ကျောက်ဟွ အမတဧကရာဇ်မင်းသည် ဤအရာများကို ရှေးကျသော ခေတ်ကာလများကတည်းက စုဆောင်းထားခြင်း ဖြစ်နိုင်သည်။ ယခုခေတ်တွင် ဤကဲ့သို့ ထွက်ကုန်များသည် အမတနယ်မြေတစ်ခုလုံး၌ပင် ရှာဖွေရန် ခက်ခဲလိမ့်မည်။
ထို့အပြင်၊ သူသည် ကျောက်ဟွ အမတဧကရာဇ်မင်း၏ ဆန္ဒကို ပြီးမြောက်ပြီးနောက်တွင် စနစ်မှ ဆုချီးမြှင့်မည့် ကောင်းကင်ရတနာဖန်ဆင်းခြင်းအတတ်ကိုလည်း ရရှိပေဦးမည်။ ထိုအရာသည် နတ်ဘုရားလက်နက် အမတမျှော်စင်၏ စစ်မှန်သော အမွေအနှစ်ပင် ဖြစ်သည်။
ဤအတတ်ကို ရရှိပြီးနောက်တွင်၊ သူသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားနှင့် ဓားသေတ္တာ ကိုးလက်တို့ကို သန့်စင်ကာ တစ်ဖန် ပြုပြင်နိုင်ပေတော့မည်။
သန့်စင်ခြင်း လုပ်ငန်းစဉ်အတွင်း လိုအပ်သော ကောင်းကင်နှင့်မြေကြီး၏ အဖိုးတန်ရတနာများသည် ပင်လယ်သမုဒ္ဒရာကဲ့သို့ များပြားလှသည်။
ယခု ကျောက်ဟွ အမတဧကရာဇ်မင်း ပေးအပ်ခဲ့သော ဤအာကာသလက်စွပ်သည် သူ၏ အခက်အခဲကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။
"လူကြီးမင်းကို ကျေးဇူးတင်ပါတယ်"
စူးချန်ကဲသည် တစ်ဖန် ဦးညွှတ်လိုက်ပြီးနောက်၊ ထပ်မံ စကားမဆိုတော့ချေ။
သူ့စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသည်။ မိမိ၏ ဖခင်ကြီးသည် ဘယ်အရပ်ကိုများ ကြွသွားပြန်လေသနည်း။ သူသည် ထိုနှစ်က လျှို့ဝှက်များကို သိလိုသည်။
သို့သော်၊ သူသည် ဤမျှ တစ်ကိုယ်ကောင်းဆန်၍ မဖြစ်နိုင်ပေ။ နိယာမပုံရိပ်ယောင်၏ တည်ရှိချိန်သည် ကြာရှည်မခံချေ။
သို့ဖြစ်ရာ ၊ အားရှင်းနှင့် ကျောက်ဟွ အမတဧကရာဇ်မင်းတို့ကို ခဏအတူနေခွင့်ပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
စူးချန်ကဲ၏ စိတ်ထဲက အတွေးများကို သိရှိနေပုံရသော ကျောက်ဟွ အမတဧကရာဇ်မင်းသည် ကျေးဇူးတင်ကြောင်း မျက်ဝန်းများဖြင့် သူ့ကို ခေါင်းညိတ်ပြခဲ့သည်။
ထို့နောက် သူသည် သူ့ရင်ခွင်ထဲမှ အားရှင်းကို တစ်ဖန် ပြန်ကြည့်လိုက်သည်။
နိယာမစွမ်းအားများ တဖြည်းဖြည်း ပျောက်ကွယ်လာခြင်းကြောင့် သူ၏ အသွင်ပုံရိပ်သည် အနည်းငယ် မှိန်ဖျော့လာခဲ့သည်။
သို့သော်လည်း သူ၏ နှုတ်ခမ်းထောင့်က အပြုံးကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ကာ၊ နူးညံ့သိမ်မွေ့သော လေသံဖြင့် ဆိုလိုက်သည်။
"အားရှင်း၊ ငါ့အတွက် အချိန် သိပ်မရှိတော့ဘူး...ငါ ထွက်ခွာသင့်ပြီ ထင်တယ်"
"ထွက်ခွာတယ်?"
