ယခုအကြိမ်ဝိညာဉ်သားရဲတောအုပ်သို့သွားရာတွင် ရန်ရှောက်ထျန်းသည် လူအများကြီး မခေါ် ခဲ့ပေ၊ မိစ္ဆာမျောက်ဝံကြီးနှင့် အမှောင်နဂါးတို့ကိုသာခေါ်ဆောင်သွားခဲ့ခြင်းဖြစ်လေသည်။
သို့သော် လမ်းတွင်ရန်ရှောက်ထျန်းသည်ချန်ဆန်းစံအိမ်တော်သို့ တစ်ခေါက်ပြန်ဝင်ခဲ့လေ သည်။
ပြီးခဲ့သည့်အကြိမ်က ကျန်းယုံကျန်းသည် သူနတ်ဘုရားနယ်မြေမဟာပြိုင်ပွဲတွင် ထိပ်သီး ဆယ်ယောက်စာရင်းထဲဝင်ခဲ့မည်ဆိုပါက အပိုဆုအနေဖြင့်နတ်ဘုရားအဆင့် ဆေးလုံးတစ်လုံး ပေး မည်ဟုပြောခဲ့သော်လည်း ကျန်းယုံကျန်းမှာထိုနတ်ဘုရားအဆင့်ဆေးလုံးကို သူ့အားမပေးရသေး ခြင်းဖြစ်လေသည်။
ထို့ကြောင့် သူသည် ကျန်းယုံကျန်းထံမှ ထိုနတ်ဘုရားအဆင့်ဆေးလုံးကိုတောင်းရန်အတွက် ချန်ဆန်းစံအိမ်တော်သို့ ပြန်ဝင်ခဲ့ခြင်းဖြစ်လေသည်။
ကျန်းယုံကျန်းက ရန်ရှောက်ထျန်းပြန်လာသည်ကိုမြင်သောအခါ ဘာမှမပြောဘဲ ထိုနတ် ဘုရားအဆင့်ဆေးလုံးကို ချက်ချင်းပေးလိုက်လေသည်။
ရန်ရှောက်ထျန်းမှာ အကြာကြီးမနေခဲ့ပေ၊ နတ်ဘုရားအဆင့်ဆေးလုံးကိုယူပြီးနောက် သူ၏ ညီမလေး၊ အမှောင်နဂါးတို့နှင့်အတူ ခရီးကိုဆက်လက်ထွက်ခွာခဲ့လေသည်။
ဝိညာဉ်သားရဲတောအုပ်သို့ သွားမည့်ခရီးမှာမနီးလှသဖြင့် သူတို့မြန်မြန်သွားရမည် ဖြစ်လေ သည်။
သို့သော် ကမ်းရိုးတန်းအင်ပါယာအချို့၏နယ်စပ်များကိုဖြတ်ကျော်စဉ်တွင် အင်ပါယာအသီး သီး၏နယ်စပ်များမှာ အင်အားကြီးရန်သူနှင့်ရင်ဆိုင်နေရသကဲ့သို့ တင်းကျပ်စွာစောင့်ကြပ်နေကြ သည်ကို မြင်တွေ့လိုက်ရလေသည်။
၎င်းကို မြင်သောအခါ မိစ္ဆာမျောက်ဝံကြီးက ပြောလိုက်သည်။
“အခုရက်ပိုင်း ချန်ဆန်းတိုက်ကြီးရဲ့ကမ်းရိုးတန်းဒေသတွေက သိပ်ပြီးမအေးချမ်းလှဘူး။ ပင်လယ်ရပ်ခြားနိုင်ငံအသီးသီးကကျူးကျော်ဝင်ရောက်ပြီး သယံဇာတတွေကိုလုယက်ဖို့ ခဏခဏ လာနေကြတယ်”
“ပင်လယ်ရပ်ခြားနိုင်ငံတွေဟုတ်လား”
ရန်ရှောက်ထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
အခုရက်ပိုင်း သူသည်တံခါးပိတ်ကျင့်ကြံနေသဖြင့် ထိုကိစ္စများကိုဂရုမပြုမိခဲ့ခြင်း ဖြစ်လေ သည်။
မိစ္ဆာမျောက်ဝံကြီးက ခေါင်းညိတ်ပြလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်တွေက မသေနိုင်သောသေမင်းနတ်ဘုရားနဲ့ ဟွန်ချွမ်ဂိတ်တို့ကပြဿနာတွေ ရှာနေကြတာကို အခွင့်ကောင်းယူပြီးပင်လယ်ရပ်ခြားနိုင်ငံအသီးသီးက ကျွန်တော်တို့ ချန်ဆန်းတိုက် ကြီးရဲ့ ကမ်းရိုးတန်းဒေသတွေကိုလုယက်ဖို့ ခဏခဏလာနေကြတာပါ”
