ဤအချိန်တွင် မြို့တော်ပြင်ပရှိတောင်ထိပ်တစ်ခုပေါ်တွင် ငရဲနတ်ဘုရား၏သားတော် ယန်ဖျင်သည် မရေမတွက်နိုင်သောမသေနိုင်သောသေမင်းများနှင့်မိစ္ဆာများ မြို့ရိုးပေါ်သို့ တက်နေ သည်ကိုကြည့်ကာ အေးစက်စွာပြုံးလိုက်ပြီး သူ၏မျက်လုံးများတွင် သွေးဆာနေသော အမူအရာများ ပြည့်နှက်နေတော့သည်။
“အမိန့်ပေးလိုက်စမ်း... မြို့တော်ကိုဖောက်ထွက်နိုင်တာနဲ့ ပထမဆုံးဖျက်ဆီးရမယ့်နေ ရာက နတ်အိမ်တော်ကလူတိုင်းပဲဖြစ်ရမယ်” ဟု ယန်ဖျင်က သူ၏ ဟွန်ချွမ်ဂိတ် ပညာရှင်များကို အမိန့်ပေး လိုက်သည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
မိစ္ဆာအသံမှာ မြို့တော်အတွင်းရှိ လူများ၏ စိတ်ကို ဆက်တိုက်ထိုးဖောက်နေသဖြင့် သူတို့မှာ ပြင်းထန်သော ခေါင်းကိုက်မှုများကို ခံစားနေရလေသည်။
ပို၍များပြားသော သေမင်းများနှင့် မိစ္ဆာများမှာ မြို့ရိုးပေါ်သို့ တက်လာကြတော့သည်။
မြို့ရိုးမှာ သေမင်းများနှင့် မိစ္ဆာများ၏ တိုက်စားမှုကို ဆက်တိုက် ခံနေရစဉ်မှာပင် ရုတ်တရက် ကမ္ဘာနှင့် မြေကြီးကို တုန်ခါစေသော နဂါးဟိန်းသံတစ်ခု ပဲ့တင်ထပ်သွားတော့သည်။
ထိုနဂါးဟိန်းသံမှာ ကြီးမားသော နဂါးပုံသဏ္ဌာန် အသံလှိုင်းဆယ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
နဂါးပုံသဏ္ဌာန် အသံလှိုင်းများဖြတ်သန်းသွားရာလမ်းတောက်လျှောက်ရှိ မရေမတွက်နိုင် သော သေမင်းများနှင့် မိစ္ဆာများမှာလွင့်ထွက်သွားပြီး အစိတ်စိတ်အမြွှာမြွှာပေါက်ကွဲကုန်ကြတော့ သည်။
အဝေးမှကြည့်လျှင် သန်းပေါင်းရာနဲ့ချီသောသေမင်းများနှင့်မိစ္ဆာများကြားတွင် ဧရာမ လမ်းကြောင်းကြီး ဆယ်ခုကို ထွင်းထုလိုက်သလိုပင် ဖြစ်နေလေသည်။
ထိုနဂါးဟိန်းသံကို ကြားလိုက်ရသောအခါ လူတိုင်းမှာ အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
သူတို့သည် အလွန်တရာဧရာမကြီးမားလှသောပျံသန်းရေးယာဉ်ကြီးတစ်ခုမှာ သန်းပေါင်း ရာနဲ့ချီသော သေမင်းများနှင့် မိစ္ဆာများအတွင်းသို့ ဝင်တိုက်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။
ပျံသန်းရေးယာဉ်ကြီး၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအောက်တွင် သေမင်း များနှင့် မိစ္ဆာများမှာလွင့်စင်သွားပြီး ပေါက်ကွဲကုန်ကြတော့သည်။
ပျံသန်းရေးယာဉ်၏ ဦးပိုင်းတွင်မူ အသက်တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက် နှစ်အရွယ်ရှိသော ပြိုင်ဘက်ကင်း လူငယ်လေးတစ်ဦးရပ်နေပြီး သူ၏ဘေးတွင်မူ အနက်ရောင်ဝတ်စုံဝတ်ဆင်ထား သော အရပ်ရှည်ရှည်လူကြီးတစ်ဦး ရပ်နေလေသည်။
ထိုလူငယ်လေးကို မြင်လိုက်ရသောအခါ ငရဲနတ်ဘုရား၏သားတော်ယန်ဖျင်၏ မျက်နှာအမူ အရာမှာ သူ၏ကံကြမ္မာရန်သူကိုမြင်လိုက်ရသလိုပင် ပြောင်းလဲသွားတော့သည်၊ သူ၏ မျက်နှာပေါ်ရှိ မောက်မာမှုနှင့် စော်ကားမှုများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ရန်ရှောက်ထျန်းပင် ဖြစ်လေသည်။
မြို့တော်အတွင်းရှိ လူတိုင်းမှာပျံသန်းရေးယာဉ်နှင့် ရန်ရှောက်ထျန်းကို မြင်လိုက်ရသောအခါ အလွန်တရာဝမ်းသာသွားကြတော့သည်။
“အစ်ကိုကြီးပဲ”
“အဖေ... အမေ... အစ်ကိုကြီးပြန်လာပြီ”
ရန်လင်အာက ရန်ရှောက်ထျန်းကိုမြင်လိုက်ရသဖြင့် သူမ၏လှပသောမျက်နှာတွင် ဝမ်းသာ မှုများ ပြည့်နှက်နေတော့သည်။
ရန်ရှောက်ထျန်းကိုမြင်လိုက်ရသဖြင့် ရန်ချောင်းနှင့်ဟွမ်ယင်းတို့မှာလည်း ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာကြလေသည်။
“သခင်လေး ပြန်လာပြီ”
“သတ်ကြစမ်း... အဲဒီခွေးသူတောင်းစားတွေကို ငါ့အတွက်အကုန်သတ်ပစ်ကြစမ်း” မိစ္ဆာမျောက်ဝံကြီးမှာ ကောင်းကင်တုန်ခါအောင်ဟိန်းဟောက်လိုက်ပြီး သူ၏လက်ထဲရှိ ပေတစ် သောင်းရှည်သောသံကြိုးကြီးဖြင့် သေမင်းများနှင့်မိစ္ဆာများကို အဆက်မပြတ်ရိုက်ခွဲပစ်နေ တော့ သည်။
ထိုစဉ်မှာပင် ပျံသန်းရေးယာဉ်ပေါ်ရှိရန်ရှောက်ထျန်းသည် လေထဲသို့ပျံတက်လိုက်ပြီး ဟိန်းဟောက်လိုက်ကာ ကမ္ဘာဦးမူလနဂါးကျင့်စဉ်ကိုအစွမ်းကုန်အသက်သွင်းလိုက်ရာ ချက်ချင်းဆို သလိုပင် စစ်မှန်သောနဂါးတစ်သိန်းတို့မှာ သူ၏ခန္ဓာကိုယ်ပတ်လည်တွင်ရစ်ဝဲပြီး ပျံထွက်လာကြ လေသည်။
စစ်မှန်သော နဂါးတစ်သိန်းတို့မှာ တစ်ပြိုင်နက်တည်းဟိန်းဟောက်လိုက်ကြပြီး ပတ်ဝန်းကျင် ရှိ သေမင်းများနှင့် မိစ္ဆာများ အားလုံးကို ရိုက်ခွဲပစ်လိုက်ကြလေသည်။
ရန်ရှောက်ထျန်း၏ ပတ်ဝန်းကျင်မိုင်တစ်ရာအတွင်းတွင် ဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်ပေါ် သွားတော့သည်။
ချက်ချင်းဆိုသလိုပင် ရန်ရှောက်ထျန်းက သူ၏အားပြင်းလှသောလက်သီးချက်များကို လည်းထိုးနှက်လိုက်လေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
နားမခံနိုင်လောက်သော ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး အချိန်စွမ်းအား များပါရှိနေသော သူ၏လက်သီးစွမ်းအားမှာကောင်းကင်အစွန်းအထိ ရိုက်ခတ်သွားတော့သည်၊ သူ၏ လက်သီးစွမ်းအား ဖြတ်သန်းသွားရာနေရာတိုင်းရှိ သေမင်းများနှင့်မိစ္ဆာများမှာ အချိန်သဲမှုန်များ အဖြစ် ပြောင်းလဲသွားကြတော့သည်။
