၎င်းအပြင် 'အတွင်းဒန်တျန် ကျင့်စဉ်' ကို ထပ်မံ အဆင့်တက်နိုင်ပါက သူ့အတွက် ပိုမိုကြီးမားသော အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲများ စောင့်ကြိုနေမည်ဖြစ်ပြီး သူ၏ 'အတွင်းချီ' ကိုလည်း ထိန်းချုပ်နိုင်မည် မဟုတ်ပါလား။
ခဏအကြာတွင်...
[အတွင်းဒန်တျန် ကျင့်စဉ် အတွေ့အကြုံ +၁]
[...]
…
အချိန်မှာ မနက် (၉) နာရီမှ (၁၁) နာရီ ကြားသို့ ရောက်ရှိလုနီးပါး ဖြစ်လာသောကြောင့် ကျန်းနင်လည်း သူ၏ အသက်ရှူကျင့်စဉ်ကို ရပ်တန့်လိုက်တော့သည်။
[ကျင့်စဉ်] - အတွင်းဒန်တျန် ကျင့်စဉ် (ကျွမ်းကျင်အဆင့် ၁၀၇၅/၂၀၀၀)
"တိုးတက်မှုက တစ်ဝက်ကျော်နေပြီ... အတွင်းချီကို ထိန်းချုပ်နိုင်ဖို့လည်း သိပ်မလိုတော့ဘူးပဲ..."
ကျန်းနင်က စနစ်မျက်နှာပြင်ကို ကြည့်ရင်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။
ထို့နောက်...
ယခုမှသာ သူက ရေစည်ပိုင်းထဲသို့ ခုန်ဆင်းကာ ခန္ဓာကိုယ်ပေါ်ရှိ ခြောက်သွေ့နေသော အရေပြားသန့်စင်သည့် သဲများကို ပွတ်တိုက်ဆေးကြောရန် အချိန်ရတော့သည်။
သန့်စင်ဆေးကြောပြီးနောက် ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများ အားလုံး ကင်းစင်သွားချိန်တွင် ကျန်းနင်က ခြံဝင်းထဲ၌ လန်းဆန်းတက်ကြွစွာ ရပ်နေလိုက်၏။ အထူးသဖြင့် ယခုလိုအချိန်မျိုးတွင် ကန်ရေပြင်မှ တိုက်ခတ်လာသော လေပြေများကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရေစက်များမှာ လျင်မြန်စွာ ခန်းခြောက်သွားလေပြီ။
ထိုအရာက ပူပြင်းလှသော နေ့လယ်ခင်း အချိန်တွင် သူ့အား အေးမြသော ခံစားမှုကို ရရှိစေသည်။
"အရမ်း သက်တောင့်သက်သာ ရှိတာပဲ..."
"ပူအိုက်တဲ့ နေ့တစ်နေ့မှာ ရေချိုးရတာလောက် ကောင်းတဲ့အရာ မရှိတော့ဘူး..."
ကျန်းနင်၏ ပုံစံမှာ အင်အားများ ပြည့်ဝပြီး လန်းဆန်းနေပုံပေါ်၏။
"မနက်စာ စားဖို့ အချိန်ကျပြီ..."
အဝတ်အစား ဝတ်ဆင်ပြီးနောက် ကျန်းနင်က ခြံဝင်းထဲမှ ထွက်ခွာလာခဲ့သည်။
ဤရက်ပိုင်းများ အတွင်း သူက မနက်၊ နေ့လယ်၊ ည မည်သည့်အချိန်တွင် သွားသွား သူ၏ အစ်ကိုနှင့် မရီးဖြစ်သူတို့က မီးဖိုချောင်ထဲ၌ အစားအစာများကို အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။
ဤကဲ့သို့ အဆင်ပြေချောမွေ့မှုက သူ့အား အလွန် ကျေနပ်စေခဲ့၏။ သူ၏ အစ်ကိုနှင့် မရီး မိသားစုအား အတူလာနေရန် ဖိတ်ခေါ်ခဲ့ခြင်းမှာ အလွန် ပညာရှိရာကျကြောင်းလည်း သူ ခံစားနေရသည်။
အကယ်၍ သူ၏ အစ်ကိုနှင့် မရီးသာ မရှိခဲ့လျှင် ဤမျှ ကြီးမားသော အိမ်ကြီးထဲတွင် နေထိုင်ရသည်မှာ အတော်လေး အဆင်မပြေ ဖြစ်ပေလိမ့်မည်။
အစေခံများ ငှားရမ်းရန် ကိစ္စနှင့် ပတ်သက်၍မူ...