ပင်လယ်ရပ်ခြားနိုင်ငံများအကြောင်းကိုပြောလိုက်သောအခါ အမှောင်နဂါး၏မျက်လုံး များ မှာလည်း အေးစက်သွားပြီး ရွံရှာသောအမူအရာများပြည့်နှက်နေတော့သည်။
“ပင်လယ်ရပ်ခြားနိုင်ငံတွေက ရည်မှန်းချက်ကြီးမားပြီး အမြဲတမ်းဂဏာမငြိမ်ဖြစ်နေကြ တာ။ သူတို့ကကျွန်တော်တို့ချန်ဆန်းတိုက်ကြီးဆီကို သယံဇာတတွေလုယက်ဖို့ ခဏခဏလာနေ ကြတာပဲ”
မိစ္ဆာမျောက်ဝံကြီးက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“ပင်လယ်ရပ်ခြားနိုင်ငံတွေက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေမဲ့ သူတို့ရဲ့ အစွမ်း ကမနည်းလှဘူး။ ချန်ဆန်းစံအိမ်တော်တောင်မှဘာမှမတတ်နိုင်ဘူး။ ဟိုတုန်းက ချန်ဆန်းအရှင်သခင် ကိုယ်တိုင်တောင်မှ ပင်လယ်ရပ်ခြားက ဖုံးကွယ်နေတဲ့အန္တရာယ်တွေကို မဖြေရှင်းနိုင်ခဲ့ဘူး”
ရန်ရှောက်ထျန်း ခေါင်းညိတ်ပြလိုက်သည်။
သူသည် ပင်လယ်ရပ်ခြားနိုင်ငံများအကြောင်းကို အနည်းငယ်သိထားလေသည်။
ချန်ဆန်းတိုက်ကြီး၏အလွန်တွင် အတိုင်းအဆမဲ့သောပင်လယ်ပြင်ကြီး ရှိလေသည်။
ထိုပင်လယ်ပြင်ကြီးအတွင်းတွင် နိုင်ငံပေါင်းသောင်းနှင့်ချီရှိလေသည်။
ထိုနိုင်ငံများသည် ချန်ဆန်းတိုက်ကြီးကိုအမြဲတမ်း တပ်မက်နေခဲ့ကြပြီး ချန်ဆန်းတိုက်ကြီး၏ ကမ်းရိုးတန်းအင်ပါယာများကို ကျူးကျော်ရန်အတွက်စစ်တပ်များကို ခဏခဏစေလွှတ်လေ့ရှိကြ လေသည်။ တစ်ခါတစ်ရံတွင် သူတို့သည် ကမ်းရိုးတန်းမြို့အချို့ကိုတိုက်ခိုက်ပြီး သယံဇာတများကို လုယက်တတ်ကြလေသည်။
ပို၍ ရွံစရာကောင်းသည်မှာ သယံဇာတများကိုလုယက်ပြီးနောက် ထိုလူများသည် သူတို့ တွေ့သမျှ လှပသောအမျိုးသမီးများကို တိုက်ရိုက်ပြန်ပေးဆွဲသွားလေ့ရှိကြခြင်းဖြစ်လေသည်။
ထိုအမျိုးသမီးများ၏ ကံကြမ္မာကိုခန့်မှန်းကြည့်နိုင်လေသည်၊ သူတို့မှာပုံမှန်အားဖြင့် အရှက် ခွဲခံရပြီး သေဆုံးသွားတတ်ကြလေသည်။
၎င်းတင်မကဘဲ ချန်ဆန်းတိုက်ကြီးမှ ကုန်သည်အဖွဲ့များပင်လယ်ထဲသို့ သွားကြမည်ဆိုပါက ပင်လယ်ရပ်ခြားနိုင်ငံများကသိရှိသွားလျှင် ထိုကုန်သည်အဖွဲ့များကို ကြားဖြတ်တိုက်ခိုက်ရန်အတွက် စစ်တပ်များကို စေလွှတ်လေ့ရှိကြလေသည်။
ထို့ကြောင့် ချန်ဆန်းတိုက်ကြီးနှင့် ပင်လယ်ရပ်ခြားနိုင်ငံများမှာ ရှေးယခင်ကတည်းက ရန်ငြိုး ရန်စများရှိနေခဲ့ခြင်းဖြစ်လေသည်။
