“မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာ...”
ချန်ကျီဖန့်၏ ကောင်းကင်ကံကြမ္မာပေါ်ထွက်လာသည်ကိုမြင်လိုက်ရသောအခါ နတ်ဘုရား နယ်မြေမှတပည့်အမြောက်အမြားမှာ အာမေဍိတ်သံများထွက်ပေါ်လာကြလေသည်။
ချန်ကျီဖန့်၏ကောင်းကင်ကံကြမ္မာမှာ အမှန်တကယ်ပင်မိုးကောင်းကင်ကိုးလွှာအဆင့် ဖြစ် နေလေသည်။
“မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာပေါ်လာပြီဆိုရင် တစ်ကမ္ဘာလုံးကိုတုန်လှုပ် စေနိုင်တာပဲ” ဟု ကျန်းယုံကျန်းကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
မည်သည့်ခေတ်ကာလတွင်မဆို၊ မည်မျှပင် ထိပ်တန်းဂိုဏ်းကြီးဖြစ်ပါစေ၊ မိုးကောင်းကင်ကိုး လွှာကောင်းကင်ကံကြမ္မာကိုပိုင်ဆိုင်သည့်တပည့်တစ်ဦးပေါ်ထွက်လာခြင်းသည် ပြိုင်ဘက်ကင်း သော ဂုဏ်သိက္ခာတစ်ခုဖြစ်ပြီး လောကတစ်ခွင်ကို အံ့အားသင့်စေနိုင်လေသည်။
ရန်ထျန်းရဲ၏ မျက်နှာမှာ မှောင်မိုက်သွားတော့သည်။
သူသည် ချန်ကျီဖန့်ကသူ့ကဲ့သို့ပင်ကျင့်ကြံရန် အခက်ခဲဆုံးဖြစ်သော မိုးကောင်းကင်ကိုးလွှာ ကောင်းကင်ကံကြမ္မာကို ကျင့်ကြံနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော် ချန်ကျီဖန့်၏ပါရမီမှာ အံ့ဩဖွယ်ကောင်းကြောင်း၊ အမြင့်မြတ်ဆုံးထိပ်တန်းသိုင်း ဝိညာဉ်သုံးခုနှင့် သားရဲပေါင်းတစ်သောင်းနတ်ဘုရားခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြောင်း သူ ဝန်ခံရပေ လိမ့်မည်။
ချန်ကျီဖန့်က မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာကိုကျင့်ကြံနိုင်ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
လူတိုင်း အံ့အားသင့်နေစဉ်မှာပင် ချန်ကျီဖန့်၏ခန္ဓာကိုယ်မှ အလင်းရောင်များ ထပ်မံထွက်ပေါ် လာပြီး နောက်ထပ်ရွှေရောင်မိုးကောင်းကင်ကိုးလွှာ ကောင်းကင်ကံကြမ္မာတစ်ခုပျံထွက်လာပြန် လေသည်။
ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက်...
