မြေပြင်အောက်၊ အလင်းရောင် မရောက်ရှိနိုင်တဲ့ အမှောင်ထုအတွင်း ဂူအောင်းပင်လယ်ကြီးတစ်ခု တည်ရှိ၏။
မီးခိုးရောင် မြူခိုးများ ဖုံးလွှမ်းကာ ထိတ်လန့်ဖွယ်ရာတို့ စိုးမိုးရာ ထိုနေရာ၌ လူသားတို့ စိတ်ကူးကိုပင် လွန်မြောက်သော ထူးဆန်းသည့် ကျွန်းများ၊ ကြောက်မက်ဖွယ် သတ္တဝါများ ရှိသည်။
လူသားတို့မှာ ထိုအရပ်၌ အားနည်းလှသည်။ သူတို့ကို စောင့်ကြိုနေသည်က ရူးသွပ်ခြင်းနှင့် သေခြင်းတရားတို့သာ ဖြစ်၏။
ပိတ်မိနေသူတို့သည် ရုပ်ရော စိတ်ပါ တဖြည်းဖြည်း ပုံပျက်ကုန်သည်။ သူတို့ကို လူသားဖြစ်စေတဲ့ အရာတွေ အကုန်လုံး ဆုံးရှုံးကာ ထာဝရ အမှောင်ထုထဲတွင် နစ်မြုပ်နေရ၏။
တစ်ခုတည်းသော မျှော်လင့်ချက်မှာ မည်သူမျှ မစူးစမ်းဖူးသေးတဲ့ ပင်လယ်နက်ဆီသို့ အန္တရာယ်များလှသည့် ခရီးစဉ်တစ်ခု စတင်ခြင်းသာ ဖြစ်၏။
စိတ်ဓာတ်ခိုင်မာသူ ကပ္ပတိန် ချားလ်စ်သည် ရေနွေးငွေ့သင်္ဘောနှင့်အတူ ထိုခရီးစဉ်ကို စတင်လေသည်။
ရည်မှန်းချက်မှာ လူသားတို့ အတိတ်ဂုဏ်ကို ပြန်လည်ရယူရန်နှင့် လူသားတို့ တစ်ချိန်က ရပ်တည်ခဲ့ဖူးသော နေရောင်ခြည်ထွန်းလင်းသည့် အပေါ်ယံကမ္ဘာသို့ ပြန်လည်ရောက်ရှိရန်သာ ဖြစ်သည်။
သင်္ဘောသားများနှင့်အတူ သူသည် အမှောင်ထုထဲသို့ မျှော်လင့်ချက်တစ်ခုတည်းကိုသာ ကိုင်စွဲလျက် ခရီးနှင်နေသည်ကို အတူရှုစားကြပါလော့။
***