မကြာမီမှာပင် မတူညီသော ဂိုဏ်းဝတ်စုံများကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူနှစ်ဦးသည် ဆိုင်ခန်းရှေ့ သို့ ရောက်ရှိလာခဲ့လေသည်။
ဆိုင်ခန်းရှေ့ရှိ မြင်ကွင်းကို ကြည့်လိုက်ရုံဖြင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ဆိုင်ရှင် ရှင်းပြစရာ ပင်မလိုဘဲ ဘာဖြစ်နေသည်ကို နားလည်သွားကြသည့်ပုံပေါ်လေသည်။
"စည်းကမ်းထိန်းသိမ်းရေး အရာရှိမင်းတို့... ကျေးဇူးပြုပြီး ငါ့အတွက် တရားမျှတအောင် လုပ်ပေးကြ ပါဗျာ…။"
ဆိုင်ရှင်၏ စကားကို ကြားသောအခါ စည်းကမ်းထိန်းသိမ်းရေးအရာရှိများထဲမှ တစ်ဦးသည် ကျန်းဖန်ကို ဖမ်းဆီးရန် ချက်ချင်း ပြင်ဆင်လိုက်လေသည်။
သို့သော်လည်း ချက်ချင်းပင် အခြား စည်းကမ်းထိန်းသိမ်းရေးအရာရှိတစ်ဦးက ထိုသူကို ရုတ်တရက် တားဆီးလိုက်ပြီး သူ့ထံသို့ လျှို့ဝှက်အသံလွှင့်ကာ သတင်းစကား ပါးလိုက်လေသည်။
"အစ်ကိုလီ... သူက ငါတို့ ထျန်းယင်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ရဲ့ မြေးတော်စပ်သူပဲ။ ကျေးဇူးပြုပြီး သူ့ကို မျက်နှာသာနည်းနည်းလောက် ပေးလို့ရမလား….။"
ထိုစကားကို ကြားသောအခါ လီဟု အမည်ရသော ကျင့်ကြံသူမှာ ချက်ချင်းပင် အံ့သြသွားပြီး အနည်း ငယ် တုံ့ဆိုင်းသွားသည့်ပုံရလေ၏။
"အစ်ကိုကျောက်... ဒီကိစ္စကို လူသိရှင်ကြား မဖြေရှင်းဘူးဆိုရင် လူထုကို ယုံကြည်အောင် လုပ်ဖို့ ခက်လိမ့်မယ်…။"
"ငါ မိုးကြိုးနတ်ဘုရားဂိုဏ်းကို ပြန်ရောက်တဲ့အခါ ငါ့ကိုယ်ငါ ဘယ်လို ရှင်းပြရမလဲဆိုတာ မသိတော့ ဘူး…။"
ခဏတာ စဉ်းစားပြီးနောက် ထျန်းယင်ဂိုဏ်းမှ ကျင့်ကြံသူသည် ဆုံးဖြတ်ချက်ချလိုက်ပြီး အသံလွှင့်ကာ ဆက်ပြောလိုက်သည်။
"ဒါဆိုရင်လည်း ဟန်ပြအနေနဲ့ လူရှေ့မှာ သူ့ကို ခေါ်သွားလိုက်ကြတာပေါ့။ ပြီးမှ သူ့ကို တောင်းပန်ဖို့ နေရာတစ်ခုခု ရှာကြတာပေါ့…။"
"မိုးခြိမ်းသံမြို့တော်ရဲ့ ဂုဏ်သတင်းအတွက်မို့လို့ သူ ငါတို့ကို သိပ်ပြီး အပြစ်တင်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်…။"
ဤဆုံးဖြတ်ချက်ကို ကြားသောအခါ မိုးကြိုးနတ်ဘုရားဂိုဏ်းမှ တပည့်ဖြစ်သူကလည်း သဘောတူ လိုက်လေသည်။
"ဒီတစ်နည်းပဲ ရှိတော့တာပေါ့…။"
သူတို့နှစ်ဦး မသိလိုက်သည်မှာ သူတို့၏ လျှို့ဝှက်အသံလွှင့် ပြောဆိုမှုများကို လင်းဖန်က အကုန်အစင် ကြားနေရခြင်းပင် ဖြစ်သည်ကိုပင်။
သူတို့၏ စကားများကို ကြားပြီး လင်းဖန်သည် ဆက်တိုက်ဆိုသလို သက်ပြင်းချလိုက်မိလေသည်။