“ပင်လယ်ရပ်ခြား နိုင်ငံတွေ...” ဟု ရန်ရှောက်ထျန်းက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူသည် ဓားပေါင်းတစ်သောင်းတိုက်ကြီးသို့ သွားမည်ဆိုပါက အတိုင်းအဆမဲ့သောပင်လယ် ပြင်ကြီးကိုဖြတ်ကျော်ရမည်ဖြစ်ရာ ၎င်းမှာပင်လယ်ရပ်ခြားနိုင်ငံများကိုဖြတ်ကျော်ရမည်ဟု ဆိုလို ခြင်းဖြစ်လေသည်။
ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများဖြင့်မောင်းနှင်ထားသဖြင့် တွင်းနက်ကြီးပျံသန်း ရေးယာဉ်မှာ ဝိညာဉ်သားရဲတောအုပ်ဆီသို့ ဆက်တိုက်ချဉ်းကပ်သွားလေသည်။
ရန်ရှောက်ထျန်းသည် ကျန်းယုံကျန်းပေးလိုက်သောနတ်ဘုရားအဆင့် ဆေးလုံးကို နတ်ဘုရားသစ်ပင်ဆီသို့ တိုက်ရိုက်ကျွေးလိုက်လေသည်။ နှစ်ရက်အကြာတွင် အသက်ပင်နတ်ဘုရား အသီးနှစ်လုံး ထွက်ပေါ်လာခဲ့လေပြီ။
ထို့ကြောင့် ခရီးသွားနေစဉ်အတွင်း ရန်ရှောက်ထျန်းသည် အသက်ပင်နတ်ဘုရားအသီးများ ကို စားသုံးပြီးကျင့်ကြံနေတော့သည်။
လမ်းတွင် မိစ္ဆာမျောက်ဝံကြီးနှင့် အမှောင်နဂါးတို့က ရန်လင်အာကို ကျင့်ကြံမှုများလမ်းညွှန် ပေးခဲ့ကြလေသည်။
ကြီးကျယ်သောပညာရှင်ကြီးနှစ်ဦး၏ လမ်းညွှန်မှုအောက်တွင် ရန်လင်အာ၏ကျင့်ကြံမှုမှာ အံ့မခန်းတိုးတက်လာခဲ့လေသည်။ သူမ၏ဓားသိုင်းနှင့် အခြားသောနတ်ဘုရားစွမ်းရည်များ အားလုံး မှာ လျင်မြန်စွာတိုးတက်လာခဲ့လေပြီ။
ရန်ရှောက်ထျန်းသည် အသက်ပင်နတ်ဘုရားအသီးနှစ်လုံးကို သန့်စင်ပြီးနောက်တွင် သူတို့ သည် နောက်ဆုံး၌ဝိညာဉ်သားရဲတောအုပ်သို့ ရောက်ရှိလာခဲ့ကြလေသည်။
သို့သော် ဧကရာဇ်အဆင့်ဒုတိယအလွှာအလယ်ပိုင်းသို့တက်လှမ်းပြီးနောက်တွင် ရှေ့သို့ ဆက်လက်တက်လှမ်းရန် ပိုမိုခက်ခဲလာခဲ့လေသည်။ အသက်ပင်နတ်ဘုရားအသီး နှစ်လုံးကို သန့်စင် ပြီးနောက်တွင် ရန်ရှောက်ထျန်းသည်ဧကရာဇ်အဆင့်ဒုတိယအလွှာအဆုံးပိုင်းသို့သာ တက်လှမ်း နိုင်ခဲ့လေသည်။
သူသည် ဧကရာဇ်အဆင့်တတိယအလွှာသို့ တက်လှမ်းရန်ခြေတစ်လှမ်းသာ လိုတော့ လေသည်။
“သခင်လေး... ရှေ့ကဝိညာဉ်သားရဲတောအုပ်ပါပဲ” ဟု မိစ္ဆာမျောက်ဝံကြီးက လျှို့ဝှက် အခန်းပြင်ပမှ ပြောလိုက်သည်။
ရန်ရှောက်ထျန်းသည် လျှို့ဝှက်အခန်းအတွင်းမှထွက်လာပြီး သူ၏ရှေ့ရှိ ဝိညာဉ်သားရဲ တောအုပ်ကိုကြည့်ကာ လွန်ခဲ့သောနှစ်အနည်းငယ်ကအနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်ကို ဖမ်းဆီး ခဲ့သည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်လာခဲ့လေသည်။
