အင်ပါယာ မြို့တော်နှင့်လုံလောက်အောင်ဝေးကွာပြီဖြစ်ကြောင်းမြင်သောအခါ ရန်ရှောက် ထျန်းသည် သူ၏နတ်ဘုရားပင်လယ်စွမ်းအားကိုအသက်သွင်းလိုက်ပြီး ကောင်းကင်ယံသို့ ထိုးနှက်လိုက်ကာ မိုးကောင်းကင်ကိုးလွှာ၏ကိုးခုမြောက်ဟင်းလင်းပြင်အထိ တောက်လျှောက် ဖောက်ထွက်သွားခဲ့လေသည်။
“ဘုန်း...”
ရန်ရှောက်ထျန်း၏ နတ်ဘုရားပင်လယ်စွမ်းအားမှာ ကိုးခုမြောက်ဟင်းလင်းပြင်၏ အဆုံးရှိ အတားအဆီး နံရံကိုနောက်တစ်ကြိမ် ထပ်မံထိုးနှက်လိုက်ပြန်လေသည်။
ယခင်က အတွေ့အကြုံ ရှိထားသဖြင့် ယခုအကြိမ်တွင်မူ သူသည်အတော်လေး ရင်းနှီးနေပြီ ဖြစ်ကာ သူ၏နတ်ဘုရားပင်လယ်စွမ်းအားကို အဆက်မပြတ်အသက်သွင်းပြီး အတားအဆီး နံရံကို ထိုးနှက်နေတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ပြင်းထန်သော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်နေလေသည်။
ရန်ရှောက်ထျန်းမှာ ဧရာမတူကြီးတစ်လက်ကိုကိုင်ထားသူကဲ့သို့ပင် ဟွန်ယွမ်အတားအဆီး နံရံကို ဆက်တိုက်ထုနှက်နေသဖြင့် နံရံမှာအဆက်မပြတ် တုန်ခါနေတော့သည်။
ပြီးခဲ့သည့် အကြိမ်နှင့်နှိုင်းယှဉ်ပါက ရန်ရှောက်ထျန်း၏နတ်ဘုရားပင်လယ် စစ်မှန်သော စွမ်းအားမှာ ပို၍နက်ရှိုင်းလာသဖြင့် ယခုအကြိမ်တွင် ဟွန်ယွမ်အတားအဆီးနံရံကို ဖောက်ထွက်ရန် ပို၍ လွယ်ကူနေလေသည်။
ပြီးခဲ့သည့်အကြိမ်က သူသည်အကြိမ်ပေါင်းလေးထောင်ခန့်ထိုးနှက်ပြီးမှသာ ဟွန်ယွမ် အတားအဆီးနံရံတွင် အက်ကြောင်းများပေါ်လာခဲ့ခြင်းဖြစ်သော်လည်း ယခုအကြိမ်တွင်မူ အကြိမ် နှစ်ထောင်ခန့် ထိုးနှက်ပြီးသည်နှင့် အက်ကြောင်းများပေါ်လာခဲ့ပြီ ဖြစ်လေသည်။
အက်ကြောင်းများပေါ်လာသည်ကိုမြင်သောအခါ ရန်ရှောက်ထျန်းဝမ်းသာသွားပြီး သူ၏ တိုက်ခိုက်မှု စွမ်းအားကို ပိုမိုမြှင့်တင်လိုက်လေသည်။
နောက်ဆုံးတွင် “ဘုန်း” ဟူသောအသံနှင့်အတူ ဟွန်ယွမ်အတားအဆီးနံရံမှာ လုံးဝပေါက် ထွက်သွားတော့သည်။
ရန်ရှောက်ထျန်း၏ နတ်ဘုရားပင်လယ်စွမ်းအားမှာ ကျိုးပေါက်သွားသောဆည်တစ်ခု အလား ဟွန်ယွမ်ဟင်းလင်းပြင်အတွင်းသို့ စီးဝင်သွားတော့သည်။
ရန်ရှောက်ထျန်း၏ ဟိန်းဟောက်လာပြီးလျှပ်စီးများလက်လာကာ နတ်ဘုရားပင်လယ် စွမ်းအားဟွန်ယွမ်ဟင်းလင်းပြင်အတွင်းသို့စီးဝင်သွားသည့် တစ်ခဏမှာပင်မိုးကြိုးများမရေမတွက် နိုင်သောမိုးကြိုးတိမ်တိုက်များမှာ ဒေါသတကြီးစုစည်းလာကြပြီး အံ့ဩဖွယ်ကောင်းသော မိုးကြိုး ဘေးဒုက္ခ စွမ်းအားများမှာ လေထုအတွင်း ပျံ့နှံ့သွားတော့သည်။
မိုးကြိုးဘေးဒုက္ခ၏စွမ်းအားကိုခံစားလိုက်ရသောအခါ ရန်ရှောက်ထျန်း၏မျက်နှာအမူအရာ မှာ အနည်းငယ်ပြောင်းလဲသွားတော့သည်။