မြို့တော်အတွင်းရှိ လူတိုင်းမှာ ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားကြလေသည်။
“ကောင်းတယ်”
“ဧကရာဇ် သုံးထောင်နတ်ဘုရားရန်”
အချို့သော မိသားစုတပည့်များမှာ လက်မောင်များမြှောက်ပြီး အားပေးလိုက်ကြလေသည်။
သို့သော် ဤအချိန်တွင် မရေမတွက်နိုင်သော သေမင်းများနှင့် မိစ္ဆာများမှာ ရန်ရှောက်ထျန်းဆီ သို့ ဝိုင်းရံလာကြတော့သည်။
ထိုသေမင်းများနှင့် မိစ္ဆာများမှာအော်ဟစ်နေကြပြီး ကောင်းကင်ယံရှိ အတိုင်းအဆမဲ့သော သေမင်းချီနှင့်တစ္ဆေချီစွမ်းအင်များမှာ ရန်ရှောက်ထျန်းကို ဝါးမြိုရန်အတွက် အဆုံးမရှိသော ပင်လယ် ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
သူ့ဆီသို့ ဝိုင်းရံလာသောသေမင်းများနှင့်မိစ္ဆာများကိုကြည့်ကာ ရန်ရှောက်ထျန်း၏ မျက်လုံး များမှာ အေးစက်သွားတော့သည်၊ တစ်သောင်းနှစ်ထောင်ကိုးရာခြောက်ဆယ်လီတာ ရှည်လျားသော သူ၏ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာက သူ့ထံ၌ပျံထွက်လာခဲ့လေပြီ၊ သူ၏တစ်ကိုယ်လုံးကို လည် ပတ်သွားကာ သူသည်လက်သီးချက်များစွာကိုဆက်တိုက်ထိုးနှက်လိုက်လေတော့သည်။
ထိုတစ်ခဏအတွင်းမှာပင် ရန်ရှောက်ထျန်းသည် လက်သီးချက်ပေါင်း ရာနှင့်ချီ ထိုးနှက်လိုက် ခြင်း ဖြစ်လေသည်။
သူသည် အရပ်မျက်နှာအနှံ့သို့ ထိုးနှက်လိုက်ခြင်း ဖြစ်လေသည်။
ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ၏ စွမ်းအားမှာ ဟိန်းဟောက်ထွက်ပေါ်လာတော့သည်။
ဝိုင်းရံလာသော သေမင်းများနှင့်မိစ္ဆာများအားလုံးမှာ ချက်ချင်းဆိုသလိုပင် ချေမှုန်းခံလိုက် ရပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြတော့သည်။
လူတိုင်းမှာ ရန်ရှောက်ထျန်း၏ ဦးခေါင်းအထက်ရှိ တစ်သောင်းနှစ်ထောင် ကိုးရာခြောက် ဆယ်လီတာရှည်လျားသော ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကိုကြည့်ကာ ဆွံ့အသွားကြတော့သည်။
နတ်ဘုရားပေါင်းတစ်သောင်းဧကရာဇ်ဝမ်ကွမ်ဖုန်းပင်လျှင်၊ နတ်ဘုရားပေါင်းတစ်သောင်း ရှေးဟောင်းဘိုးဘေးကြီးဝမ်ရှိဝေ နှင့် ဆေးနတ်ဘုရားဖုန်းယီမင်တို့ပင်လျှင် ဆွံ့အသွားကြတော့ သည်။
ငရဲနတ်ဘုရား၏သားတော်ယန်ဖျင်၊ အလောင်းမိစ္ဆာ၊ သွေးမိစ္ဆာ၊ မိစ္ဆာဗုဒ္ဓနှင့် အခြားသော ပညာရှင်များမှာလည်း ရန်ရှောက်ထျန်း၏ကောင်းကင်ကံကြမ္မာကိုမယုံကြည်နိုင်စွာ ကြည့်နေကြ လေသည်။
“မိုးကောင်းကင်ကိုးလွှာ ကောင်းကင်ကံကြမ္မာက ကိုးရာကျော်လီတာပဲရှိတာလေ၊ ဒါ ဘယ်လို ကောင်းကင်ကံကြမ္မာမျိုးလဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ကြီးမားနိုင်ရတာလဲ”
