အဇူရာတိမ်သတင်းစာသည် ကုန်းမြေတိုက်ကြီးအနှံ့အပြားသို့ မယုံကြည်နိုင်လောက်စရာ အမြန်နှုန်းဖြင့် ပျံ့နှံ့သွားခဲ့၏။
ထိုသတင်းစာကို ဖြန့်ပေးသူအချို့မှာ ဂိုဏ်းကြီးများမှ သူလျှိုများဖြစ်ပြီး အများစုကတော့ ကျန်းယန်ကိုယ်တိုင်ခန့်အပ်ထားသော သူများဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အတွဲ ၂ ပျံ့နှံ့သွားသောအခါ အတွဲ ၁ကလည်း ထိုအတွဲနှင့်အတူလိုက်ပြီး ပျံ့နှံ့သွားသည်သာ။
၀မ်လင်းကုန်းမြေတိုက်ကြီးနှင့်လန်ကျားအထွတ်အမြတ်မြေတို့ကတော့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးနှင့် အနီးဆုံးဖြစ်သောကြောင့် သတင်းစာကို အရင်ရရှိခဲ့ကြ၏။
၀မ်လင်းဂိုဏ်း၏ နေနတ်မင်းခန်းမထဲတွင် အကြီးအကဲများ စုဝေးနေခဲ့ကြပြန်သည်။
“ဒီကိစ္စအကြောင်း ဆွေးနွေးကြမယ်” ကျိုးရွှမ်ရှန်း မကြည်မသာမျက်နှာထားဖြင့် ပြောလိုက်၏။
ကျိုးကျွင်းရှန် ပြောလိုက်သည်။
“ရေးထားပုံအရတော့ အဇူရာတိမ်ဂိုဏ်းနဲ့လန်ကျားအထွတ်အမြတ်မြေက မဟာမိတ်ဖွဲ့သွားပုံပဲ ဒါပေမယ့် ဒါအမှန်ဆိုရင်လည်း ကုန်းရှို့ပင်းကိုပဲလွှတ်ပြီး ညှိနှိုင်းခိုင်းတာမျိုးက အဓိပ္ပာယ်မရှိဘူး ဂိုဏ်းချုပ်ရဲ့သားဆိုရင်တောင် သူကဂိုဏ်းတစ်ခုလုံးကို ကိုယ်စားမပြုနိူင်ဘူး”
အခြားအကြီးအကဲများလည်း အကြံ၀င်ပေးလိုက်ကြသည်။
“လူငယ်မျိုးဆက်ကို ရှေ့ထွက်ပြီး မဟာမိတ်ဖွဲ့ခိုင်းမယ် လူကြီးတွေကတော့ နောက်မှာပုန်းနေပြီး မသိချင်ယောင်ဆောင်နေမယ် ဒါက သူတို့ရည်ရွယ်ချက်ဆိုရင်ရော သေချာကြည့်ကြည့် ပို့လိုက်တဲ့သူတွေအကုန်လုံးက လူငယ်မျိုးဆက်မှာ အရေးပါတဲ့ သူတွေချည်းပဲ”
ထို့နောက် ကျိုးရွှမ်ရှန်း မေးလိုက်၏။
“သူတို့ခွန်အားသာ ပိုတိုးလာရင် ဘာဆက်ဖြစ်လာနိုင်လဲ”
တခဏရပ်လိုက်ပြီးနောက် ကျိုးကျွင်းရှန် ပြောလိုက်သည်။
“သူတို့က ၀မ်လင်းဂိုဏ်းကိုခြိမ်းခြောက်လာနိုင်တယ်”
နောက်ဆုံးတွင် သူတို့ကြားရန်ငြှိုးက မသေးလှပေ။
အခြားအကြီးအကဲတစ်ယောက် ခပ်သွမ်းသွမ်းရယ်မောလိုက်ပြီး ပြောလိုက်၏။