ဘက်လိုက်မှုကင်းပြီး ဆိုင်ရှင်များကို ကာကွယ်ပေးခြင်းဆိုသည်က လူပုဂ္ဂိုလ်၏အပေါ်၌ မူတည်နေပုံရ သည်ပင်။
အဘယ်ကြောင့်ဆိုသော် မိုးခြိမ်းသံမြို့တော်သည် အင်အားစု အများအပြား၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသောကြောင့်ပင် ဖြစ်လေသည်။
အကယ်၍ ထျန်းယင်ဂိုဏ်း တစ်ခုတည်းကသာ အုပ်ချုပ်ခဲ့မည်ဆိုပါက။ သူတို့က ဟန်ပြလုပ်ရန်ပင် စီစဉ် နိုင်ပါ့မည့်လားဆိုတာကိုပင် သံသယပင် ဝင်မိလေတော့သည်။
ဤသည်ကို တွေးမိလိုက်သောအခါ လင်းဖန်သည် သူ၏ ကိုယ်ပိုင် အတွေးများကြောင့်ပင် စိတ်ပျက် လက်ပျက် ရယ်မောလိုက်မိလေတော့သည်။
*ဒီဆိုင်ရှင်ကလည်း လူကောင်းမှ မဟုတ်တာပဲ။ ငါက ဘာလို့ အများကြီး တွေးပူနေရမှာလဲ…။*
သို့သော်လည်း ထျန်းယင်ဂိုဏ်းမှ စည်းကမ်းထိန်းသိမ်းရေးသမား၏ စကားတစ်ခွန်းက လင်းဖန်ကို ဆက်တွေးနေရန်ပင် အချိန်မပေးတော့ချေ။
"မင်းတို့လေးယောက်လုံး ငါတို့နဲ့ လိုက်ခဲ့။ ဒီကိစ္စကို ဖြေရှင်းကြတာပေါ့….။"
ဤစကားကို ကြားသောအခါ ဆိုင်ရှင်မှာ လျော်ကြေးကိစ္စ ဆွေးနွေးတော့မည်ဟု ထင်မှတ်ကာ အလွန် ဝမ်းသာသွားခဲ့လေသည်။
ထိုသူနှစ်ဦး၏ ပြောစကားများကို ကြားခဲ့ရသော လင်းဖန်ကတော့ ဘာဖြစ်တော့မည်ကို ကောင်း ကောင်းကြီး သိနေခဲ့သည်ပင်။ ပြဿနာကို ဖြေရှင်းမယ်ဟုသာ ထိုသူက ပြောနေပါသော်လည်း တကယ်တမ်းတွင်တော့ ပါဝင်ပတ်သက်နေသော လူများကို ဖြေရှင်းတော့မည်ပင် ဖြစ်လေသည်။
လင်းဖန်ကလည်း မငြင်းဆန်ဘဲ ထိုလူများခေါ်ဆောင်ရာနောက်သို့ လိုက်သွားခဲ့လေသည်။ ဤသို့လုပ် ခြင်းဖြင့် ထျန်းယင်ဂိုဏ်းထံမှ လျော်ကြေးအချို့ကို ခြိမ်းခြောက်တောင်းယူနိုင်မည်ဟု သူ တွေးလိုက် သည်။
မကြာမီမှာပင် လူခုနစ်ယောက်ပါဝင်သော အဖွဲ့သည် အဆောက်အအုံတစ်ခုအတွင်းသို့ ရောက်ရှိသွား ခဲ့ကြလေသည်။
ဤနေရာသည် မိုးခြိမ်းသံမြို့တော်၏ စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်ဖြစ်ပြီး ဂိုဏ်းဝတ်စုံများကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူ များစွာ ရှိနေခဲ့သည်။
အဖွဲ့သည် အခန်းတစ်ခုထဲသို့ ဝင်ရောက်သွားပြီးနောက် ထျန်းယင်ဂိုဏ်းမှ စည်းကမ်းထိန်းသိမ်းရေး သမားများသည် ဟန်ဆောင်ထားမှုများကို ချက်ချင်း ခွါချလိုက်ကြလေတော့သည်။
"သခင်လေးကျန်း... သခင်လေး ဒုက္ခများသွားရပါပြီ။ စောစောက အခြေအနေတွေအရ ဖိအားပေးခံရလို့ သခင်လေးကို အများကြီး ပြစ်မှားမိသွားတယ်။ သခင်လေး အပြစ်မယူဘူးလို့ ငါ မျှော်လင့်ပါတယ်…။"
ထျန်းယင်ဂိုဏ်းမှ စည်းကမ်းထိန်းသိမ်းရေးသမားများ စကားပြောနေချိန်တွင်...
