ကြမ်းကြုတ်သော အော်သံတစ်ခုနှင့်အတူ သူတို့သည် ရှေ့သို့ ပြေးတက်သွားကြ၏။ မုန့်ချုံကို တိုက်ခိုက်မှုများအတွင်း၌ နစ်မြုပ်သွားစေသည်။ "သူ့ကိုဝိုင်းကြ.." အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်က နက်ရှိုင်းသည့်အသံဖြင့် အမိန့်ပေးသည်။ လူ့ဘီလူးကြီးမှာ စွမ်းအားကြီးမားပုံ ပေါ်ပေမယ့် ၎င်းသည် တုံ့ပြန်မှု အလွန်နှေးကွေးမည် ဆိုသည်ကို သံသယဝင်စရာ မလိုပေ။ "ဝိုင်းချင်တာလား.." မုန့်ချုံက ပြုံးသည်။ သူ၏ လက်သီးကြီးက ဖြတ်သန်းလွှဲရမ်းလာပြီး အလွန်စူးရှစွာနှင့် လျှင်မြန်စွာ ရွေ့လျားလာခဲ့၏။ တိုက်ခိုက်မှုများက သွက်လက်မှုနှင့် မြန်ဆန်မှုတို့ ပေါင်းစပ်ထားပြီး မည်သည့် ကျန့်ကြာနေသည့် အသွင်အပြင်မှ မပြပေ။ သူထုတ်လွှတ်သည့် လက်သီးချက်တိုင်းသည် အလွန်ပြင်းထန်လှ၏။ လေနှင့်မိုးကြိုးတို့၏ မာန်ဖီသံများနှင့်အတူ အကြီးအကဲများထဲမှ တစ်ယောက်ကို အသဲအသန် လိုက်လံတိုက်ခိုက်နေပြီး အခြား တိုက်ခိုက်မှုများကိုတော့ လုံးဝ လျစ်လျူရှု့ထားသည်။ သူသည် ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အား လုံးဝ ယုံကြည်ချက်ရှိ၏။ မုန့်ချုံသည် ခြောက်မီတာရွှေခန္ဓာအဖြစ် ပြောင်းလဲပြီးနောက် သူ၏ခံနိုင်ရည်တို့မှာ ပိုမိုကာပင် မြင့်တက်လာခဲ့သည်။ သူ၏ ပစ်မှတ်ထားခြင်းကိုခံရသည့် အကြီးအကဲသည် ဝင်ရောက်လာနေသည့် ကြမ်းတမ်းလှသည့် လက်သီးချက်များကို ရှောင်ရှားနိုင်ခြင်းမရှိဘဲ မျက်နှာ၌ မျှော်လင့်ချက်မဲ့အမှုတို့ ပြည့်နက်လာခဲ့၏။ အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် အခြားအကြီးအကဲများက မုန့်ချုံကို အပြင်းအထန် တိုက်ခိုက်ကြသည်။ သို့ပေမယ့် သူ၏ခန္ဓာကိုယ်သည် တုန်ခါသွားလင့်ကစား၊ မသေခြင်းချပ်ဝတ်သည် အပ်ကွဲသွားလင့်ကစား သိလာသည့် မည်သည့်ထိခိုက်မှုကိုမှ ဖြစ်စေနိုင်ခြင်း မရှိပေ။ "ငါ မင်းနဲ့အတူ သေမယ်..." အကြီးအကဲက သူ၏ လျှို့ဝှက်အတတ်ကို အသုံးပြုလိုက်ပြန်၏။ "ဘုန်း.." မုန့်ချုံ၏ ခန္ဓာကိုယ်ကြီးသည် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားပြီးမှသာလျှင် ဟန်ချက်ကို လျှင်မြန်စွာ ထိန်းနိုင်လိုက်သည်။ သူသည် ပြုံးကာ အခြားအကြီးအကဲများကို ကြည့်ပြီးပြော၏။ "ဒီတစ်ခေါက် မင်းတို့အလှည့်ပဲ..." အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများမှာ ချက်ချင်းပင် အေးစက်မှုကို ခံစားလိုက်ရသည်။ ကြည့်နေကြသည့် လူအားလုံးတို့လည်း နှလုံးသားထဲ၌ ထိတ်လန့်နေကြ၏။ မုန့်ချုံသည် အံ့သြစရာကောင်းလောက်အောင် ကြမ်းတမ်းလှပါသည်။ တစ်ကြိမ်တွင် လူတစ်ယောက်ကို