စံအိမ်တော်အရှင်သခင်က ရန်ရှောက်ထျန်း၏တောင်းဆိုချက်ကို အမှန်တကယ်ခွင့်ပြုလိုက် သည်ဟုကြားလိုက်ရသောအခါ အမာခံတပည့်အားလုံးမှာသူတို့၏အကြည့်များကို ရန်ရှောက်ထျန်း ဆီသို့ ချက်ချင်းပို့လိုက်ကြတော့သည်။
အထူးသဖြင့် ရန်ထျန်းရဲ၊ ချန်ကျီဖန့်နှင့် တခြားသူများမှာ ရန်ရှောက်ထျန်းကို ရက်စက်ကြမ်း ကြုတ်သောသားရဲများကဲ့သို့စိုက်ကြည့်နေကြပြီး အားလုံးမှာသွေးဆာနေသော အမူအရာများကို ပြသနေကြလေသည်။
ရန်ရှောက်ထျန်းသည် ရန်ထျန်းရဲ၊ ချန်ကျီဖန့်နှင့်တခြားသူများ၏ မျက်လုံးများအတွင်းရှိ သွေးဆာနေသောအမူအရာများကို လျစ်လျူရှုလိုက်ပြီး ကွင်းပြင်၏အလယ်ဗဟိုသို့ ပျံသန်းဆင်း သက်လိုက်ကာ သူ၏မျက်နှာအမူအရာမှာတည်ငြိမ်နေလေသည်။
"အားလုံးပဲ... ထွက်လာခဲ့ကြစမ်းပါ"
အားလုံးပဲ... လာကြစမ်းပါ။
ရန်ရှောက်ထျန်း၏အသံမှာ ကွင်းပြင်အထက်ရှိကောင်းကင်ယံထက်သို့ပင် ပဲ့တင်ထပ်လို့ သွားတော့သည်။
ဓားနတ်ဘုရားရှီးလုံက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်မိသည်။ ဒီကောင်လေးကတော့ ရူးနေပြီပဲ။
စံအိမ်တော်အရှင်သခင်ကလည်း ဒီကောင်လေးရဲ့တောင်းဆိုချက်ကို အမှန်တကယ်သဘော တူလိုက်သည်တဲ့လား။
ဒါဟာ ရမ်းကားလွန်းရာ မရောက်နေဘူးလား။
ပြိုင်ပွဲစတင်ပြီဆိုသည်နှင့် သူတို့ပင်လျှင်ဝင်ရောက်စွက်ဖက်လို့မရတော့ပေ။ အကယ်၍ ရန်ရှောက်ထျန်းသာတစ်ခုခု မှားယွင်းသွားမည်ဆိုပါက ဤပြဿနာကိုဘယ်သူကရှင်းပေးမည်နည်း။
ကျန်းချန်ချန်လည်း စိတ်ပူနေတော့သည်။ သူမရော ဝမ်နင်းပါရှေးဟောင်းဘိုးဘေးကြီးက ရန်ရှောက်ထျန်း၏ ရူးကြောင်ကြောင်အကြံအစည်ကိုအမှန်တကယ် သဘောတူလိမ့်မည်ဟုမမျှော် လင့်ထားခဲ့ကြပေ။
ရန်ထျန်းရဲပင်လျှင် ချန်ဆန်းစံအိမ်တော်ရှိအမာခံတပည့်အားလုံးကို စိန်ခေါ်နိုင်သည်ဟု ပြောရဲလိမ့်မည် မဟုတ်ပေ။
မဟုတ်သေး... ပို၍တိကျစွာပြောရလျှင် ချန်ဆန်းခြောက်ပါးပူးပေါင်းလျှင်ပင် ချန်ဆန်း စံအိမ်တော်ရှိ အမာခံတပည့်အားလုံးကို စိန်ခေါ်နိုင်သည်ဟု ပြောရဲကြလိမ့်မည်မဟုတ်ပေ။
