ထို နောက်ဆုံး သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ရှင်းလင်းစွာပင် စစ်မှန်သည့် သတ်ဖြတ်ခြင်း တိုက်ကွက်ဖြစ်၏။ ဤသည်ကို ဝူယွမ်၏ အကြွင်းအကျန်ဝိဉာဉ်က အခွင့်အရေးယူကာ အအေးဓား၏ အစစ်အမှန်သတ်ဖြတ်ခြင်း ဓားချက်ကို အသက်သွင်းခဲ့ခြင်းဖြစ်သည်။ ထိုဓားချက်သည် အသန်မာဆုံးပုဂ္ဂိုလ် တစ်ယောက်၏ စွမ်းအားကို သယ်ဆောင်ထား၏။ ရှင်းလင်းစွာပင် ဝူယွမ်ကို စွမ်းအားပေါင်းထည့်ပေးခဲ့သည့် သိုင်းတစ်ထောင်ခန်းမမှ အသန်မာဆုံးပုဂ္ဂိုလ်က ချန်ရစ်ခဲ့သည့် အန္တရာယ်အကြီးဆုံး တိုက်ခိုက်မှုဖြစ်ပေသည်။ ထိုနည်းလမ်းသည် အနည်းငယ် အရှက်မဲ့ပေမယ့် ရလဒ်မှာ သံသယဝင်စရာ မကောင်းလောက်အောင် အံ့သြဖို့ကောင်းလှသည်။ ဝူယွမ်၏ တိုက်ခိုက်မှုတွင် ယခုကဲ့သို့သော သတ်ဖြတ်ခြင်းတိုက်ကွက်တစ်ခု ပုန်းအောင်းနေမည်ဟု မည်သူမှထင်မထားခဲ့ပေ။ ရွှီယန်လည်းပဲ မျှော်လင့်ထားခြင်း မရှိပါ။ ယခုအချိန်၌ အဆုံးမဲ့သော ဓားမုန်တိုင်းမှာ ပြိုကွဲသွားပြီး ဓားတာအို၏ အကာအကွယ်မှာ ပွင့်ထွက်သွားခဲ့၏။ သူသည် တစ်ဖက်သတ် တိုက်ခိုက်ခြင်းခံရသည့် အခြေအနေသို့ ရောက်ရှိသွားပြီး ရှင်းလင်းစွာပင် ထိုဆေဘာဓားချက်ကို ရှောင်ရှားရန် နောက်ကျနေပါပြီ။ ထို့အပြင် ထိုဓားချက်ကို ဘယ်လိုလုပ်ပြီး အလျှင်အမြန်ခုခံနိုင်မည်နည်း။ သူ့အနေနှင့် အံ့ဩစရာကောင်းလောက်အောင် အသက်ရှင်နိုင်ခဲ့လျှင်တောင် သေချာပေါက် ဒဏ်ရာအပြင်းအထန်ရခြင်း သို့မဟုတ် အခြေခံပျက်စီးသွားခြင်းတောင် ဖြစ်စေနိုင်သည်။ ရွှီယန်သည် ဝူယွမ်၏ ဓားချက်အတွင်းတွင် ယခုမျှသောသေစေနိုင်သည့် တိုက်ခိုက်မှုတစ်ခု ပါဝင်နေမည်ဟု အထင်မထားခဲ့ပေ။ အန္တရာယ်က ရုတ်တရက် ကျရောက်လာခဲ့၏။ သို့ရာတွင် သူသည် အကြောက်အရွံ့ကင်းမဲ့စွာ ရှိနေပါသည်။ ယခုအချိန်၌ ရွှီယန်သည် အတွေ့အကြုံနုနယ်သည့် သိုင်းသမားတစ်ယောက် မဟုတ်တော့ပေ။ သူ့အနေနှင့် သေခြင်းရှင်ခြင်း အန္တရာယ်များကို ကြုံတွေ့ခဲ့ရခြင်း မရှိလျှင်တောင် ရုတ်တရက်ပေါ်ပေါက်လာသည့် အခြေအနေအတွက် ရင်ဆိုင်ရန် နည်းလမ်းများစွာ ရှိနေသေး၏။ အဆုံးမဲ့ဓားမုန်တိုင်းနှင့် ဓားတာအိုအကာအကွယ်အားလုံးတို့မှာ ပျက်စီးသွားပြီး တိုက်ခိုက်မှုက မျက်စိရှေ့သို့ ရောက်လာခဲ့၏။ ရွှီယန်၏ ခန္ဓာကိုယ်၌ ဒီဗိုင်းစွမ်းအင်တို့သည် လှိုင်းထန်နေသည့် မြစ်ရေအလား လှည့်လည်လာပြီး သူသည် လက်ဝါးချက်တစ်ချက်ကို ရိုက်ထုတ်လိုက်သည်။ ထိုဆေဘာဓားချက်ဆီသို့ ဦးတည်လိုက်၏။ သူသည် ဓားပညာ၌ အနှိုင်းမဲ့သည်သာ မဟုတ်ပေ။ သူ၏ နဂါးနိုင်လက်ဝါးသိုင်းသည်လည်း လောကကြီးတွင် ပြိုင်ဖက်ကင်း၏။ "ဝေါင်း.." လူတိုင်းက ရွှီယန်ကို သေတော့မည် သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရသွားတော့မည်ဟု တွေးထင်ထားစဉ်တွင် သိုင်းတစ်ထောင်ခန်းမ အရှင်သခင်နှင့် အကြီးအကဲတစ်စုမှာ အေးစက်စွာ ပြုံးလာခဲ့ကြသည်။ သို့ပေမယ့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အကြား၌ နဂါးဟိန်းသံတစ်ခု ပေါ်ပေါက်လာခဲ့၏။ လူတိုင်း၏ အံ့သြနေသည့် အကြည့်များအောက်တွင် ရွှီယန်၏ လက်ဝါးရိုက်ချက်နှင့်အတူ နဂါးကြီးတစ်ကောင်သည် မာန်ဖီရင်းက ထွက်ပေါ်လာခဲ့သည်။ နဂါးကြီးမြတ်မှုက မြင့်တက်လာပြီး ကြီးစိုးကာ အနှိုင်းမဲ့၏။ "ဒါက အစစ်အမှန် နဂါးတစ်ကောင်လား..." တစ်ယောက်ယောက်က အံ့ဩစွာ အသံပြုသည်။ ရွှေရောင်နဂါးကြီးသည် မာန်ဖီရင်းနှင့် မိုးကြိုးပစ်သကဲ့သို့ ထွက်ပေါ်လာခဲ့၏။ ဤသည်မှာ ဒဏ္ဍာရီထဲရှိ ရွှေနဂါးတစ်ကောင်နှင့် အလွန်တူညီလှပါသည်။ ထို့အပြင် ၎င်း၏ ကြီးမားလှသော ဖိအားသည် သက်ရှိအားလုံးတို့ကို တုန်ခါသွားစေ၏။ ဤသည်မှာလည်း ဒဏ္ဍာရီများရှိ အစစ်အမှန်နဂါးများ၏ ထည်ဝါမှုနှင့် တူညီနေပါသည်။ နဂါးနိုင်လက်ဝါးသိုင်း၏ ခြောက်ခုမြောက်အဆင့်- အစစ်အမှန်နဂါးအသွင်သည် စစ်မှန်သည့် နဂါးတစ်ကောင်နီးပါး ဖြစ်လာခဲ့၏။ ရွှေနဂါးကြီးသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးဆီသို့ ပဲ့တင်ထပ်သွားသည့် အော်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ကြမ်းကြုတ်စွာဖြင့် အကြွင်းမဲ့ ရေခဲဆေဘာဓားကို ရင်ဆိုင်၏။ သူ၏ ပါးစပ်ကြီးကို ဖွင့်ဟကာ ထိုစွမ်းအားကြီးသည့် တိုက်ခိုက်မှုကို ဝမ်းဗိုက်အတွင်းသို့ မျိုချလိုက်သည်။ ပြီးနောက် ကောင်းကင်သို့ ထိုးတက်သွားပြီး တိမ်များဆီသို့ ဦးတည်ခဲ့၏။ "ဘုန်း.." တိမ်လွှာများ၏ အတွင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရွှေနဂါးကြီးမှာ ပျက်စီးသွားခဲ့၏။ သို့ပေမယ့် တိုက်ခိုက်မှုကို လုံးဝ ကာစီးနိုင်လိုက်လေသည်။ ယခုအချိန်၌ ဝူယွမ်၏လက်ထဲတွင် အကြွင်းမဲ့ရေခဲဓားသည် တရွေ့ရွေ့ဖြင့် ရှေ့သို့တက်လာခဲ့၏။ ဝူယွမ်၏ ခန္ဓာကိုယ်မှာတော့ အသက်ဓာတ်အားလုံးတို့ ဆုံးရှုံးနေပြီးဖြစ်သည်။ ဓားသာလျှင် လင်းလက်နေပြီး ရွှီယန်ကို ချိန်ရွယ်ထားဆဲ ရှိ၏။ သို့ပေမယ့် မည်သည့် ခြိမ်းခြောက်နိုင်စွမ်းမှ ပါဝင်မနေတော့ပေ။ အအေးဓား၏ အေးစက်လှသည့် အငွေ့အသက်တို့မှာ ပျောက်ကွယ်သွားပြီးဖြစ်ကာ ဓားပေါ်တွင် အပြာရောင် အလင်းတစ်ခုသာ ရေးတေးတေး ကျန်ရစ်ခဲ့၏။ သိုင်းတစ်ထောင်ခန်းမဘက်က တုံ့ပြန်နိုင်ခြင်း မရှိစဉ်တွင် ရွှီယန်သည် နောက်ထပ် လက်ဝါးချက်တစ်ခုကို ရိုက်ထုတ်လိုက်သည်။ ရွှေရောင်နဂါးကြီးတစ်ကောင် ထပ်မံထွက်ပေါ်လာပြီး အအေးဓားကို ၎င်း၏ဝမ်းဗိုက်အတွင်းသို့ မျိုချလိုက်၏။ လျှပ်တပြက်အတွင်းတွင် ဝူယွမ်၏အလောင်းမှာ ပြာများအဖြစ် လွင့်ပျံသွားသည်။ "သိုင်းတစ်ထောင်ခန်းမမှာ တိုက်ခိုက်ဖို့အတွက် ပါရမီရှင် မရှိတော့ဘူးဆိုတော့လည်း ငါသွားတော့မယ်... ပါရမီရှင်တွေရဲ့ နောက်ဆုံးပြိုင်ပွဲမှာ ပြန်တွေ့ကြမယ်... အရှက်မဲ့တဲ့ သိုင်းတစ်ထောင်ခန်းမကြီး.. ငါ့ကို စိတ်ပျက်မသွားရစေဖို့ မျှော်လင့်တယ်.." ရွှီယန်က အားပါးတရ ရယ်၏။ သိုင်းတစ်ထောင်ခန်းမအား ပိတ်ဆို့သည် အဖြစ်အပျက်မှာ အဆုံးသတ်ခဲ့လေပြီ။ ဝူယွမ်က တိုက်ခိုက်မှုပြုချိန်တွင် ပြောခဲ့သည့် စကားအရ သိုင်းတစ်ထောင်ခန်းမတွင် သူ့အား စိန်ခေါ်ရန် မည်သည့်ပါရမီရှင်မှ မရှိတော့ကြောင်းကို ရွှီယန်သိလိုက်၏။ တစ်ဖက်လူ၏ စကားများမှာ မှန်မှန်မှားမှား သိုင်းတစ်ထောင်ခန်းမသည် သူနှင့်အတူ ဆက်လက်အချိန်ဖြုန်းပေးမည် မဟုတ်တော့ပေ။ ထိုသို့ဆိုပါက သူကလည်းပဲ မည်သည့်အချိန်၌ ရပ်တန့်ရမည်ကို နားလည်သင့်ပေသည်။ ဒီ ဒီဗိုင်းကိရိယာဖြစ်သည့် ရေခဲဆေဘာဓားသည် ဒီတိုက်ပွဲမှ သူ့အတွက် ဆုကြေးဖြစ်၏။ "ဒီဆေဘာက... တိုက်ပွဲက ငါ့ရဲ့ဆုလာဘ်ပဲ... အားလုံးကိုနှုတ်ဆက်ခဲ့တယ်.." အအေးဓားကို မျိုချပြီးနောက် ရွှေရောင်နဂါးကြီးက ရွှီယန်ကို ရစ်ပတ်သွားသည်။ ရွှီယန်သည် လက်ကိုဝှေ့ရမ်းကာ မျက်စိတမှိတ်အတွင်း နေရာမှ ပျောက်ကွယ်သွားခဲ့၏။ "ရမ်းကားလိုက်တာ..." သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီမှ ဒေါသတကြီးအော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဆေဘာသခင်အကြီးအကဲမှာ အလွန် ဒေါသထွက်သွား၏။ ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမမှ ဒီဗိုင်းကိရိယာတစ်ခုကို ပြောင်ပြောင်ရှင်းရှင်းပင် လုယူရဲလေသည်။ မည်သည့်နေရာမှ သတ္တိတို့ ရလာခဲ့သနည်း။ ရှိနေကြသည့် သိုင်းသမားများအားလုံးမှာ တောင့်တင်းသွားကြသည်။ ရွှီယန်က အအေးဓားကို လုယူပြီး ထွက်ခွာသွားမှသာလျှင် သူတို့သည် သတိလည်လာကြ၏။ မျက်နှာများ၌ ချွေးစေးများ ဖုံးလွှမ်းနေပါသည်။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ ဒီဗိုင်းကိရိယာတစ်ခု ဖြစ်၏။ သူသည် သိုင်းတစ်ထောင်ခန်းမ အရှင်သခင်နှင့် အကြီးအကဲများ၏ မျက်စိရှေ့တွင်ပင် ထိုဒီဗိုင်းကိရိယာအား လုယူသွားလေသည်။ ရွှီယန်သည် မည်သည့်နေရာမှ သတ္တိတို့ ရရှိလာသနည်း။ ဒီမျိုးဆက်၏ လူငယ်များသည် အလွန် အကြောက်အလန့် ကင်းကြသည်လား။ "မဟုတ်ဘူး..." ဒီရွှီယန်ကပဲ ရဲတင်းလွန်းနေတာ... အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုရဲ့ ဒီဗိုင်းကိရိယာကို လုယက်ရဲတယ်။ ဒါမျိုးက ရွှီယန်က ပထမဆုံးပဲ... ထိုအပြင် သူသည် ၎င်းကို သိုင်းတစ်ထောင်ခန်းမ၏ ရှေ့၌ပင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သိုင်းတစ်ထောင်ခန်းမမှ အသန်မာဆုံး ပုဂ္ဂိုလ်များ၏ လိုက်လံသတ်ဖြတ်မှုကို မကြောက်ပေဘူးလား။ "ဒါက... ဒါကြီးက လွန်လွန်းသွားပြီ.." ချွေဟွားယွီက နဖူးမှ ချွေးစေးများကို သုတ်သည်။ သူ၏ မျက်လုံးများမှာ ပြူးကျယ်နေ၏။ "ရွှီယန်..." သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီမှ သတ်ဖြတ်လိုသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ပုံရိပ်တစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ရွှီယန်ဆီသို့ လိုက်ပါသွားသည်။ သူ၏ ထည်ဝါလှသည့် စွမ်းအားက အရပ်မျက်နှာအားလုံးမှ လူများအား ထိတ်လန့်သွားစေ၏။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ ဆေဘာသခင်အကြီးအကဲ ဖြစ်သည်။ "မင်းက.. မင်းရဲ့ခွန်အားကြီးကိုသုံးပြီး အားနည်းတဲ့ လူငယ်တစ်ယောက်ကို အနိုင်ကျင့်ချင်တာလား.." ထန်းကျီက အော်လိုက်ပြီးနောက် သူ၏ စစ်ပုဆိန်ဖြင့် တိုက်ခိုက်လိုက်သည်။ ကြည့်ရသည်မှာ အဆုံးမဲ့သောတောင်များ ပြိုဆင်းလာဟန်ရပြီး ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ရွှီယန်အား လိုက်လံကာ သတ်ဖြတ်တော့မည် ဆေဘာသခင်အကြီးအကဲကို တားဆီးသွားသည်။ "ဘုန်း.." ဆေဘာသခင်အကြီးအကဲက ဒေါသတကြီး အော်လိုက်ပြီးနောက် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီမှ ဆေဘာတစ်ချောင်းသည် သူ၏ လက်ထဲသို့ လွင့်ပျံလာခဲ့၏။ ဆေဘာဓားချက် တစ်ချက်နှင့်အတူ အဆုံးမဲ့သော တောင်များကို ပြိုလဲသွားစေသည်။ နောက်တစ်ချက်က ထန်းကျီကို ချိန်ရွယ်ထား၏။ "ရွှီယန်က ငါတို့ သိုင်းတစ်ထောင်ခန်းမရဲ့ ဒီဗိုင်းကိရိယာကို လုယူခဲ့တယ်... မင်းထန်းကျီက