ထိုလူနှစ်ယောက်မှာ အပြာနှင့် အဖြူရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ရင်ဘတ်နှင့် လက်မောင်းများတွင် တိမ်တိုက်ပုံစံများကို ထိုးနှံထားကြသည်။
ရှန်မို ဤဝတ်စုံများကို မှတ်မိသည်။
၎င်းမှာ လျိုယွန်းကျွန်းရှိ လျိုယွန်းခန်းမမှ ကျင့်ကြံသူများ ဝတ်ဆင်သည့် ဝတ်စုံများ ဖြစ်၏။ ၎င်းအပြင် ဆုန့်ကျန့်ဖေး၏ ယုံကြည်ရသော လက်ရုံးများသာလျှင် ဤဝတ်စုံကို ဝတ်ဆင်ခွင့် ရှိကြသည်။
ထိုနှစ်ယောက်သည် အဝေးမှ ရှန်မိုကို လှမ်းမြင်လိုက်သည့်အခါ အလွန်ဝမ်းသာသွားကြပြီး ချက်ချင်းပင် အပြေးအလွှား ရောက်လာကြတော့သည်။
"ကျွန်းအရှင်ရှန်… ကျွန်တော်တို့ ကျွန်းအရှင် ပြန်လာမှာကို အကြာကြီး စောင့်နေခဲ့ရတာပါ”
"ကျွန်တော်တို့ ကျွန်းအရှင်ဆုန့်ကလည်း ကျွန်းအရှင်ရှန်ကို အမြဲတမ်း သတိရနေတာ… စားမဝင် အိပ်မပျော်တောင် ဖြစ်နေရှာတာပါ… အခုတော့ ပြန်ရောက်လာပြီပေါ့"
ထိုနှစ်ယောက်မှာ တက်ကြွလှိုက်လှဲမှုများဖြင့် ပြည့်နှက်နေကြသည်။ သူတို့၏ စကားများကို ကြားရတော့မှ ရှန်မို ရုတ်တရက် နားလည်သွားတော့သည်။ ဆုန့်ကျန့်ဖေးသည် သူ၏ အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်သောအားဖြင့် ဤနေရာတွင် စောင့်ဆိုင်းရန် လူလွှတ်ထားခြင်း ဖြစ်ပုံရသည်။ မမျှော်လင့်ဘဲ ရှန်မိုမှာ လပေါင်းများစွာ ကြာအောင် ထွက်ခွာသွားခဲ့သဖြင့် သူတို့မှာ အတော်လေး စိုးရိမ်နေကြခြင်း ဖြစ်သည်။
"အပြင်မှာ ကိစ္စလေးတွေ ရှိနေလို့ ကြန့်ကြာသွားတာပါ… အစ်ကိုဆုန့်ကို စိတ်ပူအောင် လုပ်မိသွားပြီ… ကျွန်တော် အခုပဲ လျိုယွန်းကျွန်းကို လာခဲ့ပါ့မယ်"
ရှန်မို မတတ်သာဘဲ ရယ်မောရင်း ပြောလိုက်သည်။
"မလိုပါဘူး… မလိုပါဘူး… ကျွန်တော်တို့ ကျွန်းအရှင်ဆုန့်ဆီကို သတင်းပို့လိုက်ပါပြီ… သူ အခု လာနေပြီလေ"
ကျင့်ကြံသူတစ်ဦးမှ အလေးအနက် ပြောလိုက်သည်။
သူပြောပြီးသည်နှင့် တစ်ပြိုင်နက် မိုးကုပ်စက်ဝိုင်းတွင် အလင်းတန်းတစ်ခု ပေါ်လာတော့၏။ ထို့နောက် ဆုန့်ကျန့်ဖေး၏ အားရပါးရ ရယ်မောသံကြီး ထွက်ပေါ်လာသည်။
"ညီလေးရှန်… မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"
