ပြင်းထန်လှသော နာကျင်မှုကြောင့် သူတို့နှစ်ဦးစလုံး နာကျင်စွာ အော်ဟစ်လိုက်ကြလေသည်။
"အား... စီနီယာ၊ ငါတို့ မှားသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ…။"
ထိုနှစ်ဦး နာကျင်စွာဖြင့် အသက်ချမ်းသာပေးရန် တောင်းပန်နေသည်ကို မြင်သောအခါ လင်းဖန် ဆွံ့အ သွားခဲ့လေသည်။
သူတို့နှစ်ဦးက သူ့ကို နာကြည်းနေမည်မှာ သေချာပြီး၊ ထို့ကြောင့် "နှလုံးထိုးဖောက်ခြင်းသံမဏိအပ်" က အာနိသင် ပြလာခြင်းဖြစ်မည်ဟု သူ ခန့်မှန်းလိုက်လေသည်။
*ဒါက စိတ်ထားကို မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတာလား။ တစ်စက္ကန့်လေးမှာတင် ကျေးဇူးတင်နေ ပြီး နောက်တစ်စက္ကန့်မှာကျတော့ သေရာပါရန်သူတွေ ဖြစ်သွားတယ်ပေါ့…။*
"ဟက်... မင်းတို့က ငါ့ကို မတောင်းပန်သင့်ဘူး၊ ကိုယ့်ကိုယ်ကိုယ်သာ တောင်းပန်သင့်တယ်…။"
"ငါ့အပေါ် မလေးမစားလုပ်တဲ့ အတွေးတွေ မရှိတော့သရွေ့ နာကျင်မှုက သူ့အလိုလို ပျောက်ကွယ် သွားလိမ့်မယ်…။"
လင်းဖန်၏ စကားကို ကြားသောအခါ ဆိုင်ရှင်နှစ်ဦးသည် သူတို့၏ နာကြည်းမှုကို ချက်ချင်း ဖိနှိပ်လိုက် ကြလေသည်။
လင်းဖန်၏ ကောင်းကွက်များကို သူ့တို့ကိုယ်သူတို့ ထပ်ခါတလဲလဲ ပြောနေလိုက်သည်။
'ငါက အရင်က မင်းအပေါ် ဒီလောက်တောင် မတရား စွပ်စွဲခဲ့တာတောင် မင်းက ငါ့ကို မသတ်ခဲ့ဘူး။ မင်း က အရမ်းကို သနားကြင်နာတတ်တာပဲ…။'
'စီနီယာက လူကောင်းတစ်ယောက်ပါ၊ မကောင်းမှုကို ကောင်းမှုနဲ့ တုံ့ပြန်ပြီး ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးဖို့ ဆေးတစ်လုံးတောင် ပေးခဲ့သေးတယ်….။'
'မင်းရဲ့ လမ်းညွှန်မှုသာ မပါရင် ဒီနေ့ မိုးခြိမ်းသံမြို့တော်က စည်းကမ်းထိန်းသိမ်းရေးသမားတွေရဲ့ လက်ချက်နဲ့ ငါ သေချာပေါက် သေနေလောက်ပြီ…။'
ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ဆက်တိုက် ဦးနှောက်ဆေးခြင်းအားဖြင့် ပြင်းထန်လှသော နာကျင်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။
နာကျင်မှုမှ ကင်းလွတ်သွားသော ဆိုင်ရှင်သည် လင်းဖန်၏ လက်ထဲရှိ အခြားဆေးပုလင်းကို စိုက်ကြည့် နေခဲ့လေသည်။
အခြားတစ်ပုလင်းကို မရွေးချယ်ခဲ့မိသည့်အတွက် အလွန် နောင်တရမိလေသည်။ သူတို့သည် အခြား ဆေးပုလင်း၏ အာနိသင်ကိုလည်း သိချင်နေခဲ့ကြသည်။
ခဏတာ တုံ့ဆိုင်းပြီးနောက် သူသည် အလွန်တရာ ဝန်လေးစွာဖြင့် ထိုမေးခွန်းကို မေးလိုက်လေသည်။
"စီ... စီနီယာ၊ အခြားတစ်ပုလင်းထဲမှာ ဘယ်လိုဆေးလုံးမျိုး ပါလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား…။"
ဆိုင်ရှင်၏ မေးခွန်းကို ကြားသောအခါ လင်းဖန် ရယ်မောလိုက်သည်။