ရန်ရှောက်ထျန်းကမူ တစ်ယောက်တည်းနှင့် ချန်ဆန်းစံအိမ်တော်ရှိအမာခံတပည့် အားလုံး ကို အမှန်တကယ်စိန်ခေါ်ရဲသည်တဲ့လား။
သို့သော် ရှေးဟောင်းဘိုးဘေးကြီးကိုယ်တိုင် သဘောတူလိုက်ပြီဖြစ်ရာ မည်သူမျှမပြောင်း လဲနိုင်တော့ပေ။
ထို့ကြောင့် သူမနှင့် မင်းသမီးဝမ်နင်းတို့မှာ စိုးရိမ်နေရန်သာတတ်နိုင်တော့သည်။
ချန်ကျီဖန့်သည် ကွင်းပြင်အလယ်တွင်ရပ်နေသောရန်ရှောက်ထျန်းကိုကြည့်ကာ သူ၏ နှလုံးသားမှာ ထိန်းချုပ်မရသောဒေါသများဖြင့် ပြည့်နှက်နေတော့သည်။ သူသည်ရှေ့သို့ ချက်ချင်း ရောက်သွားပြီး ရန်ရှောက်ထျန်း၏ရှေ့တွင်ပေါ်လာကာ ရူးသွပ်စွာရယ်မောလိုက်သည်။
"ကောင်လေး... မင်းကငါ့ရဲ့လက်သီးတစ်ချက်ကိုတောင်တောင့်ခံနိုင်မှာ မဟုတ်ဘူး။ မင်းတစ်ယောက်တည်းနဲ့နတ်ဘုရားနယ်မြေရဲ့ အမာခံတပည့်အားလုံးကို စိန်ခေါ်ရဲတယ်ဟုတ်လား"
"ငါ အခုပဲ မင်းကို လက်သီးတစ်ချက်တည်းနဲ့ အမှုန့်ဖြစ်သွားအောင်လုပ်ပြမယ်"
ချန်ကျီဖန့်က ဒေါသတကြီးဟိန်းဟောက်ပြောဆိုလိုက်ပြီး သူ၏တစ်ကိုယ်လုံးရှိ အရှိန်အဝါ များမှာလိမ့်တက်လို့လာကာ သူ၏စွမ်းအားအားလုံးကိုအပြည့်အဝထုတ်လွှတ်လိုက်လေသည်။
"ရန်ရှောက်ထျန်း က ငါ့အပိုင်ပဲ"
"ဘယ်သူမှ ဝင်မလာနဲ့"
"ငါ သူ့ကို လက်တစ်ဖက်တည်းနဲ့ နှိပ်စက်ပြီး သတ်ပြမယ်"
သူသည် အလွန်အမင်းဒေါသထွက်နေသည်၊ အလွန်အမင်းလည်းပေါက်ကွဲလို့နေသည်။
ရန်ရှောက်ထျန်းက အမာခံတပည့်အားလုံးကိုစိန်ခေါ်လိုက်ခြင်းမှာ သူ့ကိုရော၊ ချန်ဆန်း ခြောက်ပါးကိုရော၊ အမာခံတပည့်အားလုံးကိုပါအထင်အမြင်သေးရာ ရောက်နေသောကြောင့် ဖြစ်လေသည်။
ချန်ကျီဖန့်၏တစ်ကိုယ်လုံးရှိအရှိန်အဝါများ လိမ့်တက်လာသည်နှင့်အမျှ မိုးပြာရောင်နဂါး တစ်ကောင်က ပျံသန်းထွက်ပေါ်၍လာခဲ့တော့သည်။
ထို့နောက်တွင် ချက်ချင်းပင်အဖြူရောင်ကျားတစ်ကောင်မှာလည်း အရှိန်အဟုန်ပြင်းစွာ ပျံသန်းထွက်လာခဲ့ပြန်သည်။
မိုးပြာရောင်နဂါးနှင့် အဖြူရောင်ကျားတို့ထွက်လာအပြီးတွင် ဧရာမဖီးနစ်ငှက်ကြီး တစ်ကောင်လည်းပျံထွက်လာခဲ့လေပြန်တော့သည်။
“ဟိန်းသံ...”
