ကောင်းကင်တုန်ခါစေသော နဂါးဟိန်းသံတစ်ခုသည် လောကတစ်ခွင်ပဲ့တင်ထပ်သွား တော့ သည်။
ဧရာမ ဝက်ဝံနက်ကြီးထက်အဆပေါင်းများစွာပို၍ ကြီးမားလှသောနဂါးနက်ကြီး တစ်ကောင် သည် လူတိုင်း၏ရှေ့တွင် ပေါ်ထွက်လာလေသည်။
ထိုနဂါးနက်ကြီးမှာ ရွှေရောင်မီးလျှံများဖုံးလွှမ်းနေပြီး သွေးရောင်မျက်လုံးများရှိနေလေ သည်။
အမြင့်မြတ်ဆုံးဘုရင်၏အရှိန်အဝါမှာ ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုကဲ့သို့ အလွန်တရာ ပြင်းထန်လှပေသည်။
ထို့အပြင် ထိုနဂါးနက်ကြီး၏အမြင့်မြတ်ဆုံးဘုရင်အရှိန်အဝါမှာ ဝက်ဝံနက်ကြီး၏ အမြင့် မြတ်ဆုံး ဘုရင်အရှိန်အဝါကို လုံးဝလွှမ်းမိုးသွားခဲ့လေပြီ။
နဂါးနက်ကြီးမှာ ကောင်းကင်ယံတွင်မြင့်မားစွာရပ်တည်နေပြီး သူ၏ဟိန်းဟောက်နေသော စွမ်းအားများမှာ တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းသွားတော့သည်။
ဝက်ဝံနက်ကြီးမှာမူ ဂဏာမငြိမ်ဖြစ်လာပြီး မတည်မငြိမ်ဖြစ်နေကာ ကြောက်ရွံ့နေသည့် ပုံရိပ်များပင်ပြသနေတော့သည်။
“အမြင့်မြတ်ဆုံး ဘုရင်”
လူတိုင်းမှာ ရန်ရှောက်ထျန်း၏ အမှောင်ရွှေမီးလျှံနဂါးကိုထိတ်လန့်တကြား ကြည့်လိုက်ကြ သည်။
ရန်ရှောက်ထျန်း၏ သိုင်းဝိညာဉ်မှာအမြင့်မြတ်ဆုံးဘုရင်ဖြစ်ရုံသာမက ဝက်ဝံနက်ကြီး၏ အရှိန်အဝါထက် ပို၍အစွမ်းထက်သော အမြင့်မြတ်ဆုံးဘုရင် သိုင်းဝိညာဉ် ဖြစ်နေလေသည်။
အမြင့်မြတ်ဆုံး သိုင်းဝိညာဉ်များကြားတွင်လည်းအားသာချက်၊ အားနည်းချက်များ ရှိနေကြရာ ယခုအခါရန်ရှောက်ထျန်း၏အမှောင်ရွှေမီးလျှံနဂါးအရှိန်အဝါမှာ ရန်ထျန်းရဲ၏ ဝက်ဝံ နက်ကြီး အရှိန်အဝါကို လုံးဝလွှမ်းမိုးသွားခဲ့ပြီ ဖြစ်လေသည်။
ရန်ရှောက်ထျန်း၏ အမှောင်ရွှေမီးလျှံနဂါး၏စွမ်းအားကြောင့် လူတိုင်းအံ့အားသင့်နေစဉ် မှာပင် ရုတ်တရက်ရွှေနီရောင်အလင်းကွင်းတစ်ခုသည် အမှောင်ရွှေမီးလျှံနဂါး၏ ခန္ဓာကိုယ်ပတ်လည် တွင် ပေါ်ထွက်လာလေသည်။
ထိုရွှေနီရောင်အလင်းကွင်း၏အပြင်ဘက်တွင်မူ နောက်ထပ်မှေးမှိန်သော ရွှေနီရောင် အလင်း ကွင်းတစ်ခုလည်း ရှိနေပြန်လေသည်။
“ရွှေနီရောင်ဝိညာဉ်ကွင်းဆက်လား။ ဒါဘယ်လိုဝိညာဉ်ကွင်းဆက်မျိုးလဲ”
