သိုင်းတစ်ထောင်ခန်းမမှ မည်သူမှ ရှေ့ကိုတက်ကာ စိန်ခေါ်ခြင်း မပြုရသေးခင်တွင်... ရွှီယန်က လေထဲတွင် ဂုဏ်ယူစွာရပ်ရင်းမှ သိုင်းတစ်ထောင်ခန်းမဆီသို့ အေးစက်စွာ ကြည့်သည်။ "သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေ ဘယ်နားမှာလဲ.." သူက နှာခေါင်းရှုံ့သည်။ "ဒီကောင်တွေ အားလုံးက သတ္တိမရှိတဲ့ ငကြောက်တွေလား... တိုက်ခိုက်ဖို့ အရမ်းကို ကြောက်နေကြတာလား.." "သေမှာကြောက်နေတယ်ဆိုရင် အနိုင်အရှုံးပွဲပဲ တိုက်ခိုက်လို့ ရတယ်လေ။ သေခြင်းရှင်ခြင်း မလုပ်တော့ဘူး။ ငါရွှီယန်က သတ်ဖြတ်တာကို ခုံမင်တဲ့လူတစ်ယောက် မဟုတ်ဘူး.." ခဏတာရပ်တန့်နေပြီးနောက် သူက ဆက်လက်ပြောသည်။ "တကယ်လို့ ငါ့ကိုတစ်ယောက်တည်းနဲ့ အနိုင်ယူဖို့ယုံကြည်ချက် မရှိရင်လည်း တစ်ခါတည်း ငါးယောက်စီလာလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ငါရွှီယန်က ဒီလောကကြီးမှာ အနှိုင်းမဲ့တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ မင်းတို့ကိုအခွင့်အရေးပေးဖို့က ငါ့ရဲ့ သဘောထား ကြီးမြတ်မှုလည်းဖြစ်တယ်.." သိုင်းသမား အားလုံးတို့သည် သိုင်းတစ်ထောင်ခန်းမဆီသို့ ခေါင်းလှည့်ကြည့်မိကြ၏။ ထည်ဝါလှသည့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုသည် မိမိ၏ တံခါးဝရှေ့တွင်ပင် စိန်ခေါ်မှုကို ခံခဲ့ရ၏။ ဂိုဏ်းရှိပါရမီရှင်များအား ရှေ့သို့တက်ကာ လက်ခံခိုင်းခြင်းမပြုပဲ လက်အောက်ခံ အဖွဲ့အစည်းများမှ လူများကိုစေလွှတ်ရန်လည်း ထိုပါရမီရှင် အားလုံးတို့မှာ ရှုံးနိမ့်ပြီးဖြစ်သည်။ ဖြစ်နိုင်သည်မှာ ဒီအချိန်၌ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်တို့လည်းပဲ မထွက်လာတော့ပေဘူးလား။ သို့မဟုတ် ရွှီယန်ပြောခဲ့သလိုပင် သူတို့သည် ငကြောက်များလေလား။ "ရွှီယန်... မင်းက ကိုယ့်သေလမ်းကို ကိုယ့်ရှာနေတာပဲ... ဒါဆိုလည်း မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်.." အကြီးအကဲတစ်ယောက်က အေးစက်စွာပြောသည်။ "ငါးယောက်ပဲလား..." ဒီတစ်ကြိမ်တွင် တိုက်ခိုက်မှုပြုမည့် လူငါးယောက်တို့သည် သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင်များ ဖြစ်ကြပြီး နိုင်ငံ၃နိုင်ငံ၊ မိသားစု၈ခုနှင့် ဂိုဏ်း၇ခုတို့မှ ပါရမီရှင်များထက် များစွာ သာလွန်ကြသည်။ ပုံရိပ်ငါးခုတို့သည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးမှ ထွက်ခွာလာကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် ခြားနားသည့် သိုင်းပညာများဖြစ်သည့် ဆေဘာ၊ လက်သီး၊ လှံ၊ လှံပုဆိန်နှင့် ပုဆိန်တို့ကို အသုံးပြုကြသည်။ သူတို့သည် ဓားပညာကို တမင် ရှောင်ရှားထားကြ၏။ ရှင်းလင်းစွာပင် သိုင်းတစ်ထောင်ခန်းမ သည်လည်း သူတို့၏ ဓားပညာသည် ရွှီယန်ထက် နိမ့်ကျသည်ဟု ယူဆထားပါသည်။ ရွှီယန်၏ မှော်ဆန်လှသည့် ဓားပညာအပေါ် ကြောက်ရွံ့နေကြ၏။ "အရမ်း စွမ်းအားကြီးလွန်းတယ်.." သူတို့ငါးယောက် ပေါ်လာသည်နှင့် သိုင်းသမားများ အားလုံးသည် မနေနိုင်ဘဲ ကြီးစွာ အံ့ဩသွားကြ၏။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်များ၏ ခွန်အားလေလား။ ငါးယောက်တစ်ယောက် တိုက်ခိုက်ကြမည်ဖြစ်ရာ သိုင်းတစ်ထောင်ခန်းမ၏ ဂုဏ်သိက္ခာသည် အနည်းငယ်ညှိုးနွမ်းသွားလျှင်တောင် သူတို့၏ ပါရမီရှင်များသည် နိုင်ငံ၃နိုင်ငံ၊ ဂိုဏ်း၇ခု၊ မိသားစုကြီး၈ခုမှ ပါရမီရှင်များထက် များစွာ ပိုမိုသန်မာကြောင်းကို လက်ခံရပေလိမ့်မည်။ ကြီးမားသည့် အငွေ့အသက် ကျယ်ပြောသည့် အရှိန်အဝါနှင့် စွမ်းအင်ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသည့် စွမ်းအားကြီးမားသည့် ခွန်အားသည် ပြီးခဲ့တုန်းက ငါးယောက်ထက် များစွာ ပိုမိုသာလွန်၏။ တစ်ယောက်ချင်းစီတိုင်းသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသားများ ဖြစ်ကြသည်။ ထို့အပြင် ခြားနားသည့် သိုင်းပညာငါးခုကို ပေါင်းစပ်ထားခြင်းက သူတို့၏ တိုက်ခိုက်မှုစွမ်းအားကို ပိုမိုကာပင် သန်မာစေပြီး ရင်ဆိုင်ရခက်ခဲအောင် ဖြစ်စေသည်။ "ရွှီယန်... မင်းကတကယ်ပဲ သန်မာတယ်... ဒါကြောင့်မို့လို့ ငါတို့တွေ တစ်ယောက်ချင်းစီတိုင်းဆိုရင် ဘယ်သူမှ မင်းရဲ့ပြိုင်ဖက် မဟုတ်ဘူး။ ဒါပေမယ့် ငါးယောက်လုံးကို ရင်ဆိုင်ချင်တာက မင်းရဲ့သေလမ်းကို မင်းရှာတာပဲ.." ဆေဘာကို ကိုင်စွဲထားသည့် လူငယ်က အေးစက်စွာကြည့်သည်။ ငါးယောက်သည် ပြန့်ကွဲသွားခြင်းမရှိဘဲ အဲ့ဒီ့အစား စုစည်းနေ၏။ သူတို့၏ စွမ်းအင်များမှာ ပေါင်းစပ်နေပြီး ပူးပေါင်းတိုက်ခိုက်မှု သိုင်းပညာတစ်မျိုးကို ကျင့်ကြံထားဟန် ရသည်။ ရွှီယန်က ငါးယောက်သားကို မျက်မှောင်ကျုံ့စွာကြည့်သည်။ အနည်းငယ်စိတ်ပျက်စွာ ခံစားလိုက်ရ၏။ ကြည့်ရသည်မှာ သိုင်းတစ်ထောင်ခန်းမသည် သူတို့၏ စစ်မှန်သည့် ပါရမီရှင်များကို ထိန်ချန်ထားသေးသည့်ဟန် ရှိသည်။ အဘယ်ကြောင့် စစ်မှန်သည့် ပါရမီရှင်များကို