ထို့ကြောင့် သူတို့လို အမှောင်ထု အမတဧကရာဇ်မင်းများသည် အခြေခံအားဖြင့် နောက်ထပ် တစ်ဆင့်ကို တက်လှမ်းရန် မစွမ်းဆောင်နိုင်တော့ချေ။
အထူးသဖြင့် အမတဧကရာဇ်အဆင့်ရှိ ကန့်သတ်ချုပ်နှောင်မှုများကို ချိုးဖျက်ရန် ပင်လယ်သမုဒ္ဒရာကဲ့သို့ များပြားသော အနုတ်လက္ခဏာ စွမ်းအင်များစွာ လိုအပ်သည်။
အမှောင်ထု မူလရင်းမြစ်ကမ္ဘာတွင် သူတို့အတွက် တစ်ခုတည်းသော အခွင့်အရေးမှာ အမှောင်ထု ပြန်လည်နိုးထလာချိန်ကို စောင့်ဆိုင်းရန်သာ ဖြစ်သည်။
ဒုတိယအကြိမ် အမှောင်ထု ပြန်လည်နိုးထလာသည်နှင့် ၊ သူတို့သည် အမတဧကရာဇ်အဆင့်ရှိ ကန့်သတ်ချုပ်နှောင်မှုများကို ချိုးဖျက်ရန် ကြိုးစားပေတော့မည်။
သို့သော် ရှစ်ထျန်းတိ့သည် ထိုအချိန်ထိ စောင့်ဆိုင်းရန် စိတ်မရှည်ပေ။
နှစ်ပေါင်း ရာနှင့်ချီပြီးမှသာ အမှောင်ထုသည် တစ်ဖန် ပြန်လည်နိုးထလာမည် ဖြစ်သည်။ ဤနှစ်ပေါင်းရာချီ ကာလအတွင်း ၊ စူးရွှမ် ဤသကောင့်သားသည် မည်မျှအထိ တိုးတတ်လာမည်ကို မည်သူကများ ကြိုသိနိုင်မည်နည်း။
ထိုအချိန်တွင် မိမိသည် အမတဧကရာဇ်နယ်ပယ်၏ အထက်အဆင့်ကို တတ်လှမ်းနိုင်ခဲ့ရင်တောင်မှ စူးရွှမ်၏ ပြိုင်ဖက် ဖြစ်လာနိုင်မည်ဟု အာမ မခံနိုင်ပေ။
"ဒီလို တစ်ဖက်သတ် ခံလိုက်ရတဲ့ အခြေအနေက တကယ်ကို စိတ်တိုစရာကောင်းတယ်!"
ရှစ်ထျန်းတိ့သည် စူးရွှမ်ကို နောက်တစ်ကြိမ် ဆဲဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် ၊
ဆွဲဆောင်မှုရှိသော ဟားတိုက်ရယ်သံတစ်ခုသည် ခန်းမအပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဟားးး.. ရှစ်ထျန်းတိ့ နင်လည်း ငယ်တော့တာ မဟုတ်ဘူး... ဘာဖြစ်လို့ ခုလိုမျိုး ပေါက်ကွဲနေရတာကို ဒီလောက်တောင် သဘောကျနေရတာလဲ"
"စူးရွှမ် အဲ့ကောင်ကို သွားပြီး မနှိုးဆော်သင့်ဘူးဆိုတာ သိရက်သားနဲ့ နင် ဘာလို့ သွားထိတုန်း"
"နောက်ဆုံးတော့လည်း အစော်ခံလိုက်ရတာပဲမလား ....မဟုတ်မှလွဲရော နင့်မှာ ထူးခြားတဲ့ ဝါသနာတစ်ခုခုများ ရှိနေသလားလို့တောင် ငါ သံသယဖြစ်မိတယ်"
ဟူး ——
လေညင်းများသည် ခန်းမအပြင်ဘက်မှ တိုက်ခတ်လာပြီး ထို့နောက်တွင် ပုံသဏ္ဌာန်တစ်ခုသည် အတွင်းမှ ဖြည်းညင်းစွာ ခြေလှမ်းထွက်လာသည်။
မြူဆိုင်းများသဖွယ် ခန္ဓာကိုယ်၏ ဘေးတဝိုက်တွင် ရစ်ဝဲနေသော အမှောင်ထုအငွေ့အသက်များကြောင့် သူမ၏ တိကျသော ပုံသဏ္ဌာန်နှင့် အသွင်အပြင်ကို သိရှိရန် ခက်ခဲသည်။
