ချန်ကျီဖန့်၏ အမြင့်မြတ်ဆုံးထိပ်တန်းသိုင်းဝိညာဉ်သုံးခု၏စွမ်းအားနှင့် သားရဲပေါင်း တစ်သောင်းနတ်ဘုရားခန္ဓာကိုယ်၏စွမ်းအားများမှာလည်း ရေမြှုပ်များအလားပျောက်ကွယ်သွားခဲ့ လေသည်။
ဟွန်ယွမ်စွမ်းအားမှာ မရပ်မနားနိုင်သောအရှိန်အဟုန်ဖြင့်ချန်ကျီဖန့်ဆီသို့ တိုက်ရိုက်ရိုက် ခတ်သွားတော့သည်။
ချန်ကျီဖန့်မှာထိတ်လန့်သွားပြီး သူ၏လက်သီးနှစ်ဖက်စလုံးဖြင့် အပြင်းအထန်ခုခံလိုက် သလို တစ်ပြိုင်နက်တည်းမှာပင် အပြာရောင်အလင်းကာကွယ်မှုတစ်ခုမှာလည်း သူ၏ရှေ့တွင် ပေါ်ထွက်လာလေသည်။
“မိုးပြာရောင် အစောင့်အရှောက်အကာကွယ်”
မိုးပြာရောင် အစောင့်အရှောက်မှာရှေးဟောင်းခေတ်မှ နတ်ဘုရားအဆင့်ဒိုင်းလွှားတစ်ခု ဖြစ်လေသည်။
“ဘုန်း...”
ဟွန်ယွမ်စွမ်းအားမှာ မိုးပြာရောင်အစောင့်အရှောက်ကို ရိုက်မိသွားလေသည်။
မိုးပြာရောင် အစောင့်အရှောက်မှာ လွင့်ထွက်သွားတော့သည်။
ချန်ကျီဖန့်မှာလည်း တစ်ချိန်တည်းမှာပင် လွင့်ထွက်သွားခဲ့လေသည်။
သူသည် ကြွေကျနေသော သစ်ရွက်ခြောက်တစ်ခုအလား လွင့်စင်သွားတော့သည်။
သူသည် လွင့်ထွက်သွားရင်းဖြင့်ပင် တောင်အမြောက်အမြားနှင့် နန်းတော်အမြောက် အမြားကိုပါတိုက်မိသွားပြီး နောက်ဆုံး၌တောင်ထိပ်တစ်ခုပေါ်သို့ပြုတ်ကျသွားကာ သွေးများ အဆက်မပြတ်အန်ထုတ်နေတော့သည်၊ သူ၏မိုးပြာရောင်အစောင့်အရှောက်မှာလည်း မှေးမှိန်သွား ခဲ့လေပြီ။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိနတ်ဘုရားအလင်းရောင်များနှင့် နတ်သားရဲပုံရိပ်များမှာလည်း ချက် ချင်းပျောက်ကွယ်သွားတော့သည်။
သူ၏မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာဆယ်ခုမှာလည်း အချိန်မရွေးပြိုလဲသွား နိုင်သော ဖယောင်းတိုင်မီးအလားတုန်ယင်နေတော့သည်။
ကျောက်တုံးများ လိမ့်ကျသံများမှာအတော်ကြာအောင် ထွက်ပေါ်နေလေသည်။
တပည့်များမှာ အသက်ရှူမှားသွားကြလေသည်။
“ဟွန်ယွမ်ပေါ်လာပြီဆိုရင်တော့ ပြိုင်ဘက်ကင်းပြီပဲ” ဟု ရှေးဟောင်းဘိုးဘေးတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်လေသည်။
ဒါဟာ ရှေးဟောင်း နတ်ဘုရားကျမ်းစာတစ်အုပ်ထဲမှ စကားတစ်ခွန်း ဖြစ်လေသည်။
ယခုအခါတွင်မူ ထိုစကား၏အစစ်အမှန်အဓိပ္ပာယ်ကို သူနောက်ဆုံး၌ နားလည်သဘော ပေါက်သွားခဲ့လေပြီ။
ကောင်းကင်နှင့် မြေကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
