"လက်ရှိ အခြေအနေအရ လူမြင်အောင် နေဖို့က မသင့်တော်ဘူး... အင်မော်တယ် အရှင်မြတ် တစ်ပါး ရှိတဲ့ အဖွဲ့အစည်း တစ်ခုကို ဝင်တာက လုံလောက်ပြီ... အင်မော်တယ် ဧကရာဇ်တွေက တကယ်တော့ ပိုပြီး အန္တရာယ်များတယ်..."
ဝူလီသည် သူ၏ လက်ထဲက အချက်အလက်များကို စိုက်ကြည့်ကာ နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။ ဘိုးဘေးကြီး၏ ကျင့်ကြံမှုအဆင့်သည် အသန်မာဆုံး မဟုတ်နိုင်သော်လည်း အင်မော်တယ် အရှင်မြတ်ထက် ပို၍ စွမ်းအားကြီးမားကြောင်းကို သူ သေချာပေါက် သိထား၏။
ထို့ကြောင့် ဝူလီသည် ယခုအချိန်တွင် အရေးအကြီးဆုံး ကိစ္စမှာ သိပ်မသန်မာသော်လည်း သူ့ကို ကာကွယ်ပေးနိုင်စွမ်း ရှိပြီး ထိုနေရာတွင် ရှင်သန်နိုင်မည့် ဂိုဏ်းတစ်ခုကို ရှာဖွေရန်လိုအပ်သည်ဟု တွေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဘိုးဘေးကြီးက အိမ်မှာပဲ မကျင့်ကြံဖို့ ပြောခဲ့တာလေ... ဂိုဏ်းထဲမှာ မကျင့်ကြံဖို့မှ မပြောခဲ့တာ...
ဤအကြောင်းကို တွေးမိရင်း ၊ ဝူလီသည် သူ့ကိုယ်သူ ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း ခံစားလိုက်ရသည်။
မကြာမီ ဝူလီသည် သူ့တွင် ရှိသော အချက်အလက်များအပေါ် အခြေခံ၍ သူ၏ ပစ်မှတ်နှင့် ကိုက်ညီသော အဖွဲ့အစည်း တစ်ခုကို ရှာတွေ့သွားသည်။
"လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်း... ဂိုဏ်းချုပ် မိုကျူးရန်က အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ လုပ်ရပ်တွေကလည်း ငါ့လိုပဲ အလွန် သတိထားတတ်တယ်... ဒါ့အပြင် လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်းက အထက်ကမ္ဘာမှာ လူအများ သတိမထားအောင်နေထိုင်ပြီး အထက်ကမ္ဘာက အင်အားကြီး အဖွဲ့အစည်းတွေ စီစဉ်တဲ့ ပွဲတွေမှာလည်း ပါဝင်ခဲတယ်... လိုအပ်တဲ့ အခွင့်အရေး ရှိမှသာ လှုပ်ရှားလေ့ ရှိတယ်..."
"ဒါ မှန်တယ်... လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်းမှာ ရန်သူ သိပ်မရှိဘူးဆိုတာ ငါ အာမခံနိုင်တယ်... အကယ်၍ ငါသာ လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်းကို ဝင်ရင် သူတို့ရဲ့ ရန်သူတွေကြောင့် ငါ သေမှာ မဟုတ်ဘူးဆိုတာ သေချာတယ်..."
ဝူလီသည် လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်းနှင့် ပတ်သက်သော အချက်အလက်များကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် လုထျန်းယွီကို လှည့်ကြည့်လိုက်ရာ သူ၏ လေသံတွင် ခြိမ်းခြောက်မှု အရိပ်အယောင် အနည်းငယ် ပါဝင်နေ၏။
"ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စကို လူနှစ်ယောက် သိနိုင်သလို လူတစ်ယောက်တည်းလည်း သိနိုင်တယ်... မင်း ဘာလုပ်ရမလဲဆိုတာ သိတယ် မဟုတ်လား..."
