အကန့်အသတ်မဲ့ ဝါးမြိုခြင်းက ပြန်ပေါ်လာတဲ့ အချိန်မှာပင် ဖြစ်သည်။
" ကိုယ်ပိုင်အင်အားနဲ့ မင်းကို အနိုင်ယူမယ်။အရှင်သခင်ရဲ့ သားဟုတ်လား။ လိပ်တစ်ကောင်ပါပဲ။ "
လက်သီးချင်း ရိုက်ခတ်မိသွားတဲ့အခါ ရွှေရောင် လျှပ်စီးတန်းများကပင် လင်းလက်ပြီး မိုးခြိမ်းသံများက ထွက်ပေါ်လာသည်။ သွေးနီရောင် မီးတောက်ကလည်း ဟိန်းဟောက်၏။ စင်မြင့်တစ်ခုလုံးက ပြိုကျပြီး အခြေပြုစွမ်းအင် လှိုင်း လှုပ်ခတ်မှု တစ်လှိုင်းပြီး တစ်လှိုင်းက ပေါ်ထွက်လာကာ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘာလို့ လူသစ်တစ်ယောက်က ဒီလောက်အထိ ဝုန်းဒိုင်းကြဲဖြစ်အောင် လုပ်နိုင်တာလဲ။ ဒုတိယနှစ်တွေတောင် ဒီလောက်အထိ မလုပ်နိုင်ဘူး။ "
" ဘုရားရေ... လီထျန်းက အင်အားကြီးမားမှန်း သိပါပြီ။ ဘာပဲဖြစ်ဖြစ် သူကလည်း တောင်တန်းနဲ့ မြစ်ပြင် လမ်းကြောင်းတစ်လျှောက် ဖောက်ထွက်ပြီး တိုက်ခိုက်နိုင်ခဲ့တဲ့ သူရဲကောင်းတစ်ယောက်ပဲလေ။ သူ့မှာ ရွှေအဆင့် အင်အားလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ လော့မင်က ဘာတွေဖြစ်နေတာလဲ။ သူက ငွေအဆင့် ၇ ပဲ ရှိသေးတာကို လီထျန်းနဲ့ သရေနီးပါး ကျအောင် တိုက်ခိုက်နိုင်နေပြီဟုတ်လား။ "
"ငွေအဆင့် ၇ က ရွှေအဆင့် ၁ ကို ရှုံးသွားရင် လက်ခံတယ်။ ဒါပေမဲ့ ငွေအဆင့် ၇ က SSS အဆင့် ရွှေအဆင့် ၁ ကို နိုင်သွားတာကတော့ အိမ်မက်ထဲမှာပဲ လက်ခံလို့ရမယ်။ "
" ဒီကလေးရဲ့ မွန်းစတားက တော်တော်လေးကို လွန်ကဲလောက်အောင် အင်အားကြီးတယ်။ အခု သူ့ရဲ့အင်အားက အဆပေါင်းများစွာ တိုးလာပြီလို့ ငါခံစားရတယ်။ "
ရှောင်ဖျင်အန်းက နှုတ်ခမ်းကို တစ်ချက် သတ်ရင်းပြောသည်။
" ဒီ ကြောက်စရာကောင်းတဲ့ ပါရမီစွမ်းရည်က SSS အဆင့် မွန်းစတားတွေတောင် မပိုင်ဆိုင်နိုင်တဲ့ အဆင့်မျိုးပဲ။ ဒါက တိုက်ပွဲဝင်စွမ်းအားဆိုတဲ့ နိယာမကို ကျော်နေပြီ။ "
သူ၏ မျက်လုံးက ပြူးပြီး နှလုံးခုန်နှုန်းက မြန်ဆန်လာသည်။
ရဲ့ချန်အန်းနှင့် ထန်ရန်ဟွာတို့ကလည်း ရှာဖွေထားသလား။
"ဒီကလေးက SSS အဆင့်ကို ကျော်လွန်တဲ့ အလားအလာကို ပိုင်ဆိုင်ထားပြီပဲ။ မအံ့သြတော့ပါဘူး... မအံ့သြတော့ပါဘူး"
