ကျောက်စိမ်းပြာ မွန်းစတား၏ အင်အားကြီးမားလွန်းသော အရှိန်အဝါက တစ်ကွင်းလုံးကို လွှမ်းခြုံထားသည်။ ချက်ချင်းဆိုသလို လူပေါင်းများစွာက အလန့်တကြား ဖြစ်သွားသည်။
"လီမိသားစုကပဲ တုံးလိုက်တာ။ ရန်ရှားတက္ကသိုလ်ရဲ့ စင်မြင့်ပေါ်မှာ ရန်ရှားတက္ကသိုလ်က ကျောင်းသားကို လာပြီး တိုက်ခိုက်ရဲတယ်။ လီမိသားစုက သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းပြီ ထင်နေကြတာလား။ "
ကျောင်းရီရှိကပဲ အထင်သေးစွာ ခေါင်းခါသည်။ ရှန်းဟိုင်မှာ လီ မိသားစုသည် အမှန်ပင် အင်အားကြီးမားသော်လည်း အုပ်ချုပ်ရေး အာဏာရှိသော မြို့တော်မှ ကလန်ကြီး ၅ ခုနှင့် အတန်ငယ် ကွာခြားနေသေးသည်။
ရန်ရှားတက္ကသိုလ်၏ ကျောင်းအုပ် ရှောင်ဖျင်အန်းသည် သာမန်လူ မဟုတ်ချေ။ သူသည် တစ်ချိန်က ထာဝရကမ္ပည်း တော်ဝင်အဖွဲ့၏ ဒု ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့တာ။ ဘာပဲဖြစ်ဖြစ် ထာဝရ ကမ္ပည်း တော်ဝင်အဖွဲ့ဆိုတာကလည်း မဟာ တော်ဝင်အဖွဲ့ လေးဖွဲ့ထဲက တစ်ဖွဲ့လေ။ ရန်ရှားတက္ကသိုလ်က စစ်တပ်နဲ့ အဓိက တော်ဝင်အဖွဲ့ကြီး လေးဖွဲ့က ပေါင်းစည်းပြီး တည်ထောင်ထားတာ။ ဒါကို သူက ဒီလို အင်အားစုကြီးရဲ့ အရှေ့မှာ လာပြီး လှုပ်ရှားရဲတာကတင် မဟာတော်ဝင်အဖွဲ့ လေးဖွဲ့ကို အလေးအနက်မထား၊ သတိမမူဘူးလို့ ပြောလိုက်သလိုပဲ။ လီလင်းကတောင်မှ ဒီလို မလုပ်ရဲတာ။ သူ့ရဲ့အစေခံက အသိစိတ် မရှိဘူးလား။
"ဟား...။ သူ့ရဲ့ မိုက်မဲမှုက ကြောက်စရာကောင်းတာပဲ။ "
"သေတော့။ "
အဆိပ်ပြာ ကင်းမြီးကောက်၏ ကျောမှ အဆိပ်ပြင်းသော အမြီးကောက်ကြီးက လေထုကို ထိုးခွဲ၍ လော့မင်ဆီ လာသည်။
" ရပ်စမ်း...။ မင်းကို ဘယ်သူက ဒီနေရာမှာ လှုပ်ရှားခိုင်းလို့လဲ။ "
ဘုန်း...။
လော့မင်၏ လမ်းတွင် ပုံရိပ်တစ်ခုက လာပိတ်သည်။
"ထွက်သွား။ "
တစ္ဆေမျက်လုံး ကြောင်က ဖျတ်ခနဲလက်၍ ထိုကင်းမြီးကောက်အမြီးကိုလည်း လက်တစ်ဖက်ဖြင့် ဆွဲကိုင်သည်။ ထို့နောက် အင်အားကြီးမားသော ဖိညှပ်မှုနှင့်အတူ ကိုယ်ထည်ကို ချေမွပစ်လိုက်သည်။
ဘန်း...။
သူက လီထောင်ကို ကန်ထုတ်ပစ်လိုက်သည်။
"မင်းကို ဘယ်သူက ရန်ရှားရဲ့ ကွင်းထဲမှာ ရန်ရှားရဲ့ ကျောင်းသားကို လာပြီး တိုက်ခိုက်ခိုင်းတာလဲ။ "