လတ်တလောတွင် သူ ဆန္ဒမရှိသေးပေ။ သူ မတတ်နိုင်၍ မဟုတ်ဘဲ သူ့တွင် လျှို့ဝှက်ချက်များ သိပ်များနေသောကြောင့် ဖြစ်သည်။ ရည်ရွယ်ချက် ရှိသူများက အစေခံဟူသော အမည်ခံဖြင့် သူ့အနီးအနားတွင် နေထိုင်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်လာမည်ကို သူ စိုးရိမ်မိ၏။
အထူးသဖြင့် 'ချောင်မိသားစု' ပင်။
မနက်ခင်း…
[သတ္တဝါငါးပါး လက်သီးသိုင်း အတွေ့အကြုံ +၁]
ကျန်းနင်က သူ၏ ခြံဝင်းထဲတွင် လက်သီးသိုင်းကို အကြိမ်ကြိမ်အခါခါ လေ့ကျင့်နေခဲ့သည်။
လက်သီးသိုင်းကို တစ်ကြိမ် လေ့ကျင့်လိုက်တိုင်း သူ၏ သွေးချီမှာ ငါးမျှင်ခန့် တိုးလာပြီး သတ္တဝါငါးပါး လက်သီးသိုင်း၏ အတွေ့အကြုံတန်ဖိုးမှာလည်း ဖြည်းညှင်းစွာ တိုးတက်လာတော့သည်။
လေ့ကျင့်နေစဉ် တစ်ကိုယ်လုံးသို့ သွေးချီများ လှည့်ပတ် စီးဆင်းသွားသည်နှင့်အမျှ ယခင်က အရေပြားပေါ်ရှိ ဝန်ပိနေမှုများ လျော့ကျသွားသည်ကို ခံစားလိုက်ရ၏။
မကြာမီမှာပင်...
နေမင်းကြီးက ပိုမို မြင့်တက်လာလေပြီဖြစ်သည်။ အပူချိန်မှာလည်း ၎င်းနှင့်အတူ မြင့်တက်လာခဲ့သည်။
[ကျင့်စဉ်] - သတ္တဝါငါးပါး လက်သီးသိုင်း (ပြီးပြည့်စုံခြင်း အဆင့် ၇၉၉/၁၀၀၀)
စနစ်မျက်နှာပြင်ကို တစ်ချက် ကြည့်ပြီးနောက် ကျန်းနင်က လေ့ကျင့်မှုကို ရပ်တန့်လိုက်သည်။
သူ၏ အရေပြားမှာ ဝန်ပိမနေတော့ကြောင်း ခံစားလိုက်ရသဖြင့် 'အရေပြား သန့်စင်ခြင်း' ကို ဆက်လက် လုပ်ဆောင်ရန် အသင့်ဖြစ်နေလေပြီ။
သို့သော် ယခုတစ်ကြိမ်တွင်မူ အရေပြား သန့်စင်ခြင်းနှင့် ပတ်သက်၍ ကျန်းနင်၏ အတွေးများ ပြောင်းလဲသွားခဲ့၏။ သူ စမ်းသပ်ကြည့်ပြီးနောက် သူ၏ အရေပြားမှာ ကျောက်တုံးကဲ့သို့ မာကျောနေသဖြင့် အရေပြား သန့်စင်သည့် သဲ၏ လုပ်ဆောင်နိုင်စွမ်းမှာ ယခင်ကလောက် မကောင်းတော့ကြောင်း ခံစားလိုက်ရခြင်းပင်။
ထို့ကြောင့် သူက စမ်းသပ်မှုတစ်ခု ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
အရေပြား သန့်စင်သည့် သဲများကို အသုံးမပြုပါက ရလဒ်များ မည်သို့ ဖြစ်လာမည်ကို သိရှိနိုင်ရန်ဖြစ်သည်။
ချက်ချင်းပင်...
သူက 'သစ်ပင် အဆီအနှစ်' ပုလင်း တစ်ပုလင်းကို ဖွင့်၍ တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။
သူ့ခန္ဓာကိုယ်က ဆေးစွမ်းအမြောက်အများကို စုပ်ယူလိုက်ပြီး အကောင်းဆုံး အခြေအနေသို့ ရောက်ရှိသွားသည်နှင့် သူက 'ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ်' ၏ ပထမဆုံး သိုင်းဟန်ကို စတင် ဖော်ထုတ်လိုက်၏။
ထို့နောက် သူ၏ 'စွမ်းအား' များကို လှုံ့ဆော်ကာ အရေပြား သန့်စင်ရန် သွေးချီများကို တွန်းအားပေးလိုက်သည်။
သွေးချီများက သူ့ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ဖြတ်သန်း စီးဆင်းသွားသည်နှင့်အမျှ...
