ချန်ကွေ့နှင့် ချင်းတန်တို့ ရုတ်တရက် ရောက်ရှိလာမှုက တင်းမာနေသော အခြေအနေကို ယာယီရပ်တန့်သွားစေခဲ့လေသည်။
ချန်ကွေ့က တောင်ဂိုဏ်းကို ဘာကြောင့် ကူညီရန် ရွေးချယ်ခဲ့သနည်း ဆိုသည်ကို လူတိုင်း အံ့ဩနေကြပြီး တစ်ချိန်တည်းမှာပင် ချင်းတန် ဟုခေါ်သော မိန်းမပျိုလေးကိုလည်း သူတို့ စိတ်ဝင်စားလာကြ၏။
သူမသည် ဝူယွမ်၊ လင်းတုန်တို့နှင့် အတော်လေး ရင်းနှီးပုံ ရလေသည်။
“အစ်ကိုကြီးဝူယွမ်၊ အစ်ကိုကြီးလင်းတုန်... ဒါက ညီမလေးရဲ့ ဂိုဏ်းတူအစ်ကိုကြီး ချန်ကွေ့ပါ... ဒီတစ်ခေါက် ညီမလေး ဒီကိုရောက်လာတာ သူ့ကျေးဇူးတွေမကင်းဘူး...”
ချင်းတန်က ခေါင်းလှည့်လိုက်ပြီး အနောက်တွင် ရပ်နေသော ချန်ကွေ့ကို လက်ညှိုးထိုးပြကာ ထိုနှစ်ဦးနှင့် မိတ်ဆက်ပေးလိုက်လေသည်။
“ကျေးဇူးအများကြီး တင်ပါတယ် ညီအစ်ကိုချန်ကွေ့...”
ဝူယွမ်နှင့် လင်းတုန်တို့က လက်ယှက်ကာ နှုတ်ဆက်လိုက်ကြလေသည်။
“အို... အားနာစရာ မလိုပါဘူး ညီအစ်ကိုဝူယွမ်၊ ညီအစ်ကိုလင်းတုန်... ကျွန်တော်က ဆရာ့ အမိန့်ကို နာခံရုံပါပဲ...” ချန်ကွေ့ကလည်း လျင်မြန်စွာ လက်ယှက်၍ ပြန်လည် နှုတ်ဆက်လိုက်၏။
သူ၏ အပြုအမူက တောင်ဂိုဏ်းမှ ယင်းရှောင်ရှောင်၊ ဝမ်ယန်နှင့် အခြားသူများကို အံ့ဩသွားစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ချန်ကွေ့သည် ထူးဆန်းပြီး ခပ်ခွာခွာနေတတ်သူ တစ်ဦးအဖြစ် လူသိများကာ ဤမျှ စကားပြောရ လွယ်ကူသူ တစ်ဦး မဟုတ်သောကြောင့်ပင်။
‘ကြည့်ရတာ ချင်းတန် လို့ခေါ်တဲ့ ဒီကောင်မလေးက သာမန်မဟုတ်တဲ့ နောက်ခံ ရှိပုံရတယ်...’
အမှောင်ခန်းမ... မြောက်ဘက် ရွှမ်ဒေသ၏ အုပ်စိုးသူ ဖြစ်ပြီး ဂုဏ်သတင်း အရပြောရလျှင် ယွမ်ဂိုဏ်းကဲ့သို့သော ဧရာမဂိုဏ်းကြီး တစ်ခုထက် မည်သို့မျှ မနိမ့်ကျပေ။
“ဒါတွေက တောင်ဂိုဏ်းက ကျွန်တော့်ရဲ့ ဂိုဏ်းတူညီအစ်ကို မောင်နှမတွေပါ...”
