ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ရွှေခြင်္သေ့ဘုရင်နှင့် တူသော လူကြီးတစ်ယောက်က ထောင်လွှားသော အမူအရာမျိုးနှင့် သူ့ထံသို့ လျှောက်လာနေကြောင်း မြင်လိုက်ရလေသည်။
"ဒါက ရွှေခြင်္သေ့အသင်းရဲ့ ချန်ကျင်းဟန်လို့ ခေါ်တယ်။ သူတို့ရဲ့ ရန်ရှားနယ်မြေထဲက ဂုဏ်သတင်းက တော်တော်လေးကို ဆိုးတာ။ အထူးသဖြင့် အသင်းလိုက် မစ်ရှင်တွေ လုပ်ဆောင်နေတဲ့ အချိန်မျိုးမှာပေါ့။ သူတို့အသင်းက အနိုင်ကျင့် ဗိုလ်ကျတတ်ပေမယ့် အခြားအသင်းတွေကတော့ ပျောက်ကွယ်သွားကြတယ်။ "
အချို့သူတွေက ပြောတာတော့ သူတို့က အဖျက်ဆီးနယ်မြေထဲမှာ အခြားသူတွေရဲ့ ဆုလာဘ်တွေကို အရယူလိုက်တာတဲ့။
တောင်လန်က လူတိုင်း နားလည်နိုင်သော အမူအရာမျိုး လုပ်ပြသည်။
" ငါ တကယ်ပဲ သူတို့နဲ့အတူတူ ဒီမစ်ရှင်ကို အတူ မလုပ်ချင်ဘူး။ ဒါပေမဲ့ သူက ရန်ငြိုးထားမယ် ထင်ရတယ်။ ဂရုစိုက်...။ အဲဒီ မျိုးမစစ်က ပြဿနာလာရှာနိုင်တယ်။ "
တောင်လန်က သတိပေးသည်။ ချန်ကျင်းဟန်က သူ၏ အသင်းဝင် ရှစ်ယောက်ကို ခေါ်ကာ လော့မင်ဆီ လာသည်။
" မိတ်ဆွေဖွဲ့ကြမလား။ ရွှေခြင်္သေ့အသင်းရဲ့ ချန်ကျင်းဟန်... မင်းကရော။ "
"မင်ချန်းအဖွဲ့ရဲ့ လော့မင်။ "
" ဟွန်း... လော့မင် ဟုတ်လား။ "
သူဟာ လော့မင်ကို အပေါ်အောက် သေချာကြည့်ပြီး နားနားကပ်ကာ ခပ်တိုးတိုး ပြောသည်။
"ဒီမစ်ရှင်ကို စွန့်လွှတ်ထားဖို့ ငါအကြံပေးချင်တယ်။ မဟုတ်ရင်...။ "
"အိုး... မဟုတ်ရင် ဘာဖြစ်လဲ။ "
လော့မင်က မေးသည်။ မျက်ဝန်းက တစ်ချက်လက်လာ၏။
"မဟုတ်ရင် မင်းရဲ့အသင်းက အခုက စပြီး ဘာမစ်ရှင်မှ မရအောင် ငါ အာမခံပေးနိုင်တယ်။ "
"ဟွန့်... မရင့်ကျက်သေးတဲ့ မျိုးမစစ်တစ်အုပ်ကများ အခြားသူတွေနည်းတူ မစ်ရှင်တွေ လုပ်ချင်တယ် ဟုတ်လား။ ကိုယ့်ရဲ့ အမိုးအကာ အောက်မှာပဲ ပြန်နေလိုက်။ "
ချန်ကျင်းဟန်က လေသံတိုးတိုးနှင့် အထင်သေးစွာ ခြိမ်းခြောက်သည်။
"ငါ့ကို ခြိမ်းခြောက်နေတာ ဟုတ်လား။ စိတ်မရှိနဲ့...။ ငါ့ရဲ့ တန်ဖိုးရှိတဲ့ အကြံပေးချက်တွေကို နားမထောင်ဘူးလား။ "
