ရွှီယန်၏မျက်နှာက လေးနက်နေ၏။ အေးစက်သည့် ဆေဘာအရှိန်အဝါမှ သယ်ဆောင်လာသည့် ဖိအားသည် သူ့အပေါ်သို့ ပြင်းထန်စွာ ကျရောက်လာ၏။ ဝူယွမ်၏ ခွန်အားသည် အားနည်းခြင်းမရှိဘဲ သူသည် လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုထားသည်။ ၎င်းသည် အသက်ဓာတ်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းဆန္ဒနှင့် တူညီပါသည်။ ထို့အပြင် သိုင်းတစ်ထောင်ခန်းမ၏ ဒီဗိုင်းကိရိယာကိုလည်း အသက်သွင်းထား၏။ ထိုဓားချက်၏ စွမ်းအားသည် အတိတ်တုန်းက ဟွမ်းလျန်၏ တိုက်ခိုက်မှုထက် အားနည်းခြင်း မရှိပေ။ ထို့အပြင် ဝူယွမ်၏ လက်ရှိအခြေအနေနှင့် ဒီဗိုင်းကိရိယာ၏ စွမ်းအားကို ယခု အတိုင်းအတာအထိ အသက်သွင်းနိုင်ရာ အသန်မာဆုံး ပုဂ္ဂိုလ်တစ်ယောက်၏ ကူညီအားဖြည့်မှုကို လက်ခံထားရပေလိမ့်မည်။ "ဘုန်း.." ဒီအချိန်၌ ရွှီယန်၏ ဒီဗိုင်းအနှစ်သာရက လှည့်လည်လာပြီး ခန္ဓာကိုယ်အတွင်းရှိ ထုံးမင်ဓားမှာ အနည်းငယ် တုန်ခါလာခဲ့သည်။ သို့ပေမယ့် သူသည် ၎င်းကို ဆွဲထုတ်ခြင်းမပြုပါ။ သူ၏လက်ထဲရှိ ဓားကို ဖန်းဟောင်က ထုလုပ်ပေးထားခြင်းဖြစ်ပြီး ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ကိရိယာတစ်ခု ဖြစ်၏။ ဖန်းဟောင်၏ လက်နက်ကိရိယာထုလုပ်ခြင်း နည်းလမ်းများသည် စိတ်ဝိဉာဉ်နယ်မြေရှိ မည်သည့်ထုလုပ်ခြင်း နည်းလမ်းကမှ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ သို့ရာတွင် ဝူယွမ်သည် သူ၏ ကျင့်ကြံမှုအားလုံးတို့ကို အသုံးပြုကာ အသန်မာဆုံး ပုဂ္ဂိုလ်တစ်ဦး၏ အကူအညီဖြင့် ဒီဗိုင်းကိရိယာ၏ စွမ်းအားအား ပြီးပြည့်စုံစွာ အသက်သွင်းထားခြင်း ဖြစ်၏။ ထိုတိုက်ခိုက်မှု၏ စွမ်းအားကို ရင်ဆိုင်ပြီးသည့်တိုင်အောင် သူ၏လက်ထဲရှိဓားသည် အထိအခိုက်မရှိဘဲ တားဆီးနိုင်မည် ဟူသည်မှာ မဖြစ်နိုင်ပေ။ ရွှီယန်၏မျက်နှာမှာ အလွန်လေးနက်နေ၏။ သို့ပေမယ့်သူသည် ဆုတ်ခွာသွားခြင်း လုံးဝမရှိပေ။ ဓားတစ်ချက်ဖြင့် မတားဆီးနိုင်သည့်နှင့် ၎င်းကိုတားဆီးရန် မည်သည့်နည်းလမ်းမှ မရှိတော့ဟု မဆိုလိုပေ။ "ဘုန်း.." ဒီအချိန်၌ တိုက်ခိုက်ခြင်းစင်မြင့် တစ်ဝိုက်တွင် စိုက်ဝင်နေသည့် ဓားကြီးများသည် လေထဲသို့ မြင့်တက်လာပြီး ရွှီယန်၏ရှေ့တွင် တန်းစီလာခဲ့သည်။ ရွှီယန်၏ နောက်တွင်လည်း မရေမတွက်နိုင်သည့် ဓားအလင်းများ ထွက်ပေါ်လာခဲ့၏။ "ဒန်း ဒန်း ဒန်း ဒန်း ဒန်း..." ဒီအချိန်၌ ကြည့်ရှု့နေကြသည့် သိုင်းသမားအားလုံးသည် သူတို့၏ ဓားများကို ထိန်းချုပ်နိုင်ခြင်း မရှိကြောင်းအား