ဝူယွမ်ကလည်း ချန်ကွေ့နှင့် ချင်းတန်တို့ကို တောင်ဂိုဏ်းနှင့် မိတ်ဆက်ပေးလိုက်လေသည်။
နှစ်ဖက်စလုံးက အချင်းချင်း ရင်းနှီးစွာ နှုတ်ဆက်နေကြသည်ကို ကြည့်ရင်း ယွမ်ဂိုဏ်းမှ လူများမှာ လုံးဝ တွေဝေသွားကြသော်လည်း မဆင်မခြင် မလှုပ်ရှားရဲကြပေ။
ချန်ကွေ့က ချင်းတန်၏ ဘေးတွင် ရပ်နေပြီး သူ၏ ညီမလေးကို ကာကွယ်ပေးမည့် ပုံစံမျိုး ပေးစွမ်းနေခဲ့လေသည်။
“အတိတ်က အကြောင်းတွေကို နောက်မှ ပြောကြတာပေါ့... ဒီပြဿနာကို အရင်ဖြေရှင်းရအောင်...”
ဝူယွမ်က ချန်ကွေ့နှင့် ချင်းတန်တို့ကို တောင်ဂိုဏ်း အဖွဲ့နှင့် ပူးပေါင်းရန် စီစဉ်ပေးလိုက်ပြီးနောက် ယွမ်ဂိုဏ်းမှ လူများကို ကြည့်လိုက်လေသည်။
ဝူယွမ် စကားမပြောနိုင်မီ ယွမ်ချန်းက အရင်ဆုံး ပြောဆိုလိုက်၏။ “ချန်ကွေ့က မင်းတို့ကို ကူညီနေရုံနဲ့ ငါတို့ ယွမ်ဂိုဏ်းကို ရန်စဖို့ အခွင့်အရေး ရှိတယ်လို့ မထင်လိုက်နဲ့နော်... ငါထင်တာတော့...”
ဝူယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “မင်း ဘာထင်လဲဆိုတာကို ငါ ဂရုမစိုက်ဘူး၊ ငါ ဘာတွေးလဲဆိုတာကိုပဲ ငါ ဂရုစိုက်တာ... ညီအစ်ကိုချန်ကွေ့ ဒီမှာ ရှိနေတာက ရန်စတာ မဟုတ်ဘူး... ခွေးကို အနိုင်ကျင့်တာကွ၊ နားလည်လား...”
“မောက်မာလိုက်တာ... မင်းက ချန်ကွေ့ကို အရမ်း အထင်ကြီးနေတာ နှမြောစရာပဲ...” ယွမ်ချန်းက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်လေသည်။
ဝူယွမ်၏ ယုံကြည်မှုမှာ ချန်ကွေ့ထံမှ လာသည်ဟု သူ ထင်မှတ်နေပြီး ဝူယွမ်ကိုယ်တိုင်က သူ့ကို လုံးဝ မကြောက်ရွံ့ကြောင်းကိုတော့ သူသတိမထားမိပေ။
ချန်ကွေ့၏ မျက်နှာမှာ ချက်ချင်းပင် မှောင်မည်းသွားခဲ့၏... ‘မင်းတို့နှစ်ယောက် ရန်ဖြစ်နေတာကို ငါ့ကို ဘာလို့ ဆွဲထည့်နေတာလဲ...’
“စကားများမနေနဲ့တော့... မင်းတို့ လူငယ်ယွမ်ဘုရင်က အရှေ့ဘက် ရွှမ်းဒေသရဲ့ လူငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ်လို့ ငါ ကြားဖူးတာ ကြာပြီ... မင်းရဲ့ နံပါတ်တစ် ဆိုတဲ့ ဂုဏ်သတင်းက တကယ်ပဲ ထိုက်တန်ရဲ့လားဆိုတာ ငါ ကြည့်ချင်သေးတယ်...”