ထုတ်လွှတ်တိုက်ခိုက်ခိုင်းခြင်း မပြုသည်ကို နားမလည်နိုင်ဘဲ ရှိနေ၏။ ပြောကြသည်မှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများရှိ ပါရမီရှင်များအားလုံးသည် စိတ်ဝိဉာဉ်ခန္ဓာများအား ပိုင်ဆိုင်ထားကြ၏။ သို့ပေမယ့် ဒီငါးယောက်အတွင်းတွင်တော့ မည်သူမှ စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်ထားခြင်း မရှိပေ။ ဆိုလိုသည်မှာ သူတို့သည် သိုင်းတစ်ထောင်ခန်းမ၏ အဓိကပါရမီရှင်များ မဟုတ်ကြပါ။ စိတ်ဝိဉာဉ်ခန္ဓာများ၏ စွမ်းအားသည် ခြားနားကြပေမယ့် စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်ထားခြင်း မရှိသည့် ပါရမီရှင်တစ်ယောက်ကို မည်ကဲ့သို့ ထိပ်တန်းပါရမီရှင်ဟု ယူဆနိုင်မည်နည်း။ "ကြည့်ရတာ... ငါ သိုင်းတစ်ထောင်ခန်းမ အပေါ်ကို ဖိအားအချို့ ထပ်ပေးဖို့လိုသေးတယ်.." ရွှီယန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ "စစ်မှန်တဲ့ ပါရမီရှင်တွေဆိုတာ အဆင့်တူအတွင်းမှာ ပြိုင်ဖက်ကင်းတယ်... တစ်ယောက်တည်းနဲ့ အယောက်တစ်သောင်းကို တိုက်ခိုက်နိုင်တယ်ဆိုတာ ပုံမှန်ပဲ။ မင်းတို့ငါးယောက်လောက်ဆို ပြောစရာတောင် မလိုဘူး.." ရွှီယန်က အသာပြောသည်။ သူသည် ဆရာဖြစ်သူ၏ စကားကို မှတ်မိ၏။ အဆင့်တူအတွင်းတွင် လူအယောက်တစ်သောင်းကို တိုက်ခိုက်နိုင်သည်မှာလည်း ပုံမှန်သာ ဖြစ်သည်။ သူသည် ထိုကဲ့သို့ စွမ်းဆောင်နိုင်ခြင်း မရှိပေမယ့် သူ၏ပန်းတိုင်မှာ အဆင့်တူအတွင်းတွင် လူအယောက်တစ်ထောင်ကို အနိုင်ယူရန် ဖြစ်သည်။ သိုင်းသမားများမှာ ရွှီယန်၏ မောက်မာမူအတွက် နေသားကျလုနီးပါး ရှိနေပြီ ဖြစ်ပေမယ့် ဒီအချိန်၌ အားလုံးမျက်စံလှည့်မိကြသည်။ အဆင့်တူအတွင်းတွင် လူတစ်ယောက်သည် ပြိုင်ဖက်ကင်းစွာ နေနိုင်မည်ကို နားလည်နိုင်သေးသည်။ သို့ပေမယ့် အဆင့်တူသည့် အယောက်တစ်သောင်းကို အနိုင်ယူနိုင်မည်မှာတော့ လုံးဝ မဖြစ်နိုင်ပေ။ ပါရမီရှင်တစ်ယောက်သည် အလွန့်အလွန် စွမ်းအားကြီးမားနေလျှင်တောင် သူ၏ တစ်ယောက်တည်းခွန်အားနှင့် အဆင့်တူသည့် အယောက်တစ်သောင်းကို ရင်ဆိုင်တိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်ပေ။ တစ်သောင်းကို မဆိုထားနှင့် တစ်ရာကို တိုက်ခိုက်ရန်ပင် ဖြစ်နိုင်ခြင်း မရှိပေ။ ဤသည်မှာ အဆင့်တူအတွင်း တိုက်ခိုက်ခြင်း ဖြစ်၏။ ခွန်အားအဆင့် မြင့်မားသည့်လူက အခြားသူများကို တိုက်ခိုက်ရန် မိမိ၏ခွန်အားကို ဖိနှိပ့်ထားခြင်း