[ ဇူလိုင်လ ၂ ရက်၊ ကူးပြောင်းပြီး ရှစ်နှစ်မြောက်။
ကျွန်းတစ်ခုကို စူးစမ်းရတာက ငါထင်ထားတာထက်တောင် ပိုခက်ခဲနေပါလား။ အစကတော့ စူးစမ်းမထားတဲ့ ကျွန်းတစ်ကျွန်းမှာ အလွန်ဆုံးရှိလှရင် သန်မာတဲ့ သတ္တဝါဆိုးတွေပဲ ရှိမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ မနေ့က ဖြစ်ရပ်တွေက ငါ့ကို သင်ခန်းစာတစ်ခု ပေးလိုက်တယ်။
ကျွန်းပေါ်က အန္တရာယ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေတင် မကဘူး။ လူသားတွေ စိတ်ကူးမယဉ်နိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ ထူးဆန်းအံ့သြဖို့ ကောင်းလှတယ်။ လူ့မှတ်ဉာဏ်ကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ သတ္တဝါတွေ ရှိနေလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့မိဘူး။
ဒါပေမဲ့ ငါ အရှုံးမပေးပါဘူး။ ရှေ့မှာ ဘယ်လို အခက်အခဲတွေပဲ ရှိနေပါစေ၊ ငါ နေမင်းကြီးကို ပြန်တွေ့အောင် ကြိုးစားသွားမယ်။
ကံကောင်းတာက ဒီအိမ်ပြန်လမ်းမှာ ငါတစ်ယောက်တည်း မဟုတ်ဘူး ]
ချားလ်စ် တစ်ယောက် သူ၏အတွေးများကို ဆက်လက် ရေးမှတ်တော့မည့်ဆဲဆဲမှာပင် နူးညံ့ဖြူစင်သော ခြေထောက်တစ်စုံက သူ၏ကျောပေါ်သို့ တက်နင်းလိုက်၏။
"ငါ ပြောထားတယ်လေ၊ ဒိုင်ယာရီ ရေးနေတုန်း လာမနှောင့်ယှက်ပါနဲ့လို့" ချားလ်စ်က ထိုခြေထောက်ကို အသာအယာ ဖယ်ထုတ်လိုက်သည်။
"ဟွန်း... ဟိုးအရင် မူလတန်းကျောင်းပိတ်ရက်တုန်းက ဆရာမက ဒိုင်ယာရီ ရေးခိုင်းတော့ နင် ငါ့ဆီကနေ ကူးပြီး အပ်ခဲ့တာလေ။ အခု ဒီငရဲလိုနေရာ ရောက်မှပဲ နင်က ဘာလို့ ဒီလောက် စာကြိုးစားချင်နေရတာလဲ"
ချားလ်စ်သည် ကုတင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ သူမကတော့ သင်္ဘောဆရာဝန် အန်နာ ပင် ဖြစ်သည်။
ဘေးစောင်းလေး လဲလျောင်းနေသော သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ မြင်ရသူ ယောကျ်ားတိုင်းကို ရင်ခုန်သွားစေလောက်အောင် ဆွဲဆောင်မှု ရှိလှ၏။
ဒါပေမဲ့ ချားလ်စ်အတွက်တော့ ဒါဟာ နေ့စဉ်မြင်နေကျ မြင်ကွင်းတစ်ခုသာ ဖြစ်သည်။
"အခု ဘာဖြစ်ချင်လို့လဲ" ချားလ်စ်က မေးလိုက်၏။
အန်နာ၏ အပြုံးက ပို၍ တောက်ပလာသည်။ သူမသည် ညာလက်ဖြင့် အင်္ကျီကြိုးလေးကို အသာအယာ ဆွဲချလိုက်ပြီး ဘယ်လက်ကတော့ ဖြူဖွေးနေသော ပေါင်တံပေါ်သို့ ပြေးလွှားနေ၏။
"လာပါ... ပျော်စရာလေး ဘာလေး လုပ်ရအောင်။ ငါတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်" သူမက ဆွဲဆောင်မှုရှိသော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
သူ၏ ယခင်ဘဝကတည်းက ပါလာခဲ့သော အဖော်ကို ကြည့်ရင်း ချားလ်စ်၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာ၏။