ရုတ်တရက် တွေ့လိုက်ရသည်။ "ငါ့ရဲ့ဓား..." လူအုပ်အတွင်းမှ အော်သံတစ်ခု ထွက်ပေါ်လာ၏။ အေးစက်သည့် ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး ဓားများထွက်ခွာကာ ရွှီယန်၏ရှေ့တွင် တန်းစီကုန်ကြသည်။ ဒီအချိန်၌ ဝူယွမ်၏ အရှိန်အဝါမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စတင်ညှိုးနွမ်းလာခဲ့ပြီး ဒီဗိုင်းဝိဉာဉ်၊ သွေးအဆီအနှစ်နှင့် ကျင့်ကြံခြင်း အခြေခံအားလုံးတို့ကို အေးစက်သည့်သတ်ဖြတ်ခြင်းဆန္ဒအတွင်းသို့ ပေါင်းထည့်လိုက်သည်။ "ရွှီယန်... သေလိုက်တော့.." သူသည် မာန်ဖီကာ အော်ဟစ်၏။ သူ၏ ညှိုးနွမ်းခြောက်သွေ့လာသော ခန္ဓာကိုယ်သည် ဓားကိုတွဲခိုနေသည့်ပုံ ပေါ်၏။ ဓား၏ဦးဆောင်မှုနောက်သို့ လိုက်နေသည့်ပုံလည်း ရ၏။ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီမှ အေးစက်သည့် ဆေဘာအလင်းတစ်ခုသည် ထွက်ပေါ်လာပြီး ကောင်းကင်ကို ဖြတ်သန်းကာ ရေခဲတမျှ ဆန္ဒတစ်ခုက အဝေးရှိ လူများကိုပင် ရေခဲဂူတစ်ခုအတွင်းသို့ ကျဆင်းသွားသည်ဟု ခံစားရစေသည်။ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးအဝမှ ရွှီယန်ရပ်နေသည့် နေရာအထိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအင်တို့သည် ဆေဘာအလင်းဖြင့် အေးခဲသွားပုံပေါ်၏။ လေထဲတွင် အေးစက်သည့် ဆေဘာအလင်းလမ်းကြောင်းတစ်ခု ဖြစ်တည်လာခဲ့သည်။ "ဘုန်း.." တိုက်ခိုက်မှု၏ အဆုံးသတ်တွင် အအေးဓားအတွင်းသို့ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ထည်ဝါသည့် စွမ်းအားတို့ ပေါင်းစပ်သွားသည့်ပုံ ပေါ်ပြီး ရေခဲကဲ့သို့ ဓားအလင်းသည် အပြာရောင်အဖြစ်ပင် ပြောင်းလဲလာခဲ့သည်။ သိုင်းသမားအားလုံး၏ မျက်လုံးများထဲတွင် သူတို့သည် ပေပေါင်းရာချီကာ ရှည်လျားသည့် မိုးပြာရောင် ဓားကြီးတစ်ခုကို မြင်တွေ့လိုက်ရဟန် ရှိ၏။ မျက်စိတမှိတ်အတွင်းတွင် ၎င်းသည် လေထဲရှိ ပုံရိပ်အပေါ်သို့ ကျဆင်းသွားသည်။ "ဘဇ်.." လေထဲတွင် ဓားအလင်းက မြင့်တက်လာပြီး ထောင်နှင့်ချီသည့်ဓားများ တစ်ပြိုင်နက် တိုက်ခိုက်လိုက်ဟန်ရသည်။ ရွှီယန်၏ရှေ့နှင့် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သည့် ဓားများသည် မုန်တိုင်းတစ်ခုသဖွယ် ပြောင်းလဲသွားပြီး မိုးပြာရောင် ဆေဘာအလင်းဆီသို့ ပြေးဝင်သွား၏။ "ဘုန်း ဘုန်း ဘုန်း..." သို့ရာတွင် ဓားတစ်ချောင်းပြီး တစ်ချောင်းသည် ဆက်တိုက် ပျက်စီးကုန်ကြသည်။ မိုးပြာရောင်ဓားအလင်းသည် ဆက်လက်ကျဆင်းလာဆဲရှိပြီး ထိုတိုက်ခိုက်မှု၏ စွမ်းအားကို