ဒသမမြောက်သို့ ရောက်သောအခါမှသာ ရပ်တန့်သွားတော့သည်။
မိုးကောင်းကင်ကိုးလွှာ ကောင်းကင်ကံကြမ္မာ ဆယ်ခု။
ဒါဟာ ချန်ကျီဖန့်၏ ကောင်းကင်ကံကြမ္မာ ဖြစ်လေသည်။
၎င်းမှာ ရန်ထျန်းရဲ၏ ကောင်းကင်ကံကြမ္မာထက် တစ်ခုသာလျော့နည်းလေသည်။
မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာဆယ်ခုမှာ ကောင်းကင်ယံတွင် ရစ်ဝဲနေပြီး ပြင်းထန်သောကောင်းကင်စွမ်းအားများကို ထုတ်လွှတ်နေလေသည်။ ထိုစွမ်းအားမှာအလွန်တရာ ပြင်းထန်လှသဖြင့် ရောက်ရှိနေသောတပည့်အမြောက်အမြားမှာ အသက်ရှူရကျပ်သလို ခံစားလိုက်ရပြီး သူတို့၏ ကျင့်စဉ်များကို အမြန်ဆုံးအသက်သွင်းလိုက်ကြရလေသည်။
ဒါဟာ မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာဆယ်ခု၏ ဖိအားသက်သက်သာ ရှိသေး လေသည်။
မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာဆယ်ခု၏ ရွှေရောင်အလင်းအောက်တွင် ချန်ကျီ ဖန့်၏တစ်ကိုယ်လုံးမှာ ရွှေရောင်အလွှာများဖုံးလွှမ်းသွားသလိုဖြစ်နေလေသည်။ သူသည်ကောင်း ကင်နှင့်မြေကြီးကြားတွင် မောက်မာစွာရပ်တန့်နေရင်း ရန်ရှောက်ထျန်းကို အေးစက်စွာကြည့်လိုက် ကာ…
“ရန်ရှောက်ထျန်း... ဒါကငါ့ရဲ့ကောင်းကင်ကံကြမ္မာပဲ။ မင်းပြင်ဆင်ထားရဲ့လား” ဟု မေးလိုက်သည်။
လူတိုင်းက ရန်ရှောက်ထျန်းကို ကြည့်လိုက်ကြသည်။
“မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာဆယ်ခုပဲလား။ ဆယ့်လေးခုတောင်မဟုတ် ဘူးပဲ” ဟု ရန်ရှောက်ထျန်းက တည်ငြိမ်စွာပြောလိုက်သည်။
လူတိုင်း ဆွံ့အသွားကြတော့သည်။
ကျန်းယုံကျန်း၊ ဓားနတ်ဘုရားရှီးလုံနှင့်တခြားသူများမှာလည်း ခါးသက်စွာပြုံးလိုက်မိကြ သည်။
ဒီကောင်လေးကတော့ တကယ်ကိုပဲ။
သူတို့ သူ့ကို ဘယ်လိုပြောရမှန်းပင် မသိတော့ပေ။
သူက မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာဆယ်ခုကိုတောင် အထင်မကြီးလေ သလား။
ချန်ကျီဖန့်မှာလည်း ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ပြီး -
“ကောင်းပြီ...ကောင်းပြီ။ မင်းရဲ့ ဝိညာဉ်ကွင်းဆက်ကအစွမ်းထက်ပြီး ပြိုင်ဘက်ကင်းတယ်၊ နှစ်သိန်းတန်ဝိညာဉ်ကွင်းဆက်လို့ ကောလာဟလတွေ ကြားထားတယ်။ မင်းရဲ့ ဝိညာဉ်ကွင်းဆက်ကို ဆင့်ခေါ်လိုက်စမ်း။ မင်းရဲ့ နှစ်သိန်းတန်ဝိညာဉ်ကွင်းဆက်စွမ်းအားကပိုသာမလား၊ ငါ့ရဲ့မိုးကောင်း ကင်ကိုးလွှာကောင်းကင်ကံကြမ္မာစွမ်းအားကပိုသာမလားဆိုတာ ငါမြင်ချင်သေးတယ်” ဟု အော် ဟစ်လိုက်လေသည်။
ချန်ကျီဖန့်က နှစ်သိန်းတန်ဝိညာဉ်ကွင်းဆက်အကြောင်း ပြောလိုက်သည်ကို ကြားသောအခါ တပည့်များအားလုံး စိတ်ဝင်စားသွားကြတော့သည်။