ဝူယွမ်က သူ့ကို လုံးဝ ဂရုမစိုက်ဘဲ သူ၏ ဓားဖြင့် ယွမ်ချန်းကို ချိန်ရွယ်ကာ စိန်ခေါ်လိုက်လေသည်။
“မင်းလား... မင်းက ငါ့အစ်ကိုကြီးရဲ့ အာရုံစိုက်မှုကို ခံရဖို့တောင် မတန်ဘူး... တကယ်လို့ မင်းက ငါ့ကို အနိုင်ယူနိုင်ရင်တော့ မင်းတို့ တောင်ဂိုဏ်းက ဒီမှာနေခွင့်ရှိပါတယ်...” လူငယ်ဝိညာဉ်ဘုရင် လင်းကျန်းက ယပ်တောင်ကို ခတ်ရင်း ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူကိုယ်သူ အလွန်ချောမောသည်ဟု ထင်မှတ်နေကာ ဝူယွမ်ကို မောက်မာစွာ ကြည့်လိုက်လေသည်။
လူငယ်ဝိညာဉ်ဘုရင်က ယွမ်ချန်း၏ ကိုယ်စား တိုက်ခိုက်လိုသည်ကို မြင်သောအခါ ဝူယွမ်၏ ဘေးရှိ လင်းတုန်က ချက်ချင်း ရှေ့ထွက်လာပြီး အေးစက်စွာ ပြောလိုက်လေသည်။
“မင်းရဲ့ အစ်ကိုကြီးက မတိုက်ဘူးဆိုရင် မင်းကလည်း ငါ့အစ်ကိုကြီးကို စိန်ခေါ်ဖို့ အရည်အချင်း မရှိဘူး... ငါ့ရဲ့ လှံရှည်ကို ဖြတ်ကျော်ပြီးမှ စကား...”
“ကျွန်မသွားမယ်...”
လင်းတုန် စကားမဆုံးမီ သူ၏ အနောက်မှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
ချင်းတန်က ဧရာမ အနက်ရောင် တံစဉ်ကြီး တစ်လက်ကို ကိုင်ဆောင်ကာ ရှေ့သို့ ထွက်လာသည်ကို မြင်သောအခါ လူတိုင်း အံ့ဩသွားကြလေသည်။
တံစဉ်ကြီးမှာ သူမ၏ ကိုယ်လုံးထက်ပင် ကြီးမားနေခဲ့၏။ တံစဉ်၏ ဓားသွားပေါ်တွင် ထူးဆန်းသော ရူန်းစာလုံးများ လင်းလက်နေပြီး အလွန်အမင်း အေးစက်ထက်ရှသော လှိုင်းဂယက်တစ်ခု ပြန့်နှံ့ထွက်ပေါ်နေခဲ့သည်။
အနက်ရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဧရာမ အနက်ရောင် တံစဉ်းကြီးကို ကိုင်ဆောင်ထားသော မိန်းမပျိုလေးမှာ ဤအသွင်အပြင်ဖြင့် အတော်လေး ရယ်စရာကောင်းပြီး ချစ်စရာကောင်းနေခဲ့၏။
“နင်တစ်ယောက်တည်းလောက်က ငါ့အစ်ကိုကြီးနှစ်ယောက် လှုပ်ရှားဖို့ မလိုလောက်ပါဘူး...”
သူမက ကြည်လင်သော အသံလေးဖြင့် ပြောလိုက်သော်လည်း သူမ၏ အမူအရာမှာ ယခင်က လိမ္မာရေးခြားရှိသော ကောင်မလေးနှင့် မတူတော့ပေ။ နတ်ဆိုးမလေး တစ်ပါးအလား မှောင်မိုက်ပြီး အေးစက်သော အရှိန်အဝါတစ်ခုက သူမထံမှ ပြန့်နှံ့ထွက်ပေါ်လာခဲ့၏။
“ညီမလေး... ငါ့ကို ရှင်းခွင့်ပေးလိုက်ပါ...”
ချန်ကွေ့က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ချင်းတန်ကို တားဆီးရန် ရှေ့သို့ ထွက်လာခဲ့လေသည်။
သူသည် ညီမလေးကို ကောင်းစွာ ကာကွယ်ပေးမည်ဟု ဆရာဖြစ်သူအား သူ ကတိပေးထားခဲ့သည် မဟုတ်လော။ လူငယ်ဝိညာဉ်ဘုရင်မှာ အားမနည်းသောကြောင့် သူ၏ ညီမလေးကို အန္တရာယ် အဖြစ်မခံနိုင်ပေ...