"စီနီယာ... စိတ်ချပါ... ကျွန်တော် လုထျန်းယွီက ကောင်းကင်တာအိုကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်... အကယ်၍ စီနီယာရဲ့ လျှို့ဝှက်ချက်တွေကို ကျွန်တော် ထုတ်ပြောခဲ့မယ်ဆိုရင် ကောင်းကင်တာအိုရဲ့ လမ်းစဉ်တစ်သောင်း ကပ်ဘေးမိုးကြိုးနဲ့ အသတ်ခံရပါစေ..."
အကယ်၍ ဝူလီသည် သူ့ကို အသက်ရှင်ခွင့် ပေးရန် ရည်ရွယ်မထားဘူးဆိုပါက ၊ ဤကဲ့သို့သော စကားမျိုး ပြောမည် မဟုတ်ကြောင်း သိသဖြင့် လုထျန်းယွီက အလျင်အမြန် ပြောလိုက်၏။
ဤစကားကို ကြားပြီး၊ ဝူလီသည် ကျေနပ်သော အမူအရာကို ပြသလိုက်သည်။
"မင်းက တကယ်ပဲ အသိဉာဏ် ရှိတာပဲ... ငါက အပြစ်ကင်းတဲ့ သူတွေကို အကြောင်းပြချက် မရှိဘဲ ကျပန်း သတ်ဖြတ်တတ်တဲ့သူ မဟုတ်ဘူး... မင်း နားလည်တာ ကောင်းပါတယ်... အဲဒီလိုဆိုရင် ငါ သွားတော့မယ်..."
ထိုသို့ ပြောပြီးနောက် ဝူလီသည် လှည့်ကာ လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်းဆီသို့ ထွက်ခွာသွားတော့သည်။
လုထျန်းယွီမှာ ထိုနေရာတွင် ရပ်ကျန်ရစ်ခဲ့ပြီး စိတ်ထဲမှ ကျိန်ဆဲနေလေ၏။
ဒါကို အကြောင်းပြချက် ပေးတယ်လို့ ခေါ်တာလား...
သို့သော်လည်း သူ့အနေဖြင့် ဘာမှမတတ်နိုင်ချေ။ အမှန်တရားသည် ဝူလီ၏ ဘက်တွင် ရှိနေသဖြင့် ဝူလီ၏ အကြောင်းပြချက်များကို သူ နားထောင်ရုံသာ တတ်နိုင်တော့၏။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်း၌ တပည့်သစ်များကို ပထမဆုံးအကြိမ် လက်ခံနေစဉ် ဝူလီ ရောက်ရှိလာခဲ့သည်။
"ဟေ့ ညီအစ်ကို... မင်းလည်း လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်းမှာ တပည့်လာခံတာလား..."
ဝူလီသည် လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်းမှ တံခါးဖွင့်ပြီး တပည့် လက်ခံမည့် အချိန်ကို စောင့်ဆိုင်းရန် နေရာတစ်ခု ရှာနေစဉ်မှာပင် ၊ တောင့်တင်းသန်မာသော လူငယ်တစ်ဦးက ဝူလီထံသို့ ရောက်ရှိလာခဲ့သည်။ သူ၏လေသံတွင် မေးမြန်းစုံစမ်းမှု အရိပ်အယောင် အနည်းငယ် ပါဝင်နေ၏။
ဝူလီသည် သိပ်ပြီး ခပ်တည်တည် နေတတ်သူ မဟုတ်သောကြောင့် အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
သို့သော်လည်း ထိုစကားကို ကြားသည်နှင့် ၊ ထိုလူငယ်လေး၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ချက်ချင်း လင်းလက်သွားပြီး ဝူလီ၏ ဘေးတွင် ရပ်ကာ စကားများ ဆက်တိုက် ပြောလေတော့သည်။
ဝူလီကမူ စကားပြောခဲလှသည်။ သူ၏ နာမည်ကို ပြောပြီးနောက် ဘာမှ ထပ်မပြောတော့ချေ။
ထိုလူငယ််၏ အမည်မှာ ကျန်းထျဲ ဖြစ်ပြီး ၊ အနီးအနားရှိ ရွာတစ်ရွာမှ မိဘမဲ့ ကလေး တစ်ယောက် ဖြစ်ကာ ယခုနှစ်တွင် အသက် ရှစ်နှစ် ရှိပြီ ဖြစ်ကြောင်း ဝူလီ သိရှိလိုက်ရ၏။
လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်းက တပည့်များ လက်ခံရန် တံခါးဖွင့်ထားသည်ကို မြင်ပြီးနောက် သူသည် လာရောက်တပည့်ခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ကျန်းထျဲသည် အသက် ရှစ်နှစ်သာ ရှိသေးကြောင်း ကြားလိုက်ရချိန်တွင် ဝူလီ၏ မျက်လုံးများသည် အလိုအလျောက် ပြူးကျယ်သွား၏။ ဝူလီထက် ခေါင်းတစ်လုံး ပိုမြင့်ပြီး ကြွက်သားများ တောင့်တင်းကာ သူ့ထက် နှစ်မီတာ အရပ်ရှည်သည့် ပုံရိပ်ကို ကြည့်ရင်း တွေးလိုက်မိသည်။
"မင်းက ဒါကို အသက်ရှစ်နှစ်လို့ ခေါ်တာလား..."
