မိစ္ဆာမျောက်ဝံကြီးသည် ချက်ချင်းဆိုသလိုပင် ကောင်းကင်ဖျက်ဆီးမိစ္ဆာဘိုးဘေးကို လျှို့ ဝှက်နည်းလမ်းဖြင့်ဆက်သွယ်လိုက်ပြီး ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းနှင့် လွန်ခဲ့သောနှစ်အနည်း ငယ်အတွင်း ထိုဂိုဏ်းအတွင်းရှိနဂါးချင်းရွှမ်လေး၏အခြေအနေများကိုစုံစမ်းရန် ခိုင်းစေလိုက် လေသည်။
မိစ္ဆာမျောက်ဝံကြီးသည် ရန်ရှောက်ထျန်းကိုကောင်းကောင်းသိထားလေသည်၊ သူတို့၏ သခင်လေးမှာ ယခုအကြိမ်တွင်အလေးအနက်ရှိနေကြောင်း သူ နားလည်ထားလေသည်၊
သူသည် သူတို့၏သခင်လေးက အမျိုးသမီးတစ်ဦးအပေါ် ဤမျှအထိအလေးထားသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ချင်းရွှမ်လေးမှာ သခင်လေး၏ ထိမရသော အကြေးခွံဖြစ်နေပုံရလေသည်။
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမက သူတို့သခင်လေး၏စကားကို အလေးထားလိုက်နာ လိမ့်မည်ဟု မျှော်လင့်ရပေလိမ့်မည်။
မဟုတ်လျှင် ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှာ သွေးချောင်းစီးသွားနိုင်လေသည်။
ရန်လင်အာမှာလည်း သူမ၏အစ်ကို စိတ်တိုနေသည်ကိုခံစားမိနေလေသည်၊ နဂါးချင်း ရွှမ်လေးမှာ သူမ၏အစ်ကိုအတွက် မည်မျှအထိအရေးပါကြောင်း သူမသိရှိထားလေ သည်။
ထိုသို့ဖြင့် ရန်ရှောက်ထျန်းနှင့်တခြားသူများမှာ တွင်းနက်ပျံသန်းရေးအာကာသယာဉ်ပေါ်သို့ တက်လိုက်ကြပြီး နတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာ မြို့တော်ဆီသို့အမြန်ဆုံး ပြန်လာခဲ့ ကြလေသည်။
ရန်ရှောက်ထျန်းနှင့် တခြားသူများနတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာ မြို့တော်သို့ ပြန်လာနေချိန်တွင် နဂါးချင်းရွှမ်၊ ဒူမေနှင့် အခြားသောပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ တပည့် များမှာလည်း ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြလေပြီ။
သူတို့ ပြန်ရောက်သည်နှင့် ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမသည် ဒူမေနှင့်တိန်းချွမ်းတို့ကို ချက်ချင်းခေါ်ယူပြီး ဝိညာဉ်သားရဲတောအုပ်ခရီးစဉ်အကြောင်းကို မေးမြန်းခဲ့လေသည်။
“မင်းတို့ ညီမလေးကဘယ်လိုဝိညာဉ်ကွင်းဆက်မျိုးကို စုစည်းခဲ့တာလဲ” ဟု ပန်းပေါင်း တစ်ရာ ဓားနတ်ဘုရားမက မေးလိုက်သည်။
ဒူမေက ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ခေါင်းငုံ့ကာ ပြောလိုက်သည်။