သူ၏ ညီမလေး သေချာပေါက် ရှုံးနိမ့်မည် မဟုတ်ဟု သူ ခံစားရသော်လည်းပေါ့။
“မင်းတို့တွေ...”
လူငယ်ဝိညာဉ်ဘုရင် လင်းကျန်း၏ မျက်နှာမှာ အလွန်အမင်း အကျည်းတန်နေခဲ့၏။ “ဒီလူတွေက လုယက်နေကြတာ... လင်းကျန်းဆိုတဲ့ ငါ့ကို ဘာလို့များ ထင်နေကြတာလဲ... ငါ လင်းကျန်းက အနိုင်ကျင့်ရ လွယ်တယ်လို့ ထင်နေကြတာလား...”
ပတ်ဝန်းကျင်ရှိ အခြား ဂိုဏ်းများမှ လူများမှာ မျှော်လင့်နေသော အမူအရာများဖြင့် စောင့်ကြည့်နေကြ၏။ ယွမ်ဂိုဏ်းသည် အမြဲတစေ မောက်မာပြီး အနိုင်ကျင့်တတ်သည် မဟုတ်လော။
ယခုအခါ တောင်ဂိုဏ်းမှ ဤလူများက သူတို့ကို ဤအခြေအနေသို့ ရောက်အောင် တွန်းပို့နေသည်ကို မြင်ရခြင်းက အတော်လေး ကျေနပ်စရာ ကောင်းလှပေသည်။
“ဒီလူတွေက နည်းနည်း ကိုယ့်ကိုကိုယ် အရမ်း အထင်ကြီးလွန်းမနေဘူးလား...”
“အဲ့ဒီ လင်းကျန်းက ယွမ်ချန်းပြီးရင် ဒုတိယ အားအကောင်းဆုံးပဲ၊ အတော်လေး အားကောင်းတယ်..."
“ဆန်းကြယ်ရှင်ခြင်းအဆင့် အားကောင်းတဲ့ သိုင်းပညာရှင် တစ်ယောက်တောင် သူ့ကို အနိုင်ရမယ်လို့ မပြောရဲလောက်ဘူး...”
“ဒါပေမယ့် ကြည့်ရတာ ဒီလူတွေ အားလုံးက လင်းကျန်းကို ကိုင်တွယ်ဖို့ ယုံကြည်မှု ရှိနေကြပုံပဲ...”
“ယွမ်ဂိုဏ်း ဒီလောက် အခြေအနေဆိုးနေတာကို မမြင်ရတာကြာပြီ...”
“ဒီတစ်ခေါက် တောင်ဂိုဏ်းက တကယ်ကို အံ့ဩစရာပဲ...”
... ကိုးကောင်းကင် တိုင်ချင်းနန်းတော် အဖွဲ့ထဲတွင် လင်ချင်းကျူက ချင်းတန်ကို ထက်မြက်ပြီး သိမ်မွေ့သော အကြည့်များဖြင့် စူးစမ်းနေခဲ့လေသည်။
“အဲဒီ ကောင်မလေးက ဘယ်သူလဲ...” သူမ၏ ဘေးရှိ ဝူချွန်းက စုရိုကို မေးလိုက်လေသည်။
“သူမက လင်းတုန်ရဲ့ ညီမလေး ဖြစ်မယ် ထင်တယ်...”
စုရိုက မသေချာသော်လည်း ချင်းတန်ကို ကြည့်သော သူမ၏ အကြည့်တွင် ရန်လိုမှု အရိပ်အယောင်လေးတစ်ခု ပါဝင်နေခဲ့၏။
ယခုလေးတင် ဝူယွမ်ကို ချင်းတန် စိတ်အားထက်သန်စွာ ပွေ့ဖက်ခဲ့မှုမှတစ်ဆင့် လင်းတုန်၏ ညီမလေးနှင့် ဝူယွမ်၏ ဆက်ဆံရေးမှာ မရိုးရှင်းကြောင်း သူမ ခံစားလိုက်ရလေသည်။
“ကျွန်မနဲ့ မလုကြပါနဲ့... အစ်ကိုကြီးဝူယွမ်၊ ညီမလေးကို သွားခွင့်ပြုပါ... ညီမလေးရဲ့ လက်ရှိ စွမ်းအားကို အစ်ကိုကြီးကို ပြချင်လို့ပါ၊ ဒီနှစ်နှစ်အတွင်း ညီမလေး အချောင်မခိုခဲ့ဘူး...”
