"ဒီနေ့မှာ ငါမုန့်ချုံ မင်းတို့အားလုံးကို အခွင့်အရေးတစ်ခုပေးမယ်... အံ့ဖွယ်သုံးပါးမျှော်စင်က ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေ.. မင်းတို့တွေကိုယ်တိုင် စင်ပေါ်ကို တက်ရောက်တိုက်ခိုက်လို့ ရတယ်။ ငါ မင်းတို့အရူးကြီးတွေကို စိန်ခေါ်တယ်.." မုန့်ချုံက သူ၏ဆေဘာကို ချိန်ရွယ်ရင်းက မောက်မာစွာဖြင့် ကြေငြာ၏။ အံ့ဖွယ်သုံးပါးမျှော်စင်မှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများမှာ မှင်တက်သွားကြသည်။ သူတို့ကိုယ်သူတို့ နားကြားမှားသလားဟုပင် သံသယဝင်မိ၏။ မုန့်ချုံသည် အမှန်တကယ်ကို သူတို့အား စိန်ခေါ်နေသည်လား။ ထို့အပြင် အားလုံးကို တပြိုင်နက် ဖြစ်လေသည်။ မည်သည့်နေရာမှ သတ္တိတို့ ရရှိလာခဲ့သနည်း။ ကြည့်ရှု့နေကြသည့် သိုင်းသမားများမှာ မှင်သက်သွားကြသည်။ မုန့်ချုံသည် ပါရမီရှင်များစွာတို့ကို အနိုင်ယူပြီးနောက် အလွန်မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် ပြိုင်ဖက်ကင်းသည်ဟု ထင်သွားလေသည်လား။ သူ့ကိုယ်သူ အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများကို တစ်ယောက်တည်း အမှန်တကယ် အနိုင်ယူနိုင်မည်ဟု ထင်နေသည်လား။ ဤသည်မှာ သေချင်နေသည်ပင်။ "မရဘူး..." လီကျိုး၏ မဟာမိတ်ခေါင်းဆောင်က ချက်ချင်းပင် အလျှင်အမြန် တားဆီးသည်။ သို့ပေမယ့် အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်က ဒီအခွင့်အရေးကို လက်လွှတ်မခံပေ။ သူသည် စင်မြင့်ပေါ်သို့ လျှင်မြန်စွာ တက်ရောက်ခဲ့၏။ "ဒါက မင်းဘာသာ စိန်ခေါ်တာပဲ... မင်းကို သတ်တာက ပါရမီရှင်တွေအကြား ယှဥ်ပြိုင်ပွဲရဲ့ စည်းမျဉ်းကို ချိုးဖောက်ရာ မကျဘူး.." "တကယ်ကို အရူးပဲ.." လီကျိုး၏ မဟာမိတ်ခေါင်းဆောင်နှင့် စွမ်းအားကြီးပုဂ္ဂိုလ်များက စိတ်ပျက်စွာဖြင့် သက်ပြင်းချကြသည်။ လူငယ်များသည် အမှန်တကယ်ကို စိတ်လိုက်မာန်ပါနိုင်၏။ သတိတရားတို့ ကင်းမဲ့လှသည်။ မုန့်ချုံသည် စင်မြင့်၏အောက်ရှိ အံ့ဖွယ်သုံးပါးမျှော်စင်မှ အကြီးအကဲတို့ကိုကြည့်ကာ နှာခေါင်းရှုံ့၏။ "ခင်ဗျား တစ်ယောက်တည်းက မလုံလောက်ဘူး... အောက်ကလူတွေလည်း အကုန်တက်ခဲ့ကြ.." "ငါမုန့်ချုံ အံ့ဖွယ်သုံးပါးမျှော်စင်က စွမ်းအားကြီးပုဂ္ဂိုလ်ဆိုတဲ့ လူတွေကို တစ်ယောက်တည်းနဲ့ ဘယ်လို အနိုင်ယူမလဲလို့ ကြည့်ထားကြ.." အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်မှာ မှင်သက်သွားသည်။ ဒီကတုံးသည် ရူးသွပ်သွားသည်လား။ သူသည် အသက်ကို နတ်ရှိုင်းစွာရှူပြီး ခေါင်းငြိမ့်၏။ အံ့ဖွယ်သုံးပါးမျှော်စင်မှ အကြီးအကဲများလည်း