"ဒါက......."
ဓားစွမ်းအင်၏ သက်ရောက်မှုကြောင့် လူတိုင်း အံ့အားသင့်သွားကြသည် ။
ရှေးဟောင်းလှံ မဟာအစီအရင် ဆယ့်နှစ်ခုသည် တစ်ချက်တည်းဖြင့် ပျက်စီးသွားခဲ့သည်။
မိုးကောင်းကင်သည် တစ်ဖန် ကြည်လင်သွားပြီး၊ ယင် နှင့် ယန် ကို ပိုင်းဖြတ်လေသည်။
ဤဓားတစ်ချက်သည် မယုံနိုင်လောက်အောင် အစွမ်းထက်လွန်းသည်။
အချိန်ယူကာ ပြင်ဆင်ထားခဲ့ရသော သူတို့၏ ရှေးဟောင်းလှံ မဟာအစီအရင်မှာ မစတင်ရသေးခင်မှာပင် ၊ စူးချန်ကဲ၏ ဓားချက်အောက်တွင် တစ်ချက်တည်းဖြင့် ဖျက်ဆီးခံလိုက်ရသည်။
ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းကို လူတိုင်း နားမလည်နိုင်စွာဖြင့် ရပ်ကြည့်နေမိကြသည်။ စူးချန်ကဲ၏ ခွန်အားသည် အဘယ့်ကြောင့် ဤမျှ အင်အားကြီးလာရသနည်း။
ထို့အပြင် တဖက်လူသည် စစ်မှန်အမတနယ်ပယ် အဆင့်(၆)တွင်သာ ရှိသေးသည် မဟုတ်လော။
ယခုတွင်မူ ၊ ၎င်းသည် စစ်မှန်အမတနယ်ပယ် အဆင့်(၈) သို့ ရောက်ရှိနေပြီး ဖြစ်သည်။ မသိသူများက ကျင့်ကြံခြင်းဟူသည် ကလေးကစားစရာဟု ထင်မှတ်သွားနိုင်သည်။
အဆင့်တတ်ဖို့ဆိုတာ ထမင်းစားရေသောက်လိုပဲ လွယ်ကူတယ် ထင်နေလား!?
လူတိုင်း၏ မျက်နှာများ ဖြူဖျော့သွားစဉ် ၊
စူးချန်ကဲသည် အာကသလှိုင်းဂယက်ထဲမှ အေးအေးလူလူ လမ်းလျှောက်ထွက်လာသကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
သူ၏ အဖြူရောင် ဝတ်ရုံသည် အေးမြကြည်လင်ကာ ဖုန်မှုန့်များ ကင်းစင်နေပြီး ၊ တစ်ချိန်တည်းမှာပင် သူ့လက်ထဲက ဓားရှည်သည် လူ၏စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သော အအေးဓာတ်ဖြင့် တလက်လက် ရောင်ပြန်ဟပ်နေသည်မှာ သူ့ကို စိုက်ကြည့်၍ မရနိုင်အောင်ပင်။
"ဒါက မင်းတို့ အားထုတ်ပြီး ဖွဲ့စည်းထားတဲ့ ရှေးဟောင်း လှံမဟာအစီအရင်လား"
စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ၊ မိုးကောင်းကင်အထက်မှ ကြွေကျလာသော အမှုန်အမွှားများကို မော့ကြည့်ရင်း မထီမဲ့မြင်လေသံဖြင့် ဆိုလိုက်သည်။
" အေးလေ အမှိုက်တွေ ဖန်တီးထားတဲ့ မဟာအစီအရင်ကလည်း အမှိုက်ပဲ ဖြစ်မှာပေါ့"
ဤလုပ်ဆောင်မှုအပြင် စူးချန်ကဲ၏ စကားများသည် အင်အားစုနှစ်ဖွဲ့မှ ပါရမီရှင်တပည့်များ၏ ပါးများကို အားရပါးရ ရိုက်ချလိုက်သလိုပင်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ ၎င်းတို့၏ မျက်နှာများသည် ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြသည်။
အလွန်အမင်း ထိတ်လန့်မိသည့်အပြင် တစ်ချိန်တည်းမှာပင် သူတို့ကို အလွန် ဒေါသထွက်စေသည်။
ရှောင်ဝူရှန်းသည် လူတိုင်းနှင့် ပူပေါင်းမဆောင်ရွက်ခင် ၊ သူသည် ဦးစွာ အော်ဟစ်ကျိန်ဆဲလိုက်သည်။
"ဟမ်! စူးချန်ကဲ၊ မင်း က ကျင့်ဝတ်ကို လျစ်လျူရှုပြီး ခုလို ခိုးကြောင်ခိုးဝှက်နဲ့ ရှေးဟောင်းလှံ မဟာအစီအရင် ဆယ့်နှစ်ခုကို ရှင်းပစ်လိုက်ရုံနဲ့ မင်းကိုယ်မင်း လုံခြုံပြီလို့ ထင်နေတာလား"
ထို့နောက် ကျန်းယွီကျင်းနှင့် ချုးရှောင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ၊ ၎င်းတို့နှစ်ယောက်စလုံးသည် တစ်ပြိုင်နက်တည်း လက်သင်္ကေတများကို ဖော်ဆောင်ကာ မန္တာန်များကို ရွတ်ဆိုလိုက်သည်။
ဝီ !