ပြိုင်ဘက်ကင်း ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ဆွံ့အသွားကြတော့သည်။
“ဒါဟွန်ယွမ်ကောင်းကင်ကံကြမ္မာပဲ။ မိုးကောင်းကင်ထက်က ဟွန်ယွမ်စွမ်းအားပဲ”
အလွန်ရှေးကျသော ရှေးဟောင်းဘိုးဘေးတစ်ဦးမှာ
“ဖန်ဆင်းရှင် နတ်ဘုရားကျမ်းစာထဲမှာ စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင်မပီသနိုင်တော့ ပေ၊ ဟွန်ယွမ်ပေါ်လာပြီဆိုရင်တော့ တစ်ကမ္ဘာလုံးမှာပြိုင်ဘက်ကင်းပြီလို့ မှတ်တမ်းတင်ထားတာ ရှိတယ်”
“ဟွန်ယွမ်ကောင်းကင်ကံကြမ္မာပေါ်လာပြီ”
စိတ်လှုပ်ရှားနေသော ထိုရှေးဟောင်းဘိုးဘေးကြီး၏ အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင် နက် လူတိုင်းတုန်လှုပ်သွားကြတော့သည်။
“ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ။ ဒီကမ္ဘာမှာဟွန်ယွမ်ကောင်းကင်ကံကြမ္မာ အမှန်တကယ် ရှိနေပါလား”
ရှေးဟောင်းဘိုးဘေးကြီး ဝမ်ရှိဝေ မှာလည်း စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာကာ ဟိန်းဟောက်လိုက်သည် -
“ဒါ အမှန်တကယ်ပဲ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာပဲ၊ ကောင်းကင်ကြီးက ကျွန်တော်တို့ ချန်ဆန်းတိုက်ကြီးကို စောင်မလိုက်တာပဲ”
“ကောင်းကင်ကြီးက ကျွန်တော်တို့ချန်ဆန်းတိုက်ကြီးကို စောင်မလိုက်တာပဲ”
မိသားစု ရှေးဟောင်းဘိုးဘေးများနှင့် ဂိုဏ်းပေါင်းစုံမှရှေးဟောင်းဘိုးဘေးများ အားလုံးမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြလေသည်။
“သတ်ကြစမ်း”
“အဲဒီ လူယုတ်မာတွေကို ငါ့အတွက် အကုန်သတ်ပစ်ကြစမ်း”
“သခင်လေးက ပြိုင်ဘက်ကင်းပဲ”
မိစ္ဆာမျောက်ဝံက ပို၍ပင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။
ငရဲနတ်ဘုရား၏သားတော်ယန်ဖျင်နှင့် တခြားသူများမှာရန်ရှောက်ထျန်းက ဟွန်ယွမ်ကောင်း ကင်ကံကြမ္မာကိုကျင့်ကြံနိုင်ခဲ့သည်ကို သိရှိသွားကြသဖြင့် အလွန်တရာကြောက်လန့်သွားကြတော့ သည်။
“ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ... ဒါ... ဒါ”
အလောင်းမိစ္ဆာမှာ သူ၏စိတ်ထဲတွင် ဝေဝါးသွားသလို ခံစားလိုက်ရသည်။
ဒီကောင်လေးက လုံလောက်အောင်ထူးဆန်းနေပြီဖြစ်သော်လည်း ယခုအခါဟွန်ယွမ် ကောင်းကင်ကံကြမ္မာကိုပါ ကျင့်ကြံနိုင်ခဲ့သည်တဲ့လား။
အကယ်၍ သူသာ ဆက်လက်ကြီးထွားလာမည်ဆိုလျှင် သူတို့ဘာဖြစ်သွားကြမည်နည်း။
“သူ့ကို သတ်ကြစမ်း... ဘယ်လိုအဖိုးအခပဲပေးရပေးရ၊ သူ့ကို သတ်ပစ်ကြစမ်း”