လော့မင်၏ မျက်လုံးက မှေးစင်းသွားသည်။ ချန်ကျင်းဟန်၏ အင်အားသည် ထိုမျှ မကြီးမားသော်လည်း အများဆုံးမှာ ရွှေအဆင့် ၃ သာ ရှိသည်။
အကယ်၍ တိုက်ခိုက်ပါက သူဟာ တစ်ချက်တည်းနှင့် သတ်နိုင်သည်။ လော့မင်၏ လေးနက်သော အကြည့်ကြောင့် ချန်ကျင်းဟန်က ရုတ်တရက် ကြောင်သွားသည်။ ထိုအကြည့်သည် သူ့အား တစ်စုံတစ်ရာကို သတိရသွားစေ၏။ သူတို့အသင်းသည်လည်း တောင်တန်းနှင့် မြစ်ပြင်ဖြတ်လမ်းတွင် လှုပ်ရှားနေကြ ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် အဆိုပါနေရာက စစ်သားဟောင်းကြီးများ ဖြစ်ကြသည်။ တောင်တန်းနှင့် မြစ်ပြင်ခံတပ်ထံသို့ ရောက်လာသော အားနည်းသူများအား အနိုင်ကျင့်ရတာကို သဘောကျသည်။
လူတစ်ယောက်ကို ရန်စမိသွားသည်။ သူတို့၏ အသင်းတွင် အဖွဲ့ဝင်ရှိသလောက် ထိုလူ၏ ရန်မူခြင်းကို ခံရပြီး ဒီနေရာတွင် မယှဉ်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ရန်ရှားနယ်မြေထဲသို့ ထွက်ပြေးခဲ့ရသည်။ နောက်ပိုင်းတွင်လည်း ထိုလူ၏ နာမည်က လီထျန်းဖြစ်ကြောင်း သူဟာ ရှန်းဟိုင် လီ မိသားစုမှာ အာဏာရှင် လီလင်း၏ သားဖြစ်ကြောင်း သိခဲ့ရသည်။ သူတို့သည်လည်း သူတို့၏ အသင်းက ထွက်ပြေးနိုင်ခဲ့သည့်အတွက် ဖြေသိမ့်နိုင်ခဲ့သည်။ သို့မဟုတ်ပါက လီထျန်းက သူတို့ကို သတ်ပေလိမ့်မည်။
သို့ရာတွင် ယခုအခါ ရန်ရှားနယ်မြေသို့ ပြန်ရောက်လာသောအခါ ပြန်လည် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေလေပြီ။
မည်သို့ပင်ဆိုစေ ရန်ရှား၏ နယ်မြေဒေသ နေရာမျိုးတွင် လီထျန်းကဲ့သို့သော မွန်းစတားမျိုးက မရှိနိုင်ပေ။ သို့သော် လော့မင်၏ အစောပိုင်းက အကြည့်က သူ့အား အတိတ်မှ အတွေ့အကြုံကို သတိရသွားစေ၏။ အဆုံးတွင် သူဟာ ကြောက်ရွံ့မှုကို ဖိနှိပ်၍ အသံဗလာနှင့် ဆိုသည်။
"သူ အတွေးများနေတာ နေမှာပါ။ သူနဲ့ လီထျန်းရဲ့ အတွေ့အကြုံကြောင့် သူ့ကို စိတ်ဒဏ်ရာ ရသွားစေလို့ ဖြစ်လိမ့်မယ်။ ဒီလို မွန်းစတားတွေ မများနိုင်ပါဘူး။ နောက်ပြီး များနေရင်တောင် သူနဲ့ တိုးလောက်အောင် သူ ကံမကောင်းပါဘူး ဟုတ်တယ်မလား။ လူတိုင်းကလည်း လီထျန်းလို အင်အားမကြီးနိုင်ဘူးလေ။ "