ရဲပုရှင်းက လီထောင်ကို အေးစက်စွာ ကြည့်သည်. လီထောင်၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။
"သူက ငါ့ရဲ့ လီမိသားစု သခင်လေးကို အရှက်ခွဲနေတာ။ ဒါကို မင်းက ဘာလို့ ဘာမှမလုပ်တာလဲ။ "
သူက ရဲပုရှင်းကို စွပ်စွဲသည်။
"ဟွန့်... အရှက်ခွဲတယ် ဟုတ်လား။ အင်း... မင်းသခင်လေးက အရှုံးမပေးထားလို့လေ။ သူကိုယ်တိုင်က အရှုံးပေးလိုက်သမျှ ပြိုင်ပွဲက ပြီးသွားပြီလေ။ "
လီထောင်၏ မျက်လုံးက မှေးစင်းသွားသည်။
အရှုံးပေးရမယ် ဟုတ်လား။ လီ မိသားစုရဲ့ သခင်လေးက ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောရမှာလဲ။ လီထျန်းက သေရရင်တောင် အရှုံးမပေးရဘူးလို့ ငယ်ငယ်ကတည်းက သင်ထားပြီးသား။ သူ့ကို အရှုံးပေးဖို့ တွန်းအားပေးတာက သူ့ကို သတ်တာထက် ဆိုးတယ်။
"ကျောင်းအုပ် ရှောင်... လီထျန်းက ငါ့သခင်ရဲ့သား၊ လီမိသားစု အရှင်သခင်ရဲ့သားပဲ။ လီမိသားစုကလည်း ဒီလိုတစ်ခါမှ အရှက်ခွဲမခံရဖူးတာ မဟုတ်ဘူး။ သူက ငါ့ရဲ့ သခင်ကို အရှက်ခွဲနေတာ၊ လီမိသားစုကို အရှက်ခွဲနေတာ။ လီ မိသားစုကို မျက်နှာအနည်းငယ်ပေးဖို့ တောင်းပန်ပါတယ်။ "
လီထောင်က မြင့်မားလှသော နေရာတွင် ထိုင်နေသော ကျောင်းအုပ်ရှောင်ကို တိုက်ရိုက်ပြောလာသည်။ ရှောင်ဖျင်အန်းက သူ့ကို တစ်ချက်ကြည့်သည်။ သို့သော် မည်သည့် ခံစားချက်မျှ မပါသော မျက်နှာသေနှင့် အကြည့်ဖြစ်သည်။
"လီ မိသားစုက လူတွေရဲ့ ဦးနှောက်နေရာမှာ ကြွက်သားတွေပဲ ဖွံ့ဖြိုးလာကြတာလား။ သူတို့က ဘာမဆို လက်သီးနဲ့ပဲ တွေးတယ်။ ဟင်း...။ "
သူက မျက်နှာပေးချင်ရင်တောင် လူအများရဲ့ရှေ့မှာ ဘယ်လိုများ သဘောတူပေးရမှာလဲ။ ပိုဆိုးတာက သူကိုယ်တိုင် လော့မင်ရဲ့ ပါရမီနဲ့ အင်အားကို မြင်ပြီးပြီ။
ရှောင်ဖျင်အန်းသည် ထိုကဲ့သို့သော ပါရမီရှင်၏ ကာကွယ်စောင့်ရှောက်သူပင် ဖြစ်လိုစိတ် ရှိနေသည်။ သူဟာ ရဲ့ချန်အန်း၊ ထန်ယန်ဟွာတို့၏ နောက်မှပင် တန်းစီချင်နေပြီ ဖြစ်သည်။ အချိန်သာ ပေးလိုက်ရင် ဒီလူငယ်က ကြယ်ပွင့်ကြီး တစ်ခုလုံးရဲ့ လက်ရှိအခြေအနေကို ပြောင်းလဲပြီး ရန်ရှားရဲ့ ထောက်တိုင် ဖြစ်လာမှာ။ သူက ကယ်တင်ရှင်ဖြစ်မှာ။ သူတို့ရဲ့ သူရဲကောင်း ဖြစ်လာမှာ။ ဒါနဲ့ ယှဉ်ရင် လီမိသားစုက ဘာလဲ။ သူတို့ကိုသူတို့ ထူးခြားတယ်များ ထင်နေကြတာလား။