ရန်ရှောက်ထျန်းမှာ ထိုနေရာတွင်ရပ်နေရင်း သူ၏တစ်ကိုယ်လုံးတွင် ထာဝရနတ်ဘုရား အလင်းများဖုံးလွှမ်းနေပြီး သူ၏ဦးခေါင်းအထက်တွင်မူ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာရှိနေလေ သည်။
“ဒါက ဟွန်ယွမ်ထာဝရနတ်ဘုရားဖြစ်လာဖို့လား”
ချန်ဆန်းစံအိမ်တော်မှ ပညာရှင်များမှာ အကြီးအကျယ်တုန်လှုပ်သွားကြလေသည်။
ကျန်းယုံကျန်းနှင့် ရှီးလုံတို့မှာလည်း စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြသည်။
ထာဝရနတ်ဘုရားခန္ဓာကိုယ်တစ်ခုတည်းတင် ကမ္ဘာကိုတုန်လှုပ်စေနိုင်နေပြီ ဖြစ်သော်လည်း ယခုအခါတွင်မူ သူကဟွန်ယွမ်ကောင်းကင်ကံကြမ္မာကိုပါ ထုတ်ဖော်နိုင်ခဲ့သည်တဲ့လား။
ဒါက တကယ်ကိုပဲ။
သူတို့ စကားလုံးပင် ရှာမတွေ့တော့ပေ။
ဧကရာဇ်အဆင့် ဆယ်ခုမြောက်အထွတ်အထိပ်တွင်ရှိနေပြီး မိုးကောင်းကင်ကိုးလွှာ ကောင်းကင်ကံကြမ္မာဆယ်ခု၊ အမြင့်မြတ်ဆုံးထိပ်တန်းသိုင်းဝိညာဉ်သုံးခုနှင့် သားရဲပေါင်းတစ် သောင်းနတ်ဘုရားခန္ဓာကိုယ်တို့ကို ပိုင်ဆိုင်ထားသောချန်ကျီဖန့်ပင်လျှင် လုံးဝချေမှုန်းခံလိုက်ရ သည်တဲ့လား။
ပြိုင်ဘက်ကင်း။
ယခုအခါ လူတိုင်းခံစားနေရသော တစ်ခုတည်းသောခံစားချက်မှာ ပြိုင်ဘက်ကင်းခြင်းပင် ဖြစ်လေသည်။
အကယ်၍ ချန်ကျီဖန့်ကနတ်ဘုရားအဆင့်ဒိုင်းလွှားကိုအသုံးမပြုခဲ့လျှင် သူသည် လုံးဝ ဖျက်ဆီးခံလိုက်ရနိုင်လေသည်။
ချန်ကျီဖန့်ကဲ့သို့ အစွမ်းထက်သူပင်လျှင်ဖျက်ဆီးခံရလုနီးပါးဖြစ်ခဲ့သည်ဆိုပါက မည်သူက ရန်ရှောက်ထျန်း၏ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကို တောင့်ခံနိုင်မည်နည်း။
“ဒါဆို သူ ခုနက ပြောခဲ့တာတွေအားလုံးက အမှန်တွေပဲပေါ့”
တပည့်တစ်ဦးက တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
ခုနက ရန်ရှောက်ထျန်းက သူ ကျင့်ကြံထားသော ကောင်းကင်ကံကြမ္မာက ချန်ကျီဖန့်၏ မိုးကောင်းကင်ကိုးလွှာ ကောင်းကင်ကံကြမ္မာဆယ်ခုကို ချေမှုန်းရန်လုံလောက်သည်ဟု ပြောခဲ့စဉ်က မည်သူမျှ မယုံကြည်ခဲ့ကြပေ။
ယခုအခါ လူတိုင်း ယုံကြည်သွားကြပြီ ဖြစ်လေသည်။
ဒီကမ္ဘာမှာ မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာဆယ်ခုကို ချေမှုန်းနိုင်တဲ့ ကောင်းကင် ကံကြမ္မာတစ်ခု အမှန်တကယ်ရှိနေပါလား။
“နတ်ဘုရားရန်ရဲ့ သိုင်းဝိညာဉ်နဲ့ဝိညာဉ်ကွင်းဆက်ကဘာတွေလဲဆိုတာ ငါ တကယ်သိချင်မိ တယ်”