“အစ်ကိုကြီးတို့ နှစ်ယောက်စလုံးတောင် ညီမလေးရဲ့ ပြိုင်ဘက် မဟုတ်လောက်တော့ဘူး... အဲဒီ လူငယ်ဝိညာဉ်ဘုရင်ကို သိုးပေါက်လေး တစ်ကောင်လို ဖြစ်သွားအောင် ရိုက်နှက်ပြမယ်လို့ ညီမလေး အာမခံတယ်...”
ချင်းတန်က ဝူယွမ်ကို သနားစရာကောင်းသော မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် ကြည့်ကာ တိုက်ခိုက်ခွင့် ပေးရန် တောင်းဆိုနေခဲ့လေသည်။
သူမ၏ အစ်ကိုကြီး နှစ်ယောက် အိမ်ပြန်လာမည့် အချိန်ကို အိမ်မှာ ပုန်းပြီး စောင့်နေရုံသာ တတ်နိုင်သော ညီမငယ်လေး မဟုတ်တော့ဘဲ အစ်ကိုကြီး နှစ်ယောက်နှင့်အတူ အပြင်သို့ ထွက်ကာ စွန့်စားနိုင်သော နတ်ဆိုးမလေး တစ်ပါး ဖြစ်ကြောင်းကို သူမ၏ အစ်ကိုကြီး နှစ်ယောက်ရှေ့တွင် သက်သေပြချင်နေခဲ့၏။
ချင်းတန်၏ မျှော်လင့်တကြီးဖြစ်နေသော မျက်လုံးများကို ကြည့်ရင်း ဝူယွမ်က ခဏတာမျှ တုံ့ဆိုင်းသွားခဲ့လေသည်။ သူက ချင်းတန်၏ စွမ်းအားကို စစ်ဆေးရန် ဝိညာဉ်စွမ်းအင်ကို ချက်ချင်း ဖြန့်ကျက်လိုက်၏။
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ကို ခံစားမိသောအခါ ချင်းတန်၏ မျက်လုံးများ လင်းလက်သွားခဲ့လေသည်။
သူမက ခုခံမှု အားလုံးကို ချက်ချင်း စွန့်လွှတ်လိုက်ပြီး ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ကို သူမ၏ ခန္ဓာကိုယ်တစ်လျှောက် ပြန့်နှံ့ခွင့် ပြုလိုက်ကာ သူမ၏ နီ၀မ်နယ်ပယ်ကိုပါ သူ့အရှေ့တွင် ဖွင့်ဟပေးထားလိုက်လေသည်။
အစ်ကိုကြီးဝူယွမ်က သူမ၏ စွမ်းအားကို စဉ်းစားချင့်ချိန်ပြီး စစ်ဆေးနေခြင်း ဖြစ်ကြောင်းကို သူမ သိထားလေသည်။
သူမ၏ စွမ်းအားက လုံလောက်အောင် အားကောင်းနေသရွေ့ အစ်ကိုကြီးဝူယွမ်က သူမကို တိုက်ခိုက်ခွင့် ပြုရန် သေချာပေါက် သဘောတူမည် ဖြစ်သည်။
ချင်းတန်ထံတွင် ယင်ရှခန္ဓာကိုယ် ရှိလေသည်။ ဝူယွမ်က ချင်းတန်ကို မဟာယင် ရူန်းစာလုံး ကျင့်ကြံခြင်း နည်းလမ်းကို သင်ကြားပေးခဲ့ဖူး၏။ ယခုအခါ ချင်းတန်၏ နီ၀မ်နယ်ပယ် အတွင်းတွင် ရူန်းစာလုံး နှစ်ခု ရှိနေလေသည်။
တစ်ခုက မဟာယင်ရူန်းစာလုံး ဖြစ်ပြီး နောက်တစ်ခုက မူလ အမှောင်ရူန်းစာလုံး ဖြစ်လေသည်။
မဟာယင်ရူန်းစာလုံးမှာ သုံးပုံနှစ်ပုံခန့် ပြီးပြည့်စုံနေပြီး အမှောင်ရူန်းစာလုံးမှာလည်း ပြီးပြည့်စုံနေသော်ငြား ထိုရူန်းစာလုံးများ၏ စွမ်းအားမှာ လုံလောက်အောင် မအားကောင်းသေးပေ။
