မနက်စောစောတွင် ပျားပန်းခတ် အလုပ်ရှုပ်နေသူမှာ ယွမ်ကျိုးတစ်ယောက်တည်း မဟုတ်ခဲ့ပေ။
ယွမ်ကျိုး စားသောက်ဆိုင်သို့ မကြာခဏ လာစားလေ့ရှိသော ရှက်တက်ပုံပေါ်သည့် လူငယ်တစ်ယောက်က ဘေးနားကမိန်းကလေး၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း လမ်းလျှောက်လာ သည်။
ထိုမိန်းကလေးသည် ဆိုင်တွင် သူနှင့်အမြဲအတူ တန်းစီ၍ စားလေ့ရှိသော မိန်းကလေး အဖော်ပင် ဖြစ်သည်။
“ကိုယ်တို့စေ့စပ်ပွဲအတွက် ဘယ်သူတွေကို ထပ်ဖိတ်သင့်သေးလဲဟင်”
ထိုလူငယ်က မိန်းကလေး၏ လက်ကိုဂရုတစိုက် ကိုင်ထားရင်း သိချင်သည့်မျက်နှာထားဖြင့် မေးလိုက်သည်။
“မင်းဘက်ရော ကိုယ့်ဘက်ရောက မိတ်ဆွေအားလုံးကို ဖိတ်ပြီးသွားပြီနော်
ဒါပေမယ့် တစ်ယောက်ယောက် ကျန်နေသေးသလိုပဲ"
ထိူသူက ဇဝေဇဝါဖြစ်စွာ ပြောလိုက်သည်။
မိန်းကလေးကလည်း ခေါင်းညိတ်ကာသဘောတူကြောင်း ပြသလိုက်သည်။
“ဘယ်သူကျန်သေးတာပါလိမ့်"
ထိုသူက မိန်းကလေးကို ကြည့်ရင်း မေးလိုက်သည်။
ခါတိုင်းလိုပင် မိန်းကလေးသည် ခေါင်းညိတ်သော်လည်း စကားမပြောဘဲ သူ့ကို ချစ်ခြင်းမေတ္တာပြည့်နှက်နေသော မျက်လုံးများဖြင့်သာ ကြည့်နေသည်။
“အားလျို့ ဒီလိုပဲဆက်ကြည့်နေရင် ကိုယ်မထိန်းနိုင်ဘဲ နမ်းမိတော့မှာပဲကွာ"
သူက မိန်းကလေး၏ နားအနားသို့ ကိုင်းလျက် ကြည်နူးစွာ တီးတိုး ပြောလိုက်သည်။
ချက်ချင်းပင် မိန်းကလေး၏ မျက်နှာက အနီရောင် သမ်းသွားသည်။
သူမက စိတ်ဆိုးဟန်ပြုကာ လက်နုနုလေးဖြင့် သူ့ခါးကို တစ်ချက် ဆွဲလိမ်လိုက်သည်။
“အား.. နာတယ်ကွ၊အားလျို့လေးက ချစ်ဖို့ကောင်းလွန်းလို့ပါကွာ"
သူက နာကျင်သည့်ပုံဖြင့် ခပ်ကျယ်ကျယ်အော်လိုက်သည်။
သူ့ အော်သံထွက်လာသည့်အချိန်တွင် မိန်းကလေးက စိုးရိမ်သွားကာ သူ့ကို အပေါ်မှ အောက်ထိ စစ်ဆေးကြည့်ရင်း အမှန်တကယ်နာကျင်သွားသည်ထင်ပြီး စိတ်ပူဟန်ဖြင့်ကြည့်နေသည်။
“ကိုယ်စတာပါ အားလျို့ရယ် မပူပါနဲ့ မနာပါဘူးကွာ၊
ကဲ အခု ဘယ်သူကို ထပ်ဖိတ်သင့်လဲ စဉ်းစားကြရအောင်”
သူက သူမ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ နူးညံသည့်မျက်နှာထားဖြင့် တိုးတိုးလေး ပြောလိုက်သည်။
ထိုအခါမှသာ “အားလျို့” ခေါ်သော မိန်းကလေးသည် ခေါင်းညိတ်လိုက်သော်လည်း မျက်နှာလေးမှာ အနည်းငယ်စိတ်ကောက်ဟန် ပေါ်နေသည်။
“အားလျို့ လိမ္မာပါကွာ မင်းစိတ်ဆိုးသေးရင်