သတ်ဖြတ်ခြင်းသားတော်မုန့်ပိုင်ကြောက်လန့်တကြား ထွက်ပြေးသွားရကတည်းက ရန်ရှောက်ထျန်း၏ သိုင်းဝိညာဉ်နှင့်ဝိညာဉ်ကွင်းဆက်အကြောင်းသတင်းများမှာ တောမီးအလား ပျံ့နှံ့နေခဲ့ခြင်း ဖြစ်လေသည်။
“မင်းကို အနိုင်ယူဖို့ ငါ့ရဲ့ဝိညာဉ်ကွင်းဆက်စွမ်းအားကိုအသုံးချဖို့မလိုပါဘူး” ဟု ရန်ရှောက် ထျန်းက ပုံမှန်မျက်နှာအမူအရာဖြင့်ပင်ပြောလိုက်ပြီး -
“ငါလည်း ကောင်းကင်ကံကြမ္မာကိုကျင့်ကြံထားတယ်၊ ငါ့ရဲ့ကောင်းကင်ကံကြမ္မာ တစ်ခု တည်းတင် မင်းရဲ့မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာဆယ်ခုကိုချေမှုန်းဖို့ လုံလောက် ပါတယ်”
ရန်ရှောက်ထျန်း စကားကြောင့် ကွင်းပြင်တစ်ခုလုံးတုန်လှုပ်သွားတော့သည်။
“ဘာ... ရန်ရှောက်ထျန်းက ဧကရာဇ်အဆင့်ဒုတိယအလွှာမှာတင် ကောင်းကင်ကံကြမ္မာကို ကျင့်ကြံနိုင်နေပြီလား”
“မဖြစ်နိုင်တာ။ ဧကရာဇ်အဆင့်ဆယ်ခုမြောက် အထွတ်အထိပ်ရောက်မှသာ ကောင်းကင် ကံကြမ္မာကိုကျင့်ကြံနိုင်တာလေ။ သူကဧကရာဇ်အဆင့်ဒုတိယအလွှာနဲ့ ဘယ်လိုလုပ်ပြီး ကောင်းကင် ကံကြမ္မာကိုကျင့်ကြံနိုင်မှာလဲ”
တပည့်အမြောက်အမြား ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
ကျန်းယုံကျန်း၊ ရှီးလုံနှင့် တခြားသူများမှာလည်း အလွန်တရာ အံ့အားသင့်သွားကြသည်။
ဧကရာဇ်အဆင့် ဒုတိယအလွှာတွင် ကောင်းကင်ကံကြမ္မာကိုကျင့်ကြံနိုင်ခြင်းမှာ သမိုင်းတွင် တစ်ခါမျှ မကြားဖူးသေးပေ။
ဒါဟာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလှပေသည်။
“ရန်ရှောက်ထျန်း ကျင့်ကြံထားတဲ့ကောင်းကင်ကံကြမ္မာက မိုးကောင်းကင်ကိုးလွှာထက် ပိုအစွမ်းထက်တယ်ဟုတ်လား။ ဒါ လုံးဝမဖြစ်နိုင်ဘူး။ ဒီကမ္ဘာမှာ အစွမ်းထက်ဆုံးကောင်းကင်ကံကြ မ္မာက မိုးကောင်းကင်ကိုးလွှာပဲလေ”
“ဟုတ်တယ်။ မိုးကောင်းကင်ကိုးလွှာက ဒီကမ္ဘာမှာအစွမ်းထက်ဆုံးပဲ။ ဒီထက်ပိုအစွမ်း ထက်တဲ့ ကောင်းကင်ကံကြမ္မာရှိနိုင်မှာမဟုတ်ဘူး”
အစပိုင်းတွင် အံ့သြသွားသော်လည်း နောက်ပိုင်းတွင် တပည့်များမှာခေါင်းခါလိုက်ကြသည်။
များစွာသော တပည့်များမှာ မယုံကြည်နိုင်ကြပေ။
ချန်ကျီဖန့်မှာလည်း မယုံကြည်နိုင်သဖြင့် သူ၏မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာ ဆယ်ခု၏စွမ်းအားကို ရုတ်တရက်ထုတ်လွှတ်လိုက်ပြီး ရန်ရှောက်ထျန်းကိုလက်သီးဖြင့်ထိုးနှက် လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် မိုးကောင်းကင်ကိုးလွှာ ကောင်းကင်ကံကြမ္မာဆယ်ခုမှ အလင်းရောင် များကတောက်ပလို့လာသည်။ အဆုံးအစမဲ့သောကောင်းကင်စွမ်းအားများ၊ အမြင့်မြတ်ဆုံး ထိပ်တန်းသိုင်းဝိညာဉ်သုံးခု၏စွမ်းအားနှင့် သားရဲပေါင်းတစ်သောင်းနတ်ဘုရားခန္ဓာကိုယ်၏စွမ်းအား များမှာ သူ၏လက်သီးချက်နှင့်အတူ ဟိန်းဟောက်ထွက်ပေါ်လာတော့သည်။
“ဘုန်း...”