"SSS အဆင့်ကို ကျော်လွန်တဲ့ ပါရမီမျိုးမှပဲ ကျောက်စိမ်းနတ်နဂါး အဆင့်ရဲ့ ချုပ်နှောင်မှုကို ကျော်ဖြတ်ပြီး ပိုမြင့်တဲ့ မွန်းစတားအဖွဲ့တွေကို သွားယှဉ်နိုင်မှာ။ "
" အဲဒီနောက် နံပါတ်တစ် မွန်းစတားတွေကို ထပ်ကျော်ပြီး မွန်းစတား ဘိုးဘေးကိုပါ ကျော်လွန်နိုင်လိမ့်မယ်။ ဆိုတော့ ဒီကောင်လေးက လူသားမျိုးနွယ်ရဲ့ မွန်းစတား ဘိုးဘေးပဲ။ "
ရှောင်ဖျင်အန်း၏ အံ့သြမှုကို ဖုံးကွယ်ရန် ခက်ခဲပြီး အဆုံးသတ်တွင် သူသည်လည်း အနှစ်ချုပ်လိုက်ရ၏။ လော့မင်သည် လူသားမျိုးနွယ် တစ်ခုလုံး၏ မျှော်လင့်ချက်နှင့် ညီမျှသွားပြီဖြစ်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘာလို့ သူ့ရဲ့အင်အားက ရုတ်တရက်ကြီး တိုးလာတာလဲ။ ဒီစွမ်းအား လှုပ်ခတ်မှုက ငွေအဆင့် ၇ ကို ကျော်နေပြီ။ "
ကျောင်းရီရှိ ကိုယ်တိုင်ကပင် မှင်သက်သွား၏။ လော့မင်က ထုတ်ပြသည့် အင်အားသည် သူ၏ မျှော်လင့်ချက်အားကို ကျော်လွန်သွားသည်။ အရှိန်နှုန်းဖြစ်စေ၊ တိုက်ခိုက်မှုဖြစ်စေ လီထျန်းထက် မလျော့တော့ချေ။
"ငါ နားလည်သွားပြီ။ လှံက လော့မင်ရဲ့ အသက်ပဲ။ လှံ မရှိတဲ့ လော့မင်ကမှ အစစ်အမှန်။ "
လော့မင် လှံကိုင်ထားတာကို မြင်လျှင် ကံကောင်းတယ်လို့ သတ်မှတ်လိုက်တော့။ ဘာလို့လဲဆိုတော့ သူက သူ့ရဲ့အင်အားကို ဖိနှိပ်ထားလို့။ ဒါဆိုရင် ရှင်သန်မှု မျှော်လင့်ချက် ရှိသေးတယ်။ လှံကို ချလိုက်ရင်တော့ သေတော့။
"အဆင့်တွေကို ဘေးဖယ်ထားလိုက်စမ်းပါ။ လီထျန်းက လော့မင်ထက် အားမနည်းဘူး။ ဆိုတော့ ပြောင်းပြန်ဖြစ်သွားပြီလို့ ပြောချင်တာလား။ "
"ငါက ရန်ရှားက... ရဲ့ချန်အန်းကလည်း ရန်ရှားကပဲ။ အချက်အလက်တွေကို ပေးဖယ်ထားလိုက်စမ်းဦး။ ငါက ရဲ့ချန်အန်းနဲ့ တူနေတယ်။ "
ဒီပြဿနာက မညီမျှမှုအတိုင်း ငါ ချက်ချင်း ဖြေရှင်းနိုင်သွားပြီ။
သူသည် တိုက်ခိုက်လေလေ အရှိန်အဝါက ပိုပြင်းထန်လာလေ ဖြစ်လာသည်။ လော့မင်၏ ခွန်အားသည် သူနှင့် လက်ရည်တူလုနီးပါး ဖြစ်နေ၏။ လီထျန်းကလည်း သူသည် ဘာကိုမှ မထိန်းထားကြောင်း သေချာသည်။ သူသည် အင်အားအပြည့်ကို ထုတ်ထား၏။ သို့သော် သရေသားကျအောင်ပဲ လုပ်နိုင်နေ၏။