"အို... မင်းက ဒီပုလင်းအကြောင်း မေးနေတာလား။ ဒီထဲမှာ ကိုယ်တိုင်ပေါက်ကွဲဆေးလုံးတွေ ပါတာ လေ။"
တစ်ခါမှ မကြားဖူးသော ဆေးလုံး၏ အမည်ကြောင့် ဆိုင်ရှင်သည် တကယ်ကို နားမလည်နိုင်ဖြစ်သွားပုံ ရသည်။
ထို့နောက် လင်းဖန်က ရှင်းပြရန် ထပ်ပြောလိုက်လေသည်။
"ကိုယ်တိုင်ပေါက်ကွဲဆေးလုံးရဲ့ အာနိသင်ကတော့ နာမည်အတိုင်းပဲ၊ စားပြီးသွားရင် 'ဝုန်း' ဆိုပြီး ပေါက်ကွဲသွားလိမ့်မယ်။"
ဤစကားကြောင့် ဆိုင်ရှင်၏ မျက်နှာပေါ်ရှိ နားမလည်နိုင်မှုမှာ ချက်ချင်း အေးခဲသွားခဲ့သည်။ ဤသို့ဆို လျှင် သူတို့၏ ရွေးချယ်မှုသည် နောက်ဆုံးတော့ မှန်သွားသည်မဟုတ်ပါလား။
*ကျွန်ပြုခံရတာက အကောင်းဆုံး ရလဒ်ပဲ…။*
အခု ဘာပြောပြော နောက်ကျသွားပါပြီ။ ဆိုင်ရှင် ဇနီးမောင်နှံမှာ လက်တွေ့ကို လက်ခံရုံသာ ရှိတော့ သည်။
နှလုံးသားကို ဆွဲဆုတ်ခံရသလို နာကျင်မှုကို ထပ်မံ မခံစားရစေရန် ကာကွယ်ရန်အတွက်။ သူတို့သည် လင်းဖန်၏ ကောင်းကွက်များကို သူတို့၏ စိတ်ထဲတွင် ဆက်တိုက် ရွတ်ဆိုနေကြရလေသည်။
အကြောင်းတစ်ခုခုကြောင့် ဤမျှ အချိန်တိုအတွင်းမှာပင် လင်းဖန်၏ ကျွန်ပြုခံရခြင်းမှာ သိပ်တော့မဆိုး ဘူးဟု သူတို့ တကယ် ခံစားလိုက်ရလေသည်။
ပထမဆုံးအနေနှင့် သူတို့ သေရမှာကို ပူပန်စရာ မလိုတော့ပေ။
ဒုတိယအနေနှင့် မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်၏ ကျွန်ပြုခြင်းကိုခံရသည်က ရှက်စရာ ကောင်းသော ကိစ္စဟု မထင်ရခြင်းပင်။
သူတို့၏ နိမ့်ပါးသော ကျင့်ကြံမှုအဆင့် နဲ့ဆိုပါလျင်။
အခြား မဟာယာနအဆင့် ကျင့်ကြံသူတွေရဲ့ ကျွန်ပြုခံရဖို့ သူတို့ တက်တက်ကြွကြွ ဆန္ဒရှိလျင်တောင်မှ တစ်ဖက်လူက သူတို့ကို ထည့်သွင်းစဉ်းစားမှာပင် မဟုတ်ဘူးလို့ ထင်ရ၏။
"ဒါနဲ့ မင်းတို့ နာမည်တွေက ဘယ်လိုခေါ်လဲ…။"
ထိုနှစ်ဦး၏ အမည်များကို ယခုလေးတင် မေးခဲ့သော လင်းဖန်သည် နာမည်အများအပြားကို မှတ်သား ရခြင်းက ဒုက္ခများလွန်းကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။
သူတို့၏ အဖြေကို မစောင့်တော့ဘဲ သူက ထပ်ပြောလိုက်သည်။
"ထားလိုက်တော့၊ မင်းတို့ရဲ့ နာမည်တွေက အရေးမကြီးတော့ဘူး။ မင်းတို့ကို မှတ်ရလွယ်တဲ့ နာမည် တချို့ ငါ ပေးမယ်…။"
"ငါတို့က မိုးခြိမ်းသံမြို့တော်မှာ တွေ့ခဲ့ကြတာဆိုတော့၊ ပြီးတော့ မင်းတို့က မိုးခြိမ်းသံမြို့တော်က စီးပွားရေးကို ငါ့အတွက် စီမံခန့်ခွဲပေးရမှာဆိုတော့။"
"ဒါဆိုရင် မင်းတို့နှစ်ယောက်ကို လင်းလွေ့ (မိုးကြိုး) နဲ့ လင်းယင် (အသံ) လို့ အသီးသီး ခေါ်မယ်…။"