"ငါ့ကို နည်းနည်းလောက် နားခွင့်ပေးပါဦး။ ငါတို့ အခုမှ လွတ်လာတာလေ၊ ကျွန်းပေါ်မှာလည်း အကြာကြီး ပြေးခဲ့ရတာ။ နင် မပင်ပန်းဘူးလား"
အန်နာ၏ မျက်နှာပေးက ချက်ချင်း ပြောင်းလဲသွားပြီး ချားလ်စ်၏ ကျောကို ခြေထောက်ဖြင့် ပေါက်ခနဲ ကန်လိုက်သည်။ စိတ်ဆိုးမာန်ဆိုး လေသံဖြင့် သူမက -
"ဒီကို စရောက်တုန်းကတော့ အားတာနဲ့ ငါ့အခန်းထဲ လာဖို့ပဲ နင် ကြိုးစားနေတာလေ။ အခုကျတော့ ဘာလဲ။ အဲဒါ ခုနစ်နှစ်တာ ရိုးအီခြင်း ဆိုတာလား။ ငါ့ကို မဆွဲဆောင်နိုင်တော့ဘူးပေါ့။ နင်ကတော့ တကယ့် လူယုတ်မာပဲ"
ချားလ်စ်သည် သက်ပြင်းချကာ ကုတင်ဘေးတွင် ထိုင်ပြီး သူမကို ပွေ့ဖက်လိုက်သည်။ "ကျားကျား... ငါ့ကို နားလည်ပေးပါဦး။ လယ်ကွက်ကတော့ ဘယ်တော့မှ မပျက်စီးပါဘူး၊ လယ်ထွန်တဲ့ နွားကပဲ ပင်ပန်းလို့ သေသွားနိုင်တာပါ"
"ဒီည ငါ့ကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ရင် နောက်တစ်လလုံး ငါ့နား မကပ်နဲ့တော့"
အခန်းထဲမှ ဆီမီးအိမ် ငြိမ်းသွားပြီး အန်နာ၏ ပွစိပွစိ ပြောသံများသာ ကျန်ရစ်တော့သည်။ စားပွဲပေါ်တွင်တော့ ဒိုင်ယာရီကို ဖွင့်လျက်သား ပစ်ထားခဲ့၏။ လေတိုးလိုက်သဖြင့် ဒိုင်ယာရီ စာမျက်နှာသည် နောက်သို့ လန်သွားပြီး မနေ့က ရေးထားသော မှတ်တမ်းကို ဖော်ပြနေတော့သည်။
[ သူတို့မှာတော့ အဖော်တွေ ရှိနေပြီ။ ငါကော။ ဘာလို့ ငါတစ်ယောက်တည်း ဒီကမ္ဘာကို ရောက်လာခဲ့ရတာလဲ။ အထီးကျန်ခြင်းဆိုတာ တကယ့်ကို နာကျင်စရာကောင်းတဲ့ အဖော်ပဲ။ ငါ့ဘေးမှာ တစ်စုံတစ်ယောက် ရှိနေရင် သိပ်ကောင်းမှာပဲ။ ]
နောက်တစ်နေ့တွင် ချားလ်စ်သည် အကျင့်အတိုင်း အစောကြီး နိုးလာ၏။ သူသည် အန်နာ၏ ပါးလေးကို အသာအယာ နမ်းလိုက်ပြီး ပြောသည်။
"ငါ တက်မသွားကိုင်တော့မယ်"
အန်နာက အိပ်ချင်မူးတူးဖြင့် ချားလ်စ်၏ မျက်နှာကို တွန်းထုတ်လိုက်သည်။
"သွားစမ်းပါ။ မုတ်ဆိတ်မရိတ်ဘဲ လာမနမ်းနဲ့၊ စူးတယ်"
ချားလ်စ်က တဟားဟား ရယ်မောကာ သူမ၏ပါးကို နောက်တစ်ခါ ထပ်နမ်းပြီးမှ အဝတ်အစားလဲကာ ထွက်လာခဲ့သည်။
စိတ်ကြည်လင်စွာဖြင့် ပဲ့ကိုင်ခန်းသို့ ရောက်လာသောအခါ "ပတ်တီး" တစ်ယောက် သင်္ဘောကို သေသေချာချာ မောင်းနှင်နေသည်ကို တွေ့လိုက်ရသည်။ ချားလ်စ်က သူ၏ ပုခုံးကို ပုတ်ပြီး မေးလိုက်၏။
"အခြေအနေ ဘယ်လိုလဲ။ ထူးခြားတာ ရှိလား"
သေဘေးမှ အတူတူ လွတ်မြောက်လာခဲ့ပြီးနောက် ချားလ်စ်သည် "ပတ်တီး" အပေါ်ထားသော သံသယများ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ "ပတ်တီး" သာ ထိုသစ်ပင်မှ လွတ်မလာခဲ့လျှင် ချားလ်စ်အနေဖြင့် အခြားလူများကို ရှာတွေ့နိုင်မည် မဟုတ်ပါဘူး။ "ပတ်တီး" က ကြည့်ရတာ လျှို့ဝှက်ချက် များသော်လည်း အနည်းဆုံးတော့ သူဟာ ရန်သူမဟုတ်တာ သေချာသည်။
"မရှိပါဘူး..."