ခုခံရန် မဖြစ်နိုင်ပုံရသည်။ ထန်းကျီ၏ နှလုံးသားက လေးလံသွား၏။ သိုင်းတစ်ထောင်ခန်းမ၏ အရှက်မဲ့ပုံကို တိတ်တဆိတ် ကျိန်ဆဲနေမိသည်။ သူသည် ပါရမီရှင်များ၏ နောက်ဆုံးတိုက်ပွဲအတွက် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပါရမီရှင်များ အနေနှင့် ပိုမိုများပြားသည့် ပြင်ဆင်မှုများကို လုပ်ဆောင်ရန် လိုအပ်ကြောင်းကြောင်းအားလည်း နားလည်လိုက်သည်။ သိုင်းတစ်ထောင်ခန်းမတွင် ထိုကဲ့သို့သော နည်းလမ်းတို့ ရှိပါက အခြား အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများတွင်လည်း တူညီသည့်နည်းလမ်းများ ရှိနေမှာဖြစ်သည်။ စိတ်ဝိဉာဉ်ဂိုဏ်းများသည် ဒီတိုက်ပွဲကို သေချာပေါက် အရှုံးခံမည် မဟုတ်ပေ။ ထို့ကြောင့် သံသယဝင်စရာမကောင်းလောက်အောင် နည်းလမ်းပေါင်းစုံကို အသုံးပြုကြမှာ ဖြစ်၏။ ယရုံမှာ ရွှီယန်ကို စူးစိုက်စွာကြည့်နေ၏။ သူသည် ဒီတိုက်ခိုက်မှုကို ခုခံနိုင်လေမည်လား။ သူ၏ ဝှက်ဖဲများ ရှိနေသေးသည်လား... မဟုတ်ပါက သိုင်းတစ်ထောင်ခန်းမကို စိန်ခေါ်ရန်အတွက် မည်သည့်နေရာမှ ယုံကြည်ချက်တို့ ရှိနိုင်မည်နည်း။ "ကာလိုက်တော့..." ချွေဟွားယွီမှာ နှလုံးသားထဲတွင် စိုးရိမ်စွာဖြင့် ရေရွတ်သည်။ မုန်တိုင်းကဲ့သို့ ဓားများသည် ဆက်တိုက်ဝင်ရောက်နေ၏။ မိုးပြာရောင်ဓားအလင်းကို ဆက်တိုက် တိုက်ခိုက်နေကြသည်။ ကြီးမားသည့် သစ်ပင်ကြီးများပင် အမြစ်ကျွတ်ကာ ရှည်လျားသည့် ဓားများအဖြစ် ပြောင်းလဲကုန်ကျ၏။ ကြည့်ရသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်တို့သည်လည်း ဓားအလင်းများအဖြစ် ပြောင်းလဲသွားဟန် ရသည်။ မိုးပြာရောင် ဆေဘာအလင်းဆီသို့ ဆက်တိုက် ဝင်ရောက်တိုက်ခိုက်နေ၏။ သို့ရာတွင် မိုးပြာရောင် ဆေဘာအလင်းသည် နှေးကွေးကာ အနည်းငယ် မှိန်ဖျသွားပေမယ့် ရွှီယန်ဆီသို့ ဆက်လက်ဝင်ရောက်နေဆဲ ရှိ၏။ သူ့အနေနှင့် နောက်သို့ဆုတ်ခွာလျှင်တောင် ရှောင်လွှဲနိုင်ခြင်း မရှိပေ။ ထိုတိုက်ခိုက်မှုသည် သူ၏အငွေ့အသက်ကို ပစ်မှတ်ထားထားပြီး ဆုတ်ခွာရန် သို့မဟုတ် ရှောင်ရှားရန် နည်းလမ်း မရှိပေ။ သို့ပေမယ့် ဤသည်မှာ အခြားလူများ၏ အတွေးဖြစ်၏။ ရွှီယန်အတွက် ထိုဓားချက်ကို ရှောင်လွှဲလိုပါက လုပ်ဆောင်နိုင်စွမ်း ရှိဆဲဖြစ်သည်။ သို့ရာတွင် ရွှီယန်မှာ စိတ်လိုက်မာန်ပါ မလုပ်တတ်ပေမယ့် အနည်းငယ်မျှသော အန္တရာယ်လေးနှင့် ကြောက်ရွံကာ ရှောင်ဖယ်သွားမည့်သူမျိုး မဟုတ်ပေ။ ဒီဗိုင်းကိရိယာ၏ စွမ်းအားမှာ အလွန်ကြီးမားပေမယ့် ခုခံရန် မဖြစ်နိုင်တာ မဟုတ်ပါ။ ပြီးခဲ့တုန်းက ပြင်းထန်သည့် မုန်တိုင်းသဖွယ် ဓားချက်များသည် ရုတ်တရက် အားနည်းလာကာ စီးဆင်းနေသည့် စမ်းချောင်းသဖွယ် ညင်သာလာခဲ့သည်။ ကျဆင်းလာနေသည့် မိုးပြာရောင် ဆေဘာအလင်းကို ဓားစီးကြောင်းများက ပိတ်လှောင်သွားပြီး ၎င်း၏စွမ်းအားအား ဆက်တိုက် အားနည်းလာစေသည်။ ရွှီယန်သည် ဓားချက်တစ်ချက်ပြီးတစ်ချက်ကို ထုတ်လွှတ်၏။ ညင်သာသော လေညှင်းသည် စေးကပ်သည့်အရေတစ်ခုသဖွယ် ပြောင်းလဲလာခဲ့၏။ တောင်နှင့်မြစ်၏ဓားဆန္ဒသည် ဓားချက်ပေါင်းထောင်ချီကို သယ်ဆောင်ရင်းက မိုးပြာရောင် ဆေဘာအလင်းကို ဆက်တိုက်အားနည်းအောင် စွမ်းဆောင်နေသည်။ 'သူ ဘာထိခိုက်မှုမှမရှိဘဲ တားဆီးနိုင်မှာလား..' ချွေဟွားယွီမှာ အံ့ဩသွားသည်။ 'ဒါကဘယ်လို ဓားပညာမျိုးလဲ... အအေးဓားရဲ့ စွမ်းအားကို ဒီအတိုင်းအတာအထိတောင် အားနည်းလာစေတာ တကယ့်ကို ပုံမှန်မဟုတ်ဘူး..' ချွေဟွားယွီသည် အံ့သြစွာဖြင့် စဉ်းစားမိ၏။ "မကောင်းတော့ဘူး... ဒီအအေးဓားထဲမှာ နောက်ထပ် ပုန်းအောင်းနေတဲ့ တိုက်ခိုက်မှုရှိသေးတယ်.." ရုတ်တရက် သူ၏မျက်နှာက ပြောင်းလဲသွားသည်။ တိုက်ပွဲပြင်အတွင်းတွင် အခြေအနေသည် ကြီးစွာပြောင်းလဲသွားခဲ့၏။ အစက အားနည်းလာကာ အေးခဲခြင်းအငွေ့အသက်တို့ လွင့်ပြယ်လာနေသည့် မိုးပြာရောင် ဆေဘာအလင်းသည် ရုတ်တရက် မျက်စိကို ကန်းလောက်သည့် အလင်းရောင်မျိုးဖြင့် ပေါက်ကွဲထွက်လာခဲ့၏။ ကြည့်ရသည်မှာ စစ်မှန်သည့် သေခြင်းရှင်ခြင်း ဓားချက်တစ်ခုကို ယခုမှ ထုတ်လွှတ်လိုက်သည့်ဟန် ရသည်။ "ဘုန်း.." ဓားမုန်တိုင်းမှာပြိုလဲပြီး စမ်းရေစီးကြောင်းမှာ ပိုင်းဖျက်ခြင်း ခံလိုက်ရသကဲ့သို့ ရှိသည်။ ညင်သာသည့် လေညှင်းမှာလည်း လွင့်စင်သွားရ၏။ ဆေဘာအလင်းသည် ရွှီယန်ဆီသို့ သက်ဆင်းလာခဲ့သည်။ ထိုဆေဘာအလင်း၏ စွမ်းအားမှာ အားနည်းသွားခဲ့ပေမယ့် ရွှီယန်၏ ခုခံမှု ဓားချက်အားလုံးမှာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သိုင်းသမားအားလုံးတို့၏ မျက်လုံးများသည် ပြူးကျယ်နေပြီး သူတို့၏စိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်ရစ်တော့၏။ ရွှီယန်သည် အန္တရာယ် ကျရောက်ခဲ့လေပြီ။ သမိုင်းတစ်ခုကို တည်ဆောက်ခဲ့သည့် ရွှီယန်သည် ဒီဓားချက်အောက်တွင် သေဆုံးရတော့မည်လား။ လူပေါင်းများစွာသည် နှလုံးသားအတွင်း၌ သက်ပြင်းချမိသည်။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုအား ထိပါးခြင်းသည် မည်မျှပင် ပါရမီရှိစေကာမူ အဆုံးသတ်တွင် သေဆုံးရမည် ဖြစ်၏။ ***