" ဖြစ်နိုင်တာက တကယ်ပဲ လော့မင်က သူ လီထျန်းထက် မနိမ့်ဘူးလား။ "
"ဒါပေမဲ့ သူက ရွှေအဆင့် ကျင့်ကြံသူလေ။ ဘယ်လိုဖြစ်ပြီး အဆင့်တူ... ဒါဆိုရင် သူက လော့မင်ကို လုံးဝ မယှဉ်နိုင်တော့တဲ့ အဓိပ္ပာယ်လား။ "
" ဟေး။ လီထျန်း...။ မင်းရဲ့ ကိုယ်ပိုင်စွမ်းအားကြောင့် ရှုံးနိမ့်တာကို ကြုံဖူးလား။ "
လော့မင်က ရုတ်တရက် မော့ကြည့်ပြီး ပြောသည်။ လီထျန်း၏ နှလုံးသားက အခုန်မှားသွားပြီး ရုတ်တရက် သူသည် အလွန် မကောင်းသော ခံစားချက် ရလာသည်။ သူ၏ နှလုံးခုန်သံကပင် ရပ်မတတ် ဖြစ်လာ၏။
"အဆုံးအစမဲ့ ဝါးမြိုမှု။ "
ဝါး...။
ထောက်ထျန့်ရဲ့ ရင်ဘတ်က ကြီးမားတဲ့ ခေါင်းကြီးက ရုတ်တရက်ဆိုသလို သွေးသံရဲရဲ မေးရိုးကြီးကို ဟလိုက်ကာ ကြောက်မက်ဖွယ်ကောင်းသော စွဲစုပ်အားကို ထုတ်လွှတ်လာသည်။
"ဒါ ဘယ်လိုစွမ်းအားလဲ။ "
လီထျန်း၏ မျက်နှာက ချက်ချင်း ပျက်သွားသည်။ သူသည်လည်း လော့မင်က သူ့ထံမှ တစ်စုံတစ်ရာကို ဆွဲစုပ်ကာ ကလော်ယူနေသလိုမျိုး ခံစားရပြီး သူ့ခန္ဓာကိုယ် အပိုင်းအစများမှာ မြန်ဆန်စွာ ပျောက်ကွယ်လာသည်။ မမြင်ရသော လက်တစ်ဖက်က ဝိညာဉ်ကိုပင် ဆွဲလှုပ်ကိုင်ကာ ခဲထုတ်နေသည်နှင့် တူ၏။
"မင်းက... မင်းက ဘယ်လိုမွန်းစတားလဲ။ "
လီထျန်းက ကြောက်သွားသည်။ သူသည် လော့မင်နှင့် အကွာအဝေး ထားသင့်သည်ဟု ခံစားရ၏။ ထိုအတိုင်း ဆက်ဖြစ်နေပါက သူသည် တစ်ဘဝလုံး နောင်တရရတော့မည်။ သို့ရာတွင် လော့မင်လက်က သူ့ရဲ့ လက်ကောက်ဝတ်ကို ကိုင်ထားသည်။
"ကြောက်သွားပြီလား။ ပြေးတော့မလို့လား။ ခြောက်ခြားသွားတာလား လီထျန်း။ မင်းကလည်း မကောင်းဘူးပဲ။ "
" အရှင်သခင်ရဲ့ သားဆို... မင်းက လိပ်ပဲလား။ "
လော့မင်က လှောင်သည်။
"လော့မင်... ငါမင်းကို သတ်မှာနော်။ "
သွေးနီရောင် နဂါး ဟိန်းသံ...။
ထိုအချိန်တွင် ကြောက်မက်ဖွယ် နဂါးဟိန်းသံကြီးက ပေါ်မလာခဲ့ချေ။ လီထျန်းသည်လည်း ဇဝေဇဝါ ဖြစ်သွားကြပြီး သိလာရသည်မှာ သူသည် သွေးနီရောင် နဂါးဟိန်းသံကို မသုံးနိုင်တော့ခြင်း ဖြစ်၏။ ပို၍ ဆိုးသည်မှာ ရွှေခြင်္သေ့ဟိန်းသံ ဖြစ်စေ ငွေနဂါးဟိန်းသံကို ဖြစ်စေ မသုံးနိုင်တော့ပေ။