လူက လင်းဖန်၏ အပိုင်ဖြစ်နေပြီဖြစ်ရာ ထိုနှစ်ဦးမှာ သဘာဝကျကျပင် နာမည်ပြောင်းသည့် ကိစ္စကို မငြင်းဆန်ဝံ့ကြပေ။ ပိုအရေးကြီးနိုင်သည်မှာ ငြင်းပယ်ပါက နှလုံးကြေကွဲဖွယ် နာကျင်မှုကို ထပ်မံ ခံစားရမည်ကို ကြောက်ရွံ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
လင်းလွေ့နှင့် လင်းယင်တို့ကို အောင်မြင်စွာ စုဆောင်းပြီးနောက်။
ထို့နောက် လင်းဖန်သည် အခန်းထဲမှ ထွက်လာပြီး စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်၏ အကြီး အကဲတစ်ဦးဖြစ်သူ ကျိုးဟွာထံသို့ ချဉ်းကပ်သွားခဲ့သည်။
မထွက်ခွာမီ ထျန်းယင်ဂိုဏ်း၏ ဂိုဏ်းချုပ် စုန့်ယုံချန်က ကျိုးဟွာကို ဆိုင်ခန်းနှင့်ပတ်သက်သော အစီ အစဉ်များ လုပ်ဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်။
ထို့ကြောင့် ကျိုးဟွာ ဦးဆောင်မှုဖြင့် အဖွဲ့သည် မြို့လယ်ရှိ ဆိုင်ခန်းကြီးတစ်ခုသို့ ရောက်ရှိသွားခဲ့ကြလေ သည်။
ဆိုင်ခန်းမှာ သုံးထပ် ရှိလေသည်။ အတွင်းတွင် တန်ဖိုးသိပ်မရှိသော ဆေးလုံးများနှင့် မှော်ပစ္စည်းအချို့ လည်း ရှိနေခဲ့၏။
စုန့်ယုံချန်က ၎င်းတို့အားလုံးကို လင်းဖန်ထံသို့ ပေးခဲ့လေသည်။
သူ၏ရှေ့ရှိ ဆိုင်ခန်းကို ကြည့်ပြီး လင်းဖန် အလွန် ကျေနပ်သွားခဲ့လေ၏။ သူသည် ခရမ်းရွှေနတ်နဂါးဓား ကို ချက်ချင်း ထုတ်ယူကာ ဆိုင်ဆိုင်းဘုတ်ပေါ်တွင် "ဟင်းလင်းပြင် ဆိုင်" ဟူသော အမည်ကို ပြန်လည် ထွင်းထုလိုက်လေသည်။
ဤသို့ဖြင့် လင်းဖန်၏ ကျုံးကျိုးရှိ ပထမဆုံး ဟင်းလင်းပြင်ဆိုင်သည် မမျှော်လင့်ဘဲ ပေါ်ပေါက်လာခဲ့ လေသည်။
"လင်းလွေ့နဲ့ လင်းယင်၊ အခုကစပြီး ဒီဆိုင်ကို မင်းတို့ စီမံခန့်ခွဲရမယ်။ မေးစရာ ရှိသေးလား…။"
သူတို့နှစ်ဦးမှာ သဘာဝကျကျပင် လင်းဖန်၏ အစီအစဉ်ကို မငြင်းဆန်ဝံ့ကြပေ။
သို့သော်လည်း ခဏတာ စဉ်းစားပြီးနောက် လင်းလွေ့က မေးခွန်းတစ်ခု ထုတ်မေးလာခဲ့သည်။
"သခင်... ငါတို့... ငါတို့မှာ ထောက်ပံ့ရေးကွင်းဆက် မရှိဘူး။ ဆေးလုံးတွေနဲ့ မှော်ရတနာတွေ ရောင်းကုန် သွားရင် ဘယ်လိုလုပ်ပြီး ပြန်ဖြည့်ရမလဲ…။"
"ပြီးတော့ ဒီရောင်းချမှုတွေကနေ ရလာတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို စီနီယာ့ကို ဘယ်လို ပြန်အပ် ရမလဲ။"
ဤစကားကို ကြားပြီးနောက် လင်းဖန်က အနည်းငယ် ပြုံးလိုက်သည်။
"ငါ့ကို သခင်လို့ မခေါ်နဲ့တော့။ ငါက ဟင်းလင်းပြင်မြင့်မြတ်နယ်မြေရဲ့ သန့်စင်သောသခင် ပဲ။ အခုက စပြီး မင်းတို့ ငါ့ကို သန့်စင်သောသခင် လို့ပဲ ခေါ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်စလုံးရဲ့ နာမည် တွေထဲမှာ 'သခင်' ဆိုတဲ့ စကားလုံး ပါတာပဲလေ…။"