အမှောင်ထုထဲမှ နီညိုရောင် မျက်ဝန်းတစ်စုံသာ ပေါ်ထွက်နေပြီး၊ ညအချိန်ရှိ သွေးလရောင်ကဲ့သို့ ထင်မှတ်ရကာ ၎င်းကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သင့်အား အနက်ရှိုင်းဆုံးသော ချောက်နက်ထဲသို့ ကျရောက်သွားစေလိမ့်မည်။
ထိုဝတ်ရုံနက် အမျိုးသမီးကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ရှစ်ထျန်းတိ့၏ မျက်လုံးများသည် သိသိသာသာ အုံ့မှိုင်းသွားသည်။
"ဟမ်! နတ်ဆိုးလိပ်ပြာ ... မင်း က မင်းရဲ့ ထုံယွမ်နတ်ဘုရားဗိမ္မာန်မှာ မနေဘဲ ဘာရှိလို့ ငါ့ရဲ့ အမှောင်ထု အမတခန်းမဆောင်ကို ရောက်လာတာလဲ "
"ငါ့ရဲ့ အမှောင်ထု အမတခန်းမဆောင်က မင်းလို ကြီးကျယ်တဲ့ ဗုဒ္ဓဆင်းတုတော်ကြီးကို လက်ခံထားနိုင်တဲ့ နေရာမဟုတ်ဘူး"
ထုံယွမ် နတ်ဘုရားဗိမ္မာန်သည် အမှောင်ထု၏ တားမြစ် အင်အားစု ကိုးဖွဲ့ထဲမှ တစ်ဖွဲ့မဟုတ်ဘဲ၊ သူတို့နှင့် မသက်ဆိုင်သည့် သီးခြာ ရပ်တည်နေသော အထူးအင်အားစုတစ်ဖွဲ့ ဖြစ်သည်။
ထုံယွမ် နတ်ဘုရားဗိမ္မာန်သည် အမှောင်ထုနှင့် အမတနယ်မြေတို့၏ တိုက်ပွဲတွင် တိုက်ရိုက် မပါဝင်ချေ။
ထုံယွမ် နတ်ဘုရားဗိမ္မာန်၏ အရှင်သခင်ဖြစ်သူ နတ်ဆိုးလိပ်ပြာ၏ အဓိက တာဝန်မှာ အမှောင်ထု ဘိုးဘေးနတ်ဘုရား၏ အမိန့်တော်များကို လက်ခံရယူရန် ဖြစ်သည်။
အမှောင်ထု ဘိုးဘေးနတ်ဘုရားဟု ဆိုရလျှင်ဖြင့် ၊ အမှန်အားဖြင့် သူသည် အမှောင်ထု မူလရင်းမြစ်ကမ္ဘာ၏ ဖန်တီးရှင် ဖြစ်ပြီး ၊ သူတို့အား အမှောင်ထုစွမ်းအားကို ပေးအပ်ခဲ့သူ၊ ဤအမှောင်ထု မူလရင်းမြစ်ကမ္ဘာ၏ အမြင့်မြတ်ဆုံး တည်ရှိမှုပင် ဖြစ်သည်။
အမတနယ်မြေမှ အမတဧကရာဇ်မင်းများ ခန့်မှန်းထားသည့်အတိုင်း၊ သူသည် ဒေဝလောက တစ်ခုလုံးရှိ အမှောင်ထု၏ ရင်းမြစ်လည်း ဖြစ်သည်။
.........
သို့သော် အမှောင်ထု ဘိုးဘေးနတ်ဘုရားနှင့် ပတ်သက်၍ ရှစ်ထျန်းတိ့သည် နတ်ဆိုးလိပ်ပြာကဲ့သို့ နားမလည်ထားချေ။
အမှောင်ထု ဘိုးဘေးနတ်ဘုရားသည် အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းပြီး၊ အမတနယ်မြေ၏ အထက်လောက အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိနေကာ ကမ္ဘာပေါ်တွင် ၎င်း၏တည်ရှိရာနေရာကို မည်သူမျှ မသိသလောက်ပင်။
သူတို့ အမှောင်ထု မူလရင်းမြစ်ကမ္ဘာသည် နတ်ဆိုးလိပ်ပြာမှ တစ်ဆင့် ဆက်သွယ်ရပြီး ၊ အမှောင်ထု ဘိုးဘေးနတ်ဘုရားမှ ချမှတ်လိုက်သော အမိန့်များကို စောင့်ဆိုင်းရသည်။
"ဟားဟား.... ရှစ်ထျန်းတိ့ နင် အခု အရမ်းစိတ်ဆိုးနေတယ်ဆိုတာ ငါသိတယ် ဒါပေမယ့် လောလောဆယ် စိတ်မဆိုးသေးနဲ့ဦး"
" အားတိုင်းပေါက်ကွဲတတ်တဲ့ ယောက်ျားမျိုးက တန်ဖိုးကျဆင်းလွယ်တယ် "
" နတ်ဆိုးလိပ်ပြာ!"