"သခင် နောက်ထပ် ဘယ်ကို သွားရမှာလဲ"
"ဒီနေရာက ငါတို့ရဲ့ အိမ် မဟုတ်ဘူးလား"
သူသည် အားရှင်း၏ သံသယများကို လျစ်လျူရှုလိုက်သည်။
ကျောက်ဟွ အမတဧကရာဇ်မင်းသည် အားရှင်း၏ ဦးခေါင်းကို တစ်ဖန် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ကြယ်တာရာကဲ့သို့ နက်ရှိုင်းလှသော ထိုမျက်ဝန်းတစ်စုံသည် အားရှင်းမှတ်ဉာဏ်၏ အနက်ရှိုင်းဆုံးနေရာ၌ ထွင်းထုထားသကဲ့သို့ပင်။
သူသည် တစ်ချိန်က ဤသို့ ပြောခဲ့ဖူးသည်။ မိမိသေဆုံးပြီးနောက် ၊ အားရှင်းသည် မိမိအား မေ့သွားမည်ကို ကြောက်ရွံ့မိသည်။
မိမိသေဆုံးပြီးနောက် ၊ အားရှင်းကိုလည်း မေ့သွားမည်ကို ကြောက်ရွံ့မိသည်။
"အားရှင်း၊ ငါ မင်းကို ဘာလို့ ဒီနာမည်ပေးခဲ့ရလဲဆိုတာ မင်း မှတ်မိသေးလား"
"နာမည်.....?"
အားရှင်းသည် ခေါင်းကို စောင်းလိုက်ပြီး၊ သူ့စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေသော်လည်း ၊ သို့သော် သူသည် ထင်ထင်ရှားရှား မှတ်မိနေသေး၏။
"သခင် စိတ်ချပါ... အားရှင်း တစ်ခါမှ မမေ့ဖူးဘူး"
ဤစကားကို ကြားလိုက်ရချိန်တွင် ၊ ကျောက်ဟွ အမတဧကရာဇ်မင်း၏ နှုတ်ခမ်းသားများသည် ကျေနပ်သော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
နောက်ဆုံးတွင် အားရှင်း၏နဖူးနှင့် ဖိကပ်ကာ ၊ မျက်လုံးများကို ညင်သာစွာ မှိတ်လိုက်သည်။
"အားရှင်း၊ ငါ မရှိတဲ့ နေ့ရက်တွေမှာ... စစ်မှန်တဲ့ ခံစားချက်ဆိုတာ ဘာမှန်း မင်း နားလည်နိုင်ဖို့ကို ငါ မျှော်လင့်မိတယ်....."
"မင်းမှာ ကမ္ဘာလောကကြီးကို ချစ်တတ်တဲ့ စိတ်နှလုံးသား ရှိစေချင်တယ်...."
ထိုသို့ပြောရင်း၊ ပင့်ကူအိမ်ကဲ့သို့သော အလင်းရောင် အက်ကွဲကြောင်းများသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စတင် ပျံ့နှံ့လာခဲ့သည်။ ဤအခိုက်အတန့်တွင် ကျောက်ဟွ အမတဧကရာဇ်မင်းသည် အက်ကွဲတော့မည့် ကြွေထည်တစ်ခုကဲ့သို့ပင်။
"ကမ္ဘာလောကကြီးကို ခံစားတတ်တဲ့ စိတ်နှလုံးသား"
"ကမ္ဘာလောကကြီးကို ပြန်ပေးဆပ်လိုတဲ့ စိတ်နှလုံးသား"
ကွဲအက်သံ..
ပင့်ကူအိမ်ကဲ့သို့သော အက်ကြောင်းများသည် ဆက်လက် ပျံ့နှံ့နေကာ သူ၏ မျက်နှာအထိ ရောက်ရှိလာသည်။
"သခင် .....?"
" ငါ သွားပြီးနောက် မင်း ငါ့ကို မမေ့သွားဖို့ကို ငါ ပိုပြီး မျှော်လင့်မိတယ်"
ဟူး—
ဆိတ်ငြိမ်နေသော ကောင်းကင်နှင့်မြေကြီးကြားတွင် လေးပြည်တစ်ချက် တိုက်ခတ်သွားသည်။
ဖုန်မှုန့်များ လွင့်စင်သွားသလိုပင်။
ကျောက်ဟွ အမတဧကရာဇ်မင်း၏ အက်ကွဲပျက်စီးနေပြီ ဖြစ်သော ခန္ဓာကိုယ်သည် မိုးကောင်းကင်အပြည့် အလင်းမိုးများအဖြစ်သို့ ကြဲလွင့်သွားခဲ့သည်။
လေညင်း၏ ဦးဆောင်မှုအောက်တွင်၊ လူ့လောကကြီးမှ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
............