ထိုမြင်ကွင်းမှာ ယခုထက်တိုင်မျက်စိထဲတွင်ရှိနေဆဲဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်အနည်းငယ် ကုန်ဆုံးသွားခဲ့လေပြီ။
သူသည် တွင်းနက်ကြီးပျံသန်းရေးယာဉ်ကိုသိမ်းဆည်းလိုက်ပြီး တခြားသူများနှင့်အတူ လေထဲမှ ပျံသန်းသွားလေသည်။
ဝိညာဉ်သားရဲတောအုပ်မှာ လွန်ခဲ့သောနှစ်များကအတိုင်းပင်ဖြစ်နေပြီး မည်သည့်အပြောင်း အလဲမျှ မရှိပေ။ လမ်းတောက်လျှောက်တွင် ဝိညာဉ်သားရဲတောအုပ်အတွင်းသို့ ဝိညာဉ်သားရဲ ဖမ်းရန် ဝင်လာကြသော တပည့်များကို နေရာတိုင်းတွင်တွေ့မြင်နိုင်လေသည်။
ထိုတပည့်များမှာ ဗုဒ္ဓအစဦးအင်ပါယာ၊ နတ်နဂါးအင်ပါယာနှင့် နတ်ဘုရားပေါင်း တစ် သောင်းအင်ပါယာတို့မှတပည့်များဖြစ်ကြလေသည်။
ရန်ရှောက်ထျန်းသည် ယခုအကြိမ်တွင် သူ၏ညီမလေးအတွက် သက်တမ်းတစ်သိန်းကျော် ရှိသောဝိညာဉ်သားရဲတစ်ကောင်ကိုရွေးချယ်ပေးရန်လိုအပ်သည်ဖြစ်ရာ ရန်ရှောက်ထျန်းနှင့် တခြား သူများမှာ ဝိညာဉ်သားရဲတောအုပ်၏ အနက်ရှိုင်းဆုံးနေရာသို့ ဆက်လက်ပျံသန်းသွားကြလေသည်။
ညချမ်းအချိန်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့လေပြီ။
ရန်ရှောက်ထျန်းက ကောင်းကင်ကိုကြည့်ကာ ပြောလိုက်သည်။
“ဒီည နားဖို့ နေရာတစ်ခုရှာကြရအောင်၊ မနက်ဖြန်မှခရီး ဆက်ကြတာပေါ့”
ထို့ကြောင့် သူတို့သည်တောင်တန်းဒေသတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပြီး မီးပုံတစ်ခုကို ဖိုလိုက်ကြကာ မိစ္ဆာမျောက်ဝံကြီးကဝိညာဉ်သားရဲငယ်တစ်ကောင်ကို သွားရောက်ဖမ်းဆီးခဲ့ပြီး မီးပုံပေါ်တွင်ကင်လိုက်လေသည်။
အနံ့မှာ အလွန်တရာဆွဲဆောင်မှု ရှိလှပေသည်။
ရန်ရှောက်ထျန်းက သူ၏ညီမလေးရန်လင်အာအတွက် သားရဲခြေထောက်တစ်ဖက်ကို လှီးပေးလိုက်လေသည်။
သူတို့ စားသောက်နေစဉ်မှာပင် အဝေးမှတပည့်အုပ်စုတစ်စုလမ်းလျှောက်လာကြသည်ကို တွေ့လိုက်ရလေသည်။
အစပိုင်းတွင် ရန်ရှောက်ထျန်းမှာ သိပ်ပြီးဂရုမစိုက်ခဲ့သော်လည်း အမျိုးသမီးတပည့်တစ်ဦး ကိုမြင်လိုက်ရသောအခါ သူသည်မနေနိုင်ဘဲရပ်တန့်သွားပြီး သူမကိုအသေအချာစိုက်ကြည့်နေမိ တော့သည်။
ရန်လင်အာမှာ သူမ၏အစ်ကိုဖြစ်သူ၏ ထူးဆန်းသောအပြုအမူကိုမြင်သောအခါ လှည့် ကြည့်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ထိတ်လန့်တကြားအော်ဟစ်လိုက်လေသည်။
“အစ်မ ချင်းရွှမ် ပဲ... အစ်မချင်းရွှမ်” ဟု ပြောရင်း သူမကလက်ကိုအပြင်းအထန် ဝှေ့ယမ်း လိုက်ကာ အလွန်တရာဝမ်းသာသွားတော့သည်။