ရှစ်ထျန်းတိ့သည် ဒေါသတကြီးဖြင့် လူကို နှင်ထုတ်ရန် ဟန်ပြင်လိုက်သည့်အချိန် ၊
ထိုစဉ် ၊ နတ်ဆိုးလိပ်ပြာသည် အကြောင်းအရာကို ပြောင်းလဲကာ ပြောဆိုလာခဲ့သည်။
"ငါ ဒီတစ်ခေါက် လာတာက နင့်ကို ဘိုးဘေးနတ်ဘုရားရဲ့ အမိန့်သစ်အကြောင်း အကြောင်းကြားဖို့ပဲ "
" နင် ငါ့ကို မောင်းထုတ်လိုက်ပြီး ...ပြီးမှ ဘိုးဘေးနတ်ဘုရားရဲ့ အရေးကြီးတဲ့ကိစ္စကို နှောင့်နှေးသွားစေရင်... ဘိုးဘေးနတ်ဘုရားက နင့်ကို အပြစ်ပေးတဲ့အခါ ပြီးမှ ငါ့အပြစ်လို့ လာမပြောနဲ့နော် "
"ဘယ်လို "
"ဘိုးဘေးနတ်ဘုရား ချမှတ်လိုက်တဲ့ အမိန့် ဟုတ်လား "
ရှစ်ထျန်းတိ့၏ စိတ်ထဲတွင် ထိတ်လန့်သွားသည်။
သူ၏ မှတ်ဉာဏ်ထဲတွင်၊ နောက်ဆုံးအကြိမ် အမှောင်ထု ဘိုးဘေးနတ်ဘုရား မှ ချမှတ်လိုက်သော အမိန့်တော်မှာ ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီး စတင်ရန်အချိန်က ဖြစ်သည်။
ထို့နောက် နှစ်သန်းပေါင်းများစွာကြာပြီးသည့်တိုင် ၊ အမှောင်ထု ဘိုးဘေးနတ်ဘုရားသည် မည်သည့် အမိန့်တော်မျှ ထပ်မံ ချမှတ်ခြင်း မရှိတော့ချေ။ မမျှော်လင့်ဘဲ၊ ဤခေတ်တွင် နောက်တစ်ကြိမ် အမိန့်သစ် တစ်ခု ထုတ်ပြန်လာခဲ့သည်။
မဟုတ်မှလွဲရော... အရေးကြီးတဲ့ ကိစ္စတစ်ခုခုကို သူတို့ကို ပြောပြမလို့လား ?
တစ်ဖက်ရှိ နတ်ဆိုးလိပ်ပြာသည် အလွန်အကျွံ ရှင်းပြခြင်း မရှိဘဲ ၊ သူမ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ဝီ!
တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားလာသော အမှောင်ထုတစ်ခုသည် ဟင်းလင်းပြင်ထဲ၌ ရစ်နွယ်ကာ နောက်ဆုံးတွင် ကျောက်စိမ်းနက် စည်းတံဆိပ်တစ်ခုအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။
လက်ဖဝါးအရွယ်မျှသာ ရှိသော်လည်း၊ ၎င်း၏အပေါ်တွင် လျို့ဝှက်ဆန်းကြယ်သော အရုပ်စာများ ရေးထွင်းထားသည်။ ၎င်းသည် မတူညီသော ကမ္ပည်းစာများ ၊ ရှေးဟောင်းသားရဲများဖြင့် ဖွဲ့စည်းထားပုံရပြီး အတော်လေး ထူးဆန်းပေရာ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါကို ထုတ်ဖော်ပြသနေသည်။
လက်သင်္ကေတ တစ်ခုကို ဖော်ဆောင်ကာ ၊ မန္တာန်များ ရွတ်ဆိုပြီးနောက်တွင် ၊ ကျောက်စိမ်းနက် စည်းတံဆိပ်သည် လျှပ်တပြတ် တောက်ပသွားပြီး ၊ ဟင်းလင်းပြင်ပေါ်တွင် စာကြောင်း သုံးကြောင်း ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
ပထမစာကြောင်း - အမှောင်ထု ပြန်လည်နိုးထမလာခင် ၊ တားမြစ်စူးမိသားစုကို မသေချာဘဲ သွားပြီး ရန်မစမိစေနဲ့ ။
ဒုတိယစာကြောင်း - ချိတ်ပိတ်ခံထားရတဲ့ ဗဟိုအမတနယ်မြေကို ရှာဖွေပြီး၊ မူလရင်းမြစ် အူတိုင်ကို တိုက်စားပါ ။
တတိယစာကြောင်း - ဗလာနိတ္ထိစွမ်းအား ပိုင်ဆိုင်ထားသူကို ရှာဖွေပြီး ဘာတန်ကြေးပဲ ပေးဆပ်ရပါစေ သူ့ကို ရအောင် သတ် ။
...........
