လင်းမူ အသုံးပြုနိုင်မည့် အစီအစဉ်တစ်ခုကို စဉ်းစားရင်း တစ်နာရီခန့် ကုန်ဆုံးသွားခဲ့သော်လည်း သူ့အတွက် ပြဿနာဖြစ်စေနိုင်သော မသေချာမရေရာမှု အချို့ ရှိနေဆဲပင်။ အကြီးမားဆုံး ပြဿနာ နှစ်ခုမှာ ခြုံပုတ်တောကြောင်ညိုကို ရှာဖွေရန် လိုအပ်ခြင်းနှင့် ထိုမှတစ်ဆင့် ဝိညာဥ်သစ်သီး ရှိရာသို့ လမ်းပြခိုင်းရန်ပင် ဖြစ်ပေသည်။
အတွေးထဲတွင် နစ်မြောနေသဖြင့် လင်းမူ မြောက်ပိုင်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကိုပင် သတိမထားမိခဲ့ချေ။ မြို့စောင့်တပ်သား အချို့က နှုတ်ဆက်လိုက်မှသာ သူ သတိဝင်လာတော့သည်။ လင်းမူ သူတို့ထဲမှ တစ်ဦးမှာ ဟွေ တပ်မဟာ အဖွဲ့ဝင် ဖြစ်ကြောင်း မှတ်မိသဖြင့် ခေါင်းညိတ်ပြပြီး အိမ်သို့ ဆက်လက် လျှောက်လှမ်းသွားလိုက်၏။
မြို့ကို ဝေ့ဝဲကြည့်လိုက်ရာ လမ်းတစ်လျှောက်တွင် ဆိုင်ခန်းများ ဖွင့်လှစ်နေသည်ကို တွေ့လိုက်ရသည်။
'ဟော... စနေကြပြီလား... ဒီနှစ် ကုန်သည်တွေ စောစော ရောက်လာကြတာလား...' လင်းမူ တွေးတောမိလိုက်၏။
ကုန်သည် ယာဉ်တန်းများက ထိုဒေသသို့ နှစ်စဉ် လေးကြိမ် သို့မဟုတ် သုံးလတစ်ကြိမ် လာရောက်လေ့ ရှိကြသည်။ သူတို့၏ ပထမဆုံး အကြိမ် လာရောက်မှုက နွေဦးရာသီ အစတွင် ဖြစ်ပြီး နောက်ဆုံးအကြိမ်မှာ ဆောင်းရာသီ မစတင်မီ ဖြစ်ပေသည်။ ပုံမှန်အားဖြင့် မြောက်ပိုင်းမြို့သို့ နောက်ဆုံးမှသာ လာရောက်လေ့ ရှိပြီး အနောက်ပိုင်းမြို့မှ စတင်ကာ တောင်ပိုင်းမြို့၊ အရှေ့ပိုင်းမြို့နှင့် နောက်ဆုံး မြောက်ပိုင်းမြို့သို့ ဝင်ရောက်ပြီးမှ ဝူလင်မြို့သို့ ဝင်ရောက်လေ့ ရှိကြသည်။
ထိုသို့ လုပ်ဆောင်ရခြင်းမှာ မုဆိုးများက တစ်နှစ်တာ၏ ပထမဆုံး အမဲလိုက်ပွဲကို ပြီးစီးရန် အချိန်အနည်းငယ် ယူရပြီး ကုန်သည်များထံ ရောင်းချရန် လုံလောက်သော ပစ္စည်းများနှင့် ကုန်ကြမ်းများ ရရှိရန် အချိန်ယူရသောကြောင့် ဖြစ်ပေသည်။ ကုန်သည်များက တိုင်းပြည်၏ တောင်ပိုင်း ဒေသများမှ လတ်ဆတ်သော စပါးများကိုလည်း ယူဆောင်လာလေ့ ရှိသဖြင့် ဆောင်းရာသီ အတွင်း ကုန်ခမ်းသွားသော ရိက္ခာများကို ပြန်လည် ဖြည့်တင်းနိုင်ကြသည်။
လင်းမူ စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို မေးမြန်းရန် ဆုံးဖြတ်လိုက်၏။ ယခုအခါ မြို့တွင် ဩဇာလွှမ်းမိုးမှု ရှိသူ တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသဖြင့် လူများက သူ့အပေါ် အတော်လေး ဖော်ရွေကြသည်။ လင်းမူ ထိုအခိုက်အတန့်တွင် အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။
'အမေ... အဖေ... သား အခု အမေတို့ သားအတွက် မျှော်လင့်ခဲ့ဖူးတဲ့ အသိအမှတ်ပြုမှုကို နောက်ဆုံးတော့ ရရှိနေပြီ...' လင်းမူ စိတ်ထဲမှ ရေရွတ်လိုက်၏။
ခဏတာမျှ 'ရွေးချယ် ခန့်အပ်ခံရသူ' ဟု အဓိပ္ပာယ်ရသော စာလုံးက လင်းမူ၏ နဖူးပေါ်တွင် တောက်ပသွား၏။ ထိုအရာကို မည်သူမှ သတိမထားမိခဲ့ဘဲ ရွှီခုန်းပင် အာရုံမခံမိလိုက်သလို လင်းမူ ကိုယ်တိုင်လည်း မသိရှိချေ။