နဂါးဟိန်းသံ၊ ကျားဟိန်းသံ နှင့် ဖီးနစ်ငှက်တို့၏ အော်ဟစ်သံ။
အမြင့်မြတ်ဆုံး သိုင်းဝိညာဉ်သုံးခု၏စွမ်းအားမှာ နတ်ဘုရားပင်လယ်ကမ္ဘာ တစ်ခုလုံးသို့ တိုင်အောင်ပျံ့နှံ့သွားတော့သည်။
"ဒါ အမြင့်မြတ်ဆုံး သိုင်းဝိညာဉ်သုံးခု ပဲ"
"အစ်ကိုကြီးချန်မှာ အမှန်တကယ်ပဲအထွတ်အထိပ်အမြင့်မြတ်ဆုံး သိုင်းဝိညာဉ် သုံးခုရှိနေ တာလား"
တပည့်များအားလုံး ချန်ကျီဖန့်၏သိုင်းဝိညာဉ်သုံးခုကို မြင်လိုက်ရသောအခါ အလွန်တရာ တုန်လှုပ်သွားကြတော့သည်။
ရန်ထျန်းရဲပင်လျှင် အကြီးအကျယ်အံ့အားသင့်သွားခဲ့သည်။
ယခင်က ချန်ကျီဖန့်သည် သူနှင့်တိုက်ခိုက်စဉ်က သူ၏သိုင်းဝိညာဉ်ကို ဆင့်ခေါ်ခြင်း မပြုခဲ့ ပေ။ သူသည်ချန်ကျီဖန့်၏သိုင်းဝိညာဉ်ကို ခန့်မှန်းခဲ့ဖူးသော်လည်း ချန်ကျီဖန့်တွင် အထွတ်အထိပ် အမြင့်မြတ်ဆုံး သိုင်းဝိညာဉ်သုံးခု ရှိနေလိမ့်မည်ဟုမူ သူ တစ်ခါမျှမတွေးတောခဲ့ဖူးပေ။
"ဒီ ချန်ကျီဖန့်ဆိုတဲ့ကောင်လေးမှာ အမှန်တကယ်ပဲအထွတ်အထိပ် အမြင့်မြတ်ဆုံး သိုင်းဝိညာဉ် သုံးခုရှိနေတာလား" ဟုဆိုကာ ဓားနတ်ဘုရားရှီးလုံကလည်း ထိတ်လန့်သွားတော့သည်။
သူ၊ ကျန်းယုံကျန်းနှင့် အခြားသောအဆင့်မြင့်အရာရှိများမှာလည်း ချန်ကျီဖန့်၏ သိုင်းဝိညာဉ် ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ အားလုံးထိတ်လန့်ကုန်ကြတော့သည်။
ရှေးယခင်ကတည်းက အထွတ်အထိပ်အမြင့်မြတ်ဆုံး သိုင်းဝိညာဉ်နှစ်ခု ပိုင်ဆိုင်ထားသူများ စွာ ရှိခဲ့ဖူးသော်လည်း သုံးခုပိုင်ဆိုင်ထားသူကိုမူ မည်သူမျှမရှိခဲ့ဖူးပေ။
ချန်ကျီဖန့်၏ အထွတ်အထိပ်အမြင့်မြတ်ဆုံးသိုင်းဝိညာဉ်သုံးခုမှာ ကမ္ဘာကြီးကိုပင် တုန်လှုပ် စေနိုင်လောက်ပေသည်။
တစ်ချိန်တည်းမှာပင် ချန်ကျီဖန့်၏တစ်ကိုယ်လုံးမှနတ်ဘုရားအလင်းရောင်များ ဖြာထွက် လာပြီး အလင်းရောင်အလွှာများမှာပတ်ဝန်းကျင်ရှိတောင်တန်းများကို လင်းထိန်သွားစေကာ ချန်ကျီ ဖန့်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် နတ်ဘုရားသားရဲများ၏ပုံရိပ်ယောင်များ ပေါ်ထွက်လာတော့သည်။
"သားရဲတစ်သောင်းနတ်ဘုရားခန္ဓာကိုယ်" ဟု ကျန်းယုံကျန်း၏မျက်လုံးများမှာ ကျဉ်းမြောင်း သွားတော့သည်။
သားရဲတစ်သောင်းနတ်ဘုရားခန္ဓာကိုယ်မှာ ရှေးယခင်ကတည်းက ကမ္ဘာပေါ်တွင်အစွမ်း အထက်ဆုံး နတ်ဘုရားခန္ဓာကိုယ်များထဲမှတစ်ခု ဖြစ်လေသည်။
၎င်းမှာ အစွမ်းအထက်ဆုံး သားရဲခန္ဓာကိုယ်ဖြစ်လေသည်။
"အထွတ်အထိပ် အမြင့်မြတ်ဆုံးသိုင်းဝိညာဉ်သုံးခု နဲ့ သားရဲတစ်သောင်းနတ်ဘုရားခန္ဓာ ကိုယ်" ဟု ချန်ဆန်းစံအိမ်တော် ရှေးဟောင်းဘိုးဘေးတစ်ဦးက ထိတ်လန့်စွာပြောလိုက်သည်။
"ဒီတိုက်ပွဲအပြီးမှာ ချန်ကျီဖန့် က ချန်ဆန်းတိုက်ကြီးကို တုန်လှုပ်စေတော့မှာပဲ"