"ကောင်စုတ်လေး...။ ဟမ်။ မင်းက တော်တော် သတ္တိရှိတာပဲ။ လော့မင် ဟုတ်လား။ ငါ မင်းကို မှတ်ထားမယ်။ အခုက စပြီး မင်း ရန်ရှားနယ်မြေထဲက တစ်လက်မတောင် ရွေ့ဖို့ ခက်လိမ့်မယ်။ "
သူဟာ လော့မင်ကို ထပ်မံ ခြိမ်းခြောက်သည်။ လီထျန်း၏ လက်ထဲတွင် ခံစားခဲ့ရသော အရှက်ခွဲခံခဲ့ရသည့် အခြေအနေများကို ပြန်လည် ကစားချင်လို၏။
" အို... ငါ မျှော်လင့်နေမယ်။ "
ချန်ကျင်းဟန်က ထိုသို့ပြောပြီး ထွက်သွားတော့မည့် အချိန်တွင် အသံထွက်လာသည်။
" အထူးသတင်း... အထူးသတင်း... အထူးသတင်းနော်။ အရေးပေါ်သတင်း... ရန်ရှားတက္ကသိုလ် လူသစ်ပြိုင်ပွဲက အဆုံးသတ်သွားပြီ။ ရှန်းဟိုင်က အာဏာရှင်ရဲ့သား အဲဒီ လီထျန်းလေ...။ သူက လုံးဝကို ရှုံးသွားတာ။ "
ချန်ကျင်းဟန်သည် အစပိုင်းက ဂရုမစိုက်သော်လည်း နားထဲဝင်လာသော နာမည်ကို ကြားပြီး ရုတ်တရက် နှလုံးခုန်နှုန်း မှားသွားသည်။ သူဟာ ရပ်တန့်သွားကာ တွေးသည်။
"ရန်ရှားတက္ကသိုလ်မှာ အဲဒီလောက်ထိ အင်အားကြီးတဲ့ လူသစ်က ရှိနေပြီလား။ အဲဒီ ထောင်လွှားတဲ့ လီထျန်းတောင် မယှဉ်နိုင်ဘူး ဟုတ်လား။ "
အခြားသော သူများက လီထျန်း၏ အင်အားကို မသိလောက်သော်လည်း သူဟာ ကောင်းကောင်း သိသည်။ လီထျန်း၏ လက်ရည်က ရွှေအဆင့် ၁ တွင် ရှိနေသည့်တိုင် ရွှေအဆင့် ၃ ကို အသာလေး ဆော့ကစားနိုင်နေပြီ ဖြစ်သည်။ သူဟာ ကြောက်စရာကောင်းလောက်အောင် အင်အားကြီးမားလှသည်။ ထို မြေကမ္ဘာကို ကွဲစေနိုင်သော၊ လောကကို လောင်ကျွမ်းနေသည့် အမျက်ဆိုသော အကွက်ကဆိုလျှင် ချန်ကျင်းဟန်က အမှန်ပင် ပြာကျတော့မည်ဟု ခံစားခဲ့ရဖူးလေသည်။ ထို့ကြောင့် သူသည် လီထျန်းကို အလဲထိုးနိုင်ခဲ့သော ကြောက်စရာကောင်းသော လူ အကြောင်း သိချင်သွားသည်။
"သူ့ကို အလဲထိုးခဲ့တဲ့သူက လူသစ် စာမေးပွဲမှာ နံပါတ် ၁ ရထားတဲ့ လော့မင်တဲ့။ "