တမင်ပစ်မှတ်ထားကာ တိုက်ခိုက်၏။ အစက ဤသည်ကို ကိုယ့်သေတွင်းကိုယ် တူးနေခြင်းဖြစ်မည်ဟု တွေ့မိခဲ့ကြသည်။ သို့ပေမယ့် သေဆုံးမည့်လူမှာ အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများသာ ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။ စိတ်ဝိဉာဉ်ဂိုဏ်းမှ စွမ်းအားကြီး ပုဂ္ဂိုလ်များသည် မုန့်ချုံ၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးကို ကြည့်ကာ အလွန်လေးနက်စွာ ရှိနေကြသည်။ လေလွင့်သိုင်းသမား တစ်ယောက်တွင် ဘယ်လိုလုပ်ပြီး ယခုကဲ့သို့ စွမ်းအားကြီးကာ ထူးခြားသည့် သိုင်းပညာတစ်ခုကို ပိုင်ဆိုင်ထားရသနည်း။ ဤသည်မှာ မည်သည့် သိုင်းပညာကျင့်စဉ်တစ်ခု ဖြစ်သနည်း။ အလွန်ကြောက်ဖို့ကောင်းလွန်းလှသည်။ အံ့ဖွယ်သုံးပါးမျှော်စဉ်၏ ဂိုဏ်းချုပ်မှာ ဆုတ်ခွာလို၏။ သို့ပေမယ့် မုန့်ချုံက ပြုံးကာပြောသည်။ "တိုက်ပွဲက စတင်ပြီးပြီဆိုတော့... အဆုံးသတ်တဲ့အထိ တိုက်ရမယ်... နောက်ဆုတ်တာက ခွင့်မပြုဘူး.." "သူ့ကိုတိုက်ကြ.." အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်က ဒေါသတကြီးအော်၏။ သူသည်လည်း နောက်ဆုံးအချိန်အထိ တိုက်ခိုက်ရန် ပြတ်သားလာခဲ့သည်။ ကျန်ရှိနေသည့် အကြီးအကဲများလည်း တူညီသည့် စိတ်အခြေအနေအတွင်းသို့ ဝင်ရောက်နေ၏။ သူတို့၏ မျက်လုံးများက အေးစက်ကာ စွမ်းအင်တို့ မြင့်တက်လာခဲ့သည်။ ချက်ချင်းပင် တိုက်ခိုက်မှု အားလုံးတို့ကို အတူတူ ထုတ်လွှတ်လိုက်ကြ၏။ မုန့်ချုံ၏ ဦးခေါင်းအား ချိန်ရွယ်ခဲ့သည်။ "ဘုန်း.." သွေးရောင်အလင်းက လွှမ်းခြုံလာခဲ့ပြီး အံ့ဖွယ်သုံးပါးမျှော်စင်မှ လူများသည် သူတို့၏ အစွမ်းအထက်ဆုံး လျှို့ဝှက်အတတ်ကို ကိုယ်ပိုင် အသက်ဓာတ် အဆီအနှစ်အား ခမ်းခြောက်စေပြီး အသက်သွင်းလိုက်၏။ မုန့်ချုံ၏မျက်နှာက ခက်ထန်သွားသည်။ ဒီအချိန်၌ သူသည် သန်မာသည့် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။ ဒီတိုက်ခိုက်မှုကိုသာ ထိပ်တိုက် ရင်ဆိုင်မိပါက သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခုခံမှုကို ပျက်စီးသွားစေပြီး ပြင်းထန်သည့်ဒဏ်ရာများ ရရှိလာမှာ ဖြစ်သည်။ ပါးစပ်အတွင်းသို့ ဒန်ဆေးလုံးတစ်ပုလင်းအား လောင်းထည့်လိုက်ပြီးနောက် ရွှေရောင်အလင်းတို့ တောက်ပစွာ ပြန်လည်ထွက်ပေါ်လာ၏။ အထွတ်အထိပ် အခြေအနေအထိ ရောက်ရှိသွားသည်။ သူသည် စွမ်းအားကြီးမားသည့် လက်သီးချက်များကို အောင်မြင်စွာ ထိုးနှက်ပြီးနောက် မိုးခြိမ်းသံတို့နှင့်အတူ လက်သီးများဆီမှ ဆေဘာအလင်းပင် ထွက်ပေါ်လာခဲ့သည်။ "ဘုန်း.." အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂိုဏ်းချုပ်နှင့် သူ၏အပေါင်းအပါများသည် လုံးဝ ပြက်သားစွာ ရှိနေကြ၏။ သူတို့သည် လေနှင့်မိုးကြိုးတို့ကို ဖျက်ဆီးကာ ဝင်ရောက်လာနေသည့် ဆေဘာအလင်းကို ပြိုလဲသွားစေပြီး မုန့်ချုံ၏ ဦးခေါင်းဆီသို့ တစ်ခါတည်း ထိမှန်ရန် ရည်မှန်းတိုက်ခိုက်၏။ မုန့်ချုံက အနောက်ဘက်သို့ အလွန်လျှင်မြန်သည့် အမြန်နှုန်းဖြင့် ဆုတ်ခွာသွားသည်။ "အချိန်ကျပြီ.." အခိုက်အတန့်တစ်ခုတွင် သူသည် အသံပြုလိုက်ပြီး လက်ကို ဆေဘာတစ်ချောင်းအဖြစ် အသုံးပြုကာ ဆေဘာအလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့် အတူ ရန်သူ၏ တိုက်ခိုက်မှုမှာ အလယ်ခေါင်မှ ကွဲထွက်သွားခဲ့သည်။ ချက်ချင်းပင် သူသည် နောက်ထပ် ဆေဘာဓားချက်တစ်ခုကို ထပ်မံထုတ်လွှတ်လိုက်၏။ ရန်သူ၏တိုက်ခိုက်မှုကို မရေမတွက်နိုင်သည့် အပိုင်းအစများအဖြစ် ပြောင်းလဲသွားစေသည်။ သို့ပေမယ့် ဝင်ရောက်လာနေသည့် တိုက်ခိုက်မှုစွမ်းအားသည် အလွန်ကြမ်းတမ်းနေဆဲ ရှိ၏။ သို့ပေမယ့် တစ်ခုတည်းအဖြစ် စုစည်းနေသည့် စွမ်းအားတို့သည် ဆယ်ခုကျော်အထိ ကွဲထွက်သွားခဲ့၏။ "အဆင်သင့်ဖြစ်ပြီ.." မုန့်ချုံ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူသည် တိုက်ခိုက်မှုကို အားနည်းအောင် လုပ်ဆောင်ပြီးဖြစ်ရာ ခံနိုင်ရည်ရှိပြီဟု တွေးမိလိုက်သည်။ ကောင်းကင်တူတစ်ရာ သန့်စင်ခြင်းအတတ်အား အသက်သွင်းကာ ထိုတိုက်ခိုက်မှုကို ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် တိုက်ရိုက်ခံယူ၏။ "ဘုန်း.." မသေခြင်းချပ်ဝတ်က ပျက်စီးသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပေါ်ပေါက်လာခဲ့သည်။ သို့ရာတွင် ကောင်းကင်တူတစ်ရာ သန့်စင်ခြင်းအတတ်၏ သန့်စင်မှု ဖြစ်စဉ်အတွင်းတွင် တိုက်ခိုက်မှု၏ စွမ်းအားများသည် သန့်စင်ခြင်းစွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့၏။ ဤသည်က သူ၏ သိုင်းပညာ အဆီအနှစ်အဖြစ် ပြောင်းလဲလာခဲ့သည်။ မုန့်ချုံသည် သူစုစည်းထားသည့် သိုင်းပညာအခြေခံသည် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် အနည်းငယ်သာလိုအပ်တော့ကြောင်းကို ခံစားလိုက်ရသည်။ ထိုလိုအပ်နေသည့် အနည်းငယ်သည် ဒန်ဆေးလုံးအချို့ သို့မဟုတ် စိတ်ဝိဉာဉ်ဆေးပင်အချို့ကို သန့်စင်ခြင်းနှင့် အချိန်ခဏလောက် ကျင့်ကြံခြင်းဖြင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိစေနိုင်၏။ ထိုအချိန်၌ သူ၏ မသေခြင်းရွှေခန္ဓာ ဒုတိယအဆင့်ကို ချိုးဖျက်ရန် အချိန်သို့ ရောက်ရှိပေလိမ့်မည်။ သရွှမ်မြို့ရှိ တိုက်ပွဲကြီးသည် အဆုံးသတ်သင့်ပြီ ဖြစ်၏။
***