"မင်း... မင်း ဘာလုပ်လိုက်တာလဲ။ "
သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပေါ်ထွက်လာသည်။ သူသည် တောင်တန်းနှင့် မြစ်ပြင် လမ်းကြောင်းများတွင်ပင် တွေ့ခဲ့ဖူးသော ကြောက်စရာကောင်းသော မွန်းစတားများကို မြင်ဖူးလိမ့်မည်။
"မင်းကို မင်းရဲ့ အင်အားကို ပြန်သုံးပြီး အနိုင်ယူမလို့လေ။ လီထျန်း။ မျက်လုံးကို ပြူးအောင် ဖွင့်ပြီး သေချာကြည့်။ "
"နယ်မြေ တောက်လောင်ခြင်း အမျက်။ "
ဘုန်း...။
လော့မင်၏ အနားတွင် ကြီးမားသော အရိပ်ကြီးတစ်ခု ပေါ်လာ၏။
" ဒါက... ဒါက ဧကရာဇ် သားရဲ သုံးကောင်ပဲ။ "
လူတိုင်းမှာ မတ်တပ် ရပ်လိုက်ကြပြီး အံ့သြမှုအပြည့်ဖြင့် ကြည့်ကြသည်။
"ဘာလို့ ဧကရာဇ် သားရဲ သုံးကောင်က လော့မင်ရဲ့ နောက်မှာ ပေါ်လာရတာလဲ။ "
"လော့မင်က ကျောင်းယွီယန်ကို အနိုင်ယူခဲ့တာထက် ကြောက်စရာကောင်းတဲ့ အကွက်ကို သုံးမလို့လား။ မဟုတ်သေးဘူး...။ အဓိက သော့ချက်က လော့မင်က လီထျန်းရဲ့ စွမ်းရည်ကို ဘယ်လိုသုံးနိုင်နေတာလဲ ဆိုတာပဲ။ "
ကြည့်ဦး... ကြည့်ဦး...။ လီထျန်းလည်း ကြောက်နေပြီ။ သူလည်း မမျှော်လင့်ထားတဲ့ပုံပဲ။ လုံးဝကို ရှိန်လောက်တယ်။ တအားကို လန်းတာပဲ။ လော့မင်ရဲ့ စွမ်းရည်က အတုယူနိုင်တာလား၊ ကူးယူနိုင်တာလား၊ စားသုံးနိုင်တာလား တစ်ခုခုပဲ။
ကျောင်းသားများ အားလုံးက မှင်သက်အံ့သြနေကြသည်။
"ငါကတော့ ဝါးမြိုတယ်လို့ ထင်တယ်။ မဟုတ်ရင် လီထျန်းက ဘာလို့ မတိုက်ခိုက်ဘဲ နေနေမှာလဲ။ ဟုတ်တယ်မလား။ ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်။ သူ့ရဲ့ စွမ်းအင်ကို လော့မင်က ယူသွားပြီ။ "
ထိုအချိန်တွင် အားလုံးက ပင့်သက်ရှိုက်လိုက်ကြသည်။
ထောက်ထျန့်ရဲ့ အဆုံးအစမဲ့ ဝါးမြိုနိုင်စွမ်းရည်မှာ မိန်းမောလွန်းအားကြီးပြီး ရှိန်လောက်သည်။ တစ်စုံတစ်ယောက်၏ စွမ်းအင်ကို သုံးပြီး ထိုစွမ်းအင်ဖြင့် တစ်ဖက်သူကို ပြန်တိုက်ခိုက်ရန် အခွင့်အရေး တစ်ကြိမ်ပဲ ရှိမည်ဆိုလျှင်ပင် ကြောက်စရာကောင်းနေပြီသား ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကိုယ်ပိုင်စွမ်းရည်လည်း ကုန်ဆုံးသွားမည် မဟုတ်ချေ။
