အကြီးအကဲ တစ်ယောက်အနေနဲ့ ဂျူဟွာဟာ စစ်မြေပြင် အနှံ့အပြားကို စိတ်ကြိုက် ကူးသန်းသွားလာနေတာကြောင့် ဘယ်သူမှလည်း ဘာမှဝင်မပြောနိုင်ပါဘူး။
ရလဒ်ကတော့ ဂျူဟွာ စိတ်ထဲက ခန့်မှန်းထားတဲ့အတိုင်းပါပဲ။ ဖင်းဂေါ့ တစ်ဦး သေဆုံးတိုင်းမှာ သူဟာ အလင်းစက်လေးတွေကို စုပ်ယူရရှိပါတယ်။
“ဒီအလင်းစက်လေးတွေက တကယ်ကို ထူးခြားတာပဲ။ ငါ့ရဲ့ ဉာဏ်အလင်းပွင့်မှု ကို အများကြီး တိုးတက်စေနိုင်တယ်။ ဒါကို နတ်ဘုရားဝိညာဉ် အမြုတေလို့ပဲ ခေါ်လိုက်တော့မယ်”
ဂျူဟွာ ရေရွတ်လိုက်ပါတယ်။
မကြာခင်မှာပဲ ဂျူဟွာဟာ စစ်မြေပြင်ထဲ လှည့်လည်နေတာကို ရပ်လိုက်ပါတယ်။ သူဟာ မိုးကောင်းကင်တမျှ အသွင်ပြောင်းလဲခြင်းကျင့်စဉ်ကို ထပ်မံအသုံးချပြီး သူ့ရဲ့ ခန္ဓာကိုယ်အစွမ်းနဲ့ ဖင်းဂေါ့တွေဆီကို အတင်းတိုးဝင် တိုက်ခိုက်ပါတော့တယ်။
ကျွမ်းရွှေကလန်ရဲ့ အင်အားတစ်သောင်းရှိတဲ့ တပ်မဟာရဲ့ အစွမ်းဟာ မူလတာအိုအဆင့် ဖင်းဂေါ့ ၅၀ ထက် အများကြီး သာလွန်နေတာပါ။ အစကတည်းက ဒီတိုက်ပွဲဟာ ဖင်းဂေါ့တွေအတွက် အလဲလဲအကွဲကွဲ ရှုံးနိမ့်မှုကြီး ဖြစ်နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဖင်းဂေါ့ ၅၀ နီးပါး အသတ်ခံလိုက်ရပြီး အသက်ဘေးက လွတ်မြောက်နိုင်စွမ်းရှိတဲ့၊ ထွက်ပြေးနိုင်တဲ့ နတ်ဘုရားစွမ်းအား ရှိတဲ့ ဖင်းဂေါ့ ၇ ဦး ၈ ဦးလောက်ပဲ အသည်းအသန် ထွက်ပြေး လွတ်မြောက်သွားကြပါတယ်။
အချို့က လိုက်ဖမ်းချင်ကြပေမယ့် ဂျူဟွာက တားလိုက်ပါပြီ။
“တာအိုရောင်းရင်း ဂျူဟွာက ရှေ့မှာ ခြုံခိုတိုက်ခိုက်မှာကို စိုးရိမ်နေတာလား။ ငါတို့ သတိထားသွားရင် ရတာပဲလေ။ ဒီ မူလတာအိုသူတော်စင်ဖင်းဂေါ့ ၅ ဦး၊ ၆ ဦးကို ဒီအတိုင်း အလွယ်တကူ လွှတ်ပေးလိုက်ရတာ တကယ် နှမြောဖို့ ကောင်းတယ်”
လွတ်မြောက်အင်မော်တယ် တစ်ယောက်က ဂျူဟွာကို ပြောပါတယ်။
ဂျူဟွာက သူ့စကားကို ဂရုမစိုက်ပါဘူး။ သူဟာ အကြီးအကဲ အဆင့်အတန်းကို ကိုယ်စားပြုတဲ့ တံဆိပ်တော်ကို ထုတ်လိုက်ပြီး မူလကီစွမ်းအင် တွေကို ဖြည့်သွင်းလိုက်ပါတယ်။
ဝုန်း...
