"အတွဲဆက်တံဆိပ်... ဒါက ဘာလဲ။ "
လော့မင်က ရှောင်ဖျင်အန်းကို ပဟေဠိဖြစ်သလို ကြည့်သည်။
"ဟီဟီ..."
ရှောက်ဖျင်အန်းက ပြုံး၏။
"လော့မင်... ကျောက်စိမ်းနက် သမိုင်းမှာ နံပါတ် ၁၃ လိုမျိုး မွန်းစတားတွေ ပေါ်လာခဲ့ဖူးတာ သိတယ်မဟုတ်လား။ အားလုံးကလည်း အတွဲဆက် မွန်းစတားတွေလေ။ "
တစ်ကောင်ချင်းစီတိုင်းက ကျောက်စိမ်းနက် တစ်ခုလုံးကို ဖျက်ဆီးနိုင်လုနီးပါး လုပ်နိုင်ခဲ့သည်။ ကြောက်စရာအကောင်းဆုံး တိုက်ပွဲတွေကြောင့် ကျောက်စိမ်းနက်မှ နယ်မြေတစ်ဝက်ကျော်လောက်နီးပါးက ဖျက်ဆီးခံခဲ့ရ၏။ တစ်ကမ္ဘာလုံးမှာ ကျောက်စိမ်းနက်အဆင့် ကျွမ်းကျင်ပညာရှင် ၁၀ ယောက်ကျော်က တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကာ လူသားမျိုးနွယ် တစ်မျိုးနွယ်လုံး အရှုံးခံရလုနီးပါး ဖြစ်ခဲ့သည်။
"ငါ့တို့လူသားတွေက ဒီလို ကပ်ဘေး ၁၃ ခုမှာ ရှင်သန်ခဲ့တယ်။ ငါတို့က ဒီလို ကြောက်စရာကောင်းတဲ့ မွန်းစတား ၁၃ ကောင်လုံးကို သတ်နိုင်ခဲ့တယ်။ "
နံပါတ် ၉ နှင့် နံပါတ် ၁၀က မွန်းစတားတွေရဲ့ အလောင်းတွေက အပျက်အစီးနယ်မြေထဲက မွန်းစတားတွေ ပြန်ယူသွားတာကြောင့် သူတို့ရဲ့အလောင်းတွေကို မပိုင်ဆိုင်တော့ပေမယ့် ကျန်တဲ့ ၁၁ ကောင်လုံးက လူသားမျိုးနွယ်ဘက်မှာပဲ။ လူသားတွေက ဒီမွန်းစတားတွေရဲ့ အရိုးတွေ၊ သံချက်ကာတွေ၊ ကြွက်သားတွေကို သုံးပြီး အတွဲဆက် လက်နက်တွေကို လုပ်ထားခဲ့တယ်။ အတွဲဆက် လက်နက်တွေထဲမှာ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ထည့်သွင်းထားပြီးသား။ ကံဆိုးစွာနဲ့ လက်နက်တွေက အင်အားကြီးမားလွန်းပြီး အခြေပြုစွမ်းအားတွေက ကြမ်းတမ်းလွန်းတဲ့အတွက်ကြောင့် အသုံးပြုတဲ့သူ အများစု သေသွားကြတယ်။ "
" ဒီအတွဲဆက်တံဆိပ် ဆိုတာကလည်း ဒီလို အတွဲဆက် လက်နက် သခင်ဖြစ်ဖို့ အခွင့်အရေးတစ်ခုပဲ။ တစ်ကမ္ဘာလုံးမှာမှ ပြန်လည် ရွေးချယ်တာနော်။ "
"လက်ရှိ ရန်ရှားတက္ကသိုလ်မှာ အတွဲဆက် တံဆိပ် နှစ်ခု ရှိတယ်။ ငါ မင်းကို တစ်ခုပေးလိုက်မယ်။ "
ရှောက်ဖျင်အန်းက ပြောသည်။