ရှေးဟောင်းဘိုးဘေး အမြောက်အမြားမှာ အံ့အားသင့်သွားကြလေသည်။
ဒီကမ္ဘာမှာ ရွှေနီရောင်ဝိညာဉ်ကွင်းဆက်ရှိနေတယ်ဆိုတာ သူတို့ တစ်ခါမှ မကြားဖူးကြပေ။
လူတိုင်း အံ့အားသင့်နေစဉ်မှာပင် ရုတ်တရက်ထိုရွှေနီရောင် အလင်းကွင်းအတွင်း၌ အတိုင်းအဆမရှိကြီးမားလှသော အမှောင်ရိပ်တစ်ခုမှေးမှိန်စွာ ပေါ်ထွက်လာလေသည်။ ထိုအတိုင်း အဆမရှိ ကြီးမားသောအမှောင်ရိပ်ပေါ်ထွက်လာသောအခါ တစ်ကမ္ဘာလုံး တုန်ခါသွားပြီး ကျန်းယုံ ကျန်း၊ ဓားနတ်ဘုရားရှီးလုံနှင့် တခြားသူများပင်ကြောက်ရွံ့ရသောအရှိန်အဝါတစ်ခုသည် ကမ္ဘာမြေ ပြင်ကို လွှမ်းခြုံသွားတော့သည်။
အတိုင်းအဆမဲ့သော ဧရာမစွမ်းအားများမှာ ကောင်းကင်ယံသို့ ဟိန်းဟောက်တက်လှမ်းသွား လေသည်။
မိုးကောင်းကင်ကိုးလွှာမှာ အရောင်ပြောင်းသွားခဲ့လေပြီ။
မိုးကောင်းကင်ကိုးလွှာထက်တွင် မိုးကြိုးများဟိန်းဟောက်ပြီး လျှပ်စီးများလက်လာကာ တစ်ကမ္ဘာလုံး ဂဏာမငြိမ် ဖြစ်လာတော့သည်။
မြေပြင်များ ကွဲအက်ကုန်လေသည်။
တောင်တန်းများ ပြိုလဲကုန်လေသည်။
ထိုဧရာမ စွမ်းအားကြီးရှေ့တွင် ချန်ဆန်းစံအိမ်တော်မှရှေးဟောင်းဘိုးဘေးများ အားလုံးမှာ ထိတ်လန့်သွားကြလေသည်။
ကျန်းယုံကျန်းမှာမူ အတိုင်းအဆမဲ့သော အမှောင်ရိပ်ကိုကြည့်ကာ ကြောက်လန့်သွား တော့သည်။ သူသည် ထိုအမှောင်ရိပ်နှင့် အလွန်တရာရင်းနှီးနေလေသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် ထိုပုံရိပ်ကိုအကြိမ်ပေါင်းများစွာမြင်ဖူးခဲ့သလို ထိုပုံရိပ်၏ အတိုင်းအဆမဲ့သောအမှောင်စွမ်း အားကိုလည်း အကြိမ်ပေါင်းများစွာ ခံစားဖူးခဲ့သောကြောင့် ဖြစ်လေသည်။
“အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်”
“အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်ရဲ့ ဝိညာဉ်ကွင်းဆက်”
“မင်း... မင်းက အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်ကိုသတ်ခဲ့တာလား” ကျန်းယုံကျန်း၏ အသံမှာ တုန်ယင်နေတော့သည်။
အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏ ဝိညာဉ်ကွင်းဆက်။