ဝူယွမ်သည် ဝါးမျိုခြင်း ဘိုးဘေးအဆောင်ကို ကြုံတွေ့ခဲ့ဖူးသဖြင့် ၎င်းမှာ အမှောင် ဘိုးဘေးအဆောင်၏ ကူးယူထားသော ရူန်းစာလုံးတစ်ခုသာဖြစ်ကြောင်းကို ချက်ချင်း ဆုံးဖြတ်နိုင်ခဲ့လေသည်။
ဤရူန်းစာလုံး နှစ်ခု၏ အကူအညီနှင့် အမှောင်ခန်းမမှ ကျင့်ကြံခြင်းတို့ ပေါင်းစပ်လိုက်သောအခါ ချင်းတန်၏ ဝိညာဉ်စွမ်းအင်မှာ အားမနည်းတော့ဘဲ ကောင်းကသင်အဆောင်သခင် အဆင့် ၇ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယွမ်စွမ်းအင် အရပြောရလျှင်လည်း သူမသည် နိဗ္ဗာန်အဆင့် ၉ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မဟာယင်ရူန်းစာလုံးက သူမ၏ ယင်ရှခန္ဓာကိုယ်ကို လျင်မြန်စွာ မြှင့်တင်ရန် ကူညီပေးနိုင်သဖြင့် သူမ၏ အဆင့်က ဝူယွမ်နှင့် အခြားသူများကို အမီလိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သေချာသည်ကတော့ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည်လည်း အားမနည်းပေ။ သူတို့ လမ်းခွဲတော့မည့် အချိန်တွင် ဝူယွမ်က ချင်းတန်ကို လျှို့ဝှက် အခန်းထဲ၌ ခန္ဓာကိုယ်ကျမ်း၏ “ယင်” အက္ခရာကို သင်ကြားပေးခဲ့လေသည်။
ယခု ဝူယွမ်က ချင်းတန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ သူမ၏ ခန္ဓာကိငယ်မှာလည်း အံ့ဩစရာကောင်းလောက်အောင် အားကောင်းနေပြီး သူ ဖြန့်ကျက်ထားသော ဝိညာဉ်စွမ်းအင်ကိုပင် ဝါးမျိုနိုင်စွမ်း ရှိနေကြောင်း တွေ့ရှိလိုက်ရ၏။
ချင်းတန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွင် ပြင်ပစွမ်းအင်များကို အဆက်မပြတ် စုပ်ယူကာ သူမ၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည့် မကောင်းဆိုးဝါးဆန်သော စွမ်းအင်တစ်ခု ပါဝင်နေခဲ့လေသည်။
“ကောင်းကင်ဝါးမျို နတ်ဆိုးခန္ဓာကိုယ်...”
ချင်းတန်၏ ကိုယ်ခန္ဓာကျင့်ကြံခြင်း လမ်းကြောင်းမှာ “ယင်” အက္ခရာ၏ အခြားတစ်ဖက်ဖြစ်သော ကောင်းကင်ဝါးမျို နတ်ဆိုးခန္ဓာကိုယ် ဖြစ်ရမည်ဟု ဝူယွမ် ချက်ချင်း ကောက်ချက်ချလိုက်လေသည်။
ကောင်းကင်ဝါးမျို နတ်ဆိုးခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို မိမိကိုယ်ပိုင်အဖြစ် အသုံးပြုရန် ဝါးမျိုနိုင်စွမ်း ရှိလေသည်။
***