အတွဲဆက် မွန်းစတား ၁၁ ကောင်ရဲ့ အတွဲဆက်လက်နက် ၁၁ ခုထဲက ၆ ခုက ပိုင်ရှင်ရှိနေကြပြီ။ ဒါပေမဲ့ ဘယ်သူကမှ ရန်ရှားက မဟုတ်ဘူး။
" ငါက မင်းကို ရန်ရှားအတွက် အတွဲဆက် လက်နက်တစ်ခု ယူပေးစေချင်တယ်။ "
ရှောက်ဖျင်အန်းက လော့မင်ကို ပြင်းပြစွာ စိုက်ကြည့်သည်။
" အစကတော့ ဒါက ပြိုင်ပွဲရဲ့ ပထမနေရာအတွက် ဆု မဟုတ်ဘူး။ ဒါပေမဲ့ ငါကိုယ်တိုင် ထပ်ထည့်လိုက်တာ။ လော့မင်။ ငါ မင်းကို အများကြီး မျှော်လင့်ထားတယ်။ အနာဂတ်မှာ မင်းက တစ်လောကလုံးကို အံ့သြအောင် လုပ်နိုင်မှာ သေချာတယ်။ "
သူသည် ရှောက်ဖျင်အန်း၏ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ လော့မင်ဟာ တံဆိပ်ကိုကြည့်ပြီး မျက်လုံးက အတွေးများဖြင့် ပြည့်နေသည်။ သူ၏ လက်ရှိအင်အားက မယှဉ်နိုင်လောက်သေးပေ။ အတွဲဆက်တံဆိပ်ကို ရသင့်သော အဆင့် မဟုတ်သေးပေ။
သို့သော် ရှောက်ဖျင်အန်းက သူ့ကို အသိအမှတ်ပြုသည့် ပုံစံမျိုးဖြင့် ပြောသွားသည်။ ယခုအခြေအနေအရ သူ့အနေဖြင့် သွားရောက် ယူနိုင်သေးသော်လည်း အများ၏ လက်ခံမှုကို ရရှိစေအလို့ငှာ တစ်နှစ်ခန့်နေမှသာ ယူနိုင်ပေလိမ့်မည်။ ထို့ကြောင့် သူသည် စိုးရိမ်စရာ မလိုသေးပေ။
"လက်ရှိအချိန်မှာ ငါ့ရဲ့အသင်းက ပုံစံ စ ပေါ်နေပြီ။ ဆိုတော့ စစ်တပ်ထဲက တာဝန်အချို့ကို လက်ခံရမယ့် အချိန်ပဲ။ တစ်ချိန်လုံး ကျောင်းမှာပဲ နေနေရတာက ငါ့ရဲ့အရိုးတွေကို နာကျင်စေပြီး သံချေးတက်လာစေပြီ။ "
လော့မင်က တွေးလိုက်သည်။ ကျောင်းယွီယန်နှင့် ချူချင်နင်တို့က ပူးပေါင်းလာသောကြောင့် သူတို့၏ အသင်းမှာ မစ်ရှင်များကို လက်ခံနိုင်သော အနိမ့်ဆုံး လိုအပ်ချက်ဖြစ်သည့် ခြောက်ယောက်တစ်ဖွဲ့ ဆိုသော သတ်မှတ်ချက် ပြည့်သွားပြီ ဖြစ်သည်။ သူဟာ စစ်တပ်၏ မစ်ရှင် ပလက်ဖောင်းထဲသို့ ဝင်လိုက်သည်။
"ကြယ်နှစ်ပွင့် မစ်ရှင်... ရွှေတွင်း...။ မိုင်းတွင်းထဲက မိုးကြိုးသားရဲ ခိုကို ရှင်းလင်းရမယ်။ ခြောက်ယောက်ထက် ပိုတဲ့ အသင်း ၃ သင်း ရှိဖို့ လိုအပ်တယ်။ မစ်ရှင်ရဲ့ ဆုလာဘ်ကတော့ တစ်သင်းကို ဝိညာဉ်ကျောက်တုံး ၂၀၀ ပဲ။ "
နံနက်ခင်းသို့ ရောက်သည့်နေ့တွင် လော့မင်က အသင်းဝင်များကို ဆင့်ခေါ်ကာ ထင်မြင်ချက်များ မေးသည်။ အားလုံးကလည်း ထိုမစ်ရှင်ကို လက်ခံရန် သဘောတူသည်။
"ဒီလိုဆိုရင် ငါ လက်ခံလိုက်မယ်။ "
မည်သူကမှ ငြင်းစရာ မရှိသဖြင့် လော့မင်က လက်ခံသည့် ခလုတ်ကို နှိပ်သည်။ သို့ရာတွင် အသင်းအမည်ပေးသည့် နေရာတွင် ပိတ်သွားသည်။
"အင်း... ငါတို့အသင်းမှာ နာမည် မရှိသေးဘူးပဲ။ "
လော့မင်က သူတို့ကို ကိုးရိုးကိုးကားဖြင့် ကြည့်သည်။
"ဆိုတော့ ငါတို့နာမည်ကို အရင် စဉ်းစားရမယ်။ "
"အင်း... ငါ သိပြီ... နတ်ဘုရားမအသင်းလို့ ခေါ်လိုက်မယ်။ "
ချူချင်နင်က ပြုံးစိစိဖြင့် ပြောသည်။
" ဘာပဲဖြစ်ဖြစ် ငါ့လို နတ်ဘုရားမမျိုးက အရမ်းကို ဆွဲဆောင်မှုရှိပြီး လူတိုင်းက ချစ်တာကို ခံရတယ်လေ။ နင်တို့ရဲ့ အဖွဲ့ထဲကို ငါက ပူးပေါင်းလိုက်ခြင်းအားဖြင့် ဒီနာမည်ထက် ပိုပြီး သင့်တော်တာ မရှိတော့ဘူး။ "
လော့မင် နှာခေါင်းက တွန့်သွားသည်။ သူဟာ သူမကို လျစ်လျူရှုလိုက်သည်။
"သေဆုံးခြင်းအဖွဲ့လို့ ခေါ်ရအောင်... ရှိန်လောက်တဲ့ နာမည်ပဲ။ "
ကျောင်းယွီယန်က မှတ်ချက်ပေးသည်။
"လူတိုင်းက နင့်ကို ကလေးဆန်တယ် ထင်နေတာလား။ "
ရှာချင်းချန်၊ ထန်မော့မော့နှင့် ချူချင်နင်တို့ အားလုံးက သူ့ကို အထင်တသေး ကြည့်သည်။ ကောင်မလေး သုံးယောက်က ထိုကဲ့သို့သော နာမည်မျိုးကို သဘောမကျပေ။ ထို့အပြင် လော့မင်က အဖွဲ့စာရင်းကို ရှာဖွေကြည့်ပြီးနောက် သေဆုံးခြင်းအဖွဲ့ဟု ခေါ်သော အဖွဲ့မျိုး ခုနစ်ဖွဲ့မှ ဆယ်ဖွဲ့ဝန်းကျင် အထိ ရှိနေသေးသည်။ စစ် နတ်ဘုရားအဖွဲ့၊ မိုးကြိုးအဖွဲ့ စသည်ဖြင့်လည်း ရှိနေသည်။
"တစ်ကိုယ်တော်အဖွဲ့လို့ ခေါ်ကြမလား။ "
လော့မင်က နှာခေါင်းကို ပွတ်သည်။
"ဘာပဲဖြစ်ဖြစ် အားလုံးကလည်း တစ်ကိုယ်တော်တွေပဲ။ "
ထိုအခါ လူတိုင်းက သူ့ကို အထင်သေးစွာ ကြည့်လာသည်။
"ငါ့ရဲ့ နတ်ဘုရားမအဖွဲ့လောက်တောင် မကောင်းဘူးပဲနဲ့။ "
ချူချင်နင်ကလည်း သူ့ကို အထင်သေးစွာ ကြည့်သည်။
"ငါကတော့ သေခြင်းအဖွဲ့က ပိုကောင်းတယ် ထင်တယ်။ "
ကျောင်းယွီယန်က ခေါင်းငြိမ့်သည်။
"ဒီလိုဆိုရင် ဘယ်လိုလဲ။ "
တစ်ချိန်လုံး တိတ်နေသော လုချန်က ပြောသည်။