မရေတွက်နိုင်သော နတ်အလင်းတန်းများသည် အထက်ကောင်းကင်ယံတွင် သက်ဝင်လှုပ်ရှားကာ ထွက်ပေါ်လာလေ၏။
နောက်အခိုက်အတန့်တွင်၊ ကောင်းကင်ပြင် တစ်ခုလုံးကို ဖုံးလွှမ်းထားသော ဧရာမ မဟာအစီအရင်ကြီး တစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်း၏ ဖိအားသည် ယခင်က ရှေးဟောင်းလှံ မဟာအစီအရင် ဆယ့်နှစ်ခုထက်ပင် ပို၍ ပြင်းထန်သည်။
ရေခဲနှင့် မီး မတူညီသော မဟာလမ်းစဉ်၏ နိယာမစွမ်းအား နှစ်မျိုးသည် အစီအရင်ပေါ်တွင် ရောနှောပေါင်းစပ်သွားပြီး ၊ ကောင်းကင်နှင့်မြေကြီးကိုပင် အရောင်ပြောင်းလဲသွားစေနိုင်သော ကြောက်ခမန်းလိလိ ဖိအားများကို ထုတ်လွှတ်လာခဲ့သည်။
ကျန်းယွီကျင်းနှင့် ချုးရှောင်တို့သည် အစီအစဉ်တွင် ဟာကွက် မရှိစေရန် ဤမရဏရေခဲမီးလျှံ အစီအရင်ကို လျိုဝှက်စွာဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဤမျှ ကြီးကျယ်ခမ်းနားသော အစီအရင်တွင် လူနှစ်ယောက်၏ မဟာလမ်းစဉ် အငွေ့အသက်များကို ပေါင်းစပ်ထားပြီး၊ ရေခဲနှင့် မီးစွမ်းအားများကို ရောနှောပေါင်းစပ်ခြင်းဖြင့် မိုးမြေ၏ မဟာလမ်းစဉ်စွမ်းအားကို ဖော်ဆောင်ထားသည်။
"ဟားဟားဟား! ကျန်းယွီကျင်း နဲ့ ချုးရှောင် လုပ်တာကောင်းတယ်!"
ယခင်က အလွန်အမင်း ဒေါသထွက်နေသော ရှောင်ဝူရှန်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ၊ စိတ်ထဲက ဒေါသမီးတို့သည် ချက်ချင်းဆိုသလို ကျေနပ်အားရခြင်းများဖြင့် အစားထိုးခံလိုက်ရသည်။
စူးချန်ကဲကို တိုက်ရိုက် နှိပ်ကွပ်နိုင်ခဲ့လျှင်ဖြင့် ၊ သူတို့၏ အစီအစဉ်မှာ ထက်ဝက်ခန့် ပြီးမြောက်သွားပေလိမ့်မည်။
.........
သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရသော စူးချန်ကဲသည် ခေါင်းခါယမ်းကာ ရယ်မိရုံမျှသာ ဖြစ်ပြီး၊ ထိုအရာကို လုံးဝ ဂရုမစိုက်ပုံရသည်။
သူ၏လေသံမှာ ယခင်ကအတိုင်းပင် ပေါ့ပါးလွန်းသည်။
" ငါပြောမယ် မင်းတို့ ဘာလို့ အမြဲတမ်း ဒီလိုအမှိုက်တွေကို အားကိုးပြီး ကိုယ့်ကိုယ့်ကို ယုံကြည်ချက်ရှိနေကြတာလဲ"
"မင်း ဘာပြောတယ် !?"