ယခုအကြိမ် ကမ္ဘာဦးဖျက်ဆီးခြင်းဘေးဒုက္ခမှာပထမအကြိမ်ထက်သိသိသာသာ ပို၍ ပြင်း ထန်နေလေသည်။
“နောင်ကျရင် မင်းရဲ့အစွမ်းတိုးတက်လာတာနဲ့အမျှ ကမ္ဘာဦးဖျက်ဆီးခြင်းဘေးဒုက္ခရဲ့ စွမ်းအားကလည်း ပိုပြီး ပြင်းထန်လာလိမ့်မယ်” ဟု ဆေးနံ့သာအိုးဘိုးဘေး၏ အသံမှာ မတော်တဆ အချိန်တွင် ထွက်ပေါ်လာသည်။
“ဟဲဟဲ... ကောင်လေး၊ အခုတော့အပြင်းအထန်အရိုက်ခံရဖို့သာ ပြင်ထားပေတော့”
ဆေးနံ့သာအိုးဘိုးဘေးအဖိုးကြီးမှာ သေချာပေါက်ပင်သူ့ကို လှောင်ပြောင်နေခြင်းဖြစ်လေ သည်။
ရန်ရှောက်ထျန်းက ထိုအဖိုးကြီးကို မျက်စိတစ်ဖက်စောင်းကြည့်လိုက်သည်။
သူသည် ကောင်းကင်ယံတွင်ဆက်တိုက်စုစည်းနေသော မိုးကြိုးတိမ်တိုက်များကို လေးနက် သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်လေသည်။
မူလက ဤကမ္ဘာဦးဖျက်ဆီးခြင်းဘေးဒုက္ခမှာ ပြီးခဲ့သည့်အကြိမ်ကဲ့သို့ပင် ကျော်ဖြတ်ရန် လွယ်ကူလိမ့်မည်ဟု သူထင်ထားခဲ့သော်လည်း ယခုကဲ့သို့ပိုမိုပြင်းထန်လာလိမ့်မည်ဟု သူ မထင်ထား ခဲ့ပေ။
နောက်ပိုင်းတွင် နောက်ထပ် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာဦးမည့်ပုံပင်။
ပြီးခဲ့သည့် အကြိမ်က သူသည်ကမ္ဘာဦးဖျက်ဆီးခြင်းဘေးဒုက္ခ၏ရိုက်နှက်မှုကို ခံခဲ့ရပြီး မြေပြင်ပေါ်သို့ဝပ်တွားသွားခဲ့ရကာမလှုပ်ရှားနိုင်အောင် ဖြစ်ခဲ့ရသည်ကိုသတိရရင်း ရန်ရှောက်ထျန်း မှာ အသက်ပြင်းပြင်းရှူလိုက်ကာ သူ၏တစ်ကိုယ်လုံးရှိ စစ်မှန်သောစွမ်းအားများကို လည်ပတ်လိုက် လေသည်။
မိုးကြိုးတိမ်တိုက်များမှာ ဆက်လက် ကြီးထွားနေဆဲ ဖြစ်လေသည်။
ကမ္ဘာကြီးမှာ လုံးဝ မှောင်မိုက်သွားခဲ့လေပြီ။
၎င်းမှာ ပြီးခဲ့သည့် အကြိမ်ထက်ပင် ပို၍မှောင်မိုက်နေလေသည်။
ရုတ်တရက် မည်သည့်သတိပေးချက်မျှမရှိဘဲ ဟိန်းဟောက်နေသောမိုးကြိုးတိမ်တိုက်များ ကြားမှ မရေမတွက်နိုင်သောမိုးကြိုးဘေးဒုက္ခစွမ်းအားများမှာ စုစည်းသွားပြီး ရိုက်ချလိုက်လေသည်။
မိုးကြိုးဘေးဒုက္ခစွမ်းအားရိုက်ချလိုက်သည့်တစ်ခဏတွင် ကမ္ဘာကြီးမှာချက်ချင်းလင်းထိန် သွားတော့သည်။
ရင်ခုန်တုန်လှုပ်ဖွယ်ကောင်းသောစွမ်းအားတစ်ခုမှာ ရန်ရှောက်ထျန်း၏ ဦးခေါင်းပေါ်သို့ ချက်ချင်း ရိုက်ချလိုက်လေသည်။
မြန်တယ်။
အလွန်တရာ မြန်လွန်းတယ်။
ရန်ရှောက်ထျန်းက ပြင်ဆင်ထားသော်လည်း သူ၏တုံ့ပြန်မှုမှာ နောက်ကျနေခဲ့ပြီ ဖြစ်သည်၊ မိုးကြိုးဘေးဒုက္ခမှာ သူ၏ ဦးခေါင်းအထက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် ဘာမှမတွေးတောတော့ဘဲ လက်သီးနှစ်ဖက်ဖြင့် ချက်ချင်းပြန်လည် ခုခံထိုးနှက်လိုက်လေသည်။
“ဒုန်း...”