"ထောက်ပံ့ရေးလမ်းကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ငါတို့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေက ဆေးလုံးအမျိုးမျိုးနဲ့ မှော်ရတနာတွေကို သန့်စင်ပေးတယ်…။"
"မင်းတို့ တစ်ယောက်ချင်းစီကို ဟင်းလင်းပြင် တံဆိပ်ပြား တစ်ခုစီ ငါ ပေးမယ်။ နောက်ပိုင်း ပစ္စည်းတွေ ကုန်သွားရင် မြင့်မြတ်နယ်မြေထဲကို သွားပြီး ထပ်ယူလို့ ရတယ်…။"
ထိုသို့ပြောရင်း လင်းဖန်သည် သူတို့ နားမလည်နိုင်ဖြစ်နေစဉ်မှာပင် ဟင်းလင်းပြင် တံဆိပ်ပြား တစ်ခုစီ ကို ကမ်းပေးလိုက်လေသည်။
ထို့အပြင် ၎င်းကို မည်သို့အသုံးပြုရမည်ကိုပါ သူတို့ကို ပြောပြခဲ့လေသည်။
"သန့်စင်သောသခင် ဆိုလိုတာက ငါတို့နှစ်ယောက်လည်း မြင့်မြတ်နယ်မြေရဲ့ အဖွဲ့ဝင်တွေ ဖြစ်သွားပြီ လား…။"
လင်းလွေ့၏ စကားများတွင် အံ့သြဝမ်းသာမှုများ ရောယှက်နေခဲ့သည်ပင်။
ကျုံးကျိုးမှ ကျင့်ကြံသူတစ်ဦးအနေဖြင့် "မြင့်မြတ်နယ်မြေ" ဟူသော စကားလုံးများ၏ အဓိပ္ပာယ်ကို သူ သဘာဝကျကျပင် ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သည်။
မြင့်မြတ်နယ်မြေ အင်အားစုတစ်ခုတွင် ပါဝင်ခွင့်ရပြီဟု ကြားရသောအခါ မည်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
သို့သော်လည်း လင်းဖန်၏ စကားက သူတို့နှစ်ဦးကို ရေအေးဖြင့် ပက်လိုက်သလို ဖြစ်သွားစေခဲ့သည်။
"အဲဒါက မင်းတို့ရဲ့ စိတ်ကူးယဉ်မှု သက်သက်ပါပဲ။ မြင့်မြတ်နယ်မြေတစ်ခုကို အဲဒီလောက် အလွယ် တကူ ဝင်လို့ရမယ် ထင်နေတာလား…။"
"လောလောဆယ်တော့ မင်းတို့နှစ်ယောက်က ဟင်းလင်းပြင်မြင့်မြတ်နယ်မြေရဲ့ ယာယီအလုပ်သမား တွေပဲ ဖြစ်သေးတယ်…။"
"အနာဂတ်မှာ တရားဝင် အဖွဲ့ဝင်အဖြစ် အတည်ပြုခံရမလား ဆိုတာကတော့ မင်းတို့ရဲ့ လုပ်ငန်းစွမ်း ဆောင်ရည်အပေါ်မှာ မူတည်တယ်…။"
ဤစကားကို ကြားသောအခါ သူတို့နှစ်ဦးမှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း လင်းဖန်ကို ချက်ချင်းပင် ကတိတစ်ခု ပေးလိုက်ကြလေသည်။
"စိတ်ချပါ သခင်…၊ ငါတို့ လုပ်ငန်းကို သေချာ စီမံခန့်ခွဲပြီး ကြီးပွားတိုးတက်အောင် လုပ်ပေးပါ့မယ်…။"
မိုးခြိမ်းသံမြို့တော်တွင် ကိစ္စအဝဝကို စီစဉ်ပြီးနောက်။
လင်းဖန်သည်လည်း လီလဲ့ယန်ကို အင်မော်တယ်တိမ်တိုက်ဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်ရန် ပြင်ဆင်နေ ခဲ့လေသည်။ အင်မော်တယ်တိမ်တိုက်မြို့တော်နှင့် ပတ်သက်၍ ဆက်လက်ရှာဖွေနေရန် မလိုအပ်တော့ ပေ။
အရင်က အင်မော်တယ်တိမ်တိုက်မြို့တော်ကို ရှာဖွေခဲ့ခြင်းမှာ ကျုံးကျိုးရှိ မြို့များ မည်သို့ရှိသည်ကို ကြည့်ရှုရန် သက်သက်သာ ဖြစ်လေသည်။
ဤရည်ရွယ်ချက်ကို မိုးခြိမ်းသံမြို့တော်တွင် အများစု နားလည်သွားပြီ ဖြစ်လေ၏။