"ကောင်းပြီ၊ မင်း သွားနားတော့။ ငါ တာဝန်ယူလိုက်မယ်"
"ပတ်တီး" သည် အကျင့်အတိုင်း ချားလ်စ်ကို ယဉ်ကျေးစွာ အလေးပြုပြီး ထွက်သွား၏။
ချားလ်စ်သည် ကျေနပ်အားရစွာဖြင့် သင်္ဘောကို မောင်းနှင်နေသည်။ အပြင်ဘက်မှာ မှောင်မည်းနေသော်လည်း သူ၏ စိတ်ထဲမှာတော့ ကြာမြင့်စွာကတည်းက ပျောက်ဆုံးနေသော ပျော်ရွှင်မှုများကို ပြန်လည် ခံစားနေရ၏။
ဘန်းးး။
တံခါး ရုတ်တရက် ပွင့်လာပြီး ဒစ်ပ် တစ်ယောက် စိတ်ဆိုးမာန်ဆိုးဖြင့် ဝင်လာသည်။
"ကပ္ပတိန်။ ဝေါ်တာက ဒီသင်္ဘောမှာ နေဖို့ မထိုက်တန်တော့ဘူး။ သူ့ကို အလုပ်ဖြုတ်ပစ်ဖို့ ကျွန်တော် အကြံပြုတယ်။ သူ ကြွက်တွေကို တာဝန်ယူထားတာလေ၊ အခုတော့ ကြွက်တွေ အကုန် ပျောက်ကုန်ပြီ!"
"ကြွက်လေး အနည်းငယ်အတွက်နဲ့ ရဲဘော်ရဲဘက်ချင်း ရန်ဖြစ်နေရတာ တန်ရဲ့လားကွာ။ သူတို့ဘာသာသူတို့ ပြေးသွားတာလည်း ဖြစ်နိုင်တာပဲ" ချားလ်စ်က ခေါင်းကိုက်သလို ဖြစ်သွားသဖြင့် သက်ပြင်းချလိုက်မိသည်။
"မဖြစ်နိုင်တာ။ ကျွန်တော် နေရာအနှံ့ ရှာပြီးပြီ။ ကြွက်တွေက ပင်လယ်ထဲ ခုန်ချသွားစရာ အကြောင်းမှ မရှိတာ!"