ယန်ဖျင်က သူ၏ နှလုံးသားထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သလို၊ တစ်ပြိုင်နက်တည်းမှာပင် ယင်တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းမှပညာရှင်များကို ရန်ရှောက်ထျန်းကို သူတို့၏ ယင်တစ္ဆေ စိတ်ဝိညာဉ်အသံဖြင့် သီးသန့်ကိုင်တွယ်ရန် အမိန့်ပေးလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် အတိုင်းအဆမရှိသော၊ ပုံသဏ္ဌာန်မရှိသောယင်တစ္ဆေ စိတ်ဝိညာဉ် အသံများသည် သန်းပေါင်းရာနဲ့ချီသောမမြင်နိုင်သောအပ်များအဖြစ်ပြောင်းလဲသွားပြီး ရန်ရှောက် ထျန်း၏ စိတ်ဝိညာဉ်ဆီသို့ ထိုးဖောက်လာတော့သည်။
သို့သော် ကြောက်မက်ဖွယ်ကောင်းသော ယင်တစ္ဆေစိတ်ဝိညာဉ်အသံမှာ ရန်ရှောက် ထျန်းအပေါ် မည်သည့်သက်ရောက်မှုမျှမရှိခဲ့ပေ၊ ရန်ရှောက်ထျန်းသည် ပတ်ဝန်းကျင်ရှိသေမင်းများ နှင့် မိစ္ဆာများကို ဆက်လက်၍သာ ချေမှုန်းနေလေသည်။
သူ၏ လက်သီးများမှာ မရပ်မနား ထိုးနှက်နေလေသည်။
ထို့အပြင် ရန်ရှောက်ထျန်းသည် သူ၏ ဒန်တျန်နှင့် သူ၏ အကူပွိုင့်အားလုံးမှ စစ်မှန်သော စွမ်းအားများကို အသက်သွင်းလိုက်လေသည်။
ရွှေရောင်အလင်းတိုင်တစ်ထောင့်နှစ်ရာကိုးဆယ့်ခြောက်တိုင်တို့သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကမ္ဘာကြီးမှာ ရွှေရောင်ဖြစ်သွားတော့သည်၊ သန်းပေါင်း ရာနဲ့ချီသော သေမင်းများနှင့် မိစ္ဆာများ၏ သေမင်းချီနှင့်တစ္ဆေချီစွမ်းအင်များပင်လျှင် ထိုရွှေရောင်အလင်းတိုင်များကို မဖုံးကွယ် နိုင်သလို၊ ထိုရွှေရောင်အလင်းများကိုလည်း မဖုံးအုပ်နိုင်ကြပေ။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ရန်ရှောက်ထျန်းသည်လက်သီးချက်ပေါင်း သောင်းနှင့်ချီ ထိုးနှက်ပြီးသွားခဲ့လေပြီ။
၎င်းက ရန်ရှောက်ထျန်း၏လက်သီးအရှိန်မှာမည်မျှအထိမြန်ဆန်နေကြောင်း ပြသနေလေ သည်၊ အဝေးမှကြည့်လျှင် သူ၏လက်သီးများ၏နောက်ဆက်တွဲပုံရိပ်များကိုသာ မြင်တွေ့နိုင်လေ သည်။
မြန်တယ်။
အလွန်တရာ မြန်တယ်။
ပြင်းထန်တယ်၊ တကယ်ကိုပြင်းထန်တယ်။ မည်သည့်သေမင်းသို့မဟုတ်မိစ္ဆာမျှ ရန်ရှောက် ထျန်း၏ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာစွမ်းအားကိုမတားဆီးနိုင်သလို၊ မည်သည့် သေမင်း သို့မဟုတ် မိစ္ဆာမျှ ရန်ရှောက်ထျန်း၏ ထာဝရနတ်ဘုရားခန္ဓာကိုယ်မှ အချိန်စွမ်းအားကို မတားဆီးနိုင်ကြပေ။
တစ်ချိန်တည်းမှာပင် အမှောင်နဂါးမှာရန်ရှောက်ထျန်း၏ဘေးတွင် ကာကွယ်ပေးနေပြီး လက်သီးများကို ဆက်တိုက် ထိုးနှက်နေလေသည်၊ လက်သီးတစ်ချက်တိုင်းမှာကောင်းကင်အစွန်း အထိ ရိုက်ခတ်သွားလေသည်။