လင်းမူ လူအနည်းငယ်နှင့် စကားပြောပြီးနောက် မုဆိုးများက အမဲလိုက်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး မနက်ဖြန် ထွက်ခွာမည် ဖြစ်ကြောင်း သိရှိလိုက်ရသည်။ ယာယီ မြို့အကြီးအကဲ ဖြစ်သော ဟွေပေါင်က ကြေးစားများကို မုဆိုးများ အမဲလိုက်ခွင့် ပြုရန်နှင့် သုံးရက်ခန့် နေရာဖယ်ပေးရန် တောင်းဆိုထားပုံ ရလေသည်။
ကြေးစားများကလည်း သစ်တော၏ အတွင်းပိုင်း နက်နက်သို့ သွားရောက်မည် ဖြစ်၍ ဝမ်းမြောက်စွာ လက်ခံခဲ့ကြပြီး ကန့်ကွက်ခြင်း မရှိချေ။ ထို့အပြင် ဟွေ တပ်မဟာက သူတို့ကို ကူညီပေးခဲ့သမျှ အားလုံးကို ထည့်တွက်လျှင် သူ၏ တောင်းဆိုချက်ကို မလိုက်နာပါက သူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည် ဖြစ်ပေသည်။
"ဟွေဝင် တာဝန်ယူလိုက်တာ ကောင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုပဲ..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
ထိုအရာများ အားလုံးကို သိရှိပြီးနောက် လင်းမူ အိမ်သို့ ရောက်ရှိသွားပြီး အသားများကို ချက်ပြုတ်ရန် ချက်ချင်း ပြင်ဆင်လိုက်သည်။ အသား ချက်နေစဉ် လင်းမူ သူ့အစီအစဉ်ကို ပိုမို စဉ်းစားလိုက်ပြီး စီနီယာ ရွှီခုန်းကို မေးခွန်းအချို့ မေးရန် ဆုံးဖြတ်လိုက်၏။
"စီနီယာ... ဒီစက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီး အကြောင်း ပိုပြောပြနိုင်မလား..." လင်းမူ မေးလိုက်၏။
"ရတာပေါ့... စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီး ဆိုတာ စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း နွယ်ပင်ပေါ်မှာ သီးတဲ့ ဝိညာဥ်သစ်သီး တစ်မျိုးပဲ... နွယ်ပင်က မြေကြီးထဲကနေ နှစ်ခွ ထွက်လာပြီး သူ တွယ်ကပ်နေတဲ့ သစ်ပင်ကို စက်ဝိုင်းပုံစံ ရစ်ပတ်ထားလို့ စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း လို့ နာမည်ပေးထားတာ...
အဲဒါက အတော်လေး ရှားပါးတဲ့ ဝိညာဥ်အပင် တစ်မျိုး ဖြစ်ပြီး သူ့သစ်သီးတွေကို ကျင့်ကြံသူတွေရဲ့ ပါရမီကို မြှင့်တင်ဖို့ အသုံးပြုကြတယ်... ဒါပေမဲ့ တိုးတက်မှုက အများကြီးတော့ မဟုတ်ဘူး... အများဆုံး တစ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ်... ရရှိနိုင်တဲ့ အာဟာရဓာတ်ပေါ် မူတည်ပြီး သစ်သီးတွေက လအနည်းငယ် ကြာတိုင်း သီးနိုင်ပေမယ့် နွယ်ပင် ကိုယ်တိုင် ကြီးထွားဖို့ကတော့ ဆယ်စုနှစ်ပေါင်းများစွာ ကြာနိုင်တယ်..." ရွှီခုန်း ဖြေလိုက်၏။
"ဒါပေမဲ့ စီနီယာ... ကျင့်ကြံသူတွေရဲ့ ပါရမီကို မြှင့်တင်ပေးနိုင်တယ် ဆိုရင် အရမ်း တန်ဖိုးရှိတာပေါ့... ကျင့်ကြံသူတွေက သူတို့ ပါရမီ တိုးလာအောင် သစ်သီးတွေကို ဆက်တိုက် စားနေလို့ မရဘူးလား..." လင်းမူ ထပ်မေးလိုက်ပြန်၏။
"အဲဒါက တကယ်ပဲ တန်ဖိုးရှိပေမယ့် သူ့သစ်သီးတွေက အချိန်တစ်ခု ကြာရင် အာနိသင် မရှိတော့ဘူး... ကျင့်ကြံသူ တစ်ယောက်က အဲဒါတွေကို သုံးပြီး သတ်မှတ်ထားတဲ့ အမှတ်တစ်ခုထက် ကျော်လွန်အောင် ပါရမီကို မြှင့်တင်လို့ မရဘူး... ဘာလို့လဲဆိုတော့ မကြာခင်မှာပဲ စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးရဲ့ အကျိုးသက်ရောက်မှုတွေကို ခံနိုင်ရည် ရှိသွားလို့ပဲ...”