ဆုန့်ကျန့်ဖေးသည် သူ၏ရှေ့မှ ကျင့်ကြံသူ လူငယ်လေးကို ကြည်နူးစွာ ကြည့်လိုက်မိသည်။ သူတို့ ပထမဆုံး ဆုံတွေ့စဉ်က ရှိထျန်းဟောက်မှ ရှန်မိုကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ရှန်မိုသည် ရှိထျန်းဟောက်၏ သူငယ်ချင်း ဖြစ်သောကြောင့် သူ၏ သူငယ်ချင်းလည်း ဖြစ်ရမည်ဟု သူ ထင်ခဲ့မိသည်။ မကြာခင်မှာပင် ရှိထျန်းဟောက်သည် အန္တရာယ်ကို သူ့ဘက်သို့ လွှဲပြောင်းကာ ယင်းစန်းဟွာ၏ လိုက်လံမှုကို အချိန်ဆွဲရန်အတွက် သူ့ကို အသုံးချလိမ့်မည်ဟု မည်သို့ ထင်ထားပါမည်နည်း။ ကံကောင်းထောက်မစွာဖြင့် ရှန်မို မထွက်ခွာမီ သူ့ကို သတိပေးချက် ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက ဂူအရှင်သခင် ၁၈ ဦးထဲမှ တစ်ဦးဖြစ်သည့် ယင်းစန်းဟွာ၏ လက်ချက်ဖြင့် သူသည် သဲလွန်စမကျန်ဘဲ ရက်ရက်စက်စက် သေဆုံးသွားနိုင်ပေသည်။
ဆုန့်ကျန့်ဖေးမှ အလေးအနက်ဖြင့်
"ရှန်မို… ညီလေးရှန်… မင်းက ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ… အခုကစပြီး မင်း ငါ့ကို ဘာပဲခိုင်းခိုင်း ငါ တွန့်ဆုတ်မနေဘဲ လုပ်ပေးမယ်"
ရှန်မို ရယ်မောလိုက်ရင်း
"အစ်ကိုဆုန့်... ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး… အစ်ကိုက လူကောင်းတစ်ယောက်မို့ ကျွန်တော် လုပ်သင့်တာကို လုပ်ခဲ့တာပါ"
ထိုနှစ်ယောက် အတော်ကြာအောင် စကားပြောဖြစ်ကြသည်။ နေဝင်သွားတော့မှသာ ဆုန့်ကျန့်ဖေး မတတ်သာဘဲ နှုတ်ဆက်ကာ ထွက်ခွါသွားတော့၏။ မထွက်ခွာမီ သူ ရှန်မိုအား လျိုယွန်းကျွန်းသို့ မကြာမီ လာရောက်လည်ပတ်ရန်နှင့် ထိုက်ထိုက်တန်တန် ဧည့်ခံကျွေးမွေးလိုကြောင်း ဖိတ်ကြားခဲ့သည်။ ရှန်မိုမှာမူ ထိုကဲ့သို့သော ပွဲလမ်းသဘင်များကို မနှစ်သက်သဖြင့် ယဉ်ကျေးစွာ ငြင်းပယ်လိုက်လေ၏။
"နောက်ဆုံးတော့ ချင်းရွှမ်ကျွန်းကို ပြန်ရောက်ပြီပေါ့"
ချင်းရွှမ်ကျွန်း၏ မြေအောက်ကျင့်ကြံခန်းအတွင်း၌ ရှန်မိုသည် လေပူများကို မှုတ်ထုတ်လိုက်ပြီး ခပ်ပါးပါး ပြုံးလိုက်သည်။ သူသည် ကြက်သွေးရောင် နေမင်းကျမ်းကို ချက်ချင်း ထုတ်ယူလိုက်သည်။ ဤနတ်ဘုရားလက်နက်ပေါ်တွင် ရှိထျန်းဟောက်၏ ဝိညာဉ်အာရုံ အမှတ်အသား အပ်နှံထား၏။ ထို့ကြောင့် သူ ထိုအမှတ်အသားကို ဖျက်ဆီးပြီး မိမိ၏ ပစ္စည်းဖြစ်လာစေရန် သွေးဖြင့် သန့်စင်သည့် အစီရင်ခံကို ပြုလုပ်ရမည် ဖြစ်သည်။