ကမ္ဘာလောက၊ ကောင်းကင်နှင့်မြေကြီး၊ အချိန်နှင့်အာကာသတို့သည် ဤအချိန်တွင် လုံးဝ ရပ်တန့်သွားဟန်နှင့် တူသည်။
တောက်ပလှပသော မြင်ကွင်းမျိုး ဖြစ်ပါလျက်ဖြင့် ၊ စူးချန်ကဲ၏ မျက်လုံးထဲတွင် တိတ်ဆိတ်ငြိမ်သက်မှုများနှင့်သာ ပြည့်နှက်နေခဲ့သည်။
မျိုးဆက်တစ်ဆက်၏ အမတဧကရာဇ်မင်း ၊ ဒေဝလောကရှိ ထောင်ပေါင်းများစွာသော နယ်မြေများတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့သော အမတဧကရာဇ်မင်း တစ်ပါးသည် အလင်းရောင်ကင်းမဲ့သော ထောင့်တစ်နေရာတွင် လေညင်းနှင့်အတူ လူ့လောကမှ ပျောက်ကွယ်သွားခဲ့ရသည်။
သူသည် ဤလောကတွင် တစ်ခါမျှ မရှိခဲ့သည့်အတိုင်း မည်သည့်အရိပ်အယောင်မှ မကျန်ရှိခဲ့ပေ။
အားရှင်းဟု အမည်ရသော ထိုသံမဏိစက်ရုပ်လေး တစ်ကောင်သာ တိတ်ဆိတ်ငြိမ်သက်နေသော ကောင်းကင်နှင့်မြေကြီးကြားတွင် သူ တစ်ဦးတည်း ကျန်ရစ်နေခဲ့သည်။
..........
အချိန်မည်မျှ ကြာသွားခဲ့လေသလဲ မသိ။
အားရှင်းသည် ပြန်သတိကပ်လာသည်။ သူ၏ မျက်လုံးများကို အနည်းငယ် မော့လိုက်ပြီး မိုးကောင်းကင်တစ်လျှောက် ပျံ့နှံ့နေသော အလင်းမိုးများကို ငေးကြည့်နေမိသည်။
"သခင်....."
ဘာဖြစ်လို့လဲ?
သခင်ကို သူကိုယ်တိုင် ပြန်လည် ပြုပြင်ပြီးပြီမဟုတ်လား?
မှတ်ဉာဏ်ထဲတွင်၊ သူ ပျက်စီးသွားချိန်၌ သခင်ဖြစ်သူသည် သူ့ကို ပြန်လည် ပြုပြင်ပေးတတ်ပြီး ၊ နောက်တစ်ကြိမ် ပြန်ပျက်သွားခဲ့ရင်တောင်မှ ၎င်းသည် အချိန်အတော်ကြာမှသာ ဖြစ်တတ်သည်။
သူ ခုနလေးတင် ပြန်ပြုပြင်ထားတဲ့ သခင်က နောက်တစ်ကြိမ် ထပ်ပြီး ပြန်ပျက်သွားပြီတဲ့လား?
...........
သို့သော် ဤတစ်ကြိမ်တွင်၊ အားရှင်းသည် ဘာစကားမှာမဆိုချေ။
တိတ်ဆိတ်စွာဖြင့် ရွှေရောင်ခေါင်းတလားရှေ့သို့ တစ်ဖန် လျှောက်သွားသည်။
သူ၏ လက်သည်းလေးများဖြင့် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ဟွရှင်းကျောက်စိမ်း အပိုင်းအစများကို တစ်ဖန် ကောက်ယူလိုက်သည်။
ယခင်ကကဲ့သို့ပင် ၊ ကျောက်ဟွ အမတဧကရာဇ်မင်း၏ ပျက်စီးနေသော ကိုယ်ခန္ဓာအပေါ်တွင် ဆက်လက် ကောက်တင်လိုက်သည်။ သို့သော် ဟွရှင်းကျောက်စိမ်း အပိုင်းအစများသည် မြေပြင်ပေါ်သို့ တစ်ဖန် လိမ့်ကျသွားပြန်သည်။
ဤသို့ဖြင့် ယခင်ကအတိုင်း ထပ်ခါတလဲလဲ ပြုလုပ်နေသည်။
"ချန်ကဲ!"