"မင်းက အင်မော်တယ်တွေနဲ့ ရေစက် နည်းနည်းတော့ ပါတာပဲ... လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်းကို ဝင်ဖို့ မင်းအတွက် သိပ်ခက်ခဲမှာ မဟုတ်ဘူး..."
ဝူလီသည် ကျန်းထျဲကို တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်လူသည် အတော်လေး ပါရမီ ပါကြောင်းနှင့် လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်းသို့ ဝင်ရောက်ရန် ပြဿနာ မရှိနိုင်ကြောင်း တစ်ချက် ကြည့်ရုံဖြင့် သိလိုက်၏။
ဤစကားကို ကြားသောအခါ ကျန်းထျဲသည် ခေါင်းလေး ကုတ်လျက် အနည်းငယ် နေရခက်စွာဖြင့် ပြောလိုက်သည်။
"အစ်ကိုဝူ... အစ်ကို့ဆီမှာ သာမန်လူ တစ်ယောက်နဲ့ မတူတဲ့ ထူးခြားတဲ့ အသွင်အပြင် ရှိနေတာကို ကျွန်တော် မြင်တယ်... အစ်ကိုလည်း ကျင့်ကြံသူ တစ်ယောက် ဖြစ်ရမယ်...လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်းက လွတ်လပ်တဲ့ ကျင့်ကြံသူ တချို့ကို လက်ခံလေ့ ရှိတယ် ၊ လွတ်လပ်တဲ့ ကျင့်ကြံသူတွေက လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်းမှာ ဝင်ရောက်ဖို့ ဖြစ်နိုင်ခြေ ပိုများတယ်လေ..."
"တကယ်လို့ အစ်ကိုဝူက သဘောမတူဘူးဆိုရင် အစ်ကို့ရဲ့ ဂျူနီယာ ဖြစ်ချင်ပါတယ်... အစ်ကို ဆန္ဒရှိမလားဆိုတာ သိချင်လို့ပါ..."
ဤစကားကို ကြားသောအခါ ဝူလီသည် အလိုအလျောက် ငြင်းဆိုချင်သွားသော်လည်း အကယ်၍ ကျန်းထျဲကို သူ၏ လက်အောက်ငယ်သား အဖြစ် လက်ခံလိုက်ပါက အနာဂတ်တွင် ကျန်းထျဲသည် သူ ကိုယ်တိုင် မလုပ်နိုင်သော ကိစ္စများကို လုပ်ဆောင်ပေးနိုင်ပြီး သူ၏ လုံခြုံရေးကို များစွာ တိုးတက်စေမည် ဖြစ်ကြောင်း တွေးမိလိုက်၏။
ဤသို့ တွေးမိသောအခါ ဝူလီက ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းကို လက်အောက်ငယ်သား အဖြစ် လက်ခံဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ဒါပေမဲ့ မင်းက ငါ့ရဲ့ လက်အောက်ငယ်သား ဖြစ်လာပြီဆိုတော့ ငါ ခိုင်းတာ မှန်သမျှ လုပ်ရမယ်... ငါက အရှေ့ကို သွားလို့ ပြောရင် မင်း လုံးဝ အနောက်ကို မသွားရဘူး... ငါက သတ်လို့ ပြောရင် မင်း လုံးဝ မီးမရှို့ရဘူး... တကယ်လို့ အဲဒါတွေကို လုပ်နိုင်တယ်ဆိုရင် မင်းကို ငါ လက်ခံမယ်..."