"မင်းရဲ့ ကိုယ်ပိုင်အင်အားကို နှစ်ဆမြှင့်... အခြားသူရဲ့ စွမ်းအားကို ဝါးမြို... ဒီလို မွန်းစတားမျိုးက သာမန် SSS အဆင့် မဟုတ်တော့ဘူး။ လော့မင်... မင်းမှာ ဘယ်လို ဝှက်ဖဲတွေ ဖုံးကွယ်ထားတာလဲ။ "
ရှောင်ဖျင်အန်းကလည်း လော့မင်ကို သေချာ စူးစိုက်ကြည့်နေသည်။ သူသည်လည်း လော့မင်မှာ ရတနာ အကြီးကြီး တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ခံစားမိနိုင်၏။ ထိုရတနာကို မြေကမ္ဘာထဲတွင် တူးထုတ်လိုက်သည်နှင့် ကြယ်ပွင့်တစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲပစ်နိုင်လောက်သည်။
"ငါ့ရဲ့ စွမ်းအား... ငါ့ရဲ့ စွမ်းအား လော့မင် ငါ့ကို ပြန်ပေးစမ်း။ "
လီထျန်းက မရင်းနှီးသော ဧကရာဇ် သားရဲ သုံးခေါင်းကို ကြောက်လန့်တကြား ကြည့်သည်။ သူသည် လောက တောက်လောင်ခြင်း အမျက်နှင့်အတူ မြင်မတွေ့နိုင်သော လူပေါင်းများစွာ၏ အိမ်မက်များ၊ စိတ်ကူးများ အားလုံးကို ဖျက်ဆီးခဲ့ရင်း လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးလေသည်။ သို့သော် ထိုအချိန်တွင်မူ ယခုအခါ ကြောက်စရာကောင်းသော အားကို ပြန်ခံစားရမည့် သူ့အလှည့် ဖြစ်သွားသည်။
ထိုနောက် တစ်စက္ကန့်တွင် သုံးရောင်ခြယ် မုန်တိုင်း စွမ်းအားကြီးက ထိုးထွက်လာကာ ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံလာသည်။ လီထျန်း၏ မျက်လုံးကလည်း အဖြူရောင် အလင်းတန်းဖြင့် အုပ်သွားသည်။ မြင်ကွင်းကပင် မကြည်လင်တော့ပေ။ သူသည် ဘာကိုမှ မမြင်နိုင်တော့ပေ။
" ဒါက... အရှုံးရဲ့ အရသာပဲ။ ဒါက စိတ်ပျက်အားငယ်မှုလို့ ခေါ်တယ်။ "
ပတ်ဝန်းကျင် တစ်ခုလုံးက လွင့်ထွက်သွားပြီး သုံးရောင်ခြယ် လှိုင်းများအောက်တွင် ထပ်ခါတလဲလဲ ပေါက်ကွဲကာ တစစီ လွင့်ထွက်သည်။ ယခင်က ကျောင်းယွီယန်နှင့် နှိုင်းယှဉ်သော် သူ၏ အခြေအနေက ပိုဆိုးသည်။ သူသည် မီတာ ရာကျော်ခန့်အထိ လိပ့်သွားပြီးမှ ထိုကွင်းပြင်၏ အပြင်ဘက်အထိ ကန်ထုတ်ခံရကာ ကျောင်းအဆောက်အဦး တစ်ခုနှင့် ဝင်ရိုက်မိသည်။