“သို့တိုင်အောင် နွယ်ပင်က သစ်သီးတွေ ဆက်သီးနေနိုင်သ၍ တန်ဖိုးရှိနေဦးမှာပဲ... အထူးသဖြင့် ဂိုဏ်းတွေအတွက်ပေါ့... ကျင့်ကြံခြင်းဂိုဏ်းတွေ အတွက်တော့ သစ်သီးတွေ ဆက်တိုက် ထုတ်လုပ်ပေးနိုင်တဲ့ ဒီလို ဝိညာဥ်ဆေးပင်မျိုးက အရမ်း တန်ဖိုးရှိပြီး အဲဒါကို ရဖို့အတွက် ဘာမဆို လုပ်ကြလိမ့်မယ်...”
“ဒါပေမဲ့ ငါ သံသယ ဖြစ်နေတာက စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း နွယ်ပင်က အလွယ်တကူ ကြီးထွားလို့ မရဘူး... အာဟာရဓာတ်တွေ စုပ်ယူဖို့ သန်မာတဲ့ သစ်ပင်တစ်ပင် လိုအပ်ရုံသာမက ကြီးထွားဖို့အတွက် ကြီးမားတဲ့ စိတ်ဝိညာဥ်ချီ ပမာဏလည်း လိုအပ်တယ်... အဲဒီပမာဏက မြောက်ပိုင်းသစ်တောမှာ ရှိဖို့ မဖြစ်နိုင်သလောက်ပဲ...”
"အဲဒါကြောင့် အဲဒါက စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း နွယ်ပင် ဟုတ်မဟုတ် ဒါမှမဟုတ် တခြား ဝိညာဥ်ဆေးပင် တစ်မျိုးမျိုးလား ဆိုတာ ငါ သံသယ ဖြစ်နေတာ... ဒါပေမဲ့ ခြုံပုတ်တောကြောင်ညို အပေါ် သက်ရောက်ခဲ့တဲ့ အကျိုးသက်ရောက်မှုကို ထည့်တွက်ရင် တခြားဟာတွေ ဖြစ်ဖို့ မဖြစ်နိုင်ဘူး..." ရွှီခုန်း ရှင်းပြလိုက်၏။
လင်းမူ စီနီယာ ရွှီခုန်း၏ စကားများကို ဂရုတစိုက် နားထောင်ပြီး တွေးတောနေမိသည်။ သူ စဉ်းစားလေလေ စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း နွယ်ပင် ဖြစ်နိုင်ချေ နည်းပါးလာလေလေ ဖြစ်ကြောင်း သဘောပေါက်လာ၏။ သို့တိုင်အောင် သူ မျှော်လင့်ချက် မဆုံးရှုံးဘဲ ရှာဖွေလိုသေးသည်။
သို့သော် လင်းမူကို စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးဆီသို့ လမ်းပြပေးမည့် အရာမှာ ခြုံပုတ်တောကြောင်ညိုမှလွဲ၍ အခြား မဟုတ်ပေ။ ယင်းကို လမ်းပြခိုင်းရန်အတွက် ဦးစွာ ရှာဖွေရမည် ဖြစ်ပေသည်။
"ဒီအတွက် မင်း သားရဲကို ယဉ်ပါးအောင် လုပ်ဖို့ လိုလိမ့်မယ်... အဲဒါက စက်ဝိုင်းနှစ်ထပ် တက်လှမ်းခြင်း သစ်သီးကို ရှာတွေ့ဖို့ အကောင်းဆုံး အခွင့်အရေးပဲ... ခြုံပုတ်တောကြောင်ညို အဲဒီကို ပြန်သွားမယ့် အခွင့်အရေးကိုပဲ အားကိုးနေတာက ဖြစ်နိုင်ချေ အရမ်း နည်းလွန်းတယ်...”
“တစ်ဖက်မှာလည်း ဒါက မင်းရဲ့ သားရဲထိန်းကျောင်းခြင်း ပါရမီကို စမ်းသပ်ဖို့ အခွင့်အရေး ပေးလိမ့်မယ်..." ရွှီခုန်း အကြံပြုလိုက်၏။
စီနီယာ ရွှီခုန်း၏ အကြံပြုချက်ကို ကြားပြီးနောက် လင်းမူ၏ မျက်လုံးများ အရောင်လက်သွားပြီး မျှော်လင့်ချက်များ ပြည့်ဝလာသည်။
အခန်း ၂၄၆ ပြီး
***