“ငါနားလည်သွားပြီ အဇူရာတိမ်ဂိုဏ်းက ပိုသန်မာလာရင်တောင် မိစ္ဆာတွေနဲ့ရန်ငြှိုးကိုမေ့သွားမှာ မဟုတ်ဘူး
အဲ့ဒီမိစ္ဆာတွေက သူတို့ရန်သူပဲ အပြင်ပြဿနာတွေကြောင့်သာ ပူးပေါင်းထားကြတာ အဇူရာတိမ်ဂိုဏ်းသာ ပိုသန်မာလာရင် သူတို့ကြားမှာ အတွင်းရေးပဋိပက္ခတွေဖြစ်လာမှာပဲ အနှေးနဲ့အမြန်သူတို့တိုက်ခိုက်ကြလိမ့်မယ်”
ကျိုးရွှမ်ရှန်း ခေါင်းငြိမ့်ပြလိုက်သည်။
“အတိအကျပဲ
အဲ့တာကြောင့် သူတို့မဟာမိတ်ဖွဲ့တာက တကယ်ဟုတ်ဟုတ်မဟုတ်ဟုတ် ငါတို့အာရုံစိုက်နေစရာမလိုဘူး
အရေးကြီးတာက အဇူရာတိမ်ပြတိုက်ဖွင့်မယ်ဆိုတဲ့ သတင်းပဲ”
ထို့နောက် သူအမိန့်ပေးလိုက်၏။
“ကျိုးလင် အလည်အပတ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဇူရာတိမ်မြို့ကိုသွား အဇူရာမဟာတိမ်၀င်္ကပါထဲ ၀င်လို့ရမယ့် နည်းလမ်းတစ်ခုခုရှာခဲ့
ဖြစ်နိုင်ရင် မင်ဟောက်ကိုပါခေါ်သွား သူ့၀င်္ကပါပညာကျွမ်းကျင်မှုနဲ့ဆိုရင် ၀င်္ကပါရဲ့ အားနည်းချက်တွေကို ရှာတွေ့ကောင်း တွေ့လာနိုင်တယ် အဲ့ဒီအနာအဆာလေးတွေက အနာဂတ်မှာအဇူရာတိမ်ဂိုဏ်းနဲ့ ရင်ဆိုင်တဲ့အခါ အရေးကြီးတဲ့အရာတွေဖြစ်လာလိမ့်မယ်”
“ဟုတ်ကဲ့ပါဂိုဏ်းချုပ်” ကျိုးလင်တုန့်ပြန်လိုက်၏။
ထိုစဉ် ကျိုးကျွင်းရှန် ၀င်ပြောလိုက်သည်။
“ကျုပ်တို့နဲ့ အဇူရာတိမ်ဂိုဏ်းကြားရန်ငြှိုးကနက်ရှိုင်းတယ် သူတို့ကကျိုးလင်ကို၀င်ခွင့်ပေးမှာမဟုတ်ဘူး ပြီးတော့ ကျိုးလင်ကအရေးကြီးတဲ့ ပါရမီရှင်တစ်ယောက်လေ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
ကျိုးရွှမ်ရှန်း အေးအေးဆေးဆေးပြန်ပြောလိုက်၏။
“အတိတ်ရန်ငြှိုးတွေကို ဖြေရှင်းပြီးပြီလို့ သူတို့ကယူဆထားတာ ပြီးတော့ ကုန်းရှို့ပင်းတောင် ဘေးကင်းကင်းနဲ့ပြန်လာသေးတာပဲ ငါတို့က ဘာကြောက်နေစရာလိုမှာလဲ”
တကယ်ဝောာ့ သူလည်း အပြည့်အ၀သေချာနေတာမျိုးတော့ မဟုတ်ပေ။ ကျိုးလင်ကိုသုံးပြီး အဇူရာတိမ်ဂိုဏ်း၏ သဘောထားကို စမ်းသပ်လိုခြင်းသာ ဖြစ်သည်။