မိုးခြိမ်းသံမြို့တော်မှ ထွက်ခွာလာပြီးနောက် လင်းဖန်သည် လီလဲ့ယန်ကို တင်ဆောင်ကာ သူ၏ သုံးဘီး စက်ဘီးကို စီးပြီး အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်သွားခဲ့လေသည်။
ရုတ်တရက် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေသော လင်းဖန်သည် ဘရိတ်ကို ရုတ်တရက် နင်းလိုက်လေ ၏။ သုံးဘီးစက်ဘီးသည် လေထဲတွင် ချက်ချင်း ရပ်တန့်သွားခဲ့လေသည်။
နောက်တွဲထဲတွင် ထိုင်နေသော လီလဲ့ယန်မှာ အရှိန်ကြောင့် လင်းဖန်၏ ကျောပေါ်သို့ ချက်ချင်း လွင့်စင် သွားခဲ့လေသည်။ တိုက်မိခြင်းကြောင့် နာကျင်သွားသော ရင်ဘတ်ကို ပွတ်သပ်ပြီးနောက် လီလဲ့ယန်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"စီနီယာအစ်ကိုလင်း... ဘာလို့ ရုတ်တရက်ကြီး ရပ်လိုက်တာလဲ…။"
ခဏတာ ရပ်တန့်ပြီးနောက် လင်းဖန်က စတင် ရှင်းပြခဲ့သည်။
"ဂျူနီယာညီမလေးလဲ့ယန်၊ စီနီယာလျူဆီမှာလည်း ငါ့ရဲ့ ဟင်းလင်းပြင် တံဆိပ်ပြား ရှိနေတာကို ငါ ရုတ်တရက် သတိရသွားလို့…။"
"အဲဒါဆို ငါက ဘာလို့ ဒီလောက် အဝေးကြီးကို ဒုက္ခခံပြီး သွားနေရဦးမှာလဲ။ ဘာလို့ အဲဒီကို တိုက်ရိုက် မပို့လိုက်ရမှာလဲ…။"
လင်းဖန်၏ စွမ်းရည်များကို ကောင်းစွာ သိရှိထားပြီးဖြစ်သော လီလဲ့ယန်သည် ဤစကားကို ကြားသော အခါ ဆွံ့အသွားခဲ့လေသည်။
"ဟုတ်သားပဲ….။"
ထို့နောက် လင်းဖန်သည် နေရာတွင်ပင် ဟင်းလင်းပြင်တံခါး တစ်ခုကို ဆင့်ခေါ်လိုက်ပြီး လီလဲ့ယန် ပါဝင်သော သူ၏ သုံးဘီးစက်ဘီးကို စီးကာ ဝင်ရောက်သွားခဲ့လေသည်။
လင်းဖန် ဝင်ရောက်သွားပြီးနောက် ဟင်းလင်းပြင်တံခါးသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။
ခဏအကြာ၊ အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ ကျင့်ကြံခြင်းဂူတစ်ခုအတွင်းတွင်။
တရားထိုင်နေသော လျူအန်းရှန်း၏ ရှေ့တွင် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။
ဤသည်က သူ့ကို ချက်ချင်း သတိထားမိသွားစေပြီး တိုက်ခိုက်ရန်အတွက် အသင့်ပြင်ကာ သူ၏ ဓားပျံ ကို ဆွဲထုတ်လိုက်လေသည်။
သို့သော်လည်း ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ ထွက်လာသူမှာ လင်းဖန်နှင့် လီလဲ့ယန်တို့ ဖြစ် သည်ကို မြင်လိုက်ရသောအခါ သူ ချက်ချင်းပင် အံ့သြမှင်သက်သွားခဲ့သည်။
"မိတ်ဆွေငယ်လင်း... မင်းဆီမှာ တကယ်ကို ဒီလိုစွမ်းရည်မျိုး ရှိနေတာပဲ…။"
"ဒါပေမဲ့ နောက်တစ်ခါကျရင် ငါ့ကို ကြိုပြီး သတိပေးလို့ ရမလား…။"
"တကယ်လို့ ဒါက ကျင့်ကြံနေတဲ့ အရေးကြီးတဲ့ အချိန်မျိုးမှာသာ ဖြစ်ခဲ့ရင် တကယ်ကို ကြောက်စရာ ကောင်းမှာအမှန်ပဲ….။"
***