ဝင်ပါချင်တာလား... မင်းရောသူနဲ့အတူ သေချင်လို့လား.." ထန်းကျီမှာ နှလုံးသားထဲ၌ တုန်ခါနေ၏။ သို့ပေမယ့် ပြန်လည်ချေပသည်။ "ဒါက ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲတစ်ခုပဲ... အနိုင်ရသူက တိုက်ပွဲရဲ့ အကြွင်းအကျန်တွေကို ယူပိုင်ခွင့်ရှိတယ်။ အဲ့ဒီ့ ဒီဗိုင်းကိရိယာက မင်းတို့သိုင်းတစ်ထောင်ခန်းမက ဆိုပေမယ့် ဝူယွမ် အသုံးပြုခဲ့တဲ့ ပစ္စည်းပဲ။ ဝူယွမ်က ရှုံးနိမ့်ပြီးပြီဆိုတော့ ရွှီယန်ရဲ့အပိုင် ဖြစ်လာတာ ပုံမှန်ပဲ.." "ပေါက်ကရတွေ..." နောက်ထပ် အော်သံတစ်ခု လေထဲ၌ လွင့်ပျံလာခဲ့၏။ ထို့အပြင် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးမှ ပိုမိုကာပင် ကြောက်စရာကောင်းသည့် အရှိန်အဝါတစ်ခု မြင့်တက်လာခဲ့သည်။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ အရှင်သခင် ဖြစ်၏။ ဆက်လက်ပြီး နောက်ထပ်စွမ်းအားကြီး အရှိန်အဝါများ တစ်ခုပြီးတစ်ခုလည်း မြင့်တက်လာခဲ့သည်။ ထန်းကျီမှာ ဖြူရော်သွားသည့် သူ၏ စစ်ပုဆိန်ဖြင် တိုက်ခိုက်မှုပြုပြီးနောက် နောက်သို့လှည့်ကာ ထွက်ပြေးလေတော့သည်။ "ရွှီယန်... ခွေးကောင်လေး... မင်းကတကယ့်ကို ရဲတင်းလွန်းတယ်... ငါမင်းကို ထောက်ခံပေးဖို့ လာခဲ့တာဆိုပေမယ့် ဒီလောက်ကြီးအထိ သတ္တိမေကာင်းသေးဘူး... ငါဆက်ပြီးတော့ တောင့်မခံနိုင်တော့ဘူး... မင်းကိစ္စကို မင်းဘာသာ ရှင်းတော့.." ထန်းကျီသည် အသဲအသန် ထွက်ပြေးခဲ့၏။ အနည်းငယ်နှေးကွေးသည်နှင့် အန္တရယ်ကျရောက်မည်ကို စိုးရိမ်နေပါသည်။ သူ၏လက်ထဲရှိ ဒီဗိုင်းကိရိယာကိုပင် ဆုံးရှုံးနိုင်ခြေရှိ၏။ ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တွင် သူသည် ရွှီယန်အတွက် ရပ်တည်ပေးခဲ့ခြင်း ဖြစ်သည်။ သူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ စောင့်ရှောက်သူတစ်ဦးဖြစ်ရာ လေလွင့်သိုင်းသမားများအတွက် ကာကွယ်ပေးသည်မှာ ပုံမှန်သာဖြစ်၏။ သို့ပေမယ့် ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမ၏ ဒီဗိုင်းကိရိယာတစ်ခုကို ပြောင်ပြောင်တင်းတင်း လုယူသွားလေသည်။ ထန်းကျီတွင် ထိုကဲ့သို့သော သတ္တိမျိုးမရှိပေ။ သူသည် ဆက်လက်ခံနိုင်ရည် မရှိတော့ပါ။ ယရုံ၏ ပါးစပ်က ပွင့်ဟနေပြီး ရွှီယန် ထွက်ပြေးပျောက်ကွယ်သွားသည့် လားရာဆီသို့ ငိုင်တိုင်စွာ ကြည့်နေမိသည်။ အချိန်အတော်ကြာအောင် သတိပြန်လည်လာခြင်းမရှိပဲ ဖြစ်နေ၏။ ထိုအချိန်၌ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့သို့ အသံတစ်ခု ပျံ့လွင့်လာခဲ့သည်။ "ဒီဆေဘာက ငါ့ရဲ့ တိုက်ပွဲဆုကြေးပဲ။ ငါရွှီယန်ရဲ့ အပိုင်ဖြစ်တယ်... သိုင်းတစ်ထောင်ခန်းမက မကျေနပ်ဘူးဆိုရင် ငါ့ကိုလိုက်သတ်ဖို့ ဘယ်သူ့ကိုမဆို စေလွှတ်လို့ရတယ်။ သူတို့အားလုံးကလည်း ငါ့ရဲ့ ခြေနင်းကျောက်တုံးတွေ ဖြစ်လာကြလိမ့်မယ်။ ငါရွှီယန် စိတ်ဝိဉာဉ်နယ်မြေရဲ့ အထွတ်အထိပ်ကို တက်လှမ်းမဲ့ ခြေနင်းတုန်းတွေပေါ့.." လူတိုင်းသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ ကောင်းကင်တွင် ရွှီယန်၏ ရပ်နေမှုကို တွေ့လိုက်ရသည်။ သူသည် သိုင်းတစ်ထောင်ခန်းမကို အထင်သေးစွာ ပြောဆိုနေ၏။ "မင်းက သေချင်နေတာပဲ..." ဆေဘာသခင်အကြီးအကဲမှာ ဒေါသတကြီး လိုက်လံသတ်ဖြတ်၏။ သို့ပေမယ့် သူ ရွှီယန်ဆီသို့ မရောက်ခင်တွင် တစ်ဖက်လူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအကြား၌ ပျောက်ကွယ်သွားခဲ့သည်။ ဤသည်မှာ မည်ကဲ့သို့သော ပညာရပ်မျိုး ဖြစ်သနည်း။ သိုင်းသမားများအားလုံးသည် တိတ်ဆိတ်သွားကြသည်။ "ရွှီယန်... မင်း ဘယ်လောက်ဝေးဝေးအထိ ထွက်ပြေးနိုင်မလဲလို့ ကြည့်တာပေါ့.." ဆေဘာသခင်အကြီးအကဲက ဒေါသတကြီး အော်ပြီးနောက် ရွှီယန်ထွက်ပြေးသွားသည့် လားရာဆီသို့ ဆက်လက်လိုက်သည်။ သူ၏ခွန်အားနှင့် တစ်ဖက်လူကိုလိုက်မှီရန် အချိန်မကြာဟု ယုံကြည်ချက်ရှိ၏။ "မင်းက ကိုယ့်သေတွင်းကို ကိုယ်တူးနေတာပဲ..." သူသည် နှလုံးသားထဲ၌ ကြိမ်းမောင်းသည်။ ရွှီယန်သည် သူ့ကို တိုက်ခိုက်နိုင်ရန်အတွက် အကြောင်းပြချက်တစ်ခု ပေးခဲ့၏။ အလွန်ကောင်းမွန်လှသည့် အကြောင်းပြချက်တစ်ခု ဖြစ်သည်။ ထို့အပြင် ဒီဗိုင်းကိရိယာများသည် သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလို့မရပေ။ ထို့ကြောင့် ရွှီယန်သည် ပုန်းအောင်းနေလို့ မရပါ။ သိုင်းတစ်ထောင်ခန်းမ၏ လိုက်လံသတ်ဖြတ်မှုမှ သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သိုင်းတစ်ထောင်ခန်းမ အတွင်းတွင် ဒီအချိန်၌ လူအိုကြီးများစွာတို့ တိတ်တဆိတ် ပျက်ကွယ်သွားကြ၏။ ရွှီယန်ကို လိုက်လံသတ်ဖြတ်တော့မည် ဖြစ်သည်။ "ရွှီယန်ရဲ့ တည်နေရာကို သတင်းထောက်ပံ့ပေးနိုင်တဲ့ ဘယ်သူမဆို ဆုကြေးရမယ်.." သိုင်းတစ်ထောင်အရှင်သခင်က အေးစက်စွာ ပြောသည်။ သူသည် မည်သည့် ဆုကြေးဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ သို့ပေမယ့် အဆင့်လွန်ဂိုဏ်းများ၏ စကားတစ်ခွန်းကပင် ကြီးမားသည့် ကံကောင်းမှုကို ဖြစ်ပေါ်စေနိုင်၏။ ထို့ကြောင့် မရေမတွက်နိုင်သော အင်အားစုများနှင့် သိုင်းသမားများသည် ထိုအတွက် ရူးသွပ်ကုန်ကြမှာ ဖြစ်သည်။ ထို့အပြင် ဤသည်မှာ ရွှီယန်၏ တည်နေရာကို သတင်းပေးရန်သာ လိုအပ်ခြင်း ဖြစ်၏။ လူတစ်ယောက်သာ သူ့ကို ကိုယ်တိုင်ဖမ်းဆီးနိုင်ပါက ရရှိလာမည့် ဆုကြေးမှာ စိတ်ကူး၍ မရနိုင်လောက်အောင် ကြီးမားမှာဖြစ်သည်။ သို့ပေမယ့် ရှိနေကြသည့် သိုင်းသမားများအားလုံးသည် ရွှီယန်ကို ဖမ်းဆီးနိုင်ရန်မှာ အနိုင်တိုက်ခိုက်ရန် လိုအပ်ကြောင်းအား သိရှိကြ၏။ ကိုယ်ကိုယ်တိုင်မှာ အလွန့်အလွန် သန်မာမနေပါက ကိုယ့်သေတွင်းကို ကိုယ်တူးသည်နှင့်ပင် တူမှာဖြစ်သည်။ ရွှီယန်၏ခွန်အားသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်နေပြီး ဖြစ်၏။ ထိုအဆင့်နှင့် သိုင်းသမား ရှစ်ယောက်ဆယ်ယောက်လောက် ဝိုင်းဝန်းတိုက်ခိုက်လျှင်တောင် သူတို့သာလျှင် အသတ်ခံရမှာ ဖြစ်သည်။ "စိတ်ဝိဉာဉ်နယ်မြေမှာ ရွှီယန်ကို နှိုင်းယှဉ်နိုင်တဲ့ ပါရမီရှင်ရော ရှိသေးလို့လား.." ထိုအတွေးသည် လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။ ရွှီယန်သည် အသန်မာဆုံးပုဂ္ဂိုလ်များ၏ အောက်တွင် ပြိုင်ဖက်ကင်းလေသည်။ ဤသည်မှာ အနှိုင်းမဲ့သည့် ပါရမီရှင်တစ်ဦး ဖြစ်၏။ မည်သူက သူ့ကို ယှဉ်ပြိုင်နိုင်မည်လဲ။ "မယုံနိုင်စရာပဲ မယုံနိုင်စရာပဲ... ငါ သမိုင်းတစ်ခုကို ကြုံတွေ့ခဲ့တာပဲ.." ချွေဟွားယွီက စိတ်လှုပ်ရှားစွာဖြင့် နန်းတော်အတွင်းသို့ ပြန်ဝင်သွားသည်။ ဒီခရီးစဉ်က အလွန်တန်၏။ အလွန်စိတ်လှုပ်ရှားစရာ ကောင်းလှ၏။ ရွှီယန်သည် အလွန် ရဲတင်းလွန်းလှသည်။ ရှေးခေတ်အခါကတည်းက ယခုအချိန်အထိ လေလွင့်သိုင်းသမားများ အကြားတွင် အရဲရင့်ဆုံးလူကို ဆိုပါဆိုလျှင် ရွှီယန်ကိုသာလျှင် ပြောရပေလိမ့်မည်။ ကောင်းကင်ထက်တွင် တိမ်ခွင်းလင်းယုံက ထိုးတတ်လာပြီး ရွှီယန်ထွက်ပြေးသည့် လားရာဆီသို့ ပျံသန်းသွားသည်။ ယရုံ၏မျက်ခုံးများက မျက်မှောင်ကျုံ့သွားပြီး ချက်ချင်းပင် ကြည့်လိုက်၏။ ရွှီယန်သည် အဝေးကြီးသို့ မရောက်လောက်သေးပေ။ ဆေဘာသခင် အကြီးအကဲ၏ ဖမ်းဆီးခြင်းကို ခံရပါက သူသည် သံသယဝင်စရာမကောင်းလောက်အောင် သေဆုံးရမှာ ဖြစ်၏။ တစ်ဖက်လူကို ရင်ဆိုင်ရန်အတွက် ဝှက်ဖဲအချို့ ရှိနေမှသာ ရပေလိမ့်မည်။ သို့ပေမယ့် ဤသည်မှာ မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။
***