ကိုယ့်ကို စိတ်ကြိုက်ရိုက်လိုက်နော်”
သူက သူမ၏ လက်ကို ဆွဲယူရင်း ခခယယချော့မော့လိုက်သည်။
ယခင်က ယွမ်ကျိုး စားသောက်ဆိုင်ရှေ့တွင် ထိုမိန်းကလေးကို တိတ်တိတ်လေး စောင့်နေခဲ့သော လူငယ်နှင့် ယခု ချစ်သူကိုချော့မော့ရင်းပျော်ရွှင်နေသော သူမှာ အတူတူဟု ဆိုလျှင် မယုံနိုင်စရာပင် ဖြစ်သည်။
မိန်းကလေးကို ချော့မော့ပြီး စိတ်ကျေနပ်အောင်လုပ်သည့်နေရာတွင် လင်းဟုန်ကဲ့သို့ပင် ကျွမ်းကျင်နေသည်။
ထိုရှက်တတ်သည့်လူငယ်၏ နာမည်မှာ ကောရွေ့ဖြစ်သည်။
လူငယ်သည် ယခင်က ယွမ်ကျိုးစားသောက်ဆိုင်တွင် တစ်လခန့် ထိုမိန်းကလေးနှင့် နီးစပ်နိုင်ရန် ဆက်တိုက်ကြိုးစားခဲ့သည်။
အကြိမ်တိုင်း သူမဘေးတွင် ထိုင်နိုင်ရန် စီမံနိုင်ခဲ့သော်လည်း စကားတစ်ခွန်းတစ်လေတောင် မပြောရဲခဲ့ပေ။
သူမလေးဘက်က အရင် ပြုံးပြခဲ့မှသာစကားပြောရန် သတ္တိရှိခဲ့တာဖြစ်သည်။
ထိုအတိုင်း နှစ်လခန့် ဆက်တိုက် တောင့်ခံခဲ့သည်။
ရာသီဥတု အေးလာချိန်တွင်ပင် သူမနှင့် စကားပြောခဲ့သော်လည်း အားလျို့သည် အမြဲတမ်း တိတ်ဆိတ်နေခဲ့သည်သာ ဖြစ်သည်။
အစောပိုင်းတွင် သူ အနည်းငယ် စိတ်ပျက်မိသော်လည်း သူမ၏ အပြုံးဖျော့ဖျော့လေးကို မြင်တိုင်း ကြိုးစားခဲ့သမျှ အရာရာမှာ
ထိုက်တန်မှု့ရှိသည်ဟု ခံစားရစမြဲပင်။
ဤသို့ ခိုင်ခိုင်မာမာ ဇွဲမလျော့ခဲ့ဘဲ နောက်ဆုံးတွင်မှ သူမ၏ နှလုံးသားကို ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။
“ဘာဖြစ်လို့လဲ”
ကောရွေ့က အားလျို့ကို ငဲ့စောင်းကြည့်ပြီး သိလိုစွာ မေးလိုက်သည်။
သို့သော် မိန်းကလေးက စကားမပြောဘဲ သူတို့နောက်ဘက်ရှိ ဆိုင်းဘုတ်မရှိသော ဆိုင်လေးတစ်ဆိုင်ကိုသာ လက်ညှိုးညွှန်ပြလိုက်သည်။
“ရေသောက်ချင်လို့လား”
ကောရွေ့က ဆိုင်ရှေ့တွင်ရှိသော တွင်းထွက်ရေသန့်ဘူးများကို ကြည့်ရင်း မေးလိုက်သည်။
အားလျို့က ခေါင်းခါရင်း “မလိုဘူး” ဟု ပြသလိုက်သည်။
“ဒါဆို ဘာလိုချင်လို့လဲဟင်"
အားလျို့က လက်ဟန်ခြေဟန် ပြသနေသော်လည်း ကောရွေ့ နားမလည်နိုင်သေး။
သို့သော် အားလျို့ ဆိုင်လေးဘက်သို့ ထပ်မံ လက်ညှိုးညွှန်ပြသည့်အခါမှသာ သူရုတ်တရက် နားလည်သွားသည်။
“နားလည်ပြီ ယွမ်ကျိုး စားသောက်ဆိုင်ကို ဆိုလိုတာမလား
ဟုတ်သားပဲ ကိုယ်တို့ ဖိတ်ဖို့ မေ့သွားခဲ့တာပဲ”