အမှန်ပင် အထွတ်အထိပ်အမြင့်မြတ်ဆုံးသိုင်းဝိညာဉ်သုံးခုနှင့် သားရဲတစ်သောင်းနတ်ဘုရား ခန္ဓာကိုယ်တို့ရှိနေသည်ဖြစ်ရာ ဤတိုက်ပွဲအကြောင်းပြန့်နှံ့သွားသည်နှင့် ချန်ကျီဖန့်၏ နာမည်မှာ ချန်ဆန်းတိုက်ကြီးကို သေချာပေါက်တုန်လှုပ်စေပေလိမ့်မည်။
ချန်ကျီဖန့်သည် သူ၏အထွတ်အထိပ်အမြင့်မြတ်ဆုံးသိုင်းဝိညာဉ်သုံးခုနှင့် သားရဲတစ် သောင်းနတ်ဘုရားခန္ဓာကိုယ်ကိုဆင့်ခေါ်လိုက်ပြီးနောက် ရန်ရှောက်ထျန်းအား သူပြင်းထန်လှသော လက်သီးစွမ်းအားဖြင့်ထိုးနှက်လိုက်ရင်း ဟိန်းဟောက်လိုက်သည်။
"ရန်ရှောက်ထျန်း... ကွင်းပြင်ထဲကနေ ခုလွင့်ထွက်သွားစမ်း"
အမြင့်မြတ်ဆုံး သိုင်းဝိညာဉ်သုံးခုနှင့် သားရဲတစ်သောင်းနတ်ဘုရားခန္ဓာကိုယ်တို့၏ စွမ်းအား တို့မှာ သူ၏လက်သီးထဲမှဟိန်းဟောက်ထွက်ပေါ်လာပြီး ရန်ရှောက်ထျန်းဆီသို့ ချက်ချင်းရောက်ရှိ၍ သွားတော့သည်။
နတ်ဘုရားပင်လယ်ကမ္ဘာမှာတုန်ခါနေပြီး မြေပြင်ပေါ်တွင်အက်ကြောင်းများပင် ပေါ်ထွက် လာတော့သည်။
ကွင်းပြင်၏ မြေပြင်မှာအလွန်တရာ မာကျောလှပေသည်။
ယခင် နတ်ဘုရားနယ်မြေမဟာပြိုင်ပွဲများတွင်ပြဿနာမရှိခဲ့သော်လည်း ယခုအခါတွင်မူ ချန်ကျီဖန့်၏ စွမ်းအားကြောင့် မြေပြင်ပေါ်တွင်အမှန်တကယ်ပင် အက်ကွဲကြောင်းများပေါ်ထွက် လာခဲ့လေပြီ။
ကွင်းပြင်၏ မြေပြင်မှာပင် ချန်ကျီဖန့်၏စွမ်းအားကို မတောင့်ခံနိုင်တော့ပေ။
အမာခံတပည့်အားလုံးမှာ ချန်ကျီဖန့်၏ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏အရှိန် အဝါကိုခံစားလိုက်ရသဖြင့် သူတို့၏မျက်နှာအမူအရာများအကြီးအကျယ်ပြောင်းလဲသွား ကြတော့ သည်။
"ရှောက်ထျန်း...သတိထားပါ" ဟု ကျန်းချန်ချန်နှင့်ဝမ်နင်းတို့က အရေးတကြီးအော်ဟစ် လိုက်ကြသည်။
ဓားနတ်ဘုရားရှီးလုံ နှင့်တခြားသူများလည်း သူတို့၏ရင်ထဲတွင်တင်းကျပ်သွားသလို ခံစား လိုက်ရသည်။
ကျန်းယုံကျန်းပင်လျှင် ယခုအချိန်တွင်နောင်တရနေမိသည်၊ ရန်ရှောက်ထျန်း၏ ရူးကြောင် ကြောင်အကြံအစည်ကို ခုနကသဘောတူလိုက်မိသည်ကို သူ နောင်တရနေခြင်း ဖြစ်လေသည်။
လူတိုင်းက ရန်ရှောက်ထျန်းမှာ ချန်ကျီဖန့်၏လက်သီးချက်ကြောင့် လွင့်ထွက်သွားတော့မည် ဟု ထင်နေကြစဉ်မှာပင် ရုတ်တရက်ရန်ရှောက်ထျန်း၏တစ်ကိုယ်လုံးမှ အလင်းရောင်များ ထွက်ပေါ် လာပြီး ထာဝရ၊ မသေနိုင်သော၊ ဖျက်ဆီး၍မရသော အရှိန်အဝါတစ်ခုမှာ နတ်ဘုရားပင်လယ်ကမ္ဘာ တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
နတ်ဘုရားအလင်းတန်းများမှာ ကောင်းကင်ယံဆီသို့ ထိုးတက်သွားခဲ့သည်။
ရန်ရှောက်ထျန်းကလည်း လက်သီးတစ်ချက်ကို တန်ပြန်တစ်ချက် ပြန်ထိုးလိုက်လေသည်။
ဧကရာဇ်အဆင့် ဒုတိယအလွှာအလယ်ပိုင်း၏စွမ်းအားနှင့် ထာဝရအချိန်စွမ်းအားများမှာ သူ၏ လက်သီးထဲမှဟိန်းဟောက်လို့ထွက်ပေါ်လာတော့သည်။
“ဘုန်း...”