"ဆရာရဲ့... ဘာကိုမှ မတုံ့ပြန်ဘဲ ကိုင်တွယ်လိုက်စမ်းပါ။ "
ရှောင်ဖျင်အန်းက လီထောင်ကို အထင်သေးစွာ ကြည့်ပြီး လစ်လျူရှုလိုက်သည်။
လီထောင်၏ မျက်နှာထားက ချက်ချင်းပျက်သွားသည်။ သူ၏ ကလန်ဟာ ရှန်းဟိုင်တွင် ထောင်လွှားနေကြဖြစ်ပြီး လူတိုင်းကလည်း အာဏာရှင် လီလင်းကို မျက်နှာသာ ပေးရသည်။ ရှန်းဟိုင် မွန်းစတား တက္ကသိုလ်မှ ကျောင်းအုပ်ကပင် ခြွင်းချက် မရှိပေ။ သို့သော် ဒီနေရာတွင် သူတို့ဟာ တန်ဖိုးရှိပုံမရပေ။
"မင်း...။ "
သူ၏ စကားမဆုံးခင် ရဲပုရှင်းက တစ္ဆေမျက်လုံး ဝိညာဉ်ကြောင်အဖြစ် အသွင်ထပ်ပြောင်းလာသည်။
"မင်းဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ ဟမ်။ မင်းကိုယ်မင်း ထူးခြားတယ်များ ထင်နေတာလား။ လီ ကလန်။ လီ ကလန်။ လီ ကလန်က အင်အားကြီးတာ မှန်တယ်။ ဒါပေမဲ့ တောင်တန်းနဲ့ မြစ်ပြင်ခံတပ်ကို စောင့်ကြပ်နေတဲ့ အခြားလူတွေက ဘာဖြစ်သွားလို့လဲ။ လီ ကလန်က အဲဒီလောက် အင်အားကြီးရင် ဘာလို့ အပျက်အစီးနယ်မြေကို သွားပြီး သီးသန့် မစောင့်ကြပ်တာလဲ။ "
" မင်းရဲ့ လီထျန်းကလည်း လူပဲ။ ဒါပေမဲ့ လော့မင်က ရန်ရှားတက္ကသိုလ်ရဲ့ လော့မင်က လူ မဟုတ်နေလို့လား။ သူက ထျန်းချီ တော်ဝင်အဖွဲ့က ရဲ့ချန်အန်းနဲ့ ထျန်းယန် နည်းပညာက ထန်ယန်ဟွာတို့က တန်ဖိုးထားရတဲ့သူ။ ရန်ရှားတက္ကသိုလ် ပထမနှစ်ရဲ့ ထိပ်တန်းကျောင်းသား။ သူ့ရဲ့နောက်ခံက မင်းရဲ့ လီကလန်ထက် မနိမ့်ဘူး။ "
"မင်းကသာ ရန်ရှားတက္ကသိုလ်ကို လာပြီး ငါ့ရဲ့ကျောင်းသားကို အနိုင်ကျင့်ချင်ရင်တော့ မင်းကိုယ်မင်း ဘာကောင်လဲဆိုတာ ငါ ဂရုစိုက်မနေဘူး။ သေချင်နေတာလားလို့ပဲ မေးလိုက်ရလိမ့်မယ်။ "
တစ္ဆေမျက်လုံး ဝိညာဉ်ကြောင်က ပိတ်ထားသော မျက်လုံးကို ဆတ်ခနဲ ဖွင့်လိုက်ချိန်တွင် အလွန်ပင် စူးရှသော အလင်းတန်းက ထွက်လာသည်။
ထိုနေရာ တစ်ခုလုံးကို အေးစက်သော အနက်ရောင် သတ်ဖြတ်လိုစိတ်စွမ်းအားက ဖြတ်သန်းသွားသည်။ ဝိညာဉ်ကြောင်၏ မျက်လုံးဟာ သွေးရောင်အဖြစ် ပြောင်း၏။
ဒုတိယမျက်လုံးမှ အနက်ရောင် အရိပ်က ဖြာထွက်လာသည့်အခါ သွေးမြေကျရတော့ပေလိမ့်မည်။
ဝါး...။