ကျိုးလင် ဘေးကင်းကင်နဲ့ပြန်လာနိုင်မယ်လို့တော့ သူယုံကြည်၏။ နောက်ဆုံးတွင် ကုန်းရှို့ပင်းတောင် ဘေးကင်းကင်းနှင့် ပြန်လာနိုင်သေးသည် မဟုတ်ပါလော။
သူမသိခဲ့သည်မှာ ကုန်းရှို့ပင်း ခန္ဓာကိုယ်ကဘေးကင်းခဲ့သော်လည်း သူ့စိတ်ကတော့ ဘယ်လောက်ထိခိုက်ပျက်ဆီးသွားမှန်းကိုပင်။
လန်ကျားအထွတ်အမြတ်မြေသို့လည်း အဇူရာတိမ်သတင်းစာ ရောက်ရှိလာခဲ့၏။
အဆင့်မြင့်ဂိုဏ်းသားများက ထိုသတင်းစာကိုမြင်ဖူးပြီးဖြစ်သောကြောင့် ဘာမှထူးခြားမသွားသော်လည်း အခုမှ မြင်ဖူးသော အဆင့်နိမ့်နှင့်အလယ်အဆင့်ဂိုဏ်းသားများကတော့ ကြောင်အကုန်ကြသည်။
“ငါတို့က တကယ်ကြီး အဇူရာတိမ်ဂိုဏ်းနဲ့မဟာမိတ်ဖွဲ့လိုက်တာလား” တစ်ယောက်ယောက် မရေမရာမေးလိုက်၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူတို့က ငါတို့ရန်သူတွေလေ မနောက်ပါနဲ့” အခြားတစ်ယောက် ပြန်ပြောလိုက်သည်။
“မဖြစ်နိုင်တာတဲ့လား ပုံတွေကိုလည်း ကြည့်လိုက်ဦး စီနီယာကုန်းနဲ့အဇူရာတိမ်ဂိုဏ်းသားတွေက အရမ်းနီးကပ်နေကြတဲ့ ပုံပဲ အားလုံးယောက်ျားတွေချည်းမလို့သာပေါ့ မဟုတ်ရင် သူတို့ဖက်နေတာလို့တောင် ငါထင်တော့မှာ ပြီးတော့ သူဘယ်လောက်ပျော်နေလဲ မင်းကြည့်ပါလား မင်းရန်သူနဲ့ရင်ဆိုင်နေချိန် မင်းအဲ့လိုပြုံးနေနိုင်လို့လား ကျန်းယန်က စီနီယာကုန်းကို အဇူရာတိမ်ဂိုဏ်းတစ်ဝိုက်တောင် လိုက်ပြနေသေးတယ် ဘယ်ဂိုဏ်းက သူတို့ရန်သူကို ဂိုဏ်းထဲလိုက်ပြမှာလဲ”
အငြင်းအခုန်များ ဖြစ်ပေါ်လာခဲ့ပြီး အခြားသူများကတော့ အခြေအနေကိုတည်ငြိမ်အောင်လုပ်ဖို့ ကြိုးစားနေခဲ့ကြ
၏။
“တော်လောက်ပြီ စီနီယာကုန်းချင်းဟန်ပုံကို ကြည့်ဦး ဘယ်လိုလုပ်သူက ဒီထဲပါနေရတာလဲ”
“ဘယ်သူက ငါ့အချစ်ဆုံးချင်းဟန်လေးကို အဇူရာတိမ်သတင်းစာထဲ ထည့်လိုက်တာလဲ”
“ဒါက ငါ့ဟာနော် ဘယ်သူခိုးရဲလဲ”
သူတို့ကြားထဲ လေးနက်နေရာမှ ရှုပ်ထွေးကုန်ပြီး မဟာမိတ်အကြောင်းစိတ်၀င်စားနေသူများနှင့် သတင်းစာထဲက ပုံကိုလုနေသူများ ရောထွေးသွားခဲ့ကြသည်။
ထိုစဉ် ဝိညာဉ်အခြေတည်အဆင့်တပည့်တစ်ယောက် ရုတ်တရက် အော်လိုက်၏။