တံဆိပ်တော်ဆီကနေ အလင်းတန်းတွေ ထွက်ပေါ်လာသလို တစ်ချိန်တည်းမှာပဲ ဂျူဟွာရဲ့ အသံကို တပ်သားအားလုံးရဲ့ နားထဲမှာ ပဲ့တင်ထပ် ကြားလိုက်ရပါပြီ။
“တပ်သားအားလုံး ငါ့အမိန့်ကို နာခံလော့။ စစ်သင်္ဘောပေါ်ကို အမြန်တက်ကြစမ်း”
တံဆိပ်တော်ရဲ့ အော်ရာအရှိန်အဝါနဲ့ ဂျူဟွာရဲ့ အမိန့်ကြောင့် အားလုံးဟာ အသံတိတ်သွားခဲ့ပါပြီ။ ကောင်းကင်မှာ မျောလွင့်နေတဲ့ ရေနန်းဆောင် စစ်သင်္ဘော ပေါ်ကို အမြန်ဆုံး ပျံတက်သွားကြပါတယ်။
ဂျူဟွာကတော့ နောက်ဆုံးမှ သင်္ဘောပေါ် တက်ပါတယ်။ အဲဒီနောက် ကင်းထောက်ကျွမ်းကျင်တဲ့ လွတ်မြောက်အင်မော်တယ် အချို့ကို ခုနက ထွက်ပြေးသွားတဲ့ ဖင်းဂေါ့တွေကို ခြေရာခံခိုင်းပြီး ကျန်တဲ့ အင်မော်တယ်တွေကိုတော့ စစ်သင်္ဘောကို ထိန်းချုပ်ပြီး လိုက်လံတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပါပြီ။
ဂျူဟွာဟာ ဒီမူလတာအိုသူတော်စင်ဖင်းဂေါ့တွေကို ဒီအတိုင်း လွယ်လွယ်နဲ့ လွှတ်ပေးမယ့်လူ မဟုတ်ပါဘူး။ အဲဒီ လွတ်မြောက်အင်မော်တယ် ပြောတာ မှန်ပါတယ်၊ သူတို့ကို လွှတ်ပေးလိုက်ရင် နှမြောစရာကြီးပါ။ အကျိုးဆောင်အမှတ်တွေ မရပဲ နေမယ် မဟုတ်ပါလား။
ဒါတင်မကသေးပါဘူး။ သူတို့ ဒီ ဆောင်းတောင်တန်း မဟာရွှံ့နွံအိုင်ထဲကို ဝင်လာတဲ့ ရည်ရွယ်ချက်က ဖင်းဂေါ့တွေကို နှိမ်နင်းဖို့ပါ။ မူလတာအိုအဆင့် ဖင်းဂေါ့အချို့ကို အကြောင်းမဲ့ လွှတ်ပေးလိုက်တယ်ဆိုတာကလည်း အဓိပ္ပာယ် မရှိနေပါဘူး။
ဒါပေမဲ့ ဂျူဟွာဟာ အဆင်အခြင်မဲ့တော့ မလိုက်ပါဘူး။ ရှေ့မှာ ဖင်းဂေါ့တွေရဲ့ ထောင်ချောက် ရှိ၊ မရှိ ဘယ်သူမှ မသိနိုင်တာကြောင့်ပါ။ အဲဒီအတွက် သူက လူအားလုံးကို စစ်သင်္ဘောပေါ် တက်ခိုင်းပြီးမှ စစ်သင်္ဘောကြီးနဲ့ပဲ လိုက်လံတိုက်ခိုက်ခဲ့တာပါ။
ရေနန်းဆောင် စစ်သင်္ဘောဟာ မိုးမိုးကောင်းကင်အဆင့် မှော်ရတနာ တစ်ခုပါ။ တကယ်လို့ ခြုံခိုတိုက်ခိုက်တာ ခံရရင်တောင် ခဏလောက် ရင်ဆိုင်နိုင်မှာဖြစ်ပြီး အဲဒီအချိန်တိုလေးဟာ အခြေအနေတွေ အများကြီးကို ပြောင်းလဲပေးနိုင်ပါတယ်။
အထူးသဖြင့် ဘိုးဘေးကြီး ထျန်ယန်ဟာ တပ်မဟာရဲ့ အနီးအနားမှာ အမြဲရှိနေတာပါ။ တကယ်လို့ အရေးပေါ် အခြေအနေ ကြုံလာရင် ဘိုးဘေးကြီး ထျန်ယန်က ဒီအတိုင်း ကြည့်နေမှာ မဟုတ်ပါဘူး။