တပည့်တစ်ဦးက ရုတ်တရက် စကားထစ်လျက် ပြောလိုက်သည်။
ရန်ရှောက်ထျန်း၏ သိုင်းဝိညာဉ်နှင့်ဝိညာဉ်ကွင်းဆက်မှာ ပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပြီး ထာဝရနတ်ဘုရားခန္ဓာကိုယ်နှင့် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာတို့၏စွမ်းအားကို မြင်တွေ့ ခဲ့ရပြီးနောက် လူတိုင်းမှာသူ၏သိုင်းဝိညာဉ်နှင့်ဝိညာဉ်ကွင်းဆက်အပေါ် ပို၍ပင်စပ်စုချင်လာကြ တော့သည်။
မူလက ရန်ရှောက်ထျန်းတွင် နှစ်သိန်းတန်ဝိညာဉ်ကွင်းဆက်ရှိသည်ဆိုသော ကောလာဟ လများကို မည်သူမျှမယုံကြည်ခဲ့ကြသော်လည်း ယခုအခါရန်ရှောက်ထျန်း၏ ဝိညာဉ်ကွင်းဆက်မှာ နှစ်သိန်းတန်ဖြစ်ကြောင်း လူတိုင်း အခိုင်အမာယုံကြည်သွားကြပြီ ဖြစ်လေသည်။
လူတိုင်း၏အမြင်တွင် ရန်ရှောက်ထျန်းကထာဝရနတ်ဘုရားခန္ဓာကိုယ်နှင့် ဟွန်ယွမ်ကောင်း ကင်ကံကြမ္မာတို့ကဲ့သို့ အံ့ဖွယ်အမှုများကိုဖန်တီးနိုင်ခဲ့သည်ဆိုလျှင် နှစ်သိန်းတန်ဝိညာဉ်ကွင်းဆက် ကို ပိုင်ဆိုင်ထားခြင်းမှာလည်း သာမန်ကိစ္စတစ်ခုသာ ဖြစ်နေတော့သည်။
ထိုအချိန်တွင် ရန်ရှောက်ထျန်းသည် လှုပ်ရှားမှုမပြုရသေးသော ချန်ဆန်းသားတော်ရန်ထျန်း ရဲကို ကြည့်လိုက်ကာ -
“ရန်ထျန်းရဲ... မင်း အလှည့်ပဲ” ဟု ပြောလိုက်သည်။
လူတိုင်းက ရန်ထျန်းရဲကို ကြည့်လိုက်ကြသည်။
ရန်ထျန်းရဲသည် သူ၏ထိတ်လန့်မှုများမှပြန်လည်နိုးထလာပြီး သူ၏မျက်နှာမှာ တင်းမာနေ တော့သည်။
ဧကရာဇ်အဆင့် ဒုတိယအလွှာမျှသာရှိသော ရန်ရှောက်ထျန်းက သူ တစ်ခါမျှ မကြားဖူးသော ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကို အမှန်တကယ်ပင် ကျင့်ကြံနိုင်ခဲ့သည်တဲ့လား။
သူသည် သူ၏လက်သီးများကို တင်းတင်းဆုပ်လိုက်မိသည်။
အခုရက်ပိုင်းအတွင်း ချန်ဆန်းစံအိမ်တော်မှ တပည့်အမြောက်အမြားက နောင်တစ်ချိန်တွင် ရန်ရှောက်ထျန်းကသာ ချန်ဆန်းစံအိမ်တော်ကို ဦးဆောင်လိမ့်မည်ဟု ဆွေးနွေးနေကြသည်ကို သူ သိထားလေသည်။
သူ မဟုတ်ဘူးတဲ့လား။
ထို့ကြောင့် ယခုရက်ပိုင်းအတွင်း ရန်ရှောက်ထျန်းအပေါ် သူ၏ ခံစားချက်မှာ မနှစ်မြို့မှုမျှသာ မဟုတ်တော့ဘဲ သူ၏စံအိမ်တော်အရှင်သခင်နေရာကိုလုယူမည့် ရန်သူတစ်ဦးအဖြစ်ပါ ရှုမြင်လာ ခဲ့ခြင်း ဖြစ်လေသည်။
ရုတ်တရက် ရန်ထျန်းရဲ၏တစ်ကိုယ်လုံးမှ စွမ်းအားများပေါက်ကွဲထွက်လာတော့သည်။