ရန်ရှောက်ထျန်းသည် သူ၏တစ်ကိုယ်လုံးပြင်းထန်စွာတုန်ခါသွားသလို ခံစားလိုက်ရပြီး မြေပြင်အတွင်းသို့ ရိုက်သွင်းခံလိုက်ရတော့သည်။
ဝီဝီ ဟူသော အသံများပင် ထွက်ပေါ်လာတော့သည်။
မိုးကြိုးဘေးဒုက္ခစွမ်းအားမှာပေါက်ကွဲသွားခဲ့ပြီး ပတ်ဝန်းကျင်ရှိအရာအားလုံးမှာ လွင့်စင် သွားခဲ့လေသည်။
၎င်းမှာ ဧရာမနူကလီးယားဗုံးတစ်လုံးကျရောက်သွားသလိုပင် ကြောက်မက်ဖွယ်ကောင်း သော သဲလှိုင်းများမှာအလွှာပေါင်းထောင်ချီ၍ ထက်ဝန်းကျင်သို့လွင့်ပျံသွားကာ ကောင်းကင်နှင့် နေမင်းကို ဖုံးလွှမ်းသွားခဲ့ပြီး ကမ္ဘာပျက်တော့မည့်အလား ဖြစ်နေတော့သည်။
ရန်ရှောက်ထျန်းသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိဖုန်မှုန့်များကိုခါထုတ်လိုက်ပြီး သူ မတ်တပ်ရပ် လိုက်သည်နှင့် ဒုတိယမြောက်မိုးကြိုးဘေးဒုက္ခမှာထပ်မံ၍ ရိုက်ချလာပြန်သည်ကို မြင်တွေ့လိုက်ရ သည်။
ယခုအကြိမ်တွင်မူ သူသည် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကိုတိုက်ရိုက် ဆင့်ခေါ်လိုက်ပြီး ၎င်း၏ စွမ်းအားကိုအပြင်းအထန် အသက်သွင်းကာလက်သီးနှစ်ဖက်ဖြင့် ထိုးနှက်လိုက်လေသည်။
ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ၏စွမ်းအားအကူအညီ ရှိနေသော်လည်း ရန်ရှောက်ထျန်းမှာ မြေပြင်အတွင်းသို့ ထပ်မံ ရိုက်သွင်းခံလိုက်ရပြန်လေသည်။
“တောက်...။”
မြေပြင်အတွင်းသို့ နောက်တစ်ကြိမ်ရိုက်သွင်းခံလိုက်ရသည်ကိုမြင်သောအခါ ရန်ရှောက် ထျန်း စိတ်တိုသွားပြီး လေထဲသို့ပျံတက်လိုက်ကာ ချန်ဆန်းလက်အိတ်ကို ဝတ်ဆင်လိုက်လေသည်၊ သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်နှင့် နတ်ဘုရားပင်လယ်စွမ်းအားများကို အသက်သွင်းလိုက်ရာ ချန်ဆန်းလက်အိတ်မှ နတ်ဘုရားအလင်းတန်းများ အလွှာလိုက်ထွက်ပေါ်လာတော့သည်။
“ဝီ...” ဟူသော အသံနှင့်အတူ တတိယမြောက်မိုးကြိုးဘေးဒုက္ခမှာ ရိုက်ချလာပြီး ဟင်းလင်းပြင် အလွှာများကို ဖိသိပ်လိုက်ကာ စွမ်းအားလှိုင်းများမှာ ဟိုမှသည် ပျံဝဲနေတော့သည်။
ရန်ရှောက်ထျန်းသည် တတိယမြောက်မိုးကြိုးဘေးဒုက္ခကိုတောင့်ခံနိုင်ပြီးနောက် စတုတ္ထ မြောက်မှာ ချက်ချင်းလိုက်လာတော့သည်၊
ပဉ္စမမြောက်...