ဘေးတွင် ရပ်နေသော မိုးကြိုးနတ်ဘုရားဂိုဏ်းမှ စည်းကမ်းထိန်းသိမ်းရေးသမားကမူ လက်အုပ်ချီကာ နှုတ်ဆက်ရုံသာ နှုတ်ဆက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
ဤသခင်လေးသည် အဆင့်အတန်း မြင့်မားသည်ဆိုသော်လည်း တကယ်တမ်းတွင်တော့ သူတို့ မိုးကြိုးနတ်ဘုရားဂိုဏ်း၏ အဖွဲ့ဝင်ဖြစ်နေသည်တော့ မဟုတ်ပေ။
အခြားဂိုဏ်းက လူကို ဖော်လံဖားရလောက်တဲ့အထိတော့ သူ အောက်ကျခံနေမည် မဟုတ်ပေ။ ထိုသို့ လုပ်ခြင်းက သူတို့ မိုးကြိုးနတ်ဘုရားဂိုဏ်း၏ ဂုဏ်သတင်းကို ကျဆင်းစေမည်ဖြစ်ပြီး ဂိုဏ်းကသာ သိသွားပါက သူ့အား အပြစ်တင်ပေလိမ့်မည်။
အရာရှိများ၏ တုံ့ပြန်မှုကို မြင်တွေ့လိုက်ရပြီးနောက် ဆိုင်ရှင်မှာ ကျောချမ်းသွားသည်ဟု ခံစားလိုက် ရလေသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ် အေးစက်သွားမည့် (သေဆုံးမည့်) အချိန်မှာ သိပ်မဝေးတော့ကြောင်းကို ချက်ချင်း သဘောပေါက်သွားခဲ့လေသည်။
"သခင်လေးကျန်း... ကျေးဇူးပြုပြီး ကျွန်တော့ကို ချမ်းသာပေးပါ….။ ကျွန်တော်က မျက်စိကန်းပြီး သခင်လေးရဲ့ အဆင့်အတန်းကို မသိခဲ့လို့ပါ... ဒါက..."
ဆိုင်ရှင် လိမ်ပြောနေခြင်း မဟုတ်ပေ။ ယခုအချိန်ထိ သူသည် ကျန်းဖန်၏ မည်သူမည်ဝါဖြစ်ကြောင်းကို မသိသေးပေ။
သို့သော်လည်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ ဤမျှ နှိမ့်ချနေသည်ကို မြင်ရသောအခါ သူ၏ အဆင့်အတန်းသည် အတော်လေး မြင့်မားမည်မှာ သေချာပေသည်။
သူ အသက်ရှင်ရန် အခွင့်အရေးကို ရှာချင်ပါက ပထမဆုံး လုပ်ရမည့်အရာမှာ အသက်ချမ်းသာပေးရန် တောင်းပန်ခြင်းပင် ဖြစ်သည်ပင်။ အသက်ချမ်းသာပေးရန် တောင်းပန်ပြီးနောက် သေချာပေါက် သူတို့ သည် တာဝန်ကို ရှောင်လွှဲရန် ကြိုးစားကြပေလိမ့်မည်။
ထို့နောက် ဆိုင်ရှင်သည် လင်းဖန်ကို လက်ညှိုးထိုးပြလိုက်လေသည်။
"သခင်လေးကျန်း... ဒါက... ဒါတွေအားလုံးက သူ့ရဲ့ အကြံအစည်တွေပါ။ သူက ဆေးလုံးတွေကို ပေးပြီး ဒီအစီအစဉ်ကို ဆွဲခဲ့တာပါ…။"
"ငါက ခဏတာ လှည့်စားခံလိုက်ရပြီး သူ့ရဲ့ လှည့်ကွက်ထဲ ရောက်သွားခဲ့ရတာပါ…။"
ဆိုင်ရှင်၏ စကားများကို နားထောင်ရင်း လင်းဖန်သည် ထိုသူ့ကို နောက်ကျလျင် ကိုယ်တိုင်ပေါက်ကွဲ ဆေးလုံးတစ်လုံးဖြင့် ဆုချရန် ဆုံးဖြတ်လိုက်လေသည်။
ကိုယ်ပိုင် ဆေးလုံးများကို စမ်းသပ်ရန် စမ်းသပ်မှု မှတ်တမ်းအသစ်တစ်ခု ထည့်သွင်းရမည်။
ကျန်းဖန်နှင့် စည်းကမ်းထိန်းသိမ်းရေး အရာရှိနှစ်ဦးတို့ကတော့ ဤသည်က ဘယ်သူ့အကြံလဲဆိုသည်ကို ဂရုမစိုက်ကြပေ။
ကိုယ်ကျိုးအတွက် ဥပဒေကို ချိုးဖောက်ရန် ဆုံးဖြတ်ပြီးကတည်းက သက်သေအထောက်အထား အားလုံးကို ဖျက်ဆီးပစ်ရမည်ပင် ဖြစ်၏။