"မင်ချန်းအဖွဲ့လို့ ခေါ်လိုက်မယ်လေ။ ခေါင်းဆောင်ရဲ့ နာမည် တစ်လုံးနဲ့ ဒု ခေါင်းဆောင်ရဲ့ နာမည်တစ်လုံးပါတယ်။ "
"ဘာလို့ ရှာချင်းချန်က ဒု ခေါင်းဆောင်လဲ။ "
ချူချင်နင်က လက်မခံချင်သေးပေ။
"ဘာလို့လဲဆိုတော့ ချင်းချန်က နင့်ထက် ပိုအင်အားကြီးလို့လေ။ "
ထန်မော့မော့က ပြန်ငြင်းသည်။
"မင်ချန်းအဖွဲ့... ငါတို့အဆင်ပြေတယ် ထင်တယ်။ "
ကျောင်းယွီယန်က တစ်ချက် ခေါင်းငြိမ့်သည်။
"အင်း... ငါလည်း အဆင်ပြေတယ်။ "
လော့မင်က ခေါင်းကုတ်သည်။
"ဒါဆိုရင် အဲဒီလိုပဲ ခေါ်ကြတာပေါ့။ "
အသင်းနာမည်ကို ဖြည့်ပြီး လူတိုင်း၏ ဆက်သွယ်ရမည့် အချက်အလက်များကို ဖြည့်ပြီးသည်နှင့် အခြားအဖွဲ့ တစ်ယောက်က သူတို့အား အဖွဲ့လိုက် စကားပြောခန်း အသစ်တစ်ခုထဲသို့ ထည့်ပေးသည်။
"စကားမစပ်... ငါတို့ စီနီယာ ယန်ရှီကို ခေါ်သင့်တာ။ "
"မခေါ်နဲ့...။ စီနီယာ ယန်ရှီရဲ့ အင်အားနဲ့ဆိုရင် ငါတို့နဲ့ တာဝန်လိုက်လုပ်တာက အချိန်ဖြုန်းတာပဲ။ "
လော့မင်က ခေါင်းခါသည်။
"စီနီယာ ယန်ရှီကလည်း မလိုအပ်ဘဲ ဝင်ပါမှာ မဟုတ်ဘူး။ "
သူတို့အဖွဲ့က အစည်းအဝေးပွဲ၏ အချိန်ကို ဆွေးနွေးပြီးနောက် လူစုခွဲလိုက်ကြသည်။ နောက်တစ်နေ့ နံနက်ခင်းတွင် သူတို့ ခြောက်ယောက်က ရန်ရှားတက္ကသိုလ် ဂိတ်ဝတွင် ဆုံကြသည်။ ကျောင်းယွီယန်က ပြောသည်။
"ငါတို့ကို ကားမောင်းလိုက်ပို့မယ်တဲ့။ "
"အိုး... လူချမ်းသာ ကလေးပဲ...။ ကားကိုသာ ကားမောင်းလာတယ်။ သူ ကွန်တိမ်နာကို မောင်းလာတာတော့ မဟုတ်ပါဘူးနော်...။ အဲဒါက အရမ်း လူကြည့်ခံရလိမ့်မယ်။ အခြားအသင်းတွေက ငါတို့ကို မြင်တာနဲ့ ထွက်ပြေးသွားပါဦးမယ်။ "
ချူချင်နင်က အထွန့်တက်သည်။ လော့မင်က ဘာကိုမျှ မပြောလိုက်ပေ။ ဒီလောကမှာ ကားများက ယခင်ဘဝက ကားများနှင့် မတူညီပေ။ အထူးသဖြင့် စစ်သုံးကားများ ဖြစ်သည်။ လက်နက်အဖြစ်ပင် သုံးနိုင်၏။ အားလုံးမှာ သီးသန့် ပြင်ဆင်ခိုင်းထားခြင်းများ ဖြစ်ပြီး ဒီဇိုင်းက မူလ ယခင်ဘဝက ကားများနှင့် တူညီသည်။