ရန်ရှောက်ထျန်း၏လက်သီးနှင့်ချန်ကျီဖန့်၏လက်သီးချက်တို့မှာ တိုက်ရိုက်ထိတွေ့သွား ခဲ့ကြသည်။
သူတို့၏ လက်သီးချက်နှစ်ခုမှာ လမ်းခုလပ်တွင်ဆုံတွေ့သွားခဲ့လေပြီ။
နတ်ဘုရားပင်လယ်ကမ္ဘာမှာ ခေတ္တခဏမျှ ရပ်တန့်လို့သွားခဲ့သည်။
လူတိုင်း၏ နှလုံးသားများမှာ ပြင်းထန်သောတိုက်ခိုက်မှုတို့၏စွမ်းအားကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
လူတိုင်း၏ အံ့အားသင့်နေသောမျက်လုံးများရှေ့မှာပင် ချန်ကျီဖန့်မှာမမြင်နိုင်သော ဧရာမ စွမ်းအားကြီးတစ်ခုနှင့် တိုက်ခိုက်မိသလိုခံလိုက်ရသည့်အလား နောက်သို့ဆက်တိုက်ဆုတ်ခွာသွား ခဲ့လေရာ ခြေလှမ်းရာပေါင်းများစွာဆုတ်ခွာအပြီးမှ နောက်ဆုံး၌ သူ၏ပုံရိပ်ကိုတည်ငြိမ်အောင် ထိန်းလိုက်နိုင်ခဲ့လေသည်။
"ဘာ….ဘယ်လို"
လူတိုင်း အကြီးအကျယ် အံ့အားသင့်သွားကြတော့သည်။
ဧကရာဇ်အဆင့် ဒသမအလွှာအထွတ်အထိပ်တွင်ရှိပြီး၊ အထွတ်အထိပ် အမြင့်မြတ်ဆုံး သိုင်းဝိညာဉ်သုံးခုနှင့် သားရဲတစ်သောင်းနတ်ဘုရားခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသော ချန်ကျီဖန့်မှာ အမှန်တကယ်ပင် နောက်သို့ ဆုတ်ခွာသွားရသည်တဲ့လား။
"ဧကရာဇ်အဆင့် ဒုတိယအလွှာအလယ်ပိုင်း"
ကျန်းယုံကျန်း၊ ရှီးလုံနှင့် တခြားသူများအားလုံးမှာ ရန်ရှောက်ထျန်းကိုကြည့်ကာ ထိတ်လန့် သွားကြသည်၊ ရန်ရှောက်ထျန်းဧကရာဇ်အဆင့်ဒုတိယအလွှာအလယ်ပိုင်းသို့ အောင်မြင်စွာ တက်လှမ်းထားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ပို၍ပင် မမျှော်လင့်ထားခဲ့သည်မှာ ရန်ရှောက်ထျန်းသည်ဧကရာဇ်အဆင့်ဒုတိယအလွှာ အလယ်ပိုင်းသို့ တက်လှမ်းထားရုံမျှဖြင့် ချန်ကျီဖန့်ကို နောက်သို့ဆုတ်ခွာသွားစေနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး ရှိနေခြင်းဖြစ်လေသည်။
ဧကရာဇ်အဆင့် ဒုတိယအလွှာအလယ်ပိုင်းက ဧကရာဇ်အဆင့်ဒသမအလွှာ အထွတ် အထိပ်ကို နောက်သို့ဆုတ်ခွာသွားစေခဲ့သည်တဲ့လား။ ထို့ပြင် ထိုသူမှာ အထွတ်အထိပ် အမြင့်မြတ်ဆုံး သိုင်းဝိညာဉ် သုံးခုနှင့် သားရဲတစ်သောင်းနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။
ဒါ ဘယ်လို အဓိပ္ပာယ်မျိုးလဲ။