သတင်းများ ပေါက်ကြားပြီး သူတို့၏ မိုးခြိမ်းသံမြို့တော်၏ ဂုဏ်သတင်းကို မထိခိုက်စေရန် ကာကွယ် ရန်ပင် ဖြစ်လေသည်။
ထို့ကြောင့် ပထမဆုံး ရှင်းလင်းပစ်ရမည့်အရာမှာ သဘာဝကျကျပင် ဤသက်သေ လေးဦး ဖြစ်နေ သည်ပင်။
"အခုမှ ဒါတွေ အားလုံး ပြောနေလည်း အသုံးမဝင်တော့ဘူး။ မင်းတို့ လေးယောက်လုံး ဒီကိစ္စမှာ ပါဝင် ပတ်သက်နေတယ်။ နောက်ဘဝကျရင် မျက်လုံးဖွင့်ပြီး ကြည့်ဖို့ မှတ်ထားလိုက်…။"
ပြောပြောဆိုဆိုနှင့်ပင် ထျန်းယင်ဂိုဏ်းမှ စည်းကမ်းထိန်းသိမ်းရေးသမားများသည် စတင်လှုပ်ရှားရန် ပြင်ဆင်လိုက်ကြလေသည်။
စည်းကမ်းထိန်းသိမ်းရေး အရာရှိက သူ၏ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုကို ထုတ်ဖော်လိုက် သောအခါ ဆိုင်ရှင်နှင့် သူ၏ တာအိုအဖော်တို့သည် အလွန်ကြောက်ရွံ့သွားကာ အလျင်အမြန် အနောက် သို့ဆုတ်သွားကြလေသည်။
စည်းကမ်းထိန်းသိမ်းရေးသမား၏ တိုက်ခိုက်မှုသည် သဘာဝကျကျပင် လင်းဖန်အပေါ်သို့ ကျရောက် လာခဲ့လေသည်။
သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာသောအရာက သူတို့၏ မျှော်လင့်သည်ထက်များစွာ ကျော်လွန်နေခဲ့လေ၏။
လင်းဖန်အပေါ် ကျရောက်လာသော တိုက်ခိုက်မှုသည် လှိုင်းဂယက် အနည်းငယ်မျှကိုပင် မဖြစ်ပေါ်စေ နိုင်ခဲ့ပေ။
မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားသည် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ဦး၏ လက်လှမ်းမီနိုင်သော အတိုင်းအတာထက် များစွာ သာလွန်နေသည်မဟုတ်ပါလား။
လင်းဖန် မတ်တတ်ရပ်နေပြီး တစ်ဖက်လူကို သူ့အား တိုက်ခိုက်ခွင့်ပြုထားလျှင်ပင်။ တစ်ဖက်လူက အသေအလဲ ကြိုးစားတိုက်ခိုက်မည်ဆိုလျှင်တောင် လင်းဖန်ကို အနည်းငယ်မျှ အန္တရာယ်ပြုနိုင်မည် မဟုတ်ပေ။
ပြိုင်ဘက်၏ တိုက်ခိုက်မှုက သူ့ကို ထိမှန်သွားသည်ကို မြင်သောအခါ လင်းဖန်သည် သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။
နောက်ပိုင်း ထျန်းယင်ဂိုဏ်းမှ လူများ ရောက်လာသောအခါ ဤအချင်းအရာကို အသုံးချပြီး သူတို့ထံမှ စိတ်ဝိညာဉ်ကျောက်တုံးများ ထပ်မံ ခြိမ်းခြောက်တောင်းယူနိုင်တော့မည် ဖြစ်သည်။
"ဟက်... သာမန် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူလေးက သူ့အထက်ကလူကို ဖီဆန်ပြီး မဟာ ယာနအဆင့် ဂုဏ်သရေရှိပုဂ္ဂိုလ်ကို တိုက်ခိုက်ရဲတယ်ပေါ့။ မင်းကို ဘယ်သူက ဒီလို သတ္တိတွေ ပေးထား တာလဲ…။"
"မင်းတို့ ထျန်းယင်ဂိုဏ်းကသာ ဒီကိစ္စအတွက် ငါ့ကို ရှင်းပြချက် မပေးဘူးဆိုရင် မင်းတို့ရဲ့ မိုးခြိမ်းသံ မြို့တော်ကို ငါ ဖျက်စီးပစ်မယ်….။"