ထိုစဉ်မှာပင် ဝေါ်တာ တစ်ယောက် အခန်းထဲ ပြေးဝင်လာပြီး သူနှင့် မဆိုင်ကြောင်း အတင်း ခုခံပြောဆိုတော့သည်။ နှစ်ယောက်သား ချားလ်စ်ကို အလယ်မှာထားပြီး အပြန်အလှန် အငြင်းပွားနေကြ၏။ နောက်ဆုံးတွင်တော့ ချားလ်စ်က ရရှိမည့် ဆုကြေးများအကြောင်း ပြောပြီး သူတို့၏ အာရုံကို လွှဲလိုက်ရသည်။
ဒီကိစ္စ ပြီးသွားပြီဟု ချားလ်စ် ထင်ထားသော်လည်း မကြာမီမှာပင် ပိုမိုကြီးမားသော ပြဿနာတစ်ခု ပေါ်လာပြန်သည်။
"ကပ္ပတိန်။ ဝေါ်တာ ပျောက်သွားပြီ" ဒစ်ပ်က အလောတကြီး လာသတင်းပို့၏။
ချားလ်စ်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ ကြွက်ပျောက်တာနှင့် လူပျောက်တာ မတူပါဘူး။ သင်္ဘောကလည်း ဒီလောက်အထိ မကြီးဘဲ လူတစ်ယောက်က ဘယ်လိုလုပ် အစအနမကျန် ပျောက်သွားနိုင်မှာလဲ။
သင်္ဘောပေါ်ရှိ လူအားလုံးကို လိုက်ရှာခိုင်းသော်လည်း ဝေါ်တာကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ပါဘူး။
တာဝန်ပြီးမြောက်လို့ ပျော်ရွှင်နေတဲ့ အငွေ့အသက်တွေဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး လေးလံတဲ့ တိတ်ဆိတ်မှုကြီးက လွှမ်းမိုးသွားသည်။ ညနေ ၆ နာရီ ထမင်းစားချိန်မှာ လူတိုင်း မျက်နှာမကောင်းကြဘဲ အစားအသောက်တွေကို မြည်းစမ်းနေကြ၏။
"အခုကစပြီး ဘယ်သူမဆို အပြင်သွားရင် နှစ်ယောက်တွဲ သွားရမယ်။ အိမ်သာသွားရင်တောင် တစ်ယောက်တည်း မသွားနဲ့။ လက်နက်ကိုလည်း ကိုယ်နဲ့မကွာ ဆောင်ထားကြ" ချားလ်စ်က အမိန့်ထုတ်လိုက်သည်။
ချားလ်စ် မျက်နှာမကောင်းဘဲ ထမင်းစားနေစဉ်မှာပင် နူးညံ့တဲ့ လက်လေးတစ်ဖက်က သူ၏ လက်မောင်းကို လာပုတ်လိုက်၏။
"စိတ်မပူပါနဲ့။ ငါတို့ ဒီထက် ခက်ခဲတာတွေကိုတောင် ကျော်ဖြတ်လာခဲ့တာပဲ။ ဒီတစ်ခါလည်း ထူးမှာမဟုတ်ပါဘူး" အန်နာက သူ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး အားပေးရှာသည်။
ချားလ်စ် စိတ်အနည်းငယ် သက်သာသွားပြီး ဘေးက အန်နာကို ကြည့်ကာ အတင်း အပြုံးလုပ်ပြလိုက်သည်။
"ငါ့ကို အားပေးနေစရာ မလိုပါဘူး။ ဒါက ကိစ္စအသေးအဖွဲပါ။ နင်သာ နောက်ရက်တွေမှာ တစ်ယောက်တည်း လျှောက်မသွားနဲ့၊ ငါ့ဘေးမှာပဲ အမြဲနေနော်"
"အိုခေပါ... ငါ့ကို စိတ်မပျက်စေနဲ့ပေါ့" အန်နာက ပြန်ဖြေရင်း သူမ၏ လက်ညှိုးဖြင့် ချားလ်စ်၏ မျက်နှာကို အသာအယာ ထိလိုက်၏။ ထို့နောက် သူမ၏ လက်ချောင်းပေါ်က ပေါင်မုန့်စတွေကို ဆွဲဆောင်မှုရှိရှိဖြင့် ပါးစပ်ထဲ ထည့်လိုက်သည်။
ချားလ်စ် ထမင်းဆက်စားနေစဉ် အန်နာက သူ့ကို မေးထောက်ပြီး စိုက်ကြည့်နေတာကို သတိထားမိလိုက်သည်။
"နင် ဘာလို့ မစားတာလဲ"
"စောစောက 'မုန့်' အချို့ စားထားလို့ အခု ဗိုက်မဆာသေးဘူး"
"သင်္ဘောပေါ်မှာ ဘယ်က မုန့်ရတာလဲ။ နင် ဝိတ်ပြန်လျှော့နေတာလား။ နင်က မဝပါဘူး၊ အစာငတ်ခံတာ ကျန်းမာရေးအတွက် မကောင်းဘူးနော်"
"ရပါတယ်... ကပ္ပတိန်ရယ်။ ကိုယ့်အလုပ်ကိုယ် လုပ်ပါ။ ငါ ဗိုက်ဆာရင် တစ်ခုခု ရှာစားလိုက်မယ်"
***