နှစ်လပြင်ဆင်ပြီးနောက်တွင် နောက်ဆုံးတော့ အဇူရာတိမ်ပြတိုက်ကို ဖွင့်လှစ်နိုင်ခဲ့၏။
အဇူရာတိမ်မြို့ရှ်ိ အထင်ကရနေရာတစ်ခုဖြစ်သောကြောင့် လူအတော်များများက ထိုနေရာဆီ လာလည်ခဲ့ကြသည်။
အထဲသို့ မ၀င်ခင်တွင် ပြတိုက်ရှေ့က ကျောက်တိုင်ပေါ်၌ ရေးထွင်းထားသည့် ပြတိုက်ထဲသို့ ၀င်ရန် စည်းမျဉ်းများကို မြင်တွေ့နိုင်၏။
၁။ အဇူရာတိမ်မြို့တွင် နေထိုင်သူများ ပြတိုက်ထဲသို့ အကြိမ်ရေကန့်သတ်ချက်မရှိ နေ့စဉ် ၀င်ရောက်နိုင်သည်။
၂။ အမြဲနေထိုင်သူ မဟုတ်သူများကတော့ သုံးရက်တစ်ကြိမ်သာ ၀င်နိုင်သည်။
၃။ ပြတိုက်ထဲသို့ အကြိမ် ၅၀ လည်ပတ်ပြီးချိန်တွင်
အဇူရာတိမ်မြို့ပျက်ထဲသို့ ၀င်ရောက် လည်ပတ်ခွင့်ရရှိမည်။
၄။ အကြိမ်တစ်ရာ ၀င်ရောက်ပြီးပါက မိစ္ဆာများကို ကြည့်ရှုနိုင်မည်။
၅။ အကြိမ် ၂၀၀၀င်ရောက်ပြီးပါက အဇူရာတိမ်ဂိုဏ်းသို့ တစ်ကြိမ်လာရောက် လည်ပတ်ခွင့် ရရှိမည်။
၆။ အကြိမ် ၃၀၀ ၀င်ရောက်ပြီးပါက အဇူရာတိမ်ဂိုဏ်းတွင် သင်ခန်းစာတစ်ခုလာရောက်နားထောင်နိုင်သည်။ နားထောင်ချင်သော သင်ခန်းစာကိုရွေးချယ်၍ ရသည်။
၇။ အကြိမ် ၅၀၀ ၀င်ရောက်ပြီးပါက အဇူရာတိမ်ဂိုဏ်းထံသို့ ဆေးဖော်စပ်ရန် သို့မဟုတ် လက်နက်သန့်စင်ရန်(သန့်စင်မည့်ကုန်ကြမ်းများကို ကိုယ်တုိင်ယူေဆာင်ခဲ့ရမည်) တစ်ကြိမ် အကူအညီတောင်းခံခွင့်ရှိမည်။
စည်းမျဉ်းများကို ကြည့်ရှုပြီးနောက် လူတိုင်းလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။
ပြတိုက်ထဲ၀င်ရုံနှင့် သူတို့သည်ဂိုဏ်းထဲတွင် သင်ခန်းစာသွားနားထောင်နိုင်သလို လက်နက်ပင် သွားသန့်စင်ခိုင်းနိုင်ပေဦးမည်။
အခြားဂိုဏ်းမှ ကျင့်ကြံသူများပင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။
“ဟုတ်ပြီလေ ငါအဇူရာတိမ်ပြတိုက်ထဲ ၀င်မယ်ကွာ”
“အမြန် စာရင်းပေးကြစို့”
ကျင့်ကြံသူအမြောက်အများ ပြတိုက်ဆီ စုပြုံတိုးကုန်ကြ၏။
ပြတိုက်အစောင့်လျင်မြန်စွာ အော်ပြောလိုက်လေသည်။
“မလောကြပါနဲ့ အစဉ်လိုက်တန်းစီကြပါ ပြတိုက်ကနေ့တိုင်းဖွင့်ပါတယ် အဲ့တာကြောင့် အချိန်တွေအများကြီး ရှိဦးမှာပါ