"သိပ်မဆိုးဘူးပဲ။ ဒါပေမဲ့ နှမြောစရာက တစ်ကြိမ်ပဲ သုံးလို့ရတာ။ ဟူး...။ "
လော့မင်က ခေါင်းခါ၏။ သို့ရာတွင် ထိုအမျက် စွမ်းအားကြောင့် လီထျန်း၏ တိုက်ခိုက်နိုင်စွမ်းရည်က အနည်းဆုံး တစ်ဝက်နီးပါးခန့် လျော့ကျသွားသည်။ ယခုအချိန်မှ စတင်ပြီး အုပ်စိုးရှင်၏ သားကလည်း မထောင်လွှားနိုင်လောက်တော့ပေ။
ကြက်တစ်ကောင် သက်သာပါပဲ။ ဒါပေမဲ့ မပြီးသေးဘူး။ လော့မင်က မကျေနပ်သေးပေ။ သူ့ကိုသာ ထိုမျှ လွယ်လွယ်ကူကူ လွှတ်ပေးလိုက်မည် ဆိုလျှင် လွယ်လွန်းနေပေလိမ့်မည်။ လော့မင်က လီထျန်းဆီ တဖြည်းဖြည်း လျှောက်သွားသည်။
"ဟေး... သတိမလွတ်နဲ့ဦး။ ငါ ကစားလို့ မဝသေးဘူး။ "
သူက ရှားချင်းချန်ကို တိုက်ခိုက်ရဲကတည်းက လော့မင်က သူ့ကို အလွယ်တကူ လွှတ်ပေးစရာ အကြောင်း မရှိတော့ပေ။ လော့မင်က လက်ကိုမြှောက်ပြီး သူ့ခေါင်းကို ဆွဲကိုင်ကာ ဒရွတ်တိုက် ဆွဲရင်း အလောင်းကောင် တစ်ခုကဲ့သို့ ပြန်သွင်းလာသည်။
"ငါပြောမယ်... မင်းကို မနက်ဖြန် နေရောင် မမြင်စေရဘူး ဆိုရင် အဲဒီအတိုင်း ဖြစ်ရမယ်။ လူကြီးလူကောင်းရဲ့ စကားက သက်သေပဲ။ "
ထိုစကား မဆုံးခင်မှာပင် လော့မင် ခန္ဓာကိုယ် ပတ်ပတ်လည်တွင် သွေးနီရောင် အလင်း၊ သွေးနီရောင် မီးတောက်က မြောက်တက်လာသည်။
ထိုနောက်တွင် တိုက်ပွဲ မဟုတ်တော့ဘဲ တစ်ဖက်သတ် သတ်ဖြတ်မှုမျိုး ဖြစ်သွားသည်။ လီထျန်းက ယခင်က ထောင်လွှားမှုအတွက် တန်ဖိုးကို ပေးဆပ်ရလေသည်။ ထိုအချိန်တွင် ရန်ရှားတက္ကသိုလ် ဝင်ပေါက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
"ဆရာက ပြောတယ်။ ဒီနေ့က သခင်လေးရဲ့ ရန်ရှားတက္ကသိုလ်က ပွဲဦးထွက်မယ့် နေ့တဲ့။ ငါ့ရဲ့ လီမိသားစုက ပွဲတစ်ခုလုံးကို မင်းမူပြီး နံပါတ်တစ် နေရာကို အရယူနိုင်မှာ သေချာတယ်။ ငါတို့က လီမိသားစုရဲ့ အရှင်သခင်ဆိုတဲ့ နာမည်ကို ထပ်ပြီး နာမည်ကြီးအောင် လုပ်နိုင်တော့မယ်။ "
ထိုအမျိုးသားသည် ပြုံးနေ၏။ လီထျန်းက ပြိုင်ဘက်ကင်း စွမ်းအားဖြင့် ရန်သူများ အားလုံးကို ဝါးမြိုခြေမွနိုင်ခဲ့သည့်အလား မြင်နိုင်နေသည့်အလား ဘဝင်လေဟပ်နေသော အပြုံးမျိုးကို ပြုံးနေလေတော့သည်။
အပိုင်း ၁၁၅ ပြီး၏။
***