ဆဋ္ဌမမြောက်...
မိုးကြိုးဘေးဒုက္ခများမှာ တစ်ခုပြီးတစ်ခု ရိုက်ချလာတော့သည်။
ရန်ရှောက်ထျန်းသည် အစွမ်းကုန်တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင်သူ၏နှစ်သန်းတန် ဝိညာဉ်ကွင်းဆက် နှစ်ခုစလုံးကိုပင်ဆင့်ခေါ်လိုက်ရလေသည်။
ဒသမမြောက် မိုးကြိုးဘေးဒုက္ခကို သူနောက်ဆုံး၌ရိုက်ခွဲပစ်နိုင်လိုက်သောအခါ ရန်ရှောက် ထျန်းမှာ မြေပြင်ပေါ်တွင်ပက်လက်လှန်လဲကျနေပြီး သူ၏တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာများ၊ သွေးများဖြင့် ပြည့်နှက်နေတော့သည်၊ ဤအချိန်တွင် သူ တကယ်ကို မလှုပ်ရှားချင်တော့ပေ။
သေချာပေါက်ပင် သူ မလှုပ်ရှားနိုင်တော့ခြင်း ဖြစ်လေသည်။
မူလက သူသည် ဧကရာဇ်အဆင့်ဒုတိယအလွှာအလယ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ဟွန်ယွမ်ကောင်းကင်ကံကြမ္မာလည်းရှိနေသဖြင့် သူ၏အစွမ်းမှာ အဆမတန်တိုးတက်လာခဲ့ပြီ ဖြစ်ရာ ကမ္ဘာဦးဖျက်ဆီးခြင်းဘေးဒုက္ခကို အလွယ်တကူကျော်ဖြတ်နိုင်လိမ့်မည်ဟု သူ ထင်ထားခဲ့သဖြင့် နတ်ဘုရားချပ်ဝတ်ကိုပင် မဖန်တီးခဲ့ပေ၊ သို့သော် သူ ပေါ့ဆခဲ့မိသည်ကို မထင်ထားခဲ့ပေ။
ကံကောင်းသည်မှာ မိုးကြိုးဘေးဒုက္ခမှာ ဆယ်လွှာသာရှိခြင်းဖြစ်လေသည်၊ အကယ်၍ နောက်ထပ် တစ်လွှာသာထပ်ရှိခဲ့မည်ဆိုလျှင် သူ သေချာပေါက် အဆုံးသတ်သွားပေလိမ့်မည်။
ဒသမမြောက် မိုးကြိုးဘေးဒုက္ခမှာပေါက်ကွဲသွားပြီးနောက် ဟွန်ယွမ်စွမ်းအားများမှာ ရန်ရှောက်ထျန်း၏ ခန္ဓာကိုယ်အတွင်းသို့စီးဝင်လာပြီး သူ၏နတ်ဘုရားပင်လယ် ကမ္ဘာအတွင်းသို့ ဆက်တိုက် စုစည်းသွားကြကာ ခဏအကြာတွင်ဒုတိယမြောက် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာမှာ နောက်ဆုံး၌ ဖြစ်ပေါ်လာခဲ့လေပြီ။
ဒုတိယမြောက် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာဖြစ်ပေါ်လာသည်နှင့်အမျှ ဟွန်ယွမ်ကောင်း ကင်ကံကြမ္မာနှစ်ခု၏စွမ်းအားကြောင့် ရန်ရှောက်ထျန်း၏ နတ်ဘုရားပင်လယ်ကမ္ဘာမှာ အဆက်မ ပြတ် တုန်ခါနေတော့သည်။
သို့သော် ရန်ရှောက်ထျန်း၏ နတ်ဘုရားပင်လယ် စစ်မှန်သောစွမ်းအားမှာ လုံလောက်အောင် နက်ရှိုင်းလှသလို သူ၏နတ်ဘုရားပင်လယ်ကမ္ဘာမှာလည်း အလွန်တရာခိုင်မာလှသဖြင့် သူ၏ နတ်ဘု ရားပင်လယ်ကမ္ဘာမှာဟွန်ယွမ်ကောင်းကင်ကံကြမ္မာနှစ်ခု၏ စွမ်းအားကို အပြည့်အဝ တောင့်ခံနိုင်စွမ်း ရှိလေသည်။