ကောရွေ့ ချက်ချင်း သဘောပေါက်စွာ ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် အားလျို့က ခေါင်းကို ပြင်းပြင်းညိတ်ကာ သဘောတူ ကြောင်းပြသည်။
“ဟုတ်တယ်နော် ကိုယ်တို့ရဲ့ စတွေ့ ခဲ့တဲ့နေရာကို မေ့နေမိတာ”
ကောရွေ့က အားလျို့ ပါးကို ညှစ်ဆွဲကာ ပျော်ရွှင်နေသည်။
သို့သော် အားလျို့က စိတ်ဆိုးစွာဖြင့်သူ့၏လက်ကို တွန်းဖယ်လိူက်သည်။
“ကောင်းပါပြီ ကောင်းပါပြီ ကိုယ်အရှုံးပေးတယ်နော်
အခုပဲ သွားဖိတ်ကြရအောင်လေ ”
ကောင်းရွှုက်က လက်မြှောက်ပြကာ ချော့မော့လိုက်သည်။
ချစ်သူနှစ်ဦးအနက်၊ တစ်ချိန်လုံး စကားပြော နေသူမှာ ယောက်ျားလေးဖြစ်ပြီး မိန်းကလေးက နားထောင်နေသည်။ ကောင်းရွှိုက် ထိုမိန်းကလေးကို စတင် ပိုးပန်းခဲ့သည့် အချိန်ကဲ့သို့ပင် အခုထိ မပြောင်းလဲသေးပေ။
ထို့နောက် နှစ်ဦးလုံးက ချစ်ချစ်ခင်ခင်ဖြင့် ယွမ်ကျိုး စားသောက်ဆိုင်ဘက်သို့ လျှောက်လာကြသည်။
လမ်းတစ်လျှောက် ချိုချဉ်ဆိုင်တစ်ဆိုင်ကို ဖြတ်သွားရာတွင် အားလျို့က ကောင်းရွှုက်ကို ရပ်စေပြီး ဖိတ်စာကတ်လေး တချို့ကို ရွေးချယ်လိုက်သည်။
နာမည်များ အားလုံး ရေးပြီးမှသာ ဆက်လက် ထွက်ခွာလာကြသည်။
ထိုအချိန်တွင် ဟင်းသီးဟင်းရွက်ရောင်းသည့် အဘွားအိုမှာ အချိန်တော်တော်ကြာ ထွက်သွားပြီးဖြစ်သည်။ ယွမ်ကျိုးကလည်း မုန်လာဥနီပုံဖော်ခြင်း ပြီးဆုံးကာ နေ့လယ်စာအတွက် ဟင်းပွဲများ စတင်ပြင်ဆင်နေချိန်ဖြစ်သည်။
“မင်္ဂလာပါ သူဌေးယွမ်ရေ"
ကောင်းရွှိုက်က ဦးစွာ နှုတ်ဆက်လိုက်သည်။
ယွမ်ကျိုးက ပစ္စည်းများကို စီစဉ်ပြီးလက်ဆေးကာ ခေါင်းမော့ကြည့်လိုက်သည်။
ချစ်သူနှစ်ဦးကို မြင်လိုက်သည့်အခါ သူက နည်းနည်း အံ့ဩသွားသည်။
“မင်းတို့ နှစ်ယောက် တကယ်ပဲ အတူတူ ရှိသွားကြပြီလား”
လင်ဟုန်က တစ်ခါက ကောင်းရွှုက်ကို မေးခဲ့သော မေးခွန်းကို သူ သတိရမိသည်။
အမှန်က လင်းဟုန်နှင့်အရက် အတူသောက်သည့် ညတုန်းက ကြားခဲ့ရခြင်း ဖြစ်သည်။
ယွမ်ကျိုးက အတော်လေး စိတ်၀င်တစား ရှိခဲ့သော်လည်း မျက်နှာတွင် မည့်သည့်အမူအရာမျှ မပေါ်ချေ။
သူက ပုံမှန်ဖြစ်စွာ ပြောလိုက်သည်။
“မင်္ဂလာပါ ဆိုင်ဖွင့်ချိန် မစသေးဘူးနော်”
“သိပါတယ် ကျွန်တော်တို့က ဖိတ်စာ လာပေးတာပါ”
ကောင်းရွှိုက်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်လျက်ရှိသည်။
“ဖိတ်စာ... မင်းတို့ လက်ထပ်တော့မှာလား”
ယွမ်ကျိုးက အမှန်တကယ် အံ့ဩသွားကာ မေးခွန်းနှစ်ခုပင် ဆက်တိုက် မေးလိုက်သည်။