ထိုအချိန်တွင်၊ ခန်းမအပြင်ဘက်မှ ခေါ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထူးချွန်သော လူငယ်ပါရမီရှင်တစ်စုကို ခေါ်ဆောင်ကာ ဤနေရာသို့ အလျင်အမြန် ရောက်ရှိလာသော လော့ရန်ယွီပင် ဖြစ်သည်။
လမ်းတစ်လျှောက်လုံးရှိ မြင်ကွင်းများမှာ အပျက်အစီးများဖြင့် ပြည့်နှက်နေပြီး၊ ဤနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်းကို ပြသနေသည်။
စူးချန်ကဲသည် ဘေးအန္တရာယ်ကင်းစွာ ရှိနေသည်ကို မြင်လိုက်ရမှသာလျှင် လော့ရန်ယွီသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်ခဲ့သည်။
"အားရှင်း ခုလိုဖြစ်နေတာ..... "
ပတ်ဝန်းကျင်၏ အငွေ့အသက်သည် အနည်းငယ် မူမမှန်သည်ကို သတိပြုမိသော လော့ရန်ယွီက ရုတ်တရက် မေးမြန်းလိုက်သည်။
"ဘယ်တော့မှ ပြန်ပြင်လို့ မရတော့တဲ့သူတစ်ယောက်ကို ပြန်ပြင်နေတာပဲ"
စူးချန်ကဲသည် သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။
ထို့နောက် ဇာတ်လမ်းတစ်ခုလုံးကို အကျဉ်းချုပ်ကာ ပြောပြခဲ့သည်။
တခဏချင်းတွင်၊ လောကကြီးသည် သေခြင်းတမန်ကဲ့သို့ ဆိတ်ငြိမ်ခြင်းသို့ တစ်ဖန် ရောက်ရှိသွားပြန်သည်။
လူတိုင်း စကားမဲ့နေကြပြီး၊ သို့သော် လူတိုင်း၏ မျက်ဝန်းများက တစ်နေရာတည်းကိုသာ စူးစိုက်ကြည့်ရှုနေကြသည်။
ကျောက်ဟွ အမတဧကရာဇ်မင်း၏ ပျက်စီးနေသော ကိုယ်ခန္ဓာကို အဆက်မပြတ် "ပြုပြင်" နေသော အားရှင်းကိုသာ ဖြစ်သည်။
"ဒါပေမယ့်.... ဟွရှင်းကျောက်စိမ်း အပိုင်းအစတွေက လုံးဝ ကြေမွသွားပြီး စွမ်းအင်တွေလည်း ဆုံးရှုံးသွားပြီ....."
လော့ရန်ယွီမှာ ဆက်လက် မခံစားနိုင်တော့ပေ။
"အခု ဘယ်လောက်ပဲ ကြိုးစားကြိုးစား.... ကျောက်ဟွ အမတဧကရာဇ်မင်း လူကြီးမင်းကို ပြန်ပြင်လို့ ရနိုင်မှာ မဟုတ်တော့ဘူးလေ"
ဤစကားများကို ကြားသော်လည်း စူးချန်ကဲသည် ဖြေကြားခြင်း မရှိခဲ့ချေ။
သူသည် သက်ပြင်းတစ်ချက် ချကာ ၊ ထိုနောက် ခန္ဓာကိုယ်ကို လှည့်၍ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ အပြင်ဘက်သို့ ထွက်သွားခဲ့သည်။
"သွားကြစို့၊ သူတို့ကို ခဏလောက် တစ်ယောက်တည်း နေခွင့်ပေးလိုက်ပါ"
.........
အားရှင်းသည် လုပ်ဆောင်ချက်ကို စက်ယန္တရားဆန်ဆန် ထပ်ခါတလဲလဲ လုပ်နေသည်နှင့်အမျှ။
၎င်း၏ ဦးနှောက်ထဲတွင် ရိုက်နှိပ်ထည့်သွင်းထားသော နိယာမ ပုံစံများသည် ချို့ယွင်းသွားပုံရသည်။
မရေတွက်နိုင်သော ရုပ်ပုံမြင်ကွင်းများသည် ၎င်း၏ ဦးနှောက်ထဲတွင် အဆက်မပြတ် ထွက်ပေါ်နေသည်။
"ဒါပထမဆုံး တွေ့ဆုံခြင်းပဲ ...ငါ နာမည်က လီတောက်၊ မင်းရဲ့ သခင်ပဲ"
"သခင်.....?"
***