လူတိုင်းမှာ မိုးကောင်းကင်ကိုးလွှာထက်မှအံ့ဩဖွယ်ကောင်းသော အလင်းတန်းများ ဆင်းသက်လာသည်ကိုမြင်တွေ့လိုက်ရပြီးနောက် မြေပြင်မှလည်း မြေကမ္ဘာအဝါရောင် အလင်းတန်း များ ထွက်ပေါ်လာကာ ရန်ထျန်းရဲ၏ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက်စုစည်းလာတော့သည်။
ရန်ထျန်းရဲ၏တစ်ကိုယ်လုံးမှာ နတ်ဘုရားအလင်းများတောက်ပနေပြီး ကောင်းကင်နှင့် မြေကြီးထံမှ စွမ်းအားတစ်ခုမှာလည်း သူ၏ဆီမှထွက်ပေါ်လာလေသည်။
သူသည် ထိုနေရာတွင်ရပ်နေရင်းကောင်းကင်နှင့်မြေကြီးတို့နှင့် လုံးဝတစ်သားတည်း ဖြစ်သွားသလိုပင်။
သူသည် ကောင်းကင်ဖြစ်သလို မြေကြီးလည်း ဖြစ်နေလေသည်။
“ကောင်းကင်နဲ့မြေကြီးနတ်ဘုရားခန္ဓာကိုယ်”
ရန်ထျန်းရဲ၏ ပြောင်းလဲမှုကိုမြင်လိုက်ရသောအခါ လူတိုင်းတုန်လှုပ်သွားကြပြီး ကျန်းယုံ ကျန်းနှင့် ရှီးလုံတို့၏မျက်လုံးများပင်လျှင် ပြောင်းလဲသွားတော့သည်။
ကောင်းကင်နှင့်မြေကြီးနတ်ဘုရားခန္ဓာကိုယ်... ဒါဟာ ဟိုတုန်းကချန်ဆန်းအရှင်သခင် ပိုင်ဆိုင်ခဲ့တဲ့ နတ်ဘုရားခန္ဓာကိုယ်ဖြစ်လေသည်။
၎င်းကို ချန်ဆန်းတိုက်ကြီးပေါ်ရှိအစွမ်းအထက်ဆုံးနတ်ဘုရားခန္ဓာကိုယ်အဖြစ် လူသိများ လေသည်။
ရန်ထျန်းရဲမှာ ချန်ဆန်းအရှင်သခင်ပြန်လည်မွေးဖွားလာသလိုပင် သူ၏တစ်ကိုယ်လုံးမှာ နတ်ဘုရားအလင်းများတောက်ပနေပြီး မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာ ဆယ့်တစ်ခု စလုံး ပျံထွက်လာကာ ရွှေရောင်အလင်းများလေထုထဲတွင် ပျံ့နှံ့သွားတော့သည်။
မိုးကောင်းကင်ကိုးလွှာ ကောင်းကင်ကံကြမ္မာဆယ့်တစ်ခုပျံထွက်လာသည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ရန်ထျန်းရဲ၏ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ အဆက်မပြတ် တုန်ခါလာပြီး မြေပြင်များ တုန်ယင်လာကာ ရန်ထျန်းရဲ၏ခန္ဓာကိုယ်အတွင်းမှ ရင်ခုန်တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါနှင့် စွမ်းအားများ ထွက်ပေါ်လာလေသည်။
ချန်ဆန်းစံအိမ်တော်မှ ရှေးဟောင်းဘိုးဘေးများမှာအံ့အားသင့်သွားကြပြီး ဒါက ဘာလဲဟု တွေးမိသွားကြသည်။
ရုတ်တရက် ရှေးဟောင်းနတ်ဘုရားတောင်ကြီးတစ်ခုကဲ့သို့ အလွန်တရာဧရာမကြီးမား လှသော သိုင်းဝိညာဉ်တစ်ခုသည် ရန်ထျန်းရဲ၏ခန္ဓာကိုယ်အတွင်းမှ ပျံထွက်လာလေသည်။