ထိုအမှောင်ရိပ်ကို တစ်ခါမျှမမြင်ဖူးခဲ့ကြသော ချန်ဆန်းစံအိမ်တော်မှ ရှေးဟောင်းဘိုး ဘေးများမှာတောင့်မခံနိုင်ကြတော့ဘဲ မြေပြင်ပေါ်သို့အကုန်လုံး လဲကျကုန်ကြတော့သည်၊ ဓားနတ် ဘုရားရှီးလုံနှင့် လက်သီးနတ်ဘုရားကျန်းဝမ်လီတို့အပါအဝင် နတ်ဘုရားလေးပါးစလုံး မြေပြင်ပေါ် သို့ လဲကျသွားကြလေသည်။
ချန်ဆန်းစံအိမ်တော်မှ တပည့်များအားလုံးမြေပြင်ပေါ်သို့ပြိုလဲကျကုန်ကြပြီး သူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့နေတော့သည်။
ဘုရားရေ။
အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်တဲ့လား။
ရန်ရှောက်ထျန်း၏ ဝိညာဉ်ကွင်းဆက်က အမှန်တကယ်ပင်အနက်ရှိုင်းဆုံး ပင်လယ်အရှင် သခင် ဖြစ်နေသည်တဲ့လား။
ဒါ... ဒါ... ဒါ။
အခုလေးတင် မောက်မာစော်ကားနေသောရန်ထျန်းရဲပင်လျှင် ကြောက်လန့်တကြား တုန်ယင်နေတော့သည်၊ သူသည်တစ်စုံတစ်ခုကိုထုတ်လွှတ်ချင်သော်လည်း မထုတ်လွှတ်နိုင်ဘဲ ထိုနေရာတွင်ပင် တုန်ယင်နေမိတော့သည်။
အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်... ချန်ဆန်းတိုက်ကြီးပေါ်ရှိ ပြိုင်ဘက်အကင်းဆုံး တည်ရှိမှုကြီး။
လွန်ခဲ့သော နှစ်များအတွင်းဝိညာဉ်သားရဲတောအုပ်အတွင်းရှိ အနက်ရှိုင်းဆုံးပင်လယ်အရှင် သခင်မှာ အသတ်ခံလိုက်ရကြောင်း ကောလာဟလများရှိခဲ့သော်လည်း ၎င်းကို ကြားရသူတိုင်းမှာ အဓိပ္ပာယ်မရှိသော စကားဟုသာ မှတ်ယူပြီးပြုံးရယ်ခဲ့ကြလေသည်။
ယခုအခါ အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်မှာလူတိုင်း၏ရှေ့တွင် ပြန်လည်ပေါ်ထွက်လာခဲ့ ပြီ ဖြစ်သော်လည်း သူသည်တစ်စုံတစ်ဦး၏ ဝိညာဉ်ကွင်းဆက် ဖြစ်သွားခဲ့လေပြီ။
ဒါ အိပ်မက်လား။
ဒါ အိပ်မက် မဟုတ်ဘူး။
“သိုင်းဝိညာဉ် ပေါ်လာပြီဆိုရင်ဘယ်သူယှဉ်နိုင်မှာလဲ”
တပည့်တစ်ဦးက လွှတ်ခနဲ ပြောလိုက်မိသည်။
သိုင်းဝိညာဉ် ပေါ်လာပြီဆိုရင် ဘယ်သူ ယှဉ်နိုင်မှာလဲ။
ဒါဟာ သတ်ဖြတ်ခြင်းသားတော်မုန့်ပိုင် ကြောက်လန့်ပြီးကြောင်သွားပြီးနောက် ခဏခဏ ရေရွတ်လေ့ရှိသော စကားတစ်ခွန်း ဖြစ်လေသည်။
ယခုအခါတွင်မူ သတ်ဖြတ်ခြင်းသားတော်မုန့်ပိုင် ဘာဖြစ်လို့ကြောက်လန့်ပြီး ကြောင်သွား ရသလဲဆိုသည်ကို လူတိုင်းနောက်ဆုံး၌နားလည်သွားကြပြီဖြစ်သလို၊ ထိုစဉ်က မုန့်ပိုင် ဘာကို မြင်ခဲ့ရသလဲဆိုတာကိုလည်း နားလည်သွားကြပြီ ဖြစ်လေသည်။