ဒါ့အပြင် တပ်ထဲက ကင်းထောက်ကျွမ်းကျင်တဲ့ လွတ်မြောက်အင်မော်တယ်တွေဟာလည်း အသုံးမကျတဲ့သူတွေ မဟုတ်သလို ဂျူဟွာကိုယ်တိုင်ကလည်း အဆင်အခြင်မဲ့တဲ့လူ မဟုတ်ပါဘူး။ သူတို့ကို ထောင်ချောက်ထဲ ဆင်ကန်းတောတိုး ပြေးဝင်မိအောင် လုပ်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့ ကိစ္စပါ။
ရေနန်းဆောင် စစ်သင်္ဘောကြီးဟာ ခန့်ညားထည်ဝါစွာနဲ့ ရှေ့ကို တိုးသွားပါတယ်။ မကြာခင်မှာပဲ သင်္ဘောဦးမှာ ရပ်နေတဲ့ ဂျူဟွာနဲ့ အင်မော်တယ်တွေဟာ အဝေးက ဝေဝါးနေတဲ့ ပုံရိပ်အချို့ကို မြင်လိုက်ရပါတယ်။
“မြားပစ်ကျွမ်းကျင်တဲ့သူ ဘယ်သူရှိလဲ။ သူတို့ကို ပစ်ချစမ်း”
ဂျူဟွာက အမိန့်ပေးလိုက်ပါတယ်။
“ကျွန်တော် ပစ်ပါရစေ”
အင်္ကျီအစိမ်းဝတ် လွတ်မြောက်အင်မော်တယ် တစ်ယောက်ဟာ ရှေ့ကို ထွက်လာပါတယ်။ သူ့လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ မိုးပြာရောင် လေးကိုင်းအရှည်ကြီး တစ်ခု ပေါ်လာပါတယ်။ နောက်ထပ် ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ အရောင်တူ မြားတစ်စင်းဟာ နောက်လက်တစ်ဖက်မှာ ပေါ်လာပါတယ်။
ဒီမိုးပြာရောင် လေးနဲ့မြားဟာ ထိပ်တန်း မိုးကောင်းကင်အဆင့် မှော်ရတနာတွေ ဖြစ်ပုံရပါတယ်။ ဒီလို လေးနဲ့မြား မှော်ရတနာတွေကို ခွန်အားနဲ့မကဘဲ မူလကီစွမ်းအင် နဲ့လည်း ထိန်းချုပ်နိုင်ပါတယ်။ ဒီအင်မော်တယ်ရဲ့ အနောက်က ပြောထားတဲ့ နည်းလမ်းပါပဲ။
အင်္ကျီအစိမ်းဝတ် အင်မော်တယ်ရဲ့ ကီစွမ်းအင် ထိန်းချုပ်မှုအောက်မှာ လေးကိုင်းဟာ ချက်ချင်းပဲ အဆုံးအထိ ဆွဲဆန့်သွားခဲ့ပါပြီ။ ကမ္ဘာမြေရဲ့ ကီစွမ်းအင်တွေ အမြောက်အမြားဟာ မြားပေါ်မှာ စုစည်းသွားပါတယ်။
ဝုန်း…
မြားဟာ လေးကြိုးပေါ်ကနေ ပျံထွက်သွားပြီး မြူထူထူတွေကို ခွင်းကာ နောက်ဆုံးက လိုက်လာတဲ့ ဖင်းဂေါ့ရဲ့ ခန္ဓာကိုယ်ကို တိတိကျကျ ထိမှန်သွားပါတယ်။
မြားပေါ်က ကြောက်စရာကောင်းတဲ့ အစွမ်းဟာ ဖင်းဂေါ့ရဲ့ ခန္ဓာကိုယ်မှာ အပေါက်ကြီးတစ်ခု ဖြစ်သွားစေပါတယ်။ ရုတ်တရက် ရလိုက်တဲ့ ဒဏ်ရာကြောင့် ဖင်းဂေါ့ဟာ အရှိန်တန့်သွားသလို သူ့ရဲ့ အမြန်နှုန်းလည်း ကျဆင်းသွားပါပြီ။
အဲဒီအချိန်မှာပဲ နောက်ကပ်လျက် လိုက်လာတဲ့ ရေနန်းဆောင် စစ်သင်္ဘောကြီး ရောက်ရှိလာပါတယ်။
ဝုန်း... ဝုန်း... ဝုန်း…