“ဆရာ့ကို လျှောက်တင်ပါတယ်၊ ကျွန်မတို့ဝိညာဉ်သားရဲတောအုပ်ကို ရောက်တဲ့အခါ ညီမလေးရဲ့ သူငယ်ချင်းနဲ့တွေ့ခဲ့ပါတယ်၊ အဲဒီသူငယ်ချင်းကပဲညီမလေးကိုဝိညာဉ်သားရဲ ဖမ်းပေး ခဲ့တာပါ။ အဲဒီအချိန်မှာကျွန်မတို့က အနားမှာမရှိနေလို့ ညီမလေးဘယ်လိုဝိညာဉ်ကွင်းဆက်မျိုး စုစည်းခဲ့သလဲဆိုတာ ကျွန်မတို့မသိပါဘူး”
“မင်းတို့ ညီမလေးရဲ့ သူငယ်ချင်းဟုတ်လား” ဟု ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“သူက အသက်ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်အရွယ်လူငယ်လေးတစ်ယောက်ပါ။ သူက နတ်နဂါးအင်ပါယာက စစ်မှန်သောနတ်နဂါးနတ်ဘုရားဂိုဏ်းကလို့ပြောပါတယ်၊ ညီမလေးနဲ့ ငယ်ငယ်ကတည်းကသိခဲ့ကြတာလို့လည်းပြောပါတယ်” ဟု ဒူမေက အမြန်ပြန်လည် လျှောက်တင် လိုက်လေသည်။
စစ်မှန်သောနတ်နဂါးနတ်ဘုရားဂိုဏ်း ဟုတ်လား။
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမကခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲမှာတော့ အလေးမထား ခဲ့ပေ။
“ဂိုဏ်းချုပ်... ညီမလေးရဲ့ အဲဒီ သူငယ်ချင်းက အရမ်းကို မောက်မာတာပါ” ဟု တိန်းချွမ်းက ထိုအချိန်တွင် မကျေမနပ်ဖြင့် ပြောလိုက်သည်။
“ကျွန်တော်က စကားတစ်ခွန်းပိုပြောမိတာကို သူကသူ့ရဲ့လက်အောက်ငယ်သားကို ကျွန် တော့်ရဲ့ ပါးစပ်ကို ဖြဲပစ်ဖို့ ခိုင်းစေခဲ့တာပါ”
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမက မျက်မှောင်ကြုတ်လိုက်ပြီး ဒူမေကို မေးလိုက်သည် -
“ဒါ အမှန်ပဲလား”
ဒူမေမှာ ဘာမှ ဖုံးကွယ်မထားရဲတော့ပေ။
“ဒါ အမှန်ပါပဲ”
သူမက ရှင်းပြတော့မည့်ဆဲဆဲတွင် တိန်းချွမ်းကထပ်မံ၍ကြားဖြတ်ပြောလိုက်ပြန်သည်။
“ကျွန်တော်တို့ ထွက်လာတဲ့အခါမှာ အဲဒီလူငယ်လေးကစီနီယာအစ်မကို ရုတ်တရက် ခေါ်ပြီး ဂိုဏ်းချုပ်ဆီကို ပြောခိုင်းချင်တဲ့ စကားတစ်ခွန်း ရှိတယ်လို့ ပြောခဲ့ပါတယ်”
“အို... ငါ့ဆီကို စကားပါးလိုက်တယ် ဟုတ်လား” ဟု ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမက ဒူမေကို မနေနိုင်ဘဲ ကြည့်လိုက်မိသည်။
ဒူမေမှာ ခက်ခဲနေပုံရလေသည်။
“သူ ဘာပြောခဲ့သလဲဆိုတာကို စကားလုံးတစ်လုံးချင်းစီအတိုင်း ငါ့ကိုပြောပြစမ်း”
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမ၏အသံမှာ မကျယ်လှသော်လည်း ငြင်းဆန်၍မရသော အရှိန်အဝါ ပါရှိနေလေသည်။
ဒူမေက စိတ်ကို တင်းထားပြီး ပြောလိုက်သည်။
“သူက ဆရာ့ကိုညီမလေးအပေါ်ကောင်းကောင်းဆက်ဆံဖို့ ပြောခိုင်းလိုက်တာပါ။ အကယ်၍ နောင်ကျရင်ညီမလေးက ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှာ တစ်ခုခုမတရားခံရတာ မျိုး ရှိခဲ့ရင်သူက...”