“တော်ကြတော့ အာရုံစိုက်ကြ ဒါကဂိုဏ်းကိစ္စပဲ ပုဂ္ဂိုလ်ရေးခံစားချက်တွေကိစ္စမဟုတ်ဘူး ငါတို့ စီနီယာကုန်းကို ငါတို့ဂိုဏ်းတွေ မဟာမိတ်ဖွဲ့သွားမသွား သေချာပေါက်မေးကြည့်ရမယ် ပြီးရင် အထက်လူကြီးတွေရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ရမယ်”
“ဟုတ်တယ် ပြီးမှ ချင်းဟန်ကိစ္စငြင်းကြတာပေါ့” အခြားသူများလည်း သဘောတူလိုက်ကြသည်။
ထို့နောက် ကျားပန်ဦးဆောင်သောလူတစ်စုက ကုန်းရှို့ပင်းဆီရောက်ရှိသွားခဲ့ကြ၏။
စိတ်တည်ငြိမ်နေပြီဖြစ်သော ကုန်းရှို့ပင်းတစ်ယောက် သူ့ရှေ့က အဇူရာတိမ်သတင်းစာကိုင်ထားသော သူများနှင့် ရင်ဆိုင်လိုက်ရသောအခါ သူ့အဇူရာတိမ်ဂိုဏ်းအတွင်းက ပုံရိပ်များ ပြန်ပေါ်လာခဲ့ပြီး စိတ်ရှုပ်ထွေးသွားခဲ့ပြန်သည်။
ငါဘာလို့ဒီလောက်တောင် ဂရုမဲ့ခဲ့ရတာလဲ အရမ်းတုံးခဲ့တာပဲကွာ!
သူ့ဒေါသများလျှံတက်လာခဲ့ပြီး နောက်ဆုံးတွင် သွေးချောင်းများပင်ဆိုးလိုက်ရ၏။
ကျားပန် မျက်မှောင်ကြုံ့သွားခဲ့သည်။
“စီနီယာကုန်း ဒီကိစ္စကိုကိုယ့်ဟာကိုယ်လုပ်ခဲ့တာလား
အဲ့ဒီကိစ္စအတွက် နောင်တရလား”
“ပိတ်ထားစမ်း” ကျားရှန်း ရောက်ရှိလာခဲ့ပြိး ကျားပန်ကိုးဘေးသို့လွှင့်ထွက်သွားအောင် ရိုက်ချလိုက်၏။
“ပြန်ကြ ဂိုဏ်းကဘယ်ဝောာ့မှအဇူရာတိမ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့မှာ မဟုတ်ဘူး ဒါကရှို့ပင်းအမှားလည်းမဟုတ်ဘူး အဇူရာတိမ်ဂိုဏ်းက ယုတ်မာလွန်းတာ သူကအလှည့်စားခံခဲ့ရရုံပဲ”
“ဘာ စီနီယာကုန်းလှည့်စားခံလိုက်ရတာလား”
“အဇူရာတိမ်ဂိုဏ်းက တကယ်ဆိုးယုတ်တာပဲ”
အော်သံဆဲသံများ အခန်းထဲတွင်ပြည့်သွားခဲ့ပြီးနောက် တပည့်များ ကုန်းရှို့ပင်းနားတွင် ဝိုင်းလာခဲ့၏။
“စီနီယာကုန်း ဒါကလှည့်စားခံလိုက်ရရုံလေးပါပဲ သိပ်စိတ်မပူပါနဲ့”
“ကျေးဇူးပြုပြီး ကျွန်ဝောာ်တို့ရဲ့ ခုနကအပြုအမူအတွက် ခွင့်လွှတ်ပေးပါ”
“ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ စီနီယာကုန်း”
ကုန်းရှို့ပင်း ကျားရှန်းကို ကြည့်လိုက်မိ၏။
သူရှင်းပြလိုက်မှပဲ ကိစ္စများက ပိုဆိုးသွားခဲ့ချေပြီ။
***