ပြတိုက်ထဲ၀င်ချင်ရင် ကျေးဇူးပြုပြီး စာရင်းပေးကြပါ စာရင်းပေးပြီး ၀င်တဲ့သူကိုသာ ပြတိုက်ထဲ တစ်ကြိမ်၀င်ခြင်းအဖြစ် အသိအမှတ်ပြုပေးမှာပါ”
၀န်ထမ်းလေး၏ လမ်းညွှန်ချက်ဖြင့် ကျင့်ကြံသူများ ပြတိုက်ထဲဝင်ရန် စာရင်းပေးခဲ့ကြ၏။
စာရင်းပေးပြီးသူများကတော့ ၀န်ထမ်းလေးနောက်မှ ပြတိုက်ထဲ၀င်သွားခဲ့ကြသည်။
“စာရင်းပေးပြီးတဲ့သူတွေ ကျွန်တော့်နောက်ကလိုက်ခဲ့ပါ…ဒီနေ့တော့ ကျွန်တော်တို့အားလုံး အဇူရာတိမ်ဂိုဏ်း တည်ထောင်သူတွေရဲ့ ပုံတွေကို ကြည့်ရှုရမှာပါ
လွန်ခဲ့နှစ်ပေါင်း ၅၃၀၀တုန်းက အဇူရာတိမ်ဂိုဏ်းရဲ့ တည်ထောင်သူပေါ်ပေါက်လာခဲ့ပြီး ဂိုဏ်းကိုတည်ထောင်ခဲ့ပါတယ် နောက်တော့ ခေတ်အဆက်ဆက်ပြောင်းလဲသွားခဲ့ပြီး အခုဆို ၃၆ယောက်မြောက် ဆက်ခံသူရဲ့ လက်ထပ်ကိုရောက်ရှိနေပါပြီ”
“ဟိုးအရင်က အဇူရာတိမ်မြို့ မပျက်ဆီးသေးခင်ကဆိုလျှင် မြို့ထဲမှာ အိမ်ခြေပေါင်း သန်းနဲ့ချီရှိခဲ့တာ
ကံဆိုးစွာနဲ့ လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက မိစ္ဆာကပ်ဘေးမှာ မြို့က ဖျက်ဆီးခံခဲ့ရတယ်
ယနေ့ခေတ် အဇူရာတိမ်မြို့ကိုတော့ အဇူရာတိမ်မြို့ပျက်ရဲ့ အပေါ်မှာ အသစ်ပြန်လည်တည်ဆောက်ထားတာ ဖြစ်ပါတယ်
လူကြီးမင်းတို့ရဲ့ စာရင်းသွင်းတဲ့အကြိမ်ရေ ပြည့်မှီသွားတဲ့အခါ အဇူရာတိမ်မြို့ပျက်ထဲ သွားရောက်လည်ပတ်ခွင့် ရရှိသွားမှာပါ”
ရာနှင့်ချီေသာလူများ ၀န်ထမ်းေလးဧ။် ရှင်းပြချက်များကို နားေထာင်ေနရင်း နာရီ၀က်အကြာတွင် သူတို့စာရင်းသွင်းမှုက ပြီးသွားခဲ့လေသည်။
သူတို့ထဲက အတော်များများကတော့ ထိုအရာက အခုလောက်လွယ်နေတာကိ ုမယုံနိုင်ဖြစ်နေခဲ့၏။
စာရင်းတစ်ကြိမ်သွင်းဖို့က ဒါလေးပဲလား လွယ်လိုက်တာ အကြိမ်ရေ ၅၀၀ ပြည့်ဖို့ ဘာခက်မှာလဲ!
မြို့သားတစ်ယောက်သာဆိုလျှင့် နေ့တိုင်းအခုလိုလေး ပြတိုက်ထဲ၀င်ပေးနေရုံဖြင့် ရက် ၃၀၀အကြာတွင် အဇူရာတိမ်ဂိုဏ်းထဲ၌ သင်ခန်းစာသွားနားထောင်ခွင့် ရမည် မဟုတ်ပါလော။
လွယ်လွန်းတယ်!