အရှိန်အဝါတို့ကို ဖော်ထုတ်ကာ စင်မြင့်ပေါ်သို့ တက်လာကြသည်။ အားနည်းသည့်လူကို ဝိုင်းဝန်းတိုက်ခိုက်ခြင်းမှာ အမှန်တကယ်ကို အရှက်မဲ့စရာ ကောင်းလှ၏။ သို့ပေမယ့် မုန့်ချုံက စတင် စိန်ခေါ်ခြင်းဖြစ်ရာ သူတို့သည် ဂရုမစိုက်ကြပေ။ တစ်ဖက်လူက သေချင်နေရာ ဆန္ဒကို ဖြည့်ဆည်းပေးမည် ဖြစ်၏။ "သူက တကယ့်ကို မောက်မာလွန်းတယ်..." "မုန့်ချုံကတော့ သရွှမ်မြို့မှာ သေမင်းနဲ့တွေ့တော့မယ်.." "ဒါက ငယ်ရွယ်လို့ စိတ်လိုက်မာန်ပါလုပ်တာ မဟုတ်တော့ဘူး... သူက လုံးဝကို မောက်မာတာပဲ။ လူတိုင်းကို အထင်ကို မကြီးတာ.." ကြည့်ရှု့နေသူများက သက်ပြင်းချသည်။ "လာခဲ့ကြ.." မုန့်ချုံက လက်သီးချက် တစ်ချက်ဖြင့် စတင်ကာ ပထမဆုံး လှုပ်ရှားမှုကိုပြု၏။ "သတ်.." အံ့ဖွယ်သုံးပါးမျှော်စင်မှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် စွမ်းအားတို့ကို ဖြန့်ကျက်ကာ တိုက်ခိုက်မှုများကို အသီးသီး ထုတ်လွှတ်ကြ၏။ သူတို့၏ ကြောက်စရာကောင်းလှသည့် စွမ်းအားသည် မုန်တိုင်းသဖွယ် ခက်ထန်လာပြီး စင်မြင့်ပေါ်မှ မြောက်တတ်ကာ လေထဲသို့ ရောက်သွားကြ၏။ ကောင်းကင်ပေါ်၌ တိုက်ပွဲကို ဆင်နွှဲသည်။ ခဏအကြာ၌ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ပုံရိပ်တစ်ခု ထိုးဆင်းလာခဲ့သည်။ စင်မြင့်ပေါ်တွင် လူသားသဏ္ဍာန် ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ "မုန့်ချုံတော့ အန္တရာယ်ကျရောက်ပြီ.." လူတိုင်းက အသံပြုမိကြသည်။ လီကျိုးရှိ မျိုးဆက်စုံမဟာမိတ်ခေါင်းဆောင်မှာလည်း အကူအညီ မဲ့နေ၏။ သူ့အနေနှင့် ဝင်ပါချင်လျှင်တောင် အကြောင်းပြချက်ပေးစရာ မရှိပေ။ ထို့အပြင် ဒီအချိန်၌ စိတ်ဝိဉာဉ်ဂိုဏ်းများရှိ ထိပ်တန်းပုဂ္ဂိုလ်များအားလုံးသည် သတိမပြတ် ရှိနေကြပြီး သူ့ကိုဝင်ရောက်ကူညီရန် အခွင့်အရေးပေးမည် မဟုတ်ပေ။ မုန့်ချုံက ခန္ဓာကိုယ်က ဖုန်များကို ပုတ်ခါရင်းက ကျယ်လောင်စွာ ရယ်၏။ "မင်းတို့ အားနည်းတဲ့ကောင်တွေ... ထမင်းမစားခဲ့ဘူးလား... ခွန်အားလေး သုံးကြပါဟ.." သူသည် ထပ်မံခုန်တတ်ကာ တိုက်ခိုက်ပြန်၏။ "မိုက်ရိုင်းတဲ့ကောင်..." အံ့ဖွယ်သုံးပါးမျှော်စင်မှ ခေါင်းဆောင်နှင့် အကြီးအကဲများမှာ အားလုံး အံ့ဩသွားကြသည်။ ယခုမျှသောစွမ်းအားကြီးမားသည့် တိုက်ခိုက်မှုအပြီးတွင် မုန့်ချုံသည် လွင့်စင်သွားပေမယ့် မည်သည့်ဒဏ်ရာမှ မရခဲ့ပေဘူးလား။ မည်မျှ ပြိုင်ဖက်ကင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသနည်း။ "ဘုန်း.." ပြင်းထန်သော တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားခဲ့၏။ မုန့်ချုံသည် အကြိမ်ကြိမ် ထိုးနှက်ခြင်း