သို့သော် အင်ဂျင်ပိုင်း၊ စွမ်းအင် အရင်းအမြစ်ပိုင်းနှင့် အခွံပိုင်းများ အားလုံးက မွန်းစတားများ၏ အခွံနှင့် အဖိုးတန် သတ္တုများကို သုံးကာ လုပ်ထားခြင်း ဖြစ်သည်။ အချို့ဆိုလျှင် အခြေပြု ကျောက်တုံးများဖြင့်ပင် အားဖြည့်ရန် လိုအပ်သည်။
ထို့ကြောင့် အထူးသဖြင့် ကြောက်စရာကောင်းလောက်အောင် ဈေးကြီး၏။ ထိုအချိန်တွင် အဝါရောင် ကွန်တိန်နာ ကားတစ်စီးက ကျောင်းထဲမှ တဖြည်းဖြည်း ထွက်လာသည်။
"သွားရအောင်... သခင်လေး၊ သခင်မလေးတို့။ တစ်ခါတည်းနဲ့ ကားပေါ်တက်ပါ။ "
ကျောင်းယွီယန်က ပြတင်းပေါက်မှန်ကို ချရင်းပြောသည်။
" ဒါက မဟာမျိုးရိုး အမြောက် မဟုတ်ဘူးလား။ "
ချူချင်နင်က မှင်သက်သွားသည်။
"နင်... ကျောင်းမိသားစုရဲ့ သခင်လေးက ပစ္စည်းပို့ကားကို မောင်းလာတယ်။ နောက်ပြီး တကယ်ကြီးကိုပဲ ဒီမှာ လေးခုံပဲ ပါတာလေ...။ နှစ်ယောက်က နောက်မှာ ထိုင်ရဦးမယ်။ "
ကောင်မလေးများက အကြည့်ချင်း ဖလှယ်ကာ ကားထဲသို့ ခပ်မြန်မြန် တက်သည်။ ထိုနောက် ကံဆိုးရှာသော လော့မင်နှင့် လုချန်တို့က နောက်ခန်းမှ ထိုင်ရသည်။
"တစ်လမ်းလုံး လှုပ်လှုပ်ခါခါနဲ့ ခံရဦးမှာပဲ။ တော်တော်လေးကို ဒုက္ခရောက်ရမယ့်ပုံပဲ။ အင်း...။ လုချန်... မင်း အသွင်ပြောင်းလိုက်ပါလား... ငါ မင်းပေါ်တက်စီးပြီး နောက်က လိုက်မယ်လေ... မကောင်းဘူးလား။ "
လော့မင်က ပြောသည်။
"အာ... ခေါင်းဆောင်... ငါ့မှာ လိုင်စင်ပြား မရှိဘူး"
လုချန်က အနည်းငယ် မျက်နှာပူသလို ပြောသည်။
လော့မင် ...။
မဟာမျိုးရိုး အမြောက်က အရှိန်ကို တောက်လျှောက် မြှင့်ကာ မောင်းသောကြောင့် နောက်မှလူများမှာ လေများ၏ တဖတ်ဖတ်၊ တဖုန်းဖုန်း အရိုက်ခံနေရပြီး နှစ်ယောက်က အကြည့်ချင်း ဖလှယ်ကာ တိတ်သွားသည်။ ဒီနေ့ လေက တော်တော် ဆူသည်။ သူတို့သည် ရန်ရှားနယ်မြေ၏ မစ်ရှင် ခန်းမသို့ ရောက်သွားကြသည်။ လော့မင်က အခြားသော ပူးပေါင်းမည့် အသင်းနှစ်သင်းကို ရှာသည်။
"ဝံပုလွေ အမဲလိုက်အသင်း" နှင့် "သံမဏိ သွန်းလုပ်ခြင်းအသင်း။ "
"ဟေး လူငယ်လေး... မင်းက မင်ချန်း အသင်းကလား။ "
ရုတ်တရက် ပန်းပွင့် တီရှပ် ဝတ်ထားသော ကတုံးနှင့် လူတစ်ယောက်က လော့မင်ပုခုံးကို လာပုတ်သည်။
"ခင်ဗျား..."