သို့သော် ဤကိစ္စမှာ ရှန်မိုအတွက် မခက်ခဲလှပေ။ ၎င်းအပြင် မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်၏ ဂူသင်္ချိုင်း မပွင့်မီ အချိန်များစွာ လိုသေးသဖြင့် ဤနတ်ဘုရားလက်နက်ကို သန့်စင်ရန် အချိန်အလုံအလောက် ရှိသည်။
ရှန်မို သူ၏ ဝိညာဉ်ကို လှုံ့ဆော်ကာ ဝိညာဉ်အာရုံ အမှတ်အသားကို အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်သည်။ နောက်တစ်ဆင့်မှာ သွေးအစက်ချကာ ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုသည့် လုပ်ငန်းစဉ် ဖြစ်သည်။ ဤအပိုင်းကတော့ အနည်းငယ် နှေးကွေး၏။
အစီရင်ခံ ပြီးဆုံးသည်ကို စောင့်ဆိုင်းနေစဉ်အတွင်း ရှန်မိုသည် ကြက်သွေးရောင် နေမင်းကျမ်းကို ဖွင့်လှစ်ကာ အသေအချာ လေ့လာနေလိုက်သည်။ သူသည် ရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်စွာ ထိုင်နေ၏။ သူ၏ မျက်လုံးများသာလျှင် လှုပ်ရှားနေသည်။ ရက်အနည်းငယ်အကြာတွင် အကြည့်များအတွင်း၌ နားလည်သဘောပေါက်မှု အရိပ်အယောင်များ လက်ခနဲ ပေါ်လာတော့၏။ သူ ရုတ်တရက် ထရပ်လိုက်သည်။
သူ၏ လက်သီးမှာ အလိုအလျောက်ပင် ရှေ့သို့ ထိုးနှံလိုက်မိသည်။ နောက်တစ်ခဏတွင် သွေးရောင်လွှမ်းသော နဂါးလက်မောင်း ပုံရိပ်ယောင်တစ်ခု ရုတ်ချည်း ပေါ်ထွက်လာတော့သည်။ ထိုလက်မောင်းပေါ်တွင် သွေးနီရောင် နဂါးအကြေးခွံများ စိပ်စိပ်လေး စီတန်းနေ၏။ ကြွက်သားများမှာ ထွားကျိုင်းနေပြီး သတ်ဖြတ်လိုသော စိတ်ဆန္ဒများက ဟုန်းဟုန်းတောက်နေသည်။
ဘုန်း!
လက်သီးတစ်ချက်တည်းနှင့်ပင် ကျင့်ကြံခန်း နံရံကြီးမှာ ရုတ်တရက် ပြိုကျသွားတော့သည်။ ကျောက်စကျောက်နများမှာ အရပ်ရပ်သို့ လွင့်စင်သွားကြ၏။ ရှန်မို အနီးကပ် ကြည့်လိုက်ရာ ကျင့်ကြံခန်း၏ နံရံများတစ်လျှောက်တွင် အက်ကြောင်းလေးများ ပေါ်နေသည်။ ၎င်းတို့သည် ပင့်ကူအိမ်ကဲ့သို့ အရပ်မျက်နှာအားလုံးသို့ ပြန့်နှံ့သွားကြသည်။ ရှန်မို၏ မျက်နှာတွင် အံ့ဩတုန်လှုပ်သော အမူအရာ ပေါ်လာ၏။
ဤကျင့်ကြံခန်း၏ နံရံများကို အလွန်မာကျောသော ကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဆုန့်ကျန့်ဖေးသည် ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ တိမ်တိုက်ကျောက်မျက် နတ်ဘုရားသံရည်များကိုပင် အမြောက်အမြား ထည့်သွင်းထားခဲ့သည်။ ၎င်းမှာ ကောင်းကင်အဆင့်နိမ့် ရတနာတစ်ခုဖြစ်ပြီး အလွန်အမင်း မာကျောလှ၏။ ဓမ္မအမှတ်အသား ၅၀ ရှိသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးမှ အစွမ်းကုန် ထိုးလိုက်လျှင်ပင် ၎င်းအပေါ်တွင် အမှတ်အသားတစ်ခုမျှ ကျန်ရစ်ရန် မလွယ်ကူပေ။ အနည်းဆုံးတော့ ယင်းစန်းဟွာကဲ့သို့သော ကျင့်ကြံသူတစ်ဦး အစွမ်းကုန် တိုက်ခိုက်မှသာ အက်ကြောင်းများ ပေါ်နိုင်မည် ဖြစ်သည်။
နံရံတစ်ခုလုံးကို ထိုသံရည်ဖြင့် လုပ်ထားခြင်းမဟုတ်ဘဲ ရောစပ်ထားခြင်းသာ ဖြစ်သော်လည်း ၎င်း၏ ကြံ့ခိုင်မှုမှာ သာမန်ကျင့်ကြံသူများ ဖျက်ဆီးနိုင်သည့် အဆင့်ထက် များစွာ သာလွန်နေဆဲ ဖြစ်သည်။ အရင်ကဆိုလျှင် ရှန်မို အစွမ်းကုန် တိုက်ခိုက်မှသာ ဖြူဖျော့ဖျော့ အမှတ်အသားလေးတစ်ခု ကျန်ရစ်ပေလိမ့်မည်။ သို့သော် ယခုမူ သူ အက်ကြောင်းများ ပေါ်လာအောင်ပင် တိုက်ခိုက်နိုင်ခဲ့ပြီ မဟုတ်ပါလား။
"သွေးတောက်လောင်နဂါးလက်သီး… တကယ်ပဲ အစွမ်းထက်လှပါလား”
ရှန်မို အသက်ပြင်းပြင်း ရှူလိုက်ရင်း ကျေနပ်စွာ ပြုံးလိုက်သည်။ သို့သော် သူသည် ဤသိုင်းကွက်၏ အားနည်းချက်ကို ချက်ချင်း သတိပြုမိလိုက်၏။ ဤလက်သီးချက်သည် သွေး၏ အနှစ်သာရနှင့် ဇီဝစွမ်းအားများကို အမြောက်အမြား စားသုံး၍ ၎င်းကို ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေသည့် အခြေအနေမျိုးတွင်မှ သုံးသင့်သော နောက်ဆုံး ဝှက်ဖဲအဖြစ်သာ သတ်မှတ်နိုင်သည်။ ရှန်မို၏ ခန့်မှန်းချက်အရဆိုလျှင် အကယ်၍ ဤလက်သီးကို အသေအချာ ပစ်လွှတ်နိုင်ပါက ယင်းစန်းဟွာပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ပေသည်။
"နောက်ထပ် နဂါးဘုရင်လက်သီးလည်း ရှိသေးတာပဲ… အဲဒါကိုလည်း လေ့လာကြည့်ရအောင်"
ရှန်မို ကြီးမားသော ခရုခွံကြီးကို ထုတ်ယူလိုက်သည်။ ထိုအပေါ်တွင် ထွင်းထုထားသော ရှေးဟောင်းပြီး နက်နဲလှသော နဂါးပုံသဏ္ဌာန် စာလုံးများကို ဖြည်းဖြည်းချင်း လိုက်ကြည့်ရင်း နားလည်သဘောပေါက်မှုကို ပြန်လည် စတင်လိုက်ပြန်သည်။
အချိန်များမှာ ကုန်ဆုံးသွားခဲ့သည်။ နှစ်ကာလများမှာလည်း လျင်မြန်စွာ လွန်မြောက်သွားကြ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးနှစ်တာ ကာလသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ချင်းရွှမ်ကျွန်း၏ သိုင်းကွင်းပေါ်တွင်မူ ပုံရိပ်ယောင်များ တဖျတ်ဖျတ် လက်နေသည်။