မဟုတ်ပေ။ ထို့အပြင် အဆင့်တူအတွင်းတွင် ပါရမီရှင်များစွာတို့လည်း ရှိ၏။ သူတို့အနေနှင့် အနည်းငယ်အားနည်းလျှင်တောင် ပါရမီရှင်များ ဖြစ်နေသေးသည်။ တစ်ယောက် သို့မဟုတ် လူအနည်းငယ်ကို အနိုင်ယူနိုင်တာ ဖြစ်နိုင်လျှင်တောင် ဆယ်ယောက် သို့မဟုတ် အယောက်တစ်ရာကို အနိုင်ယူရန် လုံးဝမဖြစ်နိုင်ပေ။ အယောက်တသောင်းဆိုလျှင် စိတ်ကူးကြည့်ဖို့ပင် ဝေးသေး၏။ "ဒီလောက် မောက်မာတဲ့လူ..." ဆေဘာကို ကိုင်ဆောင်ထားသည့် လူငယ်မှာ ပြောစရာစကား မဲ့နေ၏။ "ငါရွှီယန်က ဘယ်တော့မှ မမောက်မာဘူး... ငါ့ကိုမောက်မာတယ်လို့ ထင်တာ.. မင်းတို့တွေက ရေတွင်းထဲကဖားတွေ မို့လို့ပဲ။ အဲ့ဒါကြောင့်မို့လို့ စစ်မှန်တဲ့သိုင်းပညာကို နားမလည်ကြဘူး။ ဒီနေ့မှာ ငါမင်းတို့ကို စစ်မှန်တဲ့သိုင်းပညာ ဘာလဲလို့ ပြပေးမယ်.." ရွှီယန်က ဂုဏ်ယူစွာ ပြုံးသည်။ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ပြီးနောက် သူ၏ ဒီဗိုင်းခန္ဓာအား စုစည်းနိုင်ခဲ့၏။ ယနေ့တွင် ဒီလူများကို သိုင်းပညာ၏ စစ်မှန်သည့် အနှစ်သာရဟူသည့်အား ပြပေးလိုက်ပေမည်။ သိုင်းတစ်ထောင်ခန်းမကို ပိုမိုဖိအားပေးမည် ဖြစ်၏။ လူအုပ်မှာ ထုံထိုင်းနေပြီး ဖြစ်သည်။ "ရွှီယန်က တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ... စကားတစ်ခွန်းထက် တစ်ခွန်းက ပိုပြီးတော့ ကြွားဝါလာခဲ့တယ်။ ငါအခုနားလည်ပြီ... စစ်မှန်တဲ့ မောက်မာမှုဆိုတာ လွန်ကျူးတဲ့စကားလုံးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ထုတ်ပြောနိုင်ခြင်းပဲ။ ဥပမာအားဖြင့် ငါတို့ကို စစ်မှန်တဲ့သိုင်းပညာကို မြင်တွေ့ရစေမယ်ဆိုတော့ သူဆိုလိုတာက ငါတို့ကျင့်ကြံတဲ့ သိုင်းပညာတွေအားလုံးက အတုတွေလို့ မဟုတ်ဘူးလား.." "အား... မင်းပြောတာမှန်တယ်..." "ငါ့မှာလည်း သူ့လိုမျိုး ပါရမီနဲ့စွမ်းအားသာရှိရင် သူထက်ထောင်ပိုပြီးတော့ ရူးသွပ်ဦးမယ်.." "တော်စမ်းပါ.. မင်းမှာသာဒီလိုမျိုး ပါရမီမျိုး၊ ခွန်အားမျိုးရှိရင် မင်းလိုခွေးကောင်က စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ နောက်လိုက်ခွေးဖြစ်ပြီးတာ ကြာနေပြီ.." "မင်းက သေချင်နေတာပဲ.." သိုင်းသမားများမှာ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေရင်းမှ စကားများပွဲအချို့ပင် ဖြစ်ပေါ်လာခဲ့၏။ "ရွှီယန်... ငါတို့က သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေပဲ.. ဒါကြောင့်မလို့ မင်းကို မမျှမတ မလုပ်ချင်ဘူး... မင်းမှာပထမဆုံး တိုက်ခိုက်မှုပြုဖို့အတွက် အခွင့်အရေးရှိတယ်.." ဆေဘာကို ကိုင်ဆောင်ထားသည့် လူငယ်က အေးစက်စွာပြောသည်။ သူတို့၏ အငွေ့အသက်များက ပေါင်းစပ်သွားပြီး စွမ်းအင်များက ဆက်သွယ်နေ၏။ သိုင်းအတတ် ငါးခုတို့အား ပူးပေါင်းကာ ငါးယောက်လုံး၏ တိုက်ခိုက်မှုနှင့် ခုခံမှု စွမ်းအားအားလုံးကို စုစည်း၏။ သူတို့သည် တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်လျှင် ရွှီယန်၏ ပြိုင်ဖက်မဟုတ်ဟု သိကြ၏။ သို့ပေမယ့်အတူတူ ပူးပေါင်းတိုက်ခိုက်လျှင်တော့ အခြေအနေက ခြားနားသွားမည် ဖြစ်သည်။ ငါးယောက်သား၏ အရှိန်အဝါကို ကြည့်ကာ ရွှီယန်က မနေနိုင်ဘဲ သုံးသပ်သည်။ "ပူးပေါင်းတိုက်ခိုက်မှုလား... စိတ်ဝိဉာဉ်နယ်မြေရဲ့ သိုင်းပညာမှာ အခင်းအကျင်းတွေ မရှိဘူး။ အခင်းအကျင်းရဲ့ သဘောတရားတွေကိုလည်း မသိကြဘူး.." "ငါသာ ငါ့ကိုယ်ငါ အသွင်ငါးခုအဖြစ် ခွဲထုတ်ပြီး ဒီဗိုင်းအနှစ်သာရ ကိုယ့်ပွားတွေနဲ့ ဓားအခင်းအကျင်းတစ်ခုကို ဖွဲ့စည်းလိုက်ရင်ရော။ အဲ့လိုဆိုရင် ဘယ်လိုစွမ်းအားမျိုး ထွက်လာနိုင်မလဲ... ဒါက စမ်းကြည့်သင့်တယ်.." ရွှီယန်သည် စိတ်ကူးတစ်ခု ရလာခဲ့၏။ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်ငါးယောက်တို့သည် သူ့ကို တိုက်ခိုက်ရန်အတွက် ပူးပေါင်းတိုက်ခိုက်မှုတစ်ခုအား ခင်းကျင်းနေပါသည်။ ထိုသို့ဆိုပါက သူကလည်း ဒီဗိုင်းအနှစ်သာရကို အသုံးပြုကာ ကိုယ်ပွားလေးခုတို့ကို ခွဲထုတ်မည် ဖြစ်သည်။ ဒီလူများကို သိုင်းပညာ၏ အနှစ်သာရအား ဉာဏ်အလင်းရစေမည် ဖြစ်သည်။ ဓားအခင်းအကျင်း၏ စွမ်းအားသည် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုထက် များစွာ သာလွန်နေမှာဖြစ်၏။ "ပူးပေါင်းတိုက်ခိုက်မှုလား... မင်းတို့ဟာတွေက ကလေးကစားတာထက် မပိုပါဘူး... ဒီနေ့မှာ မင်းတို့ ဂုဏ်သတင်းကြီးမားပါတယ်ဆိုတဲ့ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းကို စစ်မှန်တဲ့ အခင်းအကျင်းတာအိုက ဘာလဲလို့ ငါပြပေးလိုက်မယ်။ ဓားအခင်းအကျင်းရဲ့ စွမ်းအားကို ခံစားကြည့်လိုက်ဦး.." "ဂရုတစိုက်ကြည့်ကြ မျက်တောင်မခတ်နဲ့..