အမျိုးသမီးတပည့်မှာ အော်ဟစ်သံကိုကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်လေသည်။ ရန်လင်အာကို မြင်လိုက်ရသောအခါ သူမ၏လှပသော မျက်နှာတွင်လည်း အံ့ဩသော အမူအရာများ တို့ကပေါ်လာတော့သည်။
“ညီမလေး လင်အာ” ဟု ပြောရင်း သူမကအမြန်လမ်းလျှောက်လာခဲ့လေသည်။
ရောက်ရှိလာသူမှာ ပန်းပေါင်းတစ်ရာအမျိုးသမီးဓားနတ်ဘုရားမကို ဆရာအဖြစ် တင်မြှောက်ထားပြီး ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းသို့ဝင်ရောက်ခဲ့သော နဂါးချင်းရွှမ်လေး ဖြစ်နေလေသည်။
ရန်ရှောက်ထျန်းသည် နဂါးချင်းရွှမ်လေးလမ်းလျှောက်လာသည်ကိုမြင်သောအခါ သူ၏ ညီမလေးနှင့်အတူ မတ်တပ်ရပ်လိုက်လေသည်။
သူသည် နဂါးချင်းရွှမ်လေးကို စိုက်ကြည့်နေမိတော့သည်။
နှစ်အနည်းငယ် ကြာပြီးနောက်တွင် ထိုစဉ်ကတည်းက ဝေးကွားသွားခဲ့ရသည့်မိန်းကလေး ငယ်လေးဖြစ်ခဲ့သော နဂါးချင်းရွှမ်လေးမှာ ယခုအခါတွင် အင်မတန်ချောမောလှပသော အမျိုးသမီး ငယ်လေးတစ်ဦးအဖြစ်ကြီးပြင်းလို့လာခဲ့လေပြီဖြစ်သည်၊ သူမသည်သူ၏ညီမလေး ရန်လင်အာ ထက်ပင် ပို၍အရပ်ရှည်ကာ ၁.၇ မီတာခန့်ပင်မြင့်လေသည်။
သူမ၏ လှပသောမျက်လုံးလေးများမှာတောက်ပနေပြီး အသားအရေမှာလည်း အလွန်တရာ လှပနေတော့သည်။ အလှအပနှင့်ပတ်သက်လျှင်နဂါးချင်းရွှမ်လေးမှာ ကျန်းချန်ချန် သို့မဟုတ်မင်းသ မီးဝမ်နင်းတို့နှင့်ယှဉ်လျှင်ပင် နိမ့်ကျမှုမရှိပေ။
နဂါးချင်းရွှမ်လေး လမ်းလျှောက်၍လာပြီးနောက် သူမနှင့်ရန်လင်အာတို့မှာ တွေ့ဆုံသည့် အခိုက်မို့ စိတ်လှုပ်ရှားစွာဖြင့်ဖက်လိုက်ကြလေသည်။
သူမသည် ဤနေရာတွင် ရန်လင်အာနှင့်တွေ့ဆုံရလိမ့်မည်ဟု အမှန်တကယ်မထင်ထားခဲ့ပေ။
“ညီမလေးလင်အာ... ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား” ဟု နဂါးချင်းရွှမ်လေးက ဝမ်းသာ အားရမေးလိုက်သည်။
ရန်လင်အာက ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြုံးကာပြောလိုက်သည်။
“ညီမလေးအဆင်ပြေပါတယ်၊ အစ်မချင်းရွှမ်ကိုအရမ်းသတိရနေတာပါ၊ ညီမရဲ့အစ်ကို ကလည်းအစ်မကိုခဏခဏသတိရနေတာပါ” ဟု ပြောရင်း သူမကရန်ရှောက်ထျန်းကို နဂါးချင်းရွှမ် လေးအား ညွှန်ပြလိုက်လေသည်။
“ညီမအစ်ကိုနဲ့ အစ်မတို့မတွေ့ဖြစ်တာနှစ်အနည်းငယ်ရှိပြီမဟုတ်လား။ အစ်မက ညီမလေး အစ်ကိုကို မှတ်မိသေးရဲ့လားဆိုတာ ညီမသိချင်မိတယ်”