ရန်ရှောက်ထျန်း၏ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကြောင့် သွေးအန်ပြီးလွင့်ထွက်သွား ခဲ့ရ သော သားရဲနတ်ဘုရား၏သားတော်ချန်ကျီဖန့်ပင်လျှင် အတိုင်းအဆမဲ့သောကြောက်ရွံ့မှုများ ကြောင့် သတိလစ်လုနီးပါး ဖြစ်သွားခဲ့ရလေသည်။
ကံကောင်းသည်မှာ ရန်ရှောက်ထျန်းသည် ခုနက သူ၏သိုင်းဝိညာဉ်နှင့် ဝိညာဉ်ကွင်းဆက် စွမ်းအားကိုအသုံးမပြုခဲ့ခြင်းဖြစ်လေသည်၊ မဟုတ်လျှင် သူသည်လည်းမုန့်ပိုင်ကဲ့သို့ အရူးတစ် ယောက် ဖြစ်သွားနိုင်လေသည်။
ရန်ရှောက်ထျန်းမှာ ထိုနေရာတွင်ရပ်နေရင်း အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်၏ ဝိညာဉ်ကွင်းဆက်စွမ်းအားကို အသက်ပင်မသွင်းရသေးပေ။ သူသည်ရန်ထျန်းရဲကို ကြည့်ကာ ဟိန်းဟောက်ပြောလိုက်သည်။
“ရန်ထျန်းရဲ... မင်း အလှည့်ပဲ။ တိုက်စမ်း”
ရန်ရှောက်ထျန်း၏ ဟိန်းဟောက်ပြောဆိုသံက ရန်ထျန်းရဲကိုကြောက်လန့်တကြား နောက်သို့ ဆုတ်သွားစေခဲ့သည်။
ရန်ထျန်းရဲ၏မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်နေတော့သည်၊ ဒါဟာအစစ်အမှန် ကြောက်ရွံ့မှုပင်ဖြစ်လေသည်။
ခုနက ရန်ရှောက်ထျန်း၏ဟွန်ယွမ်ကောင်းကင်ကံကြမ္မာက သူ့ကို ကြောက်ရွံ့စေခဲ့ သော် လည်း ၎င်းမှာကြောက်ရွံ့မှုမျှသာရှိသေးသည်။ ယခုမှာမူအစစ်အမှန်ထိတ်လန့်တုန်လှုပ်မှု ဖြစ်လေ သည်၊ သူ တိုက်ခိုက်ရန် သတ္တိပင်မရှိတော့ပေ။
နှစ်သန်းနီးပါး သက်တမ်းရှိသောအနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်၏ရှေ့တွင် မည်သူက တိုက်ခိုက်ရဲမည်နည်း။
တစ်ဖက်လူက မလှုပ်ရှားရဲသည်ကိုမြင်သောအခါ ရန်ရှောက်ထျန်းသည် အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏ ဝိညာဉ်ကွင်းဆက်စွမ်းအားကို အသက်သွင်းလိုက်ပြီးလက်သီးတစ်ချက်ကို ရုတ်တရက် ထိုးနှက်လိုက်လေသည်။
ရန်ရှောက်ထျန်း လက်သီးတစ်ချက်ထိုးလိုက်သည်နှင့်တစ်ပြိုင်နက် အနက်ရှိုင်းဆုံး ပင်လယ် အရှင်သခင်၏အတိုင်းအဆမဲ့သောအမှောင်စွမ်းအားများမှာ အရာအားလုံးကိုဝါးမြိုမည့်အလား ဟိန်းဟောက်ထွက်ပေါ်လာတော့သည်။
လောကကြီးတွင် ထိုအမှောင်ထုနှင့် အတိုင်းအဆမဲ့သောလက်သီးစွမ်းအား ပင်လယ်ကြီးသာ ကျန်ရှိတော့သလိုပင်။