အမှောင်နဂါး၏ ကြောက်မက်ဖွယ်ကောင်းသောလက်သီးလှိုင်းများမှာ အတိုင်းအဆမဲ့သော အမှောင်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
မြို့တော်မှ ပညာရှင်များအားလုံးမှာ အမှောင်နဂါး၏အစွမ်းကို မြင်တွေ့လိုက်ရသဖြင့် အလွန် တရာ အံ့အားသင့်သွားကြလေသည်။
ရန်ရှောက်ထျန်းသည် အဆုံးမရှိသောသတ်ဖြတ်ခြင်းများကို စိတ်ကုန်လာသဖြင့် သူ၏ သိုင်းဝိညာဉ်နှင့် ဝိညာဉ်ကွင်းဆက်ကို တိုက်ရိုက်ဆင့်ခေါ်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့်မြေကြီးမှာမှောင်မိုက်သွားပြီး ရှေးဟောင်း နတ်ဘုရား တောင်ကြီးထက်အဆပေါင်းများစွာပို၍ကြီးမားလှသော အမှောင်ရွှေမီးလျှံနဂါးသိုင်းဝိညာဉ် ပျံထွက် လာကာ အမြင့်မြတ်ဆုံးဘုရင်၏ အရှိန်အဝါဖြင့်ကမ္ဘာကြီးကို ဖိနှိပ်လိုက်တော့သည်။
“ဒါ... အမြင့်မြတ်ဆုံးဘုရင်... အမြင့်မြတ်ဆုံးဘုရင်သိုင်းဝိညာဉ်ပဲ”
ဆေးနတ်ဘုရား ဖုန်းယီမင် က စကားထစ်လျက် ပြောလိုက်သည်။
“ဒါ အမှန်တကယ်ပဲ အမြင့်မြတ်ဆုံး ဘုရင်ပဲ”
ဝမ်ကွမ်ဖုန်းမှာလည်း တုန်လှုပ်သွားတော့သည်။
ရန်ရှောက်ထျန်း၏ သိုင်းဝိညာဉ်နှင့်ပတ်သက်ပြီး နတ်ဘုရားပေါင်းတစ်သောင်း အင်ပါယာရှိ အဖွဲ့အစည်းအသီးသီးမှ ပညာရှင်များမှာလည်းယခုရက်ပိုင်းအတွင်း အမျိုးမျိုးခန့်မှန်းနေခဲ့ကြရာ ယခုအခါတွင်မူ ရန်ရှောက်ထျန်း၏သိုင်းဝိညာဉ်ကို လူတိုင်းနောက်ဆုံး၌ မြင်တွေ့လိုက်ကြရပြီ ဖြစ်လေသည်။
ထို့နောက်တွင် အမှောင်ရွှေမီးလျှံနဂါး၏ခန္ဓာကိုယ်ပတ်လည်တွင် ရွှေနီရောင်ဝိညာဉ်ကွင်း ဆက်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။
ရွှေနီရောင် ဝိညာဉ်ကွင်းဆက်အတွင်း၌ အတိုင်းအဆမရှိကြီးမားလှသော အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏ အမှောင်ရိပ်ကြီးပေါ်ထွက်လာလေသည်။
သန်းပေါင်း ရာနဲ့ချီသောသေမင်းများနှင့်မိစ္ဆာများမှာအဆုံးမရှိသော်လည်း ယခုအခါ ကောင်းကင်ယံတွင် ပေါ်ထွက်လာသော အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်၏ပုံရိပ်မှာ သန်းပေါင်း ရာနဲ့ချီသော သေမင်းများနှင့်မိစ္ဆာများအားလုံးကို လုံးဝ ဖုံးလွှမ်းလုနီးပါး ဖြစ်သွားခဲ့လေပြီ။
အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏အတိုင်းအဆမဲ့သော စွမ်းအားများကြောင့် မြေပြင် များ ကွဲအက်ကုန်ပြီး လူတိုင်းမှာအသက်ရှူရကျပ်သွားကြတော့သည်။
၎င်းက မြို့တော်၏ မြို့ရိုးများကိုပင် တုန်ခါသွားစေတော့သည်။
***