ဟားဟားဟား..." ကျယ်လောင်သော ရယ်သံတစ်ခုနှင့်အတူ ရွှီယန်၏ ခန္ဓာကိုယ်သည် တောက်ပစွာ လင်းလက်လာခဲ့၏။ လျှပ်တပြက်အတွင်း နောက်ထပ် ပုံရိပ်လေးခုတို့ ထွက်ပေါ်လာကာ ခြားနားသည့် အရပ်မျက်နှာများဆီသို့ ပျံ့နှံ့သွားသည်။ အစပိုင်းတွင် တိုက်ပွဲပြင်ပေါ်၌ ရွှီယန်တစ်ယောက်သာ ရှိနေ၏။ သို့ပေမယ့် ဒီအချိန်တွင်တော့ ရွှီယန်ငါးယောက်တို့ ဖြစ်လာခဲ့၏။ အားလုံးသည် တိတ်ဆိတ်သွားခဲ့သည်။ ကွင်းပြင်တစ်ခုလုံးသည် အပ်သံပင် မကြားရပေ။ ဤသည်မှာ မည်ကဲ့သို့သော သိုင်းပညာဖြစ်သနည်း။ လောကကြီးတွင် ယခုမျှ ဆန်းကြယ်လှသည့် အတတ်ပညာမျိုး ရှိနေသည်လား။ "ဘယ်လိုဖြစ်နိုင်မှာလဲ.." သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် သိုင်းတစ်ထောင်အရှင်သခင်နှင့် အကြီးအကဲများမှာ ထိတ်လန့်သွားကြသည်။ သူတို့အားလုံးသည် စိတ်ဝိဉာဉ်နယ်မြေ၏ ထိပ်တန်းတည်ရှိမှုများ ဖြစ်ကြပြီး အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်း၏ ဦးဆောင်သူများ ဖြစ်သည်။ ရှည်လျားသည့် အမွေအနှစ်ကို ဆက်ခံကာ သိုင်းပညာလျှို့ဝှက်အတတ်များစွာကို သိရှိ၏။ သို့ရာတွင် ရှေ့ရှိမြင်ကွင်းက အားလုံးကို ပြောစရာစကား မဲ့သွားစေခဲ့သည်။ ရွှီယန်သည် ဘယ်လိုလုပ်ပြီး ငါးယောက်ဖြစ်လာခဲ့သနည်း။ လူတစ်ယောက်သည် ဘယ်လိုလုပ်ပြီး နောက်ထပ်လေးယောက်အဖြစ် ပိုင်းခြားနိုင်သနည်း။ သိုင်းပညာတွင် ထိုကဲ့သို့သော မှော်ဆန်သည့် အတတ်မျိုး မရှိပေ။ ဒီအချိန်၌ သိုင်းတစ်ထောင်ခန်းမရှိ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ မျက်လုံးများထဲတွင် မသိသာသည့် စိုးရိမ်မှုတစ်ခု ပေါ်လာခဲ့သည်။ သူတို့ကိုယ်သူတို့ပင် သတိမထားမိသည်မှာ သူတို့၏ မျက်လုံးများထဲတွင် အကြောက်တရားတစ်ခု ပေါ်ထွန်းလာခြင်း ဖြစ်၏။ "ရွှီယန်က သေရမယ်.." သိုင်းတစ်ထောင်အရှင်သခင်က ခက်ထန်စွာ ပြောသည်။ သူ၏လေသံက သတ်ဖြတ်လိုမှုတို့ဖြင့် ပြည့်နက်နေ၏။ "ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ.." သိုင်းသမားအားလုံးတို့မှာ မှင်သက်နေကြပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်နေ၏။ မျက်တောင်ခတ်ခြင်းပင် မရှိပေ။ "ရွှီယန်တော့ အန္တရာယ်ကျရောက်ပြီ.." ထန်းကျီ၏မျက်နှာက မဲမှောင်သွားသည်။ ဒီဗိုင်းကိရိယာကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်းက ပုဆိန်ကို အဆင်သင့်ပြင်ထား၏။ ရွှီယန်သည် ယခုမျှသော မှော်ဆန်လှသည့် သိုင်းပညာကိုပြသခဲ့ရာ သိုင်းတစ်ထောင်ခန်းမမှာ ဒီအတိုင်းနေမည်မဟုတ်ပေ။ သူတို့သည် အရာအားလုံးကို အသုံးပြုကာ ရွှီယန်ကို သတ်ဖြတ်မည်ဖြစ်၏။ "ဒါက