ဟင်းလင်းပြင်မှာ ဖျက်ဆီးခြင်းခံလိုက်ရသလိုပင် ဟိန်းဟောက်သံများ ထွက်ပေါ်လာလေ သည်။
ချန်ကျီဖန့်၏လက်သီးချက်မှာ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်မုန်တိုင်းကြီး ဆယ်ခုအဖြစ်ပြောင်းလဲသွားပြီး လက်သီးချက်ဖြတ်သန်းသွားရာ လမ်းတောက်လျှောက်ရှိ ကွင်းပြင် မြေပြင်မှ ကျောက်ပြားများမှာအစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့သည်။
ထိုရွှေရောင်မုန်တိုင်းလက်သီးချက်၏ လေတိုးသံကြောင့်ပင် တပည့်အမြောက်အမြား၏ နားများ ကိုက်ခဲလာပြီး စိတ်ဝိညာဉ်များပင် တုန်ယင်လာကြလေသည်။
“ရန်ရှောက်ထျန်း... မင်းမှာသတ္တိရှိရင် မင်းရဲ့ဝိညာဉ်ကွင်းဆက်စွမ်းအားကိုမသုံးနဲ့။ ငါ့ရဲ့ ကောင်းကင်ကံကြမ္မာစွမ်းအားကို မင်းဘယ်လိုခံနိုင်မလဲဆိုတာကြည့်ရသေးတာပေါ့” ဟု ချန်ကျီ ဖန့်က ရူးသွပ်နေသကဲ့သို့ အော်ဟစ်လိုက်လေသည်။
ရန်ရှောက်ထျန်းမှာ ထိုနေရာတွင်ပင်ရပ်နေရင်း တစ်ဖက်လူ၏ကောင်းကင်ကံကြမ္မာ ဆယ်ခု ကြောင့်ဖြစ်ပေါ်လာသော ပြိုင်ဘက်ကင်းမုန်တိုင်းကြီးကိုကြည့်နေလေသည်။ သူသည်တည်ငြိမ် သောမျက်နှာအမူအရာဖြင့် သူ၏နတ်ဘုရားပင်လယ်ရှိ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကို အသက် သွင်းလိုက်လေသည်။
ရန်ရှောက်ထျန်းက ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကို အသက်သွင်းလိုက်သည့် တစ်ခဏ မှာပင် ရုတ်တရက်လူတိုင်း၏ခြေထောက်အောက်ရှိမြေပြင်မှာ ပြင်းထန်စွာတုန်ခါသွားသဖြင့် မည်သူမျှ တည်ငြိမ်စွာမရပ်နိုင်ကြတော့ပေ။
“ဘာဖြစ်တာလဲ”
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်ရှိချီစွမ်းအင်များမှာ ကစဉ့်ကလျားဖြစ်လာပြီး တစ်စုံ တစ်ခု ထွက်ပေါ်လာမည်ကို ကြောက်ရွံ့နေသကဲ့သို့ တုန်လှုပ်နေကြလေသည်။
ချန်ကျီဖန့်၏ ဦးခေါင်းအထက်ရှိမိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာများမှာလည်း တုန်ယင်လာကြလေသည်။
