"ငါ့ရဲ့ အရေးပေါ် ကုသဆောင် စီးပွားရေး လက်တွဲဖော် အနေနဲ့ ကြိုးစားအားထုတ်ပေးပါဦး။ "
သူက ထိုသို့ ပြောပြီးသည်နှင့် သူ၏ အရှေ့သို့ ချက်ချင်း ရောက်လာလေသည်။
သူဟာ အာဒူး၏ ခေါင်းပေါ် ဖနောင့်ဖြင့် တက်ပေါက်သည်။
ဗန်း ဗန်း ဗန်း...။
သုံးချက် ဆက်ပေါက်ပြီးနောက် ခေါင်းက သွေးသံရဲရဲ ထွက်လာသည်။ နောက်ဆုံးတွင် သူက လက်ကို ဆန့်ထုတ်ပြီး မြေကမ္ဘာ ကွဲအက်ခြင်း သံချပ်ကာ သားရဲ၏ သံချပ်ကာထဲသို့ လက်ညှိုးနှစ်ချောင်း ထိုးဖောက်ဝင်၍ အသားကို ထိုးသည်။
"မြေကမ္ဘာ ကွဲအက်ခြင်း သံချပ်ကာ သားရဲတဲ့လား။ ဒီသံချပ်ကာ မရှိရင် ဘာကို ကွဲအက်အောင် လုပ်နိုင်မှာလဲ။ ငါ့ကို ပြပေးစမ်းပါဦး။ "
ထိုသို့ ပြောပြီးသည်နှင့် ဗန်း ခနဲ အသံထွက်လာသည်။ လော့မင်ဟာ ခပ်ကြမ်းကြမ်း ညှစ်ထုတ်လိုက်ချိန်တွင် မြေကမ္ဘာကွဲအက်ခြင်း သံချပ်ကာသားရဲ၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားသည်။
"အား။ မလုပ်နဲ့။ "
သူဟာ နာကျင်စွာ အော်သည်။ သူ၏ ခန္ဓာကိုယ်မှ သံချပ်ကာကို ဆွဲခွာသည်မှာ အကြေးခွံတစ်ခုချင်းစီ ခွာနေသည်နှင့် တူသည်။ လော့မင်ဟာ အတွင်းထဲမှနေ၍ ကလော်ကာ လှန်ခွာလိုက်ခြင်းဖြစ်သည်။
"အရေးပေါ် ကုသဆောင်ကနေ ကြိုဆိုပါတယ်။ "
ခွက်။
ထို့နောက် သူသည် အာဒူးကို ဘေးဘက်သို့ ကောက်ပစ်လိုက်သည်။ ဒီတစ်ခေါက်တွင် သူဟာ ဆက်လက်ပြီး ခြိမ်းခြောက် တိုက်ခိုက်နိုင်စွမ်းရည် မရှိတော့ပေ။ အမှန်ပင် သတိလစ်သွားပြီ ဖြစ်သည်။ လော့မင်က ခေါင်းကို ခါယမ်း ထွက်သွားလိုက်သည်။
"ငါ့ရဲ့ ချစ်ရတဲ့ မိန်းကလေး ထန်မော့မော့၊ အကူအညီ လိုလား။ "
လော့မင်က ထန်မော့မော့နှင့် အန်နာ၏ တိုက်ပွဲကို လက်ပိုက်၍ စိုက်ကြည့်လိုက်သည်။ လော့မင်အသံကို ကြားသည့်အခါ အန်နာက တုန်သွားပြီး မြေပြင်ပေါ်သို့ပင် လဲကျချင်သွားသည်။ လော့မင်သာ လှုပ်ရှားပြီ ဆိုပါက သူမဟာ အရှုံးပေးလိုက်ရုံသာ ရှိမည်။
"ဗြိတိန်မှ အဆိပ်ပြင်း ဘုရင်မ။ "
နာမည်ကျော်သော ထိုအမျိုးသမီးဟာ လော့မင်၏ ကြောက်စရာကောင်းသော တိုက်ကွက်များကို မြင်ရုံနှင့် လန့်နေပြီသား ဖြစ်သည်။
"မလိုဘူး မလိုဘူး၊ ငါ သူမကို အနိုင်ယူနိုင်တယ်။ "
ထန်မော့မော့က ခေါင်းခါပြသည်။ သူမသည် အခြားသော လူများကို အမြဲတမ်း မှီခိုနေ၍ မရချေ။ သူမ၏ အချစ်ဆုံး သူငယ်ချင်းများကပင် ခရီးတစ်စိတ်တစ်ပိုင်းကိုသာ အဖော်ပြုပေးနိုင်သည်။ အကြွင်းမဲ့ အနေဖြင့် ကိုယ့်ကိုယ်ကိုယ်သာ မှီခိုရမည် ဖြစ်သည်။ အခက်ခဲဆုံး အချိန်ကာလတွင် ကိုယ့်ကိုယ်ကိုယ်သာ ကယ်နိုင်သည်။