နဂါးချင်းရွှမ်လေးက သူညွန်ပြရာသို့ကြည့်လိုက်ရာ ရန်ရှောက်ထျန်း၏မျက်လုံးများနှင့် ဆုံတွေ့သွားတော့သည်။ ချက်ချင်းဆိုသလိုပင်နဂါးချင်းရွှမ်လေး၏နှလုံးသားတို့မှာ ရပ်တန့်၍မရနိုင် တော့ သကဲ့သို့ ရင်ခုန်သံများတို့မှာလည်းမြန်ဆန်သွားလေတော့သည်။ သူမသည် ရန်ရှောက် ထျန်းကိုကြည့်ကာ အနည်းငယ်ရှက်ကိုးရှက်ကန်းလေး ဖြစ်သွားတော့သည်။
ထိုအခိုက်သူသည်မခို့တရို့အကြည့်လေးဖြင့်ကြည့်ရင်း…
“သခင်လေး ရှောက်ထျန်း”
လွန်ခဲ့သော နှစ်ပေါင်းများစွာကလမင်းနီတောအုပ်တွင် ရန်ရှောက်ထျန်းနှင့် ပထမဆုံးတွေ့ဆုံ ခဲ့စဉ်ကလည်း သူမသည် သူ့ကိုသခင်လေးရှောက်ထျန်း ဟု ခေါ်ခဲ့ခြင်း ဖြစ်လေသည်။
နှစ်အနည်းငယ် ကြာပြီးနောက်တွင် ဤရင်းနှီးနေသော “သခင်လေး ရှောက်ထျန်း” ဟူသော အခေါ်အဝေါ်ကိုကြားလိုက်ရသဖြင့် ရန်ရှောက်ထျန်း၏နှလုံးသားတို့မှာလည်းနွေးထွေးလို့သွားပြီး သူကစိုက်ကြည့်ရင်းဖြင့် ပြုံးလိုက်ကာ
“ညီမလေး ချင်းရွှမ်”ဟုခေါ်လိုက်လေသည်။
နဂါးချင်းရွှမ်လေးနှင့်အတူ လိုက်ပါလာသောပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ တပည့် များမှာ နဂါးချင်းရွှမ်လေး ဤသို့ဖြစ်နေသည်ကိုမြင်သောအခါအံ့အားသင့်သွားကြလေသည်။
လူတိုင်း၏အမြင်တွင် ညီမလေးနဂါးမှာအမြဲတမ်းတည်ငြိမ်ပြီး အလေးအနက်ရှိလှသော် လည်း ယနေ့တွင်မူ လူငယ်လေးတစ်ဦး၏ရှေ့တွင်ရှက်နေသည်တဲ့လား။
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှ အမျိုးသားတပည့်တစ်ဦးဖြစ်သော တိန်းချွမ်းမှာ ၎င်းကို မြင်သောအခါ ပို၍ပင်မနာလိုဖြစ်သွားပြီး မေးလိုက်သည်။
“ညီမလေး နဂါး... ဒီနှစ်ယောက်ကဘယ်သူတွေလဲ”
နဂါးချင်းရွှမ်လေးမှာ ပန်းပေါင်းတစ်ရာအမျိုးသမီးဓားနတ်ဘုရားမ၏ တိုက်ရိုက်တပည့် တစ်ဦးဖြစ်သလို၊ နတ်နဂါးအင်ပါယာမှမင်းသမီးတစ်ပါးလည်းဖြစ်လေသည်။ သူမတွင် အဆင့် အတန်းနှင့်ပါရမီရှိနေသဖြင့် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းတွင် သူမကိုသဘောကျသူများ မနည်း လှပေ၊ တိန်းချွမ်းမှာလည်း ထိုသူများထဲမှတစ်ဦးဖြစ်လေသည်။
နဂါးချင်းရွှမ်လေးက ရန်ရှောက်ထျန်းကိုကြည့်လိုက်ရာ သူမ၏လှပသော မျက်လုံးများမှာ တောက်ပလို့နေတော့သည်။
“သခင်လေး ရှောက်ထျန်း နဲ့ ညီမလေးလင်အာတို့က ငါ့ရဲ့သူငယ်ချင်းတွေပါ၊ ငါတို့က ငယ်ငယ်ကတည်းကသိခဲ့ကြတာလေ”
ငယ်ငယ်ကတည်းက သိခဲ့ကြတာ ဟုတ်လား။
ဒါဆိုရင် ငယ်သူငယ်ချင်းတွေလို့ ဆိုလိုတာလား။
***