ထိုပုံရိပ်ယောင်များတွင် မျက်နှာအသွင်အပြင် မရှိသော်လည်း လက်နက်မျိုးစုံကို ကိုင်ဆောင်ထားကြသည်။
ဓား၊ လှံ၊ သံလျက်၊ ကောက်စိပ်၊ ပုဆိန်၊ ဒုတ်၊ ချိတ်၊ ခွ— သူတို့ မကိုင်တတ်သော လက်နက်ဟူ၍ မရှိပေ။ အဝေးတစ်နေရာတွင်မူ အချို့သော ပုံရိပ်ယောင်များက စွမ်းအားများ စုစည်းကာ အဝေးမှနေ၍ သိုင်းပညာရပ်များကို အသုံးပြုနေကြသည်။
လူတစ်ဦးတည်းသော ပုံရိပ်မှာမူ ပင်လယ်ထဲမှ တိုးထွက်လာသော နဂါးရိုင်းတစ်ကောင်ကဲ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပုံရိပ်ယောင်များ၏ ဝိုင်းရံမှုကို အခက်အခဲမရှိ ရင်ဆိုင်နေသည်။ လက်သီးလေလှိုင်းသံများမှာ ဟိန်းထွက်နေပြီး နဂါးအရှိန်အဝါများကလည်း ဟုန်းဟုန်းတောက်နေတော့သည်။ သူ ထိလိုက်သည့် မည်သည့် ပုံရိပ်ယောင်မဆို ချက်ချင်းပင် ချေမှုန်းခံလိုက်ရ၏။
"နောက်ဆုံးတစ်ချက်… ပလက်တီနမ်နဂါးလက်သီး”
ထိုလူငယ်က လေသံနှိမ့်ကာ အော်ဟစ်လိုက်ရာ လက်သီးချက်တစ်ခုမှာ အလွန်အမင်း မြန်ဆန်သော အရှိန်ဖြင့် ဖြတ်သန်းသွားတော့သည်။ အဝေးရှိ ပုံရိပ်ယောင် သုံးခုမှာ သူတို့၏ သိုင်းကွက်များကို မထုတ်ရသေးမီမှာပင် အနုမြူအလင်းတန်းများအဖြစ် နေရာ၌ပင် ပွဲချင်းပြီး ပျက်စီးသွားကြတော့သည်။
"ဟူး..."
ရှန်မို အသက်ပြင်းပြင်း ရှူလိုက်ရင်း စိတ်ကို ငြိမ်အောင် ထားလိုက်သည်။
ဤပုံရိပ်ယောင်များကို ပုံရိပ်ယောင်တစ်ထောင် တိုက်ပွဲအင်းကွက်က ဖန်တီးပေးခြင်း ဖြစ်သည်။ ရှန်မိုသည် ဤအင်းကွက်ကို လော့ယန်အား သတ်ပြီးနောက် သူ့ သိုလှောင်အိတ်ထဲတွင် တွေ့ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ကောင်းကင်အဆင့် အလယ်အလတ်ရှိသော အင်းကွက်တစ်ခု ဖြစ်ပြီး ရည်ရွယ်ချက်မှာ ကျင့်ကြံသူများအတွက် သူတို့၏ သိုင်းပညာများကို လေ့ကျင့်ရန် ပုံရိပ်ယောင်များကို ဖန်တီးပေးခြင်း ဖြစ်သည်။ ထိုပုံရိပ်ယောင်များမှာ အတော်လေး ဉာဏ်ကောင်းကြပြီး အစုအဖွဲ့လိုက် တိုက်ခိုက်ခြင်းများကိုလည်း လုပ်ဆောင်နိုင်သည်။ သူတို့သည် လက်နက်မျိုးစုံနှင့် သိုင်းပညာမျိုးစုံကို အသုံးပြုကြ၏။ လော့ယန်သည် နတ်ဘုရားတံဆိပ်တော်ဂိုဏ်း နှင့် သွေးနတ်ဘုရားနတ်ဆိုးနန်းတော်တို့မှ သိုင်းပညာ အများအပြားကိုပင် ဤအင်းကွက်ထဲသို့ ထည့်သွင်းမှတ်တမ်းတင်ထားခဲ့သည်။ သူ ရွှေယင်ဂူသို့ ပြန်ရောက်သည့်အခါ ကိုယ်ပိုင်အင်အားစုများကို လေ့ကျင့်ပေးရန် ရည်ရွယ်ခဲ့ပုံရသည်။