"မယုံနိုင်စရာပဲ။ လော့မင်က တိုက်ပွဲတစ်ပွဲတည်းနဲ့ နိုင်ငံခြားသား ကျောင်းသား သုံးယောက်လုံးကို အလဲထိုးလိုက်တာ။ သူက အရှင်သခင် လီထျန်းကိုပါ နိုင်သွားသေးတယ်။ ငါ ကြားတာတော့ လီထျန်းက အဲဒီတိုက်ပွဲမှာ လုံးဝကို ခြေမွခံရတာ။ လော့မင်ကို နည်းနည်းလေးတောင် ပြန်မတိုက်ခိုက်နိုင်ခဲ့ဘူးတဲ့။ သူက ဒူးတောင် ထောက်ခဲ့ရသေးတယ် ဆိုပါတော့။ "
လီ မိသားစုက တစ်ယောက်ကသာ ရန်ရှားတက္ကသိုလ်ကို လာပြီး လီထျန်းကို ခေါ်သွားတာကြောင့် မဟုတ်ရင် လော့မင်က သူ့ကို သေအောင် ရိုက်သတ်လောက်တယ်။ "
အားလုံးက ပင့်သက်ရှိုက်သွားကြသည်။ ရန်ရှားတက္ကသိုလ်ထဲမှာ ထိုမျှအင်အားကြီးမားသော လူငယ်တစ်ယောက်က ရှိနေလေပြီ။
"လော့မင်... ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ လူငယ်လဲ။ ငါသာ အနာဂတ်မှာ သူနဲ့တွေ့ရင် သေချာပေါက် ရှောင်မှာ။ "
ချန်ကျင်း နှလုံးသားက အခုန်နှုန်း မြန်ဆန်လာသည်။ သူသည် မြင်ဖူးသမျှထဲတွင် လီထျန်း အင်အားအကြီးဆုံး ဖြစ်၏။ သို့သော် လီထျန်းထက် ကြောက်စရာကောင်းသော သူမျိုးက ရှိနေပြီဟု အထင်မှားမိပြီပဲ။
"နေပါဦး... လော့မင်က ဘယ်သူလဲ... လော့မင်... လော့မင်။ "
သူဟာ နာမည်ကို ဝေခွဲမရ စဉ်းစားနေသည်။
"နေဦး... မဟုတ်သေးဘူး။ သူ ဘာလို့ ဒီနာမည်ကို ရင်းနှီးနေတာလဲ။ တစ်နေရာမှာ ကြားဖူးသလိုပဲ။ "
ရုတ်တရက် သူ့စိတ်ထဲမှာ အသံတစ်သံက ပြောသည်။
"မင်ချန်းအသင်း... လော့မင်။ "
ချန်ကျင်းဟန်က ခေါင်းကို လှည့်လိုက်သောအခါ တည်ငြိမ်စွာ ကြည့်နေသော လော့မင်နှင့် အကြည့်ချင်း ဆုံသွားသည်။ သူ၏ နှလုံးသားက အခုန်နှုန်း မြန်ဆန်လာသည်။
"ဆိုတော့ သူက...။ "
တောင်လန်နှင့် ဝူကမ်းမန်တို့ကလည်း အခြေအနေကို နားလည်သွားကြပြီး သူ့ကို အလန့်တကြား ကြည့်သည်။
" ညီငယ်လေး... မင်းရဲ့ နာမည်က လော့မင်လား။ အဲဒီ လီထျန်းကို နိုင်ခဲ့တဲ့ လော့မင်လား။ ရန်ရှားတက္ကသိုလ်ကလား။ "
လော့မင်က ခေါင်းညိတ်သည်။
"အင်း... ဒါက ငါ့ရဲ့ ပထမဦးဆုံး မစ်ရှင်ပဲ။ ခင်ဗျားတို့ နှစ်ယောက်က ငါ့ကို သင်ကြားမှုတွေ ပေးဖို့ မျှော်လင့်ပါတယ်။ "