ကြောက်ဖို့ကောင်းလွန်းတယ်... အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်... ရွှီယန်သာ မသေဘူးဆိုရင် လင်းနယ်မြေက သိုင်းသမားအားလုံး သူ့ကို ဦးညွှတ်ကြရလိမ့်မယ်။ သေချာပေါက် ထိပါးလို့မဖြစ်ဘူး.." "သွေးနတ်ဆိုးက သုံးကြိမ်တိုင်အောင် ကျဆုံးပြီးတဲ့အထိ ပြန်လည်မြင့်တက်နိုင်ခဲ့တယ်။ ရွှီယန်ကတော့ သူ့ထက်တောင် ပိုကြောက်စရာကောင်းပြီး ပိုနတ်ဆိုးဆန်တယ်။ ရင်ဆိုင်ဖို့ ပိုခက်ခဲမှာ.." "မဟုတ်ဘူး... ယွီလင့်စံအိမ်က အဘိုးကြီးကို ငါသေသေချာချာပြောရမယ်... ရွှီယန်ကို ထိပါးလို့ မဖြစ်ဘူး။ မဟုတ်ရင် အခြေအနေတွေ ဆိုးရွားကုန်လိမ့်မယ်.." ချွေဟွားယွီက ကိုယ့်ကိုယ်ကိုယ် ရေရွတ်ရင်းက နဖူးရှိချွေးစေးများကို သုတ်သည်။ သူ၏စိတ်ထဲတွင် ရွှီယန်၏ လုရှင်ထင်းအား စိန်ခေါ်သည့်တိုက်ပွဲ၌ ကြောင်ကြီးပေါ်တွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသည့်လူ၏ ပုံရိပ်က ပေါ်လာခဲ့၏။ လက်တစ်ဝှေ့နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားက သက်ဆင်းလာခဲ့သည်။ မည်မျှ ထည်ဝါလိုက်သနည်း။ ယခုအချိန်၌ ရွှီယန်က ယခုကဲ့သို့ မှော်ဆန်လှသည့် သိုင်းပညာတစ်ခုကို ထုတ်ဖော်ပြသလာခဲ့၏။ ထိုသို့ဆိုပါက ကြောင်ပေါ်ရှိ ထိုပုဂ္ဂိုလ်သည် သူ၏ဆရာ ဖြစ်ရာ မည်မျှပင် ကြောက်စရာကောင်းလိုက်မည်နည်း။ ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့သို့ လာရောက်ကာ စိန်ခေါ်ရဲလေသည်။ ဤသည်မှာ သူ၏ ကိုယ်ပိုင်ခွန်အားနှင့် ရဲစွမ်းသတ္တိတို့အပြင် အကြီးမားဆုံးယုံကြည်ချက်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သည့် ဆရာဖြစ်သူဆီမှ လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ "ဘယ်လို... ဘယ်လိုလုပ်ပြီး လူတစ်ယောက်က ငါးယောက် ဖြစ်သွားတာလဲ.." ယရုံမှာလည်း ပြောစရာစကား မဲ့လောက်အောင် အံ့သြနေပါသည်။ ထိုက်မြှောင်ဂိုဏ်းသည် အမွေအနှစ်တို့အလွန်ရှည်လျားကာ သိုင်းတစ်ထောင်ခန်းမပင် နားမလည်သည့် သိုင်းလောက၏ လျှို့ဝှက်ချက်များနှင့် သိုင်းပညာများကို သိရှိ၏။ သို့ပေမယ့် ယခုမျှ ဆန်းကြယ်လှသည့် သိုင်းပညာတစ်ခု လောကကြီးတွင် ရှိနေမည်ဟု မကြားဖူးပေ။ "ရွှီယန်ရဲ့ ဆရာက ဘယ်သူလဲ။ သူက အနှိုင်းမဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်လား... သူက တကယ်ပဲ ကြောက်ဖို့ကောင်းတာလား.." ဒီအချိန်၌ ယရုံသည် ရွှီယန်၏ဆရာမှာ စစ်မှန်သည့် အနှိုင်းမဲ့သူတစ်ယောက်ဟု စတင် ယုံကြည်လာခဲ့၏။
***