"ဒါ... ဒါက အရမ်းကိုအစွမ်းထက်လွန်းတယ်" ဟု ချန်ဆန်းစံအိမ်တော်မှ တပည့်အမြောက် အမြား ထိတ်လန့်စွာပြောလိုက်ကြသည်။
ချန်ကျီဖန့်လည်း သူ နောက်သို့ဆုတ်ခွာသွားရသည်ကိုမယုံကြည်နိုင်အောင် ဖြစ်နေတော့ သည်။
"အထွတ်အထိပ် အမြင့်မြတ်ဆုံးသိုင်းဝိညာဉ်သုံးခု ရှိနေတာကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ မင်းရဲ့သိုင်းဝိညာဉ်သုံးခုနဲ့ သားရဲတစ်သောင်းနတ်ဘုရားခန္ဓာကိုယ်စွမ်းအားကိုပဲ အားကိုးနေမယ် ဆိုရင်တော့ မင်းကငါ့ရဲ့ပြိုင်ဘက်မဟုတ်သေးပါဘူး" ဟု ရန်ရှောက်ထျန်းက တည်ငြိမ်သော မျက်နှာ အမူအရာဖြင့် ချန်ကျီဖန့်ကိုကြည့်ကာ ပြောလိုက်သည်။
"မင်းရဲ့ ကံကြမ္မာကို ဆင့်ခေါ်လိုက်ပါ၊ မင်းရဲ့ ကံကြမ္မာစွမ်းအားနဲ့ ငါ့ကို တိုက်ခိုက်စမ်းပါ"
ချန်ကျီဖန့်၏ မျက်နှာမှာမှောင်မိုက်နေတော့သည်။
"ကောင်းပြီ... မင်းက ငါ့ရဲ့ကံကြမ္မာစွမ်းအားကိုမြင်ချင်နေမှတော့ ဒီနေ့မင်းကို ငါ့ရဲ့ကံကြ မ္မာစွမ်းအားကို မြင်တွေ့ခွင့်ပေးလိုက်မယ်"
သူက ထိုသို့ပြောပြောဆိုဆိုနှင့် သူ၏တစ်ကိုယ်လုံးမှအလင်းရောင်များ နောက်တစ်ကြိမ် လိမ့်တက်လာလို့လာပြန်တော့သည်။
လူတိုင်း ချန်ကျီဖန့်ကို စိုက်ကြည့်နေကြသည်။
ချန်ဆန်းစံအိမ်တော်တွင် ချန်ကျီဖန့်၏ကံကြမ္မာကို မည်သူမျှ မမြင်ဖူးကြသေးပေ။ ချန်ကျီဖန့် ၏ကံကြမ္မာနှင့်ပတ်သက်ပြီး ကောလာဟလများစွာရှိလေသည်၊ အချို့က ချန်ကျီဖန့်၏ ကံကြမ္မာမှာ ရန်ထျန်းရဲ ကဲ့သို့ပင် မိုးကောင်းကင်ကိုးလွှာကံကြမ္မာဖြစ်သည်ဟု ပြောကြလေသည်။
သို့သော် အခြားသူများကမူ ချန်ကျီဖန့်၏ကံကြမ္မာမှာ မိုးကောင်းကင်ရှစ်လွှာကံကြမ္မာ သာ ဖြစ်သည်ဟု ထင်ကြလေသည်။
လူတိုင်း၏ အကြည့်များအောက်တွင်
“ ဘုန်း..”
. ချန်ကျီဖန့်၏ နတ်ဘုရားပင်လယ်ကမ္ဘာအတွင်းမှ ကံကြမ္မာမှာလေထဲသို့ ပျံထွက်လာခဲ့ လေသည်။
ချက်ချင်းပင် အာကာသလွင်ပြင်ကြီးမှာ ပြင်းထန်စွာပင်တုန်ခါသွားတော့သည်။
ချန်ကျီဖန့်၏ ကံကြမ္မာမှာရွှေရောင်အလင်းရောင်များဖြင့်တောက်ပနေပြီး မိုင်ကိုးရာကျော် ရှည်လျားလို့လေသည်၊ ၎င်းမှာကောင်းကင်ယံတွင်ရွှေရောင်နတ်ဘုရားမြစ်ကြီးတစ်ခုကဲ့သို့ လှိုင်းထ နေလေတော့သည်။
***