ချန်ကျီဖန့်သည် သူ၏မိုးကောင်းကင်ကိုးလွှာ ကောင်းကင်ကံကြမ္မာများ ကြောက်ရွံ့နေသည် ကို အမှန်တကယ်ခံစားလိုက်ရသည်။
မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာဆယ်ခုစလုံးမှာ ကြောက်ရွံ့နေကြခြင်းဖြစ်လေ သည်။
ဒါ ဘာဖြစ်တာလဲ။
သူ့ရဲ့ ကောင်းကင်ကံကြမ္မာက ဘာကိုကြောက်နေတာလဲ။
လူတိုင်း အံ့အားသင့်ပြီး ရုတ်ရုတ်သဲသဲဖြစ်နေစဉ်မှာပင် ရုတ်တရက်ရန်ရှောက်ထျန်း၏ တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းများပေါက်ကွဲထွက်လာတော့သည်။
ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသောကောင်းကင်ကံကြမ္မာတစ်ခုသည် သူ၏ နတ်ဘုရားပင်လယ်ကမ္ဘာအတွင်းမှ ပျံထွက်လာလေသည်။
ထိုကြီးမားသော ကောင်းကင်ကံကြမ္မာပျံထွက်လာသည့်တစ်ခဏတွင် ချန်ကျီဖန့်၏ မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာများမှာတုန်ယင်သွားပြီး အလင်းရောင်များလုံးဝ ပျောက် ကွယ်သွားကာဝပ်တွားသွားကြတော့သည်။ မိုးကောင်းကင်ကိုးလွှာ ကောင်းကင်ကံကြမ္မာ၏ ရွှေရောင်အလင်းမှာ တစ်စုံတစ်ရာသောစွမ်းအားဖြင့် ဖိနှိပ်ခံလိုက်ရသလိုပင် လုံးဝပျောက်ကွယ် သွားခဲ့လေသည်။
ရန်ရှောက်ထျန်း၏ ကောင်းကင်ကံကြမ္မာကောင်းကင်ယံတွင်ပေါ်လာသောအခါ ၎င်းမှာ လေယာဉ်တင်သင်္ဘောကြီးတစ်စင်းကဲ့သို့ ဖြစ်နေပြီး ချန်ကျီဖန့်၏ ကောင်းကင်ကံကြမ္မာ ဆယ်ခုမှာမူ လှိုင်းတံပိုးကြားရှိ လှေငယ်လေး ဆယ်စင်းကဲ့သို့ ယိမ်းယိုင်နေကာ အချိန်မရွေး လွင့်စင်သွားနိုင်သော၊ ပေါက်ကွဲသွားနိုင်သော အခြေအနေသို့ ရောက်ရှိသွားတော့သည်။
လူတိုင်း ဆွံ့အသွားကြလေသည်။
“ဒါ ဘယ်လိုကောင်းကင်ကံကြမ္မာမျိုးလဲ။ ဒီကမ္ဘာမှာဒီလိုမျိုးကောင်းကင်ကံကြမ္မာ ရှိနေနိုင် ပါ့မလား”
“တစ်သောင်းနှစ်ထောင် ကိုးရာခြောက်ဆယ်လီတာ...”