ယွမ်ကျိုး မေးလိုက်သည့်အခါ အားလျို့၏ ဖြူဖွေးသော မျက်နှာက အနီရောင် ပြောင်းသွားပြီး ရှက်ရွံသွားလေသည်။
သို့သော် ကောင်းရွှိုက်က ပြုံးကာ ပြန်ဖြေသည်။
“မဟုတ်သေးပါဘူး ဒါပေမယ့် ကျွန်တော်တို့က အရင် စေ့စပ်ပွဲလုပ်မှာပါ”
“စေ့စပ်တာ ကောင်းတာပေါ့…
အိုး မဟုတ်ဘူး၊ ဒါလည်း နည်းနည်း ပုံကြီးချဲ့သလိုပဲ”
ယွမ်ကျိုးက ဆက်စကားပြောချင်စိတ်ကိုအတင်းအကျပ်ထိန်းချုပ်ကာ စိတ်ထဲတွင်သာ ထိုသို့ စဉ်းစားလိုက်သည်။
အမှန်တကယ်ကို ယွမ်ကျိုး၏ စိတ်ဝင်စားမှုသည် အလွန် ပြင်းပြနေခဲ့တာဖြစ်သည်။
တစ်ခါက ကောင်းရွှိုက်က မသန်စွမ်းသူတွေကို မကြိုက်ဟု ပြောခဲ့ဖူးသည့်ဖြစ်၍ ယခုလို အားလျို့နှင့် အတူရှိသွားရန်က မည်သို့မည်ပုံဖြစ်သွားရသနည်းဟု စိတ်ထဲတွင် မေးခွန်းများ အပြည့်ဖြစ်နေသည်။
သို့သော် မိမိ၏ အေးဆေးတည်ငြိမ်သော အေးစက်စက်မင်းသားလေးပုံစံ ကို ထိန်းသိမ်းရန်အတွက် ယွမ်ကျိုးသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အကောင်းဆုံး ဖြစ်ဖို့ဆုတောင်းပေးပါတယ်ဗျာ စေ့စပ်ပွဲကို လာခဲ့မယ်"
“ကျေးဇူးအများကြီးတင်ပါတယ် သူဌေးယွမ်”
ကောင်းရွှိုက်က ချက်ချင်းပင် လှပသပ်ရပ်သော ဖိတ်စာတစ်စောင်ကို ထုတ်ယူကာ ယွမ်ကျိုးထံကမ်းပေးလိုက်သည်။
“ရပါတယ်”
ယွမ်ကျိုးက လက်နှစ်ဖက်ဖြင့် လက်ခံယူပြီး သေသေချာချာ အံဆွဲထဲ ထည့်ထားလိုက်သည်။
“ပြီးတော့ သူတို့ကိုလည်း လာတက်ပေးဖို့ ပြောပေးပါနော် ဖိတ်စာတွေ အားလုံး ဒီမှာပါ”
ကောင်းရွှိုက်က ယခင်ဖိတ်စာနှင့် တူညီသည့် လှပသပ်ရပ်ပြီး ပိုကြီးမားသောဖိတ်စာကြီးတစ်စောင်ကို ထပ်မံ ထုတ်ယူလိုက်သည်။
ဖိတ်စာပေါ်တွင် မန်ဒရင်းဘဲနှစ်ကောင်သည် အတူတကွ ပျော်ရွှင်စွာ ကူးခတ်နေကြသည့် ပုံ ရေးဆွဲထားပြီး အပေါ်ဘက်တွင် “ပျော်ရွှင်မှု” ဟူသော စာလုံးကြီးတစ်လုံး ထင်ရှားစွာ ထည့်သွင်းထားသည်။
“ဒါက ဘာလဲ”
ယွမ်ကျိုးက အံ့အားသင့်သလို လက်ခံယူကာ မေးလိုက်သည်။
“လင်ဟုန်၊ ဝူဟိုင်နဲ့ မန်မန်တို့ကို အတူတူ ဖိတ်ချင်တာပါ၊
တစ်ယောက်ချင်းစီ ဖိတ်စာပေးတာက နည်းနည်း မသင့်တော်သလို ဖြစ်လို့”
ကောင်းရွှိုက်က ပြောရင်း အနည်းငယ် ရှက်ဟန်ပေါက်နေသည်။
သူ၏ အတွေးမှာ ရိုးရှင်းသည်။