ပြောပြောဆိုဆိုနှင့်ပင် လင်းဖန်သည် မည်သည့် အဟန့်အတားမျှမထားရှိတော့ဘဲ သူ၏ ကျင့်ကြံမှု အဆင့်ကို ထုတ်ဖော်ပြသလိုက်လေတော့သည်။
ထိုအခိုက်အတန့်တွင် စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်တစ်ခုလုံးသည် မဟာယနတက်လှမ်းခြင်း အဆင့်ရှိ လင်းဖန်၏ ဖိနှိပ်နိုင်သော အရှိန်အဝါ အငွေ့အသက်များဖြင့် လွှမ်းခြုံသွားခဲ့လေတော့သည်။
သူတို့သည် ကြီးမားလှသော ဖိအားကို ခံစားလိုက်ကြရ၏။ ပထမဆုံး အထိနာခဲ့သော ကျန်းဖန်နှင့် အခြားသူများမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး မလှုပ်ရှားနိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် အခန်းအပြင်ဘက် စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်အတွင်းရှိ လူများ၊ အထူး သဖြင့် ကျင့်ကြံမှုအဆင့် နိမ့်ပါးသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြလေတော့သည်။
ကျင့်ကြံမှုအဆင့် အမြင့်မားဆုံးဖြစ်သော ကျင့်ကြံသူနှစ်ဦးမှာ မိုးကြိုးနတ်ဘုရားဂိုဏ်းနှင့် ထျန်းယင် ဂိုဏ်းတို့မှ အသီးသီး ဖြစ်ကြလေသည်။
သူတို့သည် မိုးခြိမ်းသံမြို့တော်ကို ကာကွယ်ရန် တာဝန်ယူထားသော စည်းကမ်းထိန်းသိမ်းရေး အကြီး အကဲများ ဖြစ်ကြ၏။
လင်းဖန်၏ ဖိအားက သူတို့ထံသို့ တိုက်ရိုက် မရောက်လာသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့ သည် လင်းဖန်၏ အခန်းထဲမှ ထွက်ပေါ်လာသော ကြွင်းကျန်နေသည့် စွမ်းအားကိုသာ ခဲယဉ်းစွာဖြင့် ခံနိုင်ရည်ရှိခဲ့ကြလေသည်။
သူတို့သည် အကူအညီတောင်းခံရန် သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းများထံသို့ လျှို့ဝှက်အသံလွှင့်ကာ သတင်းပို့လိုက်ကြလေသည်။ သူတို့၏ ဂိုဏ်းထံသို့ သတင်းပေးပို့ပြီးနောက် ထိုနှစ်ဦးသည် သူတို့၏ ကံကြမ္မာကို ထိုင်စောင့်မနေခဲ့ကြပေ။
သူတို့သည် အချိန်ဆွဲရန် စီစဉ်ခဲ့ပြီး ဂိုဏ်း၏ မဟာယာနအဆင့်မှ စွမ်းအားကြီးမားသော ကျင့်ကြံသူ တစ်ဦး ရောက်ရှိလာကာ အကူအညီပေးမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြလေသည်။
သူသည် ဖိနှိပ်နိုင်သော အငွေ့အသက်များ၏ အရင်းအမြစ်ကို ချက်ချင်း ရှာဖွေတွေ့ရှိသွားပြီး တံခါးဝ မှပင် ရိုသေလေးစားစွာ ပြောလိုက်လေသည်။
"ဘယ်စီနီယာက မိုးခြိမ်းသံမြို့တော်ကို လာလည်တာလဲဆိုတာ ကျွန်တော်သိချင်ပါတယ်။ ထျန်းယင် ဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ ကျိုးဟွာ က စီနီယာကို အရိုအသေပေးပါတယ်….။"