"အာ... ငါက ဝံပုလွေ အမဲလိုက်ခြင်း အသင်းရဲ့ ခေါင်းဆောင်ပဲ... ငါ့ကို ဝံပုလွေထွားလို့ ခေါ်။ "
ကတုံးလူက ပြောသည်။ သူဟာ ဘေးပတ်ပတ်လည်မှာ အနက်ရောင် တီရှပ်နှင့် ပိန်ပါးပါး လူကို ပြောသည်။
"သူက သံမဏိ သွန်းလုပ်ခြင်း အသင်းက ဝူကမ်းမန်တဲ့။ "
လော့မင် ( ...။ )
အခြားတစ်ယောက်က ခေါင်းငြိမ့်သည်။
"ငါ့အဖိုးက ဝူထီးမန်လို့ ခေါ်တယ်။ ငါ့အဖေကတော့ ဝူထုံးမန်လို့ ခေါ်တယ်။ ငါ့အစ်ကိုက ဝူကျင်းမန်နဲ့။ ငါ့ညီကတော့ ဝူထုံမန်လို့ ခေါ်တယ်။ ဒီတော့ ငါ...။ "
" ဝူကမ်းမန်ပေါ့။ "
လော့မင်က ဖြတ်ပြောသည်။ နောက်မှ ၅ ယောက်က အော်ရယ်သည်။
"အာ... ငါ့ကို သံမဏိအိုကြီးလို့ပဲ ခေါ်ပါ။ "
သူ၏မျက်နှာက နီရဲနေပြီး သူ၏ ပါးကို ကုပ်သည်။ ကုန်လွန်ခဲ့သော နှစ်များတွင် နာမည်ကို မိတ်ဆက်သည့်အချိန်တိုင်း ယခုလို ဖြစ်တတ်သည်။
"ဒါပေမဲ့ မင်းတို့က တော်တော် ငယ်သေးတယ်နော်... ဘာလို့ ကျောင်းမတက်ထားတာလဲ။ "
ဝံပုလွေထွားကလည်း သူ၏ ပြောင်နေသော ကတုံးကို ကုပ်ရင်း မေးသည်။
"တကယ်ကို ကျောင်းသားတွေလား။ "
သူတို့က မရှင်းပြခင် အနီးအနားမှာ စောင်းမြောင်းသော လေသံက ထွက်လာသည်။
"သံမဏိအိုကြီး ဝံပုလွေ ထွား...။ အရင်ကျတဲ့ ကလေးတွေကြောင့်နဲ့ မင်းတို့က ငါတို့အသင်းကို မပူးပေါင်းအောင် ငြင်းဆန်ခဲ့တယ် ဟုတ်လား။ "
အပိုင်း ၁၁၈ ပြီး၏။
***