စစ်သင်္ဘောပေါ်ကနေ တိုက်ခိုက်မှုပေါင်းများစွာ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို အဲဒီ မူလတာအိုသူတော်စင်ဖင်းဂေါ့ဟာ အမှုန့်ဖြစ်သွားပါတော့တယ်။ ဂျူဟွာ မျှော်လင့်ထားတဲ့အတိုင်း နတ်ဘုရားဝိညာဉ် အမြုတေ လေးတစ်ခုကို သူ ထပ်မံ စုပ်ယူလိုက်ရပါတယ်။
“ကောင်းတယ်... ဆက်လုပ်ကြချေ”
ဂျူဟွာက မျက်နှာမပျက်ဘဲ အင်္ကျီအစိမ်းဝတ် အင်မော်တယ်ကို ချီးကျူးလိုက်သလို အမိန့်လည်း ပေးလိုက်ပါတယ်။
“ဟုတ်ကဲ့ပါ”
အဲဒီအင်မော်တယ်ကလည်း ငြင်းမှာ မဟုတ်ပါဘူး။ သူဟာ ပြန်ခေါ်လိုက်တဲ့ မြားကို ထုတ်ပြီး လေးကြိုးမှာ တပ်ကာ ထပ်မံ ပစ်လိုက်ပြန်ပါတယ်။
ကြောက်စရာကောင်းတဲ့ မြားတစ်စင်း ထပ်မံ ထွက်ပေါ်သွားပြီး နောက်ထပ် ဖင်းဂေါ့တစ်ဦးရဲ့ အရှိန်ဟာလည်း ကျဆင်းသွားပါတယ်။ စစ်သင်္ဘောကြီးက အမှီလိုက်ပြီး သူ့ကိုလည်း ပြာဖြစ်အောင် တိုက်ခိုက်လိုက်ပြန်ပါတယ်။
အင်္ကျီအစိမ်းဝတ် အင်မော်တယ်ရဲ့ မြားနှစ်စင် ပစ်ခတ်မှုကြောင့် ရှေ့က ဖင်းဂေါ့တွေ ကြောက်လန့်သွားပုံရပါတယ်။ သူတို့ဟာ တစ်စုံတစ်ရာသော နည်းလမ်းကို သုံးပြီး သူတို့ရဲ့ အရှိန်ကို အလန့်တကြား မြှင့်တင်လိုက်တာကြောင့် အမှီလိုက်မိခါနီးဖြစ်နေတဲ့ စစ်သင်္ဘောကြီးဟာ ရုတ်တရက်ဆိုသလို အဝေးမှာ ကျန်ရစ်ခဲ့ပါတယ်။
မြူထူတွေရဲ့ သက်ရောက်မှုကြောင့် အင်မော်တယ်တွေရဲ့ မျက်စိထဲမှာ ခုနက ဝေဝါးတဲ့ ဖင်းဂေါ့ပုံရိပ်တွေဟာ အခုတော့ အနက်ရောင် အစက်အပြောက်လေးတွေအဖြစ်ပဲ မြင်ရပါတော့တယ်။
“ဆက်ပစ်စမ်းကွာ”
“...ဟုတ်ကဲ့”
အင်္ကျီအစိမ်းဝတ် အင်မော်တယ်က တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ခေါင်းညိတ်လိုက်ပါတယ်။
ပြင်းထန်တဲ့ မြားတစ်စင် ထပ်မံ ထွက်ပေါ်သွားပြန်ပေမယ့် ဒီတစ်ကြိမ်မှာတော့ ရှေ့က ကျန်နေတဲ့ ဖင်းဂေါ့တွေထဲက တစ်ဦးမှ အရှိန်လျော့မကျသွားပါဘူး။ ဒါဟာ တိုက်ခိုက်ဖို့ အဆင်သင့်ပြင်နေတဲ့ လွတ်မြောက်အင်မော်တယ်တွေအနေနဲ့ တုန့်ဆိုင်းတုန့်ဆိုင်း ခံစားလိုက်ကြရပါပြီ။
အင်မော်တယ်တွေရဲ့ အကြည့်တွေကြောင့် အင်္ကျီအစိမ်းဝတ် အင်မော်တယ်ဟာ အနည်းငယ် ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်ပါတယ်။
“တာအိုရောင်းရင်းတို့... တကယ်လို့ အပြင်မှာသာဆိုရင် ဒီအကွာအဝေးတင်မကဘူး၊ ဆယ်ဆလောက် ပိုဝေးရင်တောင် ကျွန်တော် အေးဆေး ထိအောင် ပစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ ဆောင်းတောင်တန်း မဟာရွှံ့နွံအိုင်ထဲမှာကျတော့...”