တစ်ခုတည်းသော ပြဿနာမှာ စာရင်းသွင်းသူများ များလွန်းနေသော ပြဿနာသာဖြစ်၏။
စာရင်းသွင်းရ လွယ်ကူလွန်းနေသောကြောင့် ပြတိုက်တွင် စာရင်းသွင်းသူများနှင့် ပြည့်ကြပ်နေခဲ့သည်။
ဒါပေါ့ ထိုနေရာတွင် သာမန်လူများပါရှိနေခဲ့ခြင်း ဖြစ်၏။
သာမန်လူများသည် အဇူရာတိမ်ပြတိုက်ထဲသို့ အကြိမ်ရေအကန့်အသတ်မရှိ အလကား၀င်ရောက်လည်ပတ်နိုင်ပေသည်။
ဤသို့ဖြင့် အဇူရာတိမ်ပြတိုက်ကြီးသည် စည်ကားနေခဲ့၏။
အခြားဂိုဏ်းမှ သူလျှိုများပင် ပဟေဠိဖြစ်နေခဲ့ကြသည်။
“အဇူရာတိမ်ဂိုဏ်းက ဘာလို့ ဒီပြတိုက်ကို ဖွင့်လိုက်တာလဲ” သူတို့စိတ်ရှုပ်ထွေးနေကြကာ မစဉ်းစားတတ်တော့ပေ။
ကုန်းချင်းဟန်နှင့်သူ့ညီအစ်မများပင် စာရင်းသွင်းရာတွင်ပါဝင်ခဲ့ကြ၏။
အကြိမ်များစွာ လည်ပတ်ခဲ့ပြီးနောက်တွင်တော့ ထိုညီအစ်မများ၏စကားဝိုင်းတွင်ပင် အဇူရာတိမ်ဂိုဏ်း၏သမိုင်းက ပါဝင်လာခဲ့သည်။
“အဇူရာတိမ်မြုိ့ကအဲ့လောက်ကြီးခဲ့လိမ့်မယ်လို့ ငါထင်မထားခဲ့မိဘူး”
“ကြည့်ရတာ အခုလည်း အဇူရာတိမ်မြို့က မြို့ဟောင်းရဲ့လမ်းစဉ်အတိုင်းပဲ ဆက်ပြီးကြီးထွားနေတာထင်တယ်နော်”
“နင်ကြားခဲ့တယ်မလား အဇူရာတိမ်ဂိုဏ်းတည်ထောင်သူက အောင်မြင်စွာ တက်လှမ်းသွားပြီတဲ့”
သူတို့သည် ကိုယ့်ကိုကိုယ်လန်ကျားအထွတ်အမြတ်မြေက ဆိုတာကိုပါ မေ့နေပြီး အဇူရာတိမ်ဂိုဏ်းသမိုင်းကို အားရပါးရ ပြောဆိုနေခဲ့ကြ၏။
တကယ်တော့ သူတို့တင်မဟုတ်ဘဲ အဇူရာတိမ်မြို့တစ်ခုလုံးက အဇူရာတိမ်ဂိုဏ်းသမိုင်းအကြောင်းကို ပြောဆိုနေခဲ့ကြခြင်း ဖြစ်သည်။
သူလျှိုများကတော့ ထိုကဲ့သို့သောဖြစ်ပျက်နေမှုကို သတိမထားမိခဲ့ကြပေ။
အဇူရာတိမ်ပြတိုက်၏ ဦးနှောက်ဆေးမှုက ဖြည်းဖြည်းချင်း အလုပ်လုပ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ မသိလိုက်မသိဖာသာပင် အဇူရာတိမ်မြို့သည် အဇူရာတိမ်ဂိုဏ်း၏ သစ္စာခံမြို့တစ်မြို့ ဖြစ်လာခဲ့၏။
အဇူရာတိမ်ပြတိုက်ဖွင့်လှစ်ခဲ့သည်မှာ ၁လကြာသွားခဲ့ချေပြီ။
ကျန်းယန် တောင်ပေါ်မှဆင်းလာခဲ့ပြီး အစိုးရရုံးတွင် ကျန်းကျစ်ချိုးကိုလာရှာခဲ့သည်။
“အဇူရာတိမ်မြို့ ဘယ်လိုနေလဲ” ကျန်းယန် မေးလိုက်၏။
“ဘယ်အပိုင်းကို ပြောတာလဲ စီနီယာအစ်ကိုကြီး” ကျန်းကျစ်ချိုး ပြန်မေးလိုက်သည်။