"စူးချန်ကဲ မင်း မောက်မာလိုက်တာ !"
သူတို့နှစ်ယောက်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြီး ၊ မဟာအစီအရင်ကို အတူတကွ အသက်သွင်းလိုက်သည်။
ဝုန်း !
ထိုအခိုက်အတန့်တွင် ၊ မိုးကောင်းကင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ၊ မရေတွက်နိုင်သော ရေခဲနှင့် မီးလျှံများသည် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်ကာ လှုပ်ရှားနေကြသည်။
နတ်ဘုရား၏ ပြစ်ဒဏ်အလား ကျဆင်းလာသော ရေခဲနှင့် မီးလျှံများသည် စူးချန်ကဲ၏ ပုံသဏ္ဍာန်ကို သေးငယ်သည်ဟု ထင်သွားရစေသည်။
အဝေးတစ်နေရာမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး၊ အဝေးသို့ ဆုတ်ခွာသွားကြသည်။
"ဒီအင်အားစုနှစ်ဖွဲ့က ကောင်တွေ တကယ်ကို ရူးသွားပြီပဲ"
"အရင်ကလည်း အထဲမှာ ကွေးယွမ်အမတဂိုဏ်းက ဆက်ခံသူနဲ့ တစ်ပွဲတစ်လမ်း စမ်းခဲ့တဲ့အပြင် အခုလည်း အပြင်ထွက်လာလာချင်း စိန်ခေါ်နေပြန်ပြီ"
" ဖွဲ့စည်းထားတဲ့ ရှေးဟောင်း မဟာအစီအရင်ကို ထည့်မပြောခင် ၊ ထိပ်တန်း ပါရမီရှင် နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ပါဝင်လာတာ စူးချန်ကဲတော့ အခက်တွေ့တော့မှာပဲ"
လက်တွေ့မြေပြင်တွင် ရှိနေသော စူးချန်ကဲမှာဖြင့် ခေါင်းခါယမ်းရုံမျှသာ ဖြစ်သည်။
ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ကိုယ်ထည်များ၏ စွမ်းအားများသည် တဟုန်းဟုန်း တောက်လောက်နေပြီး ၊ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဓားဆန္ဒအားလုံးသည် ဤအခိုက်အတန့်တွင် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားထဲသို့ ပေါင်းစည်းဝင်ရောက်သွားသည်။
စူးချန်ကဲ၏ အကျွမ်းကျင်ဆုံး အရည်အချင်းမှာ ဤကဲ့သို့သော မဟာအစီအရင်ကို ချိုးဖျက်ခြင်းပင် ဖြစ်သည်။
အကြောင်းမှာ ဗလာနိတ္ထိမျက်လုံးတော်၏ ကနဦးစွမ်းရည်ဖြစ်သော မူလရင်းမြစ် ခွဲခြမ်းစိတ်ဖြာခြင်းသည် ဤရှေးဟောင်း မဟာအစီအရင်၏ ဗဟိုချက်ကို အလွန်တိကျစွာ ခွဲခြမ်းစိတ်ဖြာနိုင်သောကြောင့် ဖြစ်သည်။
မဟာအစီအရင်၏ ဗဟိုချက်သည် အားအနည်းဆုံး နေရာဖြစ်သည်။ ထိုနေရာကို အောင်မြင်စွာ ရှာဖွေတွေ့ရှိနိုင်မည်ဆိုပါက ၊ အင်အားအနည်းငယ် ထုတ်သုံးရုံမျှဖြင့် သူသည် ထိုအစီအရင်ကို တစ်ချက်တည်းဖြင့် လုံးဝ ဖျက်ဆီးပစ်နိုင်သည်။
"ဖြတ်!"
မည်သည့် ခမ်းနားထည်ဝါသော လှုပ်ရှားမှုနှင့် နည်းစနစ်များ မရှိဘဲ စူးချန်ကဲသည် သူ့လက်ထဲက ဓားဖြင့် ရိုးရှင်းစွာ ခုတ်ပိုင်းလိုက်သည်။
မယုံနိုင်စရာကောင်းသော မြင်ကွင်းတစ်ခု နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
ဓားအလင်းသည် ကောင်းကင်နှင့် မြေကြီးကြား ဖြတ်ကျော်ဝင်ရောက်လာကာ၊ လျှပ်တပြတ် ဝင်းလက်သွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမျိုပစ်လိုက်သည်။
ဝှစ် ——
ကြီးမားလှသော မဟာအစီအရင်ကြီးသည် ယခင်က ရှေးဟောင်းလှံ မဟာအစီအရင် ဆယ့်နှစ်ခုကဲ့သို့ပင် ၊ အင်အားကြီးမားသော ဓားစွမ်းအင်များ၏ လှိုင်းတံပိုးအောက်တွင် ကွဲအက်ပျက်စီးကာ စက္ကူအမှုန်များသဖွယ် ကောင်းကင်အနှံ့ ပြန့်ကျဲသွားလေတော့သည်။
ဟူး !