သူမသည် ဤနေရာတွင် စကား ရပ်သွားတော့သည်။
“သူက ဘာဖြစ်မှာလဲ”
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမ၏ လေသံမှာ အေးစက်မှုများ ပါရှိနေပြီ ဖြစ်လေသည်။
ဒူမေ စကားမဆုံးသေးသော်လည်း ၎င်းမှာကောင်းသောစကားမဟုတ်ကြောင်း သူမ ခန့်မှန်းမိနေလေသည်။
“သူကိုယ်တိုင် ကျွန်မတို့ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းကိုလာပြီး ရှင်းပြချက်တောင်း မယ်လို့ ပြောလိုက်တာပါ” ဟု ဒူမေက ရိုးသားစွာသာ လျှောက်တင်လိုက်ရတော့သည်။
“မောက်မာလိုက်တာ”
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမသည် ၎င်းကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဒေါသ တကြီးဖြင့် ဘေးရှိစားပွဲကိုလက်ဝါးဖြင့်ရိုက်ခွဲပစ်လိုက်လေသည်။
“ဂျူနီယာလေးတစ်ယောက်က ငါ့ကို သတိပေးရဲတယ် ဟုတ်လား”
“သူက ငါ့ကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သင်ပေးဖို့ ကြိုးစားနေတာလား”
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမ ဤမျှအထိဒေါသထွက်နေခြင်းမှာ မဆန်းလှပေ၊ သူမသည်သိက္ခာရှိလှသော အမျိုးသမီးဓားနတ်ဘုရားမတစ်ဦးဖြစ်ပြီး ချန်ဆန်းတိုက်ကြီးပေါ်ရှိ အစွမ်းထက်သောကျင့်ကြံသူအားလုံး၏လေးစားမှုကိုခံနေရသူဖြစ်သော်လည်း ယခုအခါ ဂျူနီယာ လေးတစ်ယောက်က သူမကို သတိပေးရဲသည်တဲ့လား။
“သူက သေတွင်းထဲကို တည့်တည့်တိုးဝင်ချင်နေတာပဲ” ဟု ပန်းပေါင်းတစ်ရာ ဓားနတ် ဘုရားမက တွေးမိလေလေ ပို၍ စိတ်တိုလာလေလေဖြစ်နေတော့သည်။
စစ်မှန်သောနတ်နဂါးနတ်ဘုရားဂိုဏ်းမှ ရှေးဟောင်းဘိုးဘေးနှင့် နတ်နဂါးအင်ပါယာ မိသားစု မှ ရှေးဟောင်းဘိုးဘေးတို့ပင်လျှင် သူမ၏ရှေ့တွင်ဝပ်တွားနေကြရခြင်း ဖြစ်လေသည်။
စစ်မှန်သောနတ်နဂါးနတ်ဘုရားဂိုဏ်းမှ တပည့်လေးတစ်ယောက်က သူမကိုသတိပေးရဲ သည်တဲ့လား။
“ဆရာ... အဲဒီ လူငယ်လေးက သာမန်မဟုတ်ပုံရပါတယ်” ဟု ဒူမေက ပြောလိုက်သည်။
“သူ့ရဲ့ လက်အောက်ငယ်သား နှစ်ယောက်က အရမ်းကို အစွမ်းထက်ပါတယ်”
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမသည် ဒူမေ၏စကားကို တိုက်ရိုက်လျစ်လျူရှုလိုက် ပြီးနောက် ဂိုဏ်းအကြီးအကဲတစ်ဦးကို ခေါ်ယူကာ အမိန့်ပေးလိုက်သည်။
“အခုကစပြီး နဂါးချင်းရွှမ်ကို ဂိုဏ်းရဲ့သယံဇာတတွေအသုံးမပြုခိုင်းနဲ့တော့။ သူမကို လစဉ်ပေးနေတဲ့ဆေးလုံးတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေကိုရပ်ဆိုင်းလိုက်၊ ပြီးတော့ သူမရဲ့ကျင့်ကြံ မှုကို လမ်းညွှန်ပေးနေတဲ့ ရှေးဟောင်းဘိုးဘေးအားလုံးကိုလည်း လမ်းမညွှန်ခိုင်းနဲ့တော့”
“ဒါ့အပြင် သူမကိုအမာခံတပည့်တွေရဲ့ဂူဗိမာန်ထဲကနေ ဖယ်ထုတ်လိုက်ပြီး အပြင်စည်း တပည့်တွေရဲ့ ဝင်းထဲမှာပဲနေခိုင်းလိုက်”
“အကယ်၍ သူမကဂိုဏ်းထဲကနေထွက်သွားဖို့ကြိုးစားရင် သူမရဲ့ကျင့်စဉ်တွေနဲ့ နတ်ဘုရား စွမ်းရည်တွေ အားလုံးကို ပြန်လည်သိမ်းဆည်းပစ်လိုက်စမ်း”
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမ၏ အေးစက်သောအသံမှာ ခန်းမဆောင်အတွင်း ပဲ့တင် ထပ်သွားတော့သည်။
ဂိုဏ်းအကြီးအကဲမှာ ဆွံ့အသွားသော်လည်း ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမ၏ ဖြူဖျော့ နေသောမျက်နှာကိုမြင်သောအခါ ဘာမှထပ်မပြောရဲတော့ဘဲ လေးစားစွာဖြင့်နာခံပြီး အမိန့်ကို ဆောင်ရွက်ရန် ထွက်ခွာသွားတော့သည်။
“အဲဒီ လူငယ်လေးက ငါ့ရဲ့ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းကို ကိုယ်တိုင်လာပြီး ရှင်းပြချက်တောင်းမယ်လို့မပြောခဲ့ဘူးလား” ဟု ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမက လှောင်ပြောင်လိုက်သည်။
“သူ ငါ့ရဲ့ ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းကို လာပြီး ရှင်းပြချက် တောင်းရဲမလားဆိုတာ ငါ သိချင်သေးတယ်”
အမှန်တကယ်တွင်မူ သူမ၏ လုပ်ရပ်များမှာ ထိုလူငယ်လေးကြောင့်သာမဟုတ်ပေ။
သူမသည် နဂါးချင်းရွှမ်ပြန်ရောက်လာသည်နှင့် သူမ၏သယံဇာတများ အားလုံးကို ရပ်ဆိုင်း ပစ်ရန် ကြိုတင်စီစဉ်ထားခဲ့ပြီးသားဖြစ်လေသည်။
ဒူမေသည် ပါးစပ်ကိုဟလိုက်ပြီး တစ်စုံတစ်ခုကိုပြောချင်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောဖြစ်တော့ပေ။
...