သူဟာ သားရဲဆန်သော ဟိန်းသံကြီးကို ထုတ်လွှတ်လိုက်သည်။ အမြဲတစေ အိပ်ငိုက်နေခဲ့ပြီး အလွန်ပင် အိပ်ချင်ပုံရသည့် အိပ်မက်သူ ဆရာက ကြောက်စရာကောင်းသော အင်အားကို ထုတ်ပြလေပြီ။
တစ္ဆေမျက်လုံး ဝိညာဉ်ကြောင်သည် အဆိပ်ပြာ ကင်းမြီးကောက်ကို မြေပြင်ပေါ်သို့ လက်တစ်ဖက်တည်းဖြင့် ကုပ်ဆွဲကာ ဖျက်ရိုက်ပစ်လိုက်ပြီး တစ်ချက်တည်းနှင့် အမြီးကို ဆွဲဖြတ်ပစ်လိုက်သည်။
ခရပ်... ခရပ်...။
လက်မနှစ်ဖက်လုံးကလည်း ကွဲကြေသည်။ လီထောင်ဟာ နဂို မူလ ပုံသဏ္ဌာန်သို့ပင် ပြန်ပြောင်းလိုက်ရသည်။ သူသည်လည်း ဒေါသကြီးနေသော ဝိညာဉ်ကြောင်ကို ကြည့်ကာ လီထျန်းကို ဆွဲခေါ်ပြီး ပြေးသည်။
"သခင်လေး... ပြန်ရအောင်။ ရှန်းဟိုင်ကို ပြန်ကြမယ်။ သခင်က ဝင်ပါပြီး ငါတို့အတွက် တရားမျှတမှု ယူပေးမှာ သေချာတယ်။ "
သူတို့က ရန်ရှားတက္ကသိုလ်မှ ဖရိုဖရဲ အနေအထားမျိုးနှင့် ထွက်ပြေးသွားကြရသည်။
ဒီတစ်ခေါက်တွင် ရှန်းဟိုင်မှာ လီမိသားစုဟာ အကြွေးမဲ့ ရှုံးနိမ့်သွားပြီ။ ဟွတ်။
တစ္ဆေမျက်လုံး ဝိညာဉ်ကြောင်က မျက်လုံးကို ပြန်ပိတ်သွားပြီး တခဏ နားသည်။
ထို့နောက် လူသားပုံသဏ္ဌာန် ပြန်ပြောင်းသည်။ အနီးကပ် ကြည့်ရှုလိုက်မည် ဆိုပါက သူ၏ မျက်ကွင်းများက ပိုညိုနေကြောင်း မြင်သာသည်။
"သေစမ်း... ငါ တစ်နှစ်ခွဲလောက် ဆက်အိပ်ရတော့မယ်။ "
သူက မျက်လုံးမှိတ်ပြီး လော့မင်ကို ပြန်ကြည့်သည်။
"သွား... အခုက စပြီး မင်း လုပ်ချင်တာ လုပ်။ မကြောက်နဲ့။ ရန်ရှားတစ်ခုလုံးက ဘယ်သူကမှ အင်အားသုံးပြီး မင်းကို မဖိနှိပ်ရဲဘူး။ မင်းရဲ့နောက်မှာ လူတွေ အများကြီး ရှိတယ်။ အခု မင်းရဲ့နောက်မှာ ရန်ရှားတက္ကသိုလ်ရှိတယ်။ "
ရဲပုရှင်းက လော့မင်၏ ပုခုံးကို ပုတ်ကာ အားပေးသည်။
"တောက်လျှောက်သွား... မင်းက ဒီကုန်းမြေကြီး တစ်ခုလုံးရဲ့ ထိပ်ဆုံးမှာ ရပ်နေတဲ့သူ ဖြစ်တာကို ငါစောင့်နေမယ်။ "
လော့မင်ကလည်း ခေါင်းကို ညိတ်သည်။
သူ့ဆရာက သူ့ရဲ့အရှေ့မှာ အကြိမ်ပေါင်းများစွာ ထွက်ရပ်ပေးမယ် မထင်ထားဘူး။ ပုံမှန်အားဖြင့် အေးစက်ပြီး ထောင်လွှားတယ်လို့ ထင်ရတဲ့ သူ့ရဲ့ အတန်းပိုင်ဆရာကလည်း သူ ထင်ထားတာထက် ပိုပြီး နွေးထွေးနေသေးသည်။
"နောက်ပြီး ငါ့ရဲ့ ညီငယ်လေးကို ဂရုစိုက်ဖို့ မင်းကို ဒုက္ခပေးရဦးမယ်။ "
လော့မင်က မှင်သက်သွားသည်။