ကျန်းယုံကျန်း ဆွံ့အသွားတော့သည်။
ဓားနတ်ဘုရား ရှီးလုံ၊ လက်သီးနတ်ဘုရားကျန်းဝမ်လီတို့လည်း ဆွံ့အသွားကြလေသည်။
ကျန်းချန်ချန်၊ မင်းသမီးဝမ်နင်းနှင့် တပည့်များအားလုံး၊ ချန်ဆန်းစံအိမ်တော်မှ ပညာရှင်များ အားလုံးလည်း ဆွံ့အသွားကြတော့သည်။
ဒီကမ္ဘာမှာ ဒီလောက်အထိဧရာမကြီးမားလှတဲ့ကောင်းကင်ကံကြမ္မာ ရှိနေနိုင်လိမ့်မယ်လို့ သူတို့ တစ်ခါမှမတွေးထားခဲ့မိပေ။
ချန်ကျီဖန့်၏ ကိုးရာကျော်လီတာခန့်ရှိသော မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာမှာ ပင် လုံလောက်အောင်ကြီးမားလှပြီဖြစ်သော်လည်း ယခုချန်ကျီဖန့်၏ကောင်းကင်ကံကြမ္မာ ဆယ်ခု စလုံး ပေါင်းလိုက်လျှင်ပင် သူတို့ရှေ့ရှိကောင်းကင်ကံကြမ္မာလောက်မကြီးမားလှပေ။
ရန်ရှောက်ထျန်း၏ ကောင်းကင်ကံကြမ္မာမှာ ကောင်းကင်ယံတွင်မြင့်မားစွာ ပျံဝဲနေပြီး ဟွန်ယွမ်စွမ်းအားများမှာရေတံခွန်ကြီးတစ်ခုကဲ့သို့ဆင်းသက်လာရာ တောင်များတုန်ခါပြီး မြေပြင် များ ကွဲအက်သွားတော့သည်။
ဟွန်ယွမ်စွမ်းအားကို ခံစားလိုက်ရသောအခါ ကျန်းယုံကျန်း၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးမိကာ တစ်ကိုယ်လုံးတုန်ယင်သွားတော့သည် -
“ဒါ... ဒါက မိုးကောင်းကင်ထက်က ဟွန်ယွမ်စွမ်းအားပဲ”
“မိုးကောင်းကင်ထက်ကလား”
ဓားနတ်ဘုရားရှီးလုံ၊ လက်သီးနတ်ဘုရားကျန်းဝမ်လီနှင့် တခြားသူများမှာလည်း အလွန်ရှေး ကျသောဒဏ္ဍာရီတစ်ခုကို သတိရသွားပြီး တုန်လှုပ်သွားကြလေသည်။
“ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ။ ဒါကဟွန်ယွမ်ဟင်းလင်းပြင်က ဟွန်ယွမ်ကောင်းကင် ကံကြမ္မာပဲ”
“ဘုရားရေ... သူကထာဝရကာလကတည်းကရှိခဲ့တဲ့ ကမ္ဘာဦးဖျက်ဆီးခြင်းဘေးဒုက္ခကို လှုပ်ခတ်နိုင်ခဲ့တာလား”
ရှေးဟောင်းဘိုးဘေးတစ်ဦးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင်မပီသနိုင်တော့ပေ။
ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ။
ကမ္ဘာဦး ဖျက်ဆီးခြင်းဘေးဒုက္ခ။
ရန်ထျန်းရဲ၊ ချန်ကျီဖန့်နှင့်တခြားသူများမှာ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ (သို့မဟုတ်) ကမ္ဘာဦးဖျက်ဆီးခြင်းဘေးဒုက္ခအကြောင်းကို တစ်ခါမျှမကြားဖူးကြသော်လည်း ယခုအခါ မိုးကောင်း ကင်ထက်တွင် ဟွန်ယွမ်ဟင်းလင်းပြင်ရှိနေကြောင်း သူတို့ သိရှိသွားကြပြီ ဖြစ်လေသည်။
ထို့အပြင် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာမှာ မိုးကောင်းကင်ကိုးလွှာထက် ပို၍အစွမ်းထက် သော ကောင်းကင်ကံကြမ္မာဖြစ်ကြောင်းကိုလည်း သူတို့သိရှိသွားကြပြီ ဖြစ်လေသည်။
လူတိုင်း အံ့အားသင့်နေစဉ်မှာပင် ရန်ရှောက်ထျန်းက လက်သီးတစ်ချက် ထိုးလိုက်လေသည်။
သူ၏ လက်သီးမှ ဟွန်ယွမ်စွမ်းအားများတို့ ပေါက်ကွဲထွက်လာတော့သည်။
ချန်ကျီဖန့်၏ မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာဆယ်ခု၏စွမ်းအားမှာ ချက်ချင်းဆို သလိုပင် ပေါက်ကွဲပြီးပျောက်ကွယ်သွားတော့သည်။
***