ရန်ရှောက်ထျန်းသည် သူ၏နတ်ဘုရားအိမ်တော်သို့ ပြန်ရောက်လာခဲ့လေပြီ။
နတ်ဘုရားအိမ်တော်သို့ပြန်ရောက်သည်နှင့် သူသည်ကောင်းကင်ဖျက်ဆီးမိစ္ဆာဘိုးဘေးကို စုံစမ်းမှုရလဒ်များကို မေးမြန်းခဲ့လေသည်။
ကောင်းကင်ဖျက်ဆီမိစ္ဆာဘိုးဘေးက စကားထစ်လျက် လျှောက်တင်လိုက်သည်။
“သခင်လေးကို လျှောက်တင်ပါတယ်၊ နဂါးချင်းရွှမ်လေး ပန်းပေါင်းတစ်ရာ နတ်ဘုရား ဂိုဏ်းကိုပြန်ရောက်ပြီးတဲ့နောက်မှာ ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမက သူမရဲ့သယံဇာတတွေ အားလုံးကိုရပ်ဆိုင်းပစ်လိုက်ပါတယ်၊ သူမကိုလစဉ်ပေးနေတဲ့ဆေးလုံးတွေနဲ့ ဝိညာဉ်ကျောက် တုံးတွေကိုမပေးတော့သလို သူမကိုလမ်းညွှန်ပေးနေတဲ့ ရှေးဟောင်းဘိုးဘေးအားလုံးကိုလည်း လမ်းမညွှန်ဖို့ တားမြစ်လိုက်ပါတယ်”
“ဒါ့အပြင် သူမကိုအမာခံတပည့်တွေရဲ့ဂူဗိမာန်ထဲကနေဖယ်ထုတ်လိုက်ပြီး အပြင်စည်း တပည့်တွေရဲ့ ဝင်းထဲမှာပဲနေခိုင်းထားပါတယ်”
ကောင်းကင်ဖျက်ဆီးမိစ္ဆာဘိုးဘေး၏ သတင်းပို့ချက်ကိုနားထောင်ပြီးနောက် ရန်ရှောက် ထျန်း၏ မျက်နှာအမူအရာမှာ ပို၍ ပို၍ အေးစက်လာတော့သည်။
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမက သူ၏စကားကို လုံးဝ အလေးမထားခဲ့ပုံရလေသည်။
“ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမက ဘာဖြစ်လို့ချင်းရွှမ်နဲ့အတူ ဝိညာဉ်သားရဲတော အုပ်ကို မလိုက်သွားခဲ့တာလဲဆိုတာ ခင်ဗျားသိလား” ဟု ရန်ရှောက်ထျန်းက ထပ်မံ၍ အေးစက်စွာ မေးလိုက်သည်။
“ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းကရှေးဟောင်းဘိုးဘေးကြီးက ရှေးဟောင်းနဂါးမျိုး နွယ် ကျင့်စဉ်တစ်ခုကို ရရှိခဲ့လို့ဖြစ်ပုံရပါတယ်၊ သူက အောင်မြင်မှု အမြန်ရချင်နေတာပါ။ ဒါကြောင့် သူက နဂါးမျိုးနွယ်သွေးပါတဲ့ နဂါးချင်းရွှမ်နဲ့အတူ ဒွန်တွဲကျင့်ကြံချင်နေတာပါ” ဟု ကောင်းကင်ဖျက်ဆီးမိစ္ဆာဘိုးဘေးက အသံကိုနှိမ့်ပြီးပြောလိုက်သည်။
“နဂါးချင်းရွှမ်က အဲဒါကို ငြင်းဆန်ခဲ့ပါတယ်”
၎င်းကို ကြားလိုက်ရသောအခါ ရန်ရှောက်ထျန်း၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားတော့သည်၊ သူသည်မိစ္ဆာမျောက်ဝံကြီးနှင့် အမှောင်နဂါးတို့ကို ပြောလိုက်သည်။
“ပြင်ဆင်ထားကြ၊ ငါတို့ ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းကို သွားမယ်”
“ဟုတ်ကဲ့ပါ သခင်လေး”
မိစ္ဆာမျောက်ဝံကြီးနှင့် အမှောင်နဂါးတို့ကလေးစားစွာပြောလိုက်ကြသည်၊ သူတို့၏ သတ်ဖြတ်လိုစိတ်များမှာလည်း ဟိန်းဟောက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ များမှာ အတိုင်းအဆမဲ့ ပျံ့နှံ့သွားတော့သည်။