“ရပတယ်... ဒါ မင်းအပြစ် မဟုတ်ပါဘူး”
ဂျူဟွာက ရုတ်တရက် စကားဖြတ်ပြောလိုက်ပါတယ်။ သူက ဆက်ပြောလိုက်ပါတယ်။
“မင်းရဲ့ လေးနဲ့မြားကို ငါ့ကို ခဏပေးချေ”
“တာအိုရောင်းရင်း ဂျူဟွာက မြားပစ်တာကိုလည်း ကျွမ်းကျင်တာလား”
အင်မော်တယ်က မေးလိုက်ပေမယ့်လည်း တုံ့ဆိုင်းမနေပါဘူး။ လက်ထဲက လေးကို ဂျူဟွာဆီ ထည့်ပေးလိုက်သလို မြားတစ်စင်ကိုလည်း ထုတ်ပေးလိုက်ပါတယ်။
“ငါလည်း မြားပစ်ပညာကို နည်းနည်းပါးပါးတော့ သိပါတယ်”
ဂျူဟွာက ပြောလိုက်ပြီး သူ့ရဲ့ မှော်စွမ်းအားကို သုံးကာ လက်ထဲက လေးနဲ့မြားကို ချက်ချင်းပဲ ကီစွမ်းအင်နဲ့ သန့်စင် လိုက်ပါတယ်။
“ပင်လယ်နဂါးလေးကြီး။ နာမည်ကောင်းပဲ” ဂျူဟွာက ချီးကျူးလိုက်ပါတယ်။ အဲဒီနောက် သူဟာ လေးကြိုးကို ဝုန်းကနဲ ဆွဲဆန့်လိုက်ပြီး လေးညှို့မှာ မြားကို တင်လိုက်တဲ့အခါ ကမ္ဘာမြေရဲ့ ကီစွမ်းအင်တွေဟာ တဟုန်ထိုး စုစည်းလာပါတော့တယ်။
မြားဟာ စကြ၀ဠာ တည်ရှိမှုကို ထိုးခွင်းသွားပါတယ်။ လျှပ်တပြက်အတွင်းမှာပဲ ရှေ့က အနက်ရောင် အစက်လေးတစ်ခုဟာ တုန်ခါသွားပြီးနောက် တဖြည်းဖြည်း အရွယ်အစား ကြီးမားလာပါတယ်။ ဖင်းဂေါ့ကြီးရဲ့ ဝေဝါးတဲ့ ပုံရိပ်ဟာ အင်မော်တယ်တွေရဲ့ အမြင်အာရုံထဲမှာ ပြန်ပေါ်လာပါပြီ။
“ကောင်းတယ်... တာအိုရောင်းရင်း ဂျူဟွာဟာ တကယ်ပဲ မြားနတ်ဘုရားတစ်ဦးပေပဲ”
အင်္ကျီအစိမ်းဝတ် အင်မော်တယ်က လက်ခုပ်တီးပြီး ချီးကျူးလိုက်ပါတယ်။
“မြားတွေ ရှိသေးလား”
ဂျူဟွာက မေးပါတယ်။
“ရှိပါသေးတယ်”
အင်မော်တယ်က နောက်ထပ် မြားတစ်စင် ကမ်းပေးလိုက်ပါတယ်။
နောက်ထပ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး အဲဒီဖင်းဂေါ့ရဲ့ အရှိန်ဟာ အတော်လေး ကျဆင်းသွားပါတယ်။ အဲဒီအချိန်မှာပဲ ရေနန်းဆောင် စစ်သင်္ဘောကြီးဟာ ဖင်းဂေါ့ဆီကို အမှီလိုက်နိုင်သွားပါတယ်။
လွတ်မြောက်အင်မော်တယ်တွေရဲ့ တိုက်ခိုက်မှုတွေဟာ ချက်ချင်းဆိုသလို ကျရောက်သွားပြီး အဲဒီဖင်းဂေါ့ဟာလည်း မကျေမနပ် ဟိန်းဟောက်ရင်းနဲ့ ပြာအဖြစ် ပြောင်းလဲသွားပါတော့တယ်။
…
စာရေးသူ၏ စကားလက်ဆောင် - အရင်ကတော့ အားပေးဖို့ မတောင်းဆိုဖူးပါဘူး၊ ဒါပေမဲ့ အခု ဒီစာအုပ်ကို အမြန်ဆုံး ဆက်ရေးနိုင်အောင်ကြယ်လေးတွေ ပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
***