ရှေးဟောင်း နတ်ဘုရားတောင်ကြီးကဲ့သို့သောထိုသိုင်းဝိညာဉ် ပျံထွက်လာသောအခါ အမြင့်မြတ်ဆုံးဘုရင်တစ်ဦး၏အရှိန်အဝါမှာ တစ်ကမ္ဘာလုံးကိုဖုံးလွှမ်းသွားပြီး လူတိုင်း၏ စိတ်ဝိညာဉ်အတွင်းပိုင်းရှိ သိုင်းဝိညာဉ်များမှာ တုန်ယင်သွားကြတော့သည်။
ရန်ထျန်းရဲ၏သိုင်းဝိညာဉ်မှာ အမှန်တကယ်ပင်ဧရာမဝက်ဝံနက်ကြီးတစ်ကောင် ဖြစ်နေလေ သည်။
သို့သော် ထိုဝက်ဝံနက်ကြီး၏ဦးခေါင်းပေါ်တွင်မူ ဦးချိုနှစ်ခု ရှိနေလေသည်။
ကြောက်မက်ဖွယ်ကောင်းပြီးပြိုင်ဘက်ကင်းသောအရှိန်အဝါမှာ ထိုဝက်ဝံနက်ကြီးထံမှ ထွက်ပေါ်နေလေသည်။
“ဒါ အမြင့်မြတ်ဆုံး ဘုရင်ပဲ”
“ဒါ အမြင့်မြတ်ဆုံး ဘုရင် သိုင်းဝိညာဉ်ပဲ”
ချန်ဆန်းစံအိမ်တော်မှ ရှေးဟောင်းဘိုးဘေးတစ်ဦးမှာ ရန်ထျန်းရဲ၏သိုင်းဝိညာဉ်ထံမှ အမြင့်မြတ်ဆုံး ဘုရင်အရှိန်အဝါကို ခံစားလိုက်ရပြီး ထိတ်လန့်တကြားအော်ဟစ်လိုက်လေသည်။
လူတိုင်း အလွန်တရာ တုန်လှုပ်ပြီးအံ့အားသင့်သွားကြလေသည်။
“အမြင့်မြတ်ဆုံး ဘုရင်... ဒါကအမှန်တကယ်ပဲအမြင့်မြတ်ဆုံးဘုရင်ပဲ” ဓားနတ်ဘုရား ရှီးလုံမှာလည်း အကြီးအကျယ် တုန်လှုပ်သွားတော့သည်။
“အမြင့်မြတ်ဆုံးဘုရင်”
ကျန်းချန်ချန်၏ လှပသောမျက်နှာမှာလည်း ရန်ထျန်းရဲ၏အမြင့်မြတ်ဆုံးဘုရင် သိုင်းဝိညာဉ် ကို ကြည့်ကာ အရောင်ပြောင်းသွားတော့သည်။
သူမ၏ ရှေးဟောင်းဘိုးဘေးကို ရန်ထျန်းရဲ၏သိုင်းဝိညာဉ်အကြောင်း မေးမြန်းခဲ့စဉ်က သူ ဘာဖြစ်လို့ နှုတ်ဆိတ်နေခဲ့သလဲဆိုသည်ကို ယခုမှနားလည်သွားတော့သည်။
ဒါဟာ အမြင့်မြတ်ဆုံး ဘုရင်သိုင်းဝိညာဉ် ဖြစ်နေလို့ပါလား။
ထိုအချိန်တွင် ရုတ်တရက်ခရမ်းနီရောင်အလင်းကွင်းတစ်ခုမှာ ဝက်ဝံနက်ကြီး၏ခန္ဓာကိုယ် ပတ်လည်တွင်ပေါ်လာပြီး ထိုအလင်းကွင်း၏အပြင်ဘက်တွင်မူ မှေးမှိန်သောအနီရောင် အလင်းကွင်း တစ်ခုလည်း ရှိနေလေသည်။
အနီရောင် အလင်းကွင်းမှာ တစ်သိန်းတန်ဝိညာဉ်ကွင်းဆက်ကို ကိုယ်စားပြုလေသည်။
သို့သော် ရန်ထျန်းရဲ၏ဝိညာဉ်ကွင်းဆက်တွင် အနီရောင်အလင်းကွင်းနှစ်ခုရှိနေပြီး အခြား တစ်ခုမှာမူ အနည်းငယ်မှေးမှိန်နေလေသည်။
“နှစ်သိန်းနီးပါးရှိတဲ့ဝိညာဉ်ကွင်းဆက်။ ဒါ... ဒါဟာအမှန်တကယ်ပင် နှစ်သိန်းနီးပါးရှိတဲ့ ဝိညာဉ်ကွင်းဆက်ပဲ”
ရန်ထျန်းရဲ၏ဝိညာဉ်ကွင်းဆက်ကိုမြင်လိုက်ရသောအခါ လူတိုင်း တုန်လှုပ်သွားကြတော့ သည်။
ကျန်းယုံကျန်းက ရန်ထျန်းရဲ၏သိုင်းဝိညာဉ်နှင့် ဝိညာဉ်ကွင်းဆက်အကြောင်းကို သိထားပြီး ဖြစ်သော်လည်း ၎င်းတို့ကိုထပ်မံ မြင်တွေ့ရသောအခါ သူ၏ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်သေးပေ။