“သခင်လေး... ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းက ဖူထုအင်ပါယာရဲ့ထိပ်တန်းဂိုဏ်း တစ်ခုပါ။ ကျွန်တော်တို့လူတွေပိုပြီးခေါ်သွားရင်ကောဘယ်လိုလဲ” ဟု ကောင်းကင်ဖျက်ဆီးမိစ္ဆာဘိုး ဘေးက အကြံပြုလိုက်သည်။
ရန်ရှောက်ထျန်းက ခေါင်းခါပြလိုက်သည် -
“မလိုပါဘူး”
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှာ ဖူထုအင်ပါယာ၏ထိပ်သီးဂိုဏ်းဆယ်ခုထဲမှ တစ်ခု ဖြစ်သော်လည်း ၎င်းမှာယင်လေဂိုဏ်း သို့မဟုတ်အဆိပ်နဂါးနန်းတော်တို့နှင့် နှိုင်းယှဉ်လျှင် အတော်လေး နိမ့်ကျနေဆဲဖြစ်လေသည်။
“အစ်ကိုကြီး... သတိထားပါနော်” ဟု ရန်လင်အာက စိုးရိမ်တကြီး ပြောလိုက်သည်။
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
ခဏအကြာတွင် ရန်ရှောက်ထျန်း၊ မိစ္ဆာမျောက်ဝံကြီးနှင့် အမှောင်နဂါးတို့မှာ လေထဲသို့ ပျံတက်သွားကြပြီး ကမ္ဘာ့အစွန်းသို့ပျောက်ကွယ်သွားကြတော့သည်။
အင်ပါယာမြို့တော်မှထွက်ခွာပြီးနောက် ရန်ရှောက်ထျန်းသည်တွင်းနက်ကြီးပျံသန်းရေး ယာဉ်ကို အသက်သွင်းလိုက်ပြီး ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းဆီသို့ အမြန်ဆုံးအရှိန်ဖြင့် ချဉ်းကပ်သွားလေသည်။
ဖူထုအင်ပါယာအတွင်းသို့ရောက်ရှိသောအခါ ရန်ရှောက်ထျန်းက မိစ္ဆာမျောက်ဝံကြီးကို ပြော လိုက်သည်။
“ကျုပ်ရဲ့ တိုကင်ကိုယူပြီး ယင်လေဂိုဏ်းကိုသွားလိုက်စမ်း။ ယင်လေဂိုဏ်းကို ကျုပ်ကို ကူညီဖို့အတွက် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းကိုလာဖို့ ပြောလိုက်”
“အဲဒီအချိန်ကျရင် ငါတို့ ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှာ ဆုံကြတာပေါ့”
သူ တောင်းဆိုလျှင် ယင်လေဂိုဏ်းမှာ သေချာပေါက် လာပေလိမ့်မည်။
မိစ္ဆာမျောက်ဝံကြီးမှာ ယင်လေဂိုဏ်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
တစ်ချိန်တည်းမှာပင် ရန်ရှောက်ထျန်းနှင့်အမှောင်နဂါးတို့မှာ ပန်းပေါင်းတစ်ရာ နတ်ဘုရား ဂိုဏ်းဆီသို့ ဆက်လက်ပျံသန်းသွားကြလေသည်။
ရန်ရှောက်ထျန်း ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းဆီသို့ပျံသန်းနေစဉ်မှာပင် ပန်းပေါင်း တစ်ရာ နတ်ဘုရားဂိုဏ်း၌ အမာခံတပည့်မဟာပြိုင်ပွဲကိုကျင်းပနေလေသည်။ ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမနှင့် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ အဆင့်မြင့်အရာရှိကြီးများမှာ ပင်မစင်မြင့် ထက်တွင်ထိုင်ပြီး ကြည့်ရှုနေကြလေသည်။
အားပေးသံများမှာ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှာ စည်ကားသိုက်မြိုက်လို့နေတော့သည်။
***