"ကျွန်တော်က မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ လီကျန်း ပါ။ ကျွန်တော် က စီနီယာကို မရိုမသေ လုပ်မိသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ….။"
တံခါးအပြင်ဘက်မှ ရိုသေလေးစားစွာဖြင့် နှုတ်ဆက်သံ နှစ်ခုကို ကြားလိုက်ရသောအခါ လင်းဖန်သည် သူ၏ လက်ကိုဝှေ့ယမ်းကာ တံခါးကို ဖွင့်လိုက်လေသည်။
ဤအချိန်တွင် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲနှစ်ဦးသည် အခန်းတွင်းရှိ မြင်ကွင်းကို နောက်ဆုံး တွင် မြင်တွေ့သွားကြလေသည်။
အထူးသဖြင့် ကျိုးဟွာသည် ဒုတိယဂိုဏ်းချုပ်၏ မြေးဖြစ်သူက သူတို့ကြားတွင် ရှိနေသည်ကို မြင်သော အခါ သူ၏ မျက်လုံးများကို ချက်ချင်း ကျဉ်းမြောင်းသွားစေခဲ့သည်။
"စီနီယာ... သူက ကျွန်တော်တို့ ထျန်းယင်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ရဲ့ မြေးပါ။ သူက စီနီယာကို ဘာတွေများ ပြစ်မှားမိလို့လဲဆိုတာ ကျွန်တော် သိချင်မိပါတယ်…။"
"ဒီကိစ္စကို ဒုတိယဂိုဏ်းချုပ်ဆီ သေချာပေါက် သတင်းပို့ပြီး သူ့ကို သင့်တော်သလို အပြစ်ပေးဖို့ ကျွန်တော် သေချာတောင်းဆိုပေးပါ့မယ်…။"
ဤစကားသည် တောင်းပန်စကားတစ်ခွန်းဟု ထင်ရပေသည်။
သို့သော်လည်း သူ၏ တကယ့်ရည်ရွယ်ချက်မှာ ကျန်းဖန်၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ပြရန် ဖြစ်သည်။ ဤသို့ဆိုလျှင် လင်းဖန်အနေဖြင့် သတိထားစရာ တစ်ခုခု ရှိလာစေမည် ဖြစ်သည်။
နှစ်ဦးစလုံးသည် မဟာယာနအဆင့်တွင် ရှိနေကြသော်လည်း။
သို့သော်လည်း ဒုတိယဂိုဏ်းချုပ်ဖြစ်သူ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးသည် တူညီသောအဆင့်ရှိ အခြားသူများထက် ပိုမို အစွမ်းထက်လေ့ရှိသည်ပင်။
အဘယ်ကြောင့်ဆိုသော် အင်အားကြီးမားသော အဖွဲ့အစည်းများအတွင်း အရေးကြီးသော ရာထူးများကို ကိုင်စွဲထားသူများ ဖြစ်သောကြောင့်ပင်။ သူတို့ ကိုင်ဆောင်ထားသော မှော်ရတနာများ၊ ဆေးလုံးများနှင့် အခြားပစ္စည်းများသည် သာမန် ကျင့်ကြံသူများ၏ ပစ္စည်းများထက် ပိုမိုမြင့်မားသော အဆင့်တွင် ရှိလေ့ ရှိကြပေသည်။
လင်းဖန် နားလည်သော်လည်း သူ ဒေါသတော့မထွက်ခဲ့ပေ။
*တစ်ဖက်လူက ပိုပြောလေ ပိုလုပ်လေ၊ နောက်ကျရင် ငါ တောင်းဆိုမယ့် စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အခြား အရင်းအမြစ်တွေက ပိုများလေပဲ ဖြစ်လိမ့်မယ်….။*
*သူ့ကို ပြောခွင့်ပေးလိုက်ပါ။ သူ ပိုပြောလေ ပိုကောင်းလေပဲ…။*
"အဋ္ဌမအဆင့် ဂိုဏ်းတစ်ခုရဲ့ ဒုတိယဂိုဏ်းချုပ်ဆိုတော့ အင်မတန် ချမ်းသာကြွယ်ဝတဲ့ မိသားစု နောက်ခံ တော့ ရှိရမှာပေါ့။ မဟုတ်ဘူးလား…။"
***