ညီငယ် ဟုတ်လား. နေပါဦး... မိသားစု နာမည်က "ရဲ" ဆိုတော့ နောက်ပြီး အရမ်းလည်း အိပ်ချင်နေတာ...။ နေပါဦး...။ သူ့အခန်းထဲက အဲဒီကောင်လား။ ရဲဟယ်...။ အသားစိမ်းစားရတာလည်း ကြိုက်တယ်။ အိပ်ချိန်ကလည်း လုံးဝ ပြောင်းပြန်ဖြစ်နေတဲ့သူက တကယ်တော့ ရဲပုရှင်းရဲ့ ညီတဲ့လား။
ပြုစုပျိုးထောင်နည်းက တစ်စက်မှ မတူဘူး။
တစ်ယောက်က ဗလတောင့်တောင့် လူကြီး။ အခြားတစ်ယောက်ကတော့ နေမကောင်းသလိုပဲ ဆံပင်ကလည်း ဖြူနေသေးတဲ့ အေးစက်တဲ့ မျက်နှာနဲ့ လူငယ်လေး။ သေလိုက်ပါတော့။
လော့မင်ကလည်း အခန်းဖော်တိုင်း၏ နောက်ခံက မရိုးရှင်းကြောင်း နားလည်လာသည်။
သို့ရာတွင် သူ၏ တာဝန်က ပြီးဆုံးသွားသော်လည်း လူနည်းငယ် ကျန်သေးသည်။ သူ့၏ အကြည့်က ရွေ့လာ၏။ ဗြိတိန်မှ အန်နာက သူ့ကို ကြောက်နေပုံရကာ တိုက်ကွက်များက အားနည်းထက် အားနည်းနေခြင်းအားဖြင့် ထန်မော့မော့၏ အသာစီးရယူခြင်းကို ခံလိုက်ရသည်။
ရှားချင်းချန်ကလည်း မီးတောက်ဖီးနစ်၏ အင်အားဖြင့် ချူချင်နင်ကို နိုင်သွားပြီ ဖြစ်သည်။
ထိုအချိန်တွင် ရှောင်ဖျင်အန်းက မတ်တတ်ထရပ်သည်။
"ကောင်းပြီ။ ငါ ကြေညာမယ်။ ဒီလူသစ်ပြိုင်ပွဲရဲ့ ပထမနေရာက လော့မင်ပဲ။ "
သူ၏ အသံဆုံးသည်နှင့်အတူ ထို ကွင်းပြင်ကြီး တစ်ခုလုံးက အားပေးသံများဖြင့် ပြည့်နှက်သွားပြီး ပြိုင်ပွဲဟာ အဆုံးသတ်သွားသည်။
ထိပ်ဆုံး ၁၀ ယောက်ကို အမြင့်ဆုံးမှ အနိမ့်ဆုံးသို့ ရေတွက်လိုက်မည် ဆိုလျှင် ထိုလူများမှာ လော့မင်၊ လီထျန်း၊ ကျောင်းယွီယန်၊ ရှားချင်းချန်၊ ချူချင်နင်၊ ထန်မော့မော့နှင့် အန်နာတို့ ဖြစ်သည်။
နောက်ဆုံး သုံးယောက်ကမူ အရေးပေါ် ကုသဆောင်ထဲတွင် ရှိနေကြသည်။
လီထျန်းကလည်း လီထောင်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ကျောင်းထုတ်ခံရသည်။ ထို့အတွက်ကြောင့် ဒုတိယနေရာဟာ လစ်လပ်သွားခဲ့ရသည်။
လူသစ်ပြိုင်ပွဲမှ ပထမဆုဟာ ထိုက်တန်စွာ ရရှိသွားသည်။ လော့မင်သည်လည်း အဆီအနှစ် သွေးနှင့် သားရဲ အရိုးအိတ်များကို အတိုင်းအတာတစ်ခုအထိ ရယူနိုင်ခဲ့ပြီး သူ၏ အင်အားကလည်း ငွေအဆင့် ၁၀ သို့ တိုးတက်ရန် လုံလောက်သွားပြီ ဖြစ်သည်။ နောက်ပြီး သူက တံဆိပ်တစ်ခု ရလိုက်သေးသည်။
ဒီတံဆိပ်ကို အတွဲဆက် တံဆိပ် လို့ ခေါ်သည်။
အပိုင်း ၁၁၇ ပြီး၏။
***