ဟွန်ယွမ်ကောင်းကင်ကံကြမ္မာနှစ်ခုမှာ မည်မျှပင်ရုန်းကန်နေပါစေ၊ မည်သည့်ပြဿနာမျှ မရှိပေ။
ဟွန်ယွမ်ကောင်းကင်ကံကြမ္မာနှစ်ခုမှာ ရန်ရှောက်ထျန်း၏ နတ်ဘုရားပင်လယ်ကမ္ဘာအထက် တွင် လွတ်လပ်စွာ ပျံဝဲနေကြလေသည်။
ခဏမျှ ပြန်လည်အနားယူပြီးနောက် သူလှုပ်ရှားနိုင်လာသောအခါ ရန်ရှောက်ထျန်းသည် ခြောက်ဆင့်မိုးကြိုးဘေးဒုက္ခမိုးကြိုးရေကိုတစ်ငုံမျိုချလိုက်ပြီး ကမ္ဘာဦးမူလနဂါးကျင့်စဉ်ကို အသက် သွင်းလိုက်ရာ သူ၏ဒဏ်ရာများမှာ တဖြည်းဖြည်းပြန်လည် သက်သာလာခဲ့လေသည်။
ရန်ရှောက်ထျန်း မတ်တပ်ရပ်လိုက်ပြီး သူ၏ခြေလက်များကို ဆန့်ထုတ်လိုက်ကာ ဟွန်ယွမ် စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် ထိုစိတ်ကို ထိန်းချုပ်လိုက်လေသည်။
ပြီးခဲ့သည့်အကြိမ်က ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ ကောင်းကင်ကံကြမ္မာနှစ်ခုကို ဆင့်ခေါ်ပြီး သူတို့၏စွမ်းအားကိုစမ်းသပ်ကြည့်ရန် တစ်ခုတည်း၏စွမ်းအားပင် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်ဖြစ်ရာ အကယ်၍ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ နှစ်ခု၏ စွမ်းအားသာဆိုလျှင် ဖျက်ဆီးမှုမှာပို၍ပင် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဖြစ်ပြီး လူသားများ နေထိုင်ရာ မြို့များကိုပင် သက်ရောက်မှု ရှိသွားနိုင်သောကြောင့် ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် သူကိုယ်သူပြင်ဆင်လိုက်ပြီး သူ၏ အမေကိုယ်တိုင် ချုပ်ပေးထားသော အဝတ်အစားများကို ဝတ်ဆင်ကာ အင်ပါယာ မြို့တော်ဆီသို့ ပြန်လည် ပျံသန်းသွားလေသည်။
သူ၏ နတ်ဘုရားပင်လယ်ကမ္ဘာမှာ ယခုအခါအလွန်တရာခိုင်မာနေပြီ ဖြစ်သော်လည်း သူ၏ နတ်ဘုရားပင်လယ် စစ်မှန်သောစွမ်းအားမှာ တတိယမြောက် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကို တောင့်ခံရန်အတွက် အလွန်တရာလိုအပ်နေသေးသည်ဖြစ်ရာ သူသည်ဧကရာဇ်အဆင့် တတိယအ လွှာသို့တက်လှမ်းနိုင်မှသာ တတိယမြောက်ဟွန်ယွမ်ကောင်းကင်ကံကြမ္မာကို တောင့်ခံနိုင်ပေလိမ့် မည်။
ရန်ရှောက်ထျန်း နတ်ဘုရားအိမ်တော်သို့ပြန်ရောက်သောအခါ အပြင်ဘက်တွင် မိုးလင်းနေပြီ ဖြစ်လေသည်။
“အစ်ကိုကြီး... ဘယ်တွေသွားနေတာလဲ။ ညီမလေးအစ်ကိုကြီးကို ရှာနေတာကြာလှပြီ” ရန်လင်အာမှာ အဝေးမှ လမ်းလျှောက်လာရင်း ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ” ဟု ရန်ရှောက်ထျန်းက မေးလိုက်သည်။