ဤကဲ့သို့သော အင်းကွက်မျိုးကို လော့ရှင်းပင်လယ်ပြင်တွင် ပြန်ရောင်းမည်ဆိုပါက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းငါးဆယ်ခန့် အလွယ်တကူ ရရှိနိုင်သည်။ နဂါးပုန်းကျွန်း၊ နေလဂိုဏ်း နှင့် ရတနာမဟာမိတ်အဖွဲ့ ကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းများအတွက် တပည့်များကို လေ့ကျင့်ပေးရန် အကောင်းဆုံး ကိရိယာပင် ဖြစ်သည်။ ၎င်းကို အသုံးပြုခြင်းအားဖြင့် သူတို့၏ တပည့်များသည် တကယ့်ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် အားသာချက် ရရှိစေရန် တိုက်ပွဲအတွေ့အကြုံများကို အဆက်မပြတ် စုဆောင်းနိုင်မည် ဖြစ်သည်။ သို့သော် ယခုမူ ၎င်းမှာ ရှန်မို၏ လက်ထဲသို့ ရောက်ရှိနေပေပြီ။
"ဓမ္မအမှတ်အသား ၇၁ ခု"
ရှန်မိုသည် သူ၏ အတွင်းကမ္ဘာကို ကြည့်ကာ ရှေးဦးဆင်ရိုင်း၊ မသေမျိုးမြစ် နှင့် တောက်လောင်နေသော နတ်မျက်စိ ဝိညာဉ်ပုံရိပ်များပေါ်ရှိ ဓမ္မအမှတ်အသားများကို ရေတွက်ကြည့်ပြီးနောက် ပြုံးလိုက်မိသည်။
သူ့တွင် ဓမ္မအမှတ်အသား ၇၁ ခုသာ ရှိသေးသော်လည်း သူ၏ ကျင့်စဉ်များ၊ သိုင်းပညာများ၊ နတ်ဘုရားလက်နက်များနှင့် ထူးဆန်းသော မီးလျှံများကဲ့သို့သော ရတနာများနှင့် ပေါင်းစပ်လိုက်သည့်အခါတွင်မူ ယခုအခါ သူသည် ယင်းစန်းဟွာနှင့် ထပ်မံတွေ့ဆုံလျှင် သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားရန် သို့မဟုတ် လှည့်ဖြားရန် မလိုတော့ပေ။ သူ၏ အစွမ်းကို ပွင့်ပွင့်လင်းလင်းပင် ပြသနိုင်သည်။ ယင်းစန်းဟွာအနေဖြင့်လည်း သူ့ကို လေးစားစွာဖြင့် ဆွေးနွေးလာရပေလိမ့်မည်။ အင်အားကို ပွင့်ပွင့်လင်းလင်း ပြသလိုက်ခြင်းအားဖြင့် သူ့အနေဖြင့် သဘောတူရန်မှတစ်ပါး အခြားမရှိတော့ပေ။
"ကံကြမ္မာမှတ်တမ်းရဲ့ ဖော်ပြချက်အရဆိုရင် မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်ရဲ့ ဂူသင်္ချိုင်းက ဒီနှစ်ထဲမှာ ပွင့်ရမှာ မဟုတ်လား"
ရှန်မိုတစ်ယောက် သူ၏ ကံကြမ္မာစနစ်ကို အတွင်းစိတ်ဖြင့် လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။
***