ရန်ထျန်းရဲသည် သူ၏ဆီသို့ဦးတည်လာနေသောအတိုင်းအဆမဲ့သော အမှောင်ထုကို ကြည့် ကာ အော်ဟစ်လိုက်သည် -
“အားလုံး... အတူတူ တိုက်ကြစမ်း”
ထိုသို့ ပြောဆိုပြီးနောက် သူသည် သူ၏နှလုံးသားထဲမှထိတ်လန့်မှုကို အတင်းအကျပ် ဖိနှိပ်ကာ သူ၏ဝိညာဉ်ကွင်းဆက်စွမ်းအား၊ သူ၏ကောင်းကင်နှင့်မြေကြီး နတ်ဘုရားခန္ဓာကိုယ် စွမ်းအားနှင့် သူ၏မိုးကောင်းကင်ကိုးလွှာကောင်းကင်ကံကြမ္မာဆယ့်တစ်ခုတို့၏ စွမ်းအားများကို ရူးသွပ်စွာ အသက်သွင်းလိုက်ပြီး လက်သီးနှစ်ဖက်ဖြင့် ခုခံလိုက်လေသည်။
၎င်းကို မြင်သောအခါ ကျန်းမင်ကလည်း အော်ဟစ်လိုက်သည် -
သူမသည်လည်း သူမ၏ကောင်းကင်ကံကြမ္မာကိုဆင့်ခေါ်လိုက်ရာ ၎င်းမှာမိုးကောင်းကင် ရှစ်လွှာ ကောင်းကင်ကံကြမ္မာဖြစ်ပြီးကိုးခုရှိလေသည်။
ချန်ဆန်းစံအိမ်တော်မှ အခြားသောအမာခံတပည့်များမှာလည်း သူတို့၏ကောင်းကင်ကံကြ မ္မာများကိုဆင့်ခေါ်လိုက်ကြသည်။ ကောင်းကင်ကံကြမ္မာကိုမကျင့်ကြံရသေးသူများမှာမူ သူတို့၏ ဓားနှလုံးသားစွမ်းအားများကို အသက်သွင်းလိုက်ကြပြီး အချို့မှာသူတို့၏နတ်ဘုရားခန္ဓာကိုယ် စွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်လိုက်ကြလေသည်။
ချန်ဆန်းစံအိမ်တော်မှ အမာခံတပည့်ရာပေါင်းများစွာအတူတူတိုက်ခိုက်ကြသည့် မြင်ကွင်း မှာ မည်သို့ရှိမည်နည်း။
ကောင်းကင်ယံတစ်ခုလုံးမှာ သူတို့၏ တိုက်ခိုက်မှုများကြောင့် လင်းထိန်သွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများမှာ ကမ္ဘာတစ်ခွင်ဟိန်းဟောက်လို့သွားလေ သည်။
ကမ္ဘာကြီးမှာ ပေါက်ကွဲသွားတော့မည့်အလား ဖြစ်နေလေသည်။
ဤချန်ဆန်းစံအိမ်တော်မှ အမာခံတပည့်များမှာချန်ဆန်းတိုက်ကြီးပေါ်ရှိ ပါရမီအရှိဆုံး တပည့်များဖြစ်ကြပြီး တစ်ဦးချင်းစီတွင်ထူးခြားသောတိုက်ခိုက်ရေးစွမ်းအားများ ရှိကြလေသည်၊ သူတို့မှာ ရန်ထျန်းရဲနှင့် ချန်ကျီဖန့်တို့လောက်အစွမ်းမထက်ကြသော်လည်း သူတို့သည် အလွန်တရာ အစွမ်းထက်ကြသူများ ဖြစ်ကြလေသည်။
လူပေါင်းရာနှင့်ချီသောပေါင်းစပ်စွမ်းအားမှာ တစ်ကမ္ဘာလုံးကိုဖျက်ဆီးရန် လုံလောက်လေ သည်။
“ဘုန်း...”
အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏စွမ်းအားနှင့်အမာခံတပည့် ရာပေါင်းများစွာ၏ ပေါင်းစပ်စွမ်းအားတို့ ထိပ်တိုက်တွေ့ဆုံသွားကြလေသည်။
ဟင်းလင်းပြင်မှာ ခေတ္တမျှရပ်တန့်သွားသလိုပင်။
ဖျက်ဆီးခြင်း အသံများမှာ အဆုံးမရှိထွက်ပေါ်နေလေသည်။
ကမ္ဘာကြီးမှာ အလင်းနှင့်အမှောင်ကြားတွင် တလှည့်စီဖြစ်ပေါ်နေတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများပေါက်ကွဲထွက်လာလေသည်။
လူတိုင်း မြင်တွေ့လိုက်ရသည်မှာ အမာခံတပည့်ရာပေါင်းများစွာ၏ ပေါင်းစပ်စွမ်းအားများ၊ မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာများနှင့်နတ်ဘုရားခန္ဓာကိုယ်များမှာလည်း လုံးဝ ချေမှုန်းခံ လိုက်ရခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းက အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်၏စွမ်းအား အနည်းငယ်ကိုသာ ထုတ်ဖော်နိုင်သေးသော်လည်း အမာခံတပည့်ရာပေါင်းများစွာမှာ ခုခံနိုင်စွမ်းမရှိကြပေ။
ရန်ထျန်းရဲမှာ ပထမဆုံး လွင့်ထွက်သွားသူ ဖြစ်လေသည်။
ထို့နောက် ကျန်းမင်၊ လော့ကျိုးနှင့် တခြားသူများဖြစ်ကြလေသည်။
ချန်ဆန်းစံအိမ်တော်မှ အမာခံတပည့် ရာပေါင်းများစွာမှာ လွင့်ထွက်သွားကြတော့သည်။
သူတို့သည် အရပ်မျက်နှာအသီးသီးမှချန်ဆန်းစံအိမ်တော်ပတ်ဝန်းကျင်ရှိတောင်များပေါ်သို့ ပြုတ်ကျကုန်ကြပြီး ပြင်းထန်သောပေါက်ကွဲသံများထွက်ပေါ်လာတော့သည်။
တစ်ယောက်တည်းနှင့် ချန်ဆန်းစံအိမ်တော်အမာခံတပည့်ရာပေါင်းများစွာကို တိုက်ခိုက် ခြင်း။
ချန်ဆန်းစံအိမ်တော် အမာခံတပည့်ရာပေါင်းများစွာ ရှုံးနိမ့်သွားခြင်း။
ပြိုင်ဘက်ကင်းခြင်းဆိုတာ ဘာလဲ။
ဒါဟာ ပြိုင်ဘက်ကင်းခြင်းပင် ဖြစ်လေသည်။
အမာခံတပည့် ရာပေါင်းများစွာ၏ပေါင်းစပ်အားထုတ်မှုပင်လျှင် ရန်ရှောက်ထျန်း၏ နှစ်သန်း တန်ဝိညာဉ်ကွင်းဆက်စွမ်းအားကို မတားဆီးနိုင်ခဲ့ပေ။
ကျန်းချန်ချန်နှင့် မင်းသမီးဝမ်နင်းတို့မှာ ပါးစပ်အဟောင်းသားဖြစ်နေကြတော့သည်။
ကျန်းယုံကျန်း၊ ရှီးလုံနှင့်တခြားသူများမှာလည်း သူတို့ရှေ့မှမြင်ကွင်းကြောင့် အကြီးအကျယ် တုန်လှုပ်သွားကြလေသည်။
ချန်ဆန်းစံအိမ်တော်၏ စံအိမ်တော်အရှင်သခင်တစ်ယောက်အနေဖြင့် ကျန်းယုံကျန်းသည် ပါရမီရှင်များနှင့် ပါရမီထူးချွန်သူများစွာကိုမြင်ဖူးခဲ့သလို၊ ပြိုင်ဘက်ကင်းသောပါရမီရှင်များစွာ ကိုလည်းမြင်ဖူးခဲ့သော်လည်း ချန်ဆန်းစံအိမ်တော်၏အမာခံတပည့်အားလုံးကို စိန်ခေါ်ရဲသော ပါရမီရှင်မျိုးတစ်ခါမျှ မရှိဖူးသေးသလို၊ အမာခံတပည့်အားလုံးကို အနိုင်ယူနိုင်သော ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးလည်း မရှိဖူးသေးပေ။
ရန်ရှောက်ထျန်း တစ်ဦးတည်းသာလျှင် ရှိလေသည်။
သဲများနှင့် ကျောက်တုံးများကြားတွင်နစ်မြုပ်နေသောရန်ထျန်းရဲနှင့် တခြားသူများကို ကြည့် ကာ ရန်ရှောက်ထျန်းသည်ထပ်မံ၍တိုက်ခိုက်ခြင်း မပြုတော့ဘဲ သူ၏သိုင်းဝိညာဉ်နှင့် အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင် ဝိညာဉ်ကွင်းဆက်တို့ကို ပြန်လည် ရုပ်သိမ်းလိုက်လေသည်။
အမှောင်ထုပျောက်ကွယ်သွားပြီးနောက်မှသာ ကမ္ဘာကြီးမှာပုံမှန်အတိုင်း ပြန်လည်ဖြစ်သွား တော့သည်။
***