“အစ်ကိုကြီးက ညီမလေးသိုင်းဧကရာဇ်အဆင့်ကိုရောက်ရင် ဝိညာဉ်သားရဲတောအုပ်ကို ခေါ်သွားပြီး ဝိညာဉ်သားရဲဖမ်းပေးမယ်လို့ ပြောထားတယ်လေ” ဟု ရန်လင်အာက ဝမ်းသာအားရ ပြုံးလျက်မေးလိုက်သည်။
“ညီမလေးမနေ့ညကပဲ သိုင်းဧကရာဇ်အဆင့်ကိုအောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ” ဟု ပြောရင်း သူမ၏ သိုင်းဧကရာဇ်အရှိန်အဝါကို ထုတ်ဖော်ပြလိုက်လေသည်။
ရန်ရှောက်ထျန်းမှာအံ့အားသင့်သွားသည်၊ ထိုမိန်းကလေးဧကရာဇ်အဆင့်သို့ ဤမျှ မြန်ဆန်စွာ တက်လှမ်းနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ၊ သူက ပြုံးလိုက်ပြီး -
“ကောင်းပြီ... ဒါဆိုရင်ပြင်ဆင်ထားလိုက်၊ မနက်ဖြန် အစ်ကိုတို့ဝိညာဉ်သားရဲတောအုပ်ကို သွားကြမယ်”
“အစ်ကိုကြီး... ညီမလေးအခုချက်ချင်းသွားချင်တာ”
ရန်လင်အာက ရန်ရှောက်ထျန်း၏လက်မောင်းကို ဆွဲကာ ပြောလိုက်သည်။
သေချာပေါက်ပင် သူမသည်သူမကိုယ်ပိုင်ဝိညာဉ်ကွင်းဆက်ရရှိရန်အတွက် စိတ်လှုပ်ရှား နေခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းမှာ သူမ၏ဆွဲခါမှုကို ခံနေရသဖြင့် မတတ်နိုင်ဘဲ ပြုံးလိုက်မိသည်။
“ဒါဆိုရင် အနည်းဆုံးတော့ အစ်ကိုတို့မနက်စာစားပြီးမှ သွားရအောင်လေ၊ ဟုတ်တယ် မလား”
“ဟုတ်ကဲ့”
ရန်လင်အာက ချိုသာစွာပြုံးလိုက်ပြီးနောက်တိုးကပ်လာကာ ပြောလိုက်သည်။
“အစ်ကိုကြီး... ချန်ချန်နဲ့ စီနီယာအစ်မဝမ်နင်းတို့ကိုပါတစ်ခါတည်း ခေါ်သွားရင် ဘယ်လိုလဲ”
ရန်ရှောက်ထျန်း၏ နဖူးပေါ်တွင်အနက်ရောင်မျဉ်းများပေါ်လာပြန်တော့သည်၊ အကယ်၍ သူသာ ကျန်းချန်ချန်နှင့် ဝမ်နင်းတို့ကိုပါ ခေါ်သွားမည်ဆိုပါက ထိုမိန်းကလေး သုံးယောက်နှင့်အတူ သူ အေးအေးဆေးဆေး ကျင့်ကြံနိုင်တော့မည်မဟုတ်ပေ။
“မခေါ်တော့ပါဘူး၊ ခရီးကဝေးတယ်၊ ချန်ချန်နဲ့ စီနီယာအစ်မဝမ်နင်းတို့လည်း ကျင့်ကြံဖို့ လိုသေးတယ်လေ” ဟု ရန်ရှောက်ထျန်းက ပြောလိုက်သည်။
“ကောင်းပါပြီ”
ရန်လင်အာကလည်း ထပ်မံ၍ အတင်းအကျပ် မပြောတော့ပေ။
၎င်းက ရန်ရှောက်ထျန်းကို အသက်ပြင်းပြင်း ရှူထုတ်နိုင်စေခဲ့လေသည်။
ခဏအကြာတွင် သူတို့နှစ်ဦးမှာ သူတို့၏အမေဟွမ်ယင်းပြင်ဆင်ပေးသော မနက်စာကို စားသောက်ပြီးနောက် အင်ပါယာမြို့တော်မှထွက်ခွာခဲ့ပြီး ဝိညာဉ်သားရဲတောအုပ်ဆီသို့ ဦးတည်သွား ကြတော့သည်။
***