"အင်း၊ အမှန်ပဲ။ ဒီမွန်းစတား၊ ဒီ အစစ်အမှန် မွန်းစတားလို့ ခေါ်တဲ့ သတ္တဝါက တော်တော်လေးကို ကြောက်စရာ ကောင်းတယ်။ "
ရှောင်ဖျင်အန်းကလည်း အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းညိတ်၏။
"နှမြောစရာ ကောင်းတာက သူ့မှာ အချိန်အများကြီး မကျန်တော့ဘူး။ မဟုတ်ရင် လော့မင်က ကျောင်းပေါင်းတစ်ရာ တိုက်ပွဲထဲကို ဝင်ပါနိုင်မှာပါ။ "
ရှောင်ဖျင်အန်းက နှမြောတသဖြင့် ခေါင်းညိတ်သည်။
ကျောင်းပေါင်းတစ်ရာ တိုက်ပွဲသည် ကျယ်ပြန့်သော တိုင်းပြည်ပေါင်း (နိုင်ငံပေါင်း) တစ်ရာက စုစည်း ကျင်းပသော ပြိုင်ပွဲမျိုးလည်း ဖြစ်ပြီး သုံးနှစ် တစ်ကြိမ် ကျင်းပသည်။ တတိယနှစ်မှ ကျောင်းသားများကသာ ပါဝင်ယှဉ်ပြိုင်နိုင်ကြပြီး အချိန်ကလည်း သုံးလသာ ကျန်သည်။ ပထမဦးဆုံး တစ်ချက်အနေဖြင့် အဓိက တက္ကသိုလ် အသီးသီးမှာ အသင်းဝင် ၁၀ ယောက်ကို ရွေးချယ်ပြီးသား ဖြစ်နေသည်။
ထိုရွေးချယ်ထားရသည့် ထို ၁၀ ယောက်က တိုင်းပြည်ကို ကိုယ်စားပြု ယှဉ်ပြိုင်ကြမည် ဖြစ်နေသည်။ နှမြောစရာ ကောင်းသည်မှာ လော့မင်က အချိန်လွဲသွားသည်။
အရင်က ရဲ့ချန်အန်း လိုပေါ့။ သူကလည်း အဲ့ဒီအချိန်က ကျောင်းပေါင်းတစ်ရာ ပွဲကို လွဲသွားတယ်။
"အခု နှစ်တွေမှာ ယန်ရှားရဲ့ နိုင်ငံတကာ လုပ်ဆောင်နိုင်စွမ်းရည်က တော်တော်လေးကို သာမန် ဖြစ်နေတာ။ မဆိုးဘူး ဆိုပေမဲ့လည်း ထိပ်တန်း အဆင့်ကိုတော့ မရောက်ဘူး။ အခု ယန်ရှားက ခံတပ်ကို ထိန်းနိုင်မယ့် ပါရမီရှင်ကို လိုနေပြီ။ အဲ့ဒီလိုမှ မဟုတ်ရင် ဆက်ခံသူ မရှိဘူးဆိုပြီး အလှောင်ခံရတော့မယ်။
ကွင်းထဲတွင် ကျယ်လောင်သော ဟိန်းဟောက်သံက ရှားချင်းချန်၏ အတွေးကို ပြန်လည် ဆွဲခေါ်လိုက်သည်။ အုတ်ခဲတုံးတစ်ခုကဲ့သို့ လွင့်ထွက်သွားသော အနက်ရောင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ကျောင်းယွီယန် ပဲ။
သူဟာ လီထျန်းနဲ့ တိုက်ပွဲတွင် ရှုံးသွားသည်။ လီထျန်းဟာ လုံးဝ ရူးသွပ်နေခြင်း ဖြစ်သည်။ သူ၏ ခေါင်းသုံးလုံးစလုံးက ဟိန်းဟောက်နေသည်။ သူ၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အလင်းများက ထွက်လာသည်။ မိုးကြိုးစွမ်းအား ငွေရောင် အလင်းတန်းနှင့် သွေးနီရောင် မီးတောက်များ ဖြစ်သည်။
နတ်စွမ်းအား သုံးခုလုံးက ရောနှောမွှေနှောက်နေပြီး ထို တိုက်ကွက်ကို ပိုမို ပြင်းထန်စေသောကြောင့် ကျောင်းယွီယန်ကပင် အရှုံးပေးလိုက်ရသည်။ အကယ်၍ သူကသာ ထိုတိုက်ကွက်မျိုးကို ရင်ဆိုင်ရမည် ဆိုလျှင် သူသည်လည်း အရေးပေါ် ကုသဆောင်တွင် သုံးလခန့် သွားရောက် နေထိုင်ရလာနိုင်၏။
"သူက လီထျန်းကို ဘာပြောလိုက်လို့ ရူးသွားတာလဲ။ "
အပိုင်း ၁၁၃ ပြီး၏။
***