ဤစကားကို ကြားသောအခါ ကျန်းထျဲ၏ မျက်နှာပေါ်တွင် တွန့်ဆုတ်သည့် အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွား၏။
"အစ်ကိုဝူ... ကျွန်တော်က ကိုယ်ကျင့်တရားမဲ့တဲ့ ဒါမှမဟုတ် ယုတ်မာတဲ့ ကိစ္စတွေကိုတော့ မလုပ်ဘူးနော်..."
"စိတ်မပူပါနဲ့... ငါကလည်း ဖြောင့်မတ်တဲ့ လမ်းစဉ်က ကျင့်ကြံသူ တစ်ယောက်ပါ... အဲ့တော့ သေချာပေါက် ကိုယ်ကျင့်တရားမဲ့တဲ့ ဒါမှမဟုတ် ယုတ်မာတဲ့ ကိစ္စတွေကို လုပ်မှာ မဟုတ်ပါဘူး..."
ဝူလီ၏ လေးနက်သော ကတိစကားကို ကြားပြီးနောက် ကျန်းထျဲသည် ဆက်လက် တွန့်ဆုတ်မနေတော့ဘဲ ခေါင်းငြိမ့်သဘောတူလိုက်၏။
ဤသည်ကို မြင်သောအခါ ဝူလီသည် နောက်ဆုံးတွင် ကျေနပ်သော အမူအရာကို ပြသလိုက်သည်။
လူသတ်တာတွေ၊ မီးရှို့တာတွေ အားလုံးက လီဖေးယွီ ခိုင်းတာလေ... ငါ ဝူလီနဲ့ ဘာဆိုင်လို့လဲ...
မျှော်လင့်ထားသည့်အတိုင်း ဝူလီသည် ထူးခြားဆန်းကြယ်သော ပါရမီကို ပြသခဲ့ပြီး လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်း၏ သူတော်စင် ဖြစ်လာကာ မိုကျူးရန်၏ တပည့်လည်း ဖြစ်လာခဲ့၏။ကျန်းထျဲ အတွက်မူ ၊ ဝူလီ၏ နောက်လိုက် အနေဖြင့် လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်းသို့ ဝင်ရောက်ခွင့် ရရှိခဲ့သည်။
"ဒါဆို မင်းရဲ့ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်က ဒီလောက် မြန်မြန်နဲ့ အဆင့်(၁၂)ကို ရောက်သွားတာပေါ့လေ..."
ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်သည် အဆင့်(၁၂)သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဝူယီဖန် ပြောသည်ကို ကြားလိုက်ရချိန်တွင် ၊ လီဖန်ထျန်း၏ မူလက တည်ငြိမ်နေသော အမူအရာမှာ လုံးလုံးလျားလျား မယုံနိုင်မှု အဖြစ်သို့ ပြောင်းလဲသွားတော့၏။
သယံဇာတများစွာ ရှိနေသော သူကိုယ်တိုင်ပင် ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို အဆင့်(၁၂)သို့ ရောက်အောင် ကျင့်ကြံရန် နှစ်တစ်သန်းတိုင်တိုင် အချိန်ယူခဲ့ရကြောင်း သင် သိထားရမည်။ မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ အကြောင်းကိုတော့ ပြောနေစရာပင် မလိုတော့ချေ။
အခြားတစ်ဘက်တွင်မူ၊ အသက် တစ်ထောင်ပင် မပြည့်သေးသော ဝူယီဖန်သည်လည်း အတော်လေး ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုအရာကို တွေးမိရင်း ၊ လီဖန်ထျန်းသည် စိတ်သက်သာရာ ရသွား၏။ ရှေးဟောင်းကန္တာရ ခေါင်းလောင်းကို ကိုးကြိမ်တိတိ မြည်ဟည်းအောင် လုပ်နိုင်ခဲ့သော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးပီပီ သူကိုယ်တိုင်နှင့် နှိုင်းယှဉ်၍ မရနိုင်သည်မှာ သေချာလှပေသည်။
"ဒါတွေက ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာရဲ့ ကနဦး အဆင့်ကို တက်လှမ်းနိုင်စေမယ့် ပစ္စည်းတွေပဲ... ငါတို့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေရဲ့ အခြေအနေအရ မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာရဲ့ ကနဦး အဆင့်ကို တက်လှမ်းဖို့ လိုအပ်တဲ့ သယံဇာတတွေကိုပဲ ငါတို့ စုဆောင်းနိုင်တယ်... ကျန်တဲ့ ခရီးကတော့ မင်းအပေါ်မှာပဲ မူတည်တော့တယ်..."
လီဖန်ထျန်းသည် သက်ပြင်းချလိုက်ပြီး ဝူယီဖန် လိုအပ်သော သယံဇာတများကို ဝူယီဖန်ထံ ကမ်းပေးလိုက်၏။
ဤစကားကို ကြားသောအခါ ဝူယီဖန်၏ အမူအရာသည် အလွန် လေးနက်သွားပြီး လက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... လင်းမိသားစုနဲ့ မင်းမှာ ရန်ငြိုးတစ်ခုခု ရှိနေရမယ် မဟုတ်လား... လင်းမိသားစုကို မျိုးဖြုတ်ဖို့ ဆရာက ကူညီပေးဖို့ လိုလား..."
လီဖန်ထျန်းသည် သတိပြန်ဝင်လာပြီး သတိပေးလိုက်၏။
သို့သော်လည်း ဝူယီဖန်က တွန့်ဆုတ်မနေဘဲ ခေါင်းယမ်းလိုက်သည်။
"ဆရာ... တပည့်ကိုပဲ ဒီကိစ္စကို ဖြေရှင်းခွင့် ပြုပါ... လင်းမိသားစုက ဆရာ့အတွက် ဘာမှ မဟုတ်ပါဘူး..."
"ကောင်းပြီ... မင်း ဆုံးဖြတ်ပြီးပြီဆိုမှတော့ ရှေ့ဆက်သွားပါ... ဆရာက မင်းကို ထောက်ခံဖို့ ဒီနေရာမှာ ရှိနေတယ်..."
သူ၏ ကျောထောက်နောက်ခံ အဖြစ် လီဖန်ထျန်းကို မလိုအပ်သော်လည်း သို့သော် ဤစကားများသည် ဝူယီဖန်ကို စိတ််လှုပ်ရှားစေခဲ့သည်။
ဝူယီဖန် ထွက်သွားပြီးနောက် လီဖန်ထျန်းမှာ သက်ပြင်းချမိလေသည်။
"ဟူး... ရှေးဟောင်းကန္တာရ ခေါင်းလောင်းကို ကိုးကြိမ်တိတိ မြည်ဟည်းအောင် လုပ်နိုင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်က ဒီလောက်ထိ မြန်မြန် ကြီးပြင်းလာလိမ့်မယ်လို့ ငါ လုံးဝ မျှော်လင့်မထားခဲ့ဘူး... အနှစ်တစ်ရာ မပြည့်သေးတဲ့ အချိန်အတွင်းမှာ သူက အထက်ကမ္ဘာ တစ်ခုလုံးကို အထင်သေးနိုင်တဲ့ ခွန်အား ရှိနေပြီ... တစ်နေ့နေ့ကျရင် သူ ဘယ်လောက်တောင် ကြောက်စရာကောင်းလာမလဲ ဆိုတာကို ငါ မြင်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်..."
***