သူ၏ မျက်စိရှေ့တွင် အချက်ပြ စာသားအသစ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာတော့သည်။
[ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ် အတွေ့အကြုံ +၁]
သူ၏ အရေပြားများ ဝန်ပိသွားသည့် အခြေအနေသို့ ရောက်ရှိသွားပြီး တစ်ကိုယ်လုံး ခပ်ရေးရေး နာကျင်လာသည်ကို ခံစားရမှသာ သူက အရေပြား သန့်စင်ခြင်း လုပ်ငန်းစဉ်ကို ရပ်တန့်လိုက်လေသည်။
[ကျင့်စဉ်] - ဝရဇိန် အင်မော်တယ် ခန္ဓာကျင့်စဉ် (ကျွမ်းကျင်အဆင့် ၁၉/၂၀၀၀)
စနစ်မျက်နှာပြင်ကို ပိတ်လိုက်ပြီးနောက် သူက ခြံဝင်းထဲမှနေ၍ ကောင်းကင်ယံရှိ နေရောင်ခြည် အဝန်းအဝိုင်းကို မော့ကြည့်လိုက်၏။
"အချိန် ခြောက်နာရီလောက်တောင် မကြာလိုက်ဘူးပဲ..."
"ကြည့်ရတာ အရေပြား သန့်စင်တဲ့ သဲတွေက ငါ့အတွက် သိပ်အသုံးမဝင်တော့တဲ့ပုံပဲ..."
"ငါ့ရဲ့ လုပ်ဆောင်နိုင်စွမ်း တိုးတက်မှုက မယုံနိုင်လောက်အောင် နှေးကွေးလွန်းတယ်... ဆန့်ကျင်ဘက် အနေနဲ့ သွေးချီ တိုးပွားလာတာရယ်၊ သတ္တဝါငါးပါး လက်သီးသိုင်းရဲ့ အကူအညီရယ် ပေါင်းလိုက်တော့ အတော်လေး ကောင်းမွန်နေတယ်... ဒါကြောင့်လည်း ငါက ဒီလောက် မြင့်မားတဲ့ နှုန်းထားနဲ့ အရေပြားကို သန့်စင်နိုင်နေသေးတာ..."
စမ်းသပ်မှု ပြီးဆုံးသွားပြီးနောက် ကျန်းနင်က သတ္တဝါငါးပါး လက်သီးသိုင်းအပေါ် ယခင်ကထက်ပင် ပိုမို အရေးပါကြောင်း သတ်မှတ်လိုက်လေပြီ။
သွေးချီဆိုသည်မှာ 'သိုင်းပညာ' ၏ အခြေခံ အုတ်မြစ်ပင် ဖြစ်သည်။
လက်သီးသိုင်း လေ့ကျင့်ခြင်းက သူ့အတွက် သွေးချီ တိုးပွားစေရန် အကောင်းဆုံး နည်းလမ်းတစ်ခု မဟုတ်ပါလား။
သွေးချီများ အားကောင်းနေသရွေ့ သူ၏ ခန္ဓာကိုယ် ပိုမို သန်မာလာမည် သာမက... အနာဂတ်တွင် အဆင့်အတားအဆီးများကို ဖောက်ထွင်းရာ၌လည်း ကြီးမားသော အထောက်အကူ ဖြစ်စေပြီး သူ၏ လုပ်ဆောင်နိုင်စွမ်း တစ်ခုလုံးကို သိသိသာသာ တိုးတက်လာစေမည် ဖြစ်သည်။
ဤအရာထက် ပိုအရေးကြီးသောအရာ မရှိတော့ဟုပင် ဆိုနိုင်ပေသည်။
နောက်တစ်နေ့ နေ့လယ်ခင်း…
'လော့ရွှေကန်'
လူသူကင်းမဲ့သော ကျွန်းငယ်လေး တစ်ကျွန်းပေါ်တွင်…
သဲသောင်ပြင်၌ လှေငယ်တစ်စင်း ဆိုက်ကပ်ထားလျက်ရှိ၏။
"အကြီးအကဲလျူ... ပိုးကောင်လေးရဲ့ လမ်းညွှန်မှု အရဆိုရင် ထျန်းပုယီဆီမှာ အကြီးအကဲ ချန်ထားခဲ့တဲ့ အနံ့က ဒီဘက်ကို ဦးတည်နေတယ်..."