တခဏအတွင်း ၊
ဟင်းလင်းပြင်အထက်တွင် မျှောလွင့်နေသော စာလုံးများသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
"ဒါက ဘိုးဘေးနတ်ဘုရားရဲ့ အမိန့်လား"
ရှစ်ထျန်းတိ့၏ လေသံမှာ ရှုပ်ထွေးနေသည်။
ဤစကားသုံးခွန်းသည် သူ့ကို အမှန်တကယ်ပင် ခေါင်းရှုပ်စေသည်။
ပထမစကားတစ်ခွန်းအရ ၊ အမှောင်ထု ပြန်လည်နိုးထမလာမီ သေချာပိုင်နိုင်မှုမရှိဘဲ တားမြစ်စူးမိသားစုကို သွားပြီး စိန်မခေါ်ရန် ပြောထားသည်။
မဟုတ်မှလွဲရော ...တားမြစ်စူးမိသားစုက အတော်လေး ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတစ်မျိုးမျိုးကို ချုပ်ကိုင်ထားတာ ဖြစ်နေမလား !?
သူတို့ အမှောင်ထု မူလရင်းမြစ်ကမ္ဘာသည်ပင် ၎င်းတို့၏ ပြိုင်ဘက် ဖြစ်ရန် ခက်ခဲနိုင်လေသလော။
ဒုတိယစကားကိုလည်း သူ နားမလည်နိုင်ပေ။ ဗဟိုအမတနယ်မြေကို မည်သည့်နေရာတွင် ချိတ်ပိတ်ထားသည်ကို မည်သူမှ မသိချေ။ သူ့အနေဖြင့် ၎င်း၏ မူလရင်းမြစ် အူတိုင်ကို မည်သို့ ရှာဖွေရမည်နည်း။
နောက်ဆုံးအနေဖြင့်၊ သူ့အား ဗလာနိတ္ထိစွမ်းအား ပိုင်ဆိုင်သူကို ရှာဖွေပြီး သတ်ပစ်ရန် ညွှန်ကြားထားသည်။
ဤအချက်က ပို၍ပင် ရယ်စရာကောင်းသည်။
သူသည် အမှောင်ထု မူလရင်းမြစ်ကမ္ဘာ၏ အမတဧကရာဇ်မင်း တစ်ပါး ဖြစ်သော်လည်း၊ သို့သော် ဗလာနိတ္ထိစွမ်းအားဆိုသည် မည်သည့်အရာမှန်း သူ အမှန်တကယ်ပင် သိမထားချေ။
အဆိုးဆုံးအခြေအနေတွင် စဉ်းစားကြည့်လျှင်ဖြင့် ၊ သူသည် ဤဗလာနိတ္ထိစွမ်းအားဟု ခေါ်ဆိုသော အရာကို သိရှိခဲ့ရင်တောင်မှ ဒေဝလောကရှိ ထောင်ပေါင်းများစွာသော နယ်မြေများစွာသည် မျက်စိနှင့် မမြင်နိုင်လောက်အောင်ပင် ကျယ်ပြန့်လွန်းသည်။
သူတို့ အမှောင်ထု မူလရင်းမြစ်ကမ္ဘာတွင် ကောင်းကင်ဘုံနည်းတူ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားမည်ဆိုတောင် ဤကဲ့သို့သော တည်ရှိမှုမျိုးကို ရှာဖွေရန်မှာ ပင်လယ်ထဲ အပ်ရှာရသကဲ့သို့ ဖြစ်ပေတော့မည်။
ဒီအမိန့်သုံးခုက ဒါ လူကို တမင်သက်သက် အနိုင်ကျင့်နေတာပဲ မဟုတ်လား!
***