ခံခဲ့ရသည်။ သို့ပေမယ့် သူသည် အကြောက်အရွံ ကင်းမဲ့စွာဖြင့် လက်သီးချက်များနှင့် ဆေဘာဓားချက်များကို ဆက်လက်ထုတ်လွှတ်နေ၏။ အကြီးအကဲတစ်ယောက် ပေါ်တွင်သာ ဦးတည်ပြီး တိုက်ခိုက်သည်။ သူ့ကို သတ်ဖြတ်ချင်နေဟန် ရ၏။ အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် အခြားအကြီးအကဲများ၏ တိုက်ခိုက်မှုများကိုတော့ ခန္ဓာကိုယ်နှင့် တိုက်ရိုက်ခံယူသည်။ "ဘုန်း.." မသေခြင်းချပ်ဝတ်မှာ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းဖြင့် တောက်ပလာခဲ့၏။ မုန့်ချုံသည် ရွှေရောင်ချဝတ်နှင့် စစ်ဘုရားတစ်ပါးသဖွယ် ဖြစ်လာခဲ့သည်။ "ဒါက ဘယ်လို ခံနိုင်ရည်မျိုးလဲ..." "ဘုန်း.." "နည်းနည်းလောက်ပဲ... နည်းနည်းလောက်ပဲ ထပ်ပြီးအားစိုက်လိုက်.." စွမ်းအားကြီးမားသည့် တိုက်ခိုက်မှုများစွာ ကျဆင်းလာလင့်ကစား မသေခြင်းချပ်ဝတ်သည် ပျက်စီးသွားရလျှင်တောင် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ တိုက်ခိုက်ခြင်းခံရသည့် အသံများ တဘုန်းဘုန်း ထွက်ပေါ်နေကာ နာကျင်မှုကိုပင် ခံစားရသည်။ သို့ပေမယ့် မုန့်ချုံသည် အလွန် စိတ်လှုပ်ရှားနေ၏။ ကောင်းကင်တူတစ်ရာ သန့်စင်ခြင်းအတတ်ကို အသက်သွင်းထားပြီး ရန်သူ၏ တိုက်ခိုက်မှုအားလုံးက သူ၏ သိုင်းပညာအခြေခံကို စုဆောင်းပေးနေသည်။ ထို့နောက် ချက်ချင်းပင် သူ၏လက်ထဲ၌ ပုလင်းငယ်တစ်ခု ပေါ်လာခဲ့၏။ ဆေးလုံးများကို သွန်ထုတ်ကာ ပါးစပ်အတွင်းသို့ လောင်းထည့်လိုက်သည်။ သူ၏ သိုင်းပညာအခြေခံအား စုဆောင်းသည့် အမြန်နှုန်းကို မြှင့်တင်လိုက်၏။ "သူ ဒဏ်ရာရနေပြီ..." မုန့်ချုံသည် ဒဏ်ရာများ ရရှိလာကာ ကုသရန်အတွက် ဆေးများကိုပင် ထုတ်သောက်လာရရာ အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်မှာ အားတက်သွားသည်။သူ၏ အပေါင်းအပါများကို ချက်ချင်းပင် လှုံ့ဆော်လိုက်၏။ ဒီရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ပြိုင်ဖက်ကင်းခြင်း မရှိပေ။ "ဘုန်း.." သို့ပေမယ့် မုန့်ချုံသည် သူ၏ တိုက်ခိုက်မှုများကို အကြီးအကဲတစ်ယောက်အပေါ်သာ ပစ်မှတ်ထားထားပြီး ထိုအကြီးအကဲသည် သွေးများအန်ကာ ဒဏ်ရာအပြင်းအထန် ရရှိနေပြီ ဖြစ်သည်။ ဆက်လက်တိုက်ခိုက်နေပါက သေချာပေါက် သေဆုံးရတော့မှာ ဖြစ်၏။ အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်သည် အနည်းငယ်စိတ်ရှုပ်သွား၏။ သူသည် တိုက်ခိုက်ရင်းက ကူညီနေရသည်။ သို့ရာတွင် မုန့်ချုံသည် ထိုအကြီးအကဲကို သတ်ဖြတ်ရန်သာ ရည်ရွယ်ထားဟန်ရပြီး တစ်ဖက်လူနှင့် ကြီးမားသည့် အမုန်းတရားတို့ ရှိနေပုံပေါ်သည်။ "ငါမင်းကို သေတဲ့အထိ တိုက်မယ်..." ထိုအကြီးအကဲသည် ဒေါသတကြီး အော်လိုက်ပြီးနောက် စွမ်းအင်တို့ ပေါက်ကွဲထွက်လာကာ လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ ပြင်းထန်သည့် လက်သီးချက်က မုန့်ချုံအပေါ်သို့ ကျရောက်၏။ "ဘုန်း.." မုန့်ချုံမှာ လွင့်စင်ထွက်သွားပြီး စင်မြင့်ပေါ်၌ ကြီးမားသည့် ချိုင့်ကြီးတစ်ခု ဖြစ်လာစေသည်။ ထိုအကြီးအကဲသည်လည်း မုန့်ချုံ၏ လက်သီးချက်ဖြင့် ချက်ချင်းသတ်ဖြတ်ခြင်း ခံလိုက်ရ၏။ "သေလိုက်တော့.." ကျန်ရှိနေသည့် အံ့ဖွယ်သုံးပါးမျှော်စင်မှ လူအားလုံး၏ မျက်နှာများက သွေးရောင်တို့ ရဲသွားသည်။ သူတို့သည် ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို မိုးရွာသွန်းသည့်သဖွယ် ထုတ်လွှတ်၏။ "ဘုန်း.." ကြည့်ရှု့နေသူများ အားလုံးမှာ ချက်ချင်းပင် နောက်ဆုတ်သွားကြသည်။ တိုက်ပွဲ၏ သက်ရောက်မှု ခံရမည်ကို ကြောက်ရွံ့နေ၏။ "မုန့်ချုံတော့ သေပြီမလား..." လူအားလုံးတို့သည် မုန့်ချုံကို အံ့ဖွယ်သုံးပါးမျှော်စင်မှ ရန်သူများ၏ ပြင်းထန်သည့် တိုက်ခိုက်မှုများဖြင့် အမှုန့်ဖြစ်သွားလောက်ပြီဟု ထင်မိကြ၏။ "ဘုန်း.." ရုတ်တရက် ရွှေရောင်အလင်းတို့ ထွက်ပေါ်လာ၏။ အားလုံး၏ အံ့ဩနေသည့် မျက်လုံးများအောက်တွင် ရွှေရောင် လူ့ဘီလူးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ သူ၏ လက်သီးချက်များကို ထုတ်လွှတ်ရင်းက ကျဆင်းလာနေသည့် တိုက်ခိုက်မှုများကို ဆန့်ကျင်တိုက်ခိုက်၏။ "ဘယ်လို... ဘယ်လိုဖြစ်နိုင်မှာလဲ.." "ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ.." ရုတ်တရက်ပေါ်လာသည့် ရွှေရောင် လူ့ဘီလူးကြီးကိုကြည့်ကာ လူတိုင်းမှာ ထိတ်လန့်သွားကြသည်။ ခြောက်မီတာမြင့်မားသည့် လူ့ဘီလူးကြီး၏ ရှေ့တွင် အားလုံးတို့သည် သေးငယ်သည့် မြက်ပင်များသဖွယ် ခံစားလာရ၏။ လင်းနယ်မြေတွင် ယခုကဲ့သို့ သိုင်းပညာမျိုး ရှိနေသည်လား။ ဖြစ်နိုင်သည်မှာ ဤသည်မှာ မုန့်ချုံ၏ အစစ်အမှန် အသွင်အပြင်လား။ သူသည် လူ့ဘီလူးတစ်ကောင်လေလား။ လင်းနယ်မြေတွင် လူ့ဘီလူးများ ရှိနေသည်လား။ မဖြစ်နိုင်ပေ။ မုန့်ချုံသည် သူ၏ ခြောက်မီတာ ရွှေခန္ဓာအတတ်ကို အသက်သွင်းပြီးနောက် သေးငယ်သည့် လူ့ဘီလူးသဖွယ် ဖြစ်လာခဲ့သည်။ ကျန်ရှိသည့် အံ့ဖွယ်သုံးပါးမျှော်စင်မှ အဖွဲ့သားများကို တိုက်ခိုက်၏။ "ပျော်ဖို့ကောင်းတယ်... ဆက်ပြီး တိုက်ရအောင်.." အံ့ဖွယ်သုံးပါးမျှော်စင်မှ ကျန်ရှိနေသည့် လူအားလုံးမှာ လုံးဝ အံ့သြထိတ်လန့် ကုန်ကြသည်။ သို့ရာတွင် ဒီအချိန်၌ မည်သည့်ဆုတ်ခွာရန် လမ်းကြောင်းမှ မရှိပေ။ "သတ်..."
***