လျူချင်းစုန့်က လှေဦးပိုင်းတွင် ရပ်၍ ပတ်ပတ်လည်သို့ အကဲခတ် ကြည့်ရှုလိုက်သည်။ သူက သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်၏။
"ဒီကျွန်းငယ်လေးက ပုန်းအောင်းဖို့ တကယ်ကို ကောင်းတဲ့ နေရာပဲ..."
"ထျန်းပုယီရဲ့ နာမည်ပြောင်က 'မြစ်နဂါး' တဲ့... သူ့ရဲ့ ရေကူးကျွမ်းကျင်မှုက ထူးကဲလှတော့ သူ့အတွက် ဒီနေရာက ပိုပြီး စံပြဖြစ်မယ့် ပုန်းအောင်းစရာ နေရာတစ်ခုပေါ့..."
ထိုစကားကြားလျှင် အနောက်မှ နောက်လိုက်များမှာ တွေဝေသွားကြသည်။
"အကြီးအကဲလျူ... ဒါဆိုရင် ကျွန်တော်တို့ ထျန်းပုယီကို ရှာတွေ့ရင်တောင် သူ့ကို ဖမ်းနိုင်ပါ့မလား..."
"သူ့ရဲ့ ရေကူးကျွမ်းကျင်မှုက အရမ်း ကောင်းလွန်းတယ်လေ... ရေထဲရောက်သွားတာနဲ့ သူက ပျောက်ကွယ်သွားမှာပဲ... ပြီးတော့ သူက သာမန်လူတွေထက် အသက်ကို အများကြီး ပိုရှည်ရှည် အောင့်ထားနိုင်တယ်..."
အခြားတစ်ယောက်ကလည်း ခေါင်းညိတ် ထောက်ခံလိုက်၏။
"ဟုတ်တယ်... သူ့ကို ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ"
လျူချင်းစုန့်က တည်ငြိမ်စွာပင်... "ဒီတစ်ခါ သူ့ကို မဖမ်းနိုင်ရင်တောင် စိတ်မပူပါနဲ့... အရင်တုန်းက သူ ငါ့လက်ဝါးရိုက်ချက်ကြောင့် ဒဏ်ရာရထားတော့ အတွင်းဒဏ်ရာတွေ ရှိနေမှာ အသေအချာပဲ... ငါက သူ့အပေါ်မှာ ဆေးမှုန့်တစ်မျိုး သုံးထားခဲ့တယ်... အဲဒါက သူ့အသားနဲ့ သွေးထဲအထိ စိမ့်ဝင်သွားပြီမို့ ဒီအနံ့ကို သူ ဖျောက်ဖျက်ပစ်လို့ မရနိုင်တော့ဘူး..."
"အခု ငါတို့မှာ လမ်းပြပေးဖို့ ပိုးကောင်လေး ရှိနေပြီဆိုတော့ သူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."
"ငါတို့က သူ့ကို လုံလောက်တဲ့ ဖိအားတွေ ပေးနေသရွေ့ သူ့ဒဏ်ရာတွေက သေချာပေါက် ပိုဆိုးလာလိမ့်မယ်... အစောနဲ့အနှောင်းတော့ သူ့ကို ငါတို့ ဖမ်းမိမှာပါ..."
စကားပြောနေစဉ်...
လျူချင်းစုန့်က သူ၏ ရင်ဘတ်ထဲမှ 'ကျောက်စိမ်းပုလင်း' တစ်လုံးကို ထုတ်ယူလိုက်ပြီး အဖုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
နောက်တစ်ခဏ၌...
ခပ်မှိန်မှိန် တောက်ပနေသော ပိုးကောင်လေး တစ်ကောင်က ပုလင်းထဲမှ ပျံထွက်လာပြီးနောက် တောင်ပံများကို ခတ်ကာ အရပ်မျက်နှာ တစ်ခုဆီသို့ ဆတ်ခနဲ ပျံသန်းသွားလေပြီ။
"အမီလိုက်ကြ..." လျူချင်းစုန့်က အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ အကြီးအကဲလျူ..." လူအုပ်ကြီးက ပြန်လည် တုံ့ပြန်လိုက်ပြီး အလျင်အမြန် ထက်ကြပ်မကွာ လိုက်ပါသွားကြတော့သည်။
သူတို့က ကမ်းစပ်ရှိ နေရာတစ်ခုသို့ ရောက်ရှိလာကြသည်။ ခြောက်သွေ့နေသော သွေးကွက် တစ်ကွက်ပေါ်သို့ ပိုးကောင်လေး ဖြည်းညှင်းစွာ နားခိုသွားသည်ကို လျူချင်းစုန့် တစ်ယောက် အသေအချာ စိုက်ကြည့်နေလိုက်သည်။
End
***