ဒါဟာ အမြင့်မြတ်ဆုံးဘုရင်သိုင်းဝိညာဉ်နဲ့ နှစ်သိန်းနီးပါးရှိတဲ့ဝိညာဉ်ကွင်းဆက် ဖြစ်လေ သည်။
ဒီကမ္ဘာမှာ တစ်ဦးတည်းသော ပိုင်ဆိုင်မှုပင်ဖြစ်လေသည်။
“နှစ်သိန်းနီးပါးရှိတဲ့ ဝိညာဉ်ကွင်းဆက်”
လူတိုင်းမှာ ရန်ထျန်းရဲ၏ဝိညာဉ်ကွင်းဆက်ကိုကြည့်ကာ အတော်ကြာအောင်ထိတ်လန့်နေမိ ကြတော့သည်။
“အစ်ကိုကြီးက ပြိုင်ဘက်ကင်းပဲ”
ရုတ်တရက် တပည့်တစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ရန်ထျန်းရဲ၏ နောက်လိုက်တပည့်အမြောက်အမြားက အသံကုန်အော်ဟစ်လိုက်ကြလေ သည်။
ချန်ဆန်းစံအိမ်တော်တစ်ခုလုံးမှာ ရန်ထျန်းရဲ၏သိုင်းဝိညာဉ်နှင့် ဝိညာဉ်ကွင်းဆက်တို့ကြောင့် တုန်ခါနေတော့သည်။
နှစ်သိန်းနီးပါးရှိသောဝိညာဉ်ကွင်းဆက်၏စွမ်းအားမှာ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်း သွားပြီး ကမ္ဘာကြီးမှာနိမ့်ဆင်းသွားသလိုပင်။
ရန်ထျန်းရဲမှာ ထိုနေရာတွင်ရပ်နေရင်း ရန်ရှောက်ထျန်းကိုစိုက်ကြည့်လိုက်ကာ သူ၏ မျက်လုံးများတွင် ပြင်းပြသော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေတော့သည် -
“ရန်ရှောက်ထျန်း... မင်းရဲ့သိုင်းဝိညာဉ်နဲ့ဝိညာဉ်ကွင်းဆက်ကိုဆင့်ခေါ်လိုက်စမ်း။ မင်းရဲ့ ဝိညာဉ်ကွင်းဆက်က အမှန်တကယ် နှစ်သိန်းတန်တယ်ဆိုတာ ငါ မယုံဘူး”
လူတိုင်း အသက်ရှူအောင့်ထားလိုက်ကြသည်။
ရန်ရှောက်ထျန်း၏ ဝိညာဉ်ကွင်းဆက်က အမှန်တကယ်နှစ်သိန်းတန်တာလား။
ကျန်းယုံကျန်း၊ ရှီးလုံနှင့်တခြားသူများမှာ ရန်ရှောက်ထျန်းကို မျက်တောင်မခတ်တမ်း ကြည့်နေကြလေသည်။
ကျန်းချန်ချန်နှင့် ဝမ်နင်းတို့ကလည်း ရန်ရှောက်ထျန်းကိုအသေအချာစိုက်ကြည့်နေကြ လေသည်။
“မင်း ငါ့ရဲ့ သိုင်းဝိညာဉ်နဲ့ ဝိညာဉ်ကွင်းဆက်ကိုဒီလောက်တောင် မြင်ချင်နေမှတော့ မင်း ဆန္ဒအတိုင်းဖြစ်စေရမယ်” ဟု ရန်ရှောက်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
သူ၏ စကားအဆုံးတွင်ဟင်းလင်းပြင်မှာပြင်းထန်စွာတုန်ခါလာပြီး လေထုများမှာဆူပွက် လာတော့သည်။
ကမ္ဘာကြီးမှာ ရုတ်တရက်မှောင်မိုက်သွားခဲ့လေပြီ။
ရှေးဟောင်း နတ်ဘုရားတောင်ကြီးထက်အဆပေါင်းများစွာပို၍ ကြီးမားလှသော သိုင်း ဝိညာဉ်တစ်ခုသည် ရန်ရှောက်ထျန်း၏ခန္ဓာကိုယ်အတွင်းမှပျံထွက်လာသည်ကို လူတိုင်းမြင်တွေ့ လိုက်ကြရလေသည်။
***