တစ်ယောက်ချင်း ဖိတ်စာပေးလျှင် ထိုတစ်ယောက်ချင်းစီက လေးစားသမှု့ဖြင့် လက်ဖွဲ့ငွေ ပြန်ပေးရမည် ဖြစ်ပြီး ထိုအရာက မသင့်တော်လှဟု ခံစားရသဖြင့် စုပြုံပြီး ဖိတ်လိုက်ခြင်းက ပိုမို အဆင်ပြေသည်။
အခြားသူကို အဆင်ပြေစေခြင်းသည် ကိုယ့်အတွက်လည်း အဆင်ပြေစေသည်။ ဤသည်မှာ ကောင်းရွှိုက်၏ တွေးခေါ်ပုံပင် ဖြစ်သည်။
“ဟမ်”
ယွမ်ကျိုးက ချက်ချင်း မတုံ့ပြန်နိုင်သေး။ သူ၏ စိတ်ထဲတွင်တော့ ထိုနှစ်ယောက် ၏အချစ်ဇာတ်လမ်းအကြောင်းကိုပဲ စိတ်ဝင်စားနေသေးသည်။
“သူတို့နာမည်အားလုံးကို ဒီဖိတ်စာပေါ်မှာ ရေးထားပါတယ်
စိတ်ရင်းအပြည့်နဲ့ ဖိတ်တာပါဗျ”
ကောင်းရွှိုက်က လေးနက်စွာ ပြောလိုက်သည်။
“ကောင်းပါပြီ သူတို့ကို ပို့ပေးပါ့မယ်”
ရှင်းပြပြီးသည့်အခါ ယွမ်ကျိုး သဘောပေါက်သွားသည်။
“ကျေးဇူးတင်ပါတယ် နေ့လယ်ကျရင် ကိုယ်တိုင် ခင်ဗျားတို့အားလုံးကို သီးသန့်လာဖိတ်ဦးမယ် နှောက်ယှက်မိရင် စိတ်မရှိပါနဲ့ သူဌေးယွမ်”
ကောင်းရွှိုက်က ထပ်ခါတလဲလဲ ကျေးဇူးတင်လိုက်သည်။
“ပြဿနာမရှိပါဘူး”
ယွမ်ကျိုးက မထူးခြားနားစွာ ခေါင်းညိတ်လိုက်သည်။
ထပ်မံ နှုတ်ဆက်ပြီးနောက် ကောင်းရွှိုက်နှင့်အားလျို့က ထွက်ခွာသွားကြသည်။
အားလျို့က သူ၏ လက်ကို တိတ်တိတ်လေး ဆွဲနေသောကြောင့်သာ ကောင်းရွှိုက်က လျင်မြန်စွာ ထွက်သွားခဲ့ခြင်းဖြစ်သည်။
ယခုတစ်ကြိမ်တွင် သူမ သန့်စင်ခန်းသို့ သွားလိုနေ၍ ဖြစ်သည်။
ကောင်းရွှိုက်က ချက်ချင်း နားလည်သွားကာ ဖိတ်စာကို ယွမ်ကျိုးထံ ပေးထားပြီး သူတို့အစား ပို့ပေးမည် မျှော်လင့်ခဲ့သည်။
သူတို့ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက်
ဝူဟိုင်သည် အိမ်စီးဖိနပ်အပါးဖြင့် ယွမ်ကျိုး စားသောက်ဆိုင်သို့ လျှောက်လာကာ နံနက်စာစားရန် ပြင်ဆင်နေသည်။
“တကယ်ကို အချိန်မှန် လာတာပဲ ဒီဟာ ခင်ဗျားအတွက်”
ဝူဟိုင်ကို မြင်လိုက်သည့်အခါ ယွမ်ကျိုးက ဖိတ်စာကို ထုတ်ယူကာ ပေးလိုက်သည်။
“ဘာလဲဟ အနီရောင်ဗုံးလား”
ဝူဟိုင်၏ မူလ အိပ်ချင်မူးတူး မျက်နှာထားက ချက်ချင်း ပျောက်ကွယ်သွားသည်။
“ဖိတ်စာပါ”
ယွမ်ကျိုးက လေးနက်စွာ ဖြေလိုက်သည်။
“ဖိတ်စာဆိုတာ သိ
တယ်လေ
ကျွန်တော် မနက်ခင်းတစ်ပိုင်းပဲ လွတ်သွားတာ
မင်းက လက်ထပ်တော့မှာတဲ့လား”
ဝူဟိုင်က မယုံကြည်နိုင်သည့် မျက်နှာထားဖြင့် ယွမ်ကျိုးကို လက်ညှိုးညွှန်ကာ ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
အပိုင်း (၄၆၄)
ပြီးပါပြီ။
***