“ပြတိုက်ဖွင့်ပြီးကတည်းက အပြောင်းအလဲတွေကိုပြောတာ ပြတိုက်ဆီသွားရင်း ပြောကြတာပေါ့” ကျန်းယန် ပြောလိုက်၏။
ကျန်းကျစ်ချိုး တွန့်ဆုတ်သွားခဲ့သည်။ သူမြို့အုပ်ချုပ်ရေးအကြောင်း အတော်အသင့်နားလည်နေပြီ ဖြစ်သော်လည်း ပြတိုက်နောက်ကွယ်က ရည်ရွယ်ချက်ကိုတော့ နားမလည်နိုင်သေးပေ။
ကျန်းယန် ခေါင်းယမ်းကာ ပြောလိုက်သည်။
“မင်းရဲ့ လက်ရှိမြို့ကိုချဉ်းကပ်ပုံက မလုံလောက်သေးဘူး မင်းမြို့ရဲ့ အပြောင်းအလဲတွေကို တိုင်းတာထားတဲ့ အချက်အလက်လိုတယ်
ဥပမာ ပြတိုက်ဖွင့်ပြီးတဲ့နောက်မှ စာရင်းသွင်းလိုက်တဲ့အိမ်ရာ ဘယ်နှစ်ခုရှိလဲ ဆိုတာမျိုး
ဒီနည်းလမ်းနဲ့ ငါတို့က ပြတိုက်ဖွင့်တာဘယ်လောက်အကျိုးသက်ရောက်မှုရှိသွားလဲ တွက်ဆလို့ရတယ်
ပြီးတော့ အဇူရာတိမ်သတင်းစာက ဘယ်လောက်အကျိုးသက်ရောက်မှုရှိလဲ အားလုံးကို ခြေရာကောက်ထားရမယ် ပြီးရင် အဲ့ဒီအချက်အလက်တွေကိုသုံးပြီး အဇူရာတိမ်မြို့တစ်ခုလုံးရဲ့ တိုးတက်မှု ဆုတ်ယုတ်မှု အပြောင်းအလဲတွေကို တွက်လို့ရပြီ
မဟုတ်ရင် မင်းအခုတော့ အုပ်ချုပ်လို့ရနေသေးပေမယ့် မြို့ကပိုကြီးလာတဲ့အခါ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလိမ့်မယ်”
ကျန်းကျစ်ချိုး အလျင်အမြန်ပင် ကျန်းယန်၏ဆိုလိုရင်းကို နားလည်သွားခဲ့၏။
“ထောက်ပြပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး ကျွန်တော်ဖြေရှင်းဖို့ နည်းလမ်းရှာလိုက်ပါ့မယ်”
“မင်းမှာ အချက်အလက်တွေရလာရင် ငါ့ကိုပြန်ပြီးတင်ပြ”
ကျန်းယန် ပြောလိုက်သည်။
“ပြီးတော့ မင်းအချက်အလက်ရှာဖွေစုဆောင်းတဲ့ နည်းလမ်းတွေ မင်းရှာဖွေတဲ့ အချက်အလက်တွေ စာရင်းဇယားတွေအကုန်လုံးကို စာအုပ်တစ်အုပ်တည်းမှာ စုပြီးရေးထားပေး ငါအဲ့တာတွေအားလုံးကို အင်ပါယာနှစ်ခုဆီကိုရော ကုန်းမြေတိုက်ကြီးပေါ်က ဂိုဏ်းတွေအားလုံးဆီကိုရော ပို့ပေးချင်တယ်”
အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်တွင် လုပ်အားပြညွှန်းကိန်း(kpi)တစ်ခု ပေါ်ပေါက်လာချေပေတော့မည်။
(Translator note-kpi လို့ပဲ အများစုခေါ်ကြတယ် အရှည်ေခါက်ကေတာ့ key performance indicatorsပါ အလုပ်သမားတစ်ယောက် အဖွဲ့အစည်းတစ်ခုရဲ့ စွမ်းဆောင်ရည် လုပ်အားကို ကိန်းဂဏန်းစာရင်းဇယားနဲ့ဖော်ပြတာမျိုးပါ)
***