ကျန်းယွီကျင်းနှင့် ချုးရှောင်တို့သည်လည်း စူးချန်ကဲ၏ ဓားစွမ်းအင် သက်ရောက်မှုကို ခံခဲ့ရပြီး ၊ မိုးကောင်းကင်မှ ရှက်စရာကောင်းသော အနေအထားဖြင့် ပြုတ်ကျလာခဲ့သည်။
ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေပြီး ၊ ဓားစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများမှ သွေးများ စီးကျနေသည်မှာ အလွန် ရှက်စရာကောင်းလှသည်။
ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသော ကျင့်ကြံသူများမှာ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားကြပြီး ကြောက်ရွံ့ထိတ်လန့်သွားကြသည်။
ယခင်က စူးချန်ကဲသည် ဓားတစ်ချက်တည်းဖြင့် ရှေးဟောင်းလှံ မဟာအစီအရင် ဆယ့်နှစ်ခုကို ဖျက်ဆီးနိုင်ခဲ့သည်မှာ ကျင့်ဝတ်ကို ဂရုမစိုက်ဘဲ ချုံခိုတိုက်ခိုက်လာခြင်းကြောင့်ဟု အကြောင်းပြချက် ပေးနိုင်သော်လည်း ၊
ယခုတွင်မူ ၊ ယှဉ်နိုင်စရာမရှိသော ခွန်အားဖြင့် မျက်နှာချင်းဆိုင် ချေမှုန်းပြခဲ့ပြီး ဖြစ်သည်။
သို့သော် ဤကဲ့သို့ အစီအရင်များကို နှစ်ကြိမ်ဆက်တိုက် ဓားတစ်ချက်တည်းဖြင့် ချိုးဖျက်နိုင်ခဲ့သည်မှာ အရမ်းကို ကြီးကျယ်လွန်းသည်ဟု ဆိုရမည်။
စူးချန်ကဲသည် တစ်ချက်ကြည့်ရုံဖြင့် မဟာအစီအရင် ဆယ့်သုံးခုကို ဖောက်ထွင်းမြင်နိုင်ခဲ့သည်။ ဤကဲ့သို့ဖြစ်လာရန် မည်မျှအားကောင်းသော ထိုးထွင်းသိမြင်နိုင်စွမ်း လိုအပ်မည်နည်း။
အမတဧကရာဇ်မင်း ဝင်စားသည့်တိုင် ၊ ထိုကဲ့သို့ လုပ်ဆောင်ရန်မှာ ခက်ခဲပေလိမ့်မည်။
ပတ်ဝန်းကျင်ရှိ လူများ၏ ထိတ်လန့်မှုကို ဂရုမစိုက်ဘဲ စူးချန်ကဲသည် ဓားကို ပြန်သိမ်းယူလိုက်သည်။
"ချန်ကဲ ဆက်ခံသူက ငါတို့အတွက် အတားအဆီးတွေကို ရှင်းလင်းပေးခဲ့ပြီးပြီ "
"ဒီလူယုတ်မာကောင်တွေက သတ်ပစ်ကြ၊ တစ်ယောက်မှ မချန်ထားနဲ့! "
ဝီ!
ထိုစကားသံအဆုံးတွင် ၊ အာကာသ ဝဲဂယက်ထဲမှ ပုံရိပ်များစွာ ပြေးထွက်လာကြသည်။
ကွေးယွမ်အမတဂိုဏ်းနှင့် ယောင်ကွမ်အမတဂိုဏ်းမှ ကျင့်ကြံသူများသည် ချက်ချင်းဆိုသလိုပင် ၎င်းတို့၏ မှော်စွမ်းအားများကို အသက်သွင်းကာ ထျန်းချန်လမ်းစဉ်ဂိုဏ်းနှင့် ဖုန်းယွင်လှံခန်းမမှ ကျင့်ကြံသူများကို တိုက်ခိုက်လေတော့သည်။
***