"ဟားဟား... မင်းက အရမ်းနှိမ့်ချနေပြန်ပြီ။ မင်းလို ပါရမီရှင်မျိုးက ငါတို့အသင်းပေါ် ရှိသမျှ ဖိအားတွေကို ကုန်သွားအောင် လုပ်လာပြီ။ "
သုံးယောက်လုံးက သဘောတကျ ရယ်ကြသည်။ သို့သော် ချန်ကျင်းဟန်ကမူ ဦးနှောက်တစ်ဝက်က အေးခဲသွားသလို ခံစားရပြီး အသက်ပင် မရှူနိုင်တော့ချေ။
"ငရဲလိုပဲ... ငါ ဘာလို့ ဒီလောက်ထိ ကံဆိုးတာလဲ။ "
တစ်ယောက်စီက လွတ်မြောက်ခဲ့ပြီး နောက်ထပ် ပိုဆိုးတဲ့ တစ်ယောက်နဲ့ တွေ့နေရသည်။ ချန်ကျင်းဟန် ခန္ဓာကိုယ်တစ်ခုလုံးက တုန်ရင်နေသည်။
"ဒီကလေးက... သူ့ကိုတော့ ဂရုမစိုက်လောက်ပါဘူး ဟုတ်တယ်မလား။ "
လော့မင်က ပြောလိုက်၏။
" ချန်ကျင်းဟန်... ငါ...။ "
ပြင်းထန်သော ကြောက်ရွံ့မှုက ချန်ကျင်းဟန်ကို လွှမ်းခြုံလာပြီး သူ၏ ခြေထောက်ကပင် တုန်လာသည်။
" ခွက်...။ "
သူဟာ ဒူးထောက်ချလိုက်မိသွားသည်။ လော့မင်က ပဟေဠိ ဖြစ်သွားသည်။
"ခင်ဗျားက နည်းနည်း ကြောက်လွန်းအားကြီးမနေဘူးလား။ "
ဘေးနားတွင် ရပ်နေသော တောင်လန်က ခပ်တိုးတိုးပင် အကြောင်းစုံ ပြောပြသည်။ လော့မင်က နားလည်သွားသည်။
ဆိုတော့ လီထျန်းကြောင့် စိတ်ဒဏ်ရာ ရှိနေတာကိုး။
လော့မင်က ခေါင်းခါ၏။ လီထျန်းဟာ ရှုံးနိမ့်ထားပြီးသား ပြိုင်ဘက်ဖြစ်သည်။ သူ့ထံမှာ ရှုံးနိမ့်ပြီးသားသူနဲ့ ငြင်းခုံရန် မလိုပေ။
"ခင်ဗျားက လီထျန်းကို နတ်တစ်ပါးလို ကြောက်တယ်။ ဒါပေမဲ့ လီထျန်းက ငါ့အတွက် ဖုန်သက်သက်ပဲ။ သွားမယ်။ "
လော့မင်က ခေါင်းခါပြီးနောက် တောင်လန်တို့ အားလုံးနှင့်အတူ မစ်ရှင်ခန်းမထဲမှ ထွက်ခွာသွားသည်။ တုန်ယင်နေသော ချန်ကျင်းဟန်သာ ကျန်ရစ်၏။ ရွှေခြင်္သေ့အသင်းကလည်း ထိုသို့ဖြင့် ပြိုလဲသွားသည်။ ချန်ကျင်းဟန်က မြေပြင်ပေါ် လဲပြီး တုန်ရင်နေသည်။ သူ၏ စိတ်ဒဏ်ရာက ပို၍ နက်ရှိုင်းလာ၏။
ကြည့်ရတာ သူ ဒီအလုပ်နဲ့ မသင့်တော်ဘူး ထင်တယ်။
ထိုအချိန်တွင် သူဟာ သူ၏ မွေးရပ်မြေသို့ပင် ပြန်ကာ လဲလျောင်းချင်နေလေတော့သည်။
မကြာမီအချိန်တွင် ရွှေခြင်္သေ့အသင်းက ပျက်သွားသည်။ ချန်ကျင်းဟန်ကလည်း ရွာသို့ပြန်ပြီး အလုပ်နားကာ ပိတ်လှောင်နေလိုက်လေတော့သည်။
အပိုင်း ၁၁၉ ပြီး၏။
***